ယေန႔ေခတ္ ေဆးသိပၸံရဲ႕ ဖခင္ႀကီး ဝီလီယမ္ ဟာေဗး

Posted on

ဝီလီယမ္ ဟာေဗး (၁၅၇၈ – ၁၆၅၇)

ေသြးလွည့္လည္ျခင္းနဲ႔ ႏွလုံးရဲ႕တာဝန္အေၾကာင္း စတင္ေတြ႔ရွိတဲ့ အဂၤလိပ္သမားေတာ္ႀကီး ဝီလီယမ္ဟာေဗး (William Harvey) ကို အဂၤလန္ (England) ဖုတ္စတုန္း (Folkestone) ၿမိဳ႕မွာ ၁၅၇၈ မွာ ေမြးဖြားတယ္။ ဟာေဗးဟာ တိရိစာၦန္ေတြရဲ႕ႏွလုံးနဲ႔ ေသြးလႈပ္ရွားပုံခႏၶာေဗဒက်မ္း (An Anatomical Treatise on the Movement of the Heart and Blood in Animals) ကို ၁၆၂၈ မွာ ပုံႏွိပ္ထုတ္ေဝပါတယ္။ ဇီဝကမၼသမိုင္းတစ္ေလွ်ာက္လုံးမွာ ဒီက်မ္းဟာအေရးအပါဆုံးဆိုတာ ေပၚလြင္ပါတယ္။ ဇီဝကမၼေခတ္သိပၸံမွာ ဒီက်မ္းက အစျဖစ္ပါတယ္။ အဲဒီက်မ္းရဲ႕ မူလအက်ဆုံး အသုံးဝင္ပုံက တိုက္႐ိုက္ယူငင္သုံးစြဲႏိုင္တာမ်ဳိး မဟုတ္ပါ။

ဒီက်မ္းထဲမွာ လူ႔ခႏၶာကိုယ္ ဘယ္လိုအလုပ္လုပ္ေနသလဲ ဆိုတာကို အေျခခံကစၿပီး ေဖာ္ျပထားတယ္။ အဲဒါပဲ အင္မတန္ အသုံးဝင္ပါတယ္။ ခုေခတ္ခုခါေတာ့ ငယ္စဥ္ကစၿပီး ခႏၶာကိုယ္ထဲမွာ ေသြးေတြလည္ပတ္သြားလာေနတယ္ဆိုတာ သိၿပီးျဖစ္ေနၾကေတာ့့ ဟာေဗးရဲ႕ သီအိုရီဟာ ဘာမွ်မဆန္းပါလို႔ ထင္ၾကမယ္။ ဒါေပမယ့္ ေခတ္ဦးဇီဝေဗဒ ပညာရွင္ေတြအဖို႔ ဒါကိုသိမွာမဟုတ္ပါ။ ဇီဝေဗဒ အေၾကာင္း ေရွ႕ေဆာင္ေရးသားသူေတြက…
(၁) ႏွလုံးထဲမွာ စားတဲ့စာက ေသြးျဖစ္တယ္။
(၂) ႏွလုံးက ေသြးကို ပူေႏြးေစတယ္။
(၃) ေသြးလႊတ္ေၾကာ (arteries) ေတြထဲမွာ ေလရွိတယ္။
(၄) ႏွလုံးက ခြန္အားေရ (vital spirits) လုပ္ေပးတယ္။
(၅) ေသြးျပန္ေၾကာ (veins)၊ ေသြးလႊတ္ေၾကာ (arteries) ေတြမွာ ေသြးအဆင္းအတက္ ရွိတယ္။ ႏွလုံးဘက္ကို သြားမယ္။ ႏွလုံးကေန အေဝးကိုသြားမယ္။ အဲဒါေလာက္ပဲ သိၾကပါတယ္။ ေရွးက သိပ္နာမည္ႀကီး ဂလင္ (Glen) ဆိုတဲ့ သမားေတာ္ဟာ ေဝဒနာကို ခြဲစိတ္ကုသေပးတယ္။ ႏွလုံးနဲ႔ ေသြးေၾကာေတြအေၾကာင္းလည္း ေသေသခ်ာခ်ာ ေလ့လာတယ္။ ဒါေပမယ့္ ေသြးလွည့္ပတ္စီးေနတယ္ (blood circulates) လို႔ လုံးဝမသိပါ။

