ကယ္လီဖုိးနီးယားက ကမာၻေက်ာ္ ဖန္ကမ္းေျခ

Posted on

ဒီ ဖန္ကမ္းေျခ(Glass Beach) ကေတာ့ အေမရိကန္ ကယ္လီဖုိးနီယားျပည္နယ္က ကမ္းရုိးတန္းၿမဳိ႕ေလးျဖစ္တဲ့ Fort Bragg ၿမဳိ႕အနီးမွာတည္ရွိပါတယ္။ ဒီကမ္းေျခတစ္ေလ်ာက္မွာ​ေတာ့ ေရာင္စံုဖန္တံုး ၊ ဖန္စ​ေတြနဲ႔ ေက်ာက္စရစ္ခဲေလးမ်ား ​ေရာလ်က္​တည္​ရွိ​ေန
တာေၾကာင့္ ျမင္​ရသူေတြကို အံၾသၾကည့္ႏူးေစမွာ ျဖစ္ပါတယ္။

ဖန္ကမ္းေျချဖစ္ေပၚလာျခင္းအစကေတာ့ ၁၉၀၆ခုႏွစ္ကစလုိ႔ အဲဒီေဒသမွာ ေနထုိင္ၾကသူေတြဟာ သံဗူး ၊ ဖန္ပုလင္း ၊ အသုံးအေဆာင္ပစၥည္း ၊ ယာဥ္ေတစတဲ့ အမႈိက္သရုိက္ေတြကုိ အဲဒီေနရာမွာ စုပုံလႊင့္ပစ္ၾကတဲ့အတြက္ အမႈိက္ပုံျဖစ္လာပါတယ္။ အမႈိက္ေတြေလ်ာ့နည္းေစဖုိ႔ မီးေတြရႈိ႕ၾကပါတယ္။ ၁၉၄၃ခုႏွစ္မွာ ေတာ့ အမႈိက္လုံး၀ပုံလုိ႔ မရေတာ့ေလာက္ေအာင္ မ်ားျပားလာတဲ့အတြက္ ေနာက္တစ္ေနရာကိုေရြ႕ၿပီး အမႈိက္ပစ္ၾကျပန္ပါတယ္။ ဒါေပမယ့္ အဲဒီေနာက္တစ္ေနရာကအမႈိက္ပုံကလည္း ၁၉၄၉ခုႏွစ္မွာ ျပည့္သြားျပန္တဲ့အတြက္ ေနာက္တစ္ေနရာကုိ ထပ္ေရႊ႕ၿပီးပုံၾကျပန္ပါတယ္။ အဲဒီေနရာကိုေတာ့ ၁၉၆၇ခုႏွစ္အထိ သုံးခဲ့ၾကပါတယ္။ အဲဒီေနာက္ဆုံးေနရာဟာ အခုဖန္ကမ္းေျချဖစ္လာမယ့္ ေနရာျဖစ္ပါတယ္။

၁၉၆၇ခုႏွစ္မွာေတာ့ ကယ္လီဖုိးနီးယားေရအရင္းအျမစ္ ထိမ္းခ်ဳပ္မႈအဖြဲ႔ နဲ႔ ၿမဳိ႕နယ္ေခါင္းေဆာင္ေတြဟာ အဲဒီေနရာေတြမွာ အမႈိက္ပစ္ျခင္းကုိ လုံး၀ပိတ္ပင္လုိက္ပါတယ္။ ေနရာတုိင္းလုိလုိမွာ အမႈိက္ေတြေၾကာင့္ ညစ္ပတ္ေနၿပီး ေဒသခံေတြရဲ႕က်န္းမာေရးကိုပါ ထိခုိက္လာတဲ့အတြက္ေၾကာင့္ျဖစ္ပါတယ္။ အဲဒီ၀န္းက်င္ကုိ သန္႔ရွင္းေစဖုိ႔အတြက္ သန္႔ရွင္းေရး program ေပါင္းမ်ားစြာကို ျပဳလုပ္ခဲ့ေပမယ့္ အမႈိက္ေတြထူထဲမ်ားျပားလြန္းတာေၾကာင့္ သတၱဳအမႈိက္ေတြေလာက္ကုိသာ ဖယ္ရွားႏုိင္ခဲ့ၿပီး ကုန္စင္ေအာင္ဖယ္ရွားႏုိင္ျခင္း မရွိပဲ လက္ေလွ်ာ့ခဲ့ရပါတယ္။

