သခင္သန္းထြန္း ဆုိတာ

Posted on

သန္း၀င္းလႈိင္

သခင္သန္းထြန္းသည္ ျမန္မာ့ႏိုင္ငံေရး လႈပ္ရွားမႈ သမိုင္းတြင္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၇၀ ၀န္းက်င္က ထင္ရွားခဲ့သည့္ ႏိုင္ငံေရး ေခါင္းေဆာင္ တဦး ျဖစ္ခဲ့ေပသည္။ အထူးသျဖင့္ လြန္ခဲ့ေသာ ၆၁ ႏွစ္ အတြင္း သခင္သန္းထြန္းသည္ “ဗမာျပည္ ကြန္ျမဴနစ္ ပါတီ”၏ ေခါင္းေဆာင္ႀကီး တဦး အျဖစ္ ထင္ေပၚေက်ာ္ၾကား ခဲ့ေလသည္။ သခင္သန္းထြန္း၏ နာမည္ကို ဗမာျပည္ကြန္ျမဴနစ္ ေလာကတြင္ သာမက ကမာၻ႔ ကြန္ျမဴနစ္ ေလာကတြင္လည္း ၾကားသိဖူးၾကသည္။

သခင္ သန္းထြန္းသည္ ႏိုင္ငံေရး အစဥ္အလာ ႀကီးမားခဲ့သူ ျဖစ္သည္။ ျမန္မာ့ ေတာ္လွန္ေရး သမိုင္း အဆက္ဆက္ တြင္လည္း သခင္ သန္းထြန္းသည္ ေရွ႕တန္းက ပါဝင္ခဲ့သည္သာ မ်ားသည္။ တို႔ဗမာ အစည္းအ႐ံုး ေခါင္းေဆာင္ တဦးအျဖစ္သာမက ၁၃၀ဝ ျပည့္ ေရနံေျမ အလုပ္သမား အေရးႏွင့္ ေက်ာင္းသား အေရးေတာ္ပံု တို႔တြင္ ဦးေဆာင္မႈအပိုင္းမွ တက္ႂကြစြာ ပါ၀င္လႈပ္ရွား ခဲ့သကဲ့သို႔ ေတာင္သူ လယ္သမားမ်ား၏ အေရး ကို လည္း ေရွ႕ေဆာင္ လံုးပမ္းခဲ့သည္။ ထို႔အျပင္ ဗမာ့လြတ္လပ္ေရး တိုက္ပြဲတြင္ ေရွ႕တန္းမွပါဝင္ခဲ့ၿပီး ဖက္ဆစ္ဂ်ပန္ ေတာ္လွန္ေရး ေျပာက္က်ား စစ္ပြဲတြင္လည္း ဇြဲေကာင္းေကာင္းျဖင့္ ဦးစီးပါ၀င္ခဲ့သူ ျဖစ္သည္။ ဗမာျပည္ ကြန္ျမဴနစ္ပါတီလႈပ္ရွားမႈႏွင့္ ကြန္ျမဴနစ္ အင္အားစုကို စည္း႐ံုး ေရွ႕ေဆာင္ခဲ့သူမွာလည္း သခင္သန္းထြန္းပင္ ျဖစ္သည္။

ဆရာႀကီး ဒဂုန္တာရာက “ရုပ္ပံုလႊာ” စာအုပ္တြင္ သခင္သန္းထြန္းအား ဤသို႔မွတ္တမ္းတင္ ေရးဖြဲ႔ထားသည္။
“သခင္သန္းထြန္းကို လူခ်င္းမသိမီကတည္းက အမည္ကို ၾကားဖူးေန၏။ ကိုဗဟိန္းက သခင္သန္းထြန္း၏ အေၾကာင္းကို မၾကာခဏ က်ေနာ့္ကို ေျပာျပ၏။ ထိုအခါက ကိုဗဟိန္းသည္ တကၠသိုလ္ရိပ္သာရွိ သထံုေက်ာင္းေဆာင္တြင္ မရွိဘဲ ၿမိဳ႕ထဲ ၃၈ လမ္းရွိ ဇဝန တို႔ စုေနၾက ေသာ အိမ္တြင္ ေရာက္ေနတတ္၏။ ထိုအိမ္တြင္ သခင္သန္းထြန္းလည္း ေန၏။
“သခင္သန္းထြန္းဆိုတာ ေတာ္ေတာ္စာဖတ္တယ္ဗ်။ မာ့က္စ္ စာေပကိုလည္း အေတာ္ဖတ္တယ္။ စာေရးလည္း ေကာင္း တယ္”ဟု ေက်ာင္းေဆာင္သို႔ ျပန္ေရာက္လွ်င္ ကိုဗဟိန္း က်ေနာ့္ကို ေျပာျပေလ့ရွိ၏။ စိတ္ထဲတြင္ သခင္ေပါက္စတဦးပဲ ဟုသာ ေအာက္ေမ့လိုက္၏။

တေန႔တြင္ ကိုဗဟိန္းနဲ႔အတူ ပန္းဆိုးတန္းရွိ ထြန္းေအးစာအုပ္ျဖန္႔ခ်ိေရးဌာနသို႔ ေရာက္သြားရာ သခင္သန္းထြန္းႏွင့္ သြားေတြ႔၏။ ကိုဗဟိန္းက က်ေနာ့္ကို သခင္သန္းထြန္းႏွင့္ အသိဖြဲ႔ေပး၏။
“ၾသ … ၾသ …ခင္ဗ်ားအေၾကာင္းကိုလည္း ကိုဗဟိန္းက ခဏခဏ ေျပာပါတယ္ဗ်ာ”ဟု သခင္သန္းထြန္းက ၿပံဳးကာ ေျပာေလသည္။
သူသည္ မႏၲေလးပိုး အေပၚဖံုး၊ ပိုးလံုခ်ည္ ဝတ္ထား၏။ မ်က္ႏွာမွာ ခပ္လံုးလံုး၊ အ႐ုပ္ဆိုးသည္ဟု ေခၚရေပမည္။ အသား က ဝါလဲ့လဲ့။ ဆံပင္ေကာက္၏။ အထူးျခားဆံုးမွာ ေခါင္းႀကီးျခင္းျဖစ္၏။ အမူအရာမွာ ေပ်ာ့ေပ်ာင္း၏၊ စကားေျပာေသာ အခါလည္း ခပ္ေအးေအးႏွင့္ သိမ္ေမြ႔စြာေျပာ၏။
အစက ထင္ထားသကဲ့သို႔ အာေပါင္အာရင္းသန္သန္ ဟစ္ေအာ္သူမဟုတ္။ ညႇင္းညႇင္းညံ့ညံ့ ေလသံႏွင့္။ ကဗ်ာဆရာ မီလ္တန္၊ လီနင္ဝါဒ၊ ကိုလိုနီေတာ္လွန္ေရး၊ ဘားနတ္ေရွာ ျပဇာတ္၊ ခ်ားလ္စ္ဒစ္ကင္း၏ ဝတၱဳ၊ ၿဗိတိသွ်ပါလီမန္၊ ဦးကုလား ရာဇဝင္၊ သိပၸံ ေမာင္ဝ ၏ ေခတ္စမ္းစာ၊ နတ္ရွင္ေနာင္ရတု စေသာ အေၾကာင္းအရာမ်ားကို ေျပာ၏။

