လူသန္းေပါင္းမ်ားစြာကို မ်က္စိအလင္းရေစခဲ့သူ (သုိ႔) ၁ေဒၚလာတန္မ်က္မွန္ ထုတ္လုပ္ေပးခဲ့သူအေၾကာင္း

Posted on

မူရင္းေရးသားသူ – ကုိေအာင္ေဇာ္ေမာ္

ကမ႓ာေပၚမွာ မ်က္မွန္ဖိုးမတတ္ႏိုင္တဲ့ မ်က္စိမြဲသူေပါင္း သန္း ၁၅၀ ႐ွိသတဲ့။ လူတစ္ေယာက္က ဒီ အေရအတြက္ကို ေျပာင္းလဲ ေပးခ်င္ေနခဲ့တယ္။၂၀၁၂ ေႏွာင္းပိုင္းကာလေပါ့။ အဖြဲ႔တစ္ဖြဲ႔ဟာ ယူဂန္ဒါ ႏိုင္ငံထဲက ရြာတစ္ရြာ နဲ႔ တစ္ရြာဆီကို စက္ဘီးေတြစီးၿပီး လူးလာေခါက္တုံ႔ သြားေနၾကတယ္။ တစ္ရြာေရာက္ၿပီဆိုတာနဲ႔သစ္ရိပ္ေကာင္းေကာင္းတစ္ခုေအာက္မွာ ခံုတန္းေလးေတြ ခ်ၿပီး ရြာသားေတြကို လာပါထိုင္ပါနဲ႔ ဖိတ္ေခၚၾကတယ္။ သူတုိ႔ဆိုတာ မ်က္မွန္လုပ္ေပးတဲ့ လူေတြပါပဲ။ မ်က္စိမြဲတဲ့ ရြာသူ ရြာသားေတြဆိုရင္ သူတို႔ အဖြဲ႔က မ်က္စိကို အနီးမႈန္လား အေဝးမႈန္လား ပါဝါဘယ္ေလာက္လဲ စသျဖင့္ စမ္းသပ္ေပးၿပီးတာနဲ႔ ဘယ္ကိုင္း ဘာအေရာင္ႀကိဳက္လဲ ဆိုတာပါ အၿပီးေမးၿပီး တထိုင္ထဲ နဲ႔ မ်က္မွန္ လုပ္ေပးပါတယ္။

မ်က္မွန္ကိုင္းအသစ္စက္စက္ကို တပ္ၿပီး ျပံဳးျပံဳးႀကီး လုပ္ေနတဲ့ လူတစ္ေယာက္ကို ပထမဆံုးေတြ႔လိုက္ရတဲ့ အခ်ိန္ ကြၽန္ေတာ့္ရင္ထဲမွာ ခံႏိုင္ရည္အားေတြ အမ်ားႀကီးတိုးလာသလို ခံစားရတယ္ လို႔ မာတင္အက္ဖ္မက္ (Martin Aufmuth) ကေျပာတယ္။ သူက ဂ်ာမန္လူမ်ိဳး။ ေငြသိပ္မကုန္တဲ့မ်က္မွန္ ကို မ်က္စိမြဲသူေတြဆီ အေရာက္ပို႔ေပးခဲ့တဲ့သူေပါ့။ သူ႔ေၾကာင့္ပဲ ကို္ယ့္ရြာကိုယ္ ပထမဆံုးအႀကိမ္ ၾကည္ၾကည္လင္လင္ ျမင္ဖူးသြားတဲ့ သက္ႀကီးရြယ္အိုေတြ ႐ွိတယ္။ ေက်ာက္သင္ပုန္းကစာ မျမင္ရလို႔ ေက်ာင္းမတက္ႏိုင္တဲ့ ကေလးေတြ ေက်ာင္းျပန္တက္သြားႏိုင္တယ္။ အပ္ေပါက္ထဲ အပ္ခ်ည္ႀကိဳး မထိုးႏိုင္လို႔ စက္မခ်ဳပ္ျဖစ္ေတာ့တဲ့ စက္ခ်ဳပ္သမေတြ စက္ျပန္ခ်ဳပ္ႏိုင္ခဲ့တယ္။ မ်က္စိမြဲလို႔ ကားမေမာင္းႏိုင္ေတာ့တဲ့ ဒ႐ိုင္ဘာႀကီးေတြ ကားေပၚျပန္တက္လာ ႏိုင္ခဲ့ၾကပါတယ္။အက္ဖ္မက္ လုပ္ေပးခဲ့တဲ့ အဲ့လိုမ်ိဳး အက်ိဳးရလဒ္ေတြကေတာ့ ေရးရင္ မကုန္ႏိုင္ဘူး​ေလ။

ေငြသိပ္မကုန္တဲ့မ်က္မွန္ ျဖန္႔ျဖဴးေရးဆိုတဲ့ မာတင္အက္ဖ္မက္ ရဲ႕ အိမ္မက္ေတြကို စတင္အေကာင္အထည္ေဖာ္ခဲ့တဲ့ေနရာကေတာ့ ဂ်ာမနီ ႏိုင္ငံ အလယ္ပိုင္းက သူ႔အိမ္ကေလးရဲ႕ အေပၚထပ္ရံုးခန္းေလးထဲမွာပါပဲ။ တစ္ညလံုး တကုပ္ကုပ္နဲ႔ အဲ့ဒီရံုးခန္းေလးထဲကေန ဖုန္းေတြဆက္ၿပီး ေမးျမန္းစံုစမ္းခဲ့ရတယ္။ သူ႔စီမံကိန္းကို အကူအညီေပးႏိုင္မလားဆိုတဲ့ ေမးခြန္းမ်ိဳးေတြေပါ့။ ဒီလိုႀကီးက်ယ္တဲ့ စီမံကိန္းမ်ိဳးျဖစ္ေပၚလာဖို႔ ခက္ခဲတယ္လို႔ ယူဆလို႔ရတဲ့ သူ႔ရဲ႕ ရံုးခန္းေလးထဲကေနပဲ ေစတနာ့ ဝန္ထမ္း တစ္ရာေက်ာ္ေအာင္ သူစုေဆာင္းႏိုင္ခဲ့ၿပီေလ။ တကယ္ျဖစ္လာခဲ့ၿပီေပါ့။

