တရုတ္ျပည္ရဲ႕ အေက်ာ္ၾကားဆုံး ဧကရာဇ္

Posted on

ရွီဟြန္ဂ္တိ (ခရစ္မေပၚမီ ၂၅၉ – ၂၁၀) 

တ႐ုတ္ဧကရာဇ္ႀကီး ရွီဟြန္ဂ္တိ (Shih Huing Ti) ဟာ ခရစ္မေပၚမီ ၂၃၈ က ၂၁၀ ထိ တ႐ုတ္ကို အုပ္စိုးခ်ိန္မွာ လက္႐ုံးအားကိုးနဲ႔ တ႐ုတ္ကို ေပါင္းစပ္စည္း႐ုံးခဲ့ၿပီး၊ အပ်ံ႕အႏွံ႔ ျပဳျပင္ေျပာင္းလဲေရးေတြ ျပဳလုပ္ေပးခဲ့ပါတယ္။ တ႐ုတ္ေတြအတြက္ ကေန႔အထိ ေလးစားတဲ့ ဓေလ့မွန္သမွ်ကို တစ္စုတစ္စည္းတည္း ျဖစ္ေအာင္လုပ္ေပးႏုိင္တဲ့ ျပဳျပင္ေရးေတြထဲမွာ သူ႔ျပဳျပင္ေရးေတြက အေရးပါတဲ့ ျပဳျပင္ေရးေတြ ျဖစ္ပါတယ္။  ရွီဟြန္ဂ္တိ (ခ်င္သွ်ိဟြန္ဂ္တိလို႔လည္းေခၚ) ဧကရာဇ္ဟာ ခရစ္မေပၚမီ ၂၅၉ မွာေမြးဖြားၿပီး၊ ခရစ္မေပၚမီ ၂၁၀ မွာ နတ္ရြာစံတယ္လို႔ သိရပါတယ္။

သူအေရးပါပုံကို အကဲျဖတ္ဖို႔ သူ႔ေခတ္သမိုင္းေနာက္ခံကို သိဖို႔လိုပါတယ္။ ခရစ္မေပၚမီ ၁၁၀၀ ေလာက္ကစတဲ့ က်ဳိ (Chou) မင္းဆက္ ေနာက္ဆုံးရက္ေတြမွာ သူ႔ကို ေမြးဖြားတာျဖစ္တယ္။ က်ဳိမင္းေတြဟာ တန္ခိုးျသဇာေပ်ာ့ညံ့လာလို႔ တ႐ုတ္ဟာ ပေဒသရာဇ္ ႏိုင္ငံငယ္ေတြ နယ္အလိုက္ အစိတ္စိတ္ကြဲေနတဲ့ အခ်ိန္အခါ ျဖစ္ပါတယ္။ ပေဒသရာဇ္ နယ္ရွင္ပယ္ရွင္ေတြဟာ အခ်င္းခ်င္း စစ္ခင္းေနၾကတယ္။ ဒီလိုနဲ႔ တခ်ဳိ႕နယ္ ပေဒသရာဇ္ေတြလည္း အၿပီးတိုင္ ဇာတ္သိမ္းသြားတာလည္း ရွိမယ္။ တစ္ဦးတေလကလည္း တန္ခိုးသတၱိ သိပ္ၿပီးႀကီးမားလာမယ္။

အားႀကီးလာသူတစ္ဦးက တ႐ုတ္အေနာက္ျခမ္းက ခ်င္ (Chin) မင္းျဖစ္ပါတယ္။ ဒီခ်င္မင္းေတြက ဥပေဒကို အေလးထားတဲ့ တ႐ုတ္ဒႆနိကသမားေတြရဲ႕ ဆုံးမခ်က္ကို ႏိုင္ငံအုပ္ခ်ဳပ္ေရးအေျခခံအျဖစ္ သုံးမယ္လို႔ ျပ႒ာန္းတယ္။ ကြန္ျဖဴးရွပ္အဆိုက လူကိုအုပ္ခ်ဳပ္ရင္ လူမင္းက အက်င့္စာရိတၱမွာ စံျပျဖစ္ရမယ္လို႔ ဆုိတယ္။ ဒါေပမယ့္ ဥပေဒကိုအေလးထားတဲ့ ဒႆနအရ ေျပာရရင္၊ လူအမ်ားစုဟာ ထင္သေလာက္မေကာင္းၾကတာမို႔ စံျပထားလည္း လိုက္နာၾကမွာမဟုတ္လို႔၊ ဥပေဒျပ႒ာန္းၿပီး အတိအက် ကတိမလိုက္ဘဲ၊ ကြပ္ကဲမွျဖစ္မယ္လို႔ ေျပာပါတယ္။ ဥပေဒကို အုပ္ခ်ဳပ္သူက လုပ္ရမယ္။ အခါအားေလ်ာ္စြာ ႏိုင္ငံရဲ႕ဝါဒနဲ႔ ညီၫြတ္ေအာင္ ျပဳျပင္ရမယ္။

ဥပေဒကို က်နေသခ်ာေအာင္ စည္းၾကပ္လို႔၊ တည္ေနရာအေနအထားေကာင္းလို႔၊ ခ်င္မင္းေတြေတာ္လို႔ ခ်င္နယ္ဟာ တန္ခိုးၾသဇာႀကီးလာတဲ့အခ်ိန္မွာ (ေနာင္ ရွီဟြန္ဂ္တိျဖစ္လာမယ့္) ခ်ဲန္ဂ္(Chang) ကိုေမြးပါတယ္။ ခ်ဲန္ဂ္ဟာအမည္ခံမင္းအျဖစ္ ထီးနန္းကို ခရစ္မေပၚမီ ၂၄၆ ကပဲ ရရွိေပမယ့္ သက္ေတာ္တစ္ဆယ့္သုံးႏွစ္သာရွိေသးလို႔ ရင္ခြင္ပိုက္မင္းအျဖစ္နဲ႔ ေနရၿပီးေနာက္ ခရစ္မေပၚမီ ၂၃၈ ေရာက္ေတာ့မွ မင္းအစစ္ျဖစ္ရရွာတယ္။ ျပည့္ရွင္မင္းသစ္ဟာ အစြမ္းထက္တဲ့ စစ္သူႀကီးေတြကို ေရြးခ်ယ္ခန္႔ထားၿပီး၊ က်န္ရွိေနေသးတဲ့ ပေဒသရာဇ္နယ္ကေလးေတြကို ခပ္သြက္သြက္ သိမ္းပိုက္လိုက္ပါတယ္။ ေနာက္ဆုံးနယ္ကို ခရစ္မေပၚမီ ၂၂၁ ကရတဲ့အခါ သူ႔ကိုပဲ တ႐ုတ္ႏိုင္ငံ အားလုံးရဲ႕ဘုရင္ (ဝမ္ Wang) လို႔ ဘြဲ႔တပ္ၿပီး ေခၚႏိုင္ပါၿပီ။ ေခတ္ေဟာင္းနဲ႔ ခြဲျခားၿပီး ထင္ရွားေအာင္ သူ႔ကို ရွီဟြန္းဂ္တိ ပထမဧကရာဇ္ဘြဲ႔ ေခၚတြင္ေစပါတယ္။