ေနာင္မွ သူသည္ ဆရာျဖစ္သင္ တကၠသိုလ္ေက်ာင္းမွ ထြက္ေၾကာင္း သိရသည္။ ေက်ာင္းေနစဥ္က စာေတာ္သူတဦးျဖစ္ခဲ့၏။ တခါက အဂၤလိပ္ဘာသာျဖင့္ ေရးထားေသာ ေဆာင္းပါးတေစာင္ကို တကၠသိုလ္ သမဂၢ မဂၢဇင္းေဟာင္းတေစာင္တြင္ ဖတ္ရဖူး၏။ သူသည္ အဂၤလိပ္စာကို ႏိုင္နင္းစြာ ေရးႏိုင္သူျဖစ္၏။ ဂ်ပန္ေခတ္ သူဝန္ႀကီးျဖစ္စဥ္ သူေရးထားေသာ အဂၤလိပ္စာကို ဖတ္၍ ေနာင္ ဖဆပလ ေခတ္ ဒုတိယဝန္ႀကီးခ်ဳပ္ျဖစ္ခဲ့သူ ကိုေက်ာ္ျငိမ္းက ‘အဂၤလိပ္စာေရးတာ ျမန္ သေလာက္ ေကာင္းတာပါပဲ’ ဟု ခ်ီက်ဴးသည္ကို ၾကားရဖူး၏။ ၁၉၃၉ က တို႔ဗမာအစည္းအ႐ံုးမွ ကိုယ္စားလွယ္မ်ားအဖြဲ႔သည္ ကြန္ဂရက္၏ ဖိတ္ၾကားခ်က္အရ အိႏၵိယျပည္ ရမ္းဂါး သြားၾက၏။ သခင္ေအာင္ဆန္း၊ ကိုဗဟိန္း၊ သခင္သန္းထြန္းတို႔ ပါသြားၾက၏၊ တကၠသိုလ္ ေက်ာင္းသား သမဂၢ မ်ားက သခင္ေအာင္ဆန္း၊ သခင္သန္းထြန္းတို႔ကို မၾကာခဏဖိတ္၍ စကားေျပာေစသည္ဟု သိရ၏။ သခင္သန္းထြန္းကို ပြဲေတာင္းလွသည္ဟု ၾကားရ၏။

ဂ်ပန္ေခတ္ လယ္ယာစိုက္ပ်ိဳးေရး ဝန္ႀကီးျဖစ္စဥ္က သူ႔ဌာနတြင္လုပ္ေသာ အတြင္းဝန္မ်ားသည္ သူ႔ကိုေလးစားၾကသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ သူသည္ လယ္ယာစိုက္ပ်ိဳးေရးကို ေလ့လာနားလည္ၿပီး ညာဝါးျဖန္းသန္းကာ မဆိုင္သည္ကို ဝင္ေရာက္ စြက္ဖက္ျခင္း မလုပ္ေသာေၾကာင့္ျဖစ္သည္”ဟူ၍ ေရးသားထားေလသည္။ သခင္သန္းထြန္းသည္ ျမန္မာလိုေရာ အဂၤလိပ္လိုပါ စာေရးေကာင္းသူျဖစ္သည္။ သုပဏၰက ကေလာင္အမည္ျဖင့္လည္း ေဆာင္းပါးမ်ား။ ဘာသာျပန္စာေပမ်ားေရးသားခဲ့သည္။ ၁၉၃၉ ခုႏွစ္က အေရးေတာ္ပံု အမည္ရွိ ကြန္ျမဴနစ္ပါတီ ဂ်ာနယ္ ကို လည္း လွ်ိဳ႕ဝွက္ ထုတ္ေဝခဲ့သည္။

သို႔ကလို ထူးခြ်န္ထက္ျမက္၍ ႏိုင္ငံေရးသမိုင္းအစဥ္အလာ ႀကီးမားခဲ့ေသာ သခင္သန္းထြန္းကို ၁၉၁၁ ခုႏွစ္ ၾသဂုတ္လ ၁၅ ရက္ေန႔တြင္ ေတာင္ငူခ႐ိုင္ ကညြတ္ကြင္းၿမိဳ႕ အဘ ဦးဘိုးေမာင္၊ အမိ ေဒၚေအးၾကဴတို႔မွ ဖြားျမင္ခဲ့သည္။ ေမြးခ်င္း ၆ ဦး အနက္ တတိယေျမာက္ျဖစ္သည္။ သူ႔အထက္ အစ္ကိုတို႔မွာ ဦးတင္(သာယာဝတီေထာင္မွဴးေဟာင္း)၊ ဦးညီပုတို႔ျဖစ္ျပီး သူ႔ေအာက္ ညီႏွင့္ ညီမတို႔မွာ မစိမ္းညိဳ၊ ကိုညီေလး၊ မစိမ္းခ်ိဳ (မျမဝင္း) တို႔ျဖစ္ၾကသည္၊

သခင္သန္းထြန္းသည္ ပ်ဥ္းမနားၿမိဳ႕ အဂၤလိပ္-ျမန္မာ အထက္တန္းေက်ာင္းမွ ဆယ္တန္း(တကၠသိုလ္ဝင္တန္း)ကို အဂၤလိပ္စာ၊ ရာဇဝင္၊ ျမန္မာတို႔႔ ဂုဏ္ထူးသံုးဘာသာျဖင့္ ေအာင္ျမင္ျပီးေနာက္ ရန္ကုန္ၿမိဳ႕ ဆရာျဖစ္သင္ ေကာလိပ္တြင္ ပညာ ဆက္လက္ သင္ၾကားခဲ့သည္။ ဆရာအတတ္သင္ေက်ာင္းမွ ဆင္းျပီးေနာက္ ရန္ကုန္ၿမိဳ႕ကန္ေတာ္ကေလးရပ္ရွိ ဘားမား မြတ္စလင္ အထက္တန္းေက်ာင္း(ယခု အထက(၆)မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္) တြင္ ေက်ာင္းဆရာအျဖစ္ အမႈထမ္းခဲ့ ေလသည္။ ကိုလိုနီေခတ္ျမန္မာႏိုင္ငံ လြတ္လပ္ေရးႀကိဳးပမ္းမႈကာလတြင္ သခင္သန္းထြန္းသည္ တို႔ဗမာအစည္းအရံုးသို႔ ဝင္ေရာက္ခဲ့ သည္။ ထို႔ေနာက္ ၁၉၃၇ ခုႏွစ္ ႏိုဝင္ဘာလ ၄ ရက္ေန႔တြင္ သခင္ႏု၊ ဦးထြန္းေအး၊ ဦးအုန္းခင္တို႔ႏွင့္အတူ နဂါးနီ စာအုပ္ အသင္း တည္ေထာင္ရာတြင္ ပါဝင္ခဲ့သည္။

