အီဂ်စ္ ရဲ႕ ကမာၻေက်ာ္ တူတန္ခမန္ဘုရင္ေလး အေၾကာင္း

Posted on

အီဂ်စ္သမုိင္းရဲ႕ ပိရမစ္မ်ား ရွာေဖြေတြ႔ရွိမႈမွာ တူတန္ခမန္သခၤ်ဳိင္းဟာ အလ်ဳိ႕၀ွက္ဆုံးနဲ႔ အျပည့္စုံဆုံးဆုိတာ အားလုံးသိၿပီးျဖစ္မွာပါ။ ရွာေဖြသူ သုေတသနာပညာရွင္ ေဒါက္တာေဟာင္း၀ကာတာ နဲ႔အဖြဲ႔ဟာ ဒီဘုရင္ေလးရဲ႕ ပိရမစ္ကုိေတြ႔ဖုိ႔ ႏွစ္ေပါင္းမ်ားစြာ ရွာေဖြခဲ့ရပါတယ္။ ေျခာက္ႏွစ္ၾကာေအာင္ ရွိႏုိင္တယ္လုိ႔ ခန္႔မွန္းတဲ့ေနရာအမ်ဳိးမ်ဳိးမွာ ရွာေဖြခဲ့ေပမယ့္ အစအနေတာင္ မေတြ႔တာေၾကာင့္ လက္ေလွ်ာ့ရမလုိျဖစ္ခဲ့ပါတယ္။

ေနာက္ဆုံးအႀကိမ္အျဖစ္တူးေဖာ္တဲ့ အခါမွသာ နံရံကုိထြင္းထားတဲ့ ၁၆ထစ္ေလွကားကိုေတြ႔ရွိခဲ့ပါတယ္။ ေလွကားအတုိင္းလုိက္ဆင္းၿပီး ဆုံးတဲ့အခါမွာေတာ့ တံခါးတစ္ခ်ပ္ကို ေတြ႔ရပါတယ္။ တံခါးဖြင့္လုိက္တဲ့အခါမွာ တန္ဖုိးႀကီးရတနာေတြနဲ႔ ျပည့္ႏွက္ေနတဲ့အခန္းကိုေတြ႔လုိက္ရေတာ့မွ သူရွာေနတဲ့ ဘုရင္ေလးရဲ႕ဂူသခၤ်ဳိင္းမွန္း သိသြားပါတယ္။

“ေမွ်ာ္လင့္ထားေသာ ရွာေဖြေနသည့္အရာကိုလက္ေတြ႔ျမင္လုိက္ရေသာအခါ ၀မ္းသာလြန္းလွေသာေၾကာင့္ ကြ်ႏု္ပ္၏ဒူးမ်ား တဆတ္ဆတ္တုန္ေနေတာ့သည္။ တန္ဖုိးႀကီးရတနာမ်ားကို ရျခင္းထက္ ႏွစ္ ၃၀၀၀ေက်ာ္ က အတိတ္သမုိင္းစာမ်က္ႏွာသစ္ကုိ တုိးခ်ဲ႔ေရးသားႏုိင္ေတာ့မည္ဟူေသာ အသိစိတ္ေၾကာင့္ ပီတိျဖစ္မိျခင္းျဖစ္သည္” ဟုေဒါက္တာကာတာက သူ၏ကုိယ္ပုိင္မွတ္တမ္းတြင္ ေရးခဲ့သည္။ ပိရမစ္ကုိေတြ႔ရွိၿပီးခ်ိန္တြင္ေတာင္ ဘုရင္ေလး၏ ရုပ္အေလာင္းကုိေတြ႔ရွိဖုိ႔ တစ္ႏွစ္ေက်ာ္ေစာင့္ခဲ့ရပါေသးတယ္။

ေနာက္ဆုံး ေလးခန္းေျမာက္ အခန္းမွာမွ ေတြ႔ရွိခဲ့ရျခင္းျဖစ္ပါတယ္။ ဒီလုိရွာေဖြေဖာ္ထုတ္ သုေတသနျပဳမႈမ်ားေၾကာင့္ ဘုရင္ေလး၏ ဘ၀အေၾကာင္း အလုံးစုံကုိ မသိရေသာ္လည္း တစ္စိတ္တပုိင္းႏွင့္ ေရွးေခတ္အီဂ်စ္တုိ႔ရဲ႕ရုိးရာယဥ္ေက်းမႈအခ်ဳိ႕ကိုေတာ့ သိခြင့္ရခဲ့ပါတယ္။

