ေရကန္ၾကီးေအာက္က ေရွးေဟာင္း ေရေအာက္ျမိဳ ့ေတာ္ (သုိ႔) Lion City

Posted on

ျခေသၤျမိဳ ့ေတာ္ (Lion City) ဟာ ၁၉၅၉ ခုႏွစ္က ေရလႊမ္းမိုးခံခဲ့ရျပီးေနာက္ Qiandao ေရကန္ႀကီးေအာက္မွာ မပ်က္မစီးတည္ရွိေနခဲ့တာ ႏွစ္ေပါင္း ေတာ္ေတာ္ၾကာပါျပီ။ ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလက တရုတ္ႏိုင္ငံ National Geographic မဂၢဇင္းက ျခေသၤျမိဳ ့ေတာ္လို ့လည္းေခၚဆုိတဲ့ Shicheng ျမိဳ ့ရဲ့ ဓာတ္ပုံေတြကို ေဖာ္ျပေပးခဲ့ျပီးေနာက္ ကမၻာတစ္လႊား ထင္ရွားခဲ့ပါတယ္။

ဒီျမိဳ ့ေတာ္ဟာ သက္တမ္း ၁၃၃၉ ႏွစ္ရွိျပီးျဖစ္ျပီး တရုတ္ျပည္အေရွ ့ပုိင္း Zhejiang နယ္အတြင္းမွာ တည္ရွိပါတယ္။ ၁၉၅၉ ခုႏွစ္မွာ Xin’an ျမစ္ ေရအားလွ်ပ္စစ္စက္ရုံ တည္ေဆာက္ႏိုင္ဖုိ ့အတြက္ ဒီျမိဳ ့ေတာ္ကို တရုတ္ကြန္ျမဳနစ္ အစိုးရ ဟာ ေရေအာက္ျမဳပ္ပစ္ခဲ့တာပဲျဖစ္ပါတယ္။ Shi Cheng ျခေသၤ့ျမိဳ ့ေတာ္ကို ေအဒီ ၂၅ ရာစုကေန ေအဒီ ၂၀၀ အထိ အုပ္စိုးခဲ့တဲ့ အေရွ ့ပုိင္းဟန္မင္းဆက္ ကာလအတြင္းမွာ တည္ေဆာက္ခဲ့တာျဖစ္ျပီး Wu Shi ေတာင္တန္း (ျခေသၤ့ငါးေကာင္ေတာင္တန္း) အေျခမွာ တည္ရွိတာေၾကာင့္ ျခေသၤ့ျမိဳ ့ေတာ္လို ့ေခၚတြင္ေစခဲ့ပါတယ္။

ေရွးေဟာင္းျမိဳ ့ေတာ္ Shi Cheng အပါအ၀င္ အနီးနားက ေတာင္ၾကားေဒသ တစ္ခုလုံးကို ၁၉၅၉ ခုႏွစ္မွာ တရုတ္အစိုးရဟာ Xin’an ျမစ္ေရကာတာ စီမံကိန္းအတြက္ ေရကန္ၾကီးတစ္ခု ဖန္တီးေပးဖုိ ့အတြက္ ေရလႊမ္းမုိးပစ္ခဲ့ပါတယ္။ ဒီစီမံကိန္းေၾကာင့္ ျခေသ့ၤၿမဳိ႕ေတာ္မွာအေျခခ်ေနထုိင္ၾကသူေပါင္း ၃သိန္းခန္႔ဟာ အျခားေဒသေတြကုိေျပာင္းေရႊ႕ေပးခဲ့ရပါတယ္။ ဒီအထဲမွာ ျခေသ့ၤၿမဳိ႕ေတာ္မွာ ႏွစ္ရာေပါင္းမ်ားစြာ မ်ဳိးရုိးစဥ္ဆက္ေနထုိင္ခဲ့ၾကသူေတြလည္းပါပါတယ္။ နစ္ျမဳပ္ခံရၿပီး ႏွစ္ေပါင္း ၄၀ခန္႔အၾကာ ၂၀၀၁ ခုႏွစ္မွာ တရုတ္အစုိးရဟာ နစ္ျမဳပ္ခံၿမဳိ႕ေဟာင္းရဲ႕အေျခအေနကိုသိလုုိတာေၾကာင့္ ကြ်မ္းက်င္သူပညာရွင္ေပါင္းမ်ားစြာနဲ႔ စစ္ေဆးၾကည့္တဲ့အခါမွာ ၿမဳိ႕ေတာ္ဟာ ပုံမွန္အတုိင္းက်န္ရွိေနေသးတာကိုေတြ႔လုိက္ရပါတယ္။