ရွီဟြန္ဂ္တိဟာ ဧကရာဇ္ျဖစ္တာနဲ႔ တၿပိဳင္နက္ အေရးပါတဲ့ျပဳျပင္ေရးေတြ အမ်ားႀကီးလုပ္ပါတယ္။ က်ဳိ (Chou) မင္းဆက္ျပဳတ္သြားေအာင္ ဖ်က္ဆီးတဲ့ မညီၫြတ္မႈမ်ဳိး ထပ္မျဖစ္ရေအာင္ဆိုၿပီး၊ ပေဒသရာဇ္စနစ္တစ္ခုလုံးကို ဖ်က္လိုက္ပါတယ္။ သူ႔ပိုင္နက္ကို ျပည္နယ္သုံးဆယ့္ေျခာက္နယ္ ခြဲလိုက္ၿပီး၊ မင္းမ်ဳိးကမဟုတ္ဘဲ အရပ္သားကို ျပည္နယ္ဘုရင္ခံ (civilian governor) ခန္႔တယ္။ ဘုရင္ခံရာထူးမွာလည္း ဘုရင္ခံတစ္ဦးကို ျပည္နယ္တစ္နယ္မွာ ႏွစ္အနည္းငယ္သာခန္႔ထားၿပီး ကိုယ့္ရာထူး တည္ၿမဲေအာင္၊ ကိုယ့္ၾသဇာႀကီးမားေအာင္ မလုပ္နိုင္ဖို႔ တားျမစ္တဲ့သေဘာနဲ႔ မၾကာခဏ နယ္ေျပာင္းေပးတယ္။

ျပည္နယ္တစ္ခုစီမွာလည္း စစ္ေခါင္းေဆာင္တစ္ေယာက္ ဧကရာဇ္ကိုယ္တိုင္ ခန္႔ထားၿပီး၊ ဧကရာဇ္သေဘာနဲ႔ပဲ ေရႊ႕တယ္၊ ျဖဳတ္တယ္။ ေနာက္ ဗဟိုအစိုးရရဲ႕ကိုယ္စား နယ္မွာ အရာရွိတစ္ဦးထားေသးတယ္။ ဒီေတာ့မွ စစ္သူႀကီးနဲ႔ဘုရင္ခံကို ထိန္းၿပီးသား ျဖစ္သြားတယ္။ ျပည္နယ္နဲ႔ ၿမိဳ႕ေတာ္အၾကား ဆက္သြယ္ေရးေကာင္းဖို႔ လမ္းမႀကီးေတြေဖာက္တယ္။ ျပည္နယ္ၿမိဳ႕ တစ္ခုကို ဥပမာ သူပုန္ကဝိုင္းထားၿပီဆိုရင္ ဗဟိုတပ္မေတာ္ကို ခ်က္ခ်င္းေစလႊတ္ ႏွိမ္နင္းႏိုင္ေအာင္ လမ္းေကာင္းေကာင္း ေဖာက္ထားတာျဖစ္ပါတယ္။ အရင္ မင္းညီမင္းသား မွဴးမ်ဳိးမတ္မ်ဳိးေတြ သားမယားနဲ႔တကြ အိမ္ေထာင္တစ္ခုလုံး ဧကရာဇ္ ေနထိုင္ရာၿမိဳ႕ေတာ္ စီယဲန္ယန္ဂ္ (HsienYang) ကို လာေနေစတယ္။ သူတို႔ကို အၿမဲေစာင့္ၾကည့္ထားဖို႔ လိုတယ္။

ရွီဟြန္ဂ္တိက ႏုိင္ငံေရးစစ္ေရးမွာ တ႐ုတ္ကို တစ္ေပါင္းတည္းျဖစ္ေစေအာင္ အုပ္စည္းတာေလာက္နဲ႔ မေက်နပ္ေသး။ ကူးသန္းေရာင္းဝယ္ေရးမွာလည္း ညီၫြတ္ေစလိုတယ္။ ဒီေတာ့ ကုန္ပစၥည္းအေလးခ်ိန္ မွတ္ျခင္း၊ ဝန္မွတ္ျခင္း၊ ခရီးအကြာအေဝးတိုင္းျခင္းတို႔ကို ညီၫြတ္ေအာင္ စံခ်ိန္စံတာမ်ား (standard weights and measures) (အေလးတင္းေတာင္းမ်ား) ညီေအာင္လုပ္ေစတယ္။ အားလုံးတညီတည္းသုံးဖို႔ ပိုက္ဆံ (coinage) လည္း ထုတ္တယ္။ လက္နက္ကိရိယာေတြလည္း တညီတည္းသုံးေစတယ္။ လွည္းဝင္႐ိုး (axel) ကိုလည္း စံထားၿပီး အရွည္အတို ညီေစတယ္။ လမ္းေဖာက္တဲ့အခါ ေရေျမာင္းတူးတဲ့အခါ ညီေအာင္ႀကီးၾကပ္ေပးတယ္။ တ႐ုတ္ႏိုင္ငံႀကီးအတြင္းမွာ တရားဥပေဒတူရမယ္။ စာေရးနည္းလည္း တူရမယ္။