တူတန္ခမန္ ဘုရင္ေလးဟာ အီဂ်စ္ရဲ႕ ဖာရိုမင္းဆက္ ၁၈ဆက္ထဲက တစ္ပါးျဖစ္ပါတယ္။ တကယ္ေတာ့ သူ႔ရဲ႕နာမည္အရင္းက တူတန္ခတန္ျဖစ္ပါတယ္။ သူ႔မိဘမ်ား က Atan ဆုိတဲ့ ေနနတ္ဘုရားကို ကုိးကြယ္ခဲ့ၾကတာေၾကာင့္ ဘုရင္ေလးကုိ တူတန္ခတန္(Tutankhaten’) လုိ႔ နာမည္ေပးခဲ့တာပါ။ ဘုရင္ေလးလက္ထက္မွာ နတ္ဘုရားေတြရဲ႕ဘုရင္ Amun ကုိ ျပန္ေျပာင္းကုိးကြယ္ခဲ့ၿပီး နာမည္ေျပာင္းခဲ့တာေၾကာင့္ Tutankhamun လို႔ျဖစ္လာရျခင္းပါ။ တူတန္ခမန္ရဲ႕အဓိပၸါယ္က Amun နတ္ဘုရားရဲ႕အသက္ရွင္ျခင္းပုံရိပ္(the living image of Amun) လုိ႔အဓိပၸါယ္ရပါတယ္။ အားလုံးကေတာ့ တူတခမန္ဆုိတာထက္ အတုိေကာက္ King Tut လုိ႔ပဲေခၚတာမ်ားပါတယ္။

ဘုရင္ေလးကုိ ဘီစီ၁၃၄၁မွာ ဖာရုိဘုရင္ အာခီနာတန္ နဲ႔ နာဖာတီတီတုိ႔မွ ေမြးဖြားခဲ့ၿပီး အသက္ ၁၀ႏွစ္၀န္းက်င္မွာ ထီးနန္းရခဲ့ၿပီး ဘုရင္ျဖစ္လာသူပါ။ ဖခင္က သူ၇ႏွစ္သားအရြယ္မွာ ဆုံးခဲ့ၿပီးေနာက္ ေနာက္၂ႏွစ္ေက်ာ္အၾကာမွာ ဘုရင္ျဖစ္ခဲ့ျခင္းပါ။ ဒါေၾကာင့္ တုိင္းျပည္ေရးကိစၥမွန္သမွ်ကုိ ဆုံးျဖတ္သူေတြက သူ႔အဘုိး Ay (မိခင္နာဖာတီတီရဲ႕ဖခင္) နဲ႔ စစ္တပ္ေခါင္းေဆာင္ Horemheb တုိ႔က ဆုံးျဖတ္ေလ့ရွိပါတယ္။

ဘုရင္ေလးဟာ အီဂ်စ္ျပည္ကုိ ဘီစီ ၁၃၃၂ ခုႏွစ္ ကေန ၁၃၂၃အထိ ၁၀ႏွစ္နီးပါး အုပ္စုိးခဲ့ပါတယ္။ ဘုရင္ေလးဟာ ၀မ္းကြဲအစ္မျဖစ္တဲ့ Ankhesenpaaten(ေနာက္ပိုင္းမွာေတာ့Ankhesenamun ဆုိၿပီး နာမည္ေျပာင္းခဲ့ပါတယ္) ကုိ လက္ထပ္ခဲ့ပါတယ္။ သူတုိ႔ဟာ သမီးႏွစ္ဦးရခဲ့ေပမယ့္ ေမြးဖြားစဥ္မွာတင္ေသဆုံး(အေသေမြး)ခဲ့ပါတယ္။ ၂၀၁၁ခုႏွစ္ သုေတသနျပဳမႈအရ တစ္ေယာက္က ၆လအရြယ္ ကုိယ္၀န္မွာ ေသဆုံးခဲ့ၿပီး ေနာက္တစ္ေယာက္က ၉လအရြယ္ကုိယ္၀န္မွာ ဆုံးခဲ့တယ္လုိ႔ သိရပါတယ္။

