ေအာင္ျမင္ဖုိ႔အတြက္ သင္ စြန္႔လႊတ္ရမွာေတြ

Posted on

 

Written By ေက်ာ့ေကခုိင္(Myanmar-Network)

ေအာင္ျမင္မႈဆုိတာ လြယ္လြယ္ကူကူရလာတတ္တဲ့ အရာမဟုတ္ပါဘူး။ ဒါဆုိ ေအာင္ျမင္မႈက ဘယ္သူေတြနဲ႔ ထုိက္တန္သလဲ။ ေသခ်ာတာကေတာ့ ေအာင္ျမင္မႈဆုိတာ လူတုိင္းရႏုိင္တဲ့အရာတစ္ခုေတာ့ မဟုတ္ႏုိင္ပါဘူး။ ေအာင္ျမင္မႈဆုိတာ ႀကိဳးစားသူ၊ ဇြဲလုံလ၀ိရီယရွိသူေတြသာ ပုိင္ဆုိင္ႏုိင္တဲ့အရာျဖစ္ေနတာပါ။ ေအာင္ျမင္မႈေတြရဲ႕ ေနာက္ကြယ္မွာ သူတုိ႔ေတြ ဘာေတြကုိစြန္႔လႊတ္ခဲ့ၾကသလဲ သင္သိပါသလား။ စြန္႔လႊတ္အနစ္နာခံမႈေတြမရွိဘဲနဲ႔ေတာ့ ေအာင္ျမင္မႈကုိမပုိင္ဆုိင္ႏုိင္ၾကပါဘူး။ ေအာင္ျမင္ဖုိ႔အတြက္ စြန္႔လႊတ္ရမဲ့ အခ်က္တစ္ခ်ိဳ႕ကို ေအာက္မွာေဖာ္ျပလိုက္ပါတယ္။

အမွားလုပ္မိမွာေၾကာက္လုိ႔ ဘာမွမလုပ္တဲ့အက်င့္

တစ္ခုခုကုိလုပ္ဖုိ႔ႀကံရြယ္တုိင္း ငါလုပ္လုိက္ရင္မွားမ်ားသြားမလားဆုိတဲ့အေတြးနဲ႔ မွားမွာေတြးေၾကာက္ၿပီး ဘာမွမလုပ္ျဖစ္ေတာ့တဲ့အခ်က္ကုိ စြန္႔လႊတ္ရပါလိမ့္မယ္။ ဘာမွမလုပ္ရင္ ဘာမွမျဖစ္ပါဘူး။ ကုိယ့္ရဲ႕စိတ္ကူးနဲ႔ အႀကံဉာဏ္အသစ္ေတြေနာက္ကုိ ရဲရဲ၀ံ့၀ံ့လုိက္ပါ။ မွားမွာမေၾကာက္ပါနဲ႔။ မွားမွာေၾကာက္တဲ့စိတ္ကုိ စြန္႔လႊတ္ရပါမယ္။ လူတုိင္းက မွားတတ္ၾကပါတယ္။ လူတုိင္းက အမွားကေန သင္ခန္းစာယူၿပီး လူမႈဘ၀ေတြကုိ ျဖတ္သန္းၾကရမွာျဖစ္ပါတယ္။

အခ်ိန္ဆြဲတတ္တဲ့ အက်င့္

ဒီကေန႔လုပ္ရမယ့္အလုပ္ မနက္ျဖန္မွလုပ္မယ္ဆုိတာမ်ဳိး အခ်ိန္ဆြဲဖူးပါသလား။ ဒီေန႔ေတာ့ မလုပ္ေသးပါဘူးေလ… မနက္ျဖန္မွ စလုပ္တာေပါ့လုိ႔ အခ်ိန္ဆြဲတတ္ၾကပါတယ္။ ကိစၥတစ္ခုကုိ ခ်က္ျခင္း မလုပ္ဘဲ ေနာက္လ၊ ေနာက္ႏွစ္ေပါ့ဆုိတာမ်ဳိး အခ်ိန္ဆြဲတတ္တာကလည္း ေအာင္ျမင္ဖုိ႔အတြက္ စြန္႔လႊတ္ရမယ့္ အခ်က္ပါ။ တကယ္ေအာင္ျမင္ခ်င္သလား။ ဒါဆုိရင္ေတာ့ ဒီကေန႔လုပ္ရမယ့္အလုပ္ကုိ ဒီကေန႔ၿပီးစီးေအာင္ လုပ္ပါ။ မနက္ျဖန္အထိ အခ်ိန္မဆြဲပါနဲ႔။