အသက္ ၄၂ ႏွစ္အရြယ္ ကေလးသံုးေယာက္အေဖ မာတင္ တစ္ေယာက္ေတာ့ သူ႔ရဲ႕ ရည္ရြယ္ခ်က္ကို ေဇာက္ခ် လုပ္ဖို႔အတြက္ ေက်ာင္းဆရာ ဘဝကေန ေခတၱ ခြင့္ယူၿပီး အဖြဲ႔နဲ႔ အတူ စီမံကိန္းကို စတင္အေကာင္အထည္ေဖာ္ခဲ့ပါတယ္။ အဖြဲ႔နာမည္ကို တစ္ေဒၚလာတန္မ်က္မွန္ေလးေတြ လို႔ေပးခဲ့ပါတယ္။  ဒီအဖြဲ႔ေလးက အခုအခ်ိန္မွာ ေတာ့ အလတ္တန္းစား ကုမၸဏီ တစ္ခုေတာင္ျဖစ္ေနပါၿပီ။ မ်က္စိမြဲသူေတြကို ကူညီဖို႔အတြက္ သတိထားမိလာေစဖို႔က မာတင္ ရဲ႕ ရည္​ရြယ္​ခ်က္​ပါ။ မ်က္စိမြဲသူေတြရဲ႕ ဘဝထဲကို သူ႔ရဲ႕ တစ္ေဒၚလာတန္မ်က္မွန္ေလးေတြ ထည့္ေပးႏိုင္ခဲ့ပါတယ္။ ကမ႓ာေပၚမွာ မ်က္မွန္ တပ္ကိုတပ္ရမဲ့သူေပါင္း သန္း ၁၅၀ ေလာက္႐ွိ​ေနတယ္​။

“ကြၽန္ေတာ္တို႔ မ်က္​စိမွုန္တယ္​​။ မ်က္​မွန္​တပ္​ရမယ္။ အဲ့​ေတာ့ ကြၽန္ေတာ္တို္႔ မ်က္စိသြားစမ္းတယ္။ မ်က္မွန္ဝယ္တယ္။ တပ္တယ္။ ဒါကြၽန္ေတာ္တို႔ကို ေျပာတာ။ ဖြံ႔ၿဖိဳးဆဲႏိုင္ငံကလူေတြၾကေတာ့ အဲ့လိုမဟုတ္ေတာ့ဘူး။ သူတို႔ မ်က္​စိမွုန္တယ္​​။ မ်က္​မွန္​တပ္​ရမယ္​။ ဒါ​ေပမယ္​့ သူတို႔ မ်က္​စိ သြားမစမ္​းနိင္​ၾကဘူး။ ဝယ္​လဲမတပ္​ႏိုင္​ဘူး။ အဲ့ေတာ့ အလုပ္လဲ မလုပ္​ႏိုင္​ၾက​ေတာ့ဘူး” လို႔ မာတင္​ က​ေျပာျပတယ္​။

သူငယ္ငယ္တုန္းက ထြင္ဆရာတစ္ေယာက္ သိပ္ျဖစ္ခ်င္ခဲ့တယ္။ ဒါေပမယ့္ အေရးႀကီးတဲ့ တီထြင္မႈမွန္သမွ်ကို သူ႔ေ႐ွ႕က ဂု႐ုႀကီးေတြက လက္ဦးသြားခဲ့ၿပီဆိုတာကို သူသိခဲ့တယ္ေလ။ ႏိုင္ရာစား ေလာကႀကီးအေပၚ သူ႔အျမင္က ဒီလိုမ်ိဳး
“ခင္ဗ်ား အာဖရိကကို ေလယာဥ္စီးသြားၾကည့္ ပါလား။ ဘယ္ေလာက္မွမၾကာဘူး။ အဲ့ေနရာကလူေတြဆိုတာ အစာငတ္လို႔ေသတာနဲ႔ ကပ္ေရာဂါဆိုက္လို႔ေသတာနဲ႔ အမ်ိဳးမ်ိဳး ေသာ ဒုကၡသုကၡေတြဆိုက္ေနတဲ့ အခ်ိန္မွာ ကြၽန္ေတာ္တို႔က ဇိမ္ႀကီးတခြဲသားနဲ႔ေနရမွာလား။​ မေနတတ္​ဖူး​ဗ်။” လို႔​ေျပာတယ္​။

သူကေျပာလည္းေျပာ လုပ္လဲလုပ္ ဆိုတဲ့သူမ်ိဳး။ အစာေရစာငတ္မြတ္ေခါင္းပားမႈ တိုက္ဖ်က္ေရးအဖြဲ႔ ျဖစ္တဲ့ The Hunger Project အဖြဲ႔ကို ယူ႐ို ငါးသိန္းေက်ာ္ ေထာက္ပံ့ေပးႏိုင္ခဲ့ၿပီး ေဂဟစနစ္ထိန္းသိမ္းကာကြယ္ေရးကို ေဆာင္ရြက္ေနတဲ့ အႀကီးမားဆံုးအဖြဲ႔ေတြထဲက တစ္ခုျဖစ္တဲ့ CO2 – Maus အဖြဲ႔ကို ထူေထာင္ႏိုင္ခဲ့ပါတယ္။ ၂၀၀၆ ခုႏွစ္ထဲမွာ မာတင္ ဟာ စာအုပ္တစ္အုပ္ကို ဖတ္ခဲ့မိတယ္။ ေပါလ္ပိုလက္ခ္ (Paul Polak) ေရးတဲ့ “ေခါင္းပါးမႈေတြရဲ႕အလြန္” (out of poverty) ဆိုတဲ့ စာအုပ္ေပါ့။ ေပါလ္ပိုလက္ ဆိုတဲ့သူ ကိုယ္တိုင္ကိုကလည္း ေဂဟစနစ္ ထိန္းသိမ္းေရး လႈပ္႐ွားမႈေတြမွာ ဦးေဆာင္ဦးရြက္ျပဳေနတဲ့ သူတစ္ေယာက္ပါပဲ။ သူက ” ေငြကိုမေပး ပညာေပးမည္” ဆိုတဲ့ လူစားမ်ိဳး။ဆင္းရဲသားတစ္ေယာက္ရဲ႕လက္ထဲကို ေဒၚလာတစ္ရာ ထည့္ေပးမဲ့ အစား အပ္ခ်ဳပ္စက္တစ္လံုး ဝယ္ေပးၿပီး စက္ခ်ဳပ္နည္းပါ သင္ေပးလိုက္ခ်င္တဲ့ သူမ်ိဳးပါ။ သူ႔စာအုပ္ထဲမွာ ထည့္ေရးခဲ့တဲ့ အခ်က္တစ္ခုက မာတင္​့ ကုိ လႈပ္ႏိႈးသလို ျဖစ္ခဲ့ပါတယ္။

