သင္မသိေလာက္ေသးတဲ့ ကမာၻ႔ အလ်ဳိ႕ဝွက္ဆုံးေနရာ (သုိ႔) “AREA-51”

Posted on

Area-51 ဆိုတာ လွ်ိဳ႕ဝွက္ခ်က္ေတြနဲ႔ ျပည့္ေနတဲ့ေနရာတစ္ခု ျဖစ္ပါတယ္။ Area-51 ဟာ အေမရိကန္ျပည္ Las Vegas ၿမိဳ႕ရဲ႕ အေနာက္ေျမာက္ ၈၃မုိင္ အကြာက Nevada သဲကႏၱာရထဲမွာရွိၿပီး အစိုးရ၏ ထိန္းခ်ုပ္မႈ ေအာက္ကေန လွ်ိဳ႕ဝွက္သုေသသနလုပ္ငန္းေတြကို လုပ္ေဆာင္ေနတဲ့ ေနရာျဖစ္ပါတယ္။ အေမရိကန္ရဲ႕ အလွ်ိဳ႕ဝွက္ဆံုး၊ လံုၿခံဳမႈအရွိဆံုး ေနရာဆိုရင္လည္း မမွားပါဘူး။

ဒီေနရာမွာ ဘာေတြရွိတယ္ ဘာေတြလုပ္ေနတယ္ ဆိုတာကေတာ့ ထိပ္တန္းအရာရွိ ၂၀-ေလာက္က လြဲရင္ဘယ္သူမွ ေသခ်ာ မသိၾကပါဘူး။ အေမရိကန္သမၼတေတြကုိယ္တုိင္ ဒီေနရာအေၾကာင္းကို အေပၚယံေလာက္ပဲ သိတယ္လုိ႔ ဆုိပါတယ္။ ဒါ့ေၾကာင့္လည္း ဒီေနရာဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း(၅၀)ေက်ာ္ ကတည္းက လူစိတ္ဝင္စားမႈ အမ်ားဆံုးခံရတဲ့ ေနရာတစ္ခု ျဖစ္ခဲ့ပါတယ္။

ဒီေနရာဟာ ၁၉၅၅-ခုႏွစ္တုန္းက United States Air Force ရဲ႕ေနရာ ျဖစ္ခဲ့ၿပီး စတင္ေဆာက္လုပ္ခဲ့ရတဲ့ ရည္ရြယ္ခ်က္ကေတာ့ Lockheed U-2 aircraft ေတြကို စမ္းသပ္ဖို႔အတြက္ ျဖစ္ပါတယ္။ ဒီေန႔အထိ Area-51 မွာ ဘာေတြလုပ္ေနတယ္ဆိုတာကို အေမရိကန္အစိုးရက ခ်မျပေသးပါဘူး။ စစ္ေအးကာလအတြင္းထဲက လွ်ဳိ႕၀ွက္လြန္းတာေၾကာင့္ Dreamland, Groom Lake, Paradise Ranch, Red Square, The Farm, Home Base, Watertown Strip, and Homey Airport စတဲ့နာမည္မ်ဳိးစုံ အေပးခံခဲ့ရပါတယ္။

တစ္ခ်ိဳ႕ကေတာ့ ဒီေနရာမွာ ထူးဆန္းတဲ့ လက္နက္ေတြနဲ႔ ယာဥ္ေတြကို စမ္းသပ္ေနတယ္လို႔ ဆိုပါတယ္။ ဒါဟာ မျဖစ္ႏိုင္ပါဘူးလို႔ ဆိုလို႔မရပါဘူး။ ကမၻာမွာေတြ႔ရတဲ့ UFO ေတြဟာ Area-51 က လွ်ိဳ႕ဝွက္စမ္းသပ္ထားတဲ့ ယာဥ္ေတြျဖစ္တယ္လို႔ အရင္ႏွစ္ေတြက သတင္းေတြ ထြက္လာဖူးပါတယ္။