ဆင္ေျခေပးတတ္တဲ့အက်င့္

ကုိယ့္ရဲ႕အားနည္းခ်က္ေတြကုိ အမွန္အတုိင္းရႈျမင္ရမယ့္အစား ဆင္ေျခအမ်ဳိးမ်ဳိးေပးၿပီး ကုိယ့္ကုိယ္ကုိယ္ သက္သာေအာင္ေနတာကလည္း စြန္႔လႊတ္ရမယ့္အက်င့္တစ္ခုျဖစ္ပါတယ္။ ကုိယ့္ရဲ႕ အားနည္းခ်က္ကုိ ျပင္ဆင္ရမယ့္အစား ဆင္ေျခေကာင္းေကာင္းေပးၿပီး ေနတတ္တဲ့အက်င့္က ကုိယ့္ရဲ႕ ေအာင္ျမင္ႏုိင္မႈကုိ ဆုံး႐ႈံးေစႏုိင္တဲ့အခ်က္တစ္ခုပါ။

လူတုိင္းမွာ အားသာခ်က္ အားနည္းခ်က္ကုိယ္စီရွိၾကပါတယ္။ ဒါကုိလ်စ္လ်ဴ႐ႈလုိ႔မရပါဘူး။ ကုိယ္ရဲ႕အားနည္းခ်က္ကုိ ဆင္ေျခနဲ႔ ဖုံးကြယ္ထားလုိ႔မရႏုိင္ပါဘူး။ ကုိယ့္ရဲ႕လုပ္ေဆာင္မႈတစ္ခု မေအာင္ျမင္ဘဲ က်ဆုံးသြားတဲ့အခါ ကုိယ့္ရဲ႕ အားနည္းခ်က္ကုိ ရွာေဖြဖုိ႔မစဥ္းစားဘဲ ဆင္ေျခေပးၿပီး အမွားကုိဖုံးကြယ္တတ္တဲ့ အက်င့္ကုိ စြန္႔လႊတ္ရပါမယ္။

သမား႐ုိးက်ေတြးတတ္တဲ့အက်င့္

Think Different! ေအာင္ျမင္ခ်င္သလား။ အမ်ားနဲ႔မတူေအာင္ ေတြးေခၚပါတဲ့။ ကုိယ့္မွာ သူမ်ားေတြထက္ပုိၿပီး ထူးျခားတဲ့အေတြးအေခၚေတြ၊ အႀကံဉာဏ္ေတြရွိမယ္ဆုိရင္ သင္က ေအာင္ျမင္တဲ့ လူတစ္ေယာက္ျဖစ္လာႏုိင္ပါတယ္။ ဒီလုိမွမဟုတ္ဘဲ သမား႐ုိးက်ေတြးေခၚတတ္တဲ့အက်င့္ပဲရွိမယ္ဆုိရင္ေတာ့ ေအာင္ျမင္ဖုိ႔အတြက္ အလွမ္းေ၀းေနဦးမွာပါပဲ။ ကုိယ့္ရဲ႕အေတြးအေခၚက လူအမ်ားေတြးသလုိေတြးမယ္၊ လူအမ်ားစဥ္းစားသလုိစဥ္းစားမယ္ဆုိရင္ေတာ့ လူအမ်ားစုထဲမွာမွ ေအာင္ျမင္တဲ့သူတစ္ေယာက္ ျဖစ္မလာႏုိင္ပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ ကုိယ့္ရဲ႕အေတြးေတြက လူအမ်ားနဲ႔အတူတူျဖစ္ေနတာေၾကာင့္ပါ။ ေအာင္ျမင္ခ်င္တဲ့သူဆုိရင္ေတာ့ သူမတူ ထူးျခားတဲ့ အေတြးအေခၚ၊ အျမင္ရွိဖုိ႔လုိပါတယ္။

