ကမာၻ႔အသက္ရွည္ဆုံး တိရစာၦန္မ်ားအေၾကာင္း

Posted on

၁၀. Red Sea Urchin
Urchin ဆုိတာ ကြ်န္ေတာတုိ႔အေခၚ သံပျခဳပ္ေကာင္ပါ။ Red Sea Urchin ကေတာ့ သံပျခဳပ္ေကာင္အမ်ဳိးအစားမ်ားစြာထဲက တစ္မ်ဳိးျဖစ္ပါတယ္။ Red Sea Urchin ေတြရဲ႕ သက္တမ္းဟာ အလြန္ရွည္လ်ားလွပါတယ္။ သူတုိ႔ကုိ ေျမာက္အေမရိကရဲ႕ အေနာက္ဘက္ကမ္းရိုးတမ္းတစ္ေလ်ွာက္ နဲ႔ ပစိဖိတ္သမုဒၵရာထဲမွာအမ်ားဆုံးေတြ႔ရတတ္ၿပီး က်န္ေဒသေတြမွာလည္း ရံဖန္ရံခါေတြ႔ရတတ္ပါတယ္။

ေရေအာက္အနက္ေပ ၃၀၀ ၀န္းက်င္မွာ ေနထုိင္ၾကတဲ့အေကာင္ေလးေတြျဖစ္ပါတယ္။ အရြယ္အစားအားျဖင့္ ၃လက္မကေန ၇လက္မသာ ရွိတာေၾကာင့္ ေသးငယ္တဲ့အေကာင္ေလးေတြလုိ႔ ဆုိရပါမယ္။ ပုံမွန္သက္တမ္းကေတာ့ ႏွစ္ ၃၀ ၀န္းက်င္သာျဖစ္ေပမယ့္ အနည္းငယ္ကေတာ့ ႏွစ္ေပါင္း ၂၀၀ေက်ာ္ထိ အသက္ရွည္ၾကပါတယ္။

၉. Koi Fish

ငါးေမြးကန္ထဲမွာ ေရာင္စုံလွပေနတတ္တဲ့ Koi ငါးေလးေတြကုိ မၾကာခဏျမင္ဖူးၾကမွာပါ။ ငါးေတြထဲမွာ ထူးျခားတဲ့အမ်ဳိးအစားျဖစ္ပါတယ္။ သူတုိ႔ရဲ႕ အရြယ္အစားဟာ သူတုိ႔ေနထုိင္တဲ့ ပတ္၀န္းက်င္အလုိက္ ေျပာင္းလဲေနတတ္လုိ႔ပါ။ သူတုိ႔ကို “ဖန္ပုလင္း” ထဲထည့္ရင္(၇ စင္တီမီတာ) ရွိတယ္ ၊ ေရကန္ထဲထည့္ရင္(၂၅ စင္တီမီတာ)ရွိၿပီး ၊ ျမစ္ထဲကိုထည့္မယ္ဆိုရင္(၁၂၀)စင္တီမီတာအထိႀကီးထြားသြားမွာ ျဖစ္ပါတယ္။

Koi ငါးေတြရဲ့သက္တမ္းက အမ်ားအားျဖင့္ ႏွစ္ ၃၀ ကေန ၆၀ အတြင္းျဖစ္ေပမယ့္ တခ်ဳိ႕ Koi ေတြက ႏွစ္ေပါင္း၂၀၀ေက်ာ္ထိ ရွင္သန္ႏုိင္ၾကပါတယ္။ Koi ငါးေတြထဲက ေက်ာ္ၾကားတဲ့ ငါးတစ္ေကာင္ရဲ့နာမည္ကေတာ့ Hanako ျဖစ္ျပီး သူမက ၁၉၇၇မွာ ေသဆံုးခဲ့ပါတယ္။ ေသဆံုးတဲ့အခါ သူမရဲ႕အသက္ ၂၂၅ႏွစ္ရွိေနၿပီျဖစ္ပါတယ္။