အခုအခ်ိန္မွာေတာ့ ျခေသၤ့ျမိဳ ့ေတာ္ဟာ Qiandao ေရကန္ရဲ့ ေအာက္ေျခ အနက္ ၈၅ ေပကေန ၁၃၁ ေပ အနက္ မွာ လဲေလ်ာင္းေနျပီး ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္က တရုတ္အစိုးရက ကမၻာလွည့္ခရီးသည္ ဆြဲေဆာင္ရာတစ္ခု အျဖစ္ ဒီ Shi Cheng ေရေအာက္ျမိဳ ့ေတာ္ကို ဖြင့္လွစ္ေပးခဲ့ပါတယ္။ ယခုအခ်ိန္္မွာေတာ့ ေရေအာက္ျခေသၤ့ၿမဳိ႕ေတာ္ကို လာေရာက္လည္ပတ္သူခရီးသြားေပါင္း မ်ားျပားလွ်က္ရွိၿပီး ေရငုပ္တာကိုႏွစ္သက္တဲ့ ခရီးသြားေတြဟာ ေရကန္ႀကီးေအာက္ကိုငုပ္ရႈိးၿပီး ျခေသ့ၤၿမဳိ႕ေတာ္ကုိ လွည့္ပတ္ၾကည့္ရႈ႕ႏုိင္ေနၿပီျဖစ္ပါတယ္။ ပုံမွန္အားျဖင့္ေတာ့ ဒီလုိေရငုပ္ၿပီး ေရေအာက္ၿမဳိ႕ေတာ္ရဲ႕ရႈ႕ခင္းေတြကို ပူေႏြးတဲ့ရာသီဥတုျဖစ္တဲ့ ဧၿပီလကေန ႏုိ၀င္ဘာလ အၾကားမွာၾကည့္ရႈ႕ေလ့ရွိၾကပါတယ္။

ေရွးေဟာင္းျမိဳ ့ေတာ္ Shi Cheng မွာ ဂိတ္တံခါးၾကီးငါးခု နဲ ့ေမွ်ာ္စင္ ငါးခုရွိပါတယ္။ ျမိဳ ့ရဲ့ အရြယ္အစားဟာ ေဘာလုံးကြင္း ၆၂ ကြင္းစာ အရြယ္အစားရွိျပီး ျမိဳ ့တစ္ခုလုံးကို ဆက္သြယ္ထားတဲ့ လမ္းမၾကီး ေျခာက္ခုလည္း ပါရွိတယ္လုိ ့ Property Guru ရဲ့ ကေလာင္ရွင္ Christopher Chitty က ေရးသားခဲ့ပါတယ္။

လူလုပ္ Qiandao ေရကန္ၾကီးဟာလည္း ၅၇၃ စတုရန္းကီလုိမီတာက်ယ္၀န္းျပီး ကၽြန္းစုေပါင္း ေထာင္ခ်ီရွိပါတယ္။ သူ ့ရဲ့ အဆင္သင့္ေသာက္သုံးႏိုင္တဲ့ သန္ ့ရွင္းတဲ့ေရ၊ နာမည္ေက်ာ္ Nongfu Spring တံဆိပ္ သတၱဳဓာတ္ပါ၀င္တဲ့ ေရသန္ ့တုိ ့ေၾကာင့္ လူသိမ်ားပါတယ္။