အေျပာင္းအလဲကုိေၾကာက္တဲ့အက်င့္

လက္ရွိအေျခအေနကေန ေျပာင္းလဲလုိက္ရမွာကုိ လူေတာ္ေတာ္မ်ားမ်ားက ေၾကာက္ၾကပါတယ္။ ေျပာင္းလဲဖုိ႔လည္း သတၱိနည္းၾကပါတယ္။ လက္ရွိအေျခအေနမွာ ေအာင္ျမင္ေနေပမဲ့ အေျပာင္းအလဲလုပ္ၿပီးခါမွ မေအာင္ျမင္ေတာ့မွာ၊ လက္ရွိအေျခအေနထက္ပုိဆုိးသြားမွာကုိ ေၾကာက္လန္႔ၾကပါတယ္။ အေျပာင္းအလဲကုိေၾကာက္တဲ့အက်င့္ေၾကာင့္ပဲ ေအာင္ျမင္မႈနဲ႔ေ၀းကြာေစတတ္ပါတယ္။

အဆုိးျမင္သူေတြနဲ႔ အခ်ိန္ျဖဳန္းတတ္တဲ့အက်င့္

ကုိ္ယ့္ပတ္၀န္းက်င္မွာ အဆုိးျမင္တတ္သူေတြရွိပါသလား။ ကုိယ့္အနီးအနားမွာ၊ ကုိယ့္အလုပ္ပတ္၀န္းက်င္မွာ အဆုိးျမင္သူေတြရွိတယ္ဆုိရင္ သူတုိ႔ေတြနဲ႔အခ်ိန္ျဖဳန္းတတ္တဲ့ အက်င့္ေတြကုိ စြန္႔လႊတ္ရပါမယ္။ ဒါက ေအာင္ျမင္မႈအတြက္ စြန္႔လႊတ္ရမယ့္အခ်က္တစ္ခုျဖစ္ေနလုိ႔ပါ။ ကုိယ့္ရဲ႕လုပ္ေဆာင္မႈတုိင္းအတြက္ အဆုိးျမင္သူေတြဆီက အသိအမွတ္ျပဳစကား၊ အားေပးစကားေျပာၾကားခံရဖုိ႔ မေမွ်ာ္လင့္ထားပါနဲ႔။ စိတ္ဓာတ္က်စရာေတြ၊ ဆုံး႐ႈံးရမွာေတြသာ ၾကားရပါလိမ့္မယ္။ သင္ကေအာင္ျမင္ခ်င္တဲ့သူတစ္ေယာက္ဆုိရင္ေတာ့ အဆုိးျမင္သူေတြနဲ႔ ခပ္ေ၀းေ၀းေနရပါလိမ့္မယ္။