၈. Long Finned Eel

Long Finned Eel (ျမန္မာအေခၚ ငါးလင္ပန္း) လုိ႔ အမည္ရတဲ့ ငါးဟာ ငါးရွဥ့္မ်ဳိးအုပ္စုမွျဖစ္ပါတယ္။ ေရခ်ဳိမွာအမ်ားဆုံးေတြႏုိင္တဲ့ ငါးအမ်ဳိးအစားျဖစ္ၿပီး နယူးဇီလန္နဲ့ ၾသစေတးလ်မွာ အမ်ားဆံုးေတြ႔ရေလ့ရွိပါတယ္။ ဒီငါးေတြရဲ႕သက္တမ္းက ေတာ့ ႏွစ္ေပါင္း ၆၀ ျဖစ္ပါတယ္။ အသက္အရွည္ဆံုးငါးကေတာ့ ၁၀၆ႏွစ္အထိ ေတာင္ရွိပါတယ္။ သူတုိ႔ဟာ Greenland လုိ႔ေခၚတဲ့ ငါးမန္းေတြလုိ ၾကီးထြားႏႈန္း ေႏွးေကြးလြန္းတာေၾကာင့္လည္း အသက္ရွည္ရွည္ေနနုိင္ၾကျခင္းျဖစ္တယ္လုိ့ဆုိပါတယ္။

၇. Macaw

ေနာက္တစ္မ်ဳိးကေတာ့ Macaw ၾကက္တူေရြးျဖစ္ပါတယ္။ ျမန္မာလုိ ၾကက္ေတာႀကီးလုိ႔လည္းေခၚၾကပါတယ္။ မေကာၾကက္တူေ႐ြးေတြဟာ ႐ိုး႐ိုးၾကက္တူေ႐ြးထက္ အေကာင္ႀကီး ကာ အၿမီးရွည္ၿပီးလၽွက္ အေရာင္အဆင္းမွာ ပို၍လွပေတာက္ ေျပာင္ေလ့ရွိပါတယ္။ မေကာၾကက္တူေ႐ြးလုိ႔ ေခၚျခင္းအေၾကာင္းကေတာ့ ေတာင္အေမရိကတိုက္ ဘရာဇီးႏိုင္ငံတြင္ ေပါက္ေရာက္ေသာ မေကာ ဟုေခၚ သည့္ အုန္းပင္ တစ္မ်ိဳးမွ အသီးကို အၿမဲစားတတ္ေသာေၾကာင့္ ျဖစ္ပါတယ္။

ဒီၾကက္တူေရြးေတြရဲ႕သက္တမ္းကေတာ့ အႏွစ္ ၆၀ ကေန ၈၀ အထိေနနုိင္ၾကပါတယ္။ သူတုိ႔အသက္ ၃၀ႏွစ္ ကေန ၃၅ႏွစ္ ၾကားကေတာ့ သားေပါက္တဲ့အခ်ိန္ပဲျဖစ္ပါတယ္။ ၀မ္းနည္းစရာတစ္ခုကေတာ့ သူတုိ့ေတြဟာ တစ္ျဖည္းျဖည္းမ်ိဳးတုန္းေပ်ာက္ကြယ္နီးပါးျဖစ္ေနပါျပီ။ ဘာေၾကာင့္လဲဆုိရင္ လူေတြရဲ႕တရားမ၀င္ေရာင္း၀ယ္ေဖာက္ကားေနမႈေတြေၾကာင့္ သဘာ၀အတုိင္း ေတာထဲမွာမက်င္လည္ရပဲ အိမ္ေမြးတိရိစာၦန္အျဖစ္ေနေနၾကရလုိ႔ပါပဲ။

၆. African Elephant

အာဖရိကဆင္ေတြဟာ အၾကီးဆံုးကုန္းေနသတၱ၀ါေတြျဖစ္ကာ ၁၁ေပအထိ အျမင့္ရွိၿပီးအာဖိရကေတာနက္ေတြထဲမွာ ေနထုိင္ၾကပါတယ္။ အာရွဆင္နဲ႔ကြဲတဲ့အခ်က္ကေတာ့ အာဖရိကဆင္မ်ိဳးေတြဟာ ဦးထိပ္လုံး၍ နား႐ြက္ႀကီးၿပီး ႏွာေမာင္းမွာ ညီညာတဲ့အရစ္ေတြပါရွိပါတယ္။ သူတုိ႔ရဲ႕ ပ်မ္းမွ်သက္တမ္းဟာ ႏွစ္ေပါင္း ၇၀ ျဖစ္ပါတယ္။ အခုလက္ရွိ ဇင္ဘာေဘြနုိင္ငံရဲ့ေလ့လာမႈအရ ဆင္ အမေတြက အထီးေတြထက္ပုိျပီး ေသဆံုးခ်ိန္ထိ ေကာင္းမြန္စြာ အသက္ရွည္ရွည္ေနထုိင္သြားနုိင္ၾကတာကို ေတြ႔ရတယ္လုိ႔ ဆုိပါတယ္။