Area-51 ဟာ ေတာင္တစ္လံုးကို ေဖာက္ၿပီး စခန္းအျဖစ္ တည္ေဆာက္ထားတာ ျဖစ္ပါတယ္။ ဒီအေဆာက္အအံုမွာ အထပ္ ၆-ထပ္ရွိၿပီး ပထမထပ္ကိုသာ သာမန္ဝန္ထမ္း ဝင္ခြင့္ရွိပါတယ္။ က်န္အထပ္ေတြကိုေတာ့ Alien မွလြဲ၍ လံုးဝမဝင္ရ ဆိုတဲ့စာတမ္းကို တရားဝင္ကပ္ထားတပ္လို႔ ဆိုပါတယ္။ စဥ္းစားစရာပါ။ ဒီေနရာကို လံုၿခံဳေရး ျမင့္မားစြာ ခ်ထားတဲ့အတြက္ ၿဂိဳလ္သားေတြ၊ UFO(Unidentified Flying Object) ေတြနဲ႔ ဆက္စပ္ေနလိမ့္မယ္လို႔လည္း ယံုၾကည္ေနၾကပါတယ္။

လူေတြ ေတာ္ေတာ္မ်ားမ်ားကေတာ့ ဒီေနရာမွာ ၿဂိဳလ္သားေတြ ရွိၿပီး ၿဂိဳလ္သားေတြဆီကေန ေခတ္လြန္ နည္းပညာေတြကို သင္ယူေနတယ္လို႔ ဆိုၾကပါတယ္။ လမ္းမွားေရာက္သြားတဲ့ ေလယာဥ္မွဴး ႏွစ္ေယာက္ကလည္း ဒီေနရာမွာ ပန္းကန္ျပားပ်ံေတြ ဆင္းသက္ေနတာကို ျမင္ခဲ့ရတယ္လို႔ ဆိုပါတယ္။ ၁၉၈၉-ခုႏွစ္က Area-51 ရဲ႕ Sector-4 မွာ အလုပ္လုပ္ခဲ့သူ Bob Lazar ကေတာ့ သူဟာၿဂိဳလ္သားယာဥ္ပ်ံေတြနဲ႔ အလုပ္လုပ္ခဲ့ရတယ္လို႔ ေျပာပါတယ္။

ေနာက္ Area-51 ရဲ႕ ဝန္ထမ္းတစ္ေယာက္ျဖစ္ခဲ့သူ Dan Durish ကလည္း သူဟာ J-Rod လို႔ေခၚတဲ့ ၿဂိဳလ္သားႏွင့္ ကပ္လ်က္ အလုပ္လုပ္ခဲ့ရတယ္ ဆိုၿပီး သတင္းေတြ ထြက္ခဲ့ပါတယ္။ အဲဒီလ်ဳိ႕၀ွက္ေနရာမွာရွိတဲ့သူအမ်ားစုကေတာ့ သိပၸံပညာရွင္ေတြ ၊ အကာသအင္ဂ်င္နီယာေတြ ၊ ေလယာဥ္မွဴးေတြ ၊ စစ္ေရးနယ္ပယ္က ေခါင္းေဆာင္တခ်ဳိ႕ နဲ႔ နာဆာအရာရွိတခ်ဳိ႕ျဖစ္ပါတယ္။ ဘယ္သူေတြလဲဆုိတာကေတာ့ သူတုိ႔ကိုယ္တုိင္နဲ႔ လူအနည္းငယ္ကလြဲလုိ႔ ဘယ္သူမွ မသိပါဘူးတဲ့။

