တာ၀န္ ႏွင့္ ယုံၾကည္ခ်က္အတြက္ အသက္ကုိ စြန္႔၀ံ့ၾကသူမ်ား

Posted on

ေအဒီ-၇၉ ခုႏွစ္တြင္ အီတလီကၽြန္းဆြယ္ ေတာင္ပိုင္း ေနပဲလ္(စ) ပင္လယ္ေကြ႔အနီးရွိ ဗီဆူး ဗီးယပ္(စ) မီးေတာင္ႀကီး ေပါက္ကြဲသည္။ မီးေတာင္မွ ထြက္လာသည့္ ေခ်ာ္ရည္ေခ်ာ္ျမွဳပ္ တို႔ေၾကာင့္ အနီးရွိ ပြန္ပီၿမိဳ႕ႀကီး ပ်က္စီးခဲ့သည္။ မီးေတာင္ေပါက္၍ တစ္ၿမိဳ႕လံုးေဘးလြတ္ရာ ေျပးလႊားတိမ္းေရွာင္ၾကစဥ္ အေစာင့္စစ္သည္ တစ္ ဦးသည္ ဘယ္သို႔မွ မထြက္ခြာ ၊ မိမိတာဝန္ က်ရာ ေနရာမွာပင္ လံုျခံဳေရးတာဝန္ကို ဆက္၍ ထမ္းေဆာင္ ေန သည္။ တစ္ၿမိဳ႕လံုး ေခ်ာ္ရည္ေတြ ဖံုးသြားသည့္ အခါ၌ ၿမိဳ႕ေစာင့္ စစ္သားသည္ သ႔ူေနရာ၌ပင္ က်ဆံုး က်န္ရစ္ သည္။

စစ္သည္၏ ခႏၶာကိုယ္ အေသြးအသားတို႔မွာ သူ႔အား ဖံုးလႊမ္းခဲ့သည့္ ေခ်ာ္ရည္ေခ်ာ္ခဲမ်ား ျပာမႈန္ျပာစ မ်ားႏွင့္ ေရာေႏွာ ေပ်ာက္ကြယ္ခဲ့ၿပီ ျဖစ္ေသာ္လည္း ထိုစဥ္ကာလ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၉၀၀ ေက်ာ္က သူ ဆငယ္ င္ ခဲ့သည့္ သံခေမာက္၊ ခ်ပ္ဝတ္အက်ႌႏွင့္ သူစြဲကိုင္သည့္ လွံရွည္တ႔ိုမွာ ေနပဲလ္(စ) ၿမိဳ႕ရွိ ျပတိုက္ တစ္ခုတြင္ ျပသထားဆဲ ျဖစ္ရာ သည္အမွတ္တရ ပစၥည္းမ်ား ႏွင့္အတူ သူ၏ ဝိညာဥ္ သူ၏စိတ္ဓာတ္တို႔တို႔ ဆက္လက္ ရွင္သန္လ်က္ ရွိသည္ဟု ဆိုရပါမည္။ ပြန္ပီၿမိဳ႕ေစာင့္ စစ္သား၏ လုပ္ရပ္ ကုိ စူးစမ္းဆင္ျခင္သည့္အခါ သူ၌ အဓိက ခ်ီးက်ဴးရမည့္ အရာသည္ သူ၏ တာဝန္သိစိတ္ ျဖစ္ေၾကာင္း ေတြ႔ရွိရသည္။

ပြန္ပီစစ္သား၏ ရဲစြမ္းသတၱိကိုလည္း အမ်ားသိမွတ္ ၾကပါသည္။ သ႔ိုေသာ္ ယခုကိစၥ၌ သတၱိ ရိွမရွိ ထက္ တာဝန္ သိမသိက ပို၍ ပဓာန က်ပါသည္။ အေၾကာင္းကား သူ႔ထက္ သတၱိရိွသူ၊ တုိက္ရဲခုိက္ရဲ ေသရဲ သတ္ရဲသူ ျဖစ္ေသာ္လည္း တာဝန္သိစိတ္သာ မရွိက ထိုေနရာမွ အေဆာတလ်င္ ထြက္ခြာသြားမွာ ေသခ်ာ ေသာေၾကာင့္ ျဖစ္သည္။ ယခု စစ္သည္ကမူ တာဝန္သိစိတ္ စြဲၿမဲခိုင္မာသူ ျဖစ္သည္။သူသည္ သတၱိမည္မွ် ေကာင္းသည္ ဆိုေစ၊ လူသဘာဝ အေလ်ာက္ သူ၌ အသက္ေဘးအတြက္ ေတြးေၾကာက္သည့္ စိတ္လည္း ရိွရပါလိမ္႔မည္။ သ႔ိုေသာ္ တာဝန္မေက်မွာ ေၾကာက္သည့္စိတ္က အသက္ေသမွာ ေၾကာက္သည့္ စိတ္ထက္ပိုခဲ့၊ လႊမ္းမိုးခဲ့ လိမ့္မည္ဟု မွတ္ယူပါသည္။