ထို႔ေနာက္ တို႔ဗမာအစည္းအရံုးတြင္လည္း လယ္ယာစိုက္ပ်ိဳးေရးဆိုင္ရာ တာဝန္ခံအမႈေဆာင္အျဖစ္လည္းေကာင္း၊ အတြင္းေရးမွဴး အျဖစ္လည္းေကာင္း တာဝန္ယူကာ ဆက္လက္ပါဝင္လႈပ္ရွားခဲ့ေပသည္။ ၁၉၄၀ ျပည့္ႏွစ္မတ္လ၂၉ ရက္ေန႔တြင္ အိႏၵိယႏိုင္ငံ ရမ္းဂါးၿမိဳ႕(Ramgarh)တြင္ က်င္းပသည့္ အိႏၵိယ ကြန္ဂရက္ပါတီ ညီလာခံသို႔ တို႔ဗမာအစည္းအရံုး၏ ကိုယ္စားလွယ္အျဖစ္ သခင္ေအာင္ဆန္း၊ သခင္တင္ေမာင္၊ သခင္အုန္းျမင့္(တိုးတက္ေရး)၊ ကိုထြန္းရွိန္၊ ကိုဗဟိန္း၊ သခင္ ဆင္ဂူပတား တို႔ႏွင့္အတူ တက္ေရာက္ခဲ့သည္။ ထိုအခ်ိန္တြင္ ျမန္မာျပည္သို႔ေရာက္ရွိလာေသာ မာ့က္စ္ဝါဒ စာအုပ္မ်ားကိုဖတ္႐ႈကာ ကြန္ျမဴနစ္ ဝါဒကို စိတ္ဝင္စားခဲ့သည္။ ယင္းေနာက္ ဗမာျပည္ကြန္ျမဴနစ္ပါတီတြင္ ပါဝင္လႈပ္ရွားခဲ့ေလသည္၊

၁၉၄၀ ျပည့္ႏွစ္မွ ၁၉၄၂ ခုႏွစ္အတြင္း သခင္သန္းထြန္းသည္ နယ္ခ်ဲ႕ဆန္႔က်င္ေရး လႈပ္ရွားမႈမ်ားေၾကာင့္ ေထာင္က်ခဲ့ေလ သည္။ ၁၉၄၂-၄၄ ဂ်ပန္ေခတ္တြင္ သခင္သန္းထြန္းသည္ ျမန္မာႏိုင္ငံ အုပ္ခ်ဳပ္ေရး အဖြဲ႔တြင္ ေျမယာႏွင့္ လယ္ယာစိုက္ပ်ိဳးေရး တာဝန္ခံအျဖစ္ လည္းေကာင္း၊ ျမန္မာ့လြတ္လပ္ေရး ျပင္ဆင္မႈေကာ္မတီတြင္ အဖြဲ႔ဝင္အျဖစ္ လည္းေကာင္း၊ ၁၉၄၃ ခုႏွစ္ ၾသဂုတ္လ ၁ ရက္ေန႔မွစ၍ ျမန္မာႏိုင္ငံ အစိုးရ အဖြဲ႔တြင္ ေျမယာႏွင့္ လယ္ယာစိုက္ပ်ိဳးေရးဌာန ဝန္ႀကီးအျဖစ္ လည္းေကာင္း တာဝန္ယူ ေဆာင္ရြက္ခဲ့သည္။ ထို႔ေနာက္ ဖဆပလ အဖြဲ႔ႀကီးကို စတင္ဖြဲ႔စည္းေသာအခါ အဖြဲ႔ဝင္အျဖစ္ ပါဝင္ကာ ဖက္ဆစ္ ေတာ္လွန္ေရး လုပ္ငန္းမ်ားကုိ ေဆာင္ရြက္ခဲ့သည္။

၁၉၄၅ ခုႏွစ္ ဇူလိုင္လတြင္ သခင္သန္းထြန္းသည္ ဗမာျပည္ကြန္ျမဴနစ္ပါတီ၏ ဥကၠဌျဖစ္လာသည္၊ ယင္းႏွစ္တြင္ ေျမာင္းျမၿမိဳ႕ေန ဦးဖိုးညွင္း ေဒၚဖြားစုတို႔၏ သားသမီးကိုးေယာက္အနက္ ပဥၥမေျမာက္သမီး မခင္ႀကီး(ဗိုလ္ခ်ဳပ္ေအာင္ဆန္း ကေတာ္ ေဒၚခင္ၾကည္ ၏ အစ္မ)ႏွင့္ ထိမ္းျမား၍ သမီး ခင္မမ၊ သား ေမာင္ထြန္းေအာင္၊ ေမာင္ထြန္းဝင္းတို႔ ထြန္းကားခဲ့သည္။ ေဒၚခင္ႀကီးသည္ သခင္သန္းထြန္း ထက္ အသက္ ၂ ႏွစ္ႀကီးသည္။

ထို႔ေနာက္ ၁၉၄၆ ခုႏွစ္တြင္ သခင္သန္းထြန္းသည္ ဖဆပလအဖြဲ႔၏ အေထြေထြအတြင္းေရးမွဴး အျဖစ္ ေရြးခ်ယ္တင္ေျမွာက္ ျခင္း ခံရေလသည္၊ ၁၉၄၆ ေအာက္တိုဘာလ ၁၀ရက္ေန႔တြင္ သခင္သန္းထြန္းတို႔ ဦးေဆာင္သည့္ ဗမာျပည္ကြန္ျမဴနစ္ပါတီ သည္ ဖဆပလ အဖြဲ႔ခ်ဳပ္မွ ထုတ္ပယ္ျခင္းခံရသည္။ ၁၉၄၈ မတ္လ၂၈ တြင္သခင္သန္းထြန္း ဦးေဆာင္ေသာ ဗမာျပည္ ကြန္ျမဴနစ္ ပါတီသည္ အစိုးရကို ေတာ္လွန္ပုန္ကန္ကာ ေတာခိုခဲ့သည္၊ ယင္းေနာက္ ေျမေအာက္ဗမာျပည္ ကြန္ျမဴနစ္ပါတီ၏ ဥကၠဌအျဖစ္ ႏွစ္ေပါင္း ၂၀ ေက်ာ္ ေဆာင္ရြက္ခဲ့သည္။

၁၉၆၈ စက္တင္ဘာလ ၂၄ ရက္ေန႔ ညေန ၅ နာရီ မိနစ္၂၀ အခ်ိန္တြင္ ေတာင္ငူခရိုင္ အုတ္တြင္းၿမိဳ႕နယ္ အေနာက္ဘက္ျခမ္း ပဲခူးရိုးမ အေရွ႕ေစာင္း ေက်ာက္ေခ်ာင္းကမ္းပါးရွိ ေတာင္ေၾကာေလးေပၚတြင္ အခင္းသြားေနစဥ္ ႀကံဳတိတ္ ေခၚ လံုတိတ္ ေခၚ ရဲေဘာ္ ျမႀကီး ဆိုသူက ရိုင္ဖယ္ေသနတ္ျဖင့္ အနီးကပ္ ပစ္ခတ္ လုပ္ႀကံေသာေၾကာင့္ သခင္သန္းထြန္း သည္ က်ဆံုးသြားခဲ့ရေပသည္။