ဒီကိစၥကို ဇီဝေဗဒကို တျခားပညာရပ္ေတြလိုပဲ စိတ္ဝင္စားတဲ့ အရစၥတိုတယ္ (Aristotle) လည္း မသိပါ။ ဟာေဗးရဲ႕စာအုပ္ ထြက္လာၿပီးတဲ့ေနာက္မွပဲ သမားအေတာ္မ်ားမ်ားဟာ လူ႔ခႏၶာကိုယ္ထဲမွာ၊ ေသြးဟာ ေသြးေၾကာေတြသီးသန္႔ အစီအစဥ္နဲ႔ မျပတ္လွည့္ပတ္ေနတယ္။ ဒီလိုလွည့္ႏိုင္ေအာင္ ႏွလုံးက အားစိုက္ (တြန္းထုတ္ဆြဲယူ) ေပးေနတယ္ဆိုတာကို လက္မခံပါ။ ဟာေဗးက ေသြးလွည့္ပတ္တယ္ဆိုတဲ့စိတ္ကူးကို ႐ိုး႐ိုးဂဏန္းသခ်ၤာနည္းနဲ႔ပဲ တြက္ယူတာ ျဖစ္ပါတယ္။ သူ႔တြက္ေျခအရ ႏွလုံးတစ္ခါခုန္တိုင္း ေသြးႏွစ္ေအာင္စလႊတ္တယ္။ ဒီေတာ့ ႏွလုံးဟာ တစ္မိနစ္ကို ၇၂ ႀကိမ္ခုန္တယ္ဆိုရင္ ႐ိုး႐ိုးအေျမႇာက္နည္းနဲ႔တြက္ရင္ တစ္နာရီမွာ ေသြးေပါင္ ၅၄၀ ကို ေသြးလႊတ္ေၾကာမ (aorta) ထဲကို ေရာက္မယ္။ ေပါင္ ၅၄၀ ဆိုတာ လူတစ္ကိုယ္လုံးရဲ႕အေလးခ်ိန္ထက္ မ်ားတယ္။

ကိုယ္မွာရွိေနတဲ့ ေသြးအေလးခ်ိန္ထက္လည္း အဆအမ်ားႀကီးပိုေနတယ္။ ဒီလိုဆိုရင္ ေသြးဟာ ထြက္လိုက္ဝင္လိုက္ လွည့္ေနတာျဖစ္ရမယ္လို႔ ဟာေဗးရဲ႕စိတ္ကူးမွာ ထင္ျမင္လာတယ္။ အဲဒီအၾကမ္းနည္း (hypothesis) ကိုမွီးၿပီး ဟာေဗးဟာ ကိုႏွစ္တိုင္တိုင္ စမ္းသပ္ခ်က္ေတြလုပ္ၿပီး၊ အေသးစိတ္သိလာေအာင္ ေစာင့္ၾကည့္ၿပီးမွ ေသြးလွည့္ပတ္စီးတဲ့အေၾကာင္းကို ဆုံးျဖတ္ခ်က္ခ်ပါတယ္။ သူေရးတဲ့က်မ္းမွာ ဟာေဗးက ေသြးလႊတ္ေၾကာ (arteries) ဟာ ႏွလုံးက ေသြးထြက္သြားၿပီး၊ ေသြးျပန္ေၾကာ (veins) ေတြက ႏွလုံးကို ေသြးသြင္းေပးပါတယ္။ အဲဒီတုန္းက အဏုျမဴၾကည့္မွန္ဘီလူး (microscope) မရွိေသးလို႔၊ ဟာေဗးဟာ ေသြးေၾကာက အေသးဆုံးေသြးလႊတ္ေၾကာထဲကို ေသြးပို႔တဲ့ ဆံျခည္မွ်င္ေသြးေၾကာ (capillary) ေတြကို သူ ၾကည့္လို႔မျမင္ႏိုင္ပါ။