ဧကရာဇ္ထုတ္ျပန္တဲ့ အမိန္႔နဲ႔ဥပေဒေတြထဲမွာ ခ်ီးမြမ္းရင္လည္းျဖစ္တယ္၊ ကဲ့ရဲ႕ခ်င္လည္း ရတယ္ဆိုတဲ့ အမိန္႔ေတာ္က ခရစ္မေပၚမီ ၂၁၃ မွာ ထုတ္ျပန္တဲ့ တ႐ုတ္ႏိုင္ငံတြင္း ရွိသမွ်က်မ္းစာအုပ္ေတြ မီး႐ိႈ႕ဖ်က္ဆီးေစဆိုတဲ့ အမိန္႔ပဲျဖစ္ပါတယ္။ ႁခြင္းခ်က္ရွိပါတယ္။ စိုက္ပ်ဳိးေရးပညာ၊ ေဆးပညာ၊ ခ်င္ႏိုင္ငံေတာ္မွတ္တမ္းေတြ၊ Uပေဒျပဳ (Legalist) အဖြဲ႔သုံး ဒႆနိကက်မ္းေတြ မီးမ႐ိႈ႕ရပါ။ (ကြန္ျဖဴးရွပ္က်မ္းေတြ အပါအဝင္) တျခားဒႆနိကက်မ္းေတြကို မီး႐ိႈ႕ေစတဲ့ ။ တစ္ခ်က္လႊတ္အမိန္႔ (Draconian decree) ဟာ သမိုင္းမွာ ပထမဆုံးေပၚေပါက္လာတဲ့၊ ႀကီးက်ယ္တဲ့ စိစစ္ေရးအမိန္႔ ျဖစ္တယ္။ အဲဒါမ်ဳိးလုပ္ရင္ ကြန္ျဖဴရွပ္ (Confucius) လို ေရွးက်ၿပီး လူေတြစြဲလမ္းအားႀကီးတဲ့ အေတြးအေခၚ ပေပ်ာက္မယ္။ ေခတ္ဆန္တိုးတက္တဲ့ အသိအျမင္ကို မထီမဲ့ျမင္မလုပ္ႏိုင္ေတာ့ဘူးဆိုတာနဲ႔၊ ဒီအမိန္႔ကို ဧကရာဇ္က ထုတ္တာျဖစ္ပါတယ္။ ဒီမွာလည္း ႁခြင္းခ်က္ရွိတယ္။ သူမီး႐ိႈ႕ခိုင္းတဲ့ က်မ္းေဟာင္းေတြ တစ္မ်ဳိးစီေတာ့ ေနျပည္ေတာ္ရဲ႕ ေတာ္သုံးပိဋကတ္တိုက္မွာ သိမ္းဆည္းထားခိုင္းပါတယ္။

ရွီဟြန္ဂ္တိရဲ႕ ႏိုင္ငံျခားေရးဝါဒ အလားတူျပင္းထန္တယ္။ ႏိုင္ငံေတာ္ရဲ႕ေတာင္ပိုင္းမွာ နယ္ပယ္အမ်ားႀကီးကို ခ်ဲ႕ထြင္သိမ္းပိုက္တယ္။ အားလုံးသိမ္းမိသမွ်ကို တ႐ုတ္ႏိုင္ငံထဲ ထည့္ၿပီးထားခဲ့တယ္။ အေနာက္နဲ႔ ေျမာက္မွာေတာ့ သူ႔တပ္မေတာ္က တိုက္တိုင္းေအာင္ျဖစ္ေပမယ့္ နယ္ေျမကိုေတာ့ အပိုင္သိမ္းယူျခင္း မလုပ္ႏိုင္ေတာ့ပါ။ အဲဒီနယ္ကလူေတြဟာ တ႐ုတ္ျပည္မႀကီးကို ဖ်က္ဆီးလုယက္တိုက္ခိုက္ ထြက္ေျပးၾကသူေတြျဖစ္လို႔၊ သူတို႔မလာႏိုင္ေအာင္ နံရံႀကီး (The Great Wall of China) တည္ေဆာက္ရမယ္။ ဒီစိတ္ကူးနဲ႔ တ႐ုတ္ေျမာက္ဘက္နယ္စပ္မွာ နံရံေတြ ဟိုတစ္စ ဒီတစ္စ ရွိၿပီးသားျဖစ္တာကို ဧကရာဇ္က အားလုံးဆက္ၿပီး နံရံႀကီးလုပ္လိုက္ေတာ့ ကေန႔အထိ ဒီနံရံႀကီး တည္ရွိေနတယ္။ ဒီလိုႀကီးက်ယ္တဲ့ ေဆာက္လုပ္ေရးစီမံကိန္းရယ္၊ စစ္ေတြ အဆက္မျပတ္ တိုက္ခိုက္တာရယ္၊ အကုန္အက် မ်ားလြန္းေတာ့ ရိွၿပီးအခြန္ေတြကို ျမႇင့္ေကာက္၊ ေနာက္ထပ္ အခြန္သစ္တိုးနဲ႔ ဧကရာဇ္ကို အမ်ားအၾကည္ညိဳကင္းလာတယ္။ သူက အုပ္ခ်ဳပ္ေရးကို အင္မတန္ခိုင္ခန္႔ေအာင္ လုပ္ထားေတာ့၊ သူပုန္ထဖို႔ မလြယ္ဘူး။ ဒါနဲ႔ သူ႔ကိုလုပ္ႀကံဖို႔ အားထုတ္ၾကတယ္။ ဒါလည္း မေအာင္ျမင္ပါ။ သူ႔ဘာသာ သဘာဝအတိုင္း ရွီဟြန္ဂ္တိဟာ ခရစ္မေပၚမီ ၂၁၀ မွာ နတ္ရြာစံပါတယ္။

တတိယသားေတာ္က အာ့ရွီဟြန္ဂ္တိ (Erh Shih Huang Ti) ဘြဲ႔နဲ႔ အဖရာထူးကို ဆက္ခံတယ္။ အဖလို အရည္အခ်င္းမရွိေတာ့ သူပုန္ထၾကတယ္။ ေလးႏွစ္အတြင္းမွာ အသတ္ခံရတယ္။ နန္းေတာ္ရဲ႕ ပိဋကတ္တိုက္ပါ မီးေလာင္ပ်က္စီးတယ္။ ခ်င္ (Chin) မင္းဆက္ လုံးဝပ်က္စီးရပါေတာ့တယ္။ ဒါေပမယ့္ ရွီဟြန္ဂ္တိလုပ္ခဲ့သမွ်ကို ဖ်က္ဆီးဖို႔မလြယ္ပါ။ သူ႔လို မင္းဆိုးမရွိတာကိုေတာ့ တ႐ုတ္ေတြ ေက်နပ္ပါတယ္။ အင္မင္းမဲ့ကာလကို ျပန္သြားလိုၾကတဲ့ သူေတြလည္း ရွိပါတယ္။ ေနာက္တက္လာတဲ့ ဟန္ (Han) မင္းဆက္က ရွီဟြန္ဂ္တိရဲ႕ အေျခခံအုပ္ခ်ဳပ္ေရးစနစ္ကို ဆက္ထိန္းႏိုင္ေလေတာ့၊ တ႐ုတ္ဧကရာဇ္ႏုိင္ငံႀကီးဟာ သူခ်မွတ္ထားတဲ့ပုံစံအတိုင္း ဆယ့္တစ္ရာစုအထိ ႏွစ္ေပါင္းၾကာရွည္ေအာင္ တည္တံ့ခဲ့ပါတယ္။