သခင္သန္းထြန္အား ရဲေဘာ္ျမႀကီး ေသနတ္ျဖင့္ လုပ္ႀကံပစ္ခတ္ခဲ့ပံုကို ၁၉၆၈ ႏိုဝင္ဘာ၂၈ ရက္ ညေန ၄ နာရီတြင္ ရန္ကုန္ၿမိဳ႕ ျပည္လမ္း ျမန္မာ့အသံလႊင့္ရံု၌ က်င္းပျပဳလုပ္ခဲ့သည့္ သတင္းစာရွင္းလင္းပြဲတြင္ ဗမာျပည္ ကြန္ျမဴနစ္ပါတီ ဗဟို ေကာ္မတီဝင္ ပဲခူးရိုးမ တိုင္းဥကၠဌ ဗိုလ္မွဴးျမေခၚ ရဲေဘာ္ျမသည္ သတင္းစာဆရာမ်ားအား ေအာက္ပါအတိုင္းေျပာျပခဲ့သည္။

“လြန္ခဲ့သည့္စက္တင္ဘာ ၂၄ ရက္ေန႔က မိမိတို႔သည္ ေတာင္ငူခရိုင္ အုတ္တြင္းၿမိဳ႕နယ္ အေနာက္ဘက္ရိုးမ ေတာင္စြယ္ တြင္ ဗဟိုစခန္းခ်ခဲ့ၾကသည္။ ထိုေန႔ညေန ၅ နာရီေက်ာ္ခန္႔တြင္ ဥကၠဌ သခင္သန္းထြန္းသည္ အခင္းႀကီးစြန္႔ရန္ေတာင္ ေျခသို႔ ဆင္းသြားျပီး မၾကာမီတြင္ ေသနတ္သံတခ်က္ ၾကားရသည္။ ေသနတ္သံၾကားရ၍ မိမိက လွမ္းအၾကည့္တြင္ လံုခ်ည္ကို လက္ ႏွစ္ဘက္ျဖင့္မကာ ေတာင္ေျခမွ ဗဟိုစခန္းေပၚသို႔ ေျပးတက္လာျပီး ဘယ္သူက ပစ္လိုက္တယ္မသိဘူးဟု တခြန္းသာေျပာႏိုင္သည္။ မိမိက ေသနတ္သံလာရာကို လိုက္ၾကည့္ျပီး ျပန္အလာတြင္ သခင္သန္းထြန္း လဲေနသည္ကို ေတြ႔ရသည္။ ၅ မိနစ္ အၾကာတြင္ ေသဆံုးသြားသည္။ ဗကပ ေဆးမႉး ကိုလွေမာင္၏ စစ္ေဆးခ်က္အရ ေသနတ္က်ည္ဆန္သည္ ဘယ္နံေစာင္းမွ ဝင္ကာ ညာဘက္ႏို႔အံုမွ ေပါက္သြားၿပီး ႏွလံုးထက္မွ ေသြးေၾကာမႀကီး ျပတ္သြားသည္ဟု သိရသည္။ ေဆးလံုးဝ ကုသခ်ိန္မရဘဲ ၅ မိနစ္ အတြင္း ေသဆံုးသြားသည္။ ထိုညမွာပင္ ဗကပ ဗဟိုစခန္းကို ေနရာေျပာင္းေရႊ႕ကာ တရက္ခရီးသြားအျပီး သခင္ သန္းထြန္း၏ အေလာင္းကို လွ်ိဳ႕ဝွက္စြာ ျမႇဳပ္ႏွံသၿဂႋဳဟ္ခဲ့ေၾကာင္း” စသည္ျဖင့္ ေျပာၾကားသြားသည္။

သခင္သန္းထြန္း အေလာင္းျမွပ္ႏွံရာေနရာကို တပ္မေတာ္ကေတြ႔ရွိခဲ့ပံုကို တပ္မေတာ္ေထာက္လွမ္းေရး ဒုတိယ ညႊန္ၾကားေရးမွဴး ဒုတိယ ဗိုလ္မွဴးႀကီး တင္ဦး(ေနာင္ ေထာက္လွမ္းေရးညႊန္ခ်ဳပ္ ဗိုလ္မွဴးခ်ဳပ္ မ်က္မွန္တင္ဦး)က ေျပာၾကား ရာ တြင္ “သခင္ သန္းထြန္းအား ေသနတ္ျဖင့္ပစ္ခဲ့သူ ေမာင္ျမႀကီး ေျပာၾကားခ်က္ကို မိမိတို႔စစ္ေဆးရန္အတြက္ မိမိသည္ တပ္မေတာ္ ေထာက္လွမ္းေရးမွ တာဝန္ရွိ ပုဂၢိဳလ္မ်ား၊ တပ္မ ၇၇ မွ တာဝန္ရွိ ပုဂၢိဳလ္မ်ားႏွင့္အတူ သခင္သန္းထြန္း လုပ္ႀကံ ခံရသည့္ေနရာသို႔ သြားေရာက္ခဲ့ၾကေၾကာင္း၊ ထိုေနရာတြင္ ဗကပ မ်ားသည္ စခန္းကို ျဗဳန္းစားႀကီး ေျပာင္းေရႊ႕ခဲ့၍ ပလတ္စတစ္ အမိုးစမ်ား ဝါးတိုင္ မ်ားတြင္ စုတ္ျပတ္က်န္ရစ္ခဲ့သည္ကို လည္းေကာင္း၊ သခင္သန္းထြန္း အေလာင္းသယ္ယူရာတြင္ အသံုးျပဳရန္အတြက္ ခုတ္ယူသြားသည့္ ဝါးငုတ္တိုတို႔ကိုလည္းေကာင္း၊ ထိုးေဆးပုလင္းမ်ား၊ ေသြးစေသြးနမ်ား ေတြ႕ရွိခဲ့ရေၾကာင္း၊ ထို႔အျပင္ ေမာင္ျမႀကီး၏ ေသနတ္ကို စီအိုင္ဒီ(ရဲမႈခင္းတပ္ဖြဲ႔)သို႔ ပို႔၍ စစ္ေဆးျခင္း၊ သခင္သန္းထြန္း လဲက်သည့္ေနရာမွ ေသြးစမ်ားကို ေဒါက္တာ ေမာင္ေမာင္တိတ္ အား ဓာတ္ခြဲၾကည့္ေစျခင္းမ်ားျပဳလုပ္ခဲ့သည္။ သခင္သန္းထြန္း အား ျမဳပ္ႏွံထားသည့္ေနရာကို ႏိုဝင္ဘာလ၂၀ ရက္ ေန႔မွစ၍ ေန႔စဥ္ရက္ဆက္ ရွာေဖြခဲ့ရာ ႏိုဝင္ဘာ၂၃ မြန္းလြဲ ၁၂ နာရီ မိနစ္ ၂၀ တြင္ ဦးျမ(ရဲေဘာ္ျမ)၏ လမ္းညႊန္မႈျဖင့္ ေတြ႔ရွိခဲ့သည္။ သခင္သန္းထြန္း၏ ႐ုပ္အေလာင္းသည္ ပလတ္စတစ္ျဖင့္ ဖံုးအုပ္ျပီး ျမွပ္ႏွံခဲ့သည့္အတြက္ ညာဘက္ လက္ေမာင္းပင္ အသားမ်ားေယာင္ယမ္းေနသည္ကို ေတြ႔ရသည္။ ယင္ေကာင္ မ်ားမအံုမီ ဓာတ္ပံုမ်ား ရိုက္ယူျပီး သခင္သန္းထြန္း၏အေလာင္းကို တူးေဖာ္ေတြ႔ရွိသည့္ ေနရာမွာပင္ ေကာင္းမြန္စြာ သၿဂႋဳဟ္ လိုက္ေၾကာင္း”စသည္ျဖင့္ ေျပာၾကားသြားသည္၊

