ကမာၻ႔အံဖြယ္ ၂၁ ခု အေၾကာင္းသိေကာင္းစရာ – ၃

Posted on

ေခတ္သစ္ ကမာၻ႔အံ့ဖြယ္ (၇)

အရင္ပုိစ့္ႏွစ္ခုမွာ ေရွးေဟာင္း ကမာၻ႔အံ့ဖြယ္ ၇ ပါး နဲ႔ အလယ္ေခတ္ ကမာၻ႔အံ့ဖြယ္ ၇ ပါးအေၾကာင္းကို ေရးခဲ့ၿပီးပါၿပီ။ ဒီတစ္ခါေတာ့ ေခတ္သစ္ကမာၻ႔အံ့ဖြယ္ ၇ ပါး အေၾကာင္းကို သုတဇုန္မိတ္ေဆြမ်ားအတြက္ မွ်ေ၀သြားပါမယ္။ ေခတ္သစ္ ကမာၻ႔အံ့ဖြယ္ (၇) ပါး ကေတာ့

၁။ တရုတ္ႏုိင္ငံက မဟာရံတံတုိင္းႀကီး
၂။ ေဂ်ာ္ဒန္ႏုိင္ငံမွ ပီထရာၿမဳိ႕ေဟာင္း
၃။ အီတလီႏုိင္ငံ ေရာမၿမဳိ႕က ကုိလုိစီယမ္ဇာတ္ရုံႀကီး
၄။ မကၠဆီကုိႏုိင္ငံ ယူကာတန္က မာယာၿမဳိ႕ေဟာင္း Chichen Itza

၅။ ပီရူးႏုိင္ငံက အင္ကာၿမဳိ႕ေဟာင္း မာခ်ဴးပီခ်ဴး
၆။ အိႏၵိယက တပ္ခ်္မဟာရ္
၇။ ဘရာဇီးႏုိင္ငံ ရီရုိဂ်ေနးရုိးက ခရစ္ေတာ္ရုပ္တု Christ the Redeemer

တုိ႔ျဖစ္ၾကပါတယ္။ ေခတ္သစ္ကမာၻ႔အံ့ဖြယ္ထဲမွာ ဂုဏ္ထူးေဆာင္အေနနဲ႔ ပါ၀င္တာကေတာ့ အီဂ်စ္ႏုိင္ငံက ဂုိင္ဇာမဟာပိရမစ္ႀကီး ျဖစ္ပါတယ္။

၁။ တရုတ္ႏုိင္ငံက မဟာရံတံတုိင္းႀကီး

အဓိပၸါယ္အားျဖင့္ ၁၀၀၀၀ လီ ( ၁ လီ = ၁/၃ မိုင္) ရွည္လ်ားေသာ တံတိုင္းႀကီးဟု အဓိပၸါယ္ရသည္။ တ႐ုတ္ႏိုင္ငံမွ အတြဲလိုက္ တည္ေဆာက္ထားေသာ ေျမကတုပ္ ႏွင့္ ေက်ာက္ကတုပ္မ်ားျဖစ္ၿပီး ဘီစီ ၆ရာစု မွ ေအဒီ ၁၆ရာစုအတြင္း တ႐ုတ္မင္းဆက္ အဆက္ဆက္တို႔လက္ထက္တြင္ တ႐ုတ္အင္ပါယာ၏ ေျမာက္ဖက္နယ္စပ္ကို ႐ႈန္းႏူ (Xiong-nu) တို႔၏တိုက္ခိုက္မႈမွ ကာကြယ္ရန္ တည္ေဆာက္ျခင္း၊ ျပန္လည္တည္ေဆာက္ျခင္းႏွင့္ ျပဳျပင္ထိန္းသိမ္းျခင္းတို႔ကို ျပဳခဲ့ၾကသည္။

မဟာရံတံတိုင္းဟု ရည္ၫႊန္းေသာ အခ်ိဳ႕တံတိုင္းမ်ားမွာ ဘီစီ ၅ရာစုကပင္ စတင္တည္ေဆာက္ခဲ့ၾကသည္။ အထင္ရွားဆုံးတံတိုင္းမွာ တ႐ုတ္၏ ပထမဆုံးအင္ပါယာ ခ်င္ရွိဟြမ္ (Qin Shi Huang) ၏လက္ထက္ ဘီစီ ၂၂၀- ၂၀၀ၾကားတြင္ တည္ေဆာက္ခဲ့ၿပီး ယခုအခါ အနည္းငယ္သာ ႂကြင္းက်န္ရစ္ေတာ့သည္။ ထိုတံတိုင္းမွာ ယခုလက္ရွိတည္ရွိေနေသာ မင္မင္းဆက္ ( Ming Dynasty) လက္ထက္တြင္ တည္ေဆာက္ခဲ့ေသာ တံတိုင္း၏ ေျမာက္ဖက္ အလြန္ေဝးလံေသာ ေနရာတြင္ တည္ရွိသည္။

မဟာရံတံတိုင္းႀကီးသည္ အေရွ႕ဖက္ ဆန္းဟိုင္ကြမ္း ( Shan-hai-guan) မွ အေနာက္ဖက္ ေလာ့ပ္ေနာ္(Lop Nur) အထိ မိုင္ေပါင္း ၄၀၀၀ (ကီလိုမီတာ ၆၄၀၀) ခန္႔ ရွည္လ်ားသည္။ မြန္ဂိုးလီးယားအတြင္းပိုင္း၏ ေတာက္ဖက္နယ္စပ္တေလၽွာက္ကို လျခမ္းပုံသဏၭာန္ရစ္ပတ္ထားၿပီး စုစုေပါင္း မိုင္ေပါင္း ၄၁၆၀ (၆၇၀၀ကီလိုမီတာ) အထိရွည္လ်ားသည္။ အထြဋ္အထိပ္သို႔ေရာက္ရွိေနေသာ အခ်ိန္ကာလအတြင္းတြင္ မင္တံတိုင္းကို လူေပါင္း တစ္သန္းေက်ာ္က ေစာင့္ၾကပ္ခဲ့သည္။ တ႐ုတ္လူမ်ိဳးေပါင္း ၂သန္းမွ ၃သန္းအထိ ရာစုႏွစ္ႏွင့္ခ်ီေသာ တံတိုင္းတည္ေဆာက္မႈ စီမံကိန္းလုပ္ငန္းအတြင္း ေသဆုံးခဲ့သည္ဟု ခန္႔မွန္းရသည္။

၂။ ေဂ်ာ္ဒန္ႏုိင္ငံမွ ပီထရာၿမဳိ႕ေဟာင္း

ပီထရာၿမဳိ႕ေဟာင္းဟာ ေဂ်ာ္ဒန္ႏုိင္ငံေတာင္ပုိင္းမွာ တည္ရွိတဲ့ ေရွးၿမဳိ႕ေဟာင္းတစ္ခုျဖစ္ပါတယ္။ ဒီၿမဳိ႕ေဟာင္းမွာ အထင္ရွားဆုံးကေတာ့
ခက္ဇ္နားဘုရားေက်ာင္း ျဖစ္ပါတယ္။ ခက္ဇ္နားဟာ ေက်ာက္သားကို ထြင္းထုထားတဲ့ ဝတ္ျပဳေက်ာင္းေဆာင္ တစ္ခုပါ။ Indiana Jones လို ႐ုပ္ရွင္ဇာတ္ကားမ်ိဳးေတြ ႐ိုက္ကူးခဲ့ဖူးတဲ့ ခက္ဇ္နားဟာ ပီထရာ ၿမိဳ႕ေတာ္ေဟာင္းရဲ႕ အံ့ခ်ီးဖြယ္ ရတနာ တစ္ပါးလည္း ျဖစ္ပါ တယ္။ အနီးမွာရွိေနတဲ့ လက္စမသတ္ရေသးတဲ့ ဂူသခ်ႋဳင္း တစ္ခုကို အေျချပဳ ေကာက္ခ်က္ခ်တဲ့အခါ သက္တမ္း ႏွစ္ေပါင္း(၂၀၀၀)ေလာက္ ၾကာျမင့္ခဲ့ၿပီျဖစ္တဲ့ ခက္ဇ္နားဟာ အေပၚကေန ေအာက္ဘက္ကိုဆင္းသက္ၿပီး ထြင္းထုတည္ေဆာက္ခဲ့တယ္လုိ႔ အေျဖထြက္လာပါတယ္။

ဒါေပမဲ့ မ်က္ႏွာစာဘက္အေပါက္ေတြရဲ႕ ေနရာခ် ထားပံုေၾကာင့္ ဒီေကာက္ခ်က္ကို လမ္းေၾကာင္းလြဲေစမယ့္ အေျခအေနမိ်ဳး ရွိလာခဲ့ ပါေသးတယ္။မ်က္ႏွာစာ အပိုင္းဟာ ေရွးပန္းပု လက္ရာေဟာင္းေတြကို ပယ္ဖ်က္ဖို႔ ေႏွာင္းလူေတြက အသစ္ဖန္တီး ထုလုပ္ဖန္တီးထားတာလုိ႔ ယူဆရပါတယ္။ ထူးဆန္းတဲ့ ေက်ာက္တုံးေတြနဲ႔ ခ်ည္းဖန္တီးထားတဲ့ လက္ရာ နဲ႔ ေျပာင္ေျမာက္လွတဲ့ ေရေပးေ၀မႈစနစ္ေတြရွိခဲ့တဲ့ ေနရာျဖစ္ပါတယ္။ ကမာၻ႕အံဖြယ္ေတြထဲက တစ္ခု အပါအ၀င္လည္း ျဖစ္ပါတယ္။

၃။ အီတလီႏုိင္ငံ ေရာမၿမဳိ႕က ကုိလုိစီယမ္ဇာတ္ရုံႀကီး

ေက္ာလုိဆီယမ္ဆုိတာ အီတလီေရာမၿမဳိ႕ရဲ႕အလယ္ေခါင္မွာရွိတဲ့ ဧရာမကဇာတ္ရုံႀကီးျဖစ္ပါတယ္။ သူ႔ကုိ Flavian ကဇာတ္ရုံလုိ႔လည္းေခၚၾကပါတယ္။ ေရာမ Flavian မင္းဆက္မွာ တည္ေဆာက္ခဲ့လုိ႔ျဖစ္ပါတယ္။ နီရုိဘုရင္ႀကီးရဲ႕ေၾကးရုပ္တု(Colossus of Nero) အနီးမွာေဆာက္ခဲ့တဲ့ဇာတ္ရုံျဖစ္တာေၾကာင့္ Colosseum ဆုိတဲ့နာမည္ျဖစ္လာပါတယ္။ ဒီဇာတ္ရုံႀကီးကို ေအဒီ ၇၂ခုႏွစ္ ဘုရင္ Vespasian လက္ထက္မွာ တည္ေဆာက္ခဲ့ၿပီး သူ႔ရဲ႕သား Titus လက္ထက္ ေအဒီ ၈၁ခုႏွစ္(၉ႏွစ္အၾကာ) မွာ ၿပီစီးခဲ့ပါတယ္။ ဒီလုိတည္ေဆာက္တဲ့ေနရာမွာ ဂ်ဴးလူမ်ဳိးအေစခံ ၆ေသာင္းခန္႔ကုိ သုံးခဲ့ပါတယ္။ ေက်ာက္တုံးနဲ႔ ကြန္ကရစ္ကုိသုံးကာ တည္ေဆာက္ခဲ့တဲ့ ဇာတ္ရုံႀကီးျဖစ္ၿပီး ေဆာက္ခဲ့သမွ်ေရွးေဟာင္း ကြန္ကရစ္ဇာတ္ရုံေတြထဲမွာ အႀကီးဆုံးလည္းျဖစ္ပါတယ္။