၂၁-ရာစု ေနာက္ပိုင္းမွာ “UFO” သတင္းေတြဟာ ခဏခဏ ၾကားေနရပါၿပီ။ “Area-51” ဟာ ၿဂိဳလ္သားေတြနဲ႔ ပါတ္သတ္ မသတ္ အတိအက် ေျပာလို႔မရေပမဲ့ အဆန္းျပားဆံုး လက္နက္ေတြ၊ ယာဥ္ပ်ံေတြနဲ႔ နည္းပညာေတြဟာ ဒီေနရာကေန ထြက္ရွိလာတာကေတာ့ အမွန္ပဲျဖစ္ပါတယ္။ ေနာက္တစ္ခ်ိန္ ဒီေနရာက ဘယ္လိုဆန္းျပားတဲ့ နည္းပညာေတြ ထပ္မံထြက္ရွိ လာဦးမလဲဆိုတာကို ေစာင့္ၾကည့္ေနရဦးမွာပဲျဖစ္ပါတယ္။


သင်မသိလောက်သေးတဲ့ ကမ္ဘာ့ အလျို့ဝှက်ဆုံးနေရာ (သို့) “AREA-51” (unicode)

Area-51 ဆိုတာ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ Area-51 ဟာ အမေရိကန်ပြည် Las Vegas မြို့ရဲ့ အနောက်မြောက် ၈၃မိုင် အကွာက Nevada သဲကန္တာရထဲမှာရှိပြီး အစိုးရ၏ ထိန်းချုပ်မှု အောက်ကနေ လျှို့ဝှက်သုသေသနလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ နေရာဖြစ်ပါတယ်။ အမေရိကန်ရဲ့ အလျှို့ဝှက်ဆုံး၊ လုံခြုံမှုအရှိဆုံး နေရာဆိုရင်လည်း မမှားပါဘူး။ ဒီနေရာမှာ ဘာတွေရှိတယ် ဘာတွေလုပ်နေတယ် ဆိုတာကတော့ ထိပ်တန်းအရာရှိ ၂၀-လောက်က လွဲရင်ဘယ်သူမှ သေချာ မသိကြပါဘူး။ အမေရိကန်သမ္မတတွေကိုယ်တိုင် ဒီနေရာအကြောင်းကို အပေါ်ယံလောက်ပဲ သိတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်လည်း ဒီနေရာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၅၀)ကျော် ကတည်းက လူစိတ်ဝင်စားမှု အများဆုံးခံရတဲ့ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီနေရာဟာ ၁၉၅၅-ခုနှစ်တုန်းက United States Air Force ရဲ့နေရာ ဖြစ်ခဲ့ပြီး စတင်ဆောက်လုပ်ခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ Lockheed U-2 aircraft တွေကို စမ်းသပ်ဖို့အတွက် ဖြစ်ပါတယ်။ ဒီနေ့အထိ Area-51 မှာ ဘာတွေလုပ်နေတယ်ဆိုတာကို အမေရိကန်အစိုးရက ချမပြသေးပါဘူး။ စစ်အေးကာလအတွင်းထဲက လျှို့ဝှက်လွန်းတာကြောင့် Dreamland, Groom Lake, Paradise Ranch, Red Square, The Farm, Home Base, Watertown Strip, and Homey Airport စတဲ့နာမည်မျိုးစုံ အပေးခံခဲ့ရပါတယ်။ တစ်ချို့ကတော့ ဒီနေရာမှာ ထူးဆန်းတဲ့ လက်နက်တွေနဲ့ ယာဉ်တွေကို စမ်းသပ်နေတယ်လို့ ဆိုပါတယ်။ ဒါဟာ မဖြစ်နိုင်ပါဘူးလို့ ဆိုလို့မရပါဘူး။ ကမ္ဘာမှာတွေ့ရတဲ့ UFO တွေဟာ Area-51 က လျှို့ဝှက်စမ်းသပ်ထားတဲ့ ယာဉ်တွေဖြစ်တယ်လို့ အရင်နှစ်တွေက သတင်းတွေ ထွက်လာဖူးပါတယ်။