ပိုလက္ခ္​ က​ေျပာတယ္​
” ေန႔စားခ တစ္ေဒၚလာ နဲ႔ တစ္ေဒၚလာေအာက္သာ ရေနတဲ့ ဆင္းရဲသားေတြဆီကို မ်က္မွန္ေတြ ေထာက္ပံ့ေပးႏိုင္မယ္ ဆိုရင္ ဒါဟာ ေျခလွမ္းအႀကီးႀကီး လွမ္းလိုက္ႏိုင္တာပဲ” တဲ့။
“မ်က္စိမွ ေကာင္းေကာင္းမျမင္ႏိုင္တဲ့ သူက ငတ္မြတ္ေခါင္းပါးမႈေတြကေန လြန္ေျမာက္ႏိုင္ဖို႔ကူညီတယ္​ ဆိုတာ ​ေရ​ေပၚအ႐ုပ္​​ေရး​ေနတာပဲ​ဗ် “
လို႔လည္း ထပ္မံေျပာခဲ့ပါတယ္။

မာတင္​ ဟာ ဒီစာကိုဖတ္ၿပီးၿပီးခ်င္းပဲ ဒီစာရဲ႕ ရည္ရြယ္တဲ့သေဘာကို ေကာင္းေကာင္းသေဘာေပါက္ၿပီး ခ်က္ခ်င္းအေကာင္အထည္ေဖာ္ဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။ ဒါေပမယ့္ ဒီအလုပ္ဆိုတာမ်ိဳးက ကြၽမ္းက်င္သူေတြနဲ႔လုပ္မွျဖစ္မယ့္ အလုပ္မ်ိဳး။ သူ႔တစ္ေယာက္ထဲအတြက္ၾကေတာ့ ဝန္ကႀကီးလြန္းေနတယ္ေလ။ ရက္အနည္းငယ္ အၾကာမွာ လမ္းေဘးေလွ်ာ့ေစ်းဆိုင္ တစ္ဆိုင္က စာၾကည့္မ်က္မွန္ေတြကို တစ္ယူ႐ိုနဲ႔ ေရာင္းေနတာ သူေတြ႔လိုက္မိတယ္။ “ဒါဆိုရင္ မ်က္မွန္ဆိုတာ ေစ်းေပါေပါနဲ႔ထုတ္လို႔ရတဲ့ အမ်ိဳးေပါ့လို႔” သူေတြးမိသြားတယ္။ မ်က္မွန္ကိုင္းလုပ္ဖို႔ ခိုင္ခိုင္ခံ့ခံ့ ႐ွိမယ့္ အရာဘာ႐ွိမလဲ ဆက္စဥ္းစားတယ္။ မ႐ွိလဲ ထြင္မယ္ကြာဆိုၿပီး ဆံုးျဖတ္တယ္။ ငယ္ဘဝ ထြင္ဆရာအိပ္မက္ ကိုအသက္သြင္းၿပီေပါ့။ သူ႔အေတြးက ဘယ္ေလာက္ထိနယ္ခ်ဲ့သြားလဲ ဆိုရင္ သူမ်က္မွန္ကိုင္းလုပ္လို႔ေကာင္းမဲ့ ပစၥည္းတစ္ခုထြင္မယ္။ ထြင္ၿပီးရင္ ျပည္တြင္းက လူေတြကို လုပ္နည္းသင္ေပးခဲ့မယ္။ သူတို႔ေရာင္းၾကပေစ။ ေစ်းေတာ့ေပါရမယ္ေပါ့။ အေတြးကေန ရည္ရြယ္ခ်က္ ျဖစ္လာခဲ့ျပန္​တယ္​။

“လူေတြကို ယံုၾကည္ေပးဖို႔နဲ႔ တာဝန္ယူခိုင္းတတ္ဖို႔က အေရးႀကီးပါတယ္။”
လို႔ သူကေျပာတယ္​။
မာတင္ ဟာ သူ႔အိမ္ေလးရဲ႕ ေျမေအာက္ခန္းထဲမွာပဲ သူ႔အလုပ္ရံုကို စတင္တည္ေဆာက္ခဲ့တယ္​။ လက္ေတြ႔စမ္းသပ္ခ်က္ေတြ အမ်ားႀကီးလုပ္တယ္။ သူတို႔နားက ကုန္မာဆိုင္ေတြမွာဆိုရင္ ေဖာက္သည္ေတာင္ ျဖစ္ေနၿပီ။ သူေအာင္ျမင္ခဲ့ပါတယ္။ သူ႔ရဲ႕လက္ေတြ႔စမ္းသပ္ခ်က္ေတြကေန steel wire တစ္မ်ိဳးကို ႐ွာေဖြေတြ႔႐ွိခဲ့တယ္။ ေျပာရမယ္ဆိုရင္ စတီးလ္ေခ်ာင္းေလးေပါ့။ ေကြးႏိုင္ေကာက္ႏိုင္တယ္။ ေကြးၿပီးေကာက္ၿပီးရင္ နဂိုေနအတိုင္း ျပန္ျဖစ္တယ္။ စပရိန္ ဂုဏ္သတၱိ႐ွိတဲ့ စတီးေခ်ာင္းေလးျဖစ္လို႔ spring steel လို႔ ေခၚတဲ့ သတၱဳေခ်ာင္းေလးေပါ့။ အက္ဖ္မက္ က သူ႔စတီးေခ်ာင္းေလးဟာ ႏြားတက္နင္းရင္ေတာင္ မက်ိဳးပါဘူးတဲ့။

ဒီ စတီးလ္ေခ်ာင္းေလးကို သူတီထြင္မဲ့ မ်က္မွန္ရဲ႕ကိုင္း အျဖစ္အသံုးျပဳမွာပါ။ မွန္ကိုေတာ့ တ႐ုတ္က ကုမၸဏီ တစ္ခုနဲ႔ ေသြးမွာပါ။ သူတို႔ေသြးထားတဲ့မွန္ကို လက္ကေလးနဲ႔ ကလစ္ခနဲ ဖိၿပီး ထည့္လိုက္ရံုနဲ႔ တပ္ဆင္လို႔ရေအာင္ မ်က္မွန္ကိုင္းကို ျပဳလုပ္ဖို႔ ရည္ရြယ္ထားပါတယ္။ အက္ဖ္မက္ဟာ မ်က္မွန္ကိုင္းေကြးကိရိယာကို အင္ဂ်င္နီယာအခ်ိဳ႕ရဲ႕ အကူအညီယူၿပီး ကိုယ္တိုင္ ဒီဇိုင္းဆြဲခဲ့ပါတယ္။ 30 cm ပတ္လည္႐ွိတဲ့ ေသတၱာေလး တစ္လံုး ျဖစ္လာခဲ့ပါတယ္။ အဲ့ေသတၱာေလးထဲမွာ မ်က္မွန္တလက္ ျပဳလုပ္ဖို႔ လိုအပ္တဲ့ အရာေတြ အားလံုးထည့္ထားပါတယ္။ ေသတၱာေလးရဲ႕ အေပၚမွာမွ မ်က္မွန္ကိုင္းေကြးတဲ့ ကိရိယာေလးကို အေသထိုင္ၿပီး တပ္ဆင္ထားတာပါ။ ေသတၱာေလးထဲက စတီလ္းေခ်ာင္းေလးကို အဲ့ဒီ ကိရိယာေလးအသံုးျပဳၿပီး မိနစ္ပိုင္းအတြင္း လက္ျဖစ္မ်က္မွန္ကိုင္းေလးတစ္ခု ေခြလို႔ရပါတယ္။ ၿပီးမွ အသင့္လုပ္ၿပီးသား မွန္ေလးကို ဂြပ္ခနဲ တပ္လိုက္တာနဲ႔ တၿပိဳင္နက္ မ်က္မွန္တစ္လက္ ရသြားတာပါပဲ။ စတီးလ္ေခ်ာင္းနဲ႔ မွန္ရဲ႕ကုန္က်စရိတ္ဟာ တစ္ေဒၚလာခန္႔သာ က်သင့္ပါတယ္။