ေျမဧက ၆ဧကေပၚမွာေဆာက္လုပ္ထားတဲ့ ဇာတ္ရုံႀကီးရဲ႕ပုံစံဟာ ဘဲဥပုံသ႑ာန္ရွိၿပီး အမုိးမပါပဲ ထုိင္ခုံတန္းမ်ားကို အ၀ိုင္းအဆင့္ဆင့္နဲ႔ တည္ေဆာက္ထားခဲ့ပါတယ္။ လူေပါင္း ၅ေသာင္းကေန ၈ေသာင္းအထိဆန္႔တဲ့ ဇာတ္ရုံႀကီးျဖစ္ပါတယ္။ ဇာတ္ရုံဟု ဆုိေပမယ့္ ဇာတ္ပြဲေတြျပတာမဟုတ္ပဲ။ တုိက္ခုိက္ပြဲ သတ္ျဖတ္ပြဲေတြ ျပဳလုပ္တာျဖစ္ပါတယ္။ စစ္သည္ ၊ သုံ႔ပန္း ၊ တိရစာၦန္မ်ားဟာ တစ္ဦးခ်င္း ၊ အုပ္စုလုိက္ စသည့္ျဖင့္ သတ္ျဖတ္သည့္ပြဲ ၊ လူကုိျခေသ့ၤစာေကြ်းပြဲေတြကို ၾကည့္ရႈသူေတြက အားေပးၾကတာျဖစ္ပါတယ္။ ဒီလုိတုိက္ပြဲေတြဟာ အဲဒီေခတ္က အပန္းေျဖၾကည့္ရႈ႕စရာျဖစ္ခဲ့ပါတယ္။ အမ်ားအားျဖင့္ ကြ်န္ေတြကုိ အၿမဲေလ့က်င့္ေစကာ လက္နက္ကိရိယာအမ်ဳိးမ်ဳိးနဲ႔ တုိက္ခုိက္ေစတာျဖစ္ပါတယ္။ ကြ်န္ေတြကုိ သူေဌးႀကီးေတြ ၊ အရာရွိႀကီးေတြက ပုိင္ဆုိင္ထားၿပီး ၿပဳိင္ပြဲမွာ ႏုိင္တဲ့ကြ်န္ဟာ သူတုိ႔ရဲ႕ဂုဏ္ကုိတက္ေစပါတယ္။

ဒီလုိတုိက္ပြဲေတြမွာ တစ္ေယာက္ေယာက္က လဲက်သြားၿပီး အရႈံးေပးရုံနဲ႔ ပြဲၿပီးေလ့မရွိပါဘူး။ အဲလုိအခါမ်ဳိးမွာ ပရိသတ္က သတ္ျဖတ္ဖုိ႔ေတာင္းဆုိေလ့ရွိၿပီး အႏုိင္ရရွိသူဟာ မသတ္ခ်င္သည့္တုိင္ေအာင္ လဲက်ေနသူကုိ သတ္ျဖတ္ျပရပါတယ္။ တကယ္လုိ႔မသတ္ပဲ လႊတ္ေပးပါက အႏုိင္ရေပမယ့္ ပရိသတ္ရဲ႕အားေပးမႈကုိမရပဲ ေလွာင္ေျပာင္မႈေတြကုိသာ ရမွာျဖစ္ပါတယ္။ အႏုိင္ရသူက မသတ္ျဖတ္ေပမယ့္ ရႈံးနိမ့္သူ အသက္ရွင္ဖုိ႔အခြင့္အလမ္းက နည္းပါးၿပီး သူ႔ရဲ႕ကံၾကမၼာဟာ သခင္က သတ္မသတ္ေပၚမွာ မူတည္ပါတယ္။ ဒီဇာတ္ရုံႀကီးမွာ ကြ်န္ေတြနဲ႔ တိရစာၦန္ေတြကို ထားတဲ့ေနရာေတြကိုလည္းထည့္သြင္းထားၿပီး ယေန႔တုိင္ျမင္ေတြ႔ႏုိင္ပါေသးတယ္။ တုိက္ခုိက္သတ္ျဖတ္ပြဲမ်ားကုိ ႏွစ္ေပါင္း ၃၉၀ ခန္႔ၾကာေအာင္ ဘုရင္အဆက္ဆက္က အစဥ္အလာတစ္ခုလုိ က်င္းပခဲ့ၿပီး ဒီကြင္းႀကီးမွာေသဆုံးခဲ့သူေပါင္းဟာ ၄သိန္းထက္မနည္းရွိခဲ့ၿပီး ၊ တိရစာၦန္ေပါင္းလည္း သိန္းနဲ႔ခ်ီၿပီး သတ္ျဖတ္ခံခဲ့ရပါတယ္။

လူေနမႈစနစ္ နဲ႔ အေတြးအေခၚမ်ားျမင့္တက္လာၿပီး ေခတ္အလယ္ပိုင္းေရာက္တဲ့အခါမွာေတာ့ သတ္ျဖတ္ပြဲေတြကုိ ဒီကြင္းႀကီးထဲမွာမလုပ္ေတာ့ပဲ ပုံမွန္ေဖ်ာ္ေျဖပြဲနဲ႔ ဘာသာေရးပြဲမ်ားသာ ျပဳလုပ္ေတာ့ပါတယ္။ ငလွ်င္ဒဏ္နဲ႔ ေက်ာက္တုံးမ်ားခုိးယူဖ်က္စီးသူမ်ားေၾကာင့္ ယခုအခါမွာ မူလဇာတ္ရုံရဲ႕ သုံးပုံ ႏွစ္ပုံသာ က်န္ပါေတာ့တယ္။ ယေန႔တုိင္ အထင္ရွားဆုံး ေရွးေဟာင္း ကဇာတ္ရုံတစ္ရုံအျဖစ္ ရပ္တည္ေနၿပီး ယူနက္စကုိရဲ႕ ကမာၻ႔ေရွးေဟာင္းအေမြအႏွစ္ တစ္ခုအျဖစ္သတ္မွတ္ထားခံရကာ ႏွစ္စဥ္ ကမာၻလွည့္ခရီးသြားေပါင္း သန္းခ်ီၿပီးလာေရာက္ေလ့ရွိတဲ့ေနရာလည္းျဖစ္ပါတယ္။

၄။ မကၠဆီကုိႏုိင္ငံ ယူကာတန္က မာယာၿမဳိ႕ေဟာင္း Chichen Itza

မာယာလူမ်ဳိးလုိ႔ ဆုိလုိက္တာနဲ႔ ဥာဏ္အလြန္ထက္ၿပီး တီထြင္မႈေတြကိုဖန္တီးခဲ့ၿပီး သမုိင္းထဲကေပ်ာက္ျခင္းမလွ ေပ်ာက္သြားတဲ့ လူမ်ဳိးစုတစ္စု အျဖစ္ အားလုံးသိၿပီးျဖစ္မွာပါ။ အခုေဖာ္ျပတဲ့ Chichen Itza ၿမဳိ႕ေတာ္ဟာ ဒီမာယာလူမ်ဳိးေတြတည္ေဆာက္ခဲ့တဲ့ၿမဳိ႕ေတာ္ျဖစ္ပါတယ္။ အက်ယ္အ၀န္းအားျဖင့္ ၄မုိင္ပတ္လည္က်ယ္၀န္းပါတယ္။ Mexico ႏုိင္ငံ၊ Yucatan ၏ ၿမိဳ႕ေတာ္ Merida ရဲ့ အေရွ႕ဘက္ ၇၅ မိုင္အကြာမွာ တည္ရိွပါတယ္။

ေအဒီ ၆ရာစုကေန ၉ရာစုေက်ာ္အထိ အလြန္စည္ကားတဲ့ၿမဳိ႕ျဖစ္ခဲ့ပါတယ္။ ေအဒီ ၁၀ရာစုခန္႔မွာ Toltec လူမ်ဳိးေတြရဲ႕သိမ္းပုိက္ျခင္းကုိခံခဲ့ရၿပီး မာယာလူမ်ဳိးေတြလုပ္အားနဲ႔ ၿမဳိ႕ေတာ္ႀကီးကုိ ဘာသာေရးအေဆာက္အအုံေတြကို ေဆာက္လုပ္ခဲ့ၿပီး သူတုိ႔နဲ႔အတူ လူသားယဇ္ပူေဇာ္ျခင္း စနစ္လည္းပါလာခဲ့ပါတယ္။ ယဇ္ပူေဇာ္တဲ့အခါ လူေတြကို Chichen ထိပ္ကေနပစ္ခ်ၿပီး အသက္ရွင္က်န္ရစ္သူကိုသာ ျမင့္ျမတ္သူလို႔ယံုၾကည္ၿပီးကိုးကြယ္ခဲ့ၾကပါတယ္။ ေအဒီ ၁၃ရာစုမွာေတာ့ မာယာေတြဟာ ဒီၿမဳိ႕ကိုအၿပီးတုိင္စြန္႔ခြာခဲ့ၾကပါတယ္။ က်ဴးေက်ာ္သူေတြဟာ မာယာဘုန္းေတာ္ႀကီးေတြကုိ မသတ္ခဲ့ရင္ ၊ စာအုပ္ေတြကုိမီးမရႈိ႕ခဲ့ရင္ မာယာေတြရဲ႕ သမုိင္းအေထာက္အထားေတြကို ဒီထက္အမ်ားႀကီးပုိသိရမွာျဖစ္ပါတယ္။

Chi ဆိုတာက ပါးစပ္၊ Chen ဆိုတာက ေရတြင္း၊ Itza ဆိုတာက အစ္ဇာလူမ်ဳိးႏြယ္စု လို႔ အဓိပၸာယ္ရပါတယ္။ အဓိပၸါယ္အျပည့္အစုံကေတာ့ ‘at the mouth of the well of the Itza’ ျဖစ္ပါတယ္။ မတည္ေဆာက္ခင္က အဲဒီေနရာမွာ တစ္ႏွစ္ပတ္လုံးေရရႏုိင္တဲ့ တြင္းေပါက္ႀကီး ႏွစ္ခုရွိတာေၾကာင့္ Chichen Itza တည္ေဆာက္ဖုိ႔ ဒီေနရာကိုေရြးခ်ယ္ခဲ့ၾကတာပဲျဖစ္ါပတယ္။ ဒီအေပါက္ႀကီးႏွစ္ခုထဲက တစ္ခုဟာ လူသားေတြကုိယဇ္ပူေဇာ္ရာ ေနရာလည္းျဖစ္ပါတယ္။ ဒီေနရာမွာ ေယာက်ၤား ၊ မိန္းမ ၊ ကေလးမ်ားစြာဟာ Chac ဘုရားထံ ယဇ္ပူေဇာ္ျခင္းကုိခံခဲ့ရပါတယ္။ Chac ဟာ မာယာလူမ်ဳိးမ်ားရဲ႕ မိုး နဲ႔ မုိးႀကဳိးဘုရားျဖစ္ပါတယ္။