ဘုရင္ေလး လက္ထက္မွာ ၿမဳိ႕ေတာ္ကုိ Armana ကေန Thebes သို႔ျပန္လည္ေရႊ႕ေျပာင္းခဲ့ပါတယ္။ ဘုရင္ေလးလက္ထက္မွာ အီဂ်စ္ရဲ႕ အိမ္နီးခ်င္းႏုိင္ငံမ်ား သံတမန္ဆက္သြယ္မႈ အထူးေအာင္ျမင္ခဲ့ပါတယ္။ ဘုရင္ေလးလက္ထက္မွာ Nubians လူမ်ဳိးစုေတြနဲ႔ စစ္ပြဲေတြျဖစ္ပြားခဲ့ရပါတယ္။ အေၾကာင္းကေတာ့ အာရွကုန္သြယ္မႈလမ္းေၾကာင္းကို ထိမ္းခ်ဳပ္ေရးအတြက္ျဖစ္ပါတယ္။ ဘုရင္ေလးဟာ ငယ္ရြယ္ေပမယ့္ ေထာက္ပံ့သူေတြေကာင္းမႈေၾကာင့္ သူ႔လက္ထက္မွာ အီဂ်စ္ဟာ အစြမ္းထက္ၿပီး ေတာင့္တင္းတဲ့စစ္တပ္ကို ပုိင္ဆုိင္ခဲ့ပါတယ္။

ဘုရင္ေလးကုိယ္တုိင္ ေလးအတတ္မွာ အထူးကြ်မ္းက်င္ေပမယ့္ သူဟာ စစ္ပြဲေတြတုိက္ခုိက္ေနရျခင္းကို မႏွစ္သက္သူျဖစ္ပါတယ္။ ဘုရင္ေလးဟာ အရပ္ ၅ေပ ၁၁လက္မ ရွိသူျဖစ္ပါတယ္။ ပိန္သြယ္သြယ္ ေျခတစ္ဖက္မေကာင္းသူ ျဖစ္ေပမယ့္ က်န္းမာတဲ့ခႏၶာကိုယ္ကုိ ပုိင္ဆုိင္သူျဖစ္ပါတယ္။ သူ႔ရဲ႕ေျခေထာက္ဟာ အရုိးေပ်ာ့ေရာဂါေၾကာင့္မသန္ျဖစ္ေနတာေၾကာင့္ လမ္းေလွ်ာက္တဲ့အခါ ေတာင္ေ၀ွးကို အသုံးျပဳရပါတယ္။ သူ႔ရဲ႕ရုပ္ကလပ္ေဘးမွာ ေတာင္ေ၀ွးတစ္ေခ်ာင္းကုိပါ ထည့္သြင္းထားတာကုိေတြ႔ရွိရလုိ႔ပါ။ သူ႔ကုိနတ္ဘုရားေတြ ေကာင္းခ်ီးေပးဖုိ႔အတြက္ Karnak ဘုရားေက်ာင္းနယ္ေျမတစ္၀ုိက္မွာ ဘာသာေရးအေဆာက္အအုံအသစ္မ်ားေဆာက္လုပ္ျခင္း ၊ အေဟာင္းမ်ားကို ျပဳျပင္ေရးစခဲ့လုပ္ငန္းေတြကုိ လုပ္ေစခဲ့ပါတယ္။

ဘုရင္ေလးဟာ ဘီစီ၁၃၂၃ အသက္ ၁၈ႏွစ္နဲ႔ ၁၉ႏွစ္ၾကားမွာ ေသဆုံးခဲ့ပါတယ္။ ဘုရင္ေလးရဲ႕ဦးေခါင္းခြံထဲမွာ အရုိးစေတြ ေတြ႔ရွိရျခင္းေၾကာင့္ ဘုရင္ေလးေသဆုံးရျခင္းအေၾကာင္းဟာ အသတ္ခံရတာေၾကာင့္လုိ႔ သိပၸံပညာရွင္ေတြကသတ္မွတ္ၾကပါတယ္။ ဒီသတ္ျဖတ္မႈအတြက္ သံသယရွိတဲ့ တရားခံေတြကေတာ့ မိဖုရား Ankhesenamun ၊ Ay (မိခင္နာဖာတီတီရဲ႕ဖခင္၊ တူတန္ခမန္ရဲ႕ေနာက္အီဂ်စ္ဘုရင္ျဖစ္လာသူ) ၊