ခ်င္မင္းေတြ အစခ်မွတ္တဲ့ ဥပေဒေတြဟာ ၾကမ္းတယ္၊ ဟန္မင္းေတြက ေလွ်ာ့တယ္၊ ျပင္တယ္၊ ေနာက္ဆုံး ဥပေဒအခ်ဳပ္ဒႆနိက (Leaglist Philosophy) ကို ဖယ္ၿပီး ကြန္ျဖဴးရွပ္ဝါဒကို ႏိုင္ငံေတာ္ဝါဒလုပ္လိုက္တယ္ဆိုေပမယ့္ ရွီဟြန္ဂ္တိလုပ္ခဲ့တဲ့ ဓေလ့နဲ႔ ႏိုင္ငံေရးစည္းလုံးမႈမပ်က္ဘဲ ဆက္လက္တည္ရွိခဲ့ပါတယ္။ တ႐ုတ္အတြက္ေရာ ကမာၻအတြက္ပါ ရွီဟြန္ဂ္တိအေရးပါခဲ့ပုံကို စစ္ေဆးၾကည့္ရင္ ထင္ရွားေအာင္ သိျမင္ႏိုင္ပါတယ္။ အေနာက္တိုင္းသားေတြက တ႐ုတ္ႏုိင္ငံရဲ႕ ႀကီးမားက်ယ္ျပန္႔ပုံကို အံ႔ျသၾကတယ္။ ဒါေပမယ့္ သမုိင္းတစ္ေလွ်ာက္မွာ ဘယ္တုန္းကမွ တ႐ုတ္လူဦးေရဟာ ဥေရာပ (Europe) လူဦးေရထက္ မပိုဘူး။(အခုေတာ့ တရုတ္က ႏွစ္ဆနီးပါးမ်ားသြားၿပီျဖစ္ပါတယ္) ကြာျခားခ်က္က ဥေရာပဆိုရင္ ႏိုင္ငံငယ္ကေလးေတြ အမ်ားႀကီး ပါဝင္ေနတယ္။ တ႐ုတ္ကေတာ့ ႏိုင္ငံႀကီးတစ္ခုပဲ စုစည္းထားတယ္။ ဒီလိုျခားနားတာဟာ ႏိုင္ငံေရး၊ လူမႈေရးေၾကာင့္ ျဖစ္တယ္။ ပထဝီနဲ႔ မဆုိင္ပါ။

အတြင္းဘက္က သဘာဝအကန္႔အကြက္ေတြျဖစ္တဲ့ ေတာင္တန္းေတြ ဥေရာပမွာရွိသလို တ႐ုတ္မွာလည္း ထင္ထင္ရွားရွားရွိတာပါပဲ။ တ႐ုတ္ေတြ တစ္လုံးတစ္စည္းတည္း ရွိေနတာဟာ ရွီဟြန္ဂ္တိမင္းတစ္ပါးတည္းရဲ႕ အစြမ္းလို႔ေတာ့ ေျပာလို႔မရႏိုင္ပါ။ တျခားလူေတြလည္း ပါတယ္။ ဥပမာ စြိဝဲန္တိ (Sui Wen Ti) လည္း ဒီကိစၥမွာ သိပ္အေရးႀကီးတဲ့ အခန္းကပါတယ္။ ဒါေပမယ့္ ရွီဟြန္ဂ္တိကေတာ့ အေရးပါဆုံးပုဂၢိဳလ္ ျဖစ္ပါတယ္။ ရွီဟြန္ဂ္တိရဲ႕အေၾကာင္းကို ေျပာၾကရင္ သိပ္ေတာ္တဲ့ သူ႔အမတ္ခ်ဳပ္ လိဆု (Li Tsu) အေၾကာင္း ထည့္မေျပာလို႔ မရပါ။ လိဆုက ဧကရာဇ္ရဲ႕ဝါဒေရးရာကို ႀကိဳးဆြဲေနခဲ့တာျဖစ္လို႔၊ အေရးပါတဲ့ ျပဳျပင္ေရးေတြမွာ မင္းကိုေက်းဇူးဘယ္မွ်၊ အမတ္ကို ဘယ္မွ်လို႔ ကန္႔သတ္ေပးဖို႔ ခက္ပါတယ္။ အဲဒီလိုမခြဲျခမ္းဘဲ ရွီဟြန္ဂ္တိရဲ႕ ေက်းဇူးလို႔ပဲ ေျပာရပါေတာ့မယ္။ (ဘာျဖစ္လို႔လဲဆိုေတာ့ လိဆုရဲ႕ အႀကံဉာဏ္ ဘယ္ေလာက္ေကာင္းေကာင္း ဧကရာဇ္ကသာ ဆုံးျဖတ္ခြင့္ရွိလို႔ ျဖစ္ပါတယ္။)

က်မ္းစာအုပ္ေတြ မီးတိုက္လို႔ ေနာက္ပိုင္း ကြန္ျဖဴးရွပ္က်မ္းဆရာေတြက ရွီဟြန္ဂ္တိကို ျပစ္တင္ကဲ့ရဲ႕ ႐ႈတ္ခ်ၾကတယ္။ မင္းဆိုမင္းညစ္၊ အယူသီးသူ၊ စိတ္ေကာင္းမရွိသူ၊ လင္ေကာင္မေပၚဘဲ ေမြးဖြားသူ၊ ကိုယ္စြမ္းမရွိ အလယ္အလတ္တန္းေလာက္ပဲ အရည္အခ်င္းရွိသူလို႔ ေျပာဆိုၾကတယ္။ တစ္ဖက္မွာ ကြန္ျမဴနစ္ေတြက တိုးတက္တဲ့အျမင္ရွိသူလို႔ ခ်ီးမြမ္းၾကတယ္။ အေနာက္တိုင္းစာေရးဆရာေတြက ရွီဟြန္ဂ္တိကို နပိုလီယန္နဲ႔ ႏိႈင္းတယ္။ ေရာမအင္ပါယာကို တည္ေထာင္တဲ့ ၾသဂတ္စတပ္ဆီဇာ (Augustus Ceasar) နဲ႔ ႏိႈင္းၾကည့္ဖို႔ပုိသန္တယ္လို႔ ထင္ပါတယ္။ သူတို႔ႏွစ္ဦးထူေထာင္တဲ့ လက္နက္ႏိုင္ငံေတြဟာ အက်ယ္အဝန္းေရာ၊ လူဦးေရပါ ဆတူေလာက္ရွိမယ္။ ဒါေပမယ့္ ေရာမအင္ပါယာက တ႐ုတ္ လက္နက္ႏိုင္ငံေလာက္ ေရရွည္မခံဘူး၊ ၾသဂတ္စတပ္ဆီဇာအုပ္ခ်ဳပ္တဲ့ လက္ေအာက္ခံႏုိင္ငံေတြဟာ အၾကာႀကီး မညီၫြတ္၊ မတည္ၿမဲပါ။ တစ္ဖက္က ရွိဟြန္ဂ္တိႏိုင္ငံေတာ္ကေတာ့ ၾကာရွည္ခံတယ္။ ဒါေၾကာင့္ အခုပုဂၢိဳလ္ႏွစ္ေယာက္မွာ ရွီဟြန္ဂ္တိကိုပဲ ပိုၿပီးတန္ခိုးၾသဇာႀကီးသူလို႔ ဆိုရပါတယ္။