ဒီၿမဳိ႕ရဲ႕ အထူးျခားဆုံး အေက်ာ္ၾကားဆုံးေနရာဟာ Castillo ျဖစ္ပါတယ္။ စပိန္စကားနဲ႔ ဆုိရင္ ရဲတုိက္ျဖစ္ပါတယ္။ Castillo ဟာ နကၡတၱေဗဒ နည္းလမ္းအတုိင္းတည္ေဆာက္တဲ့ ပိရမစ္ပုံစံ ၇၉ေပအျမင့္ အေဆာက္အဦးျဖစ္ၿပီး အျပင္ဘက္မွာ ေလွကား ၄ခုရွိပါတယ္။ သတင္းမီဒီယာေတြမွာ မၾကာခဏေဖာ္ျပခံရတဲ့ပုံလည္းျဖစ္ပါတယ္။ ဒီေနရာမွာေနထုိင္ခဲ့တဲ့ မာယာလူမ်ဳိးေတြဟာ လက္မႈပညာအတတ္ ၊ ပန္းပုအတတ္ ၊ ယက္ကန္းအတတ္ ၊ ေက်ာက္မ်က္အတတ္ နဲ႔ အုိးအတတ္ေတြမွာ အလြန္ကြ်မ္းက်င္သူေတြျဖစ္ပါတယ္။

အေဆာက္အဦးအားလုံးကုိ ေက်ာက္တုံးေတြနဲ႔သာ ေဆာက္လုပ္ထားပါတယ္။ ထူးျခားတာကေတာ့ သူတုိ႔ရဲ႕ဘုရားေက်ာင္းေတြ ၊ ပိရမစ္ေတြ နဲ႔ အေဆာက္အဦးေတြေဆာက္လုပ္တဲ့ေနရာမွာ ေက်ာက္တုံးသယ္ဖုိ႔အတြက္ ဘီးေတြကို အသုံးမျပဳခဲ့တာပါ။ အေဆာက္အဦးမ်ားဖ်က္စီးရၿပီးေနာက္ က်န္ခဲ့တဲ့အထဲမွာ ေက်ာ္ၾကားတဲ့အေဆာက္အဦးေတြကေတာ့ The Warrior’s Temple, El Castillo နဲ႔ The Great Ball Court တုိ႔ျဖစ္ပါတယ္။ Chichen Itza ဟာ ကမာၻသစ္ရဲ႕ အႀကီးက်ယ္ဆုံး အံၾသဖြယ္ရာ ခုႏွစ္ခုထဲမွာလည္း ထည့္သြင္းသတ္မွတ္ခံခဲ့ရသလုိ ၁၉၈၈မွာ UNESCO ရဲ႕ ကမာၻ႔အေမႊအႏွစ္အျဖစ္သတ္မွတ္ျခင္းကုိလည္း ခံခဲ့ရပါတယ္။ ႏွစ္စဥ္ ကမာၻလွည့္ခရီးသည္ေပါင္း ၁.၄သန္းခန္႔ လာေရာက္လည္ပတ္တဲ့ေနရာလည္းျဖစ္ပါတယ္။

၅။ ပီရူးႏုိင္ငံက အင္ကာၿမဳိ႕ေဟာင္း မာခ်ဴးပီခ်ဴး

မာခ်ဴးပီခ်ဴးဟာ ပီရူးႏုိင္ငံ Cusco ေဒသ အင္ဒီးစ္ေတာင္တန္းေပၚမွာ တည္ရွိတဲ့ အင္ကာအင္ပါယာ ေရွးေဟာင္းၿမဳိ႕ေတာ္တစ္ခုျဖစ္ပါတယ္။ Machu Picchu ကို အင္ကာအင္ပါယာအင္အားႀကီးထြားခ်ိန္ ၁၄၅၀ ေလာက္မွာ တည္ေဆာက္ခဲ့ပါတယ္။ စတင္တည္ေဆာက္ၿပီး ႏွစ္ေပါင္း ၁၀၀ေက်ာ္အၾကာ ၁၅၇၀ ခုႏွစ္ စပိန္ေတြသိမ္းပိုက္ခ်ိန္မွာ စြန္႔ပစ္ျခင္းခံခဲ့ရပါတယ္။ ဒီၿမဳိ႕ေတာ္ကုိ ခရစ္ႏွစ္ ၁၄၅၀ ၀န္းက်င္ေလာက္မွာ အင္ကာအင္ပါယာ ဧကရာဇ္ Pachacuti (၁၄၃၈-၁၄၇၂) မွ Andes ေတာင္တန္းေတြေပၚမွာ တည္ေထာင္ခဲ့တာ ျဖစ္ပါတယ္။

လ်ိွဳ႕၀ွက္ဆန္းၾကယ္တဲ့ မာခ်ဴးပီခ်ဴးၿမဳိ႕ဟာ ပင္လယ္ေရမ်က္နွာျပင္အထက္ ေပေပါင္း ၇၉၇၀ အျမင့္မွာ တည္ရွိေနပါတယ္။ အစပိုင္းမွာ ခံတပ္အျဖစ္တည္ေဆာက္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ အင္ကာလူမ်ိဳးတို႔ရဲ႕ ျမိဳ႕ေတာ္ ျဖစ္လာျပီး လူေပါင္း ၁၂၀၀ ၀န္းက်င္ေလာက္ေနထိုင္ခဲ့ၾကတယ္လို႔ ဆုိပါတယ္။ အမ်ားအားျဖင့္ လက္လုပ္လက္စား သမားေတြ မင္းမႈထမ္းေတြနဲ႔ အေစခံေတြ ေနထိုင္ၾကတယ္။ ကေလးေတြနဲ႔ မိန္းမေတြဟာ ေယာက်္ားေတြထက္ ဦးေရ ပိုမ်ားတယ္။

အဓိက အသယ္ေမြးဝမ္းေက်ာင္းအျဖစ္ စိုက္ပ်ိဳးေရးကို လုပ္ကိုင္ၾကတယ္ ။ အဓိက ထြက္ကုန္ကေတာ့ အာလူးနဲ႔ ေျပာင္းတို႔ျဖစ္တယ္။ေယာက်္ားေတြက လယ္အလုပ္ကို လုပ္ကိုင္ၿပီး မိန္းမေတြကေတာ့ အိမ္မွာေနၿပီး ရက္ကန္း ခတ္ျခင္း ၊ အိုးလုပ္ငန္းနဲ႔ လက္လုပ္ပစၥည္း မ်ားကို ျပဳလုပ္ၾကတယ္။ Machu Picchu ျမိဳ႔ကို စိုက္ပ်ိဳးေရးအပိုင္း၊ ဘာသာေရးအပိုင္း၊ လူေနထိုင္သည့္အပိုင္း စသျဖင့္ အပိုင္းအပိုင္းလိုက္ အံ့ၾသဖြယ္ တည္ေဆာက္ထားတာကိုေ တြ႔ရပါတယ္။ ေလွကားထစ္စိုက္ပ်ိဳးနည္းနဲ႔ ေတာင္ေစာင္းေတြေပၚမွာ စိုက္ပ်ိဳးေရးလုပ္ကိုင္ၾကျပီး ေအာက္ဆံုးအပိုင္းမွာ လူေနအေဆာက္အဦးမ်ားရွိျပီး အေရးအၾကီးဆံုး ဘာသာေရးအေဆာက္အဦးေတြကေတာ့ေတာင္ရဲ႕ထိပ္ဆံုးအပိုင္းမွာ တည္ရွိပါတယ္။

အေဆာက္အအုံစုစုေပါင္း ၁၅၀ေက်ာ္ရွိၿပီး ေက်ာက္တုံးေတြကုိထြင္းထုထားတဲ့ ေက်ာက္ေလွကားေပါင္း ၁၀၀ခန္႔ရွိပါတယ္။ ေတာင္ထိပ္မွ ၾကည့္မယ္ဆိုရင္ ဟိုးေအာက္ဆံုးက စိမ္းစိုလွပတဲ့ Urubamba ေတာင္ၾကားအလွကို ျမင္ေတြ႔ရမွာ ျဖစ္ပါတယ္။ အံ.ၾသဖြယ္တည္ေဆာက္မွုပံုေတြနဲ႔ Machu Picchu ျမိဳ႕ မွာ ခရီးသြားေတြဟာ ထူျခားလွတဲ့ အိမ္ေတြ၊ ဘုရားေက်ာင္းေတြ အပါအ၀င္ လွပတဲ့ေလွကားထစ္စိုက္ပ်ိဳးေရး စနစ္ေတြကိိုလည္း ေလ့လာနိုင္တဲ့အျပင္ လ်ွိဳ႕၀ွက္ဆန္းၾကယ္လွတဲ့ Intihuatana ေက်ာက္တံုးၾကီးကိုလည္း ျမင္ေတြ႕ရမွာျဖစ္ပါတယ္။

၆။ အိႏၵိယက တပ္ခ်္မဟာရ္

တာ့ဂ္်မဟာရ္ သည္ အိႏၵိယႏိုင္ငံ အာဂရာၿမိဳ႕ျပင္၊ အာဂရာခံတပ္၏ အ‌ေရွ႕ဘက္ ၁ မိုင္ခန္႔‌ေဝး‌ေသာ လွပသည့္ ဥယ်ာဥ္တစ္ခုတြင္း၌ တည္ရွိသည္။ ႀကီးက်ယ္ခမ္းနားေသာ ဂူသခ်ႋဳင္းႀကီးျဖစ္ၿပီး မဂိုဘုရင္ ရွားဂ်ာဟန္ က သူ၏ ကြယ္လြန္ၿပီးခဲ့ေသာ အခ်စ္ျမတ္ႏိုးဆုံးဇနီး မြန္တာဇ္မဟာရာ(ဂ္်) (Mumtaz Mahal) အတြက္ရည္စူး၍ တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။ မွတ္တမ္းမွတ္ရာမ်ား အရ ရွားဂ်ာဟန္၏ ေၾကကြဲဖြယ္အခ်စ္ဇာတ္လမ္းသည္ တာ့ဂ္်မဟာကို ေဆာက္လုပ္ျဖစ္ရန္ ေစ့ေဆာ္ေပးေသာ အခ်က္ျဖစ္သည္။ မမ္တက္ဇ္ေသဆုံးၿပီး မၾကာမီတြင္ပင္ တာ့ဂ္်မဟာရ္ကို စတင္ေဆာက္လုပ္ခဲ့ၿပီး အဓိက ဂူသခ်ႋဳင္းမွာ ၁၆၄၈ ခုႏွစ္တြင္ ၿပီးစီးခဲ့သည္။ ပတ္ဝန္းက်င္ရွိ အေဆာက္အဦးမ်ားႏွင့္ ဥယ်ာဥ္မ်ားမွာ ၅ ႏွစ္အၾကာတြင္ ၿပီးစီးခဲ့သည္။