ရည္မွန္းခ်က္ႀကီးႀကီး မထားတတ္တဲ့အက်င့္

ဒီအခ်က္က ေအာင္ျမင္မႈအတြက္ အေရးအႀကီးဆုံးအခ်က္တစ္ခုပါပဲ။ လူတုိင္းမွာ ရည္မွန္းခ်က္ႀကီးႀကီး၊ အိပ္မက္ႀကီးႀကီးရွိသင့္ပါတယ္။ အဲဒီအစား ရည္မွန္းခ်က္မထားတတ္တဲ့ အက်င့္ကလည္း ေအာင္ျမင္မႈနဲ႔အလွမ္းကြာေ၀းေစပါတယ္။ ကုိယ့္မွာရည္မွန္းခ်က္လည္းမရွိ၊ ရည္ရြယ္ခ်က္လည္းမရွိ၊ ျဖစ္ခ်င္တာတာလည္းမရွိဆုိရင္ေတာ့ ေအာင္ျမင္မႈဆုိတာ ကုိယ္နဲ႔ အေ၀းဆုံးအရာျဖစ္ေနပါလိမ့္မယ္။ တကယ္ေအာင္ျမင္ခ်င္တယ္ဆုိရင္ေတာ့ ရည္မွန္းခ်က္၊ ရည္ရြယ္ခ်က္တစ္ခုခုခ်မွတ္ပါ။ အဲဒီအတုိင္းလည္း ျဖစ္ေအာင္ႀကိဳးစားပါ။ ဒါဆုိရင္ေတာ့ ေအာင္ျမင္မႈက သင့္နဲ႔ လက္တစ္ကမ္းမွာရွိေနပါလိမ့္မယ္။


အောင်မြင်ဖို့အတွက် သင် စွန့်လွှတ်ရမှာတွေ (unicode)

Written By ကျော့ကေခိုင်(Myanmar-Network)

အောင်မြင်မှုဆိုတာ လွယ်လွယ်ကူကူရလာတတ်တဲ့ အရာမဟုတ်ပါဘူး။ ဒါဆို အောင်မြင်မှုက ဘယ်သူတွေနဲ့ ထိုက်တန်သလဲ။ သေချာတာကတော့ အောင်မြင်မှုဆိုတာ လူတိုင်းရနိုင်တဲ့အရာတစ်ခုတော့ မဟုတ်နိုင်ပါဘူး။ အောင်မြင်မှုဆိုတာ ကြိုးစားသူ၊ ဇွဲလုံလဝိရီယရှိသူတွေသာ ပိုင်ဆိုင်နိုင်တဲ့အရာဖြစ်နေတာပါ။ အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ သူတို့တွေ ဘာတွေကိုစွန့်လွှတ်ခဲ့ကြသလဲ သင်သိပါသလား။ စွန့်လွှတ်အနစ်နာခံမှုတွေမရှိဘဲနဲ့တော့ အောင်မြင်မှုကိုမပိုင်ဆိုင်နိုင်ကြပါဘူး။ အောင်မြင်ဖို့အတွက် စွန့်လွှတ်ရမဲ့ အချက်တစ်ချို့ကို အောက်မှာဖော်ပြလိုက်ပါတယ်။

အမှားလုပ်မိမှာကြောက်လို့ ဘာမှမလုပ်တဲ့အကျင့်

တစ်ခုခုကိုလုပ်ဖို့ကြံရွယ်တိုင်း ငါလုပ်လိုက်ရင်မှားများသွားမလားဆိုတဲ့အတွေးနဲ့ မှားမှာတွေးကြောက်ပြီး ဘာမှမလုပ်ဖြစ်တော့တဲ့အချက်ကို စွန့်လွှတ်ရပါလိမ့်မယ်။ ဘာမှမလုပ်ရင် ဘာမှမဖြစ်ပါဘူး။ ကိုယ့်ရဲ့စိတ်ကူးနဲ့ အကြံဉာဏ်အသစ်တွေနောက်ကို ရဲရဲဝံ့ဝံ့လိုက်ပါ။ မှားမှာမကြောက်ပါနဲ့။ မှားမှာကြောက်တဲ့စိတ်ကို စွန့်လွှတ်ရပါမယ်။ လူတိုင်းက မှားတတ်ကြပါတယ်။ လူတိုင်းက အမှားကနေ သင်ခန်းစာယူပြီး လူမှုဘ၀တွေကို ဖြတ်သန်းကြရမှာဖြစ်ပါတယ်။

