လူသိနည္းတဲ့ ကမာၻ႔အႀကီးဆုံးပိရမစ္ႀကီး ခ်ဳိလူလာ

Posted on

ကြ်န္ေတာ္တုိ႔အမ်ားစု သိၾကသည္မွာ ကမာၻေပၚတြင္ အႀကီးဆုံးပိရမစ္မွာ အီဂ်စ္ႏုိင္ငံက ဂုိင္ဇာမဟာပိရမစ္ႀကီးျဖစ္တယ္ ဆုိတဲ့အေၾကာင္းပါ။ ဒါေပမယ့္ တကယ္တမ္းေတာ့ ဒီအခ်က္ဟာ မွားယြင္းေနပါတယ္။ ဂုိင္ဇာပိရမစ္ထက္ပိုႀကီးတဲ့ ပိရမစ္ႀကီးတစ္ခုကို မကၠဆီကုိႏုိင္ငံမွာ ရွိေနေသးလုိ႔ျဖစ္ပါတယ္။ ဒီပိရမစ္ႀကီးကိုေတာ့ ခ်ဳိလူလာ(Cholula) ပိရမစ္ႀကီးလုိ႔ေခၚပါတယ္။

ခ်ဳိလူလာ ပိရမစ္ႀကီးဟာ မကၠဆီကုိႏုိင္ငံ Puebla ျပည္နယ္က ခ်ဳိလူလာၿမဳိ႕မွာတည္ရွိပါတယ္။ ေက်ာက္တုံးေတြနဲ႔ တည္ေဆာက္ထားတဲ့ ထုိပိရမစ္ႀကီးရဲ႕ေအာက္ေျခဟာ အလ်ား ၁၄၈၀ေပ ၊ အနံ ၁၄၈၀ေပ ရွိၿပီး ဂုိင္ဇာပိရမစ္ႀကီးရဲ႕အေျခထက္ ၃ဆ ပိုႀကီးပါတယ္။(အျမင့္မွာေတာ့ ၂၁၇ေပသာ ရွိတဲ့အတြက္ ၄၅၅ေပရွိတဲ့ ဂုိင္ဇာပိရမစ္ႀကီးက ပုိျမင့္ပါတယ္)။

ထုထည္အရ ခ်ဳိလူလာပိရမစ္ႀကီးရဲ႕ထုထည္ဟာ ၄.၄၅ million cubic metre ရွိၿပီး ဂုိင္ဇာပိရမစ္ႀကီးရဲ႕ထုထည္ကေတာ့ ၂.၅ million cubic metre ပဲ ရွိပါတယ္။ ထုိပိရမစ္ႀကီးအား အက္တက္ ေျမြနတ္ဘုရား (Quetzalcoatl) ကို ရည္ညႊန္းၿပီး တည္ေဆာက္ခဲ့တယ္လုိ႔ သိရပါတယ္။ ဒီပိရမစ္ႀကီးကုိ ေရွးေဟာင္း Aztecs လူမ်ဳိးေတြက ဘာသာေရးေနရာတစ္ခုအျဖစ္ ႏွစ္ေပါင္း ၁၀၀၀ေက်ာ္ အသုံးျပဳခဲ့ၾကပါတယ္။

သမုိင္းပညာရွင္မ်ားရဲ႕သုေတသနမွတ္တမ္းမ်ားအရ ခ်ဳိလူလာပိရမစ္ႀကီးကုိ ႏွစ္ေပါင္း ၁၂၀၀ ေက်ာ္ၾကာတည္ေဆာက္ခဲ့ရတယ္လုိ႔ သိရပါတယ္။ ဘီစီ ၃ရာစုမွ စတင္ကာ ေအဒီ၉ရာစုအတြင္းမွာ အႀကိမ္ေပါင္းမ်ားစြာ တည္ေဆာက္ခဲ့ၾကပါတယ္။ ဒီလုိတည္ေဆာက္ရာမွာ ေဆာက္ၿပီးသား ပိရမစ္ေပၚကုိ ငုံငုံၿပီးတည္ေဆာက္ခဲ့တာျဖစ္တာေၾကာင့္ ေနာက္ဆုံးအႀကိမ္ေဆာက္လုပ္ၿပီးတဲ့အခါမွာ ပိရမစ္ႀကီးဟာ အလြန္ႀကီးမားလာခဲ့ၿပီး ေတာင္ငယ္တစ္လုံး အရြယ္အစားေလာက္ရွိခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ကမာၻေပၚမွာ သမုိင္းတစ္ေလွ်ာက္ တည္ေဆာက္ခဲ့သမွ် အထိမ္းအမွတ္အေဆာက္အအုံေတြထဲမွာ အႀကီးဆုံးျဖစ္လာခဲ့တာပါ။