တာ့ဂ္်မဟာသည္ မဂိုဗိသုကာပညာ၏ အေကာင္းဆုံး ဥပမာတစ္ခုအျဖစ္ ေျပာႏိုင္ၿပီး အခ်ိဳ႕က ကမၻာ‌ေပၚတြင္ အလွဆုံး‌ေသာ အ‌ေဆာက္အအုံႀကီးဟူ၍ ဆိုၾကသည္။ တည္ေဆာက္မႈစတိုင္တြင္ ပါရွန္း၊ တူရကီ၊ အိႏၵိယႏွင့္ အစၥလာမ္ ဗိသုကာစတိုင္၏ အစိတ္အပိုင္းမ်ားေပါင္းစပ္ပါဝင္ေနသည္။ ၁၉၈၃ ခုႏွစ္တြင္ တာ့ဂ္်မဟာသည္ ယူနက္စကို၏ အံ့ဩေလးစားရေလာက္ေသာ အလြန္ေျပာင္ေျမာက္သည့္ ကမၻာ၏အေမြခံအေဆာက္အဦး ဟု သတ္မွတ္ခံရၿပီး ကမၻာ့အေမြအႏွစ္ေနရာမ်ားစာရင္းတြင္ ပါဝင္လာခဲ့သည္။ ‘တာ့ဂ္်မဟာရ္’ဟူသည္မွာ ‘နန္း မ်ား ထြတ္‌ေခါင္’ဟု အနက္ရ၏။

တက္ဂ်မဟာသည္ ရွစ္‌ေျမႇာင့္ပုံ အ‌ေဆာက္အအုံႀကီး ျဖစ္၍ ‌ေပ ၇ဝ ျမင့္ၿပီးလၽွင္ သဲနီ‌ေက်ာက္ ‌ေအာက္‌ေျခ‌ေပၚတြင္ တည္ရွိ၏။ သို႔‌ေသာ္ ယင္းထိပ္တြင္ ‌ေပ ၁၂၀ ျမင့္‌ေသာ ခုံဝိုင္းႀကီး တပ္ဆင္ထားျပန္သျဖင့္ စုစု‌ေပါင္း ‌ေပ ၁၉၀ ခန္႔ျမင့္‌ေပသည္။ အ‌ေဆာက္အအုံႀကီးမွာ သဲနီ‌ေက်ာက္ တံတိုင္းျဖင့္ ဝန္းရံထား‌ေသာ ႐ႈခ်င္စဖြယ္ ဥယ်ာဥ္တစ္ခု၏ အလယ္တြင္ တည္ရွိ‌ေလသည္။ အတြင္းဘက္တြင္ ဆင္ျပင္ထားပုံမွာ ခမ္းနား ဆန္းျပားလွ၏။ ‌ေက်ာက္ျဖဴဂူ ႏွစ္ခုရွိ‌ေသာ အခန္းႀကီးကို အဖိုးတန္‌ေက်ာက္မ်က္ရတနာ ၁၂ မ်ိဳးျဖင့္ၿပီးသည့္ ခန္းဆီးမ်ား ႏွင့္ ကာရံထားသည္။ အတြင္းနံရံမ်ားတြင္ တိရစၧာန္ပုံႏွင့္ သစ္ပင္ပန္းပင္ပုံမ်ား ‌ေဖာ္ထားသည့္ မွန္စီ‌ေ႐ႊခ် လက္ရာမ်ားမွာ အလွဆုံးပင္ျဖစ္သည္ဟုဆိုသည္။

တာ့ဂ္်မဟာ၏ အဓိကေနရာမွာ ေက်ာက္ျဖဴသားအုတ္ဂူျဖစ္သည္။ ခုံးေနေသာ တံခါးေပါက္ပါရွိသည့္ ႏွစ္ဖက္ညီအခ်ိဳးစားက် အေဆာက္အဦးေပၚတြင္တည္ရွိၿပီး အေပၚမွ ႀကီးမားေသာအမိုးလုံးႀကီးျဖင့္ ဖုံးအုပ္ထားသည္။ တာ့ဂ္်မဟာရ္အေဆာက္အဦးအစုအေဝးကို ၁၆၄၈ ခုႏွစ္ခန္႔က ေဆာက္လုပ္ၿပီးစီးခဲ့ၿပီး အူစတတ္ အာမက္ လာေဟာရီသည္ တာ့ဂ္်မဟာရ္၏ အဓိကပုံစံထုတ္တည္ေဆာက္သူျဖစ္သည္ဟု ယူဆၾကသည္။ ဤ အ‌ေဆာက္အအုံႀကီးကို ‌ေဆာက္လုပ္ရာတြင္ ‌ေပါင္ ၃ သန္း ‌ေက်ာ္ ကုန္က်ခဲ့သည္ဟု သိရၿပီး အလုပ္သမားေပါင္း ႏွစ္ေသာင္းေက်ာ္ျဖင့္ တည္ေဆာက္ကာ ႏွစ္ေပါင္း ၂၀ၾကာေအာင္ ေဆာက္လုပ္ခဲ့ရသည္။

ဘုရင္ ရွားဂ်ာဟန္း စိတ္ဒဏ္ရာေၾကာင့္ နာမက်န္းျဖစ္ၿပီး အဲဒီကာလမွာပဲ သူ၏ သားေတာ္တစ္ပါးရဲ႕ ထိန္းသိမ္းျခင္းခံလိုက္ ခဲ့ရသည္။ ဂရာခံတပ္ႀကီး (Agra ) မွာပဲ အက်ယ္ခ်ဳပ္ခ်ထားျခင္းခံ ရၿပီး သူအက်ဥ္းက်ရာ ေနရာ ျပတင္းေပါက္က်ဥ္းက်ဥ္း ေလးကေန ခ်စ္သူ ဗိမာန္တက္ခ်္မဟာကို ၾကည့္ရင္း လြမ္းေမာၿပီး ကံေတာ္ကုန္ခဲ့ရသည္ဟု ေၾကကြဲဖြယ္ မွတ္တမ္းတင္ထား ခဲ့ပါသည္။

၇။ ဘရာဇီးႏုိင္ငံ ရီရုိဂ်ေနးရုိးက ခရစ္ေတာ္ရုပ္တု Christ the Redeemer

Christ the Redeemer ခရစ္ေတာ္ရုပ္တုႀကီးဟာ ဘရာဇီးႏုိင္ငံ ရီယုိဒီဂ်ေနးရုိးၿမဳိ႕မွာ တည္ရွိပါတယ္။ ဒီ Christ the Redeemer ရုပ္တုႀကီးတည္ေဆာက္ဖုိ႔ စိတ္ကူးကုိ ၁၈၅၀ခုႏွစ္တည္းက Catholic ဘုန္းေတာ္ႀကီးတစ္ပါးျဖစ္တဲ့ Pedro Maria Boss က ရခဲ့တာပဲျဖစ္ပါတယ္။ ဒီစိတ္ကူးကုိေထာက္ပံ့မည့္သူမလုံေလာက္တာေၾကာင့္ ၁၉၂၀ အထိအေကာင္အထည္မေဖာ္ႏုိင္ခဲ့ၾကပါဘူး။ ဒီဇုိင္းကုိ ၁၉၂၀ မွာ စတင္ေရးဆြဲခဲ့ၿပီး တည္ေဆာက္ေရးကိုေတာ့ ၁၉၂၂ခုႏွစ္မွ စတင္ႏုိင္ခဲ့ပါတယ္။ ၁၉၃၁ခုႏွစ္မွ ၿပီးဆုံးခဲ့ၿပီး ေဆာက္လုပ္ခ်ိန္ ၉ႏွစ္ၾကာျမင့္ခဲ့ပါတယ္။

ျပင္သစ္ ေက်ာက္ဆစ္ဆရာ Paul Landoski ၊ ျပင္သစ္ အင္ဂ်င္နီယာ Albert Caquot ၊ ဘရာဇီး အင္ဂ်င္နီယာ ဆင္းလ္ဗား ေကာ္စတာ (Heitor da Silva Costa) တုုိ႔ဦးေဆာင္ကာ ပူးေပါင္းတည္ေဆာက္ခဲ့ျခင္းျဖစ္ပါတယ္။ ကုန္က်စရိတ္အေနနဲ႔ အဲဒီအခ်ိန္က အေမရိကန္ေဒၚလာ ၂သိန္းခြဲကုန္က်ခဲ့ပါတယ္။ ဒါဟာ ၂၀၁၆ခုႏွစ္ အေမရိကန္ေဒၚလာ ၃.၄သန္းနဲ႔ ညီမွ်ပါတယ္။ ဘရာဇီးရဲ႕ Catholic ခရစ္ယာန္အဖြဲ႔က ကုန္က်ခံခဲ့တာျဖစ္ပါတယ္။ ဒီရုပ္တုႀကီးဟာ ဘရာဇီးက ခရစ္ယာန္ေတြ နဲ႔ ရီယုိဒီဂ်ေနးရုိးၿမဳိ႕ရဲ႕ အထိမ္းအမွတ္ အမွတ္အသားတစ္ခုျဖစ္ပါတယ္။ တည္ေနရာကေတာ့ ကြန္ကိုုဗာဒိုု ေတာင္ကုုန္း (Concovado mountain) ေပၚက တီဂ်ဴကာ အမ်ဳိးသား ဥယ်ာဥ္ (Tijuca National Park) အတြင္းမွာ တည္ရွိတာျဖစ္ပါတယ္။

ရုပ္တုရဲ႕အျမင့္ ၉၈ေပ (ေအာက္ေျခခုံ ၂၆ေပ မပါ၀င္) ရွိၿပီး ဆန္႔ထားတဲ့လက္အက်ယ္ ၉၂ေပ ရွိပါတယ္။ အေလးခ်ိန္ကေတာ့ ၆၃၅တန္နီးပါး ရွိပါတယ္။ ကမာၻေပၚက ခရစ္ေတာ္ရုပ္တုေတြထဲမွာ နံပါ ၅ အႀကီးဆုံးရုပ္တုလည္းျဖစ္ပါတယ္။ ရုပ္တုရဲ႕ အဓိပၸါယ္ကေတာ့ ခရစ္ေတာ္ဟာ သူဆီ၀င္လာသူအာလုံးကုိ ခ်စ္ျခင္းေမတၱာနဲ႔ ေပြ႕ဖက္ဖုိ႔ အဆင္သင့္ရွိေနတယ္ဆုိတဲ့ အဓိပၸါယ္ျဖစ္ပါတယ္။ တည္ေဆာက္မယ့္ soapstone ေက်ာက္တုံးေတြကုိ ဆြီဒင္ႏုိင္ငံကေန တင္သြင္းခဲ့တာပဲျဖစ္ပါတယ္။ ၁၉၃၁ ခုႏွစ္မွာ ၿပီးဆုံးခဲ့တဲ့ရုပ္တုႀကီးကုိ ၁၉၃၁ခုႏွစ္ ေအာက္တုိဘာ ၁၂ ရက္ေန႔မွာ တရား၀င္အခမ္းအနားနဲ႔ ဖြင့္လွစ္ခဲ့ပါတယ္။