၅. Galapagos Giant Tortoise

ဂလားပါဂုိစ့္ကြ်န္းက ကမာၻလိပ္ႀကီးေတြဟာ အသက္ရွည္ၾကတယ္ဆုိတာ လူအမ်ားစု သိၾကၿပီးျဖစ္မွာပါ။ ပစိဖိတ္သမုဒၵရာအတြင္း ဂလာပါဂုိစ့္ကြ်န္းအနီးမွာ ေတြ႔ရတဲ့လိပ္ၾကီးေတြျဖစ္တဲ့အတြက္ ဒီနာမည္တြင္တာျဖစ္ပါတယ္။ အၾကီးဆံုးကုန္းလိပ္အမ်ဳိးအစားၿဖစ္ၿပီး ပ်မ္းမွ်အေနနဲ႔ အရွည္ ၄ေပခန္႔ နဲ႔ ေပါင္ ၆၀၀ ခန္႔အထိအေလးခ်ိန္ရွိပါတယ္။

ဒီလိပ္ႀကီးေတြရဲ႕ ပ်မ္းမွ်သက္တမ္းဟာ ႏွစ္ေပါင္း ၁၀၀ ၀န္းက်င္ျဖစ္ပါတယ္။ ႏွစ္ေပါင္း ၁၀၀ေက်ာ္လိပ္ႀကီးေတြအမ်ားအျပားရွိတဲ့အနက္ အသက္အရွည္ဆုံးစံခ်ိန္တင္ခဲ့တဲ့ လိပ္ႀကီးကေတာ့ Adwaita ဆုိတဲ့လိပ္ႀကီးပါ။ ဒီလိပ္ႀကီးရဲ႕အသက္ကေတာ့ ၁၇၅၀ခုႏွစ္ ေမြးၿပီး ၂၀၀၆ မတ္လ မွာမွ ေသဆုံးခဲ့တာေၾကာင့္ ၂၅၅ႏွစ္ျဖစ္ပါတယ္။

၄. Bowhead Whale

ေ၀လငါးအမ်ဳိးအစားျဖစ္တဲ့ Bowhead ေ၀လငါးဟာ ေ၀လငါးျပာေတြ ျပီးရင္ ေပ၆၀ ၀န္းက်င္အရွည္ရွိၿပီးကမာၻေပၚမွာအၾကီးဆံုး ႏုိ႔့တုိက္သတၱ၀ါလည္း ျဖစ္ပါတယ္။ ဒီေ၀လငါးအမ်ဳိးအစားေတြရဲ႕ ပ်မ္းမွ်သက္တမ္းကေတာ့ ႏွစ္ ၂၀၀ ျဖစ္ပါတယ္။ သူတုိ႔ဒီေလာက္အထိ အသက္ရွည္တာကုိ စတင္ရွာေတြ႔ခဲ့တာကေတာ့ ဒီလုိပါ။

အသက္ရွိေနေသးတဲ့ ေ၀လငါးတစ္ေကာင္ဟာ မွိန္းနဲ့ထုိးခံထားရျပီး အဲ့ဒီ့မွိန္းဟာ သူ့အေရျပားေပၚမွာ စိုက္၀င္ေနတာ ႏွစ္ေပါင္း ၁၀၀ေက်ာ္ သက္တမ္းရွိေနတာေၾကာင့္ျဖစ္ပါတယ္။ သိပၸံပညာရွင္ေတြခန္႔မွန္းထားတဲ့ Bowhead ေ၀လငါးရဲ႕အရွည္ဆုံးသက္တမ္းက ၂၂၇ ႏွစ္ ျဖစ္ပါတယ္။

၃. Greenland Shark

ဂရင္းလန္အနီးမွာ က်က္စားၾကတဲ့ ဒီဧရာမငါးမန္းေတြဟာ အသားစား ငါးမန္းမ်ဳိးႏြယ္ေတြထဲမွာ အႀကီးဆုံးလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ သြားလာကူးခတ္မႈ အေႏွးဆုံး ငါးမန္းမ်ဳိးႏြယ္လည္း ျဖစ္ပါတယ္။ သက္တမ္းကလည္း အသက္ ၂၀၀ ကေန ၄၀၀ အတြင္းျဖစ္ပါတယ္တယ္။ ထူးျခားစြာပဲ အသက္အရွည္ဆံုးငါးမန္းတစ္ေကာင္ရွိခဲ့ပါတယ္။