ဒါေပမယ့္ ဒီလိုအေၾကာေလးေတြကို ရွိရမယ္လို႔ သူတြက္ဆၿပီးျဖစ္ပါတယ္။ (ဟာေဗးကြယ္လြန္ၿပီး ႏွစ္အနည္းငယ္ၾကာေတာ့မွ အီတလီလူမ်ဳိး ဇီဝေဗဒသမား မာလ္ပီဂီ (Malpighi) က ဆံျခည္မွ်င္ေသြးေၾကာကို ရွာေဖြေတြ႔ရွိ ျပသႏိုင္ပါတယ္။) ဟာေဗးအေျပာက ႏွလုံးတာဝန္ဟာ ေသြးလႊတ္ေၾကာ (artery) ထဲကို ေသြးမႈတ္သြင္း (pump) ေပးဖို႔ျဖစ္တယ္။ ဒီကိစၥမွာလည္း တျခားအေရးပါတဲ့ ကိစၥေတြမွာလိုပဲ၊ ဟာေဗးက အေသအခ်ာမွန္တယ္ (essentially correct)၊ ဒါထက္ပိုေသးတယ္။ ဟာေဗးက စမ္းသပ္ခ်က္ (experiments) ေတြ အေျမာက္အျမားလုပ္ၿပီး၊ သူ႔သီအိုရီကို ေထာက္ခံဖို႔အခ်က္အလက္စုံေအာင္ တင္ျပႏိုင္တယ္။ ပထမေတာ့ သူ႔သီအိုရီကို အျပင္းအထန္ ေဝဖန္ကန္႔ကြက္တယ္။ ဒါေပမယ့္ သူမေသမီမွာပဲ သူေျပာသမွ် လက္ခံလာၾကတာကို ေတြ႔ပါတယ္။

ဟာေဗးက သေႏၶေဗဒ (Embryology) ကိုလည္း လုပ္ပါတယ္။ ဒီသုေတသနလုပ္ငန္းကို ေသြးလွည့္ပုံ သုေတသနေလာက္ အေလးအနက္ထားၿပီး မလုပ္ပါ။ ဒါေပမယ့္ ေပါ့ေပါ့တန္တန္မဟုတ္ပါ။ အင္မတန္ေစ့စပ္ေသခ်ာတဲ့ အကဲျဖတ္သမားျဖစ္ေလေတာ့ သူေရးတဲ့ တိရစာၦန္မ်ဳိးပြားပုံက်မ္း (On the Generation of Animals) ဟာ ၁၆၅၁ မွာ ပုံႏွိပ္ၿပီးထြက္လာေတာ့ ေခတ္သေႏၶေဗဒ (modern study of embryologys) စတင္ေပၚေပါက္လာရပါတယ္။ သူေလးစားၾကည္ညိဳတဲ့ အရစၥတိုတယ္လို ဟာေဗးက အစကတည္းက အၿပီးအစီးပါၿပီးသား (preformation) ဆိုတာကို မယုံပါ။ သေႏၶသားမွာ အရြယ္ေရာက္ၿပီးအေကာင္ႀကီးရဲ႕ ခႏၶာအစိတ္အပိုင္းေတြ အားလုံး ပါၿပီးျဖစ္တယ္။ အႀကီးအေသးပဲ ကြာတယ္ဆိုတဲ့ မူၾကမ္း (hypothesis) ကို လက္မခံပါ။ ဟာေဗးက သေႏၶရင့္လာမွ ေျခ၊ လက္၊ နား၊ ႏွာေခါင္း၊ ပါးစပ္၊ လိင္အဂၤါအစိတ္အပိုင္းေတြ တျဖည္းျဖည္းေပၚေပါက္ပီသလာမယ္လို႔ မွန္းဆတာ မွန္တယ္။

ဟာေဗးက အသက္ရွည္တယ္။ သူ႔ဘဝမွာ မွတ္ေလာက္သားေလာက္ကိစၥေတြ အမ်ားႀကီးႀကံဳေတြ႔ၿပီး ေအာင္ျမင္တဲ့ဘဝျဖစ္ပါတယ္။ အသက္တစ္ဆယ္ေက်ာ္ေက်ာ္ကပဲ ကိမ္းဗရစ္တကၠသိုလ္ (Cambridge University) ရဲ႕ ေကရပ္စ္ေကာလိပ္ (Caius College) မွာ တက္ခဲ့ရတယ္။ ၁၆၀၀ ျပည့္မွာ အီတလီ ပဒူဝါတကၠသိုလ္ (Padua University) မွာ ေဆးပညာသင္တယ္။ ကမာၻမွာ အဲဒီတုန္းက အဆင့္အျမင့္ဆုံးအေကာင္းဆုံး ေဆးေက်ာင္းျဖစ္တယ္လို႔ ဆိုႏိုင္ပါတယ္။ (ဟာေဗး သင္တန္းတက္စဥ္ ဂယ္လီလီယို Galileo က ပဒူဝါမွာ ပါေမာကၡအျဖစ္နဲ႔ ရွိတယ္။ သူတို႔အခ်င္းခ်င္း ေတြ႔မေတြ႔ေတာ့ မသိပါ။) ဟာေဗးက ၁၆၀၂ မွာ ပဒူဝါက ေဆးဘြဲ႔ရခဲ့တယ္။ အဂၤလန္ကို ျပန္ေရာက္တဲ့အခါ သမားေတာ္ (Physician) အျဖစ္နဲ႔ ေအာင္ေအာင္ျမင္ျမင္ ေဆးဝါးကုသၿပီး အသက္ရွည္ရွည္ေနသြားရတယ္။