ဆယ္စုႏွစ္ေပါင္းမ်ားစြာ ၾကာၿပီးတဲ့ေနာက္မွာ အဲဒီအမႈိက္ပုံဟာ ေရာင္စုံ ဖန္ကမ္းေျခအျဖစ္ေျပာင္းလဲသြားပါတယ္။ ဒီလုိျဖစ္ရျခင္းအေၾကာင္းကေတာ့ လူသားေတြေၾကာင့္ မဟုတ္ပဲ သဘာ၀တရားႀကီးရဲ႕ အံၾသဖြယ္အစြမ္းေၾကာင့္ပါ။ လႈိင္းေတြဟာ အမႈိက္သရုိက္ေတြကုိ ပင္လယ္ၾကမ္းျပင္ထဲသုိ႔ ဆြဲခ်လုိက္ၿပီး ကမ္းဆီျပန္ခတ္လာတဲ့လႈိင္းေတြက ဖန္ပုလင္းေတြ ၊ ေျမအုိးစတာေတြကုိ ေခ်ာမြတ္ေစတဲ့ ဖန္တုံးဖန္ခဲေလးေတြအျဖစ္ေျပာင္းလဲေစခဲ့ပါတယ္။ ၂၀၀၀ ခုႏွစ္တစ္၀ုိက္တုန္းက စလုိ႔နာမည္ေက်ာ္လာခဲ့ေပမယ့္ ဒီေနရာကို လည္ပတ္သူေတြအား ေျခဖ၀ါးခ်ည္းသက္သက္ နင္းခြင့္မျပဳခဲ့ပါဘူး။ လုံး၀မထိခုိက္ႏုိင္ေၾကာင္း စမ္းသပ္ၿပီးတဲ့ေနာက္ ၂၀၁၅ခုႏွစ္မွာေတာ့ တရား၀င္ေျခနင္းခြင့္ေပးခဲ့ပါတယ္။

၁၈ ဧက အက်ယ္​ရွိတဲ့ ဒီကမ္​း​ေျခတ​ေလ်ာက္​လွည္​့ပတ္​ သြားလာၾကေပမယ့္ ဖန္​ကြဲမ်ား ထိခိုက္​ျခင္​း၊ ရွျခင္​း၊ စူးျခင္​းမ်ိဳး လံုးဝ ျဖစ္​​ေပၚျခင္​း မရွိဘူးလို႔လည္​း သိရပါတယ္။ သဘာ၀တရားႀကီးက ေျပာင္းလဲေပးလုိက္တဲ့ ဒီဖန္ကမ္းေျခဟာ ႏွစ္စဥ္ ကမာၻလွည့္ခရီးသြား သိန္းေပါင္းမ်ားစြာကို ဆြဲေဆာင္ႏုိင္တဲ့ ေနရာတစ္ခု ျဖစ္လာခဲ့ပါၿပီ။ ဒီဖန္ကမ္းေျခလုိ မ်ဳိး အျခားဖန္ကမ္းေျခေတြကေတာ့ ဟာ၀ုိင္ယီကြ်န္း နဲ႔ ရုရွားႏုိင္ငံေတြမွာ ရွိေနပါေသးတယ္။

VIDEO


ကယ်လီဖိုးနီးယားက ကမ္ဘာကျော် ဖန်ကမ်းခြေ (unicode)

ဒီ ဖန်ကမ်းခြေ(Glass Beach) ကတော့ အမေရိကန် ကယ်လီဖိုးနီယားပြည်နယ်က ကမ်းရိုးတန်းမြို့လေးဖြစ်တဲ့ Fort Bragg မြို့အနီးမှာတည်ရှိပါတယ်။ ဒီကမ်းခြေတစ်လျောက်မှာ​တော့ ရောင်စုံဖန်တုံး ၊ ဖန်စ​တွေနဲ့ ကျောက်စရစ်ခဲလေးများ ​ရောလျက်​တည်​ရှိ​နေ
တာကြောင့် မြင်​ရသူတွေကို အံဩကြည့်နူးစေမှာ ဖြစ်ပါတယ်။

ဖန်ကမ်းခြေဖြစ်ပေါ်လာခြင်းအစကတော့ ၁၉၀၆ခုနှစ်ကစလို့ အဲဒီဒေသမှာ နေထိုင်ကြသူတွေဟာ သံဗူး ၊ ဖန်ပုလင်း ၊ အသုံးအဆောင်ပစ္စည်း ၊ ယာဉ်တေစတဲ့ အမှိုက်သရိုက်တွေကို အဲဒီနေရာမှာ စုပုံလွှင့်ပစ်ကြတဲ့အတွက် အမှိုက်ပုံဖြစ်လာပါတယ်။ အမှိုက်တွေလျော့နည်းစေဖို့ မီးတွေရှို့ကြပါတယ်။ ၁၉၄၃ခုနှစ်မှာ တော့ အမှိုက်လုံးဝပုံလို့ မရတော့လောက်အောင် များပြားလာတဲ့အတွက် နောက်တစ်နေရာကိုရွေ့ပြီး အမှိုက်ပစ်ကြပြန်ပါတယ်။ ဒါပေမယ့် အဲဒီနောက်တစ်နေရာကအမှိုက်ပုံကလည်း ၁၉၄၉ခုနှစ်မှာ ပြည့်သွားပြန်တဲ့အတွက် နောက်တစ်နေရာကို ထပ်ရွှေ့ပြီးပုံကြပြန်ပါတယ်။ အဲဒီနေရာကိုတော့ ၁၉၆၇ခုနှစ်အထိ သုံးခဲ့ကြပါတယ်။ အဲဒီနောက်ဆုံးနေရာဟာ အခုဖန်ကမ်းခြေဖြစ်လာမယ့် နေရာဖြစ်ပါတယ်။