ေဒါက္တာသန္းထြန္း – ေက်ာ္စြာ ၁၀၀


တရုတ်ပြည်ရဲ့ အကျော်ကြားဆုံး ဧကရာဇ် (သို့) ရှီဟွန်ဂ်တီ (unicode)

တရုတ်ဧကရာဇ်ကြီး ရှီဟွန်ဂ်တိ (Shih Huing Ti) ဟာ ခရစ်မပေါ်မီ ၂၃၈ က ၂၁၀ ထိ တရုတ်ကို အုပ်စိုးချိန်မှာ လက်ရုံးအားကိုးနဲ့ တရုတ်ကို ပေါင်းစပ်စည်းရုံးခဲ့ပြီး၊ အပျံ့အနှံ့ ပြုပြင်ပြောင်းလဲရေးတွေ ပြုလုပ်ပေးခဲ့ပါတယ်။ တရုတ်တွေအတွက် ကနေ့အထိ လေးစားတဲ့ ဓလေ့မှန်သမျှကို တစ်စုတစ်စည်းတည်း ဖြစ်အောင်လုပ်ပေးနိုင်တဲ့ ပြုပြင်ရေးတွေထဲမှာ သူ့ပြုပြင်ရေးတွေက အရေးပါတဲ့ ပြုပြင်ရေးတွေ ဖြစ်ပါတယ်။  ရှီဟွန်ဂ်တိ (ချင်သျှိဟွန်ဂ်တိလို့လည်းခေါ်) ဧကရာဇ်ဟာ ခရစ်မပေါ်မီ ၂၅၉ မှာမွေးဖွားပြီး၊ ခရစ်မပေါ်မီ ၂၁၀ မှာ နတ်ရွာစံတယ်လို့ သိရပါတယ်။

သူအရေးပါပုံကို အကဲဖြတ်ဖို့ သူ့ခေတ်သမိုင်းနောက်ခံကို သိဖို့လိုပါတယ်။ ခရစ်မပေါ်မီ ၁၁၀၀ လောက်ကစတဲ့ ကျို (Chou) မင်းဆက် နောက်ဆုံးရက်တွေမှာ သူ့ကို မွေးဖွားတာဖြစ်တယ်။ ကျိုမင်းတွေဟာ တန်ခိုးဩဇာပျော့ညံ့လာလို့ တရုတ်ဟာ ပဒေသရာဇ် နိုင်ငံငယ်တွေ နယ်အလိုက် အစိတ်စိတ်ကွဲနေတဲ့ အချိန်အခါ ဖြစ်ပါတယ်။ ပဒေသရာဇ် နယ်ရှင်ပယ်ရှင်တွေဟာ အချင်းချင်း စစ်ခင်းနေကြတယ်။ ဒီလိုနဲ့ တချို့နယ် ပဒေသရာဇ်တွေလည်း အပြီးတိုင် ဇာတ်သိမ်းသွားတာလည်း ရှိမယ်။ တစ်ဦးတလေကလည်း တန်ခိုးသတ္တိ သိပ်ပြီးကြီးမားလာမယ်။

အားကြီးလာသူတစ်ဦးက တရုတ်အနောက်ခြမ်းက ချင် (Chin) မင်းဖြစ်ပါတယ်။ ဒီချင်မင်းတွေက ဥပဒေကို အလေးထားတဲ့ တရုတ်ဒဿနိကသမားတွေရဲ့ ဆုံးမချက်ကို နိုင်ငံအုပ်ချုပ်ရေးအခြေခံအဖြစ် သုံးမယ်လို့ ပြဋ္ဌာန်းတယ်။ ကွန်ဖြူးရှပ်အဆိုက လူကိုအုပ်ချုပ်ရင် လူမင်းက အကျင့်စာရိတ္တမှာ စံပြဖြစ်ရမယ်လို့ ဆိုတယ်။ ဒါပေမယ့် ဥပဒေကိုအလေးထားတဲ့ ဒဿနအရ ပြောရရင်၊ လူအများစုဟာ ထင်သလောက်မကောင်းကြတာမို့ စံပြထားလည်း လိုက်နာကြမှာမဟုတ်လို့၊ ဥပဒေပြဋ္ဌာန်းပြီး အတိအကျ ကတိမလိုက်ဘဲ၊ ကွပ်ကဲမှဖြစ်မယ်လို့ ပြောပါတယ်။ ဥပဒေကို အုပ်ချုပ်သူက လုပ်ရမယ်။ အခါအားလျော်စွာ နိုင်ငံရဲ့ဝါဒနဲ့ ညီညွတ်အောင် ပြုပြင်ရမယ်။