သခင္သန္းထြန္း က်ဆံုးသြားေသာအခါ ဇနီး ေဒၚခင္ႀကီးႏွင့္ သမီးတေယာက္ သားႏွစ္ေယာက္ က်န္ရစ္ခဲ့ေလသည္။ သခင္ သန္းထြန္း၏ဇနီး ေဒၚခင္ႀကီး ၉၂ ႏွစ္သည္ ၂၀ဝ၁ ခုႏွစ္ ဧျပီလ ၁၂ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕ ကမာ႐ြတ္ၿမိဳ႕နယ္ တကၠသိုလ္ ရိပ္သာ လမ္း ၿခံအမွတ္ ၅၄ ေနအိမ္တြင္ ကြယ္လြန္သြားခဲ့ေလသည္၊

စာကိုး –
(က) ျမန္မာ့စြယ္စံုက်မ္း အတြဲ ၁၃။ စာ ၁၃၇-၁၄၈
(ခ) သခင္ သန္းထြန္း၏ ေနာက္ဆံုးေန႔မ်ား
(ဂ) ေရွ႕သို႔စာေစာင္ အတြဲ ၁၄ အမွတ္၂ (၁၅-၁၂-၆၈)
(ဃ) Who’s who in Burma, pp193
(င) သခင္ သန္းထြန္း၏သမီး ေဒၚခင္မမ(ခင္ခင္သန္း) ေျပာျပခ်က္


သခင်သန်းထွန်း ရဲ့ အကြောင်း (unicode)

သန်းဝင်းလှိုင်

သခင်သန်းထွန်းသည် မြန်မာ့နိုင်ငံရေး လှုပ်ရှားမှု သမိုင်းတွင် လွန်ခဲ့သော နှစ်ပေါင်း ၇၀ ဝန်းကျင်က ထင်ရှားခဲ့သည့် နိုင်ငံရေး ခေါင်းဆောင် တဦး ဖြစ်ခဲ့ပေသည်။ အထူးသဖြင့် လွန်ခဲ့သော ၆၁ နှစ် အတွင်း သခင်သန်းထွန်းသည် “ဗမာပြည် ကွန်မြူနစ် ပါတီ”၏ ခေါင်းဆောင်ကြီး တဦး အဖြစ် ထင်ပေါ်ကျော်ကြား ခဲ့လေသည်။ သခင်သန်းထွန်း၏ နာမည်ကို ဗမာပြည်ကွန်မြူနစ် လောကတွင် သာမက ကမ္ဘာ့ ကွန်မြူနစ် လောကတွင်လည်း ကြားသိဖူးကြသည်။

သခင် သန်းထွန်းသည် နိုင်ငံရေး အစဉ်အလာ ကြီးမားခဲ့သူ ဖြစ်သည်။ မြန်မာ့ တော်လှန်ရေး သမိုင်း အဆက်ဆက် တွင်လည်း သခင် သန်းထွန်းသည် ရှေ့တန်းက ပါဝင်ခဲ့သည်သာ များသည်။ တို့ဗမာ အစည်းအရုံး ခေါင်းဆောင် တဦးအဖြစ်သာမက ၁၃ဝဝ ပြည့် ရေနံမြေ အလုပ်သမား အရေးနှင့် ကျောင်းသား အရေးတော်ပုံ တို့တွင် ဦးဆောင်မှုအပိုင်းမှ တက်ကြွစွာ ပါဝင်လှုပ်ရှား ခဲ့သကဲ့သို့ တောင်သူ လယ်သမားများ၏ အရေး ကို လည်း ရှေ့ဆောင် လုံးပမ်းခဲ့သည်။ ထို့အပြင် ဗမာ့လွတ်လပ်ရေး တိုက်ပွဲတွင် ရှေ့တန်းမှပါဝင်ခဲ့ပြီး ဖက်ဆစ်ဂျပန် တော်လှန်ရေး ပြောက်ကျား စစ်ပွဲတွင်လည်း ဇွဲကောင်းကောင်းဖြင့် ဦးစီးပါဝင်ခဲ့သူ ဖြစ်သည်။ ဗမာပြည် ကွန်မြူနစ်ပါတီလှုပ်ရှားမှုနှင့် ကွန်မြူနစ် အင်အားစုကို စည်းရုံး ရှေ့ဆောင်ခဲ့သူမှာလည်း သခင်သန်းထွန်းပင် ဖြစ်သည်။

ဆရာကြီး ဒဂုန်တာရာက “ရုပ်ပုံလွှာ” စာအုပ်တွင် သခင်သန်းထွန်းအား ဤသို့မှတ်တမ်းတင် ရေးဖွဲ့ထားသည်။
“သခင်သန်းထွန်းကို လူချင်းမသိမီကတည်းက အမည်ကို ကြားဖူးနေ၏။ ကိုဗဟိန်းက သခင်သန်းထွန်း၏ အကြောင်းကို မကြာခဏ ကျနော့်ကို ပြောပြ၏။ ထိုအခါက ကိုဗဟိန်းသည် တက္ကသိုလ်ရိပ်သာရှိ သထုံကျောင်းဆောင်တွင် မရှိဘဲ မြို့ထဲ ၃၈ လမ်းရှိ ဇဝန တို့ စုနေကြ သော အိမ်တွင် ရောက်နေတတ်၏။ ထိုအိမ်တွင် သခင်သန်းထွန်းလည်း နေ၏။
“သခင်သန်းထွန်းဆိုတာ တော်တော်စာဖတ်တယ်ဗျ။ မာ့က်စ် စာပေကိုလည်း အတော်ဖတ်တယ်။ စာရေးလည်း ကောင်း တယ်”ဟု ကျောင်းဆောင်သို့ ပြန်ရောက်လျှင် ကိုဗဟိန်း ကျနော့်ကို ပြောပြလေ့ရှိ၏။ စိတ်ထဲတွင် သခင်ပေါက်စတဦးပဲ ဟုသာ အောက်မေ့လိုက်၏။