ဘယ္ဘက္လက္က ရီရုိဒီဂ်ေနးရုိးၿမဳိ႕ရဲ႕ ေတာင္ဘက္ကုိ ညႊန္ျပေနၿပီး ညာဘက္လက္ကေတာ့ ေျမာက္ဘက္ကုိ ညႊန္ျပေနပါတယ္။ ၂၀၀၈ခုႏွစ္မွာ ရုပ္တုႀကီးကုိ မုိးႀကဳိးအပစ္ခံခဲ့ရၿပီး ဦးေခါင္း ၊ မ်က္ခုံးရုိး နဲ႔ လက္ေခ်ာင္းမ်ားပ်က္စီးသြားခဲ့တဲ့အတြက္ ျပန္လည္ျပင္ဆင္ခဲ့ရပါေသးတယ္။ျပင္ဆင္တဲ့အခါမွာ သုံးတဲ့ေက်ာက္တုံးေတြကုိလည္း မူလရုပ္တုစတင္ေဆာက္လုပ္စဥ္က သုံးခဲ့တဲ့ ေက်ာက္က်င္းမွ ရယူခဲ့ပါတယ္။ ၂၀၁၀ ခုႏွစ္ကလည္း အေပ်ာ္တမ္း ဂရတ္ဖတီသမားတစ္ေယာက္လက္သရမ္းမႈေၾကာင့္ ရုပ္တုႀကီးရဲ႕ ဦးေခါင္းနဲ႔ ညာဘက္လက္မွာ အေရာင္ေတြစြန္းထင္းခဲ့ရၿပီး ျပန္လည္ျပဳျပင္ရပါေသးတယ္။ ရုပ္တုႀကီးကုိ လွည့္ပတ္ၾကည့္ရႈႏုိင္ရန္အတြက္ စက္ေလွကား ၊ ဓာတ္ေလွကား နဲ႔ လူေလွ်ာက္လမ္းေတြကိုေတာ့ ၂၀၀၃ခုႏွစ္မွာတည္းက ထည့္သြင္းခဲ့ပါတယ္။ ၂၀၀၇ခုႏွစ္ ဇူလုိင္၇ ရက္ေန႔မွာေတာ့ ေခတ္သစ္ကမာၻ႔အံဖြယ္ ၇ခု စာရင္းမွာ ထည့္သြင္းေဖာ္ျပျခင္းခံခဲ့ရပါတယ္။


ကမ္ဘာ့အံဖွယ် ၂၁ ခု အကြောင်းသိကောင်းစရာ – ၃ (unicode)

အရင်ပိုစ့်နှစ်ခုမှာ ရှေးဟောင်း ကမ္ဘာ့အံ့ဖွယ် ၇ ပါး နဲ့ အလယ်ခေတ် ကမ္ဘာ့အံ့ဖွယ် ၇ ပါးအကြောင်းကို ရေးခဲ့ပြီးပါပြီ။ ဒီတစ်ခါတော့ ခေတ်သစ်ကမ္ဘာ့အံ့ဖွယ် ၇ ပါး အကြောင်းကို သုတဇုန်မိတ်ဆွေများအတွက် မျှဝေသွားပါမယ်။ ခေတ်သစ် ကမ္ဘာ့အံ့ဖွယ် (၇) ပါး ကတော့

၁။ တရုတ်နိုင်ငံက မဟာရံတံတိုင်းကြီး
၂။ ဂျော်ဒန်နိုင်ငံမှ ပီထရာမြို့ဟောင်း
၃။ အီတလီနိုင်ငံ ရောမမြို့က ကိုလိုစီယမ်ဇာတ်ရုံကြီး
၄။ မက္ကဆီကိုနိုင်ငံ ယူကာတန်က မာယာမြို့ဟောင်း Chichen Itza

၅။ ပီရူးနိုင်ငံက အင်ကာမြို့ဟောင်း မာချူးပီချူး
၆။ အိန္ဒိယက တပ်ခ်ျမဟာရ်
၇။ ဘရာဇီးနိုင်ငံ ရီရိုဂျနေးရိုးက ခရစ်တော်ရုပ်တု Christ the Redeemer

တို့ဖြစ်ကြပါတယ်။ ခေတ်သစ်ကမ္ဘာ့အံ့ဖွယ်ထဲမှာ ဂုဏ်ထူးဆောင်အနေနဲ့ ပါဝင်တာကတော့ အီဂျစ်နိုင်ငံက ဂိုင်ဇာမဟာပိရမစ်ကြီး ဖြစ်ပါတယ်။

၁။ တရုတ်နိုင်ငံက မဟာရံတံတိုင်းကြီး

အဓိပ္ပါယ်အားဖြင့် ၁၀၀၀၀ လီ ( ၁ လီ = ၁/၃ မိုင်) ရှည်လျားသော တံတိုင်းကြီးဟု အဓိပ္ပါယ်ရသည်။ တရုတ်နိုင်ငံမှ အတွဲလိုက် တည်ဆောက်ထားသော မြေကတုပ် နှင့် ကျောက်ကတုပ်များဖြစ်ပြီး ဘီစီ ၆ရာစု မှ အေဒီ ၁၆ရာစုအတွင်း တရုတ်မင်းဆက် အဆက်ဆက်တို့လက်ထက်တွင် တရုတ်အင်ပါယာ၏ မြောက်ဖက်နယ်စပ်ကို ရှုန်းနူ (Xiong-nu) တို့၏တိုက်ခိုက်မှုမှ ကာကွယ်ရန် တည်ဆောက်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့ကို ပြုခဲ့ကြသည်။

မဟာရံတံတိုင်းဟု ရည်ညွှန်းသော အချို့တံတိုင်းများမှာ ဘီစီ ၅ရာစုကပင် စတင်တည်ဆောက်ခဲ့ကြသည်။ အထင်ရှားဆုံးတံတိုင်းမှာ တရုတ်၏ ပထမဆုံးအင်ပါယာ ချင်ရှိဟွမ် (Qin Shi Huang) ၏လက်ထက် ဘီစီ ၂၂၀- ၂၀၀ကြားတွင် တည်ဆောက်ခဲ့ပြီး ယခုအခါ အနည်းငယ်သာ ကြွင်းကျန်ရစ်တော့သည်။ ထိုတံတိုင်းမှာ ယခုလက်ရှိတည်ရှိနေသော မင်မင်းဆက် ( Ming Dynasty) လက်ထက်တွင် တည်ဆောက်ခဲ့သော တံတိုင်း၏ မြောက်ဖက် အလွန်ဝေးလံသော နေရာတွင် တည်ရှိသည်။

မဟာရံတံတိုင်းကြီးသည် အရှေ့ဖက် ဆန်းဟိုင်ကွမ်း ( Shan-hai-guan) မှ အနောက်ဖက် လော့ပ်နော်(Lop Nur) အထိ မိုင်ပေါင်း ၄၀၀၀ (ကီလိုမီတာ ၆၄၀၀) ခန့် ရှည်လျားသည်။ မွန်ဂိုးလီးယားအတွင်းပိုင်း၏ တောက်ဖက်နယ်စပ်တလျှောက်ကို လခြမ်းပုံသဏ္ဌာန်ရစ်ပတ်ထားပြီး စုစုပေါင်း မိုင်ပေါင်း ၄၁၆၀ (၆၇၀ဝကီလိုမီတာ) အထိရှည်လျားသည်။ အထွဋ်အထိပ်သို့ရောက်ရှိနေသော အချိန်ကာလအတွင်းတွင် မင်တံတိုင်းကို လူပေါင်း တစ်သန်းကျော်က စောင့်ကြပ်ခဲ့သည်။ တရုတ်လူမျိုးပေါင်း ၂သန်းမှ ၃သန်းအထိ ရာစုနှစ်နှင့်ချီသော တံတိုင်းတည်ဆောက်မှု စီမံကိန်းလုပ်ငန်းအတွင်း သေဆုံးခဲ့သည်ဟု ခန့်မှန်းရသည်။

၂။ ဂျော်ဒန်နိုင်ငံမှ ပီထရာမြို့ဟောင်းက

ပီထရာမြို့ဟောင်းဟာ ဂျော်ဒန်နိုင်ငံတောင်ပိုင်းမှာ တည်ရှိတဲ့ ရှေးမြို့ဟောင်းတစ်ခုဖြစ်ပါတယ်။ ဒီမြို့ဟောင်းမှာ အထင်ရှားဆုံးကတော့
ခက်ဇ်နားဘုရားကျောင်း ဖြစ်ပါတယ်။ ခက်ဇ်နားဟာ ကျောက်သားကို ထွင်းထုထားတဲ့ ဝတ်ပြုကျောင်းဆောင် တစ်ခုပါ။ Indiana Jones လို ရုပ်ရှင်ဇာတ်ကားမျိုးတွေ ရိုက်ကူးခဲ့ဖူးတဲ့ ခက်ဇ်နားဟာ ပီထရာ မြို့တော်ဟောင်းရဲ့ အံ့ချီးဖွယ် ရတနာ တစ်ပါးလည်း ဖြစ်ပါ တယ်။ အနီးမှာရှိနေတဲ့ လက်စမသတ်ရသေးတဲ့ ဂူသင်္ချိုင်း တစ်ခုကို အခြေပြု ကောက်ချက်ချတဲ့အခါ သက်တမ်း နှစ်ပေါင်း(၂၀၀၀)လောက် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ခက်ဇ်နားဟာ အပေါ်ကနေ အောက်ဘက်ကိုဆင်းသက်ပြီး ထွင်းထုတည်ဆောက်ခဲ့တယ်လို့ အဖြေထွက်လာပါတယ်။

ဒါပေမဲ့ မျက်နှာစာဘက်အပေါက်တွေရဲ့ နေရာချ ထားပုံကြောင့် ဒီကောက်ချက်ကို လမ်းကြောင်းလွဲစေမယ့် အခြေအနေမျိုး ရှိလာခဲ့ ပါသေးတယ်။မျက်နှာစာ အပိုင်းဟာ ရှေးပန်းပု လက်ရာဟောင်းတွေကို ပယ်ဖျက်ဖို့ နှောင်းလူတွေက အသစ်ဖန်တီး ထုလုပ်ဖန်တီးထားတာလို့ ယူဆရပါတယ်။ ထူးဆန်းတဲ့ ကျောက်တုံးတွေနဲ့ ချည်းဖန်တီးထားတဲ့ လက်ရာ နဲ့ ပြောင်မြောက်လှတဲ့ ရေပေးဝေမှုစနစ်တွေရှိခဲ့တဲ့ နေရာဖြစ်ပါတယ်။ ကမ္ဘာ့အံဖွယ်တွေထဲက တစ်ခု အပါအဝင်လည်း ဖြစ်ပါတယ်။