ခ်ဳိလူလာ ပိရမစ္ႀကီးကို တူးေဖာ္ခဲ့စဥ္က ပိရမစ္ႀကီးအတြင္းက ရုပ္အေလာင္းေပါင္း ၄၀၀ ေက်ာ္ကိုေတြ႔ရွိခဲ့ရပါတယ္။ သို႔ေသာ္ယင္းရုပ္အေလာင္းမ်ားမွာ အျခားပိရမစ္မ်ားမွာကဲ့သုိ႔ ဘုရင့္ရုပ္အေလာင္းမ်ားမဟုတ္ပဲ သာမန္လူႀကီး ၊ ကေလးမ်ားရဲ႕ရုပ္အေလာင္းေတြျဖစ္ပါတယ္။ ထုိရုပ္အေလာင္းေတြကို ေျမအုိး စဥ့္အုိးႀကီးငယ္ အသြယ္သြယ္မွာထည့္သြင္းလ်က္ ေတြ႔ရွိခဲ့ရပါတယ္။ ထုိေဒသ၏ ေျခာက္ေသြ႔ေသာရာသီဥတုကို အဆုံးသတ္ေပးဖုိ႔အတြက္ေတာင္းပန္သည့္ သတင္းစကားမ်ားကုိ မုိးနတ္ဘုရားထံသုိ႔ ပုိ႔ေဆာင္ေပးရန္အတြက္ ကေလးငယ္မ်ားကို ယဇ္ပူေဇာ္ခဲ့ျခင္းျဖစ္တယ္ လုိ႔ ပညာရွင္မ်ားယူဆၾကပါတယ္။

ယေန႔အခ်ိန္မွာေတာ ခ်ဳိလူလာ ပိရမစ္ႀကီးကိုေတာင္ကုန္းတစ္ခု သဖြယ္ျမင္ရမွာျဖစ္ပါတယ္။ ပိရမစ္ရဲ႕ ထိပ္မွာေတာ့ ကတ္သလစ္ဘုရားရွိခုိးေက်ာင္းတစ္ခုကို တည္ေဆာက္ထားပါတယ္။ ဒီဘုရားေက်ာင္းကိုေတာ့ စပိန္ေတြဟာ မကၠဆီကုိ ကုိသိမ္းယူထားခ်ိန္ ၁၅၉၄ခုႏွစ္မွာ တည္ေဆာက္ခဲ့တာ ျဖစ္ပါတယ္။ ပိရမစ္ေဘး နံရံမ်ားအျပည့္မွာ သစ္ပင္မ်ားခ်ဳံႏြယ္မ်ား သဘာ၀အေလွ်ာက္ေပါက္ေရာက္ေနျခင္းေၾကာင့္ ပိရမစ္ဟာ သဘာ၀အတုိင္းရွိေနတဲ့ ေတာင္ကုန္းတစ္ခုသဖြယ္ ျဖစ္ေနရျခင္းပါ။

ခ်ဳိလူလာပိရမစ္ အတြင္းဘက္ ဗီဒီယုိ


လူသိနည်းတဲ့ ကမ္ဘာ့အကြီးဆုံးပိရမစ်ကြီး ချိုလူလာ(unicode)

ကျွန်တော်တို့အများစု သိကြသည်မှာ ကမ္ဘာပေါ်တွင် အကြီးဆုံးပိရမစ်မှာ အီဂျစ်နိုင်ငံက ဂိုင်ဇာမဟာပိရမစ်ကြီးဖြစ်တယ် ဆိုတဲ့အကြောင်းပါ။ ဒါပေမယ့် တကယ်တမ်းတော့ ဒီအချက်ဟာ မှားယွင်းနေပါတယ်။ ဂိုင်ဇာပိရမစ်ထက်ပိုကြီးတဲ့ ပိရမစ်ကြီးတစ်ခုကို မက္ကဆီကိုနိုင်ငံမှာ ရှိနေသေးလို့ဖြစ်ပါတယ်။ ဒီပိရမစ်ကြီးကိုတော့ ချိုလူလာ(Cholula) ပိရမစ်ကြီးလို့ခေါ်ပါတယ်။