တနေ့တွင် ကိုဗဟိန်းနဲ့အတူ ပန်းဆိုးတန်းရှိ ထွန်းအေးစာအုပ်ဖြန့်ချိရေးဌာနသို့ ရောက်သွားရာ သခင်သန်းထွန်းနှင့် သွားတွေ့၏။ ကိုဗဟိန်းက ကျနော့်ကို သခင်သန်းထွန်းနှင့် အသိဖွဲ့ပေး၏။
“ဩ … ဩ …ခင်ဗျားအကြောင်းကိုလည်း ကိုဗဟိန်းက ခဏခဏ ပြောပါတယ်ဗျာ”ဟု သခင်သန်းထွန်းက ပြုံးကာ ပြောလေသည်။
သူသည် မန္တလေးပိုး အပေါ်ဖုံး၊ ပိုးလုံချည် ဝတ်ထား၏။ မျက်နှာမှာ ခပ်လုံးလုံး၊ အရုပ်ဆိုးသည်ဟု ခေါ်ရပေမည်။ အသား က ဝါလဲ့လဲ့။ ဆံပင်ကောက်၏။ အထူးခြားဆုံးမှာ ခေါင်းကြီးခြင်းဖြစ်၏။ အမူအရာမှာ ပျော့ပျောင်း၏၊ စကားပြောသော အခါလည်း ခပ်အေးအေးနှင့် သိမ်မွေ့စွာပြော၏။
အစက ထင်ထားသကဲ့သို့ အာပေါင်အာရင်းသန်သန် ဟစ်အော်သူမဟုတ်။ ညှင်းညှင်းညံ့ညံ့ လေသံနှင့်။ ကဗျာဆရာ မီလ်တန်၊ လီနင်ဝါဒ၊ ကိုလိုနီတော်လှန်ရေး၊ ဘားနတ်ရှော ပြဇာတ်၊ ချားလ်စ်ဒစ်ကင်း၏ ဝတ္တု၊ ဗြိတိသျှပါလီမန်၊ ဦးကုလား ရာဇဝင်၊ သိပ္ပံ မောင်ဝ ၏ ခေတ်စမ်းစာ၊ နတ်ရှင်နောင်ရတု စသော အကြောင်းအရာများကို ပြော၏။

နောင်မှ သူသည် ဆရာဖြစ်သင် တက္ကသိုလ်ကျောင်းမှ ထွက်ကြောင်း သိရသည်။ ကျောင်းနေစဉ်က စာတော်သူတဦးဖြစ်ခဲ့၏။ တခါက အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော ဆောင်းပါးတစောင်ကို တက္ကသိုလ် သမဂ္ဂ မဂ္ဂဇင်းဟောင်းတစောင်တွင် ဖတ်ရဖူး၏။ သူသည် အင်္ဂလိပ်စာကို နိုင်နင်းစွာ ရေးနိုင်သူဖြစ်၏။ ဂျပန်ခေတ် သူဝန်ကြီးဖြစ်စဉ် သူရေးထားသော အင်္ဂလိပ်စာကို ဖတ်၍ နောင် ဖဆပလ ခေတ် ဒုတိယဝန်ကြီးချုပ်ဖြစ်ခဲ့သူ ကိုကျော်ငြိမ်းက ‘အင်္ဂလိပ်စာရေးတာ မြန် သလောက် ကောင်းတာပါပဲ’ ဟု ချီကျူးသည်ကို ကြားရဖူး၏။ ၁၉၃၉ က တို့ဗမာအစည်းအရုံးမှ ကိုယ်စားလှယ်များအဖွဲ့သည် ကွန်ဂရက်၏ ဖိတ်ကြားချက်အရ အိန္ဒိယပြည် ရမ်းဂါး သွားကြ၏။ သခင်အောင်ဆန်း၊ ကိုဗဟိန်း၊ သခင်သန်းထွန်းတို့ ပါသွားကြ၏၊ တက္ကသိုလ် ကျောင်းသား သမဂ္ဂ များက သခင်အောင်ဆန်း၊ သခင်သန်းထွန်းတို့ကို မကြာခဏဖိတ်၍ စကားပြောစေသည်ဟု သိရ၏။ သခင်သန်းထွန်းကို ပွဲတောင်းလှသည်ဟု ကြားရ၏။

ဂျပန်ခေတ် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဖြစ်စဉ်က သူ့ဌာနတွင်လုပ်သော အတွင်းဝန်များသည် သူ့ကိုလေးစားကြသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် လယ်ယာစိုက်ပျိုးရေးကို လေ့လာနားလည်ပြီး ညာဝါးဖြန်းသန်းကာ မဆိုင်သည်ကို ဝင်ရောက် စွက်ဖက်ခြင်း မလုပ်သောကြောင့်ဖြစ်သည်”ဟူ၍ ရေးသားထားလေသည်။ သခင်သန်းထွန်းသည် မြန်မာလိုရော အင်္ဂလိပ်လိုပါ စာရေးကောင်းသူဖြစ်သည်။ သုပဏ္ဏက ကလောင်အမည်ဖြင့်လည်း ဆောင်းပါးများ။ ဘာသာပြန်စာပေများရေးသားခဲ့သည်။ ၁၉၃၉ ခုနှစ်က အရေးတော်ပုံ အမည်ရှိ ကွန်မြူနစ်ပါတီ ဂျာနယ် ကို လည်း လျှို့ဝှက် ထုတ်ဝေခဲ့သည်။

သို့ကလို ထူးချွန်ထက်မြက်၍ နိုင်ငံရေးသမိုင်းအစဉ်အလာ ကြီးမားခဲ့သော သခင်သန်းထွန်းကို ၁၉၁၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် တောင်ငူခရိုင် ကညွတ်ကွင်းမြို့ အဘ ဦးဘိုးမောင်၊ အမိ ဒေါ်အေးကြူတို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း ၆ ဦး အနက် တတိယမြောက်ဖြစ်သည်။ သူ့အထက် အစ်ကိုတို့မှာ ဦးတင်(သာယာဝတီထောင်မှူးဟောင်း)၊ ဦးညီပုတို့ဖြစ်ပြီး သူ့အောက် ညီနှင့် ညီမတို့မှာ မစိမ်းညို၊ ကိုညီလေး၊ မစိမ်းချို (မမြဝင်း) တို့ဖြစ်ကြသည်၊