၂၀၁၂ ခုႏွစ္အေရာက္မွာေတာ့ မာတင္ ဟာ သူ႔ရဲ႕ ေသတၱာေလးေတြကို အာဖရိဆီသို႔ သယ္ေဆာင္လာခဲ့ပါေတာ့တယ္။ ယူဂန္ဒါက မ်က္စိအတြင္းတိမ္ခြဲထုတ္ေပးတဲ့ ဆရာဝန္မ်ားအဖြဲ႔ရဲ႕ ဖိတ္ၾကားခ်က္နဲ႔ပါ။ သူတို႔က မာတင္​့ ကိုခရီးစဥ္တစ္ေလွ်ာက္လံုး တာဝန္ယူပါ့မယ္ေျပာတယ္။ တစ္ခါမ်ားၾကေတာ့ သူရဲ႕ မ်က္မွန္လုပ္ေသတၱာေလးေတြဟာ သေဘၤာ ခ်ိန္ ေနာက္က်လို႔ ေရာက္ရမယ့္ အခ်ိန္လြန္ေနတဲ့ အတြက္ ထိုင္ေစာင့္ေနရတာေပါ့။ အဲ့အခ်ိန္မွာ ရြာလူႀကီးေတြက သူ့နားလာၿပီး သိခ်င္တာေတြ လာေမးၾကပါတယ္။ သူ ေပ်ာ္ခဲ့ရတယ္။ သူတို႔ကို ” အာဖရိကတိုက္ႀကီး ဟာခင္ဗ်ားတို႔အတြက္ပါ” လို႔ သူေျပာျဖစ္ခဲ့တယ္။

သူ အာဖရိကကို ပထမဆံုးအႀကိမ္ ေရာက္ဖူးတာပဲ။ ေရာက္ေရာက္ခ်င္းပဲ အာဖရိကကို သူခ်စ္သြားတယ္။ “အာဖရိက ဟာ ကြၽန္ေတာ္ေနခဲ့ဖူးတဲ့ ေနရာတိုင္းထက္ အေရာင္အေသြးပိုစံုတယ္ ပိုလည္း ေပ်ာ္ဖို့္​ေကာင္းတယ္” လို႔ သူမွတ္ခ်က္ခ်တယ္။ သူရဲ႕ အစီအစဥ္ကို စတင္စမ္းသပ္ခဲ့တယ္​။ အာဖရိကတိုက္ရဲ႕ မ်က္မွန္လိုအပ္ခ်က္ပမာဏက အေတာ္ႀကီးကိုႀကီးမားေနတာ သူေတြ႔ခဲ့ရတယ္။ အဲ့ဒီအထဲမွာ လူႏွစ္စား႐ွိတယ္။ သူတို႔ရဲ႕ လုပ္အားခ ႏွစ္ရက္သံုးရက္စာကို စုၿပီး မ်က္မွန္ဝယ္္မယ္ဆိုတဲ့လူေတြရယ္၊ မ်က္မွန္လုပ္နည္းကို သင္ခ်င္တဲ့သူေတြရယ္။ ႏွစ္စားလံုး အတြက္အဆင္ေျပေအာင္ စီစဥ္ဖို႔ သူလုပ္ရမွာ​ေပါ့။ လုပ္​ႏိုင္​ခဲ့တယ္​။

ယူဂန္ဒါ ခရီးစဥ္ အၿပီးမွာေတာ့ သူ႔စီမံကိန္းဟာ အ႐ွိန္ရလာခဲ့ပါတယ္။ ေစတနာ႔ဝန္ထမ္းေပါင္းမ်ားစြာနဲ႔ အလွဴ႐ွင္ေတြဟာ တစ္ေဒၚလာတန္မ်က္မွန္ေလးေတြ ထုတ္လုပ္ႏိုင္ဖို႔အတြက္ လူအား ေငြအား စိုက္ထုတ္လာၾကပါတယ္။ ရဝန္ဒါ၊ မာလာဝီ နဲ႔ ဘာကီနာဖာဆို တို႔မွာ ထုတ္လုပ္ေရး နဲ႔ Training Center ေတြကို႔ တည္ေထာင္ႏိုင္ခဲ့ပါတယ္။ ေတာင္အေမရိကတိုက္က ပရဟိတ အဖြဲ႔ေတြေတာင္ သူတို႔ရဲ႕ စီမံကိန္းကို စိတ္ဝင္စားလာၾကၿပီ​ေလ။

မာတင္ နဲ႔ သူ့အဖြဲ႔ဟာ မ်က္မွန္ေပါင္း အလက္ တစ္သိန္းေလာက္ ေရာင္းခ်ေပးခဲ့ရပါတယ္။ ကမ႓ာေပၚမွာ မ်က္စိအျမင္အာရံု ခ်ိဳ႕ယြင္းတဲ့သူ သန္း ၁၅၀ ႐ွိတယ္လို႔ဆိုခဲ့ေပမယ္။ တကယ္တမ္း တြက္ၾကည့္ရင္ မ်က္မွန္တပ္မွ စာဖတ္လို႔ ရတဲ့သူေပါင္းဟာ သန္းငါးရာ ေလာက္႐ွိ​ေနတယ္​။ တလွမ္​းျခင္​း လွမ္​းရင္​းနဲ႔ပဲ ပန္​းတိုင္​​ေရာက္​သြားမွာ​ေပါ့။
“ေနာက္ငါးႏွစ္ကေန ဆယ္ႏွစ္အတြင္းမွာ မ်က္မွန္နဲ႔ မ်က္စိမႈန္တဲ့သူအခ်ိဳးကို ညီမွ်ေအာင္ ကြၽန္ေတာ္တို႔ လုပ္ႏိုင္မွာပါ။ အဲ့ဒီအခ်ိန္ၾကရင္ေတာ့ ကြၽန္ေတာ္ေပ်ာ္လို႔ ရၿပီ။” တဲ့။ အာဖရိက တိုက္​သား​ေတြက​ေတာ့ မာတင္​့ ရဲ႕ ျပံဳး​ေနတဲ့ မ်က္​ႏွာကို ၾကည္​ၾကည္​လင္​လင္​ ၾကည္​့​ေနၾကမွာ​ေပါ့။

