ေရွးေဟာင္းဂရိက စပါတန္ႏုိင္ငံေတာ္အေၾကာင္း

Posted on

ေရွးေဟာင္းဂရိႏိုင္ငံ၏ အေစာပိုင္းကာလတြင္ ၿမိဳ႕ျပႏိုင္ငံငယ္ေလးမ်ားသည္ ႏိုင္ငံေရး လြတ္လပ္မႈအားနည္းေသးသည္ဟုဆိုရမည္။ ၿမိဳ႕ျပႏိုင္ငံအုပ္ခ်ဳပ္သူမ်ားကို Poleis ဟုေခၚၾကၿပီး လူနည္းစုကိုယ္စားျပဳသည့္ အုပ္ခ်ဳပ္သူမ်ား လည္းျဖစ္ၾကသည္။ ဂရိေခတ္အုပ္ခ်ဳပ္ေရးအဆင့္အတန္းတြင္ ဒီမိုကေရစီသေဘာတရား အထြန္းကားဆုံး ၿမိဳ႕ျပႏိုင္ငံ ႏွစ္ခုမွာ ေအသင္ (Athens) ႏွင့္ စပါတာ(Sparta) ၿမိဳ႕ျပႏိုင္ငံမ်ားျဖစ္သည္။

စပါတာၿမဳိ႕ျပႏုိင္ငံမ်ားသည္ ဘီစီ ၉ရာစုခန္႔တြင္ စတင္ေပၚေပါက္ခဲ့ၿပီး ဂရိႏုိင္ငံေတာင္ပုိင္း Eurotas ျမစ္ကမ္းအနီး Laconia ေဒသတြင္ တည္ရွိခဲ့သည္။ စပါတာတို႔သည္ မည္သည့္လက္၀တ္ရတနာကိုမွမ၀တ္ ၊ ပုဂၢလိကပိုင္ဆိုင္မႈကို ျငင္းပယ္ၾကသည့္အျပင္ လူတန္းစားလည္းခြဲျခားၾကသျဖင့္ ထူဆန္းသည့္ လူ႕ေဘာင္အဖြဲ႕အစည္းတစ္ခုဟုဆိုႏိုင္သည္။ စပါတန္အစိုးရသည္ ႏိုင္ငံေရးအာဏာပိုင္အဖြဲ႕ကို ေလးမ်ိဳးခြဲျခားထားသည္။

ပထမ အမ်ိဳးအစားမွာ ဘုရင္အဖြဲ႕ျဖစ္သည္။ ဘုရင္အဖြဲ႕တြင္ ဘုရင္ႏွစ္ပါး ပါဝင္ရသည္။ စပါတာဘုရင္ႏွင့္ ဂ်ီ႐ြန္တီ (Gerontes) ဟုေခၚသည့္ အသက္အ႐ြယ္ႀကီးသူမ်ားကို ကိုယ္စားျပဳရသည့္ဘုရင္ (Gerousia) တိုျဖစ္သည္။ တတိယတစ္မ်ိဳးမွာ ဘုရင္ကိုႀကီးၾကပ္ရသည့္ (Ephors) ျဖစ္ၿပီး၊ စတုတၳတစ္မ်ိဳးမွာ စပါတန္ညီလာခံတက္ေရာက္ခြင့္ရသူ မ်ား (Apella) တို႔ျဖစ္သည္။

ဘုရင္ႏွစ္ပါးသည္ အစိုးရအဖြဲ႕ကို ဦးေဆာင္ရသူမ်ားျဖစ္ၿပီး၊ ကိုယ့္ေနရာႏွင့္ကိုယ္ သီးျခားရပ္တည္ကာ အုပ္စိုးမႈကို ညီၫြတ္စြာျပဳလုပ္ၾကရသည္။ သို႔ေသာ္ ဘုရင္ႏွစ္ပါးျဖစ္ေနသျဖင့္ အုပ္ခ်ဳပ္ေရးတြင္ ထိေရာက္မႈမရွိဘဲ အားနည္းမႈ ကေတာ့ ရွိေနသည္။ ဘုရင္တို႔က တရားစီရင္ေရးကို Gerousia တို႔ပါမွ စီရင္ပိုင္ခြင့္ရွိသည္။