ချိုလူလာ ပိရမစ်ကြီးဟာ မက္ကဆီကိုနိုင်ငံ Puebla ပြည်နယ်က ချိုလူလာမြို့မှာတည်ရှိပါတယ်။ ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတဲ့ ထိုပိရမစ်ကြီးရဲ့အောက်ခြေဟာ အလျား ၁၄၈၀ပေ ၊ အနံ ၁၄၈၀ပေ ရှိပြီး ဂိုင်ဇာပိရမစ်ကြီးရဲ့အခြေထက် ၃ဆ ပိုကြီးပါတယ်။(အမြင့်မှာတော့ ၂၁၇ပေသာ ရှိတဲ့အတွက် ၄၅၅ပေရှိတဲ့ ဂိုင်ဇာပိရမစ်ကြီးက ပိုမြင့်ပါတယ်)။ ထုထည်အရ ချိုလူလာပိရမစ်ကြီးရဲ့ထုထည်ဟာ ၄.၄၅ million cubic metre ရှိပြီး ဂိုင်ဇာပိရမစ်ကြီးရဲ့ထုထည်ကတော့ ၂.၅ million cubic metre ပဲ ရှိပါတယ်။ ထိုပိရမစ်ကြီးအား အက်တက် မြွေနတ်ဘုရား (Quetzalcoatl) ကို ရည်ညွှန်းပြီး တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ ဒီပိရမစ်ကြီးကို ရှေးဟောင်း Aztecs လူမျိုးတွေက ဘာသာရေးနေရာတစ်ခုအဖြစ် နှစ်ပေါင်း ၁၀၀၀ကျော် အသုံးပြုခဲ့ကြပါတယ်။

သမိုင်းပညာရှင်များရဲ့သုတေသနမှတ်တမ်းများအရ ချိုလူလာပိရမစ်ကြီးကို နှစ်ပေါင်း ၁၂၀၀ ကျော်ကြာတည်ဆောက်ခဲ့ရတယ်လို့ သိရပါတယ်။ ဘီစီ ၃ရာစုမှ စတင်ကာ အေဒီ၉ရာစုအတွင်းမှာ အကြိမ်ပေါင်းများစွာ တည်ဆောက်ခဲ့ကြပါတယ်။ ဒီလိုတည်ဆောက်ရာမှာ ဆောက်ပြီးသား ပိရမစ်ပေါ်ကို ငုံငုံပြီးတည်ဆောက်ခဲ့တာဖြစ်တာကြောင့် နောက်ဆုံးအကြိမ်ဆောက်လုပ်ပြီးတဲ့အခါမှာ ပိရမစ်ကြီးဟာ အလွန်ကြီးမားလာခဲ့ပြီး တောင်ငယ်တစ်လုံး အရွယ်အစားလောက်ရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ သမိုင်းတစ်လျှောက် တည်ဆောက်ခဲ့သမျှ အထိမ်းအမှတ်အဆောက်အအုံတွေထဲမှာ အကြီးဆုံးဖြစ်လာခဲ့တာပါ။

ချိုလူလာ ပိရမစ်ကြီးကို တူးဖော်ခဲ့စဉ်က ပိရမစ်ကြီးအတွင်းက ရုပ်အလောင်းပေါင်း ၄၀၀ ကျော်ကိုတွေ့ရှိခဲ့ရပါတယ်။ သို့သော်ယင်းရုပ်အလောင်းများမှာ အခြားပိရမစ်များမှာကဲ့သို့ ဘုရင့်ရုပ်အလောင်းများမဟုတ်ပဲ သာမန်လူကြီး ၊ ကလေးများရဲ့ရုပ်အလောင်းတွေဖြစ်ပါတယ်။ ထိုရုပ်အလောင်းတွေကို မြေအိုး စဉ့်အိုးကြီးငယ် အသွယ်သွယ်မှာထည့်သွင်းလျက် တွေ့ရှိခဲ့ရပါတယ်။ ထိုဒေသ၏ ခြောက်သွေ့သောရာသီဥတုကို အဆုံးသတ်ပေးဖို့အတွက်တောင်းပန်သည့် သတင်းစကားများကို မိုးနတ်ဘုရားထံသို့ ပို့ဆောင်ပေးရန်အတွက် ကလေးငယ်များကို ယဇ်ပူဇော်ခဲ့ခြင်းဖြစ်တယ် လို့ ပညာရှင်များယူဆကြပါတယ်။

ယနေ့အချိန်မှာတော ချိုလူလာ ပိရမစ်ကြီးကိုတောင်ကုန်းတစ်ခု သဖွယ်မြင်ရမှာဖြစ်ပါတယ်။ ပိရမစ်ရဲ့ ထိပ်မှာတော့ ကတ်သလစ်ဘုရားရှိခိုးကျောင်းတစ်ခုကို တည်ဆောက်ထားပါတယ်။ ဒီဘုရားကျောင်းကိုတော့ စပိန်တွေဟာ မက္ကဆီကို ကိုသိမ်းယူထားချိန် ၁၅၉၄ခုနှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ပိရမစ်ဘေး နံရံများအပြည့်မှာ သစ်ပင်များချုံနွယ်များ သဘာဝအလျှောက်ပေါက်ရောက်နေခြင်းကြောင့် ပိရမစ်ဟာ သဘာဝအတိုင်းရှိနေတဲ့ တောင်ကုန်းတစ်ခုသဖွယ် ဖြစ်နေရခြင်းပါ။

Leave a Reply