ဂရိေတြးေခၚရွင္ႀကီး ေဆာ့ခေရတၱိ (Socrates ဘီစီ ၄၆၉-၃၉၉) အား သူေနထိုင္ရာ အက္သင္း ၿမိဳ႕ျပ ႏိုင္ငံ၏ နတ္ဘုရားမ်ားကို မၾကည္ညိဳ မကိုးကြယ္သူ၊ လူငယ္မ်ားအား လြဲမွားေသာ အယူအဆမ်ား ႐ိုက္သြင္း ဖ်က္ဆီးသူ ဟူေသာ စြပ္စြဲခ်က္မ်ားျဖင့္ ႐ုံးတင္စစ္ေဆးကာ အက္သင္းတရား႐ုံးက ေသဒဏ္ အမိန္႔ ခ်မွတ္ခဲ့ သည္။ အမိန္႔ခ်ၿပီးေနာက္ အေၾကာင္း တစ္ခုေၾကာင့္ သူ႔အား ျမန္ျမန္ဆန္ဆန္ မစီရင္ႏုိင္ဘဲ အက်ဥ္းေထာင္တြင္ တစ္လခန႔္မွ် ခ်ဳပ္ေႏွာငထ္ ားရသည္။

သည္အတြင္း သူ၏တပည့္ တပန္းမ်ား၊ သူ႔အား ေလးစားခင္မင္သည့္ မိတ္ေဆြမ်ားႏွင့္ ေတြ႔ဆံု ႏွီးေႏွာခြင့္ ရသည္၊ သည္တြင္ “ခရီတို” အမည္ရွိ ပုဂိၢဳလ္ ဦးေဆာင္သည့္ မိတ္ေဆြတစ္စုက ေထာင္ အမႈ ထမ္းအား တံစိုး လက္ေဆာင္ အေျမာက္အျမား ေပးၿပီး သူ႔အား ခိုးထုတ္ယူရန္ ၾကံစည္ၾကသည္။ သည္ အၾကံကို ေဆာ့ခေရတၱိ အား တင္ျပသည့္အခါ သူလက္မခံ။ အေၾကာင္းကား တရား႐ုံး၏ စီရင္ခ်က္သည္ မွန္ကန္သည္ဟု သူမယူဆ။ သို႔ေသာ္ သူတပါးအမွားကို မိမိအမွားျဖင့္ ျပန္ေထတာမ်ိဳး သူမလုပ္ႏုိင္။

သူသည္ လူပရိသတ္ ႀကီးငယ္တု႔ိ အလည္၌ သူရသတၱိ အေၾကာင္း၊ လူ၏ ဂုဏ္သိကၡာ အေၾကာင္း၊ ႏိုင္ ငံသားေကာင္း တို႔၏ တာဝန္ဝတၱရားမ်ား အေၾကာင္းႏွင့္ တရားဥပေဒကို ေလးစား လုိက္နာအပ္သည့္ အေၾကာင္းမ်ား အစဥ္ ေဟာေျပာ ပို႔ခ်ခဲ့သည္။ ယခု အသက္ေဘး ၾကံဳသည့္အခါမွ တံစိုးလက္ေဆာင္ ေပး၍ ထြက္ေျပးဖို႔မွာ သူ႔အတြက္ မျဖစ္ႏိုင္။