စစ္တပ္ေခါင္းေဆာင္ Horemheb ၊ ရန္သူစစ္တပ္ျဖစ္တဲ့ Hittite နဲ႔ Nubian တုိ႔ထဲက တစ္ေယာက္ေယာက္ရဲ႕လက္ခ်က္လုိ႔ ခန္႔မွန္းၾကပါတယ္။ ဘုရင္ေလးေသဆုံးၿပီးတဲ့ေနာက္ မံမီအျဖစ္သူပုိင္ဆုိင္တဲ့ မ်ားျပားလွတဲ့ရတနာပစၥည္း အသုံးအေဆာင္ပစၥည္းေေတြနဲ႔အတူ ပိရမစ္တည္ေဆာက္ၿပီး ျမဳပ္ႏွံ႔ခဲ့ၾကပါတယ္။ မံမီမွာကုိယ္တြင္း အဂၤါအရုိးတခ်ဳိ႕မရွိတာေၾကာင့္ ႏွစ္ေပါင္းမ်ားစြာ တာရွည္ခံဖုိ႔ေဆးစီရင္တဲ့အခါ ဖယ္ထုတ္ရျခင္းလုိ႔ သိရပါတယ္။

အီဂ်စ္ဘုရင္ေတြေသတဲ့အခါ ရုပ္အေလာင္းေတြဟာ ႏွစ္ေပါင္းမ်ားစြာ ၾကာရွည္ေစဖုိ႔ မံမီေတြအျဖစ္ဖန္တီးရျခင္းအေၾကာင္းကေတာ့ သူတုိ႔ရဲ႕ ၀ိဥာဥ္ဆုိင္ရာ ယုံၾကည္မႈေၾကာင့္ျဖစ္ပါတယ္။ သူတုိ႔ရဲ႕၀ိဥာဥ္ယုံၾကည္မႈကေတာ့ ဘုရင္တစ္ပါးေသတဲ့အခါေျမေအာက္ကုိေရာက္သြားတယ္ ၊ သက္မဲ့ရုုပ္ကလပ္မပ်က္စီးပါမွ ဘုရင္ရဲ႕၀ိဥာဥ္ဟာ ေျမေအာက္ကမာၻမွာ ႀကံ႕ခုိင္စြာခရီးဆက္ႏုိင္တယ္ ၊ ဘုရင္ရုပ္အေလာင္းနဲ႔အတူ ပိရမစ္ထဲမွာျမဳပ္ႏွံ႔ထားတဲ့ပစၥည္းေတြကုိ ဘုရင့္ရဲ႕၀ိဥာဥ္က အသုံးျပဳႏုိင္တယ္ ၊ ေျမေအာက္ကမာၻမွာ ခရီးဆက္တဲ့အခါမွာေလွနဲ႔ သြားရတယ္ စတဲ့အယူအဆေတြျဖစ္ပါတယ္။

ဒါေၾကာင့္လည္း ဘုရင့္ေလးရဲ႕သခၤ်ဳိင္းၾကမ္းျပင္မွာ ေလွာ္တက္ ခုႏွစ္ေခ်ာင္္းနဲ႔ ေလွကုိ ေတြ႔ရျခင္းျဖစ္ပါတယ္။ ဖာရုိဘုရင္ေတြဟာ ေအးခ်မ္းမႈကိုလုိလားပါတယ္။ ဒါေၾကာင့္ သူတုိ႔ရဲ႕သခၤ်ဳိင္းဂူဗိမာန္ေတြ ဖ်က္စီးသူတုိင္းအား ေဘးအႏၱရာယ္မ်ားက်ေရာက္ေစရန္ က်ိန္စာအမ်ဳိးမ်ဳိးတုိက္ခဲ့ပါတယ္။