သူက ကမာၻအသက္ရွည္ဆံုးေက်ာရိုးရွိသတၱ၀ါလည္းျဖစ္ခဲ့ပါတယ္။ သူ့အသက္ကေတာ့ ၅၀၀ ႏွစ္ ၀န္းက်င္အထိ ရွိႏုိင္တယ္လုိ႔ ေလ့လာသူေတြကဆုိပါတယ္။ ဒီငါးမန္းအမ်ဳိးအစားေတြဟာ ၾကီးထြားမႈႏႈန္း အရမ္းေႏွးေကြးၾကၿပီး တစ္ႏွစ္မွာ ၁စင္တီမီတာေလာက္ပဲ ႀကီးထြားၾကပါတယ္။ ဒါဟာ ဒီငါးမန္းေတြ အသက္ရွည္ရျခင္းရဲ႕ အဓိကအခ်က္တစ္ခ်က္ျဖစ္ပါတယ္။

၂. Ocean Quahog

သိပၸံအမည္ Arctica islandica လုိ႔ေခၚတဲ့ ပင္လယ္ခံုးေကာင္ေလးေတြျဖစ္ပါတယ္။ ဒီခုံးေတြရဲ႕ ပ်မ္းမွ်သက္တမ္းက ႏွစ္ေပါင္း ၄၀၀ေက်ာ္ျဖစ္ပါတယ္။ Ming (သုိ႔) Hafrún လုိ႔ေခၚတဲ့ ခုံးေကာင္ေလးကေတာ့ ႏွစ္ေပါင္း ၅၀၇ႏွစ္အထိ အသက္ရွည္ခဲ့ပါတယ္။ တရုတ္မင္းဆက္အခ်ိန္ကေနစလုိ႔ ၂၀၀၆ခုႏွစ္အထိ အသက္ရွင္ခဲ့တဲ့ခုံးေကာင္ေလးျဖစ္ပါတယ္။

အစပထမေတာ့ ဒီခုံးေကာင္ေလးရဲ႕သက္တမ္းကုိ ႏွစ္ေပါင္း ၄၀၀လုိ႔ခန္႔မွန္းၾကေပမယ့္ အတိအက်တြက္ခ်က္ၾကည့္ၾကၿပီးတဲ့ေနာက္မွာ ၅၀၇ႏွစ္ ဆုိတာကို အတည္ျပဳခဲ့ၾကပါတယ္။ ကံဆုိးတာကေတာ့ ဒီခုံးေကာင္ေလးကုိ ေတြ႔ရွိခ်ိန္ ၂၀၀၇ခုႏွစ္မွာ ဒီခုံးေကာင္ေလးဟာ အသက္မရွိေတာ့ပါဘူး။ ဒါေပမယ့္ ခုံးေတြ အသက္အရွည္ဆုံး တိရစာၦန္တစ္မ်ဳိးျဖစ္တယ္ဆုိတာကိုေတာ့ မွတ္တမ္းတင္ႏုိင္ခဲ့ၾကပါတယ္။

၁. Immortal Jellyfish

နာမည္ကုိကတည္းက မေသႏုိင္ေသာဂ်ယ္လီငါးပါတဲ့။ အရမ္းရွားပါးျပီး ထူးဆန္းတဲ့ ဒီဂ်ယ္လီငါးေတြဟာ သူတုိ႔အရြယ္မေရာက္ခင္အခ်ိန္ေတြမွာ အနာတရတစ္ခုခုရတာနဲ့ ျပန္ေကာင္းေအာင္လုပ္ႏုိင္ၾကတဲ့အစြမ္းရွိပါတယ္။ တကယ္မေသႏိုင္ပါဘူး။ ဇီဝေဗဒပညာရွင္တို႔ လက္ေတြ႔က်က် ေလ့လာမႈ အရ ဓာတ္ခြဲခန္းမွာ ေစာင့္ၾကည့္တာေတာင္ တစ္ေကာင္မွ မေသဖူးပါဘူးလုိ႔ ဆုိပါတယ္။ အရြယ္အစားလည္း ေသးပါတယ္။ အခ်င္း ၀.၁၈ လက္မ က အႀကီးဆံုးပါပဲ။ အငယ္ဆံုးကေတာ့ ၂ မီလီမီတာေလာက္ထိ ရွိႏိုင္ပါတယ္။