Area-51 ဟာ တောင်တစ်လုံးကို ဖောက်ပြီး စခန်းအဖြစ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီအဆောက်အအုံမှာ အထပ် ၆-ထပ်ရှိပြီး ပထမထပ်ကိုသာ သာမန်ဝန်ထမ်း ဝင်ခွင့်ရှိပါတယ်။ ကျန်အထပ်တွေကိုတော့ Alien မှလွဲ၍ လုံးဝမဝင်ရ ဆိုတဲ့စာတမ်းကို တရားဝင်ကပ်ထားတပ်လို့ ဆိုပါတယ်။ စဉ်းစားစရာပါ။ ဒီနေရာကို လုံခြုံရေး မြင့်မားစွာ ချထားတဲ့အတွက် ဂြိုလ်သားတွေ၊ UFO(Unidentified Flying Object) တွေနဲ့ ဆက်စပ်နေလိမ့်မယ်လို့လည်း ယုံကြည်နေကြပါတယ်။

လူတွေ တော်တော်များများကတော့ ဒီနေရာမှာ ဂြိုလ်သားတွေ ရှိပြီး ဂြိုလ်သားတွေဆီကနေ ခေတ်လွန် နည်းပညာတွေကို သင်ယူနေတယ်လို့ ဆိုကြပါတယ်။ လမ်းမှားရောက်သွားတဲ့ လေယာဉ်မှူး နှစ်ယောက်ကလည်း ဒီနေရာမှာ ပန်းကန်ပြားပျံတွေ ဆင်းသက်နေတာကို မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ၁၉၈၉-ခုနှစ်က Area-51 ရဲ့ Sector-4 မှာ အလုပ်လုပ်ခဲ့သူ Bob Lazar ကတော့ သူဟာဂြိုလ်သားယာဉ်ပျံတွေနဲ့ အလုပ်လုပ်ခဲ့ရတယ်လို့ ပြောပါတယ်။ နောက် Area-51 ရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ခဲ့သူ Dan Durish ကလည်း သူဟာ J-Rod လို့ခေါ်တဲ့ ဂြိုလ်သားနှင့် ကပ်လျက် အလုပ်လုပ်ခဲ့ရတယ် ဆိုပြီး သတင်းတွေ ထွက်ခဲ့ပါတယ်။ အဲဒီလျို့ဝှက်နေရာမှာရှိတဲ့သူအများစုကတော့ သိပ္ပံပညာရှင်တွေ ၊ အကာသအင်ဂျင်နီယာတွေ ၊ လေယာဉ်မှူးတွေ ၊ စစ်ရေးနယ်ပယ်က ခေါင်းဆောင်တချို့ နဲ့ နာဆာအရာရှိတချို့ဖြစ်ပါတယ်။ ဘယ်သူတွေလဲဆိုတာကတော့ သူတို့ကိုယ်တိုင်နဲ့ လူအနည်းငယ်ကလွဲလို့ ဘယ်သူမှ မသိပါဘူးတဲ့။

၂၁-ရာစု နောက်ပိုင်းမှာ “UFO” သတင်းတွေဟာ ခဏခဏ ကြားနေရပါပြီ။ “Area-51” ဟာ ဂြိုလ်သားတွေနဲ့ ပါတ်သတ် မသတ် အတိအကျ ပြောလို့မရပေမဲ့ အဆန်းပြားဆုံး လက်နက်တွေ၊ ယာဉ်ပျံတွေနဲ့ နည်းပညာတွေဟာ ဒီနေရာကနေ ထွက်ရှိလာတာကတော့ အမှန်ပဲဖြစ်ပါတယ်။ နောက်တစ်ချိန် ဒီနေရာက ဘယ်လိုဆန်းပြားတဲ့ နည်းပညာတွေ ထပ်မံထွက်ရှိ လာဦးမလဲဆိုတာကို စောင့်ကြည့်နေရဦးမှာပဲဖြစ်ပါတယ်။

Leave a Reply