ဂရိတုိ႔ရဲ႕ အႀကီးက်ယ္ဆုံးၿမိဳ႕ျဖစ္တဲ့ ေအသင္ၿမဳိ႕ေတာ္ အေၾကာင္း

Posted on

ေအသင္ၿမိဳ႕သည္ ဂရိႏိုင္ငံတြင္ ၿမိဳ႕ေတာ္ႏွင့္ အႀကီးဆုံးၿမိဳ႕ျဖစ္သည္။ ဂရိႏိုင္ငံ အက္တီကာေဒသတြင္ ရွိၿပီး ကမၻာေပၚတြင္ ေရွးအက်ဆုံးေသာၿမိဳ႕မ်ားတြင္ တစ္ၿမိဳ႕ အပါအဝင္ျဖစ္သည္။  ၁၅၉ စတုရန္းမုိင္ က်ယ္၀န္းသည္။ ေအသင္ၿမဳိ႕စတင္ျဖစ္လာခဲ့သည့္အခ်ိန္မွာ သမိုင္း မွတ္တမ္းတင္ထားမႈအရ ႏွစ္ေပါင္း ၃၄၀၀ ေက်ာ္ ရွိၿပီးျဖစ္သည္။ ထုိေနရာတြင္ လြန္ခဲ့ေသာႏွစ္ေပါင္း ၄၀၀၀ခန္႔ကတည္းက လူမ်ားစတင္အေျခခ်ေနထုိင္ခဲ့ၾကသည္။

ေရွးေဟာင္းဂရိေခတ္တြင္ ေအသင္ၿမိဳ႕မွာ တန္ခိုးအာဏာႀကီးမားေသာ ၿမိဳ႕ေတာ္ တစ္ခုျဖစ္ခဲ့သည္။ ဂရိအေတြးအေခၚပညာရွင္ႀကီး ဆုိကေရးတီး ၊ ပေလတုိ ႏွင့္ပတ္သတ္၍လည္း အမ်ားစု ရင္းႏွီးၿပီးသားၿမဳိ႕လည္းျဖစ္သည္။ အႏုပညာ၊ သင္ၾကားေရး၊ အေတြးအေခၚပညာတို႔တြင္ အခ်က္အခ်ာ ဌာနျဖစ္ခဲ့ၿပီး ပေလးတိုး၏ အကယ္ဒမီႏွင့္ အရစၥတိုတယ္၏ လိုင္စီယမ္တို႔ တည္ရွိရာ ၿမိဳ႕ေတာ္ ျဖစ္ခဲ့သည္။

ယခုေခတ္ၿမဳိ႕ဟု ဆုိေသာ္လည္း တစ္ခ်ိန္ကေတာ့ ေအသင္သည္ ဂရိ၏ ႏုိင္ငံငယ္ေလးတစ္ခုျဖစ္ခဲ့သည္။ ေအသင္ဟူေသာ အမည္မွာ ဥာဏ္ပညာ ႏွင့္ ရဲရင့္ျခင္းကိုအုပ္စုိးသည့္ ဂရိဒ႑ာရီနတ္သမီး ေအသီနာ မွ ဆင္းသက္လာျခင္းျဖစ္သည္။ ေအသင္ကဲ့သို႔ေသာ ဂရိႏိုင္ငံငယ္ကေလးမ်ားကို ပထမ တြင္ ရွင္ဘုရင္မ်ားက အုပ္ခ်ဳပ္၏။ ဘီစီ ၈ဝဝ-၇ဝဝ ခုႏွစ္၌ ဘုရင္မ်ား ေပ်ာက္ကြယ္သြား၍ လူနည္းစုအုပ္ခ်ဳပ္ေသာ ‘ေအာ္လီဂါးကီး’ အစိုးရစနစ္ ေပၚလာ၏။