ျခေသၤ့ျမိဳ ့ေတာ္ဟာ ကမၻာမွာ တရုတ္ျပည္ရဲ့အတၱလန္တစ္ျမိဳ ့ေတာ္ လုိ ့လည္း နာမည္ၾကီးပါတယ္။ လြြန္ခဲ့တဲ့ ႏွစ္ေပါင္း တစ္ေထာင္ေက်ာ္က တည္ေဆာက္ခဲ့တဲ့ ျမိဳ ့ျဖစ္သည့္တုိင္ ျမိဳ ့နံရံ၊ ေလွကားေစာင္းတန္း၊ ေရွးေဟာင္းအိမ္ေတြ၊ နဲ ့ဗိသုကာေျမာက္ အခုံးေတြဟာ မူလအေျခအေနမွာ တည္ရွိေနျခင္းက အခ်ိန္ရဲ့ တုိက္စားမွဳကို ၾကံၾကံခံႏိုင္တဲ့ ျမိဳ ့အျဖစ္ ႏိုင္ငံတကာ ေရွးေဟာင္းသုေတသနပညာရွင္ေတြၾကားမွာ အံ့ၾသစရာ တစ္ခုအျဖစ္ တည္ရွိေနျမဲျဖစ္ပါတယ္။


ရေကန်ကြီးအောက်က ရှေးဟောင်း ရေအောက်မြို့တော် (သို့) Lion City (unicode)

ခြင်္သေမြို့တော် (Lion City) ဟာ ၁၉၅၉ ခုနှစ်က ရေလွှမ်းမိုးခံခဲ့ရပြီးနောက် Qiandao ရေကန်ကြီးအောက်မှာ မပျက်မစီးတည်ရှိနေခဲ့တာ နှစ်ပေါင်း တော်တော်ကြာပါပြီ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက တရုတ်နိုင်ငံ National Geographic မဂ္ဂဇင်းက ခြင်္သေမြို့တော်လို့လည်းခေါ်ဆိုတဲ့ Shicheng မြို့ရဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးခဲ့ပြီးနောက် ကမ္ဘာတစ်လွှား ထင်ရှားခဲ့ပါတယ်။

ဒီမြို့တော်ဟာ သက်တမ်း ၁၃၃၉ နှစ်ရှိပြီးဖြစ်ပြီး တရုတ်ပြည်အရှေ့ပိုင်း Zhejiang နယ်အတွင်းမှာ တည်ရှိပါတယ်။ ၁၉၅၉ ခုနှစ်မှာ Xin’an မြစ် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်နိုင်ဖို့အတွက် ဒီမြို့တော်ကို တရုတ်ကွန်မြုနစ် အစိုးရ ဟာ ရေအောက်မြုပ်ပစ်ခဲ့တာပဲဖြစ်ပါတယ်။ Shi Cheng ခြင်္သေ့မြို့တော်ကို အေဒီ ၂၅ ရာစုကနေ အေဒီ ၂၀၀ အထိ အုပ်စိုးခဲ့တဲ့ အရှေ့ပိုင်းဟန်မင်းဆက် ကာလအတွင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး Wu Shi တောင်တန်း (ခြင်္သေ့ငါးကောင်တောင်တန်း) အခြေမှာ တည်ရှိတာကြောင့် ခြင်္သေ့မြို့တော်လို့ခေါ်တွင်စေခဲ့ပါတယ်။

ရှေးဟောင်းမြို့တော် Shi Cheng အပါအဝင် အနီးနားက တောင်ကြားဒေသ တစ်ခုလုံးကို ၁၉၅၉ ခုနှစ်မှာ တရုတ်အစိုးရဟာ Xin’an မြစ်ရေကာတာ စီမံကိန်းအတွက် ရေကန်ကြီးတစ်ခု ဖန်တီးပေးဖို့အတွက် ရေလွှမ်းမိုးပစ်ခဲ့ပါတယ်။ ဒီစီမံကိန်းကြောင့် ခြသေ့ၤမြို့တော်မှာအခြေချနေထိုင်ကြသူပေါင်း ၃သိန်းခန့်ဟာ အခြားဒေသတွေကိုပြောင်းရွှေ့ပေးခဲ့ရပါတယ်။ ဒီအထဲမှာ ခြသေ့ၤမြို့တော်မှာ နှစ်ရာပေါင်းများစွာ မျိုးရိုးစဉ်ဆက်နေထိုင်ခဲ့ကြသူတွေလည်းပါပါတယ်။ နစ်မြုပ်ခံရပြီး နှစ်ပေါင်း ၄ဝခန့်အကြာ ၂၀၀၁ ခုနှစ်မှာ တရုတ်အစိုးရဟာ နစ်မြုပ်ခံမြို့ဟောင်းရဲ့အခြေအနေကိုသိလိုတာကြောင့် ကျွမ်းကျင်သူပညာရှင်ပေါင်းများစွာနဲ့ စစ်ဆေးကြည့်တဲ့အခါမှာ မြို့တော်ဟာ ပုံမှန်အတိုင်းကျန်ရှိနေသေးတာကိုတွေ့လိုက်ရပါတယ်။