Gerousia အဖြဲ႕ဝင္မ်ားသည္ အသက္ ၆၀ ေက်ာ္ အ႐ြယ္မွေ႐ြးေကာက္ခံပိုင္ခြင့္ရွိၾကသည္။ သို႔ေသာ္လက္ေတြ႕တြင္မူ ခ်မ္းသာသူမ်ား၊ သူေကာင္း မ်ိဳးႏြယ္ဝင္မ်ား ထဲမွသာ ေ႐ြးခ်ယ္တင္ေျမႇာက္ၾကသည္ကမ်ားသည္။ Gerousia တို႔သည္ အမႈမ်ားတြင္ ေရွးဦး ၾကားနာမႈမ်ားကိုျပဳၾကရသည္။

Apella မ်ားသည္ ဒီမိုကေရစီနည္းအက်ဆုံး ေ႐ြးေကာက္တင္ေျမႇာက္ခံရသူမ်ားျဖစ္သည္။ အသက္ ၃၀ ေက်ာ္မွ ညီလာခံတက္ေရာက္ခြင့္အတြက္ ေ႐ြးခ်ယ္ခံရၿပီး Apella သို႔မဟုတ္ Ephors မ်ားျဖစ္ခြင့္ရွိသည္။ သူတို႔သည္ ညီလာခံ တြင္ Gerousia တို႔၏ ဆုံးျဖတ္ခ်က္မ်ားကို ျငင္းပယ္ပိုင္ခြင့္ရွိသူမ်ားျဖစ္သည္။ Ephors တို႔ကို စပါတန္ညီလာခံမွ ဘုရင့္ကို ႀကီးၾကပ္အႀကံဉာဏ္ေပးႏိုင္စြမ္းရွိမည့္ Apella တို႔ထဲမွ ၅ ဦးကို ေ႐ြးေကာက္တင္ေျမႇာက္ၾကျခင္းျဖစ္သည္။

တစ္နည္းအားျဖင့္ ေအာက္ေျခလူတန္းစားသည္လည္း ဘုရင့္အႀကံေပးျဖစ္ႏိုင္ခြင့္ကို စပါတန္လူ႕ေဘာင္တြင္ ေတြ႕ရွိရ သည္။ မ်ိဳးႏြယ္ေၾကာင့္မဟုတ္ဘဲ ေအာက္ေျခမွတက္လာသည့္ ႏိုင္ငံသားမ်ားက ဘုရင့္ကို အႀကံေပးႏိုင္႐ုံမၽွမက ဘုရင္ကို မႀကိဳက္လၽွင္ ျဖဳတ္ခ်ခြင့္ရွိျခင္းသည္ စပါတန္ေခတ္အုပ္ခ်ဳပ္ေရး၏ ထူးျခားခ်က္ဟုဆိုႏိုင္သည္။

စပါတန္အုပ္ခ်ဳပ္ေရးစနစ္ကို တီထြင္သူမွာ ထင္ရွားသည့္ ဥပေဒျပဳသူ Lycurgus ျဖစ္သည္။ ဘီစီ ၇ ရာစုအလယ္ ေလာက္တြင္ စပါတာ၌ ေက်းကၽြန္တို႔၏ ေတာ္လွန္ေရးတစ္ရပ္ျဖစ္ပြားခဲ့သည္။ သူက ေက်းကၽြန္မ်ားႏွင့္ပူးေပါင္းၿပီး စပါတာျပန္လည္ျပဳျပင္ေရးစနစ္မ်ားကို ေရးဆြဲခ်မွတ္အေကာင္အထည္ေဖာ္ခဲ့သည္။