၃။ အီတလီနိုင်ငံ ရောမမြို့က ကိုလိုစီယမ်ဇာတ်ရုံကြီး

ကော်လိုဆီယမ်ဆိုတာ အီတလီရောမမြို့ရဲ့အလယ်ခေါင်မှာရှိတဲ့ ဧရာမကဇာတ်ရုံကြီးဖြစ်ပါတယ်။ သူ့ကို Flavian ကဇာတ်ရုံလို့လည်းခေါ်ကြပါတယ်။ ရောမ Flavian မင်းဆက်မှာ တည်ဆောက်ခဲ့လို့ဖြစ်ပါတယ်။ နီရိုဘုရင်ကြီးရဲ့ကြေးရုပ်တု(Colossus of Nero) အနီးမှာဆောက်ခဲ့တဲ့ဇာတ်ရုံဖြစ်တာကြောင့် Colosseum ဆိုတဲ့နာမည်ဖြစ်လာပါတယ်။ ဒီဇာတ်ရုံကြီးကို အေဒီ ၇၂ခုနှစ် ဘုရင် Vespasian လက်ထက်မှာ တည်ဆောက်ခဲ့ပြီး သူ့ရဲ့သား Titus လက်ထက် အေဒီ ၈၁ခုနှစ်(၉နှစ်အကြာ) မှာ ပြီစီးခဲ့ပါတယ်။ ဒီလိုတည်ဆောက်တဲ့နေရာမှာ ဂျူးလူမျိုးအစေခံ ၆သောင်းခန့်ကို သုံးခဲ့ပါတယ်။ ကျောက်တုံးနဲ့ ကွန်ကရစ်ကိုသုံးကာ တည်ဆောက်ခဲ့တဲ့ ဇာတ်ရုံကြီးဖြစ်ပြီး ဆောက်ခဲ့သမျှရှေးဟောင်း ကွန်ကရစ်ဇာတ်ရုံတွေထဲမှာ အကြီးဆုံးလည်းဖြစ်ပါတယ်။

မြေဧက ၆ဧကပေါ်မှာဆောက်လုပ်ထားတဲ့ ဇာတ်ရုံကြီးရဲ့ပုံစံဟာ ဘဲဥပုံသဏ္ဍာန်ရှိပြီး အမိုးမပါပဲ ထိုင်ခုံတန်းများကို အဝိုင်းအဆင့်ဆင့်နဲ့ တည်ဆောက်ထားခဲ့ပါတယ်။ လူပေါင်း ၅သောင်းကနေ ၈သောင်းအထိဆန့်တဲ့ ဇာတ်ရုံကြီးဖြစ်ပါတယ်။ ဇာတ်ရုံဟု ဆိုပေမယ့် ဇာတ်ပွဲတွေပြတာမဟုတ်ပဲ။ တိုက်ခိုက်ပွဲ သတ်ဖြတ်ပွဲတွေ ပြုလုပ်တာဖြစ်ပါတယ်။ စစ်သည် ၊ သုံ့ပန်း ၊ တိရစ္ဆာန်များဟာ တစ်ဦးချင်း ၊ အုပ်စုလိုက် စသည့်ဖြင့် သတ်ဖြတ်သည့်ပွဲ ၊ လူကိုခြသေ့ၤစာကျွေးပွဲတွေကို ကြည့်ရှုသူတွေက အားပေးကြတာဖြစ်ပါတယ်။ ဒီလိုတိုက်ပွဲတွေဟာ အဲဒီခေတ်က အပန်းဖြေကြည့်ရှု့စရာဖြစ်ခဲ့ပါတယ်။ အများအားဖြင့် ကျွန်တွေကို အမြဲလေ့ကျင့်စေကာ လက်နက်ကိရိယာအမျိုးမျိုးနဲ့ တိုက်ခိုက်စေတာဖြစ်ပါတယ်။ ကျွန်တွေကို သူဌေးကြီးတွေ ၊ အရာရှိကြီးတွေက ပိုင်ဆိုင်ထားပြီး ပြိုင်ပွဲမှာ နိုင်တဲ့ကျွန်ဟာ သူတို့ရဲ့ဂုဏ်ကိုတက်စေပါတယ်။

ဒီလိုတိုက်ပွဲတွေမှာ တစ်ယောက်ယောက်က လဲကျသွားပြီး အရှုံးပေးရုံနဲ့ ပွဲပြီးလေ့မရှိပါဘူး။ အဲလိုအခါမျိုးမှာ ပရိသတ်က သတ်ဖြတ်ဖို့တောင်းဆိုလေ့ရှိပြီး အနိုင်ရရှိသူဟာ မသတ်ချင်သည့်တိုင်အောင် လဲကျနေသူကို သတ်ဖြတ်ပြရပါတယ်။ တကယ်လို့မသတ်ပဲ လွှတ်ပေးပါက အနိုင်ရပေမယ့် ပရိသတ်ရဲ့အားပေးမှုကိုမရပဲ လှောင်ပြောင်မှုတွေကိုသာ ရမှာဖြစ်ပါတယ်။ အနိုင်ရသူက မသတ်ဖြတ်ပေမယ့် ရှုံးနိမ့်သူ အသက်ရှင်ဖို့အခွင့်အလမ်းက နည်းပါးပြီး သူ့ရဲ့ကံကြမ္မာဟာ သခင်က သတ်မသတ်ပေါ်မှာ မူတည်ပါတယ်။ ဒီဇာတ်ရုံကြီးမှာ ကျွန်တွေနဲ့ တိရစ္ဆာန်တွေကို ထားတဲ့နေရာတွေကိုလည်းထည့်သွင်းထားပြီး ယနေ့တိုင်မြင်တွေ့နိုင်ပါသေးတယ်။ တိုက်ခိုက်သတ်ဖြတ်ပွဲများကို နှစ်ပေါင်း ၃၉၀ ခန့်ကြာအောင် ဘုရင်အဆက်ဆက်က အစဉ်အလာတစ်ခုလို ကျင်းပခဲ့ပြီး ဒီကွင်းကြီးမှာသေဆုံးခဲ့သူပေါင်းဟာ ၄သိန်းထက်မနည်းရှိခဲ့ပြီး ၊ တိရစ္ဆာန်ပေါင်းလည်း သိန်းနဲ့ချီပြီး သတ်ဖြတ်ခံခဲ့ရပါတယ်။

လူနေမှုစနစ် နဲ့ အတွေးအခေါ်များမြင့်တက်လာပြီး ခေတ်အလယ်ပိုင်းရောက်တဲ့အခါမှာတော့ သတ်ဖြတ်ပွဲတွေကို ဒီကွင်းကြီးထဲမှာမလုပ်တော့ပဲ ပုံမှန်ဖျော်ဖြေပွဲနဲ့ ဘာသာရေးပွဲများသာ ပြုလုပ်တော့ပါတယ်။ ငလျှင်ဒဏ်နဲ့ ကျောက်တုံးများခိုးယူဖျက်စီးသူများကြောင့် ယခုအခါမှာ မူလဇာတ်ရုံရဲ့ သုံးပုံ နှစ်ပုံသာ ကျန်ပါတော့တယ်။ ယနေ့တိုင် အထင်ရှားဆုံး ရှေးဟောင်း ကဇာတ်ရုံတစ်ရုံအဖြစ် ရပ်တည်နေပြီး ယူနက်စကိုရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် တစ်ခုအဖြစ်သတ်မှတ်ထားခံရကာ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားပေါင်း သန်းချီပြီးလာရောက်လေ့ရှိတဲ့နေရာလည်းဖြစ်ပါတယ်။

၄။ မက္ကဆီကိုနိုင်ငံ ယူကာတန်က မာယာမြို့ဟောင်း Chichen Itza

မာယာလူမျိုးလို့ ဆိုလိုက်တာနဲ့ ဥာဏ်အလွန်ထက်ပြီး တီထွင်မှုတွေကိုဖန်တီးခဲ့ပြီး သမိုင်းထဲကပျောက်ခြင်းမလှ ပျောက်သွားတဲ့ လူမျိုးစုတစ်စု အဖြစ် အားလုံးသိပြီးဖြစ်မှာပါ။ အခုဖော်ပြတဲ့ Chichen Itza မြို့တော်ဟာ ဒီမာယာလူမျိုးတွေတည်ဆောက်ခဲ့တဲ့မြို့တော်ဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် ၄မိုင်ပတ်လည်ကျယ်ဝန်းပါတယ်။ Mexico နိုင်ငံ၊ Yucatan ၏ မြို့တော် Merida ရဲ့ အရှေ့ဘက် ၇၅ မိုင်အကွာမှာ တည်ရှိပါတယ်။

အေဒီ ၆ရာစုကနေ ၉ရာစုကျော်အထိ အလွန်စည်ကားတဲ့မြို့ဖြစ်ခဲ့ပါတယ်။ အေဒီ ၁ဝရာစုခန့်မှာ Toltec လူမျိုးတွေရဲ့သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီး မာယာလူမျိုးတွေလုပ်အားနဲ့ မြို့တော်ကြီးကို ဘာသာရေးအဆောက်အအုံတွေကို ဆောက်လုပ်ခဲ့ပြီး သူတို့နဲ့အတူ လူသားယဇ်ပူဇော်ခြင်း စနစ်လည်းပါလာခဲ့ပါတယ်။ ယဇ်ပူဇော်တဲ့အခါ လူတွေကို Chichen ထိပ်ကနေပစ်ချပြီး အသက်ရှင်ကျန်ရစ်သူကိုသာ မြင့်မြတ်သူလို့ယုံကြည်ပြီးကိုးကွယ်ခဲ့ကြပါတယ်။ အေဒီ ၁၃ရာစုမှာတော့ မာယာတွေဟာ ဒီမြို့ကိုအပြီးတိုင်စွန့်ခွာခဲ့ကြပါတယ်။ ကျူးကျော်သူတွေဟာ မာယာဘုန်းတော်ကြီးတွေကို မသတ်ခဲ့ရင် ၊ စာအုပ်တွေကိုမီးမရှို့ခဲ့ရင် မာယာတွေရဲ့ သမိုင်းအထောက်အထားတွေကို ဒီထက်အများကြီးပိုသိရမှာဖြစ်ပါတယ်။