ဆင့္ပြားခံစားႏိုင္ၾကပါေစဗ်ာ။
ေအာင္ေဇာ္ေမာ္
ဒီဇင္ဘာ ၁၁၊ ၂၀၁၆

၂၀၁၆ ခုႏွစ္ ဒီဇင္ဘာ လထုတ္ Reader’s digest မဂၢဇင္း မွ Felix Hutt ေရးသားေသာ Glasses: $1 ကို ဘာသာျပန္ဆိုပါတယ္။

One Dollar Glasses ျပဳလုပ္နည္းကို သင္ေပးတဲ့ Training center မွာသြားေရာက္႐ိုက္ကူးထားတဲ့ မွတ္တမ္း Video ပါ။

မာတင္ အက္ဖ္မက္ ကိုယ္တိုင္ One Dollar Glasses ကို ျပဳလုပ္ျပတဲ့ video ဖိုင္ပါ။


လူသန်းပေါင်းများစွာကို အလင်းရစေခဲ့သူ (သို့) ၁ဒေါ်လာတန်မျက်မှန် ထုတ်လုပ်ပေးခဲ့သူအကြောင်း (unicode)

မူရင်းရေးသားသူ – ကိုအောင်ဇော်မော်

ကမ႓ာပေါ်မှာ မျက်မှန်ဖိုးမတတ်နိုင်တဲ့ မျက်စိမွဲသူပေါင်း သန်း ၁၅၀ ရှိသတဲ့။ လူတစ်ယောက်က ဒီ အရေအတွက်ကို ပြောင်းလဲ ပေးချင်နေခဲ့တယ်။၂၀၁၂ နှောင်းပိုင်းကာလပေါ့။ အဖွဲ့တစ်ဖွဲ့ဟာ ယူဂန်ဒါ နိုင်ငံထဲက ရွာတစ်ရွာ နဲ့ တစ်ရွာဆီကို စက်ဘီးတွေစီးပြီး လူးလာခေါက်တုံ့ သွားနေကြတယ်။ တစ်ရွာရောက်ပြီဆိုတာနဲ့သစ်ရိပ်ကောင်းကောင်းတစ်ခုအောက်မှာ ခုံတန်းလေးတွေ ချပြီး ရွာသားတွေကို လာပါထိုင်ပါနဲ့ ဖိတ်ခေါ်ကြတယ်။ သူတို့ဆိုတာ မျက်မှန်လုပ်ပေးတဲ့ လူတွေပါပဲ။ မျက်စိမွဲတဲ့ ရွာသူ ရွာသားတွေဆိုရင် သူတို့ အဖွဲ့က မျက်စိကို အနီးမှုန်လား အဝေးမှုန်လား ပါဝါဘယ်လောက်လဲ စသဖြင့် စမ်းသပ်ပေးပြီးတာနဲ့ ဘယ်ကိုင်း ဘာအရောင်ကြိုက်လဲ ဆိုတာပါ အပြီးမေးပြီး တထိုင်ထဲ နဲ့ မျက်မှန် လုပ်ပေးပါတယ်။

မျက်မှန်ကိုင်းအသစ်စက်စက်ကို တပ်ပြီး ပြုံးပြုံးကြီး လုပ်နေတဲ့ လူတစ်ယောက်ကို ပထမဆုံးတွေ့လိုက်ရတဲ့ အချိန် ကျွန်တော့်ရင်ထဲမှာ ခံနိုင်ရည်အားတွေ အများကြီးတိုးလာသလို ခံစားရတယ် လို့ မာတင်အက်ဖ်မက် (Martin Aufmuth) ကပြောတယ်။ သူက ဂျာမန်လူမျိုး။ ငွေသိပ်မကုန်တဲ့မျက်မှန် ကို မျက်စိမွဲသူတွေဆီ အရောက်ပို့ပေးခဲ့တဲ့သူပေါ့။ သူ့ကြောင့်ပဲ က်ိုယ့်ရွာကိုယ် ပထမဆုံးအကြိမ် ကြည်ကြည်လင်လင် မြင်ဖူးသွားတဲ့ သက်ကြီးရွယ်အိုတွေ ရှိတယ်။ ကျောက်သင်ပုန်းကစာ မမြင်ရလို့ ကျောင်းမတက်နိုင်တဲ့ ကလေးတွေ ကျောင်းပြန်တက်သွားနိုင်တယ်။ အပ်ပေါက်ထဲ အပ်ချည်ကြိုး မထိုးနိုင်လို့ စက်မချုပ်ဖြစ်တော့တဲ့ စက်ချုပ်သမတွေ စက်ပြန်ချုပ်နိုင်ခဲ့တယ်။ မျက်စိမွဲလို့ ကားမမောင်းနိုင်တော့တဲ့ ဒရိုင်ဘာကြီးတွေ ကားပေါ်ပြန်တက်လာ နိုင်ခဲ့ကြပါတယ်။အက်ဖ်မက် လုပ်ပေးခဲ့တဲ့ အဲ့လိုမျိုး အကျိုးရလဒ်တွေကတော့ ရေးရင် မကုန်နိုင်ဘူး​လေ။