ေနာက္ထပ္ ေက်းကၽြန္တို႔၏ ေတာ္လွန္ေရးတစ္ရပ္ ထပ္မံမေပၚေပါက္ေစရန္အတြက္ Lycurgus သည္ အဆင့္ျမင့္ စစ္တပ္ႏွင့္ စစ္မႈထမ္းအဖြဲ႕အစည္း တစ္ခုကို ထူေထာင္ကာ ဂရိ ၿမိဳ႕ျပႏိုင္ငံမ်ားတြင္ စပါတာကို အင္အားအေတာင့္တင္းဆုံးႏိုင္ငံႀကီးတစ္ႏိုင္ငံျဖစ္ေစရန္ ျပဳျပင္ေျပာင္းလဲခဲ့သည္။ Lycurgus ၏ ျပဳျပင္ေျပာင္းလဲမႈသည္ စပါတာကို အားသာခ်က္ သုံးခ်က္ျဖစ္ေပၚေစခဲ့သည္။

ျပည္သူမ်ားၾကားတြင္ တန္းတူညီမၽွမႈကိုျဖစ္ေစျခင္း
စစ္တပ္ကို ဖြဲ႕စည္းထူေထာင္ႏိုင္ခဲ့ျခင္းႏွင့္
စည္းကမ္းရွိရွိ တာဝန္သိသိေနထိုင္တတ္သည့္လူ႕ေဘာင္တစ္ခုကိုျဖစ္ထြန္းလာေစျခင္း တို႔ျဖစ္သည္။

ထို႔ျပင္ Lycurgus သည္ စပါတန္အစိုးရ၏ အဓိကယႏၲရားသည္ Gerousia ႏွင့္ Apella တို႔ျဖစ္ၿပီး၊ ဘုရင္၏အခန္းက႑ကို နည္းႏိုင္သမၽွနည္းေအာင္ ေလၽွာ႔ခ်ထားခဲ့သည္။ Lycurgus ၏ ျပဳျပင္ေျပာင္းလဲမႈမ်ားကို ဥပေဒအျဖစ္ ေရးသားမွတ္တမ္းတင္ခဲ့သည္။ ထိုဥပေဒကို Great Rhetra ဟုေခၚသည္။ ကမၻာ့ပထမဦးဆုံး ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒဟူ၍လည္းဆိုႏိုင္သည္။

ဘီစီ ၆၅၀ ၀န္းက်င္တြင္ စပါတာတို႔သည္ စစ္ေရးတြင္ စူပါပါဝါအေနအထားသို႔ေရာက္လာခဲ့သည္။ ဂရိႏိုင္ငံေတာ္ႀကီး တည္တံ့ခိုင္ၿမဲေရးႏွင့္ ႏိုင္ငံေရးတည္ၿငိမ္မႈတို႔အတြက္ စံျပဳေလာက္သည့္ ဥပေဒႏွင့္ ခိုင္မာေတာင့္တင္းသည့္ စစ္တပ္အင္အားကို စပါတာတို႔ ပိုင္ဆိုင္သြားႏိုင္ခဲ့ျခင္း ေၾကာင့္ျဖစ္သည္။

စပါတန္တို႔က သူတို႔ကိုသူတို႔ သာတူညီမၽွ လူေနမႈဘဝကိုစတင္ထူေထာင္ ႏိုင္ခဲ့သူမ်ားအျဖစ္ ဂုဏ္ယူဝံ့ႂကြားခဲ့ၾကသည္။ စပါတာတို႔ လူေနမႈျမင့္မားရျခင္းသည္ ပညာေရးေၾကာင့္လည္းျဖစ္သည္။ စပါတာပညာေရးစနစ္ (agoge) သည္စပါႏိုင္ငံအတြင္းရွိ ဆင္းရဲ ခ်မ္းသာ မည္သည့္အဆင့္အတန္းရွိသည္ျဖစ္ေစ တန္းတူညီမၽွ ပညာသင္ၾကားခြင့္ရၾကျခင္းေၾကာင့္ စိတ္ဓာတ္ေရးရာအရလည္း အေတာ္ေလးျမင့္မားသူမ်ားျဖစ္ေၾကာင္း ဆိုႏိုင္သည္။