ပင္လယ္ၾကမ္းျပင္ မွာ လင္းလိုက္၊ မွိန္လိုက္နဲ႔ သြားေနတဲ့အထဲမွာ ယင္း ဂ်ယ္လီ ငါးေသးေသးေလးမ်ား ပါဝင္ေနမွာ ျဖစ္ပါတယ္။ သူတုိ႔ဟာ ပုံမွန္အတုိင္းေနမယ္ဆုိရင္ေတာ့ အၿမဲတမ္းအသက္ရွင္သန္ႏုိင္မွာျဖစ္ေပမယ့္ တျခားသတၱ၀ါေတြရဲ႕အစားခံရျခင္းနဲ႔ အျခားပေယာဂအခ်ဳိ႕တုိ႔ေၾကာင့္ေတာ့ ေသဆုံးႏုိင္ပါတယ္။ ဒီငါးေတြမွာရွိတဲ့ ေသၿပီးသြားတဲ့ ဆဲလ္ေနရာမွာ ဆဲလ္ အသစ္ ျပန္ျပန္အစားထုိးသြားတဲ့ ျဖစ္စဥ္ကို ေဆးသိပၸံပညာရွင္တုိ႔က ေလ့လာၿပီး လူသားမ်ား အက်ဳိးေဆာင္ရြက္ႏုိင္ဖုိ႔ ႀကဳိးပမ္းလွ်က္ရွိပါတယ္။


ကမ္ဘာ့အသက်ရှည်ဆုံး တိရစ္ဆာန်များအကြောင်း (unicode)

၁၀. Red Sea Urchin
Urchin ဆိုတာ ကျွန်တောတို့အခေါ် သံပခြုပ်ကောင်ပါ။ Red Sea Urchin ကတော့ သံပခြုပ်ကောင်အမျိုးအစားများစွာထဲက တစ်မျိုးဖြစ်ပါတယ်။ Red Sea Urchin တွေရဲ့ သက်တမ်းဟာ အလွန်ရှည်လျားလှပါတယ်။ သူတို့ကို မြောက်အမေရိကရဲ့ အနောက်ဘက်ကမ်းရိုးတမ်းတစ်လျှောက် နဲ့ ပစိဖိတ်သမုဒ္ဒရာထဲမှာအများဆုံးတွေ့ရတတ်ပြီး ကျန်ဒေသတွေမှာလည်း ရံဖန်ရံခါတွေ့ရတတ်ပါတယ်။ ရေအောက်အနက်ပေ ၃၀၀ ဝန်းကျင်မှာ နေထိုင်ကြတဲ့အကောင်လေးတွေဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် ၃လက်မကနေ ၇လက်မသာ ရှိတာကြောင့် သေးငယ်တဲ့အကောင်လေးတွေလို့ ဆိုရပါမယ်။ ပုံမှန်သက်တမ်းကတော့ နှစ် ၃၀ ဝန်းကျင်သာဖြစ်ပေမယ့် အနည်းငယ်ကတော့ နှစ်ပေါင်း ၂၀၀ကျော်ထိ အသက်ရှည်ကြပါတယ်။

၉. Koi Fish
ငါးမွေးကန်ထဲမှာ ရောင်စုံလှပနေတတ်တဲ့ Koi ငါးလေးတွေကို မကြာခဏမြင်ဖူးကြမှာပါ။ ငါးတွေထဲမှာ ထူးခြားတဲ့အမျိုးအစားဖြစ်ပါတယ်။ သူတို့ရဲ့ အရွယ်အစားဟာ သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင်အလိုက် ပြောင်းလဲနေတတ်လို့ပါ။ သူတို့ကို “ဖန်ပုလင်း” ထဲထည့်ရင်(၇ စင်တီမီတာ) ရှိတယ် ၊ ရေကန်ထဲထည့်ရင်(၂၅ စင်တီမီတာ)ရှိပြီး ၊ မြစ်ထဲကိုထည့်မယ်ဆိုရင်(၁၂၀)စင်တီမီတာအထိကြီးထွားသွားမှာ ဖြစ်ပါတယ်။ Koi ငါးတွေရဲ့သက်တမ်းက အများအားဖြင့် နှစ် ၃၀ ကနေ ၆၀ အတွင်းဖြစ်ပေမယ့် တချို့ Koi တွေက နှစ်ပေါင်း၂၀၀ကျော်ထိ ရှင်သန်နိုင်ကြပါတယ်။ Koi ငါးတွေထဲက ကျော်ကြားတဲ့ ငါးတစ်ကောင်ရဲ့နာမည်ကတော့ Hanako ဖြစ်ပြီး သူမက ၁၉၇၇မှာ သေဆုံးခဲ့ပါတယ်။ သေဆုံးတဲ့အခါ သူမရဲ့အသက် ၂၂၅နှစ်ရှိနေပြီဖြစ်ပါတယ်။