ငွေသိပ်မကုန်တဲ့မျက်မှန် ဖြန့်ဖြူးရေးဆိုတဲ့ မာတင်အက်ဖ်မက် ရဲ့ အိမ်မက်တွေကို စတင်အကောင်အထည်ဖော်ခဲ့တဲ့နေရာကတော့ ဂျာမနီ နိုင်ငံ အလယ်ပိုင်းက သူ့အိမ်ကလေးရဲ့ အပေါ်ထပ်ရုံးခန်းလေးထဲမှာပါပဲ။ တစ်ညလုံး တကုပ်ကုပ်နဲ့ အဲ့ဒီရုံးခန်းလေးထဲကနေ ဖုန်းတွေဆက်ပြီး မေးမြန်းစုံစမ်းခဲ့ရတယ်။ သူ့စီမံကိန်းကို အကူအညီပေးနိုင်မလားဆိုတဲ့ မေးခွန်းမျိုးတွေပေါ့။ ဒီလိုကြီးကျယ်တဲ့ စီမံကိန်းမျိုးဖြစ်ပေါ်လာဖို့ ခက်ခဲတယ်လို့ ယူဆလို့ရတဲ့ သူ့ရဲ့ ရုံးခန်းလေးထဲကနေပဲ စေတနာ့ ဝန်ထမ်း တစ်ရာကျော်အောင် သူစုဆောင်းနိုင်ခဲ့ပြီလေ။ တကယ်ဖြစ်လာခဲ့ပြီပေါ့။

အသက် ၄၂ နှစ်အရွယ် ကလေးသုံးယောက်အဖေ မာတင် တစ်ယောက်တော့ သူ့ရဲ့ ရည်ရွယ်ချက်ကို ဇောက်ချ လုပ်ဖို့အတွက် ကျောင်းဆရာ ဘဝကနေ ခေတ္တ ခွင့်ယူပြီး အဖွဲ့နဲ့ အတူ စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ အဖွဲ့နာမည်ကို တစ်ဒေါ်လာတန်မျက်မှန်လေးတွေ လို့ပေးခဲ့ပါတယ်။  ဒီအဖွဲ့လေးက အခုအချိန်မှာ တော့ အလတ်တန်းစား ကုမ္ပဏီ တစ်ခုတောင်ဖြစ်နေပါပြီ။ မျက်စိမွဲသူတွေကို ကူညီဖို့အတွက် သတိထားမိလာစေဖို့က မာတင် ရဲ့ ရည်​ရွယ်​ချက်​ပါ။ မျက်စိမွဲသူတွေရဲ့ ဘဝထဲကို သူ့ရဲ့ တစ်ဒေါ်လာတန်မျက်မှန်လေးတွေ ထည့်ပေးနိုင်ခဲ့ပါတယ်။ ကမ႓ာပေါ်မှာ မျက်မှန် တပ်ကိုတပ်ရမဲ့သူပေါင်း သန်း ၁၅၀ လောက်ရှိ​နေတယ်​။

“ကျွန်တော်တို့ မျက်​စိမှုန်တယ်​​။ မျက်​မှန်​တပ်​ရမယ်။ အဲ့​တော့ ကျွန်တော်တ်ို့ မျက်စိသွားစမ်းတယ်။ မျက်မှန်ဝယ်တယ်။ တပ်တယ်။ ဒါကျွန်တော်တို့ကို ပြောတာ။ ဖွံ့ဖြိုးဆဲနိုင်ငံကလူတွေကြတော့ အဲ့လိုမဟုတ်တော့ဘူး။ သူတို့ မျက်​စိမှုန်တယ်​​။ မျက်​မှန်​တပ်​ရမယ်​။ ဒါ​ပေမယ်​့ သူတို့ မျက်​စိ သွားမစမ်​းနိင်​ကြဘူး။ ဝယ်​လဲမတပ်​နိုင်​ဘူး။ အဲ့တော့ အလုပ်လဲ မလုပ်​နိုင်​ကြ​တော့ဘူး” လို့ မာတင်​ က​ပြောပြတယ်​။

သူငယ်ငယ်တုန်းက ထွင်ဆရာတစ်ယောက် သိပ်ဖြစ်ချင်ခဲ့တယ်။ ဒါပေမယ့် အရေးကြီးတဲ့ တီထွင်မှုမှန်သမျှကို သူ့ရှေ့က ဂုရုကြီးတွေက လက်ဦးသွားခဲ့ပြီဆိုတာကို သူသိခဲ့တယ်လေ။ နိုင်ရာစား လောကကြီးအပေါ် သူ့အမြင်က ဒီလိုမျိုး
“ခင်ဗျား အာဖရိကကို လေယာဉ်စီးသွားကြည့် ပါလား။ ဘယ်လောက်မှမကြာဘူး။ အဲ့နေရာကလူတွေဆိုတာ အစာငတ်လို့သေတာနဲ့ ကပ်ရောဂါဆိုက်လို့သေတာနဲ့ အမျိုးမျိုး သော ဒုက္ခသုက္ခတွေဆိုက်နေတဲ့ အချိန်မှာ ကျွန်တော်တို့က ဇိမ်ကြီးတခွဲသားနဲ့နေရမှာလား။​ မနေတတ်​ဖူး​ဗျ။” လို့​ပြောတယ်​။

သူကပြောလည်းပြော လုပ်လဲလုပ် ဆိုတဲ့သူမျိုး။ အစာရေစာငတ်မွတ်ခေါင်းပားမှု တိုက်ဖျက်ရေးအဖွဲ့ ဖြစ်တဲ့ The Hunger Project အဖွဲ့ကို ယူရို ငါးသိန်းကျော် ထောက်ပံ့ပေးနိုင်ခဲ့ပြီး ဂေဟစနစ်ထိန်းသိမ်းကာကွယ်ရေးကို ဆောင်ရွက်နေတဲ့ အကြီးမားဆုံးအဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ CO2 – Maus အဖွဲ့ကို ထူထောင်နိုင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်ထဲမှာ မာတင် ဟာ စာအုပ်တစ်အုပ်ကို ဖတ်ခဲ့မိတယ်။ ပေါလ်ပိုလက်ခ် (Paul Polak) ရေးတဲ့ “ခေါင်းပါးမှုတွေရဲ့အလွန်” (out of poverty) ဆိုတဲ့ စာအုပ်ပေါ့။ ပေါလ်ပိုလက် ဆိုတဲ့သူ ကိုယ်တိုင်ကိုကလည်း ဂေဟစနစ် ထိန်းသိမ်းရေး လှုပ်ရှားမှုတွေမှာ ဦးဆောင်ဦးရွက်ပြုနေတဲ့ သူတစ်ယောက်ပါပဲ။ သူက ” ငွေကိုမပေး ပညာပေးမည်” ဆိုတဲ့ လူစားမျိုး။ဆင်းရဲသားတစ်ယောက်ရဲ့လက်ထဲကို ဒေါ်လာတစ်ရာ ထည့်ပေးမဲ့ အစား အပ်ချုပ်စက်တစ်လုံး ဝယ်ပေးပြီး စက်ချုပ်နည်းပါ သင်ပေးလိုက်ချင်တဲ့ သူမျိုးပါ။ သူ့စာအုပ်ထဲမှာ ထည့်ရေးခဲ့တဲ့ အချက်တစ်ခုက မာတင်​့ ကို လှုပ်နှိုးသလို ဖြစ်ခဲ့ပါတယ်။