စပါတန္တို႔သည္ ေခတ္ၿပိဳင္ သမိုင္းပညာရွင္မ်ားျဖစ္ၾကသည့္ ဟီ႐ိုဒိုးတပ္စ္ႏွင့္ ဇီႏိုဖုန္းမွသည္ အေတြးအေခၚပညာ ရွင္မ်ားျဖစ္သည့္ ပေလတိုႏွင့္ အရစၥတိုတယ္တို႔အထိ ေလးစားၾကည္ၫိုတန္ဖိုးထားခဲ့ၾကသည္။ စပါတာအမ်ဳိးသားတို႔သည္ အသက္၇ႏွစ္အရြယ္မွ စ၍ စစ္ပညာကို သင္ၾကားရသည္။

စပါတန္အမ်ိဳးသမီးမ်ားသည္ အျခားအမ်ိဳးသမီးမ်ားႏွင့္မတူ အေမြဆက္ခံပိုင္ခြင့္ရွိျခင္း၊ မိမိႀကိဳက္ႏွစ္သက္သူႏွင့္ လက္ထပ္ခြင့္ရွိျခင္း၊ လြတ္လပ္စြာ ပညာသင္ၾကားပိုင္ခြင့္ရွိျခင္းတို႔သည္ ထိုေခတ္အမ်ိဳးသမီးတို႔၏ဘဝတြင္ ထူးျခားခ်က္တစ္ခုျဖစ္သည္။ စပါတန္ လူ႕ေဘာင္အဖြဲ႕အစည္းသည္ ျပည္သူကို ဘုရင္၏စိုးမိုးခ်ဳပ္ကိုင္မႈေၾကာင့္ ေၾကာက္႐ြံ႕ထိတ္လန္႔အားငယ္ေနရမည့္ စိတ္ေတြကိုပယ္ေစၿပီး ဘုရင္ကိုမႀကိဳက္လၽွင္ ျဖဳတ္ခ်ခြင့္၊ ျပည္ႏွင္ခြင့္မ်ားရထားသည့္ လြတ္လပ္ေသာျပည္သူမ်ားဟု ဆိုႏိုင္သည္။

စပါတန္ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံတြင္ အထက္ပါဒီမိုကေရစီနည္းက်က်စနစ္မ်ား ရွိခဲ့ေသာ္လည္း လူနည္းစုအသိုင္းအဝိုင္းကို ကိုယ္စားျပဳသည့္အုပ္ခ်ဳပ္ေရးအဖြဲ႕က အားနည္းခ်က္လိုျဖစ္ေနသည္။ ပထမဦးဆုံးအားနည္းခ်က္မွာ လြတ္လပ္သည္ ဆိုေသာ္လည္း တစ္ဦးခ်င္းဆိုင္ရာ လြတ္လပ္မႈကိုခ်ဳပ္ကိုင္ထားမႈမ်ား ရွိေနေၾကာင္းေတြ႕ရသည္။ Plutarch ဆိုသူက ထိုစဥ္ကတည္းက စပါတာအုပ္ခ်ဳပ္ေရးႏွင့္ပတ္သက္ၿပီး ဤသို႔ေဝဖန္ခဲ့သည္။