အချိန်ဆွဲတတ်တဲ့ အကျင့်

ဒီကနေ့လုပ်ရမယ့်အလုပ် မနက်ဖြန်မှလုပ်မယ်ဆိုတာမျိုး အချိန်ဆွဲဖူးပါသလား။ ဒီနေ့တော့ မလုပ်သေးပါဘူးလေ… မနက်ဖြန်မှ စလုပ်တာပေါ့လို့ အချိန်ဆွဲတတ်ကြပါတယ်။ ကိစ္စတစ်ခုကို ချက်ခြင်း မလုပ်ဘဲ နောက်လ၊ နောက်နှစ်ပေါ့ဆိုတာမျိုး အချိန်ဆွဲတတ်တာကလည်း အောင်မြင်ဖို့အတွက် စွန့်လွှတ်ရမယ့် အချက်ပါ။ တကယ်အောင်မြင်ချင်သလား။ ဒါဆိုရင်တော့ ဒီကနေ့လုပ်ရမယ့်အလုပ်ကို ဒီကနေ့ပြီးစီးအောင် လုပ်ပါ။ မနက်ဖြန်အထိ အချိန်မဆွဲပါနဲ့။

ဆင်ခြေပေးတတ်တဲ့အကျင့်

ကိုယ့်ရဲ့အားနည်းချက်တွေကို အမှန်အတိုင်းရှုမြင်ရမယ့်အစား ဆင်ခြေအမျိုးမျိုးပေးပြီး ကိုယ့်ကိုယ်ကိုယ် သက်သာအောင်နေတာကလည်း စွန့်လွှတ်ရမယ့်အကျင့်တစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်ကို ပြင်ဆင်ရမယ့်အစား ဆင်ခြေကောင်းကောင်းပေးပြီး နေတတ်တဲ့အကျင့်က ကိုယ့်ရဲ့ အောင်မြင်နိုင်မှုကို ဆုံးရှုံးစေနိုင်တဲ့အချက်တစ်ခုပါ။
လူတိုင်းမှာ အားသာချက် အားနည်းချက်ကိုယ်စီရှိကြပါတယ်။ ဒါကိုလျစ်လျူရှုလို့မရပါဘူး။ ကိုယ်ရဲ့အားနည်းချက်ကို ဆင်ခြေနဲ့ ဖုံးကွယ်ထားလို့မရနိုင်ပါဘူး။ ကိုယ့်ရဲ့လုပ်ဆောင်မှုတစ်ခု မအောင်မြင်ဘဲ ကျဆုံးသွားတဲ့အခါ ကိုယ့်ရဲ့ အားနည်းချက်ကို ရှာဖွေဖို့မစဉ်းစားဘဲ ဆင်ခြေပေးပြီး အမှားကိုဖုံးကွယ်တတ်တဲ့ အကျင့်ကို စွန့်လွှတ်ရပါမယ်။

သမားရိုးကျတွေးတတ်တဲ့အကျင့်

Think Different! အောင်မြင်ချင်သလား။ အများနဲ့မတူအောင် တွေးခေါ်ပါတဲ့။ ကိုယ့်မှာ သူများတွေထက်ပိုပြီး ထူးခြားတဲ့အတွေးအခေါ်တွေ၊ အကြံဉာဏ်တွေရှိမယ်ဆိုရင် သင်က အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ သမားရိုးကျတွေးခေါ်တတ်တဲ့အကျင့်ပဲရှိမယ်ဆိုရင်တော့ အောင်မြင်ဖို့အတွက် အလှမ်းဝေးနေဦးမှာပါပဲ။ ကိုယ့်ရဲ့အတွေးအခေါ်က လူအများတွေးသလိုတွေးမယ်၊ လူအများစဉ်းစားသလိုစဉ်းစားမယ်ဆိုရင်တော့ လူအများစုထဲမှာမှ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်မလာနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့အတွေးတွေက လူအများနဲ့အတူတူဖြစ်နေတာကြောင့်ပါ။ အောင်မြင်ချင်တဲ့သူဆိုရင်တော့ သူမတူ ထူးခြားတဲ့ အတွေးအခေါ်၊ အမြင်ရှိဖို့လိုပါတယ်။