၁၉၆၇ခုနှစ်မှာတော့ ကယ်လီဖိုးနီးယားရေအရင်းအမြစ် ထိမ်းချုပ်မှုအဖွဲ့ နဲ့ မြို့နယ်ခေါင်းဆောင်တွေဟာ အဲဒီနေရာတွေမှာ အမှိုက်ပစ်ခြင်းကို လုံးဝပိတ်ပင်လိုက်ပါတယ်။ နေရာတိုင်းလိုလိုမှာ အမှိုက်တွေကြောင့် ညစ်ပတ်နေပြီး ဒေသခံတွေရဲ့ကျန်းမာရေးကိုပါ ထိခိုက်လာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ အဲဒီဝန်းကျင်ကို သန့်ရှင်းစေဖို့အတွက် သန့်ရှင်းရေး program ပေါင်းများစွာကို ပြုလုပ်ခဲ့ပေမယ့် အမှိုက်တွေထူထဲများပြားလွန်းတာကြောင့် သတ္တုအမှိုက်တွေလောက်ကိုသာ ဖယ်ရှားနိုင်ခဲ့ပြီး ကုန်စင်အောင်ဖယ်ရှားနိုင်ခြင်း မရှိပဲ လက်လျှော့ခဲ့ရပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ အဲဒီအမှိုက်ပုံဟာ ရောင်စုံ ဖန်ကမ်းခြေအဖြစ်ပြောင်းလဲသွားပါတယ်။ ဒီလိုဖြစ်ရခြင်းအကြောင်းကတော့ လူသားတွေကြောင့် မဟုတ်ပဲ သဘာဝတရားကြီးရဲ့ အံဩဖွယ်အစွမ်းကြောင့်ပါ။ လှိုင်းတွေဟာ အမှိုက်သရိုက်တွေကို ပင်လယ်ကြမ်းပြင်ထဲသို့ ဆွဲချလိုက်ပြီး ကမ်းဆီပြန်ခတ်လာတဲ့လှိုင်းတွေက ဖန်ပုလင်းတွေ ၊ မြေအိုးစတာတွေကို ချောမွတ်စေတဲ့ ဖန်တုံးဖန်ခဲလေးတွေအဖြစ်ပြောင်းလဲစေခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်တစ်ဝိုက်တုန်းက စလို့နာမည်ကျော်လာခဲ့ပေမယ့် ဒီနေရာကို လည်ပတ်သူတွေအား ခြေဖဝါးချည်းသက်သက် နင်းခွင့်မပြုခဲ့ပါဘူး။ လုံးဝမထိခိုက်နိုင်ကြောင်း စမ်းသပ်ပြီးတဲ့နောက် ၂၀၁၅ခုနှစ်မှာတော့ တရားဝင်ခြေနင်းခွင့်ပေးခဲ့ပါတယ်။

၁၈ ဧက အကျယ်​ရှိတဲ့ ဒီကမ်​း​ခြေတ​လျောက်​လှည်​့ပတ်​ သွားလာကြပေမယ့် ဖန်​ကွဲများ ထိခိုက်​ခြင်​း၊ ရှခြင်​း၊ စူးခြင်​းမျိုး လုံးဝ ဖြစ်​​ပေါ်ခြင်​း မရှိဘူးလို့လည်​း သိရပါတယ်။ သဘာဝတရားကြီးက ပြောင်းလဲပေးလိုက်တဲ့ ဒီဖန်ကမ်းခြေဟာ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား သိန်းပေါင်းများစွာကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါပြီ။ ဒီဖန်ကမ်းခြေလို မျိုး အခြားဖန်ကမ်းခြေတွေကတော့ ဟာဝိုင်ယီကျွန်း နဲ့ ရုရှားနိုင်ငံတွေမှာ ရှိနေပါသေးတယ်။

Leave a Reply