ထိုအခါ၌ကား ေျမပိုင္ရွင္သူေဌး သူႂကြယ္မ်ား လက္ထဲသို႔ ႏိုင္ငံေရးအာဏာ ေရာက္သြား၏။ ထို႔ေနာက္ေျမပိုင္ရွင္မ်ားသည္ အခ်င္းခ်င္း အာဏာလုၾက၏။ ဆင္းရဲသားမ်ားကလည္း ဖိႏွိပ္မႈကို မခံမရပ္ႏိုင္ ျဖစ္လာၾက၍ မၾကာမီ လူတစ္ဦးတည္းက အာဏာ ျဖင့္ အုပ္စိုးသည့္ ‘တစ္ရင္နီ’ အစိုးရစနစ္ ျဖစ္ေပၚလာေလ သည္။ ထိုစနစ္အရ အုပ္စိုးေသာဘုရင္တို႔သည္ မင္းေဆြ မင္းမ်ိဳးထဲမွ မဟုတ္ေစကာမူ တိုင္းသူျပည္သားတို႔အား မိမိ တို႔၏ အခြင့္အေရးအတြက္ မ်က္စိ ဖြင့္ေပးသူမ်ားျဖစ္၍ ဒီမိုကေရစီဝါဒကို လမ္းခင္းရာေရာက္ေပသည္။

ဘီစီ ၅ဝဝ ျပည့္ႏွစ္အစေလာက္တြင္ ေအသင္မွာ ဒီမို ကေရစီႏိုင္ငံ ျဖစ္လာေလသည္။ ဘီစီ ၆၂၁ ခုႏွစ္၌ ဒေရးကိုး ဆိုသူသည္ အစဥ္အလာ တရားဥပေဒမ်ားကို စုေဆာင္း၍ ဂရိတရား ဥပေဒမ်ားကို အဦးဆုံး ေရးသားခဲ့ေလသည္။ ထို တရား ဥပေဒမ်ားမွာ ျပင္းထန္လြန္းသျဖင့္ ဆင္းရဲသားမ်ားမွာ ဒေရးကိုး၏တရားဥပေဒမ်ားေၾကာင့္ မေက်မနပ္ျဖစ္လာၾက၏။ ထို႔ေနာက္ ဆိုလြန္အမည္ရွိေသာ ပညာရွိတစ္ဦးက ဆင္းရဲသား မ်ားအား သက္သာေစမည့္ ဥပေဒမ်ား ေရးဆြဲဲခဲ့၏။

သို႔ရာတြင္ ဘီစီ ၅၆၁ ခုႏွစ္၌ ပိုင္ဆစ္ထရက္တပ္ ဆိုသူသည္ အုပ္ခ်ဳပ္ေရးအာဏာကို ရရွိသြား၍ ႏွစ္ေပါင္း ၃ဝ တိုင္တိုင္ ေအသင္ႏိုင္ငံကို အုပ္ခ်ဳပ္ေလသည္။ သူ၏လက္ ထက္၌ တိုင္းျပည္စည္ပင္ဝေျပာသည္။ သူကြယ္လြန္ေသာအခါ သား ၂ ေယာက္က တိုင္းျပည္ကို ဆက္လက္အုပ္ခ်ဳပ္ရန္ ႀကံစည္ၾက၏။ သို႔ရာတြင္ တစ္ေယာက္မွာ အသတ္ခံရ၍ တစ္ေယာက္မွာ တိုင္းျပည္မွ ႏွင္ထုတ္ျခင္းခံရေလသည္။ ဘီစီ ၅ဝ၉ ခုႏွစ္ေလာက္၌ကား ကလိုက္သီးနီး ဆိုသူ ေရးဆြဲ ေသာ ဥပေဒသစ္မ်ားေၾကာင့္ ေျမပိုင္ရွင္ႀကီးမ်ား တန္ခိုးေမွးမွိန္ ရၿပီးလၽွင္ လူထုဆႏၵအရ အုပ္ခ်ဳပ္ေရးစနစ္ တည္ၿမဲေလေတာ့ သည္။ ထုိ႔ေၾကာင့္ေအသင္ၿမဳိ႕ ဒီမိုကေရစီ ေမြးဖြားရာေဒသဟု သတ္မွတ္ၾကျခင္းျဖစ္သည္။