သူ႔အား တရား႐ံုးတြင္ အမႈစစ္ေဆးစဥ္က စြဲခ်က္မ်ားကုိ လက္ခံ နားေထာင္ခဲ့ၿပီး ကိုယ္တုိင္လည္း ျပန္လည္ ေခ်ပ ေလွ်ာက္လဲခဲ့သည္။ ထိုစဥ္က သူ႔ဘက္က အႏုိင္ ရေအာင္ေသာ္ လည္းေကာင္း၊ အႏိုင္မရ သည့္တိုင္ ေသဒဏ္အစား သက္သာသည့္ ျပစ္ဒဏ္ရရွိရန္ ေသာ္လည္းေကာင္း၊ သူေလွ်ာက္လဲ ေတာင္းခံ ႏိုင္ေသာ အေနအထား ရွိခဲ့သည္။ သို႔ေသာ္ အျပစ္ဒဏ္ ေလ်ာ့ပါးလိုမႈအတြက္ သူေလးစား တန္ဖိုးထားသည့္ အရာမ်ားကို မစြန္႔ပယ္ခဲ့။ ေသဒဏ္ကို မေထမဲ့ျမင္ျပဳကာ သူ႔ယုံၾကည္ခ်က္ သူ႔အေတြးအျမင္မ်ားကုိ ပို၍ ခိုင္မာ ျပတ္သားစြာပင္ တင္ျပ ေျပာဆိုခဲ့သည္။ ထိုသို႔ ျပဳခဲ့ၿပီး ေနာက္တြင္မွ အက်ဥ္းေထာင္မွ ထြက္ေျပး တိမ္းေရွာင္ဖို႔မွာ လံုးဝ မေလ်ာ္ကန္ေသာ အရာသာ ျဖစ္သည္။ သို႔ျဖင့္ေဆာ့ခေရတၱိသည္ ငိုေႂကြးသူ၊ ေတာင္းပန္သူ၊ ေဖ်ာင္းဖ်နားခ် သူမ်ားကို ရွင္းလင္းေျဖသိမ့္ကာ ထြက္ေျပးရန္ အၾကံအစဥ္ကို ျငင္းဆန္ ပယ္ ဖ်က္ခဲ့ၿပီး စီရင္သည့္ ေန႔၌ ေထာင္ အ မႈထမ္း ကမ္းသည့္ အဆိပ္ခြက္ကို တည္ၿငိမ္စြာ လက္ခံခဲ့သည္။ မိမိ ဂုဏ္သိကၡာ၊ မိမိ ေဟာၾကားခဲ့သည့္ အေတြးအေခၚ စကား စသည့္ သူတန္ဖိုးထားေသာ အရာ မ်ား မသိမ္ဖ်င္း မပြန္းပဲ့ေစရန္ အလို႔ငွာ အသက္ကို သူေပးအပ္ခဲ့ျခင္း ျဖစ္သည္ဟု မွတ္ယူရပါမည္။

ပြန္ပီ ၿမိဳ႕ေစာင့္စစ္သားႏွင့္ ဂရိပညာရွိ ေဆာ့ခေရတၱိ။
အျခားအရာမ်ားမွာ တူစရာ သိပ္မရွိ ေသာ္လည္း မိမိတန္ဖိုးထားေသာ အရာအတြက္ အသက္ကို ေပးအပ္ ရာ၌ကား သူတု႔ႏိ ွစ္ဦး တူညီၾကပါသည္။
စင္စစ္ သူတုိ႔ကဲ့သို႔ ေလးစားေလာက္ေသာ အတုိင္းအတာထိ မေရာက္သည့္တိုင္ ကၽြန္ေတာ္တို႔ အားလံုးမွာပင္ မိမိ တန္ဖိုးထားေသာအရာ မိမိ သစၥာေစာင့္သိ ရမည္ဟု ယံုမွတ္ထားသည့္ အရာ၊ မိမိ လုပ္ေဆာင္ ရမည့္ တာဝန္ဟု မိမိဘာသာ ျပ႒ာန္းမိသည့္ အရာမ်ား ရွိပါသည္။