ဒီဂူသခၤ်ဳိင္းဟာ ႏွစ္ေပါင္း ၃၀၀၀ေက်ာ္ ေပ်ာက္ကြယ္ေနခဲ့ၿပီး ၁၉၂၂ခုႏွစ္ ႏုိ၀င္ဘာ ၄ရက္ေန႔တြင္မွ ေရွးေဟာင္းသုေတသနပညာရွင္ Howard Carter က ျပန္လည္ရွာေတြ႔ခဲ့ျခင္းျဖစ္ပါတယ္။ ယခုထိတုိင္ ဘုရင္ေလး တူတန္ခမန္ဂူသခၤ်ဳိင္း အနီးမွာ လ်ဳိ႕၀ွက္အခန္းေတြ ရွိေနေသးႏုိင္တယ္လုိ႔ ယူဆထားၿပီး ပညာရွင္ေတြဟာ အမ်ဳိးမ်ဳိးရွာေဖြလွ်က္ရွိပါတယ္။

တူတန္ခမန္ဘုရင္ေလးရဲဲ႕ ဂူသခၤ်ဳိင္းကို ရွာေဖြေတြ႔ရွိစဥ္က ပုံရိပ္တခ်ဳိ႕ကုိလညး္ သုတဇုန္ မိတ္ေဆြမ်ားအတြက္ ဗဟုသုတ အေနနဲ႔ မွ်ေ၀လုိက္ပါတယ္။

 

 


အီဂျစ် တူတန်ခမန်ဘုရင်လေး အကြောင်း (unicode)

အီဂျစ်သမိုင်းရဲ့ ပိရမစ်များ ရှာဖွေတွေ့ရှိမှုမှာ တူတန်ခမန်သင်္ချိုင်းဟာ အလျို့ဝှက်ဆုံးနဲ့ အပြည့်စုံဆုံးဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ရှာဖွေသူ သုတေသနာပညာရှင် ဒေါက်တာဟောင်းဝကာတာ နဲ့အဖွဲ့ဟာ ဒီဘုရင်လေးရဲ့ ပိရမစ်ကိုတွေ့ဖို့ နှစ်ပေါင်းများစွာ ရှာဖွေခဲ့ရပါတယ်။ ခြောက်နှစ်ကြာအောင် ရှိနိုင်တယ်လို့ ခန့်မှန်းတဲ့နေရာအမျိုးမျိုးမှာ ရှာဖွေခဲ့ပေမယ့် အစအနတောင် မတွေ့တာကြောင့် လက်လျှော့ရမလိုဖြစ်ခဲ့ပါတယ်။ နောက်ဆုံးအကြိမ်အဖြစ်တူးဖော်တဲ့ အခါမှသာ နံရံကိုထွင်းထားတဲ့ ၁၆ထစ်လှေကားကိုတွေ့ရှိခဲ့ပါတယ်။ လှေကားအတိုင်းလိုက်ဆင်းပြီး ဆုံးတဲ့အခါမှာတော့ တံခါးတစ်ချပ်ကို တွေ့ရပါတယ်။ တံခါးဖွင့်လိုက်တဲ့အခါမှာ တန်ဖိုးကြီးရတနာတွေနဲ့ ပြည့်နှက်နေတဲ့အခန်းကိုတွေ့လိုက်ရတော့မှ သူရှာနေတဲ့ ဘုရင်လေးရဲ့ဂူသင်္ချိုင်းမှန်း သိသွားပါတယ်။

“မျှော်လင့်ထားသော ရှာဖွေနေသည့်အရာကိုလက်တွေ့မြင်လိုက်ရသောအခါ ဝမ်းသာလွန်းလှသောကြောင့် ကျွန်ုပ်၏ဒူးများ တဆတ်ဆတ်တုန်နေတော့သည်။ တန်ဖိုးကြီးရတနာများကို ရခြင်းထက် နှစ် ၃၀ဝ၀ကျော် က အတိတ်သမိုင်းစာမျက်နှာသစ်ကို တိုးချဲ့ရေးသားနိုင်တော့မည်ဟူသော အသိစိတ်ကြောင့် ပီတိဖြစ်မိခြင်းဖြစ်သည်” ဟုဒေါက်တာကာတာက သူ၏ကိုယ်ပိုင်မှတ်တမ်းတွင် ရေးခဲ့သည်။ ပိရမစ်ကိုတွေ့ရှိပြီးချိန်တွင်တောင် ဘုရင်လေး၏ ရုပ်အလောင်းကိုတွေ့ရှိဖို့ တစ်နှစ်ကျော်စောင့်ခဲ့ရပါသေးတယ်။ နောက်ဆုံး လေးခန်းမြောက် အခန်းမှာမှ တွေ့ရှိခဲ့ရခြင်းဖြစ်ပါတယ်။ ဒီလိုရှာဖွေဖော်ထုတ် သုတေသနပြုမှုများကြောင့် ဘုရင်လေး၏ ဘဝအကြောင်း အလုံးစုံကို မသိရသော်လည်း တစ်စိတ်တပိုင်းနှင့် ရှေးခေတ်အီဂျစ်တို့ရဲ့ရိုးရာယဉ်ကျေးမှုအချို့ကိုတော့ သိခွင့်ရခဲ့ပါတယ်။