အပြောင်းအလဲကိုကြောက်တဲ့အကျင့်

လက်ရှိအခြေအနေကနေ ပြောင်းလဲလိုက်ရမှာကို လူတော်တော်များများက ကြောက်ကြပါတယ်။ ပြောင်းလဲဖို့လည်း သတ္တိနည်းကြပါတယ်။ လက်ရှိအခြေအနေမှာ အောင်မြင်နေပေမဲ့ အပြောင်းအလဲလုပ်ပြီးခါမှ မအောင်မြင်တော့မှာ၊ လက်ရှိအခြေအနေထက်ပိုဆိုးသွားမှာကို ကြောက်လန့်ကြပါတယ်။ အပြောင်းအလဲကိုကြောက်တဲ့အကျင့်ကြောင့်ပဲ အောင်မြင်မှုနဲ့ဝေးကွာစေတတ်ပါတယ်။

အဆိုးမြင်သူတွေနဲ့ အချိန်ဖြုန်းတတ်တဲ့အကျင့်

က်ိုယ့်ပတ်ဝန်းကျင်မှာ အဆိုးမြင်တတ်သူတွေရှိပါသလား။ ကိုယ့်အနီးအနားမှာ၊ ကိုယ့်အလုပ်ပတ်ဝန်းကျင်မှာ အဆိုးမြင်သူတွေရှိတယ်ဆိုရင် သူတို့တွေနဲ့အချိန်ဖြုန်းတတ်တဲ့ အကျင့်တွေကို စွန့်လွှတ်ရပါမယ်။ ဒါက အောင်မြင်မှုအတွက် စွန့်လွှတ်ရမယ့်အချက်တစ်ခုဖြစ်နေလို့ပါ။ ကိုယ့်ရဲ့လုပ်ဆောင်မှုတိုင်းအတွက် အဆိုးမြင်သူတွေဆီက အသိအမှတ်ပြုစကား၊ အားပေးစကားပြောကြားခံရဖို့ မမျှော်လင့်ထားပါနဲ့။ စိတ်ဓာတ်ကျစရာတွေ၊ ဆုံးရှုံးရမှာတွေသာ ကြားရပါလိမ့်မယ်။ သင်ကအောင်မြင်ချင်တဲ့သူတစ်ယောက်ဆိုရင်တော့ အဆိုးမြင်သူတွေနဲ့ ခပ်ဝေးဝေးနေရပါလိမ့်မယ်။

ရည်မှန်းချက်ကြီးကြီး မထားတတ်တဲ့အကျင့်

ဒီအချက်က အောင်မြင်မှုအတွက် အရေးအကြီးဆုံးအချက်တစ်ခုပါပဲ။ လူတိုင်းမှာ ရည်မှန်းချက်ကြီးကြီး၊ အိပ်မက်ကြီးကြီးရှိသင့်ပါတယ်။ အဲဒီအစား ရည်မှန်းချက်မထားတတ်တဲ့ အကျင့်ကလည်း အောင်မြင်မှုနဲ့အလှမ်းကွာဝေးစေပါတယ်။ ကိုယ့်မှာရည်မှန်းချက်လည်းမရှိ၊ ရည်ရွယ်ချက်လည်းမရှိ၊ ဖြစ်ချင်တာတာလည်းမရှိဆိုရင်တော့ အောင်မြင်မှုဆိုတာ ကိုယ်နဲ့ အဝေးဆုံးအရာဖြစ်နေပါလိမ့်မယ်။ တကယ်အောင်မြင်ချင်တယ်ဆိုရင်တော့ ရည်မှန်းချက်၊ ရည်ရွယ်ချက်တစ်ခုခုချမှတ်ပါ။ အဲဒီအတိုင်းလည်း ဖြစ်အောင်ကြိုးစားပါ။ ဒါဆိုရင်တော့ အောင်မြင်မှုက သင့်နဲ့ လက်တစ်ကမ်းမှာရှိနေပါလိမ့်မယ်။

Leave a Reply