ဘီစီ ၅ရာစု ႏွင့္ ၄ ရာစု ႏွစ္မ်ား အတြင္း ေအသင္မွ ဂရိယဥ္ေက်းမႈ ႏွင့္ ႏိုင္ငံေရး ေအာင္ျမင္မႈမ်ားက က်န္ရွိေနေသာ ဥေရာပတိုက္ တစ္ခုလုံးကို ႐ိုက္ခတ္ခဲ့ေသာေၾကာင့္ ေအသင္ၿမိဳ႕ကို အေနာက္တိုင္းယဥ္ေက်းမႈ၏ စတင္ရာေဒသဟု ရာေဒသဟု ၫႊန္းဆိုေလ့ ရွိၾကသည္။ ယေန႔တြင္ မက္ထ႐ိုပိုလစ္ ၿမိဳ႕ျပ ေဒသတစ္ခုျဖစ္ၿပီး လက္ရွိေအသင္ၿမိဳ႕သည္ ဂရိႏိုင္ငံ၏ စီးပြားေရး၊ ေငြေရးေၾကးေရး၊ စက္မႈလုပ္ငန္း၊ ႏိုင္ငံေရး ႏွင့္ ယဥ္ေက်းမႈ အခ်က္အျခား ဌာန တစ္ခုအျဖစ္ တည္ရွိသည္။ အယ္လ္ဖာ စီးတီးအျဖစ္လည္း အဆင့္ သတ္မွတ္ထားသည္။

၂၀၁၇ခုႏွစ္စာရင္း အရ ေအသင္ၿမဳိ႕၏ လူဦးေရမွာ ၃သန္းေက်ာ္ ရွိသည္။ ရုံးသုံးဘာသာစကားမွာ ဂရိျဖစ္ၿပီး ယူရုိေငြေၾကးကုိသုံးစြဲသည္။ ပ်မ္းမွ်အပူခ်ိန္မွာ အပူဆုံးလတြင္ ၂၉ဒီဂရီဆဲစီးယပ္ ရွိၿပီး အေအးဆုံးလတြင္ ၁၀ဒီဂရီဆဲစီးယပ္စ္ ရွိသည္။ ခမ္းနားႀကီးက်ယ္လွေသာ ေရွးေဟာင္းယဥ္ေက်းမႈ အႏုပညာမ်ားေၾကာင့္ ေအသင္သည္ ဂရိႏုိင္ငံသုိ႔လာေရာက္သူ ခရီးသြားတုိင္း မလာမျဖစ္လာေရာက္ေလ့ရွိေသာၿမဳိ႕ျဖစ္သည္။

ယေန႔အားလုံးသိၾကသည့္ မာရသြန္ၿပဳိင္ပြဲမွာ ေအသင္ၿမဳိ႕မွ စတင္ျဖစ္ေပၚလာျခင္းျဖစ္သည္။ မာရသြန္ တိုက္ပြဲသည္ ကမၻာ့သမိုင္း လမ္းေၾကာင္း ကို ေျပာင္းလဲေစခဲ့ေသာ တိုက္ပြဲတစ္ခုျဖစ္ခဲ့၏။ မိမိတို႔ထက္ ႏွစ္ဆမက အင္အားမ်ားလွ၍ ေလးျမားလက္နက္သုံးေသာ ပါးရွင္းမ်ားကို လွံတံကို သုံးေသာ ေအသင္တို႔က တင္းတိုး ဝင္တိုက္ခိုက္ၾကသျဖင့္ ေလးျမားတို႔မွာ အသုံးမက် ျဖစ္ရၿပီး လၽွင္ ပါးရွင္းတို႔အတုံးအ႐ႈံး က်ဆုံးၾကရသည္။ ပါးရွင္းေရတပ္ႀကီး ဆုတ္ခြာသြားၿပီးေနာက္တြင္ ယင္းတို႔သည္ ေအသင္ၿမိဳ႕ကို ပင္လယ္ဘက္မွ လွည့္၍ တိုက္ခိုက္ခဲ့ေသာ္၊ မာရသြန္ လြင္ျပင္တြင္ ျဖစ္ပြားခဲ့ေသာ တိုက္ပြဲအေၾကာင္း မသိသျဖင့္၊ ေအသင္ၿမိဳ႕က အညံ့ ခံလိုက္မည္ကို မီလတီယဒီးသည္ စိုးရိမ္ေနခဲ့၏။