တူတန်ခမန် ဘုရင်လေးဟာ အီဂျစ်ရဲ့ ဖာရိုမင်းဆက် ၁၈ဆက်ထဲက တစ်ပါးဖြစ်ပါတယ်။ တကယ်တော့ သူ့ရဲ့နာမည်အရင်းက တူတန်ခတန်ဖြစ်ပါတယ်။ သူ့မိဘများ က Atan ဆိုတဲ့ နေနတ်ဘုရားကို ကိုးကွယ်ခဲ့ကြတာကြောင့် ဘုရင်လေးကို တူတန်ခတန်(Tutankhaten’) လို့ နာမည်ပေးခဲ့တာပါ။ ဘုရင်လေးလက်ထက်မှာ နတ်ဘုရားတွေရဲ့ဘုရင် Amun ကို ပြန်ပြောင်းကိုးကွယ်ခဲ့ပြီး နာမည်ပြောင်းခဲ့တာကြောင့် Tutankhamun လို့ဖြစ်လာရခြင်းပါ။ တူတန်ခမန်ရဲ့အဓိပ္ပါယ်က Amun နတ်ဘုရားရဲ့အသက်ရှင်ခြင်းပုံရိပ်(the living image of Amun) လို့အဓိပ္ပါယ်ရပါတယ်။ အားလုံးကတော့ တူတခမန်ဆိုတာထက် အတိုကောက် King Tut လို့ပဲခေါ်တာများပါတယ်။

ဘုရင်လေးကို ဘီစီ၁၃၄၁မှာ ဖာရိုဘုရင် အာခီနာတန် နဲ့ နာဖာတီတီတို့မှ မွေးဖွားခဲ့ပြီး အသက် ၁၀နှစ်ဝန်းကျင်မှာ ထီးနန်းရခဲ့ပြီး ဘုရင်ဖြစ်လာသူပါ။ ဖခင်က သူ၇နှစ်သားအရွယ်မှာ ဆုံးခဲ့ပြီးနောက် နောက်၂နှစ်ကျော်အကြာမှာ ဘုရင်ဖြစ်ခဲ့ခြင်းပါ။ ဒါကြောင့် တိုင်းပြည်ရေးကိစ္စမှန်သမျှကို ဆုံးဖြတ်သူတွေက သူ့အဘိုး Ay (မိခင်နာဖာတီတီရဲ့ဖခင်) နဲ့ စစ်တပ်ခေါင်းဆောင် Horemheb တို့က ဆုံးဖြတ်လေ့ရှိပါတယ်။ ဘုရင်လေးဟာ အီဂျစ်ပြည်ကို ဘီစီ ၁၃၃၂ ခုနှစ် ကနေ ၁၃၂၃အထိ ၁၀နှစ်နီးပါး အုပ်စိုးခဲ့ပါတယ်။ဘုရင်လေးဟာ ဝမ်းကွဲအစ်မဖြစ်တဲ့ Ankhesenpaaten(နောက်ပိုင်းမှာတော့Ankhesenamun ဆိုပြီး နာမည်ပြောင်းခဲ့ပါတယ်) ကို လက်ထပ်ခဲ့ပါတယ်။ သူတို့ဟာ သမီးနှစ်ဦးရခဲ့ပေမယ့် မွေးဖွားစဉ်မှာတင်သေဆုံး(အသေမွေး)ခဲ့ပါတယ်။ ၂၀၁၁ခုနှစ် သုတေသနပြုမှုအရ တစ်ယောက်က ၆လအရွယ် ကိုယ်ဝန်မှာ သေဆုံးခဲ့ပြီး နောက်တစ်ယောက်က ၉လအရွယ်ကိုယ်ဝန်မှာ ဆုံးခဲ့
တယ်လို့ သိရပါတယ်။