၈. Long Finned Eel
Long Finned Eel (မြန်မာအခေါ် ငါးလင်ပန်း) လို့ အမည်ရတဲ့ ငါးဟာ ငါးရှဉ့်မျိုးအုပ်စုမှဖြစ်ပါတယ်။ ရေချိုမှာအများဆုံးတွေနိုင်တဲ့ ငါးအမျိုးအစားဖြစ်ပြီး နယူးဇီလန်နဲ့ ဩစတေးလျမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ ဒီငါးတွေရဲ့သက်တမ်းက တော့ နှစ်ပေါင်း ၆၀ ဖြစ်ပါတယ်။ အသက်အရှည်ဆုံးငါးကတော့ ၁၀၆နှစ်အထိ တောင်ရှိပါတယ်။ သူတို့ဟာ Greenland လို့ခေါ်တဲ့ ငါးမန်းတွေလို ကြီးထွားနှုန်း နှေးကွေးလွန်းတာကြောင့်လည်း အသက်ရှည်ရှည်နေနိုင်ကြခြင်းဖြစ်တယ်လို့ဆိုပါတယ်။

၇. Macaw
နောက်တစ်မျိုးကတော့ Macaw ကြက်တူရွေးဖြစ်ပါတယ်။ မြန်မာလို ကြက်တောကြီးလို့လည်းခေါ်ကြပါတယ်။ မကောကြက်တူရွေးတွေဟာ ရိုးရိုးကြက်တူရွေးထက် အကောင်ကြီး ကာ အမြီးရှည်ပြီးလျှက် အရောင်အဆင်းမှာ ပို၍လှပတောက် ပြောင်လေ့ရှိပါတယ်။ မကောကြက်တူရွေးလို့ ခေါ်ခြင်းအကြောင်းကတော့ တောင်အမေရိကတိုက် ဘရာဇီးနိုင်ငံတွင် ပေါက်ရောက်သော မကော ဟုခေါ် သည့် အုန်းပင် တစ်မျိုးမှ အသီးကို အမြဲစားတတ်သောကြောင့် ဖြစ်ပါတယ်။ ဒီကြက်တူရွေးတွေရဲ့သက်တမ်းကတော့ အနှစ် ၆၀ ကနေ ၈၀ အထိနေနိုင်ကြပါတယ်။ သူတို့အသက် ၃၀နှစ် ကနေ ၃၅နှစ် ကြားကတော့ သားပေါက်တဲ့အချိန်ပဲဖြစ်ပါတယ်။ ဝမ်းနည်းစရာတစ်ခုကတော့ သူတို့တွေဟာ တစ်ဖြည်းဖြည်းမျိုးတုန်းပျောက်ကွယ်နီးပါးဖြစ်နေပါပြီ။ ဘာကြောင့်လဲဆိုရင် လူတွေရဲ့တရားမဝင်ရောင်းဝယ်ဖောက်ကားနေမှုတွေကြောင့် သဘာဝအတိုင်း တောထဲမှာမကျင်လည်ရပဲ အိမ်မွေးတိရိစ္ဆာန်အဖြစ်နေနေကြရလို့ပါပဲ။

၆. African Elephant
အာဖရိကဆင်တွေဟာ အကြီးဆုံးကုန်းနေသတ္တဝါတွေဖြစ်ကာ ၁၁ပေအထိ အမြင့်ရှိပြီးအာဖိရကတောနက်တွေထဲမှာ နေထိုင်ကြပါတယ်။ အာရှဆင်နဲ့ကွဲတဲ့အချက်ကတော့ အာဖရိကဆင်မျိုးတွေဟာ ဦးထိပ်လုံး၍ နားရွက်ကြီးပြီး နှာမောင်းမှာ ညီညာတဲ့အရစ်တွေပါရှိပါတယ်။ သူတို့ရဲ့ ပျမ်းမျှသက်တမ်းဟာ နှစ်ပေါင်း ၇၀ ဖြစ်ပါတယ်။ အခုလက်ရှိ ဇင်ဘာဘွေနိုင်ငံရဲ့လေ့လာမှုအရ ဆင် အမတွေက အထီးတွေထက်ပိုပြီး သေဆုံးချိန်ထိ ကောင်းမွန်စွာ အသက်ရှည်ရှည်နေထိုင်သွားနိုင်ကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