သူ႔လူနာေတြထဲမွာ ပထမဂ်ိမ္း (James I) နဲ႔ ပထမခ်ားလ္စ္ (Charles I) တို႔လည္း ပါတယ္။ ထင္ရွားတဲ့ဒႆနိကဆရာ ဖရန္ဆစ္ေဘကြန္ (Francis Bacon) လည္း သူ႔လူနာျဖစ္တယ္။ ဟာေဗးဟာ လန္ဒန္သမားေတာ္ေကာလိပ္ (College of Physicians) မွာ ခႏၶာေဗဒ (Anatomy) ကို သင္ၾကားပို႔ခ်တယ္။ ေကာလိပ္ေက်ာင္းအုပ္ (president of the college) အျဖစ္လည္း တစ္ခါအေရြးခံရေတာ့ (သူက အလုပ္တာဝန္ကို လက္မခံပဲ ျငင္းလိုက္ပါတယ္။) သူ႔ဘာသာ ေဆးကုေပးတာအျပင္၊ လန္ဒန္ စိန္႔ဘာသိုလိုျမဴး (St. Bartholomew) ေဆး႐ုံမွာ သမားေတာ္ခ်ဳပ္အျဖစ္ ႏွစ္ေပါင္းမ်ားစြာ ေနခဲ့တယ္။ သူေရးတဲ့ ေသြးလွည့္ပုံစာအုပ္ကို ၁၆၅၈ မွာ ပုံႏွိပ္တဲ့အခါ၊ ဥေရာပ (Europe) မွာ သူဟာ ေက်ာ္ၾကားသူတစ္ေယာက္ ျဖစ္လာပါတယ္။ လန္ဒန္ (London) မွာ ေနထုိင္ရင္း အသက္ခုနစ္ဆယ့္ကိုးႏွစ္ ၁၆၅၇ မွာ ကြယ္လြန္ပါတယ္။

ေက်ာ္စြာ ၁၀၀ – ေဒါက္တာသန္းထြန္း

—————————
ယနေ့ခေတ် ဆေးသိပ္ပံရဲ့ ဖခင်ကြီး ဝီလီယမ် ဟာဗေး (unicode)

ဝီလီယမ် ဟာဗေး (၁၅၇၈ – ၁၆၅၇)

သွေးလှည့်လည်ခြင်းနဲ့ နှလုံးရဲ့တာဝန်အကြောင်း စတင်တွေ့ရှိတဲ့ အင်္ဂလိပ်သမားတော်ကြီး ဝီလီယမ်ဟာဗေး (William Harvey) ကို အင်္ဂလန် (England) ဖုတ်စတုန်း (Folkestone) မြို့မှာ ၁၅၇၈ မှာ မွေးဖွားတယ်။ ဟာဗေးဟာ တိရိစ္ဆာန်တွေရဲ့နှလုံးနဲ့ သွေးလှုပ်ရှားပုံခန္ဓာဗေဒကျမ်း (An Anatomical Treatise on the Movement of the Heart and Blood in Animals) ကို ၁၆၂၈ မှာ ပုံနှိပ်ထုတ်ဝေပါတယ်။ ဇီဝကမ္မသမိုင်းတစ်လျှောက်လုံးမှာ ဒီကျမ်းဟာအရေးအပါဆုံးဆိုတာ ပေါ်လွင်ပါတယ်။ ဇီဝကမ္မခေတ်သိပ္ပံမှာ ဒီကျမ်းက အစဖြစ်ပါတယ်။ အဲဒီကျမ်းရဲ့ မူလအကျဆုံး အသုံးဝင်ပုံက တိုက်ရိုက်ယူငင်သုံးစွဲနိုင်တာမျိုး မဟုတ်ပါ။

