ကမာၻ႔ သက္တမ္းအရင့္ဆုံး နဲ႔ အနက္ဆုံး ေရအုိင္ႀကီး အေၾကာင္း (သုိ႔) Lake Baikal

Posted on

ဘိုင္ကယ္အိုင္ ( Lake Baikal) သည္ ကမၻာေပၚတြင္ ေရွးအက်ဆံုး ေရကန္ျဖစ္ျပီး လြန္ခဲ့ေသာ ႏွစ္ေပါင္း သန္း ၃၀ ၀န္းက်င္ခန္႔ ကတည္းကပင္ တည္ရွိခဲ့သည္။ ကမၻာေပၚတြင္ အနက္ဆံုးေသာ အိုင္ ျဖစ္ျပီး ပ်မ္းမွ် အနက္ ၇၄၄.၄(၂၄၄၁ေပ) မီတာခန့္မွ် ရွိသည္။ ရုရွားနိုင္ငံ ဆိုက္ေဘးရီးယားေဒသ ေတာင္ပိုင္း အာကြတ္ အိုဘလတ္စ္ အုပ္ခ်ုပ္ေရး ေဒသ (Irkutsk Oblast) နွင့္ ရုရွားနိုင္ငံ၏ တစိတ္အပိုင္း ျဖစ္ေသာ ဘားရတ္နိုင္ငံ (Buryat Republic) တို့ ၾကားတြင္ တည္ရွိသည္။

ကမၻာေပၚတြင္ ထုထည္ အမ်ားဆံုး ေရခ်ဳိကန္ျဖစ္ျပီး ကမၻာေပၚရွိ ေအးခဲမေနေသာ ေရခ်ဳိမ်ား၏ ၂၀ ရာခိုင္နႈန္းမွ် ရွိသည္။
အနက္ဆုံးေနရာသည္ ၅,၃၈၇ေပ( ၁၆၄၂ မီတာ) မွ် နက္သျဖင့္ ဘိုင္ကယ္အိုင္သည္ ကမၻာေပၚရွိ ေရအိုင္မ်ားတြင္ အနက္ဆံုး နွင့္ အၾကည္လင္ဆံုး ေရအိုင္ျဖစ္သည္။ ဘိုင္ကယ္အိုင္သည္ တန္ဂန္ရီကာအိုင္ ကဲ့သို့ပင္ ေရွးေခတ္ကာလက ေက်ာက္လႊာမ်ား ေရႊ႕လ်ားမႈေျကာင့္ ေပၚေပါက္လာေသာ ေရအိုင္ ျဖစ္ျပီး လျခမ္းပံုသဏၭာန္ ရွည္ေမ်ာေမ်ာ ရွိသည္။

ေရမ်က္နွာျပင္ ဧရိယာ ၁၂,၂၄၈ စတုရန္းမိုင္ (၃၁,၇၇၂ စတုရန္း ကီလိုမီတာ) မွ် ရွိျပီး ဆူပီးရီးယားအိုင္နွင့္ ဝိတိုရိယအိုင္ တို့ထက္ မ်က္နွာျပင္ ဧရိယာအားျဖင့္ ေသးငယ္သည္။ ဘိုင္ကယ္အိုင္သည္ အပင္မ်ဳိးစိတ္ ၁၀၀၀ ႏွင့္ သတၱဝါ မ်ိုးစိတ္ေပါင္း ၂၅၀၀ တို႔ ေနထိုင္ရာ ေနရာျဖစ္ျပီး ၎တို႔၏ သံုးပံု ႏွစ္ပံုကို ကမၻာေပၚရွိ အျခားမည္သည့္ေနရာတြင္မွ် မေတြ႔နိုင္ေပ။ ယူနက္စကိုမွ ကမာၻ႔အေမြအနွစ္ေနရာ အျဖစ္ ၁၉၉၆ ခုနွစ္တြင္ ေၾကျငာခဲ့သည္။ ထို့အျပင္ ထိုေဒသသည္ ဘားရတ္လူမ်ိုးစုတုိ႔ ေနထိုင္ရာ ေနရာျဖစ္ၿပီး ထိုလူမ်ဳိးစုတို႔သည္ ကန္၏ အေရွ႕ဘက္ျခမ္းတြင္ ေနထိုင္ၾကကာ ဆိတ္၊ ကုလားအုပ္၊ ႏြား၊ သိုး စသည္တို့ကို ေမြးျမဴၾကသည္။