Chi ဆိုတာက ပါးစပ်၊ Chen ဆိုတာက ရေတွင်း၊ Itza ဆိုတာက အစ်ဇာလူမျိုးနွယ်စု လို့ အဓိပ္ပာယ်ရပါတယ်။ အဓိပ္ပါယ်အပြည့်အစုံကတော့ ‘at the mouth of the well of the Itza’ ဖြစ်ပါတယ်။ မတည်ဆောက်ခင်က အဲဒီနေရာမှာ တစ်နှစ်ပတ်လုံးရေရနိုင်တဲ့ တွင်းပေါက်ကြီး နှစ်ခုရှိတာကြောင့် Chichen Itza တည်ဆောက်ဖို့ ဒီနေရာကိုရွေးချယ်ခဲ့ကြတာပဲဖြစါ်ပတယ်။ ဒီအပေါက်ကြီးနှစ်ခုထဲက တစ်ခုဟာ လူသားတွေကိုယဇ်ပူဇော်ရာ နေရာလည်းဖြစ်ပါတယ်။ ဒီနေရာမှာ ယောင်္ကျား ၊ မိန်းမ ၊ ကလေးများစွာဟာ Chac ဘုရားထံ ယဇ်ပူဇော်ခြင်းကိုခံခဲ့ရပါတယ်။ Chac ဟာ မာယာလူမျိုးများရဲ့ မိုး နဲ့ မိုးကြိုးဘုရားဖြစ်ပါတယ်။

ဒီမြို့ရဲ့ အထူးခြားဆုံး အကျော်ကြားဆုံးနေရာဟာ Castillo ဖြစ်ပါတယ်။ စပိန်စကားနဲ့ ဆိုရင် ရဲတိုက်ဖြစ်ပါတယ်။ Castillo ဟာ နက္ခတ္တဗေဒ နည်းလမ်းအတိုင်းတည်ဆောက်တဲ့ ပိရမစ်ပုံစံ ၇၉ပေအမြင့် အဆောက်အဦးဖြစ်ပြီး အပြင်ဘက်မှာ လှေကား ၄ခုရှိပါတယ်။ သတင်းမီဒီယာတွေမှာ မကြာခဏဖော်ပြခံရတဲ့ပုံလည်းဖြစ်ပါတယ်။ ဒီနေရာမှာနေထိုင်ခဲ့တဲ့ မာယာလူမျိုးတွေဟာ လက်မှုပညာအတတ် ၊ ပန်းပုအတတ် ၊ ယက်ကန်းအတတ် ၊ ကျောက်မျက်အတတ် နဲ့ အိုးအတတ်တွေမှာ အလွန်ကျွမ်းကျင်သူတွေဖြစ်ပါတယ်။

အဆောက်အဦးအားလုံးကို ကျောက်တုံးတွေနဲ့သာ ဆောက်လုပ်ထားပါတယ်။ ထူးခြားတာကတော့ သူတို့ရဲ့ဘုရားကျောင်းတွေ ၊ ပိရမစ်တွေ နဲ့ အဆောက်အဦးတွေဆောက်လုပ်တဲ့နေရာမှာ ကျောက်တုံးသယ်ဖို့အတွက် ဘီးတွေကို အသုံးမပြုခဲ့တာပါ။ အဆောက်အဦးများဖျက်စီးရပြီးနောက် ကျန်ခဲ့တဲ့အထဲမှာ ကျော်ကြားတဲ့အဆောက်အဦးတွေကတော့ The Warrior’s Temple, El Castillo နဲ့ The Great Ball Court တို့ဖြစ်ပါတယ်။ Chichen Itza ဟာ ကမ္ဘာသစ်ရဲ့ အကြီးကျယ်ဆုံး အံဩဖွယ်ရာ ခုနှစ်ခုထဲမှာလည်း ထည့်သွင်းသတ်မှတ်ခံခဲ့ရသလို ၁၉၈၈မှာ UNESCO ရဲ့ ကမ္ဘာ့အမွှေအနှစ်အဖြစ်သတ်မှတ်ခြင်းကိုလည်း ခံခဲ့ရပါတယ်။ နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်ပေါင်း ၁.၄သန်းခန့် လာရောက်လည်ပတ်တဲ့နေရာလည်းဖြစ်ပါတယ်။

၅။ ပီရူးနိုင်ငံက အင်ကာမြို့ဟောင်း မာချူးပီချူး

မာချူးပီချူးဟာ ပီရူးနိုင်ငံ Cusco ဒေသ အင်ဒီးစ်တောင်တန်းပေါ်မှာ တည်ရှိတဲ့ အင်ကာအင်ပါယာ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်ပါတယ်။ Machu Picchu ကို အင်ကာအင်ပါယာအင်အားကြီးထွားချိန် ၁၄၅၀ လောက်မှာ တည်ဆောက်ခဲ့ပါတယ်။ စတင်တည်ဆောက်ပြီး နှစ်ပေါင်း ၁၀၀ကျော်အကြာ ၁၅၇၀ ခုနှစ် စပိန်တွေသိမ်းပိုက်ချိန်မှာ စွန့်ပစ်ခြင်းခံခဲ့ရပါတယ်။ ဒီမြို့တော်ကို ခရစ်နှစ် ၁၄၅၀ ဝန်းကျင်လောက်မှာ အင်ကာအင်ပါယာ ဧကရာဇ် Pachacuti (၁၄၃၈-၁၄၇၂) မှ Andes တောင်တန်းတွေပေါ်မှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

လျိွဳ႕ဝှက်ဆန်းကြယ်တဲ့ မာချူးပီချူးမြို့ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၇၉၇၀ အမြင့်မှာ တည်ရှိနေပါတယ်။ အစပိုင်းမှာ ခံတပ်အဖြစ်တည်ဆောက်ခဲ့ပေမယ့် နောက်ပိုင်းမှာ အင်ကာလူမျိုးတို့ရဲ့ မြို့တော် ဖြစ်လာပြီး လူပေါင်း ၁၂၀၀ ဝန်းကျင်လောက်နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အများအားဖြင့် လက်လုပ်လက်စား သမားတွေ မင်းမှုထမ်းတွေနဲ့ အစေခံတွေ နေထိုင်ကြတယ်။ ကလေးတွေနဲ့ မိန်းမတွေဟာ ယောက်ျားတွေထက် ဦးရေ ပိုများတယ်။

အဓိက အသယ်မွေးဝမ်းကျောင်းအဖြစ် စိုက်ပျိုးရေးကို လုပ်ကိုင်ကြတယ် ။ အဓိက ထွက်ကုန်ကတော့ အာလူးနဲ့ ပြောင်းတို့ဖြစ်တယ်။ယောက်ျားတွေက လယ်အလုပ်ကို လုပ်ကိုင်ပြီး မိန်းမတွေကတော့ အိမ်မှာနေပြီး ရက်ကန်း ခတ်ခြင်း ၊ အိုးလုပ်ငန်းနဲ့ လက်လုပ်ပစ္စည်း များကို ပြုလုပ်ကြတယ်။ Machu Picchu မြို့ကို စိုက်ပျိုးရေးအပိုင်း၊ ဘာသာရေးအပိုင်း၊ လူနေထိုင်သည့်အပိုင်း စသဖြင့် အပိုင်းအပိုင်းလိုက် အံ့ဩဖွယ် တည်ဆောက်ထားတာကိုေ တွ့ရပါတယ်။ လှေကားထစ်စိုက်ပျိုးနည်းနဲ့ တောင်စောင်းတွေပေါ်မှာ စိုက်ပျိုးရေးလုပ်ကိုင်ကြပြီး အောက်ဆုံးအပိုင်းမှာ လူနေအဆောက်အဦးများရှိပြီး အရေးအကြီးဆုံး ဘာသာရေးအဆောက်အဦးတွေကတော့တောင်ရဲ့ထိပ်ဆုံးအပိုင်းမှာ တည်ရှိပါတယ်။

အဆောက်အအုံစုစုပေါင်း ၁၅၀ကျော်ရှိပြီး ကျောက်တုံးတွေကိုထွင်းထုထားတဲ့ ကျောက်လှေကားပေါင်း ၁၀ဝခန့်ရှိပါတယ်။ တောင်ထိပ်မှ ကြည့်မယ်ဆိုရင် ဟိုးအောက်ဆုံးက စိမ်းစိုလှပတဲ့ Urubamba တောင်ကြားအလှကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အံ.ဩဖွယ်တည်ဆောက်မှုပုံတွေနဲ့ Machu Picchu မြို့ မှာ ခရီးသွားတွေဟာ ထူခြားလှတဲ့ အိမ်တွေ၊ ဘုရားကျောင်းတွေ အပါအဝင် လှပတဲ့လှေကားထစ်စိုက်ပျိုးရေး စနစ်တွေကိုလည်း လေ့လာနိုင်တဲ့အပြင် လျှို့ဝှက်ဆန်းကြယ်လှတဲ့ Intihuatana ကျောက်တုံးကြီးကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

၆။ အိန္ဒိယက တပ်ခ်ျမဟာရ်

တာ့ဂ်ျမဟာရ် သည် အိန္ဒိယနိုင်ငံ အာဂရာမြို့ပြင်၊ အာဂရာခံတပ်၏ အ‌ရှေ့ဘက် ၁ မိုင်ခန့်‌ဝေး‌သော လှပသည့် ဥယျာဉ်တစ်ခုတွင်း၌ တည်ရှိသည်။ ကြီးကျယ်ခမ်းနားသော ဂူသင်္ချိုင်းကြီးဖြစ်ပြီး မဂိုဘုရင် ရှားဂျာဟန် က သူ၏ ကွယ်လွန်ပြီးခဲ့သော အချစ်မြတ်နိုးဆုံးဇနီး မွန်တာဇ်မဟာရာ(ဂ်ျ) (Mumtaz Mahal) အတွက်ရည်စူး၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ မှတ်တမ်းမှတ်ရာများ အရ ရှားဂျာဟန်၏ ကြေကွဲဖွယ်အချစ်ဇာတ်လမ်းသည် တာ့ဂ်ျမဟာကို ဆောက်လုပ်ဖြစ်ရန် စေ့ဆော်ပေးသော အချက်ဖြစ်သည်။ မမ်တက်ဇ်သေဆုံးပြီး မကြာမီတွင်ပင် တာ့ဂ်ျမဟာရ်ကို စတင်ဆောက်လုပ်ခဲ့ပြီး အဓိက ဂူသင်္ချိုင်းမှာ ၁၆၄၈ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ပတ်ဝန်းကျင်ရှိ အဆောက်အဦးများနှင့် ဥယျာဉ်များမှာ ၅ နှစ်အကြာတွင် ပြီးစီးခဲ့သည်။

တာ့ဂ်ျမဟာသည် မဂိုဗိသုကာပညာ၏ အကောင်းဆုံး ဥပမာတစ်ခုအဖြစ် ပြောနိုင်ပြီး အချို့က ကမ္ဘာ‌ပေါ်တွင် အလှဆုံး‌သော အ‌ဆောက်အအုံကြီးဟူ၍ ဆိုကြသည်။ တည်ဆောက်မှုစတိုင်တွင် ပါရှန်း၊ တူရကီ၊ အိန္ဒိယနှင့် အစ္စလာမ် ဗိသုကာစတိုင်၏ အစိတ်အပိုင်းများပေါင်းစပ်ပါဝင်နေသည်။ ၁၉၈၃ ခုနှစ်တွင် တာ့ဂ်ျမဟာသည် ယူနက်စကို၏ အံ့ဩလေးစားရလောက်သော အလွန်ပြောင်မြောက်သည့် ကမ္ဘာ၏အမွေခံအဆောက်အဦး ဟု သတ်မှတ်ခံရပြီး ကမ္ဘာ့အမွေအနှစ်နေရာများစာရင်းတွင် ပါဝင်လာခဲ့သည်။ ‘တာ့ဂ်ျမဟာရ်’ဟူသည်မှာ ‘နန်း များ ထွတ်‌ခေါင်’ဟု အနက်ရ၏။