ဥပဒေကို ကျနသေချာအောင် စည်းကြပ်လို့၊ တည်နေရာအနေအထားကောင်းလို့၊ ချင်မင်းတွေတော်လို့ ချင်နယ်ဟာ တန်ခိုးဩဇာကြီးလာတဲ့အချိန်မှာ (နောင် ရှီဟွန်ဂ်တိဖြစ်လာမယ့်) ချဲန်ဂ်(Chang) ကိုမွေးပါတယ်။ ချဲန်ဂ်ဟာအမည်ခံမင်းအဖြစ် ထီးနန်းကို ခရစ်မပေါ်မီ ၂၄၆ ကပဲ ရရှိပေမယ့် သက်တော်တစ်ဆယ့်သုံးနှစ်သာရှိသေးလို့ ရင်ခွင်ပိုက်မင်းအဖြစ်နဲ့ နေရပြီးနောက် ခရစ်မပေါ်မီ ၂၃၈ ရောက်တော့မှ မင်းအစစ်ဖြစ်ရရှာတယ်။ ပြည့်ရှင်မင်းသစ်ဟာ အစွမ်းထက်တဲ့ စစ်သူကြီးတွေကို ရွေးချယ်ခန့်ထားပြီး၊ ကျန်ရှိနေသေးတဲ့ ပဒေသရာဇ်နယ်ကလေးတွေကို ခပ်သွက်သွက် သိမ်းပိုက်လိုက်ပါတယ်။ နောက်ဆုံးနယ်ကို ခရစ်မပေါ်မီ ၂၂၁ ကရတဲ့အခါ သူ့ကိုပဲ တရုတ်နိုင်ငံ အားလုံးရဲ့ဘုရင် (ဝမ် Wang) လို့ ဘွဲ့တပ်ပြီး ခေါ်နိုင်ပါပြီ။ ခေတ်ဟောင်းနဲ့ ခွဲခြားပြီး ထင်ရှားအောင် သူ့ကို ရှီဟွန်းဂ်တိ ပထမဧကရာဇ်ဘွဲ့ ခေါ်တွင်စေပါတယ်။

ရှီဟွန်ဂ်တိဟာ ဧကရာဇ်ဖြစ်တာနဲ့ တပြိုင်နက် အရေးပါတဲ့ပြုပြင်ရေးတွေ အများကြီးလုပ်ပါတယ်။ ကျို (Chou) မင်းဆက်ပြုတ်သွားအောင် ဖျက်ဆီးတဲ့ မညီညွတ်မှုမျိုး ထပ်မဖြစ်ရအောင်ဆိုပြီး၊ ပဒေသရာဇ်စနစ်တစ်ခုလုံးကို ဖျက်လိုက်ပါတယ်။ သူ့ပိုင်နက်ကို ပြည်နယ်သုံးဆယ့်ခြောက်နယ် ခွဲလိုက်ပြီး၊ မင်းမျိုးကမဟုတ်ဘဲ အရပ်သားကို ပြည်နယ်ဘုရင်ခံ (civilian governor) ခန့်တယ်။ ဘုရင်ခံရာထူးမှာလည်း ဘုရင်ခံတစ်ဦးကို ပြည်နယ်တစ်နယ်မှာ နှစ်အနည်းငယ်သာခန့်ထားပြီး ကိုယ့်ရာထူး တည်မြဲအောင်၊ ကိုယ့်ဩဇာကြီးမားအောင် မလုပ်နိုင်ဖို့ တားမြစ်တဲ့သဘောနဲ့ မကြာခဏ နယ်ပြောင်းပေးတယ်။

ပြည်နယ်တစ်ခုစီမှာလည်း စစ်ခေါင်းဆောင်တစ်ယောက် ဧကရာဇ်ကိုယ်တိုင် ခန့်ထားပြီး၊ ဧကရာဇ်သဘောနဲ့ပဲ ရွှေ့တယ်၊ ဖြုတ်တယ်။ နောက် ဗဟိုအစိုးရရဲ့ကိုယ်စား နယ်မှာ အရာရှိတစ်ဦးထားသေးတယ်။ ဒီတော့မှ စစ်သူကြီးနဲ့ဘုရင်ခံကို ထိန်းပြီးသား ဖြစ်သွားတယ်။ ပြည်နယ်နဲ့ မြို့တော်အကြား ဆက်သွယ်ရေးကောင်းဖို့ လမ်းမကြီးတွေဖောက်တယ်။ ပြည်နယ်မြို့ တစ်ခုကို ဥပမာ သူပုန်ကဝိုင်းထားပြီဆိုရင် ဗဟိုတပ်မတော်ကို ချက်ချင်းစေလွှတ် နှိမ်နင်းနိုင်အောင် လမ်းကောင်းကောင်း ဖောက်ထားတာဖြစ်ပါတယ်။ အရင် မင်းညီမင်းသား မှူးမျိုးမတ်မျိုးတွေ သားမယားနဲ့တကွ အိမ်ထောင်တစ်ခုလုံး ဧကရာဇ် နေထိုင်ရာမြို့တော် စီယဲန်ယန်ဂ် (HsienYang) ကို လာနေစေတယ်။ သူတို့ကို အမြဲစောင့်ကြည့်ထားဖို့ လိုတယ်။

ရှီဟွန်ဂ်တိက နိုင်ငံရေးစစ်ရေးမှာ တရုတ်ကို တစ်ပေါင်းတည်းဖြစ်စေအောင် အုပ်စည်းတာလောက်နဲ့ မကျေနပ်သေး။ ကူးသန်းရောင်းဝယ်ရေးမှာလည်း ညီညွတ်စေလိုတယ်။ ဒီတော့ ကုန်ပစ္စည်းအလေးချိန် မှတ်ခြင်း၊ ဝန်မှတ်ခြင်း၊ ခရီးအကွာအဝေးတိုင်းခြင်းတို့ကို ညီညွတ်အောင် စံချိန်စံတာများ (standard weights and measures) (အလေးတင်းတောင်းများ) ညီအောင်လုပ်စေတယ်။ အားလုံးတညီတည်းသုံးဖို့ ပိုက်ဆံ (coinage) လည်း ထုတ်တယ်။ လက်နက်ကိရိယာတွေလည်း တညီတည်းသုံးစေတယ်။ လှည်းဝင်ရိုး (axel) ကိုလည်း စံထားပြီး အရှည်အတို ညီစေတယ်။ လမ်းဖောက်တဲ့အခါ ရေမြောင်းတူးတဲ့အခါ ညီအောင်ကြီးကြပ်ပေးတယ်။ တရုတ်နိုင်ငံကြီးအတွင်းမှာ တရားဥပဒေတူရမယ်။ စာရေးနည်းလည်း တူရမယ်။