ဒီကျမ်းထဲမှာ လူ့ခန္ဓာကိုယ် ဘယ်လိုအလုပ်လုပ်နေသလဲ ဆိုတာကို အခြေခံကစပြီး ဖော်ပြထားတယ်။ အဲဒါပဲ အင်မတန် အသုံးဝင်ပါတယ်။ ခုခေတ်ခုခါတော့ ငယ်စဉ်ကစပြီး ခန္ဓာကိုယ်ထဲမှာ သွေးတွေလည်ပတ်သွားလာနေတယ်ဆိုတာ သိပြီးဖြစ်နေကြတော့ ဟာဗေးရဲ့ သီအိုရီဟာ ဘာမျှမဆန်းပါလို့ ထင်ကြမယ်။ ဒါပေမယ့် ခေတ်ဦးဇီဝဗေဒ ပညာရှင်တွေအဖို့ ဒါကိုသိမှာမဟုတ်ပါ။ ဇီဝဗေဒ အကြောင်း ရှေ့ဆောင်ရေးသားသူတွေက…
(၁) နှလုံးထဲမှာ စားတဲ့စာက သွေးဖြစ်တယ်။
(၂) နှလုံးက သွေးကို ပူနွေးစေတယ်။
(၃) သွေးလွှတ်ကြော (arteries) တွေထဲမှာ လေရှိတယ်။
(၄) နှလုံးက ခွန်အားရေ (vital spirits) လုပ်ပေးတယ်။
(၅) သွေးပြန်ကြော (veins)၊ သွေးလွှတ်ကြော (arteries) တွေမှာ သွေးအဆင်းအတက် ရှိတယ်။ နှလုံးဘက်ကို သွားမယ်။ နှလုံးကနေ အဝေးကိုသွားမယ်။ အဲဒါလောက်ပဲ သိကြပါတယ်။ ရှေးက သိပ်နာမည်ကြီး ဂလင် (Glen) ဆိုတဲ့ သမားတော်ဟာ ဝေဒနာကို ခွဲစိတ်ကုသပေးတယ်။ နှလုံးနဲ့ သွေးကြောတွေအကြောင်းလည်း သေသေချာချာ လေ့လာတယ်။ ဒါပေမယ့် သွေးလှည့်ပတ်စီးနေတယ် (blood circulates) လို့ လုံးဝမသိပါ။
ဒီကိစ္စကို ဇီဝဗေဒကို တခြားပညာရပ်တွေလိုပဲ စိတ်ဝင်စားတဲ့ အရစ္စတိုတယ် (Aristotle) လည်း မသိပါ။ ဟာဗေးရဲ့စာအုပ် ထွက်လာပြီးတဲ့နောက်မှပဲ သမားအတော်များများဟာ လူ့ခန္ဓာကိုယ်ထဲမှာ၊ သွေးဟာ သွေးကြောတွေသီးသန့် အစီအစဉ်နဲ့ မပြတ်လှည့်ပတ်နေတယ်။ ဒီလိုလှည့်နိုင်အောင် နှလုံးက အားစိုက် (တွန်းထုတ်ဆွဲယူ) ပေးနေတယ်ဆိုတာကို လက်မခံပါ။ ဟာဗေးက သွေးလှည့်ပတ်တယ်ဆိုတဲ့စိတ်ကူးကို ရိုးရိုးဂဏန်းသင်္ချာနည်းနဲ့ပဲ တွက်ယူတာ ဖြစ်ပါတယ်။ သူ့တွက်ခြေအရ နှလုံးတစ်ခါခုန်တိုင်း သွေးနှစ်အောင်စလွှတ်တယ်။ ဒီတော့ နှလုံးဟာ တစ်မိနစ်ကို ၇၂ ကြိမ်ခုန်တယ်ဆိုရင် ရိုးရိုးအမြှောက်နည်းနဲ့တွက်ရင် တစ်နာရီမှာ သွေးပေါင် ၅၄၀ ကို သွေးလွှတ်ကြောမ (aorta) ထဲကို ရောက်မယ်။ ပေါင် ၅၄၀ ဆိုတာ လူတစ်ကိုယ်လုံးရဲ့အလေးချိန်ထက် များတယ်။