ထို႔ေၾကာင့္ ထိုတိုက္ပြဲတြင္ ေအသင္တို႔ေအာင္ျမင္ေၾကာင္းကို ေအသင္ ၿမိဳ႕သို႔သတင္းပို႔ရန္ ေျခအျမန္ဆုံး အေျပးသမားတစ္ဦးျဖစ္သူ ဖိုင္ဒစ္ပီဒီးအား ဗိုလ္ခ်ဳပ္ႀကီးက ေ႐ြးခ်ယ္၍ ေစလႊတ္ခဲ့ေလ သည္။ ထိုသူသည္ မာရသြန္လြင္ျပင္မွ ေအသင္ၿမိဳ႕အေရာက္ ၂၆ မိုင္ႏွင့္ ၃၈၅ ကိုက္မၽွ ခရီးကို မရပ္မနား အားသြန္ ေျပးလႊား လာခဲ့ရာ ေအသင္ၿမိဳ႕သို႔အေရာက္တြင္ ေအာင္ျမင္ ေၾကာင္း သတင္းကို ေျပာၿပီးသည္ႏွင့္ တစ္ၿပိဳင္နက္ အေမာ ဆို႔လ်က္ ေသဆုံးသြားရွာေလသည္။ ထို႔ေၾကာင့္ ဖိုင္ဒစ္ပီဒီးအား ဂုဏ္ျပဳေသာအားျဖင့္ ၁၈၉၆ ခုႏွစ္မွစ၍ အိုလင္းပစ္ေျပးပြဲမ်ား တြင္ ထိုခရီးမိုင္အတိုင္း မရပ္မနား ေျပးရေသာ ေျပးပြဲတစ္ခုကို ထည့္သြင္းၿပီးလၽွင္ မာရသြန္ေျပးပြဲဟု အမည္ေပးထားခဲ့ျခင္းျဖစ္ေလသည္။

 


ဂရိတို့ရဲ့ အကြီးကျယ်ဆုံးမြို့ဖြစ်တဲ့ အေသင်မြို့ (unicode)

အေသင်မြို့သည် ဂရိနိုင်ငံတွင် မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်သည်။ ဂရိနိုင်ငံ အက်တီကာဒေသတွင် ရှိပြီး ကမ္ဘာပေါ်တွင် ရှေးအကျဆုံးသောမြို့များတွင် တစ်မြို့ အပါအဝင်ဖြစ်သည်။  ၁၅၉ စတုရန်းမိုင် ကျယ်ဝန်းသည်။ အေသင်မြို့စတင်ဖြစ်လာခဲ့သည့်အချိန်မှာ သမိုင်း မှတ်တမ်းတင်ထားမှုအရ နှစ်ပေါင်း ၃၄၀၀ ကျော် ရှိပြီးဖြစ်သည်။ ထိုနေရာတွင် လွန်ခဲ့သောနှစ်ပေါင်း ၄၀၀ဝခန့်ကတည်းက လူများစတင်အခြေချနေထိုင်ခဲ့ကြသည်။ ရှေးဟောင်းဂရိခေတ်တွင် အေသင်မြို့မှာ တန်ခိုးအာဏာကြီးမားသော မြို့တော် တစ်ခုဖြစ်ခဲ့သည်။ အနုပညာ၊ သင်ကြားရေး၊ အတွေးအခေါ်ပညာတို့တွင် အချက်အချာ ဌာနဖြစ်ခဲ့ပြီး ပလေးတိုး၏ အကယ်ဒမီနှင့် အရစ္စတိုတယ်၏ လိုင်စီယမ်တို့ တည်ရှိရာ မြို့တော် ဖြစ်ခဲ့သည်။

ယခုခေတ်မြို့ဟု ဆိုသော်လည်း တစ်ချိန်ကတော့ အေသင်သည် ဂရိ၏ နိုင်ငံငယ်လေးတစ်ခုဖြစ်ခဲ့သည်။ အေသင်ဟူသော အမည်မှာ ဥာဏ်ပညာ နှင့် ရဲရင့်ခြင်းကိုအုပ်စိုးသည့် ဂရိဒဏ္ဍာရီနတ်သမီး အေသီနာ မှ ဆင်းသက်လာခြင်းဖြစ်သည်။ အေသင်ကဲ့သို့သော ဂရိနိုင်ငံငယ်ကလေးများကို ပထမ တွင် ရှင်ဘုရင်များက အုပ်ချုပ်၏။ ဘီစီ ၈ဝဝ-၇ဝဝ ခုနှစ်၌ ဘုရင်များ ပျောက်ကွယ်သွား၍ လူနည်းစုအုပ်ချုပ်သော ‘အော်လီဂါးကီး’ အစိုးရစနစ် ပေါ်လာ၏။ ထိုအခါ၌ကား မြေပိုင်ရှင်သူဌေး သူကြွယ်များ လက်ထဲသို့ နိုင်ငံရေးအာဏာ ရောက်သွား၏။ ထို့နောက်မြေပိုင်ရှင်များသည် အချင်းချင်း အာဏာလုကြ၏။ ဆင်းရဲသားများကလည်း ဖိနှိပ်မှုကို မခံမရပ်နိုင် ဖြစ်လာကြ၍ မကြာမီ လူတစ်ဦးတည်းက အာဏာ ဖြင့် အုပ်စိုးသည့် ‘တစ်ရင်နီ’ အစိုးရစနစ် ဖြစ်ပေါ်လာလေ သည်။ ထိုစနစ်အရ အုပ်စိုးသောဘုရင်တို့သည် မင်းဆွေ မင်းမျိုးထဲမှ မဟုတ်စေကာမူ တိုင်းသူပြည်သားတို့အား မိမိ တို့၏ အခွင့်အရေးအတွက် မျက်စိ ဖွင့်ပေးသူများဖြစ်၍ ဒီမိုကရေစီဝါဒကို လမ်းခင်းရာရောက်ပေသည်။