ဘုရင်လေး လက်ထက်မှာ မြို့တော်ကို Armana ကနေ Thebes သို့ပြန်လည်ရွှေ့ပြောင်းခဲ့ပါတယ်။ ဘုရင်လေးလက်ထက်မှာ အီဂျစ်ရဲ့ အိမ်နီးချင်းနိုင်ငံများ သံတမန်ဆက်သွယ်မှု အထူးအောင်မြင်ခဲ့ပါတယ်။ ဘုရင်လေးလက်ထက်မှာ Nubians လူမျိုးစုတွေနဲ့ စစ်ပွဲတွေဖြစ်ပွားခဲ့ရပါတယ်။ အကြောင်းကတော့ အာရှကုန်သွယ်မှုလမ်းကြောင်းကို ထိမ်းချုပ်ရေးအတွက်ဖြစ်ပါတယ်။ ဘုရင်လေးဟာ ငယ်ရွယ်ပေမယ့် ထောက်ပံ့သူတွေကောင်းမှုကြောင့် သူ့လက်ထက်မှာ အီဂျစ်ဟာ အစွမ်းထက်ပြီး တောင့်တင်းတဲ့စစ်တပ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဘုရင်လေးကိုယ်တိုင် လေးအတတ်မှာ အထူးကျွမ်းကျင်ပေမယ့် သူဟာ စစ်ပွဲတွေတိုက်ခိုက်နေရခြင်းကို မနှစ်သက်သူဖြစ်ပါတယ်။ ဘုရင်လေးဟာ အရပ် ၅ပေ ၁၁လက်မ ရှိသူဖြစ်ပါတယ်။ ပိန်သွယ်သွယ် ခြေတစ်ဖက်မကောင်းသူ ဖြစ်ပေမယ့် ကျန်းမာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်သူဖြစ်ပါတယ်။ သူ့ရဲ့ခြေထောက်ဟာ အရိုးပျော့ရောဂါကြောင့်မသန်ဖြစ်နေတာကြောင့် လမ်းလျှောက်တဲ့အခါ တောင်ဝှေးကို အသုံးပြုရပါတယ်။ သူ့ရဲ့ရုပ်ကလပ်ဘေးမှာ တောင်ဝှေးတစ်ချောင်းကိုပါ ထည့်သွင်းထားတာကိုတွေ့ရှိရလို့ပါ။ သူ့ကိုနတ်ဘုရားတွေ ကောင်းချီးပေးဖို့အတွက် Karnak ဘုရားကျောင်းနယ်မြေတစ်ဝိုက်မှာ ဘာသာရေးအဆောက်အအုံအသစ်များဆောက်လုပ်ခြင်း ၊ အဟောင်းများကို ပြုပြင်ရေးစခဲ့လုပ်ငန်းတွေကို လုပ်စေခဲ့ပါတယ်။