ကိုယ်မှာရှိနေတဲ့ သွေးအလေးချိန်ထက်လည်း အဆအများကြီးပိုနေတယ်။ ဒီလိုဆိုရင် သွေးဟာ ထွက်လိုက်ဝင်လိုက် လှည့်နေတာဖြစ်ရမယ်လို့ ဟာဗေးရဲ့စိတ်ကူးမှာ ထင်မြင်လာတယ်။ အဲဒီအကြမ်းနည်း (hypothesis) ကိုမှီးပြီး ဟာဗေးဟာ ကိုနှစ်တိုင်တိုင် စမ်းသပ်ချက်တွေလုပ်ပြီး၊ အသေးစိတ်သိလာအောင် စောင့်ကြည့်ပြီးမှ သွေးလှည့်ပတ်စီးတဲ့အကြောင်းကို ဆုံးဖြတ်ချက်ချပါတယ်။ သူရေးတဲ့ကျမ်းမှာ ဟာဗေးက သွေးလွှတ်ကြော (arteries) ဟာ နှလုံးက သွေးထွက်သွားပြီး၊ သွေးပြန်ကြော (veins) တွေက နှလုံးကို သွေးသွင်းပေးပါတယ်။ အဲဒီတုန်းက အဏုမြူကြည့်မှန်ဘီလူး (microscope) မရှိသေးလို့၊ ဟာဗေးဟာ သွေးကြောက အသေးဆုံးသွေးလွှတ်ကြောထဲကို သွေးပို့တဲ့ ဆံခြည်မျှင်သွေးကြော (capillary) တွေကို သူ ကြည့်လို့မမြင်နိုင်ပါ။

ဒါပေမယ့် ဒီလိုအကြောလေးတွေကို ရှိရမယ်လို့ သူတွက်ဆပြီးဖြစ်ပါတယ်။ (ဟာဗေးကွယ်လွန်ပြီး နှစ်အနည်းငယ်ကြာတော့မှ အီတလီလူမျိုး ဇီဝဗေဒသမား မာလ်ပီဂီ (Malpighi) က ဆံခြည်မျှင်သွေးကြောကို ရှာဖွေတွေ့ရှိ ပြသနိုင်ပါတယ်။) ဟာဗေးအပြောက နှလုံးတာဝန်ဟာ သွေးလွှတ်ကြော (artery) ထဲကို သွေးမှုတ်သွင်း (pump) ပေးဖို့ဖြစ်တယ်။ ဒီကိစ္စမှာလည်း တခြားအရေးပါတဲ့ ကိစ္စတွေမှာလိုပဲ၊ ဟာဗေးက အသေအချာမှန်တယ် (essentially correct)၊ ဒါထက်ပိုသေးတယ်။ ဟာဗေးက စမ်းသပ်ချက် (experiments) တွေ အမြောက်အမြားလုပ်ပြီး၊ သူ့သီအိုရီကို ထောက်ခံဖို့အချက်အလက်စုံအောင် တင်ပြနိုင်တယ်။ ပထမတော့ သူ့သီအိုရီကို အပြင်းအထန် ဝေဖန်ကန့်ကွက်တယ်။ ဒါပေမယ့် သူမသေမီမှာပဲ သူပြောသမျှ လက်ခံလာကြတာကို တွေ့ပါတယ်။

ဟာဗေးက သန္ဓေဗေဒ (Embryology) ကိုလည်း လုပ်ပါတယ်။ ဒီသုတေသနလုပ်ငန်းကို သွေးလှည့်ပုံ သုတေသနလောက် အလေးအနက်ထားပြီး မလုပ်ပါ။ ဒါပေမယ့် ပေါ့ပေါ့တန်တန်မဟုတ်ပါ။ အင်မတန်စေ့စပ်သေချာတဲ့ အကဲဖြတ်သမားဖြစ်လေတော့ သူရေးတဲ့ တိရစ္ဆာန်မျိုးပွားပုံကျမ်း (On the Generation of Animals) ဟာ ၁၆၅၁ မှာ ပုံနှိပ်ပြီးထွက်လာတော့ ခေတ်သန္ဓေဗေဒ (modern study of embryologys) စတင်ပေါ်ပေါက်လာရပါတယ်။ သူလေးစားကြည်ညိုတဲ့ အရစ္စတိုတယ်လို ဟာဗေးက အစကတည်းက အပြီးအစီးပါပြီးသား (preformation) ဆိုတာကို မယုံပါ။ သန္ဓေသားမှာ အရွယ်ရောက်ပြီးအကောင်ကြီးရဲ့ ခန္ဓာအစိတ်အပိုင်းတွေ အားလုံး ပါပြီးဖြစ်တယ်။ အကြီးအသေးပဲ ကွာတယ်ဆိုတဲ့ မူကြမ်း (hypothesis) ကို လက်မခံပါ။ ဟာဗေးက သန္ဓေရင့်လာမှ ခြေ၊ လက်၊ နား၊ နှာခေါင်း၊ ပါးစပ်၊ လိင်အင်္ဂါအစိတ်အပိုင်းတွေ တဖြည်းဖြည်းပေါ်ပေါက်ပီသလာမယ်လို့ မှန်းဆတာ မှန်တယ်။