ပိုလက်ခ်​ က​ပြောတယ်​
” နေ့စားခ တစ်ဒေါ်လာ နဲ့ တစ်ဒေါ်လာအောက်သာ ရနေတဲ့ ဆင်းရဲသားတွေဆီကို မျက်မှန်တွေ ထောက်ပံ့ပေးနိုင်မယ် ဆိုရင် ဒါဟာ ခြေလှမ်းအကြီးကြီး လှမ်းလိုက်နိုင်တာပဲ” တဲ့။
“မျက်စိမှ ကောင်းကောင်းမမြင်နိုင်တဲ့ သူက ငတ်မွတ်ခေါင်းပါးမှုတွေကနေ လွန်မြောက်နိုင်ဖို့ကူညီတယ်​ ဆိုတာ ​ရေ​ပေါ်အရုပ်​​ရေး​နေတာပဲ​ဗျ ”
လို့လည်း ထပ်မံပြောခဲ့ပါတယ်။

မာတင်​ ဟာ ဒီစာကိုဖတ်ပြီးပြီးချင်းပဲ ဒီစာရဲ့ ရည်ရွယ်တဲ့သဘောကို ကောင်းကောင်းသဘောပေါက်ပြီး ချက်ချင်းအကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအလုပ်ဆိုတာမျိုးက ကျွမ်းကျင်သူတွေနဲ့လုပ်မှဖြစ်မယ့် အလုပ်မျိုး။ သူ့တစ်ယောက်ထဲအတွက်ကြတော့ ဝန်ကကြီးလွန်းနေတယ်လေ။ ရက်အနည်းငယ် အကြာမှာ လမ်းဘေးလျှော့ဈေးဆိုင် တစ်ဆိုင်က စာကြည့်မျက်မှန်တွေကို တစ်ယူရိုနဲ့ ရောင်းနေတာ သူတွေ့လိုက်မိတယ်။ “ဒါဆိုရင် မျက်မှန်ဆိုတာ ဈေးပေါပေါနဲ့ထုတ်လို့ရတဲ့ အမျိုးပေါ့လို့” သူတွေးမိသွားတယ်။ မျက်မှန်ကိုင်းလုပ်ဖို့ ခိုင်ခိုင်ခံ့ခံ့ ရှိမယ့် အရာဘာရှိမလဲ ဆက်စဉ်းစားတယ်။ မရှိလဲ ထွင်မယ်ကွာဆိုပြီး ဆုံးဖြတ်တယ်။ ငယ်ဘဝ ထွင်ဆရာအိပ်မက် ကိုအသက်သွင်းပြီပေါ့။ သူ့အတွေးက ဘယ်လောက်ထိနယ်ချဲ့သွားလဲ ဆိုရင် သူမျက်မှန်ကိုင်းလုပ်လို့ကောင်းမဲ့ ပစ္စည်းတစ်ခုထွင်မယ်။ ထွင်ပြီးရင် ပြည်တွင်းက လူတွေကို လုပ်နည်းသင်ပေးခဲ့မယ်။ သူတို့ရောင်းကြပစေ။ ဈေးတော့ပေါရမယ်ပေါ့။ အတွေးကနေ ရည်ရွယ်ချက် ဖြစ်လာခဲ့ပြန်​တယ်​။

“လူတွေကို ယုံကြည်ပေးဖို့နဲ့ တာဝန်ယူခိုင်းတတ်ဖို့က အရေးကြီးပါတယ်။”
လို့ သူကပြောတယ်​။
မာတင် ဟာ သူ့အိမ်လေးရဲ့ မြေအောက်ခန်းထဲမှာပဲ သူ့အလုပ်ရုံကို စတင်တည်ဆောက်ခဲ့တယ်​။ လက်တွေ့စမ်းသပ်ချက်တွေ အများကြီးလုပ်တယ်။ သူတို့နားက ကုန်မာဆိုင်တွေမှာဆိုရင် ဖောက်သည်တောင် ဖြစ်နေပြီ။ သူအောင်မြင်ခဲ့ပါတယ်။ သူ့ရဲ့လက်တွေ့စမ်းသပ်ချက်တွေကနေ steel wire တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့တယ်။ ပြောရမယ်ဆိုရင် စတီးလ်ချောင်းလေးပေါ့။ ကွေးနိုင်ကောက်နိုင်တယ်။ ကွေးပြီးကောက်ပြီးရင် နဂိုနေအတိုင်း ပြန်ဖြစ်တယ်။ စပရိန် ဂုဏ်သတ္တိရှိတဲ့ စတီးချောင်းလေးဖြစ်လို့ spring steel လို့ ခေါ်တဲ့ သတ္တုချောင်းလေးပေါ့။ အက်ဖ်မက် က သူ့စတီးချောင်းလေးဟာ နွားတက်နင်းရင်တောင် မကျိုးပါဘူးတဲ့။

ဒီ စတီးလ်ချောင်းလေးကို သူတီထွင်မဲ့ မျက်မှန်ရဲ့ကိုင်း အဖြစ်အသုံးပြုမှာပါ။ မှန်ကိုတော့ တရုတ်က ကုမ္ပဏီ တစ်ခုနဲ့ သွေးမှာပါ။ သူတို့သွေးထားတဲ့မှန်ကို လက်ကလေးနဲ့ ကလစ်ခနဲ ဖိပြီး ထည့်လိုက်ရုံနဲ့ တပ်ဆင်လို့ရအောင် မျက်မှန်ကိုင်းကို ပြုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ အက်ဖ်မက်ဟာ မျက်မှန်ကိုင်းကွေးကိရိယာကို အင်ဂျင်နီယာအချို့ရဲ့ အကူအညီယူပြီး ကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့ပါတယ်။ 30 cm ပတ်လည်ရှိတဲ့ သေတ္တာလေး တစ်လုံး ဖြစ်လာခဲ့ပါတယ်။ အဲ့သေတ္တာလေးထဲမှာ မျက်မှန်တလက် ပြုလုပ်ဖို့ လိုအပ်တဲ့ အရာတွေ အားလုံးထည့်ထားပါတယ်။ သေတ္တာလေးရဲ့ အပေါ်မှာမှ မျက်မှန်ကိုင်းကွေးတဲ့ ကိရိယာလေးကို အသေထိုင်ပြီး တပ်ဆင်ထားတာပါ။ သေတ္တာလေးထဲက စတီလ်းချောင်းလေးကို အဲ့ဒီ ကိရိယာလေးအသုံးပြုပြီး မိနစ်ပိုင်းအတွင်း လက်ဖြစ်မျက်မှန်ကိုင်းလေးတစ်ခု ခွေလို့ရပါတယ်။ ပြီးမှ အသင့်လုပ်ပြီးသား မှန်လေးကို ဂွပ်ခနဲ တပ်လိုက်တာနဲ့ တပြိုင်နက် မျက်မှန်တစ်လက် ရသွားတာပါပဲ။ စတီးလ်ချောင်းနဲ့ မှန်ရဲ့ကုန်ကျစရိတ်ဟာ တစ်ဒေါ်လာခန့်သာ ကျသင့်ပါတယ်။