သခင်သန်းထွန်းသည် ပျဉ်းမနားမြို့ အင်္ဂလိပ်-မြန်မာ အထက်တန်းကျောင်းမှ ဆယ်တန်း(တက္ကသိုလ်ဝင်တန်း)ကို အင်္ဂလိပ်စာ၊ ရာဇဝင်၊ မြန်မာတို့ ဂုဏ်ထူးသုံးဘာသာဖြင့် အောင်မြင်ပြီးနောက် ရန်ကုန်မြို့ ဆရာဖြစ်သင် ကောလိပ်တွင် ပညာ ဆက်လက် သင်ကြားခဲ့သည်။ ဆရာအတတ်သင်ကျောင်းမှ ဆင်းပြီးနောက် ရန်ကုန်မြို့ကန်တော်ကလေးရပ်ရှိ ဘားမား မွတ်စလင် အထက်တန်းကျောင်း(ယခု အထက(၆)မင်္ဂလာတောင်ညွန့်မြို့နယ်) တွင် ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့ လေသည်။ ကိုလိုနီခေတ်မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် သခင်သန်းထွန်းသည် တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ခဲ့ သည်။ ထို့နောက် ၁၉၃၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် သခင်နု၊ ဦးထွန်းအေး၊ ဦးအုန်းခင်တို့နှင့်အတူ နဂါးနီ စာအုပ် အသင်း တည်ထောင်ရာတွင် ပါဝင်ခဲ့သည်။

ထို့နောက် တို့ဗမာအစည်းအရုံးတွင်လည်း လယ်ယာစိုက်ပျိုးရေးဆိုင်ရာ တာဝန်ခံအမှုဆောင်အဖြစ်လည်းကောင်း၊ အတွင်းရေးမှူး အဖြစ်လည်းကောင်း တာဝန်ယူကာ ဆက်လက်ပါဝင်လှုပ်ရှားခဲ့ပေသည်။ ၁၉၄၀ ပြည့်နှစ်မတ်လ၂၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့(Ramgarh)တွင် ကျင်းပသည့် အိန္ဒိယ ကွန်ဂရက်ပါတီ ညီလာခံသို့ တို့ဗမာအစည်းအရုံး၏ ကိုယ်စားလှယ်အဖြစ် သခင်အောင်ဆန်း၊ သခင်တင်မောင်၊ သခင်အုန်းမြင့်(တိုးတက်ရေး)၊ ကိုထွန်းရှိန်၊ ကိုဗဟိန်း၊ သခင် ဆင်ဂူပတား တို့နှင့်အတူ တက်ရောက်ခဲ့သည်။ ထိုအချိန်တွင် မြန်မာပြည်သို့ရောက်ရှိလာသော မာ့က်စ်ဝါဒ စာအုပ်များကိုဖတ်ရှုကာ ကွန်မြူနစ် ဝါဒကို စိတ်ဝင်စားခဲ့သည်။ ယင်းနောက် ဗမာပြည်ကွန်မြူနစ်ပါတီတွင် ပါဝင်လှုပ်ရှားခဲ့လေသည်၊

၁၉၄၀ ပြည့်နှစ်မှ ၁၉၄၂ ခုနှစ်အတွင်း သခင်သန်းထွန်းသည် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ထောင်ကျခဲ့လေ သည်။ ၁၉၄၂-၄၄ ဂျပန်ခေတ်တွင် သခင်သန်းထွန်းသည် မြန်မာနိုင်ငံ အုပ်ချုပ်ရေး အဖွဲ့တွင် မြေယာနှင့် လယ်ယာစိုက်ပျိုးရေး တာဝန်ခံအဖြစ် လည်းကောင်း၊ မြန်မာ့လွတ်လပ်ရေး ပြင်ဆင်မှုကော်မတီတွင် အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံ အစိုးရ အဖွဲ့တွင် မြေယာနှင့် လယ်ယာစိုက်ပျိုးရေးဌာန ဝန်ကြီးအဖြစ် လည်းကောင်း တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဖဆပလ အဖွဲ့ကြီးကို စတင်ဖွဲ့စည်းသောအခါ အဖွဲ့ဝင်အဖြစ် ပါဝင်ကာ ဖက်ဆစ် တော်လှန်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

၁၉၄၅ ခုနှစ် ဇူလိုင်လတွင် သခင်သန်းထွန်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဥက္ကဌဖြစ်လာသည်၊ ယင်းနှစ်တွင် မြောင်းမြမြို့နေ ဦးဖိုးညှင်း ဒေါ်ဖွားစုတို့၏ သားသမီးကိုးယောက်အနက် ပဥ္စမမြောက်သမီး မခင်ကြီး(ဗိုလ်ချုပ်အောင်ဆန်း ကတော် ဒေါ်ခင်ကြည် ၏ အစ်မ)နှင့် ထိမ်းမြား၍ သမီး ခင်မမ၊ သား မောင်ထွန်းအောင်၊ မောင်ထွန်းဝင်းတို့ ထွန်းကားခဲ့သည်။ ဒေါ်ခင်ကြီးသည် သခင်သန်းထွန်း ထက် အသက် ၂ နှစ်ကြီးသည်။

ထို့နောက် ၁၉၄၆ ခုနှစ်တွင် သခင်သန်းထွန်းသည် ဖဆပလအဖွဲ့၏ အထွေထွေအတွင်းရေးမှူး အဖြစ် ရွေးချယ်တင်မြှောက် ခြင်း ခံရလေသည်၊ ၁၉၄၆ အောက်တိုဘာလ ၁ဝရက်နေ့တွင် သခင်သန်းထွန်းတို့ ဦးဆောင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ သည် ဖဆပလ အဖွဲ့ချုပ်မှ ထုတ်ပယ်ခြင်းခံရသည်။ ၁၉၄၈ မတ်လ၂၈ တွင်သခင်သန်းထွန်း ဦးဆောင်သော ဗမာပြည် ကွန်မြူနစ် ပါတီသည် အစိုးရကို တော်လှန်ပုန်ကန်ကာ တောခိုခဲ့သည်၊ ယင်းနောက် မြေအောက်ဗမာပြည် ကွန်မြူနစ်ပါတီ၏ ဥက္ကဌအဖြစ် နှစ်ပေါင်း ၂၀ ကျော် ဆောင်ရွက်ခဲ့သည်။

၁၉၆၈ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီ မိနစ်၂၀ အချိန်တွင် တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အနောက်ဘက်ခြမ်း ပဲခူးရိုးမ အရှေ့စောင်း ကျောက်ချောင်းကမ်းပါးရှိ တောင်ကြောလေးပေါ်တွင် အခင်းသွားနေစဉ် ကြုံတိတ် ခေါ် လုံတိတ် ခေါ် ရဲဘော် မြကြီး ဆိုသူက ရိုင်ဖယ်သေနတ်ဖြင့် အနီးကပ် ပစ်ခတ် လုပ်ကြံသောကြောင့် သခင်သန်းထွန်း သည် ကျဆုံးသွားခဲ့ရပေသည်။

သခင်သန်းထွန်အား ရဲဘော်မြကြီး သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခဲ့ပုံကို ၁၉၆၈ နိုဝင်ဘာ၂၈ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်း မြန်မာ့အသံလွှင့်ရုံ၌ ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီဝင် ပဲခူးရိုးမ တိုင်းဥက္ကဌ ဗိုလ်မှူးမြခေါ် ရဲဘော်မြသည် သတင်းစာဆရာများအား အောက်ပါအတိုင်းပြောပြခဲ့သည်။