အခုအချိန်မှာတော့ ခြင်္သေ့မြို့တော်ဟာ Qiandao ရေကန်ရဲ့ အောက်ခြေ အနက် ၈၅ ပေကနေ ၁၃၁ ပေ အနက် မှာ လဲလျောင်းနေပြီး ပြီးခဲ့တဲ့နှစ်အနည်းငယ်က တရုတ်အစိုးရက ကမ္ဘာလှည့်ခရီးသည် ဆွဲဆောင်ရာတစ်ခု အဖြစ် ဒီ Shi Cheng ရေအောက်မြို့တော်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ယခုအချိန်မှာတော့ ရေအောက်ခြင်္သေ့မြို့တော်ကို လာရောက်လည်ပတ်သူခရီးသွားပေါင်း များပြားလျှက်ရှိပြီး ရေငုပ်တာကိုနှစ်သက်တဲ့ ခရီးသွားတွေဟာ ရေကန်ကြီးအောက်ကိုငုပ်ရှိုးပြီး ခြသေ့ၤမြို့တော်ကို လှည့်ပတ်ကြည့်ရှု့နိုင်နေပြီဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဒီလိုရေငုပ်ပြီး ရေအောက်မြို့တော်ရဲ့ရှု့ခင်းတွေကို ပူနွေးတဲ့ရာသီဥတုဖြစ်တဲ့ ဧပြီလကနေ နိုဝင်ဘာလ အကြားမှာကြည့်ရှု့လေ့ရှိကြပါတယ်။

ရှေးဟောင်းမြို့တော် Shi Cheng မှာ ဂိတ်တံခါးကြီးငါးခု နဲ့မျှော်စင် ငါးခုရှိပါတယ်။ မြို့ရဲ့ အရွယ်အစားဟာ ဘောလုံးကွင်း ၆၂ ကွင်းစာ အရွယ်အစားရှိပြီး မြို့တစ်ခုလုံးကို ဆက်သွယ်ထားတဲ့ လမ်းမကြီး ခြောက်ခုလည်း ပါရှိတယ်လို့ Property Guru ရဲ့ ကလောင်ရှင် Christopher Chitty က ရေးသားခဲ့ပါတယ်။

လူလုပ် Qiandao ရေကန်ကြီးဟာလည်း ၅၇၃ စတုရန်းကီလိုမီတာကျယ်ဝန်းပြီး ကျွန်းစုပေါင်း ထောင်ချီရှိပါတယ်။ သူ့ရဲ့ အဆင်သင့်သောက်သုံးနိုင်တဲ့ သန့်ရှင်းတဲ့ရေ၊ နာမည်ကျော် Nongfu Spring တံဆိပ် သတ္တုဓာတ်ပါဝင်တဲ့ ရေသန့်တို့ကြောင့် လူသိများပါတယ်။

ခြင်္သေ့မြို့တော်ဟာ ကမ္ဘာမှာ တရုတ်ပြည်ရဲ့အတ္တလန်တစ်မြို့တော် လို့လည်း နာမည်ကြီးပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်က တည်ဆောက်ခဲ့တဲ့ မြို့ဖြစ်သည့်တိုင် မြို့နံရံ၊ လှေကားစောင်းတန်း၊ ရှေးဟောင်းအိမ်တွေ၊ နဲ့ဗိသုကာမြောက် အခုံးတွေဟာ မူလအခြေအနေမှာ တည်ရှိနေခြင်းက အချိန်ရဲ့ တိုက်စားမှုကို ကြံကြံခံနိုင်တဲ့ မြို့အဖြစ် နိုင်ငံတကာ ရှေးဟောင်းသုတေသနပညာရှင်တွေကြားမှာ အံ့ဩစရာ တစ်ခုအဖြစ် တည်ရှိနေမြဲဖြစ်ပါတယ်။

Leave a Reply