ဘုရင်လေးဟာ ဘီစီ၁၃၂၃ အသက် ၁၈နှစ်နဲ့ ၁၉နှစ်ကြားမှာ သေဆုံးခဲ့ပါတယ်။ ဘုရင်လေးရဲ့ဦးခေါင်းခွံထဲမှာ အရိုးစတွေ တွေ့ရှိရခြင်းကြောင့် ဘုရင်လေးသေဆုံးရခြင်းအကြောင်းဟာ အသတ်ခံရတာကြောင့်လို့ သိပ္ပံပညာရှင်တွေကသတ်မှတ်ကြပါတယ်။ ဒီသတ်ဖြတ်မှုအတွက် သံသယရှိတဲ့ တရားခံတွေကတော့ မိဖုရား Ankhesenamun ၊ Ay (မိခင်နာဖာတီ
တီရဲ့ဖခင်၊ တူတန်ခမန်ရဲ့နောက်အီဂျစ်ဘုရင်ဖြစ်လာသူ) ၊ စစ်တပ်ခေါင်းဆောင် Horemheb ၊ ရန်သူစစ်တပ်ဖြစ်တဲ့ Hittite နဲ့ Nubian တို့ထဲက တစ်ယောက်ယောက်ရဲ့လက်ချက်လို့ ခန့်မှန်းကြပါတယ်။ ဘုရင်လေးသေဆုံးပြီးတဲ့နောက် မံမီအဖြစ်သူပိုင်ဆိုင်တဲ့ များပြားလှတဲ့ရတနာပစ္စည်း အသုံးအဆောင်ပစ္စည်းတွေနဲ့အတူ ပိရမစ်တည်ဆောက်ပြီး မြုပ်နှံ့ခဲ့ကြပါတယ်။ မံမီမှာကိုယ်တွင်း အင်္ဂါအရိုးတချို့မရှိတာကြောင့် နှစ်ပေါင်းများစွာ တာရှည်ခံဖို့ဆေးစီရင်တဲ့အခါ ဖယ်ထုတ်ရခြင်းလို့ သိရပါတယ်။

အီဂျစ်ဘုရင်တွေသေတဲ့အခါ ရုပ်အလောင်းတွေဟာ နှစ်ပေါင်းများစွာ ကြာရှည်စေဖို့ မံမီတွေအဖြစ်ဖန်တီးရခြင်းအကြောင်းကတော့ သူတို့ရဲ့ ဝိဉာဉ်ဆိုင်ရာ ယုံကြည်မှုကြောင့်ဖြစ်ပါတယ်။ သူတို့ရဲ့ဝိဉာဉ်ယုံကြည်မှုကတော့ ဘုရင်တစ်ပါးသေတဲ့အခါမြေအောက်ကိုရောက်သွားတယ် ၊ သက်မဲ့ရုပ်ကလပ်မပျက်စီးပါမှ ဘုရင်ရဲ့ဝိဉာဉ်ဟာ မြေအောက်ကမ္ဘာမှာ ကြံ့ခိုင်စွာခရီးဆက်နိုင်တယ် ၊ ဘုရင်ရုပ်အလောင်းနဲ့အတူ ပိရမစ်ထဲမှာမြုပ်နှံ့ထားတဲ့ပစ္စည်းတွေကို ဘုရင့်ရဲ့ဝိဉာဉ်က အသုံးပြုနိုင်တယ် ၊ မြေအောက်ကမ္ဘာမှာ ခရီးဆက်တဲ့အခါမှာလှေနဲ့ သွားရတယ် စတဲ့အယူအဆတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘုရင့်လေးရဲ့သင်္ချိုင်းကြမ်းပြင်မှာ လှော်တက် ခုနှစ်ချောင်းနဲ့ လှေကို တွေ့ရခြင်းဖြစ်ပါတယ်။ ဖာရိုဘုရင်တွေဟာ အေးချမ်းမှုကိုလိုလားပါတယ်။ ဒါကြောင့် သူတို့ရဲ့သင်္ချိုင်းဂူဗိမာန်တွေ ဖျက်စီးသူတိုင်းအား ဘေးအန္တရာယ်များကျရောက်စေရန် ကျိန်စာအမျိုးမျိုးတိုက်ခဲ့ပါတယ်။

ဒီဂူသင်္ချိုင်းဟာ နှစ်ပေါင်း ၃၀ဝ၀ကျော် ပျောက်ကွယ်နေခဲ့ပြီး ၁၉၂၂ခုနှစ် နိုဝင်ဘာ ၄ရက်နေ့တွင်မှ ရှေးဟောင်းသုတေသနပညာရှင် Howard Carter က ပြန်လည်ရှာတွေ့ခဲ့ခြင်းဖြစ်ပါတယ်။ ယခုထိတိုင် ဘုရင်လေး တူတန်ခမန်ဂူသင်္ချိုင်း အနီးမှာ လျို့ဝှက်အခန်းတွေ ရှိနေသေးနိုင်တယ်လို့ ယူဆထားပြီး ပညာရှင်တွေဟာ အမျိုးမျိုးရှာဖွေလျှက်ရှိပါတယ်။

Leave a Reply