ဧကရာဇ်ထုတ်ပြန်တဲ့ အမိန့်နဲ့ဥပဒေတွေထဲမှာ ချီးမွမ်းရင်လည်းဖြစ်တယ်၊ ကဲ့ရဲ့ချင်လည်း ရတယ်ဆိုတဲ့ အမိန့်တော်က ခရစ်မပေါ်မီ ၂၁၃ မှာ ထုတ်ပြန်တဲ့ တရုတ်နိုင်ငံတွင်း ရှိသမျှကျမ်းစာအုပ်တွေ မီးရှို့ဖျက်ဆီးစေဆိုတဲ့ အမိန့်ပဲဖြစ်ပါတယ်။ ခြွင်းချက်ရှိပါတယ်။ စိုက်ပျိုးရေးပညာ၊ ဆေးပညာ၊ ချင်နိုင်ငံတော်မှတ်တမ်းတွေ၊ Uပဒေပြု (Legalist) အဖွဲ့သုံး ဒဿနိကကျမ်းတွေ မီးမရှို့ရပါ။ (ကွန်ဖြူးရှပ်ကျမ်းတွေ အပါအဝင်) တခြားဒဿနိကကျမ်းတွေကို မီးရှို့စေတဲ့ ။ တစ်ချက်လွှတ်အမိန့် (Draconian decree) ဟာ သမိုင်းမှာ ပထမဆုံးပေါ်ပေါက်လာတဲ့၊ ကြီးကျယ်တဲ့ စိစစ်ရေးအမိန့် ဖြစ်တယ်။ အဲဒါမျိုးလုပ်ရင် ကွန်ဖြူရှပ် (Confucius) လို ရှေးကျပြီး လူတွေစွဲလမ်းအားကြီးတဲ့ အတွေးအခေါ် ပပျောက်မယ်။ ခေတ်ဆန်တိုးတက်တဲ့ အသိအမြင်ကို မထီမဲ့မြင်မလုပ်နိုင်တော့ဘူးဆိုတာနဲ့၊ ဒီအမိန့်ကို ဧကရာဇ်က ထုတ်တာဖြစ်ပါတယ်။ ဒီမှာလည်း ခြွင်းချက်ရှိတယ်။ သူမီးရှို့ခိုင်းတဲ့ ကျမ်းဟောင်းတွေ တစ်မျိုးစီတော့ နေပြည်တော်ရဲ့ တော်သုံးပိဋကတ်တိုက်မှာ သိမ်းဆည်းထားခိုင်းပါတယ်။

ရှီဟွန်ဂ်တိရဲ့ နိုင်ငံခြားရေးဝါဒ အလားတူပြင်းထန်တယ်။ နိုင်ငံတော်ရဲ့တောင်ပိုင်းမှာ နယ်ပယ်အများကြီးကို ချဲ့ထွင်သိမ်းပိုက်တယ်။ အားလုံးသိမ်းမိသမျှကို တရုတ်နိုင်ငံထဲ ထည့်ပြီးထားခဲ့တယ်။ အနောက်နဲ့ မြောက်မှာတော့ သူ့တပ်မတော်က တိုက်တိုင်းအောင်ဖြစ်ပေမယ့် နယ်မြေကိုတော့ အပိုင်သိမ်းယူခြင်း မလုပ်နိုင်တော့ပါ။ အဲဒီနယ်ကလူတွေဟာ တရုတ်ပြည်မကြီးကို ဖျက်ဆီးလုယက်တိုက်ခိုက် ထွက်ပြေးကြသူတွေဖြစ်လို့၊ သူတို့မလာနိုင်အောင် နံရံကြီး (The Great Wall of China) တည်ဆောက်ရမယ်။ ဒီစိတ်ကူးနဲ့ တရုတ်မြောက်ဘက်နယ်စပ်မှာ နံရံတွေ ဟိုတစ်စ ဒီတစ်စ ရှိပြီးသားဖြစ်တာကို ဧကရာဇ်က အားလုံးဆက်ပြီး နံရံကြီးလုပ်လိုက်တော့ ကနေ့အထိ ဒီနံရံကြီး တည်ရှိနေတယ်။ ဒီလိုကြီးကျယ်တဲ့ ဆောက်လုပ်ရေးစီမံကိန်းရယ်၊ စစ်တွေ အဆက်မပြတ် တိုက်ခိုက်တာရယ်၊ အကုန်အကျ များလွန်းတော့ ရှိပြီးအခွန်တွေကို မြှင့်ကောက်၊ နောက်ထပ် အခွန်သစ်တိုးနဲ့ ဧကရာဇ်ကို အများအကြည်ညိုကင်းလာတယ်။ သူက အုပ်ချုပ်ရေးကို အင်မတန်ခိုင်ခန့်အောင် လုပ်ထားတော့၊ သူပုန်ထဖို့ မလွယ်ဘူး။ ဒါနဲ့ သူ့ကိုလုပ်ကြံဖို့ အားထုတ်ကြတယ်။ ဒါလည်း မအောင်မြင်ပါ။ သူ့ဘာသာ သဘာဝအတိုင်း ရှီဟွန်ဂ်တိဟာ ခရစ်မပေါ်မီ ၂၁၀ မှာ နတ်ရွာစံပါတယ်။

တတိယသားတော်က အာ့ရှီဟွန်ဂ်တိ (Erh Shih Huang Ti) ဘွဲ့နဲ့ အဖရာထူးကို ဆက်ခံတယ်။ အဖလို အရည်အချင်းမရှိတော့ သူပုန်ထကြတယ်။ လေးနှစ်အတွင်းမှာ အသတ်ခံရတယ်။ နန်းတော်ရဲ့ ပိဋကတ်တိုက်ပါ မီးလောင်ပျက်စီးတယ်။ ချင် (Chin) မင်းဆက် လုံးဝပျက်စီးရပါတော့တယ်။ ဒါပေမယ့် ရှီဟွန်ဂ်တိလုပ်ခဲ့သမျှကို ဖျက်ဆီးဖို့မလွယ်ပါ။ သူ့လို မင်းဆိုးမရှိတာကိုတော့ တရုတ်တွေ ကျေနပ်ပါတယ်။ အင်မင်းမဲ့ကာလကို ပြန်သွားလိုကြတဲ့ သူတွေလည်း ရှိပါတယ်။ နောက်တက်လာတဲ့ ဟန် (Han) မင်းဆက်က ရှီဟွန်ဂ်တိရဲ့ အခြေခံအုပ်ချုပ်ရေးစနစ်ကို ဆက်ထိန်းနိုင်လေတော့၊ တရုတ်ဧကရာဇ်နိုင်ငံကြီးဟာ သူချမှတ်ထားတဲ့ပုံစံအတိုင်း ဆယ့်တစ်ရာစုအထိ နှစ်ပေါင်းကြာရှည်အောင် တည်တံ့ခဲ့ပါတယ်။