“လူတိုင္း မိမိဆႏၵရွိသည့္အတိုင္း ေနထိုင္ခြင့္မရွိ။ စစ္မႈထမ္းခ်င္သည္ျဖစ္ေစ မထမ္းခ်င္သည္ျဖစ္ေစ ႏိုင္ငံေရးအရ စစ္တပ္သို႔သြားၾကရသည္”။ ဒုတိယအားနည္းခ်က္မွာ Gerousia မ်ားသည္ မိမိတို႔အာဏာတည္ၿမဲေရးႏွင့္ ဩဇာသက္ေရာက္ေရးတို႔အတြက္ အာဏာကို ခ်ဳပ္ကိုင္ကာ အစိုးရအဖြဲ႕ေနရာအေတာ္မ်ားမ်ားတြင္ ျဖန္႔က်က္ေနရာဝင္ယူေနၾကျခင္းျဖစ္သည္။

စပါတန္အုပ္ခ်ဳပ္ပုံစနစ္တြင္ စနစ္အမ်ိဳးမ်ိဳးေရာႁပြမ္းေနသည္။ ဘုရင္ႏွစ္ဦးျဖင့္အုပ္စိုးျခင္းကပင္ ပေဒသရာဇ္စနစ္ကို မစြန္႔လႊတ္ႏိုင္ေသးပဲ၊ ဥပေဒျပဳေကာင္စီကလည္း မႉးမတ္အုပ္ခ်ဳပ္ေရးစနစ္ႏွင့္တူေနသည္။ စပါတန္တို႔တြင္ ေယာက္်ား တိုင္းအုပ္ခ်ဳပ္ေရးတြင္ပါဝင္ခြင့္ တန္းတူညီမၽွရွိသည္ဆိုျခင္းကလည္း အမ်ိဳးသမီးမ်ားပါဝင္ခြင့္မရေသးေသာေၾကာင့္ စစ္မွန္သည့္ ဒီမိုကေရစီဟူ၍ မေျပာႏိုင္ေသးေပ။

စပါတန္တို႔သည္ ျပည္သူ႕လႊတ္ေတာ္တြင္ ပါဝင္ခြင့္ရသည္ဆိုေစ ထိုအခ်ိန္က စပါတန္လူမ်ိဳးစစ္စစ္မွာ တိုင္းျပည္ လူဦးေရ၏ ၅ ရာခိုင္ႏႈန္းသာရွိသျဖင့္ လူနည္းစု မိမိတို႔အဝန္းအဝိုင္းအတြင္း၌သာ အုပ္ခ်ဳပ္ေရးစနစ္ကိုထူေထာင္ျခင္း ျဖစ္သည္ဟူ၍လည္းဆိုႏိုင္သည္။ အုပ္ခ်ဳပ္ေရးတြင္ က်န္လူတန္းစားမ်ားျဖစ္ေသာ တိုင္းရင္းသားကုန္သည္မ်ား၊ လက္မႈပညာရွင္မ်ား၊ ေက်းကၽြန္မ်ားသည္ အုပ္ခ်ဳပ္ေရးတြင္ လုံး၀ပါဝင္ခြင့္မရွိသည့္အျပင္ ႏိုင္ငံျခားသားမ်ားဆိုပါက ပို၍ အခြင့္အေရးမရရွိၾကေပ။

သာမုိပီးေလးစစ္ပြဲ မွာ စပါတန္တုိ႔၏ ေက်ာ္ၾကားေသာစစ္ပြဲတစ္ပြဲျဖစ္သည္။ ထုိစစ္ပြြဲတြင္ စပါတာ ၃၀၀ ပါ၀င္သည့္ အင္အား ၇၀၀၀ ဂရိစစ္တပ္သည္ အင္အား ၃သိန္းေက်ာ္ရွိေသာ ပါရွန္းအင္ပါယာ၏ က်ဴးေက်ာ္မႈကို အႀကိမ္ႀကိမ္ခုခံရင္း စပါတန္တို႔၏ သတၱိကုိျပခဲ့ၾကသည္။ ဘီစီ ၃၇၁ Leuctra စစ္ပြဲတြင္ စပါတန္ တုိ႔သည္ Thebes တုိ႔အားရႈံးနိမ့္ခဲ့ၿပီးေနာက္ ဂရိတြင္ စပါတာတုိ႔၏ အခန္းက႑မွာ ေမွးမွိန္ေပ်ာက္ကြယ္သြားရေလေတာ့သည္။