ဘုိင္ကယ္အုိင္ ပတ္လည္၏ အမ်ားစုမွာ ႏွင္းေတာင္တန္းမ်ားျဖစ္ၾကသည္။ ေဒသ အပူခ်ိန္သည္ ေဆာင္းရာသီတြင္ အနႈတ္ ၁၉ ဒီဂရီ ဆဲလ္စီးယပ္ (-၂ ဒီဂရီ ဖာရင္ဟိုက္) မွ ေႏြရာသီတြင္ ၁၄ ဒီဂရီ ဆဲလ္စီးယပ္ (၅၇ ဒီဂရီ ဖာရင္ဟိုက္) အထိ ေျပာင္းလဲမႈ ရွိသည္။ ဘိုင္ကယ္အိုင္ကို “ညီအမအိုင္မ်ား၏ အစ္မႀကီး” ဟု တင္စား ေခၚေဝၚေလ့ ရွိၾကသည္။

ဘုိင္ကယ္အုိင္ထဲတြင္ ကြ်န္းငယ္ ၂၇ခုရွိၿပီး လူေနထုိင္မႈမရွိၾကေခ်။ ဘုိင္ကယ္အုိင္ထဲသုိ႔ ျမစ္ ၊ ေခ်ာင္း ၊ စမ္းေခ်ာင္း ေပါင္း ၃၀၀ခန္႔က စီး၀င္ေနၾကသည္။ ဘုိင္ကယ္အုိင္၏ ေနရာအမ်ားစုသည္ ဇန္န၀ါရီလ မွ ေမလၾကားတြင္ ေရခဲေနေလ့ရွိတာေၾကာင့္ ထုိကာလမ်ားတြင္ ဘုိင္ကယ္အုိင္ ေရျပင္ေပၚတြင္လမ္းေလွ်ာက္ႏုိင္သည္။ ကမာၻေပၚက အၾကည္လင္ဆုံးေရအုိင္မ်ားထဲမွ တစ္ခုျဖစ္ၿပီး တစ္ခါတစ္ရံ ေရေအာက္အနက္ ၄၀မီတာခန္႔ အထိ ၾကည္လင္စြာျမင္ရေလ့ရွိသည္။


ကမ္ဘာ့ သက်တမ်းအရင့်ဆုံး နဲ့ အနက်ဆုံး အိုင်ကြီး (သို့) Lake Baikal (unicode)

ဘိုင်ကယ်အိုင် ( Lake Baikal) သည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ရေကန်ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း သန်း ၃၀ ဝန်းကျင်ခန့် ကတည်းကပင် တည်ရှိခဲ့သည်။ ကမ္ဘာပေါ်တွင် အနက်ဆုံးသော အိုင် ဖြစ်ပြီး ပျမ်းမျှ အနက် ၇၄၄.၄(၂၄၄၁ပေ) မီတာခန့်မျှ ရှိသည်။ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ တောင်ပိုင်း အာကွတ် အိုဘလတ်စ် အုပ်ချုပ်ရေး ဒေသ (Irkutsk Oblast) နှင့် ရုရှားနိုင်ငံ၏ တစိတ်အပိုင်း ဖြစ်သော ဘားရတ်နိုင်ငံ (Buryat Republic) တို့ ကြားတွင် တည်ရှိသည်။