တက်ဂျမဟာသည် ရှစ်‌မြှောင့်ပုံ အ‌ဆောက်အအုံကြီး ဖြစ်၍ ‌ပေ ၇ဝ မြင့်ပြီးလျှင် သဲနီ‌ကျောက် ‌အောက်‌ခြေ‌ပေါ်တွင် တည်ရှိ၏။ သို့‌သော် ယင်းထိပ်တွင် ‌ပေ ၁၂၀ မြင့်‌သော ခုံဝိုင်းကြီး တပ်ဆင်ထားပြန်သဖြင့် စုစု‌ပေါင်း ‌ပေ ၁၉၀ ခန့်မြင့်‌ပေသည်။ အ‌ဆောက်အအုံကြီးမှာ သဲနီ‌ကျောက် တံတိုင်းဖြင့် ဝန်းရံထား‌သော ရှုချင်စဖွယ် ဥယျာဉ်တစ်ခု၏ အလယ်တွင် တည်ရှိ‌လေသည်။ အတွင်းဘက်တွင် ဆင်ပြင်ထားပုံမှာ ခမ်းနား ဆန်းပြားလှ၏။ ‌ကျောက်ဖြူဂူ နှစ်ခုရှိ‌သော အခန်းကြီးကို အဖိုးတန်‌ကျောက်မျက်ရတနာ ၁၂ မျိုးဖြင့်ပြီးသည့် ခန်းဆီးများ နှင့် ကာရံထားသည်။ အတွင်းနံရံများတွင် တိရစ္ဆာန်ပုံနှင့် သစ်ပင်ပန်းပင်ပုံများ ‌ဖော်ထားသည့် မှန်စီ‌ရွှေချ လက်ရာများမှာ အလှဆုံးပင်ဖြစ်သည်ဟုဆိုသည်။

တာ့ဂ်ျမဟာ၏ အဓိကနေရာမှာ ကျောက်ဖြူသားအုတ်ဂူဖြစ်သည်။ ခုံးနေသော တံခါးပေါက်ပါရှိသည့် နှစ်ဖက်ညီအချိုးစားကျ အဆောက်အဦးပေါ်တွင်တည်ရှိပြီး အပေါ်မှ ကြီးမားသောအမိုးလုံးကြီးဖြင့် ဖုံးအုပ်ထားသည်။ တာ့ဂ်ျမဟာရ်အဆောက်အဦးအစုအဝေးကို ၁၆၄၈ ခုနှစ်ခန့်က ဆောက်လုပ်ပြီးစီးခဲ့ပြီး အူစတတ် အာမက် လာဟောရီသည် တာ့ဂ်ျမဟာရ်၏ အဓိကပုံစံထုတ်တည်ဆောက်သူဖြစ်သည်ဟု ယူဆကြသည်။ ဤ အ‌ဆောက်အအုံကြီးကို ‌ဆောက်လုပ်ရာတွင် ‌ပေါင် ၃ သန်း ‌ကျော် ကုန်ကျခဲ့သည်ဟု သိရပြီး အလုပ်သမားပေါင်း နှစ်သောင်းကျော်ဖြင့် တည်ဆောက်ကာ နှစ်ပေါင်း ၂၀ကြာအောင် ဆောက်လုပ်ခဲ့ရသည်။

ဘုရင် ရှားဂျာဟန်း စိတ်ဒဏ်ရာကြောင့် နာမကျန်းဖြစ်ပြီး အဲဒီကာလမှာပဲ သူ၏ သားတော်တစ်ပါးရဲ့ ထိန်းသိမ်းခြင်းခံလိုက် ခဲ့ရသည်။ ဂရာခံတပ်ကြီး (Agra ) မှာပဲ အကျယ်ချုပ်ချထားခြင်းခံ ရပြီး သူအကျဉ်းကျရာ နေရာ ပြတင်းပေါက်ကျဉ်းကျဉ်း လေးကနေ ချစ်သူ ဗိမာန်တက်ခ်ျမဟာကို ကြည့်ရင်း လွမ်းမောပြီး ကံတော်ကုန်ခဲ့ရသည်ဟု ကြေကွဲဖွယ် မှတ်တမ်းတင်ထား ခဲ့ပါသည်။

၇။ ဘရာဇီးနိုင်ငံ ရီရိုဂျနေးရိုးက ခရစ်တော်ရုပ်တု Christ the Redeemer

Christ the Redeemer ခရစ်တော်ရုပ်တုကြီးဟာ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့မှာ တည်ရှိပါတယ်။ ဒီ Christ the Redeemer ရုပ်တုကြီးတည်ဆောက်ဖို့ စိတ်ကူးကို ၁၈၅ဝခုနှစ်တည်းက Catholic ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ Pedro Maria Boss က ရခဲ့တာပဲဖြစ်ပါတယ်။ ဒီစိတ်ကူးကိုထောက်ပံ့မည့်သူမလုံလောက်တာကြောင့် ၁၉၂၀ အထိအကောင်အထည်မဖော်နိုင်ခဲ့ကြပါဘူး။ ဒီဇိုင်းကို ၁၉၂၀ မှာ စတင်ရေးဆွဲခဲ့ပြီး တည်ဆောက်ရေးကိုတော့ ၁၉၂၂ခုနှစ်မှ စတင်နိုင်ခဲ့ပါတယ်။ ၁၉၃၁ခုနှစ်မှ ပြီးဆုံးခဲ့ပြီး ဆောက်လုပ်ချိန် ၉နှစ်ကြာမြင့်ခဲ့ပါတယ်။

ပြင်သစ် ကျောက်ဆစ်ဆရာ Paul Landoski ၊ ပြင်သစ် အင်ဂျင်နီယာ Albert Caquot ၊ ဘရာဇီး အင်ဂျင်နီယာ ဆင်းလ်ဗား ကော်စတာ (Heitor da Silva Costa) တို့ဦးဆောင်ကာ ပူးပေါင်းတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ကုန်ကျစရိတ်အနေနဲ့ အဲဒီအချိန်က အမေရိကန်ဒေါ်လာ ၂သိန်းခွဲကုန်ကျခဲ့ပါတယ်။ ဒါဟာ ၂၀၁၆ခုနှစ် အမေရိကန်ဒေါ်လာ ၃.၄သန်းနဲ့ ညီမျှပါတယ်။ ဘရာဇီးရဲ့ Catholic ခရစ်ယာန်အဖွဲ့က ကုန်ကျခံခဲ့တာဖြစ်ပါတယ်။ ဒီရုပ်တုကြီးဟာ ဘရာဇီးက ခရစ်ယာန်တွေ နဲ့ ရီယိုဒီဂျနေးရိုးမြို့ရဲ့ အထိမ်းအမှတ် အမှတ်အသားတစ်ခုဖြစ်ပါတယ်။ တည်နေရာကတော့ ကွန်ကိုဗာဒို တောင်ကုန်း (Concovado mountain) ပေါ်က တီဂျူကာ အမျိုးသား ဥယျာဉ် (Tijuca National Park) အတွင်းမှာ တည်ရှိတာဖြစ်ပါတယ်။

ရုပ်တုရဲ့အမြင့် ၉၈ပေ (အောက်ခြေခုံ ၂၆ပေ မပါဝင်) ရှိပြီး ဆန့်ထားတဲ့လက်အကျယ် ၉၂ပေ ရှိပါတယ်။ အလေးချိန်ကတော့ ၆၃၅တန်နီးပါး ရှိပါတယ်။ ကမ္ဘာပေါ်က ခရစ်တော်ရုပ်တုတွေထဲမှာ နံပါ ၅ အကြီးဆုံးရုပ်တုလည်းဖြစ်ပါတယ်။ ရုပ်တုရဲ့ အဓိပ္ပါယ်ကတော့ ခရစ်တော်ဟာ သူဆီဝင်လာသူအာလုံးကို ချစ်ခြင်းမေတ္တာနဲ့ ပွေ့ဖက်ဖို့ အဆင်သင့်ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ တည်ဆောက်မယ့် soapstone ကျောက်တုံးတွေကို ဆွီဒင်နိုင်ငံကနေ တင်သွင်းခဲ့တာပဲဖြစ်ပါတယ်။ ၁၉၃၁ ခုနှစ်မှာ ပြီးဆုံးခဲ့တဲ့ရုပ်တုကြီးကို ၁၉၃၁ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့မှာ တရားဝင်အခမ်းအနားနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။

ဘယ်ဘက်လက်က ရီရိုဒီဂျနေးရိုးမြို့ရဲ့ တောင်ဘက်ကို ညွှန်ပြနေပြီး ညာဘက်လက်ကတော့ မြောက်ဘက်ကို ညွှန်ပြနေပါတယ်။ ၂၀၀၈ခုနှစ်မှာ ရုပ်တုကြီးကို မိုးကြိုးအပစ်ခံခဲ့ရပြီး ဦးခေါင်း ၊ မျက်ခုံးရိုး နဲ့ လက်ချောင်းများပျက်စီးသွားခဲ့တဲ့အတွက် ပြန်လည်ပြင်ဆင်ခဲ့ရပါသေးတယ်။ပြင်ဆင်တဲ့အခါမှာ သုံးတဲ့ကျောက်တုံးတွေကိုလည်း မူလရုပ်တုစတင်ဆောက်လုပ်စဉ်က သုံးခဲ့တဲ့ ကျောက်ကျင်းမှ ရယူခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်ကလည်း အပျော်တမ်း ဂရတ်ဖတီသမားတစ်ယောက်လက်သရမ်းမှုကြောင့် ရုပ်တုကြီးရဲ့ ဦးခေါင်းနဲ့ ညာဘက်လက်မှာ အရောင်တွေစွန်းထင်းခဲ့ရပြီး ပြန်လည်ပြုပြင်ရပါသေးတယ်။ ရုပ်တုကြီးကို လှည့်ပတ်ကြည့်ရှုနိုင်ရန်အတွက် စက်လှေကား ၊ ဓာတ်လှေကား နဲ့ လူလျှောက်လမ်းတွေကိုတော့ ၂၀၀၃ခုနှစ်မှာတည်းက ထည့်သွင်းခဲ့ပါတယ်။ ၂၀၀၇ခုနှစ် ဇူလိုင်၇ ရက်နေ့မှာတော့ ခေတ်သစ်ကမ္ဘာ့အံဖွယ် ၇ခု စာရင်းမှာ ထည့်သွင်းဖော်ပြခြင်းခံခဲ့ရပါတယ်။

Leave a Reply