ဟာဗေးက အသက်ရှည်တယ်။ သူ့ဘဝမှာ မှတ်လောက်သားလောက်ကိစ္စတွေ အများကြီးကြုံတွေ့ပြီး အောင်မြင်တဲ့ဘဝဖြစ်ပါတယ်။ အသက်တစ်ဆယ်ကျော်ကျော်ကပဲ ကိမ်းဗရစ်တက္ကသိုလ် (Cambridge University) ရဲ့ ကေရပ်စ်ကောလိပ် (Caius College) မှာ တက်ခဲ့ရတယ်။ ၁၆၀၀ ပြည့်မှာ အီတလီ ပဒူဝါတက္ကသိုလ် (Padua University) မှာ ဆေးပညာသင်တယ်။ ကမ္ဘာမှာ အဲဒီတုန်းက အဆင့်အမြင့်ဆုံးအကောင်းဆုံး ဆေးကျောင်းဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ (ဟာဗေး သင်တန်းတက်စဉ် ဂယ်လီလီယို Galileo က ပဒူဝါမှာ ပါမောက္ခအဖြစ်နဲ့ ရှိတယ်။ သူတို့အချင်းချင်း တွေ့မတွေ့တော့ မသိပါ။) ဟာဗေးက ၁၆၀၂ မှာ ပဒူဝါက ဆေးဘွဲ့ရခဲ့တယ်။ အင်္ဂလန်ကို ပြန်ရောက်တဲ့အခါ သမားတော် (Physician) အဖြစ်နဲ့ အောင်အောင်မြင်မြင် ဆေးဝါးကုသပြီး အသက်ရှည်ရှည်နေသွားရတယ်။

သူ့လူနာတွေထဲမှာ ပထမဂျိမ်း (James I) နဲ့ ပထမချားလ်စ် (Charles I) တို့လည်း ပါတယ်။ ထင်ရှားတဲ့ဒဿနိကဆရာ ဖရန်ဆစ်ဘေကွန် (Francis Bacon) လည်း သူ့လူနာဖြစ်တယ်။ ဟာဗေးဟာ လန်ဒန်သမားတော်ကောလိပ် (College of Physicians) မှာ ခန္ဓာဗေဒ (Anatomy) ကို သင်ကြားပို့ချတယ်။ ကောလိပ်ကျောင်းအုပ် (president of the college) အဖြစ်လည်း တစ်ခါအရွေးခံရတော့ (သူက အလုပ်တာဝန်ကို လက်မခံပဲ ငြင်းလိုက်ပါတယ်။) သူ့ဘာသာ ဆေးကုပေးတာအပြင်၊ လန်ဒန် စိန့်ဘာသိုလိုမြူး (St. Bartholomew) ဆေးရုံမှာ သမားတော်ချုပ်အဖြစ် နှစ်ပေါင်းများစွာ နေခဲ့တယ်။ သူရေးတဲ့ သွေးလှည့်ပုံစာအုပ်ကို ၁၆၅၈ မှာ ပုံနှိပ်တဲ့အခါ၊ ဥရောပ (Europe) မှာ သူဟာ ကျော်ကြားသူတစ်ယောက် ဖြစ်လာပါတယ်။ လန်ဒန် (London) မှာ နေထိုင်ရင်း အသက်ခုနစ်ဆယ့်ကိုးနှစ် ၁၆၅၇ မှာ ကွယ်လွန်ပါတယ်။

ကျော်စွာ ၁၀၀ – ဒေါက်တာသန်းထွန်း

Leave a Reply