ဒါေတြကို ေက်ပြန္ေအာင္ ထမ္း႐ြက္ဖို႔ ကၽြန္ေတာ္တို႔ ႀကိဳးစားၿမဲ ျဖစ္ပါသည္။ ေက်ပြန္ေအာင္ ထမ္း႐ြက္ ႏိုင္ေသာ္ ကၽြန္ေတာ္တ႔ို ဝမ္းသာပိတိ ျဖစ္ၾကသည္။ ေက်ပြန္ခဲ့ေသာ မိမိကုိယ္တိုင္ အတြက္လည္း ဂုဏ္ယူ မိၾကသည္။ တာဝန္ မေက်ပြန္ခဲ့လွ်င္၊ သို႔မဟုတ္ သစၥာေဖ်ာက္ဖ်က္ ဆန္႔က်င္ဘက္ အလုပ္ကလုပ္မိခဲ့လွ်င္ကား အႀကီးအက်ယ္ စိတ္မခ်မ္းေျမ့ျခင္း ျဖစ္ၾကလိမ့္သည္။ မိမိအတြင္းစိတ္၏ ကဲ့ရဲ႕ ႐ွဳတ္ခ် ျခင္းကိုလည္း မိမိဘာသာ အျပင္းအထန္ ခံရေပလိမ့္မည္။

ဆရာေဖျမင့္ ရဲ႕ တန္ဖုိးထားအပ္ေသာအရာမ်ား စာအုပ္မွ


တာဝန် နှင့် ယုံကြည်ချက်အတွက် အသက်ကို စွန့်ဝံ့ကြသူများ (unicode)

အေဒီ-၇၉ ခုနှစ်တွင် အီတလီကျွန်းဆွယ် တောင်ပိုင်း နေပဲလ်(စ) ပင်လယ်ကွေ့အနီးရှိ ဗီဆူး ဗီးယပ်(စ) မီးတောင်ကြီး ပေါက်ကွဲသည်။ မီးတောင်မှ ထွက်လာသည့် ချော်ရည်ချော်မြှုပ် တို့ကြောင့် အနီးရှိ ပွန်ပီမြို့ကြီး ပျက်စီးခဲ့သည်။ မီးတောင်ပေါက်၍ တစ်မြို့လုံးဘေးလွတ်ရာ ပြေးလွှားတိမ်းရှောင်ကြစဉ် အစောင့်စစ်သည် တစ် ဦးသည် ဘယ်သို့မှ မထွက်ခွာ ၊ မိမိတာဝန် ကျရာ နေရာမှာပင် လုံခြုံရေးတာဝန်ကို ဆက်၍ ထမ်းဆောင် နေ သည်။ တစ်မြို့လုံး ချော်ရည်တွေ ဖုံးသွားသည့် အခါ၌ မြို့စောင့် စစ်သားသည် သူ့နေရာ၌ပင် ကျဆုံး ကျန်ရစ် သည်။

စစ်သည်၏ ခန္ဓာကိုယ် အသွေးအသားတို့မှာ သူ့အား ဖုံးလွှမ်းခဲ့သည့် ချော်ရည်ချော်ခဲများ ပြာမှုန်ပြာစ များနှင့် ရောနှော ပျောက်ကွယ်ခဲ့ပြီ ဖြစ်သော်လည်း ထိုစဉ်ကာလ လွန်ခဲ့သော နှစ်ပေါင်း ၁၉၀၀ ကျော်က သူ ဆငယ် င် ခဲ့သည့် သံခမောက်၊ ချပ်ဝတ်အင်္ကျီနှင့် သူစွဲကိုင်သည့် လှံရှည်တို့မှာ နေပဲလ်(စ) မြို့ရှိ ပြတိုက် တစ်ခုတွင် ပြသထားဆဲ ဖြစ်ရာ သည်အမှတ်တရ ပစ္စည်းများ နှင့်အတူ သူ၏ ဝိညာဉ် သူ၏စိတ်ဓာတ်တို့တို့ ဆက်လက် ရှင်သန်လျက် ရှိသည်ဟု ဆိုရပါမည်။ ပွန်ပီမြို့စောင့် စစ်သား၏ လုပ်ရပ် ကို စူးစမ်းဆင်ခြင်သည့်အခါ သူ၌ အဓိက ချီးကျူးရမည့် အရာသည် သူ၏ တာဝန်သိစိတ် ဖြစ်ကြောင်း တွေ့ရှိရသည်။