၅. Galapagos Giant Tortoise
ဂလားပါဂိုစ့်ကျွန်းက ကမ္ဘာလိပ်ကြီးတွေဟာ အသက်ရှည်ကြတယ်ဆိုတာ လူအများစု သိကြပြီးဖြစ်မှာပါ။ ပစိဖိတ်သမုဒ္ဒရာအတွင်း ဂလာပါဂိုစ့်ကျွန်းအနီးမှာ တွေ့ရတဲ့လိပ်ကြီးတွေဖြစ်တဲ့အတွက် ဒီနာမည်တွင်တာဖြစ်ပါတယ်။ အကြီးဆုံးကုန်းလိပ်အမျိုးအစားဖြစ်ပြီး ပျမ်းမျှအနေနဲ့ အရှည် ၄ပေခန့် နဲ့ ပေါင် ၆၀၀ ခန့်အထိအလေးချိန်ရှိပါတယ်။ ဒီလိပ်ကြီးတွေရဲ့ ပျမ်းမျှသက်တမ်းဟာ နှစ်ပေါင်း ၁၀၀ ဝန်းကျင်ဖြစ်ပါတယ်။ နှစ်ပေါင်း ၁၀၀ကျော်လိပ်ကြီးတွေအများအပြားရှိတဲ့အနက် အသက်အရှည်ဆုံးစံချိန်တင်ခဲ့တဲ့ လိပ်ကြီးကတော့ Adwaita ဆိုတဲ့လိပ်ကြီးပါ။ ဒီလိပ်ကြီးရဲ့အသက်ကတော့ ၁၇၅ဝခုနှစ် မွေးပြီး ၂၀၀၆ မတ်လ မှာမှ သေဆုံးခဲ့တာကြောင့် ၂၅၅နှစ်ဖြစ်ပါတယ်။

၄. Bowhead Whale
ဝေလငါးအမျိုးအစားဖြစ်တဲ့ Bowhead ဝေလငါးဟာ ဝေလငါးပြာတွေ ပြီးရင် ပေ၆၀ ဝန်းကျင်အရှည်ရှိပြီးကမ္ဘာပေါ်မှာအကြီးဆုံး နို့တိုက်သတ္တဝါလည်း ဖြစ်ပါတယ်။ ဒီဝေလငါးအမျိုးအစားတွေရဲ့ ပျမ်းမျှသက်တမ်းကတော့ နှစ် ၂၀၀ ဖြစ်ပါတယ်။ သူတို့ဒီလောက်အထိ အသက်ရှည်တာကို စတင်ရှာတွေ့ခဲ့တာကတော့ ဒီလိုပါ။ အသက်ရှိနေသေးတဲ့ ဝေလငါးတစ်ကောင်ဟာ မှိန်းနဲ့ထိုးခံထားရပြီး အဲ့ဒီ့မှိန်းဟာ သူ့အရေပြားပေါ်မှာ စိုက်ဝင်နေတာ နှစ်ပေါင်း ၁၀၀ကျော် သက်တမ်းရှိနေတာကြောင့်ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေခန့်မှန်းထားတဲ့ Bowhead ဝေလငါးရဲ့အရှည်ဆုံးသက်တမ်းက ၂၂၇ နှစ် ဖြစ်ပါတယ်။

၃. Greenland Shark
ဂရင်းလန်အနီးမှာ ကျက်စားကြတဲ့ ဒီဧရာမငါးမန်းတွေဟာ အသားစား ငါးမန်းမျိုးနွယ်တွေထဲမှာ အကြီးဆုံးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သွားလာကူးခတ်မှု အနှေးဆုံး ငါးမန်းမျိုးနွယ်လည်း ဖြစ်ပါတယ်။ သက်တမ်းကလည်း အသက် ၂၀၀ ကနေ ၄၀၀ အတွင်းဖြစ်ပါတယ်တယ်။ ထူးခြားစွာပဲ အသက်အရှည်ဆုံးငါးမန်းတစ်ကောင်ရှိခဲ့ပါတယ်။ သူက ကမ္ဘာအသက်ရှည်ဆုံးကျောရိုးရှိသတ္တဝါလည်းဖြစ်ခဲ့ပါတယ်။ သူ့အသက်ကတော့ ၅၀၀ နှစ် ဝန်းကျင်အထိ ရှိနိုင်တယ်လို့ လေ့လာသူတွေကဆိုပါတယ်။ ဒီငါးမန်းအမျိုးအစားတွေဟာ ကြီးထွားမှုနှုန်း အရမ်းနှေးကွေးကြပြီး တစ်နှစ်မှာ ၁စင်တီမီတာလောက်ပဲ ကြီးထွားကြပါတယ်။ ဒါဟာ ဒီငါးမန်းတွေ အသက်ရှည်ရခြင်းရဲ့ အဓိကအချက်တစ်ချက်ဖြစ်ပါတယ်။