ကမ္ဘာပေါ်တွင် ထုထည် အများဆုံး ရေချိုကန်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ အေးခဲမနေသော ရေချိုများ၏ ၂၀ ရာခိုင်နှုန်းမျှ ရှိသည်။
အနက်ဆုံးနေရာသည် ၅,၃၈၇ပေ( ၁၆၄၂ မီတာ) မျှ နက်သဖြင့် ဘိုင်ကယ်အိုင်သည် ကမ္ဘာပေါ်ရှိ ရေအိုင်များတွင် အနက်ဆုံး နှင့် အကြည်လင်ဆုံး ရေအိုင်ဖြစ်သည်။ ဘိုင်ကယ်အိုင်သည် တန်ဂန်ရီကာအိုင် ကဲ့သို့ပင် ရှေးခေတ်ကာလက ကျောက်လွှာများ ရွှေ့လျားမှုကြောင့် ပေါ်ပေါက်လာသော ရေအိုင် ဖြစ်ပြီး လခြမ်းပုံသဏ္ဌာန် ရှည်မျောမျော ရှိသည်။

ရေမျက်နှာပြင် ဧရိယာ ၁၂,၂၄၈ စတုရန်းမိုင် (၃၁,၇၇၂ စတုရန်း ကီလိုမီတာ) မျှ ရှိပြီး ဆူပီးရီးယားအိုင်နှင့် ဝိတိုရိယအိုင် တို့ထက် မျက်နှာပြင် ဧရိယာအားဖြင့် သေးငယ်သည်။ ဘိုင်ကယ်အိုင်သည် အပင်မျိုးစိတ် ၁၀၀၀ နှင့် သတ္တဝါ မျိုးစိတ်ပေါင်း ၂၅၀၀ တို့ နေထိုင်ရာ နေရာဖြစ်ပြီး ၎င်းတို့၏ သုံးပုံ နှစ်ပုံကို ကမ္ဘာပေါ်ရှိ အခြားမည်သည့်နေရာတွင်မျှ မတွေ့နိုင်ပေ။ ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် ၁၉၉၆ ခုနှစ်တွင် ကြေငြာခဲ့သည်။ ထို့အပြင် ထိုဒေသသည် ဘားရတ်လူမျိုးစုတို့ နေထိုင်ရာ နေရာဖြစ်ပြီး ထိုလူမျိုးစုတို့သည် ကန်၏ အရှေ့ဘက်ခြမ်းတွင် နေထိုင်ကြကာ ဆိတ်၊ ကုလားအုပ်၊ နွား၊ သိုး စသည်တို့ကို မွေးမြူကြသည်။

ဘိုင်ကယ်အိုင် ပတ်လည်၏ အများစုမှာ နှင်းတောင်တန်းများဖြစ်ကြသည်။ ဒေသ အပူချိန်သည် ဆောင်းရာသီတွင် အနှုတ် ၁၉ ဒီဂရီ ဆဲလ်စီးယပ် (-၂ ဒီဂရီ ဖာရင်ဟိုက်) မှ နွေရာသီတွင် ၁၄ ဒီဂရီ ဆဲလ်စီးယပ် (၅၇ ဒီဂရီ ဖာရင်ဟိုက်) အထိ ပြောင်းလဲမှု ရှိသည်။ ဘိုင်ကယ်အိုင်ကို “ညီအမအိုင်များ၏ အစ်မကြီး” ဟု တင်စား ခေါ်ဝေါ်လေ့ ရှိကြသည်။

ဘိုင်ကယ်အိုင်ထဲတွင် ကျွန်းငယ် ၂၇ခုရှိပြီး လူနေထိုင်မှုမရှိကြချေ။ ဘိုင်ကယ်အိုင်ထဲသို့ မြစ် ၊ ချောင်း ၊ စမ်းချောင်း ပေါင်း ၃၀ဝခန့်က စီးဝင်နေကြသည်။ ဘိုင်ကယ်အိုင်၏ နေရာအများစုသည် ဇန်နဝါရီလ မှ မေလကြားတွင် ရေခဲနေလေ့ရှိတာကြောင့် ထိုကာလများတွင် ဘိုင်ကယ်အိုင် ရေပြင်ပေါ်တွင်လမ်းလျှောက်နိုင်သည်။ ကမ္ဘာပေါ်က အကြည်လင်ဆုံးရေအိုင်များထဲမှ တစ်ခုဖြစ်ပြီး တစ်ခါတစ်ရံ ရေအောက်အနက် ၄ဝမီတာခန့် အထိ ကြည်လင်စွာမြင်ရလေ့ရှိသည်။

Leave a Reply