ဘီစီ ၅ဝဝ ပြည့်နှစ်အစလောက်တွင် အေသင်မှာ ဒီမို ကရေစီနိုင်ငံ ဖြစ်လာလေသည်။ ဘီစီ ၆၂၁ ခုနှစ်၌ ဒရေးကိုး ဆိုသူသည် အစဉ်အလာ တရားဥပဒေများကို စုဆောင်း၍ ဂရိတရား ဥပဒေများကို အဦးဆုံး ရေးသားခဲ့လေသည်။ ထို တရား ဥပဒေများမှာ ပြင်းထန်လွန်းသဖြင့် ဆင်းရဲသားများမှာ ဒရေးကိုး၏တရားဥပဒေများကြောင့် မကျေမနပ်ဖြစ်လာကြ၏။ ထို့နောက် ဆိုလွန်အမည်ရှိသော ပညာရှိတစ်ဦးက ဆင်းရဲသား များအား သက်သာစေမည့် ဥပဒေများ ရေးဆွဲဲခဲ့၏။

သို့ရာတွင် ဘီစီ ၅၆၁ ခုနှစ်၌ ပိုင်ဆစ်ထရက်တပ် ဆိုသူသည် အုပ်ချုပ်ရေးအာဏာကို ရရှိသွား၍ နှစ်ပေါင်း ၃ဝ တိုင်တိုင် အေသင်နိုင်ငံကို အုပ်ချုပ်လေသည်။ သူ၏လက် ထက်၌ တိုင်းပြည်စည်ပင်ဝပြောသည်။ သူကွယ်လွန်သောအခါ သား ၂ ယောက်က တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်ရန် ကြံစည်ကြ၏။ သို့ရာတွင် တစ်ယောက်မှာ အသတ်ခံရ၍ တစ်ယောက်မှာ တိုင်းပြည်မှ နှင်ထုတ်ခြင်းခံရလေသည်။ ဘီစီ ၅ဝ၉ ခုနှစ်လောက်၌ကား ကလိုက်သီးနီး ဆိုသူ ရေးဆွဲ သော ဥပဒေသစ်များကြောင့် မြေပိုင်ရှင်ကြီးများ တန်ခိုးမှေးမှိန် ရပြီးလျှင် လူထုဆန္ဒအရ အုပ်ချုပ်ရေးစနစ် တည်မြဲလေတော့ သည်။ ထို့ကြောင့်အေသင်မြို့ ဒီမိုကရေစီ မွေးဖွားရာဒေသဟု သတ်မှတ်ကြခြင်းဖြစ်သည်။