“လွန်ခဲ့သည့်စက်တင်ဘာ ၂၄ ရက်နေ့က မိမိတို့သည် တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အနောက်ဘက်ရိုးမ တောင်စွယ် တွင် ဗဟိုစခန်းချခဲ့ကြသည်။ ထိုနေ့ညနေ ၅ နာရီကျော်ခန့်တွင် ဥက္ကဌ သခင်သန်းထွန်းသည် အခင်းကြီးစွန့်ရန်တောင် ခြေသို့ ဆင်းသွားပြီး မကြာမီတွင် သေနတ်သံတချက် ကြားရသည်။ သေနတ်သံကြားရ၍ မိမိက လှမ်းအကြည့်တွင် လုံချည်ကို လက် နှစ်ဘက်ဖြင့်မကာ တောင်ခြေမှ ဗဟိုစခန်းပေါ်သို့ ပြေးတက်လာပြီး ဘယ်သူက ပစ်လိုက်တယ်မသိဘူးဟု တခွန်းသာပြောနိုင်သည်။ မိမိက သေနတ်သံလာရာကို လိုက်ကြည့်ပြီး ပြန်အလာတွင် သခင်သန်းထွန်း လဲနေသည်ကို တွေ့ရသည်။ ၅ မိနစ် အကြာတွင် သေဆုံးသွားသည်။ ဗကပ ဆေးမှူး ကိုလှမောင်၏ စစ်ဆေးချက်အရ သေနတ်ကျည်ဆန်သည် ဘယ်နံစောင်းမှ ဝင်ကာ ညာဘက်နို့အုံမှ ပေါက်သွားပြီး နှလုံးထက်မှ သွေးကြောမကြီး ပြတ်သွားသည်ဟု သိရသည်။ ဆေးလုံးဝ ကုသချိန်မရဘဲ ၅ မိနစ် အတွင်း သေဆုံးသွားသည်။ ထိုညမှာပင် ဗကပ ဗဟိုစခန်းကို နေရာပြောင်းရွှေ့ကာ တရက်ခရီးသွားအပြီး သခင် သန်းထွန်း၏ အလောင်းကို လျှို့ဝှက်စွာ မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြောင်း” စသည်ဖြင့် ပြောကြားသွားသည်။ (သခင်သန်းထွန်းအား လုပ်ကြံခဲ့သူမှာ မြေအောက်ကွန်မြူနစ်ပါတီမှ တပ်သားတစ်ဦးဖြစ်သူ ကျုံတိတ်(ခေါ်) လုံတိတ်(ခေါ်) မြကြီးဆိုသူဖြစ်သည် )

သခင်သန်းထွန်း အလောင်းမြှပ်နှံရာနေရာကို တပ်မတော်ကတွေ့ရှိခဲ့ပုံကို တပ်မတော်ထောက်လှမ်းရေး ဒုတိယ ညွှန်ကြားရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တင်ဦး(နောင် ထောက်လှမ်းရေးညွှန်ချုပ် ဗိုလ်မှူးချုပ် မျက်မှန်တင်ဦး)က ပြောကြား ရာ တွင် “သခင် သန်းထွန်းအား သေနတ်ဖြင့်ပစ်ခဲ့သူ မောင်မြကြီး ပြောကြားချက်ကို မိမိတို့စစ်ဆေးရန်အတွက် မိမိသည် တပ်မတော် ထောက်လှမ်းရေးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တပ်မ ၇၇ မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်အတူ သခင်သန်းထွန်း လုပ်ကြံ ခံရသည့်နေရာသို့ သွားရောက်ခဲ့ကြကြောင်း၊ ထိုနေရာတွင် ဗကပ များသည် စခန်းကို ဗြုန်းစားကြီး ပြောင်းရွှေ့ခဲ့၍ ပလတ်စတစ် အမိုးစများ ဝါးတိုင် များတွင် စုတ်ပြတ်ကျန်ရစ်ခဲ့သည်ကို လည်းကောင်း၊ သခင်သန်းထွန်း အလောင်းသယ်ယူရာတွင် အသုံးပြုရန်အတွက် ခုတ်ယူသွားသည့် ဝါးငုတ်တိုတို့ကိုလည်းကောင်း၊ ထိုးဆေးပုလင်းများ၊ သွေးစသွေးနများ တွေ့ရှိခဲ့ရကြောင်း၊ ထို့အပြင် မောင်မြကြီး၏ သေနတ်ကို စီအိုင်ဒီ(ရဲမှုခင်းတပ်ဖွဲ့)သို့ ပို့၍ စစ်ဆေးခြင်း၊ သခင်သန်းထွန်း လဲကျသည့်နေရာမှ သွေးစများကို ဒေါက်တာ မောင်မောင်တိတ် အား ဓာတ်ခွဲကြည့်စေခြင်းများပြုလုပ်ခဲ့သည်။ သခင်သန်းထွန်း အား မြုပ်နှံထားသည့်နေရာကို နိုဝင်ဘာလ၂၀ ရက် နေ့မှစ၍ နေ့စဉ်ရက်ဆက် ရှာဖွေခဲ့ရာ နိုဝင်ဘာ၂၃ မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင် ဦးမြ(ရဲဘော်မြ)၏ လမ်းညွှန်မှုဖြင့် တွေ့ရှိခဲ့သည်။ သခင်သန်းထွန်း၏ ရုပ်အလောင်းသည် ပလတ်စတစ်ဖြင့် ဖုံးအုပ်ပြီး မြှပ်နှံခဲ့သည့်အတွက် ညာဘက် လက်မောင်းပင် အသားများယောင်ယမ်းနေသည်ကို တွေ့ရသည်။ ယင်ကောင် များမအုံမီ ဓာတ်ပုံများ ရိုက်ယူပြီး သခင်သန်းထွန်း၏အလောင်းကို တူးဖော်တွေ့ရှိသည့် နေရာမှာပင် ကောင်းမွန်စွာ သင်္ဂြိုဟ် လိုက်ကြောင်း”စသည်ဖြင့် ပြောကြားသွားသည်၊

သခင်သန်းထွန်း ကျဆုံးသွားသောအခါ ဇနီး ဒေါ်ခင်ကြီးနှင့် သမီးတယောက် သားနှစ်ယောက် ကျန်ရစ်ခဲ့လေသည်။ သခင် သန်းထွန်း၏ဇနီး ဒေါ်ခင်ကြီး ၉၂ နှစ်သည် ၂ဝဝ၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တက္ကသိုလ် ရိပ်သာ လမ်း ခြံအမှတ် ၅၄ နေအိမ်တွင် ကွယ်လွန်သွားခဲ့လေသည်၊

စာကိုး –
(က) မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၃။ စာ ၁၃၇-၁၄၈
(ခ) သခင် သန်းထွန်း၏ နောက်ဆုံးနေ့များ
(ဂ) ရှေ့သို့စာစောင် အတွဲ ၁၄ အမှတ်၂ (၁၅-၁၂-၆၈)
(ဃ) Who’s who in Burma, pp193
(င) သခင် သန်းထွန်း၏သမီး ဒေါ်ခင်မမ(ခင်ခင်သန်း) ပြောပြချက်

Leave a Reply