ပွန်ပီစစ်သား၏ ရဲစွမ်းသတ္တိကိုလည်း အများသိမှတ် ကြပါသည်။ သို့သော် ယခုကိစ္စ၌ သတ္တိ ရှိမရှိ ထက် တာဝန် သိမသိက ပို၍ ပဓာန ကျပါသည်။ အကြောင်းကား သူ့ထက် သတ္တိရှိသူ၊ တိုက်ရဲခိုက်ရဲ သေရဲ သတ်ရဲသူ ဖြစ်သော်လည်း တာဝန်သိစိတ်သာ မရှိက ထိုနေရာမှ အဆောတလျင် ထွက်ခွာသွားမှာ သေချာ သောကြောင့် ဖြစ်သည်။ ယခု စစ်သည်ကမူ တာဝန်သိစိတ် စွဲမြဲခိုင်မာသူ ဖြစ်သည်။သူသည် သတ္တိမည်မျှ ကောင်းသည် ဆိုစေ၊ လူသဘာဝ အလျောက် သူ၌ အသက်ဘေးအတွက် တွေးကြောက်သည့် စိတ်လည်း ရှိရပါလိမ့်မည်။ သို့သော် တာဝန်မကျေမှာ ကြောက်သည့်စိတ်က အသက်သေမှာ ကြောက်သည့် စိတ်ထက်ပိုခဲ့၊ လွှမ်းမိုးခဲ့ လိမ့်မည်ဟု မှတ်ယူပါသည်။

ဂရိတွေးခေါ်ရှင်ကြီး ဆော့ခရေတ္တိ (Socrates ဘီစီ ၄၆၉-၃၉၉) အား သူနေထိုင်ရာ အက်သင်း မြို့ပြ နိုင်ငံ၏ နတ်ဘုရားများကို မကြည်ညို မကိုးကွယ်သူ၊ လူငယ်များအား လွဲမှားသော အယူအဆများ ရိုက်သွင်း ဖျက်ဆီးသူ ဟူသော စွပ်စွဲချက်များဖြင့် ရုံးတင်စစ်ဆေးကာ အက်သင်းတရားရုံးက သေဒဏ် အမိန့် ချမှတ်ခဲ့ သည်။ အမိန့်ချပြီးနောက် အကြောင်း တစ်ခုကြောင့် သူ့အား မြန်မြန်ဆန်ဆန် မစီရင်နိုင်ဘဲ အကျဉ်းထောင်တွင် တစ်လခန့်မျှ ချုပ်နှောငထ် ားရသည်။

သည်အတွင်း သူ၏တပည့် တပန်းများ၊ သူ့အား လေးစားခင်မင်သည့် မိတ်ဆွေများနှင့် တွေ့ဆုံ နှီးနှောခွင့် ရသည်၊ သည်တွင် “ခရီတို” အမည်ရှိ ပုဂ္ဂိုလ် ဦးဆောင်သည့် မိတ်ဆွေတစ်စုက ထောင် အမှု ထမ်းအား တံစိုး လက်ဆောင် အမြောက်အမြား ပေးပြီး သူ့အား ခိုးထုတ်ယူရန် ကြံစည်ကြသည်။ သည် အကြံကို ဆော့ခရေတ္တိ အား တင်ပြသည့်အခါ သူလက်မခံ။ အကြောင်းကား တရားရုံး၏ စီရင်ချက်သည် မှန်ကန်သည်ဟု သူမယူဆ။ သို့သော် သူတပါးအမှားကို မိမိအမှားဖြင့် ပြန်ထေတာမျိုး သူမလုပ်နိုင်။

သူသည် လူပရိသတ် ကြီးငယ်တို့ အလည်၌ သူရသတ္တိ အကြောင်း၊ လူ၏ ဂုဏ်သိက္ခာ အကြောင်း၊ နိုင် ငံသားကောင်း တို့၏ တာဝန်ဝတ္တရားများ အကြောင်းနှင့် တရားဥပဒေကို လေးစား လိုက်နာအပ်သည့် အကြောင်းများ အစဉ် ဟောပြော ပို့ချခဲ့သည်။ ယခု အသက်ဘေး ကြုံသည့်အခါမှ တံစိုးလက်ဆောင် ပေး၍ ထွက်ပြေးဖို့မှာ သူ့အတွက် မဖြစ်နိုင်။