ဘီစီ ၅ရာစု နှင့် ၄ ရာစု နှစ်များ အတွင်း အေသင်မှ ဂရိယဉ်ကျေးမှု နှင့် နိုင်ငံရေး အောင်မြင်မှုများက ကျန်ရှိနေသော ဥရောပတိုက် တစ်ခုလုံးကို ရိုက်ခတ်ခဲ့သောကြောင့် အေသင်မြို့ကို အနောက်တိုင်းယဉ်ကျေးမှု၏ စတင်ရာဒေသဟု ရာဒေသဟု ညွှန်းဆိုလေ့ ရှိကြသည်။ ယနေ့တွင် မက်ထရိုပိုလစ် မြို့ပြ ဒေသတစ်ခုဖြစ်ပြီး လက်ရှိအေသင်မြို့သည် ဂရိနိုင်ငံ၏ စီးပွားရေး၊ ငွေရေးကြေးရေး၊ စက်မှုလုပ်ငန်း၊ နိုင်ငံရေး နှင့် ယဉ်ကျေးမှု အချက်အခြား ဌာန တစ်ခုအဖြစ် တည်ရှိသည်။ အယ်လ်ဖာ စီးတီးအဖြစ်လည်း အဆင့် သတ်မှတ်ထားသည်။ ၂၀၁၇ခုနှစ်စာရင်း အရ အေသင်မြို့၏ လူဦးရေမှာ ၃သန်းကျော် ရှိသည်။ ရုံးသုံးဘာသာစကားမှာ ဂရိဖြစ်ပြီး ယူရိုငွေကြေးကိုသုံးစွဲသည်။ ပျမ်းမျှအပူချိန်မှာ အပူဆုံးလတွင် ၂၉ဒီဂရီဆဲစီးယပ် ရှိပြီး အအေးဆုံးလတွင် ၁ဝဒီဂရီဆဲစီးယပ်စ် ရှိသည်။ ခမ်းနားကြီးကျယ်လှသော ရှေးဟောင်းယဉ်ကျေးမှု အနုပညာများကြောင့် အေသင်သည် ဂရိနိုင်ငံသို့လာရောက်သူ ခရီးသွားတိုင်း မလာမဖြစ်လာရောက်လေ့ရှိသောမြို့ဖြစ်သည်။

ယနေ့အားလုံးသိကြသည့် မာရသွန်ပြိုင်ပွဲမှာ အေသင်မြို့မှ စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မာရသွန် တိုက်ပွဲသည် ကမ္ဘာ့သမိုင်း လမ်းကြောင်း ကို ပြောင်းလဲစေခဲ့သော တိုက်ပွဲတစ်ခုဖြစ်ခဲ့၏။ မိမိတို့ထက် နှစ်ဆမက အင်အားများလှ၍ လေးမြားလက်နက်သုံးသော ပါးရှင်းများကို လှံတံကို သုံးသော အေသင်တို့က တင်းတိုး ဝင်တိုက်ခိုက်ကြသဖြင့် လေးမြားတို့မှာ အသုံးမကျ ဖြစ်ရပြီး လျှင် ပါးရှင်းတို့အတုံးအရှုံး ကျဆုံးကြရသည်။ ပါးရှင်းရေတပ်ကြီး ဆုတ်ခွာသွားပြီးနောက်တွင် ယင်းတို့သည် အေသင်မြို့ကို ပင်လယ်ဘက်မှ လှည့်၍ တိုက်ခိုက်ခဲ့သော်၊ မာရသွန် လွင်ပြင်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအကြောင်း မသိသဖြင့်၊ အေသင်မြို့က အညံ့ ခံလိုက်မည်ကို မီလတီယဒီးသည် စိုးရိမ်နေခဲ့၏။

ထို့ကြောင့် ထိုတိုက်ပွဲတွင် အေသင်တို့အောင်မြင်ကြောင်းကို အေသင် မြို့သို့သတင်းပို့ရန် ခြေအမြန်ဆုံး အပြေးသမားတစ်ဦးဖြစ်သူ ဖိုင်ဒစ်ပီဒီးအား ဗိုလ်ချုပ်ကြီးက ရွေးချယ်၍ စေလွှတ်ခဲ့လေ သည်။ ထိုသူသည် မာရသွန်လွင်ပြင်မှ အေသင်မြို့အရောက် ၂၆ မိုင်နှင့် ၃၈၅ ကိုက်မျှ ခရီးကို မရပ်မနား အားသွန် ပြေးလွှား လာခဲ့ရာ အေသင်မြို့သို့အရောက်တွင် အောင်မြင် ကြောင်း သတင်းကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် အမော ဆို့လျက် သေဆုံးသွားရှာလေသည်။ ထို့ကြောင့် ဖိုင်ဒစ်ပီဒီးအား ဂုဏ်ပြုသောအားဖြင့် ၁၈၉၆ ခုနှစ်မှစ၍ အိုလင်းပစ်ပြေးပွဲများ တွင် ထိုခရီးမိုင်အတိုင်း မရပ်မနား ပြေးရသော ပြေးပွဲတစ်ခုကို ထည့်သွင်းပြီးလျှင် မာရသွန်ပြေးပွဲဟု အမည်ပေးထားခဲ့ခြင်းဖြစ်လေသည်။

Leave a Reply