၂၀၁၂ ခုနှစ်အရောက်မှာတော့ မာတင် ဟာ သူ့ရဲ့ သေတ္တာလေးတွေကို အာဖရိဆီသို့ သယ်ဆောင်လာခဲ့ပါတော့တယ်။ ယူဂန်ဒါက မျက်စိအတွင်းတိမ်ခွဲထုတ်ပေးတဲ့ ဆရာဝန်များအဖွဲ့ရဲ့ ဖိတ်ကြားချက်နဲ့ပါ။ သူတို့က မာတင်​့ ကိုခရီးစဉ်တစ်လျှောက်လုံး တာဝန်ယူပါ့မယ်ပြောတယ်။ တစ်ခါများကြတော့ သူရဲ့ မျက်မှန်လုပ်သေတ္တာလေးတွေဟာ သင်္ဘော ချိန် နောက်ကျလို့ ရောက်ရမယ့် အချိန်လွန်နေတဲ့ အတွက် ထိုင်စောင့်နေရတာပေါ့။ အဲ့အချိန်မှာ ရွာလူကြီးတွေက သူ့နားလာပြီး သိချင်တာတွေ လာမေးကြပါတယ်။ သူ ပျော်ခဲ့ရတယ်။ သူတို့ကို ” အာဖရိကတိုက်ကြီး ဟာခင်ဗျားတို့အတွက်ပါ” လို့ သူပြောဖြစ်ခဲ့တယ်။

သူ အာဖရိကကို ပထမဆုံးအကြိမ် ရောက်ဖူးတာပဲ။ ရောက်ရောက်ချင်းပဲ အာဖရိကကို သူချစ်သွားတယ်။ “အာဖရိက ဟာ ကျွန်တော်နေခဲ့ဖူးတဲ့ နေရာတိုင်းထက် အရောင်အသွေးပိုစုံတယ် ပိုလည်း ပျော်ဖ်ို့​ကောင်းတယ်” လို့ သူမှတ်ချက်ချတယ်။ သူရဲ့ အစီအစဉ်ကို စတင်စမ်းသပ်ခဲ့တယ်​။ အာဖရိကတိုက်ရဲ့ မျက်မှန်လိုအပ်ချက်ပမာဏက အတော်ကြီးကိုကြီးမားနေတာ သူတွေ့ခဲ့ရတယ်။ အဲ့ဒီအထဲမှာ လူနှစ်စားရှိတယ်။ သူတို့ရဲ့ လုပ်အားခ နှစ်ရက်သုံးရက်စာကို စုပြီး မျက်မှန်ဝယ်မယ်ဆိုတဲ့လူတွေရယ်၊ မျက်မှန်လုပ်နည်းကို သင်ချင်တဲ့သူတွေရယ်။ နှစ်စားလုံး အတွက်အဆင်ပြေအောင် စီစဉ်ဖို့ သူလုပ်ရမှာ​ပေါ့။ လုပ်​နိုင်​ခဲ့တယ်​။

ယူဂန်ဒါ ခရီးစဉ် အပြီးမှာတော့ သူ့စီမံကိန်းဟာ အရှိန်ရလာခဲ့ပါတယ်။ စေတနာ့ဝန်ထမ်းပေါင်းများစွာနဲ့ အလှူရှင်တွေဟာ တစ်ဒေါ်လာတန်မျက်မှန်လေးတွေ ထုတ်လုပ်နိုင်ဖို့အတွက် လူအား ငွေအား စိုက်ထုတ်လာကြပါတယ်။ ရဝန်ဒါ၊ မာလာဝီ နဲ့ ဘာကီနာဖာဆို တို့မှာ ထုတ်လုပ်ရေး နဲ့ Training Center တွေကို့ တည်ထောင်နိုင်ခဲ့ပါတယ်။ တောင်အမေရိကတိုက်က ပရဟိတ အဖွဲ့တွေတောင် သူတို့ရဲ့ စီမံကိန်းကို စိတ်ဝင်စားလာကြပြီ​လေ။

မာတင် နဲ့ သူ့အဖွဲ့ဟာ မျက်မှန်ပေါင်း အလက် တစ်သိန်းလောက် ရောင်းချပေးခဲ့ရပါတယ်။ ကမ႓ာပေါ်မှာ မျက်စိအမြင်အာရုံ ချို့ယွင်းတဲ့သူ သန်း ၁၅၀ ရှိတယ်လို့ဆိုခဲ့ပေမယ်။ တကယ်တမ်း တွက်ကြည့်ရင် မျက်မှန်တပ်မှ စာဖတ်လို့ ရတဲ့သူပေါင်းဟာ သန်းငါးရာ လောက်ရှိ​နေတယ်​။ တလှမ်​းခြင်​း လှမ်​းရင်​းနဲ့ပဲ ပန်​းတိုင်​​ရောက်​သွားမှာ​ပေါ့။
“နောက်ငါးနှစ်ကနေ ဆယ်နှစ်အတွင်းမှာ မျက်မှန်နဲ့ မျက်စိမှုန်တဲ့သူအချိုးကို ညီမျှအောင် ကျွန်တော်တို့ လုပ်နိုင်မှာပါ။ အဲ့ဒီအချိန်ကြရင်တော့ ကျွန်တော်ပျော်လို့ ရပြီ။” တဲ့။ အာဖရိက တိုက်​သား​တွေက​တော့ မာတင်​့ ရဲ့ ပြုံး​နေတဲ့ မျက်​နှာကို ကြည်​ကြည်​လင်​လင်​ ကြည်​့​နေကြမှာ​ပေါ့။

ဆင့်ပွားခံစားနိုင်ကြပါစေဗျာ။
အောင်ဇော်မော်
ဒီဇင်ဘာ ၁၁၊ ၂၀၁၆

၂၀၁၆ ခုနှစ် ဒီဇင်ဘာ လထုတ် Reader’s digest မဂ္ဂဇင်း မှ Felix Hutt ရေးသားသော Glasses: $1 ကို ဘာသာပြန်ဆိုပါတယ်။

Leave a Reply