ရှေးဟောင်းဂရိနိုင်ငံက စပါတန်တွေအကြောင်း (unicode)

ရှေးဟောင်းဂရိနိုင်ငံ၏ အစောပိုင်းကာလတွင် မြို့ပြနိုင်ငံငယ်လေးများသည် နိုင်ငံရေး လွတ်လပ်မှုအားနည်းသေးသည်ဟုဆိုရမည်။ မြို့ပြနိုင်ငံအုပ်ချုပ်သူများကို Poleis ဟုခေါ်ကြပြီး လူနည်းစုကိုယ်စားပြုသည့် အုပ်ချုပ်သူများ လည်းဖြစ်ကြသည်။ ဂရိခေတ်အုပ်ချုပ်ရေးအဆင့်အတန်းတွင် ဒီမိုကရေစီသဘောတရား အထွန်းကားဆုံး မြို့ပြနိုင်ငံ နှစ်ခုမှာ အေသင် (Athens) နှင့် စပါတာ(Sparta) မြို့ပြနိုင်ငံများဖြစ်သည်။ စပါတာမြို့ပြနိုင်ငံများသည် ဘီစီ ၉ရာစုခန့်တွင် စတင်ပေါ်ပေါက်ခဲ့ပြီး ဂရိနိုင်ငံတောင်ပိုင်း Eurotas မြစ်ကမ်းအနီး Laconia ဒေသတွင် တည်ရှိခဲ့သည်။ စပါတာတို့သည် မည်သည့်လက်ဝတ်ရတနာကိုမှမဝတ် ၊ ပုဂ္ဂလိကပိုင်ဆိုင်မှုကို ငြင်းပယ်ကြသည့်အပြင် လူတန်းစားလည်းခွဲခြားကြသဖြင့် ထူဆန်းသည့် လူ့ဘောင်အဖွဲ့အစည်းတစ်ခုဟုဆိုနိုင်သည်။ စပါတန်အစိုးရသည် နိုင်ငံရေးအာဏာပိုင်အဖွဲ့ကို လေးမျိုးခွဲခြားထားသည်။

ပထမ အမျိုးအစားမှာ ဘုရင်အဖွဲ့ဖြစ်သည်။ ဘုရင်အဖွဲ့တွင် ဘုရင်နှစ်ပါး ပါဝင်ရသည်။ စပါတာဘုရင်နှင့် ဂျီရွန်တီ (Gerontes) ဟုခေါ်သည့် အသက်အရွယ်ကြီးသူများကို ကိုယ်စားပြုရသည့်ဘုရင် (Gerousia) တိုဖြစ်သည်။ တတိယတစ်မျိုးမှာ ဘုရင်ကိုကြီးကြပ်ရသည့် (Ephors) ဖြစ်ပြီး၊ စတုတ္ထတစ်မျိုးမှာ စပါတန်ညီလာခံတက်ရောက်ခွင့်ရသူ များ (Apella) တို့ဖြစ်သည်။