၂. Ocean Quahog
သိပ္ပံအမည် Arctica islandica လို့ခေါ်တဲ့ ပင်လယ်ခုံးကောင်လေးတွေဖြစ်ပါတယ်။ ဒီခုံးတွေရဲ့ ပျမ်းမျှသက်တမ်းက နှစ်ပေါင်း ၄၀၀ကျော်ဖြစ်ပါတယ်။ Ming (သို့) Hafrún လို့ခေါ်တဲ့ ခုံးကောင်လေးကတော့ နှစ်ပေါင်း ၅၀၇နှစ်အထိ အသက်ရှည်ခဲ့ပါတယ်။ တရုတ်မင်းဆက်အချိန်ကနေစလို့ ၂၀၀၆ခုနှစ်အထိ အသက်ရှင်ခဲ့တဲ့ခုံးကောင်လေးဖြစ်ပါတယ်။ အစပထမတော့ ဒီခုံးကောင်လေးရဲ့သက်တမ်းကို နှစ်ပေါင်း ၄၀ဝလို့ခန့်မှန်းကြပေမယ့် အတိအကျတွက်ချက်ကြည့်ကြပြီးတဲ့နောက်မှာ ၅၀၇နှစ် ဆိုတာကို အတည်ပြုခဲ့ကြပါတယ်။ ကံဆိုးတာကတော့ ဒီခုံးကောင်လေးကို တွေ့ရှိချိန် ၂၀၀၇ခုနှစ်မှာ ဒီခုံးကောင်လေးဟာ အသက်မရှိတော့ပါဘူး။ ဒါပေမယ့် ခုံးတွေ အသက်အရှည်ဆုံး တိရစ္ဆာန်တစ်မျိုးဖြစ်တယ်ဆိုတာကိုတော့ မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။

၁. Immortal Jellyfish
နာမည်ကိုကတည်းက မသေနိုင်သောဂျယ်လီငါးပါတဲ့။ အရမ်းရှားပါးပြီး ထူးဆန်းတဲ့ ဒီဂျယ်လီငါးတွေဟာ သူတို့အရွယ်မရောက်ခင်အချိန်တွေမှာ အနာတရတစ်ခုခုရတာနဲ့ ပြန်ကောင်းအောင်လုပ်နိုင်ကြတဲ့အစွမ်းရှိပါတယ်။ တကယ်မသေနိုင်ပါဘူး။ ဇီဝဗေဒပညာရှင်တို့ လက်တွေ့ကျကျ လေ့လာမှု အရ ဓာတ်ခွဲခန်းမှာ စောင့်ကြည့်တာတောင် တစ်ကောင်မှ မသေဖူးပါဘူးလို့ ဆိုပါတယ်။ အရွယ်အစားလည်း သေးပါတယ်။ အချင်း ၀.၁၈ လက်မ က အကြီးဆုံးပါပဲ။ အငယ်ဆုံးကတော့ ၂ မီလီမီတာလောက်ထိ ရှိနိုင်ပါတယ်။ ပင်လယ်ကြမ်းပြင် မှာ လင်းလိုက်၊ မှိန်လိုက်နဲ့ သွားနေတဲ့အထဲမှာ ယင်း ဂျယ်လီ ငါးသေးသေးလေးများ ပါဝင်နေမှာ ဖြစ်ပါတယ်။ သူတို့ဟာ ပုံမှန်အတိုင်းနေမယ်ဆိုရင်တော့ အမြဲတမ်းအသက်ရှင်သန်နိုင်မှာဖြစ်ပေမယ့် တခြားသတ္တဝါတွေရဲ့အစားခံရခြင်းနဲ့ အခြားပယောဂအချို့တို့ကြောင့်တော့ သေဆုံးနိုင်ပါတယ်။ ဒီငါးတွေမှာရှိတဲ့ သေပြီးသွားတဲ့ ဆဲလ်နေရာမှာ ဆဲလ် အသစ် ပြန်ပြန်အစားထိုးသွားတဲ့ ဖြစ်စဉ်ကို ဆေးသိပ္ပံပညာရှင်တို့က လေ့လာပြီး လူသားများ အကျိုးဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းလျှက်ရှိပါတယ်။

Leave a Reply