ချင်မင်းတွေ အစချမှတ်တဲ့ ဥပဒေတွေဟာ ကြမ်းတယ်၊ ဟန်မင်းတွေက လျှော့တယ်၊ ပြင်တယ်၊ နောက်ဆုံး ဥပဒေအချုပ်ဒဿနိက (Leaglist Philosophy) ကို ဖယ်ပြီး ကွန်ဖြူးရှပ်ဝါဒကို နိုင်ငံတော်ဝါဒလုပ်လိုက်တယ်ဆိုပေမယ့် ရှီဟွန်ဂ်တိလုပ်ခဲ့တဲ့ ဓလေ့နဲ့ နိုင်ငံရေးစည်းလုံးမှုမပျက်ဘဲ ဆက်လက်တည်ရှိခဲ့ပါတယ်။ တရုတ်အတွက်ရော ကမ္ဘာအတွက်ပါ ရှီဟွန်ဂ်တိအရေးပါခဲ့ပုံကို စစ်ဆေးကြည့်ရင် ထင်ရှားအောင် သိမြင်နိုင်ပါတယ်။ အနောက်တိုင်းသားတွေက တရုတ်နိုင်ငံရဲ့ ကြီးမားကျယ်ပြန့်ပုံကို အံ့ဩကြတယ်။ ဒါပေမယ့် သမိုင်းတစ်လျှောက်မှာ ဘယ်တုန်းကမှ တရုတ်လူဦးရေဟာ ဥရောပ (Europe) လူဦးရေထက် မပိုဘူး။(အခုတော့ တရုတ်က နှစ်ဆနီးပါးများသွားပြီဖြစ်ပါတယ်) ကွာခြားချက်က ဥရောပဆိုရင် နိုင်ငံငယ်ကလေးတွေ အများကြီး ပါဝင်နေတယ်။ တရုတ်ကတော့ နိုင်ငံကြီးတစ်ခုပဲ စုစည်းထားတယ်။ ဒီလိုခြားနားတာဟာ နိုင်ငံရေး၊ လူမှုရေးကြောင့် ဖြစ်တယ်။ ပထဝီနဲ့ မဆိုင်ပါ။

အတွင်းဘက်က သဘာဝအကန့်အကွက်တွေဖြစ်တဲ့ တောင်တန်းတွေ ဥရောပမှာရှိသလို တရုတ်မှာလည်း ထင်ထင်ရှားရှားရှိတာပါပဲ။ တရုတ်တွေ တစ်လုံးတစ်စည်းတည်း ရှိနေတာဟာ ရှီဟွန်ဂ်တိမင်းတစ်ပါးတည်းရဲ့ အစွမ်းလို့တော့ ပြောလို့မရနိုင်ပါ။ တခြားလူတွေလည်း ပါတယ်။ ဥပမာ စွိဝဲန်တိ (Sui Wen Ti) လည်း ဒီကိစ္စမှာ သိပ်အရေးကြီးတဲ့ အခန်းကပါတယ်။ ဒါပေမယ့် ရှီဟွန်ဂ်တိကတော့ အရေးပါဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။ ရှီဟွန်ဂ်တိရဲ့အကြောင်းကို ပြောကြရင် သိပ်တော်တဲ့ သူ့အမတ်ချုပ် လိဆု (Li Tsu) အကြောင်း ထည့်မပြောလို့ မရပါ။ လိဆုက ဧကရာဇ်ရဲ့ဝါဒရေးရာကို ကြိုးဆွဲနေခဲ့တာဖြစ်လို့၊ အရေးပါတဲ့ ပြုပြင်ရေးတွေမှာ မင်းကိုကျေးဇူးဘယ်မျှ၊ အမတ်ကို ဘယ်မျှလို့ ကန့်သတ်ပေးဖို့ ခက်ပါတယ်။ အဲဒီလိုမခွဲခြမ်းဘဲ ရှီဟွန်ဂ်တိရဲ့ ကျေးဇူးလို့ပဲ ပြောရပါတော့မယ်။ (ဘာဖြစ်လို့လဲဆိုတော့ လိဆုရဲ့ အကြံဉာဏ် ဘယ်လောက်ကောင်းကောင်း ဧကရာဇ်ကသာ ဆုံးဖြတ်ခွင့်ရှိလို့ ဖြစ်ပါတယ်။)

ကျမ်းစာအုပ်တွေ မီးတိုက်လို့ နောက်ပိုင်း ကွန်ဖြူးရှပ်ကျမ်းဆရာတွေက ရှီဟွန်ဂ်တိကို ပြစ်တင်ကဲ့ရဲ့ ရှုတ်ချကြတယ်။ မင်းဆိုမင်းညစ်၊ အယူသီးသူ၊ စိတ်ကောင်းမရှိသူ၊ လင်ကောင်မပေါ်ဘဲ မွေးဖွားသူ၊ ကိုယ်စွမ်းမရှိ အလယ်အလတ်တန်းလောက်ပဲ အရည်အချင်းရှိသူလို့ ပြောဆိုကြတယ်။ တစ်ဖက်မှာ ကွန်မြူနစ်တွေက တိုးတက်တဲ့အမြင်ရှိသူလို့ ချီးမွမ်းကြတယ်။ အနောက်တိုင်းစာရေးဆရာတွေက ရှီဟွန်ဂ်တိကို နပိုလီယန်နဲ့ နှိုင်းတယ်။ ရောမအင်ပါယာကို တည်ထောင်တဲ့ ဩဂတ်စတပ်ဆီဇာ (Augustus Ceasar) နဲ့ နှိုင်းကြည့်ဖို့ပိုသန်တယ်လို့ ထင်ပါတယ်။ သူတို့နှစ်ဦးထူထောင်တဲ့ လက်နက်နိုင်ငံတွေဟာ အကျယ်အဝန်းရော၊ လူဦးရေပါ ဆတူလောက်ရှိမယ်။ ဒါပေမယ့် ရောမအင်ပါယာက တရုတ် လက်နက်နိုင်ငံလောက် ရေရှည်မခံဘူး၊ ဩဂတ်စတပ်ဆီဇာအုပ်ချုပ်တဲ့ လက်အောက်ခံနိုင်ငံတွေဟာ အကြာကြီး မညီညွတ်၊ မတည်မြဲပါ။ တစ်ဖက်က ရှိဟွန်ဂ်တိနိုင်ငံတော်ကတော့ ကြာရှည်ခံတယ်။ ဒါကြောင့် အခုပုဂ္ဂိုလ်နှစ်ယောက်မှာ ရှီဟွန်ဂ်တိကိုပဲ ပိုပြီးတန်ခိုးဩဇာကြီးသူလို့ ဆိုရပါတယ်။

ဒေါက်တာသန်းထွန်း – ကျော်စွာ ၁၀၀

Leave a Reply