ဘုရင်နှစ်ပါးသည် အစိုးရအဖွဲ့ကို ဦးဆောင်ရသူများဖြစ်ပြီး၊ ကိုယ့်နေရာနှင့်ကိုယ် သီးခြားရပ်တည်ကာ အုပ်စိုးမှုကို ညီညွတ်စွာပြုလုပ်ကြရသည်။ သို့သော် ဘုရင်နှစ်ပါးဖြစ်နေသဖြင့် အုပ်ချုပ်ရေးတွင် ထိရောက်မှုမရှိဘဲ အားနည်းမှု ကတော့ ရှိနေသည်။ ဘုရင်တို့က တရားစီရင်ရေးကို Gerousia တို့ပါမှ စီရင်ပိုင်ခွင့်ရှိသည်။ Gerousia အဖွဲ့ဝင်များသည် အသက် ၆၀ ကျော် အရွယ်မှရွေးကောက်ခံပိုင်ခွင့်ရှိကြသည်။ သို့သော်လက်တွေ့တွင်မူ ချမ်းသာသူများ၊ သူကောင်း မျိုးနွယ်ဝင်များ ထဲမှသာ ရွေးချယ်တင်မြှောက်ကြသည်ကများသည်။ Gerousia တို့သည် အမှုများတွင် ရှေးဦး ကြားနာမှုများကိုပြုကြရသည်။

Apella များသည် ဒီမိုကရေစီနည်းအကျဆုံး ရွေးကောက်တင်မြှောက်ခံရသူများဖြစ်သည်။ အသက် ၃၀ ကျော်မှ ညီလာခံတက်ရောက်ခွင့်အတွက် ရွေးချယ်ခံရပြီး Apella သို့မဟုတ် Ephors များဖြစ်ခွင့်ရှိသည်။ သူတို့သည် ညီလာခံ တွင် Gerousia တို့၏ ဆုံးဖြတ်ချက်များကို ငြင်းပယ်ပိုင်ခွင့်ရှိသူများဖြစ်သည်။ Ephors တို့ကို စပါတန်ညီလာခံမှ ဘုရင့်ကို ကြီးကြပ်အကြံဉာဏ်ပေးနိုင်စွမ်းရှိမည့် Apella တို့ထဲမှ ၅ ဦးကို ရွေးကောက်တင်မြှောက်ကြခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် အောက်ခြေလူတန်းစားသည်လည်း ဘုရင့်အကြံပေးဖြစ်နိုင်ခွင့်ကို စပါတန်လူ့ဘောင်တွင် တွေ့ရှိရ သည်။ မျိုးနွယ်ကြောင့်မဟုတ်ဘဲ အောက်ခြေမှတက်လာသည့် နိုင်ငံသားများက ဘုရင့်ကို အကြံပေးနိုင်ရုံမျှမက ဘုရင်ကို မကြိုက်လျှင် ဖြုတ်ချခွင့်ရှိခြင်းသည် စပါတန်ခေတ်အုပ်ချုပ်ရေး၏ ထူးခြားချက်ဟုဆိုနိုင်သည်။

စပါတန်အုပ်ချုပ်ရေးစနစ်ကို တီထွင်သူမှာ ထင်ရှားသည့် ဥပဒေပြုသူ Lycurgus ဖြစ်သည်။ ဘီစီ ၇ ရာစုအလယ် လောက်တွင် စပါတာ၌ ကျေးကျွန်တို့၏ တော်လှန်ရေးတစ်ရပ်ဖြစ်ပွားခဲ့သည်။ သူက ကျေးကျွန်များနှင့်ပူးပေါင်းပြီး စပါတာပြန်လည်ပြုပြင်ရေးစနစ်များကို ရေးဆွဲချမှတ်အကောင်အထည်ဖော်ခဲ့သည်။ နောက်ထပ် ကျေးကျွန်တို့၏ တော်လှန်ရေးတစ်ရပ် ထပ်မံမပေါ်ပေါက်စေရန်အတွက် Lycurgus သည် အဆင့်မြင့် စစ်တပ်နှင့် စစ်မှုထမ်းအဖွဲ့အစည်း တစ်ခုကို ထူထောင်ကာ ဂရိ မြို့ပြနိုင်ငံများတွင် စပါတာကို အင်အားအတောင့်တင်းဆုံးနိုင်ငံကြီးတစ်နိုင်ငံဖြစ်စေရန် ပြုပြင်ပြောင်းလဲခဲ့သည်။ Lycurgus ၏ ပြုပြင်ပြောင်းလဲမှုသည် စပါတာကို အားသာချက် သုံးချက်ဖြစ်ပေါ်စေခဲ့သည်။