သူ့အား တရားရုံးတွင် အမှုစစ်ဆေးစဉ်က စွဲချက်များကို လက်ခံ နားထောင်ခဲ့ပြီး ကိုယ်တိုင်လည်း ပြန်လည် ချေပ လျှောက်လဲခဲ့သည်။ ထိုစဉ်က သူ့ဘက်က အနိုင် ရအောင်သော် လည်းကောင်း၊ အနိုင်မရ သည့်တိုင် သေဒဏ်အစား သက်သာသည့် ပြစ်ဒဏ်ရရှိရန် သော်လည်းကောင်း၊ သူလျှောက်လဲ တောင်းခံ နိုင်သော အနေအထား ရှိခဲ့သည်။ သို့သော် အပြစ်ဒဏ် လျော့ပါးလိုမှုအတွက် သူလေးစား တန်ဖိုးထားသည့် အရာများကို မစွန့်ပယ်ခဲ့။ သေဒဏ်ကို မထေမဲ့မြင်ပြုကာ သူ့ယုံကြည်ချက် သူ့အတွေးအမြင်များကို ပို၍ ခိုင်မာ ပြတ်သားစွာပင် တင်ပြ ပြောဆိုခဲ့သည်။ ထိုသို့ ပြုခဲ့ပြီး နောက်တွင်မှ အကျဉ်းထောင်မှ ထွက်ပြေး တိမ်းရှောင်ဖို့မှာ လုံးဝ မလျော်ကန်သော အရာသာ ဖြစ်သည်။ သို့ဖြင့်ဆော့ခရေတ္တိသည် ငိုကြွေးသူ၊ တောင်းပန်သူ၊ ဖျောင်းဖျနားချ သူများကို ရှင်းလင်းဖြေသိမ့်ကာ ထွက်ပြေးရန် အကြံအစဉ်ကို ငြင်းဆန် ပယ် ဖျက်ခဲ့ပြီး စီရင်သည့် နေ့၌ ထောင် အ မှုထမ်း ကမ်းသည့် အဆိပ်ခွက်ကို တည်ငြိမ်စွာ လက်ခံခဲ့သည်။

မိမိ ဂုဏ်သိက္ခာ၊ မိမိ ဟောကြားခဲ့သည့် အတွေးအခေါ် စကား စသည့် သူတန်ဖိုးထားသော အရာ များ မသိမ်ဖျင်း မပွန်းပဲ့စေရန် အလို့ငှာ အသက်ကို သူပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု မှတ်ယူရပါမည်။
ပွန်ပီ မြို့စောင့်စစ်သားနှင့် ဂရိပညာရှိ ဆော့ခရေတ္တိ။
အခြားအရာများမှာ တူစရာ သိပ်မရှိ သော်လည်း မိမိတန်ဖိုးထားသော အရာအတွက် အသက်ကို ပေးအပ် ရာ၌ကား သူတု့နိ ွစ်ဦး တူညီကြပါသည်။
စင်စစ် သူတို့ကဲ့သို့ လေးစားလောက်သော အတိုင်းအတာထိ မရောက်သည့်တိုင် ကျွန်တော်တို့ အားလုံးမှာပင် မိမိ တန်ဖိုးထားသောအရာ မိမိ သစ္စာစောင့်သိ ရမည်ဟု ယုံမှတ်ထားသည့် အရာ၊ မိမိ လုပ်ဆောင် ရမည့် တာဝန်ဟု မိမိဘာသာ ပြဋ္ဌာန်းမိသည့် အရာများ ရှိပါသည်။

ဒါတွေကို ကျေပွန်အောင် ထမ်းရွက်ဖို့ ကျွန်တော်တို့ ကြိုးစားမြဲ ဖြစ်ပါသည်။ ကျေပွန်အောင် ထမ်းရွက် နိုင်သော် ကျွန်တော်တို့ ဝမ်းသာပိတိ ဖြစ်ကြသည်။ ကျေပွန်ခဲ့သော မိမိကိုယ်တိုင် အတွက်လည်း ဂုဏ်ယူ မိကြသည်။ တာဝန် မကျေပွန်ခဲ့လျှင်၊ သို့မဟုတ် သစ္စာဖျောက်ဖျက် ဆန့်ကျင်ဘက် အလုပ်ကလုပ်မိခဲ့လျှင်ကား အကြီးအကျယ် စိတ်မချမ်းမြေ့ခြင်း ဖြစ်ကြလိမ့်သည်။ မိမိအတွင်းစိတ်၏ ကဲ့ရဲ့ ရှုတ်ချ ခြင်းကိုလည်း မိမိဘာသာ အပြင်းအထန် ခံရပေလိမ့်မည်။

ဆရာဖေမြင့် ရဲ့ တန်ဖိုးထားအပ်သောအရာများ စာအုပ်မှ

Leave a Reply