ပြည်သူများကြားတွင် တန်းတူညီမျှမှုကိုဖြစ်စေခြင်း
စစ်တပ်ကို ဖွဲ့စည်းထူထောင်နိုင်ခဲ့ခြင်းနှင့်
စည်းကမ်းရှိရှိ တာဝန်သိသိနေထိုင်တတ်သည့်လူ့ဘောင်တစ်ခုကိုဖြစ်ထွန်းလာစေခြင်း တို့ဖြစ်သည်။

ထို့ပြင် Lycurgus သည် စပါတန်အစိုးရ၏ အဓိကယန္တရားသည် Gerousia နှင့် Apella တို့ဖြစ်ပြီး၊ ဘုရင်၏အခန်းကဏ္ဍကို နည်းနိုင်သမျှနည်းအောင် လျှော့ချထားခဲ့သည်။ Lycurgus ၏ ပြုပြင်ပြောင်းလဲမှုများကို ဥပဒေအဖြစ် ရေးသားမှတ်တမ်းတင်ခဲ့သည်။ ထိုဥပဒေကို Great Rhetra ဟုခေါ်သည်။ ကမ္ဘာ့ပထမဦးဆုံး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟူ၍လည်းဆိုနိုင်သည်။ ဘီစီ ၆၅၀ ဝန်းကျင်တွင် စပါတာတို့သည် စစ်ရေးတွင် စူပါပါဝါအနေအထားသို့ရောက်လာခဲ့သည်။ ဂရိနိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုတို့အတွက် စံပြုလောက်သည့် ဥပဒေနှင့် ခိုင်မာတောင့်တင်းသည့် စစ်တပ်အင်အားကို စပါတာတို့ ပိုင်ဆိုင်သွားနိုင်ခဲ့ခြင်း ကြောင့်ဖြစ်သည်။

စပါတန်တို့က သူတို့ကိုသူတို့ သာတူညီမျှ လူနေမှုဘဝကိုစတင်ထူထောင် နိုင်ခဲ့သူများအဖြစ် ဂုဏ်ယူဝံ့ကြွားခဲ့ကြသည်။ စပါတာတို့ လူနေမှုမြင့်မားရခြင်းသည် ပညာရေးကြောင့်လည်းဖြစ်သည်။ စပါတာပညာရေးစနစ် (agoge) သည်စပါနိုင်ငံအတွင်းရှိ ဆင်းရဲ ချမ်းသာ မည်သည့်အဆင့်အတန်းရှိသည်ဖြစ်စေ တန်းတူညီမျှ ပညာသင်ကြားခွင့်ရကြခြင်းကြောင့် စိတ်ဓာတ်ရေးရာအရလည်း အတော်လေးမြင့်မားသူများဖြစ်ကြောင်း ဆိုနိုင်သည်။

စပါတန်တို့သည် ခေတ်ပြိုင် သမိုင်းပညာရှင်များဖြစ်ကြသည့် ဟီရိုဒိုးတပ်စ်နှင့် ဇီနိုဖုန်းမှသည် အတွေးအခေါ်ပညာ ရှင်များဖြစ်သည့် ပလေတိုနှင့် အရစ္စတိုတယ်တို့အထိ လေးစားကြည်ညိုတန်ဖိုးထားခဲ့ကြသည်။ စပါတာအမျိုးသားတို့သည် အသက်၇နှစ်အရွယ်မှ စ၍ စစ်ပညာကို သင်ကြားရသည်။
စပါတန်အမျိုးသမီးများသည် အခြားအမျိုးသမီးများနှင့်မတူ အမွေဆက်ခံပိုင်ခွင့်ရှိခြင်း၊ မိမိကြိုက်နှစ်သက်သူနှင့် လက်ထပ်ခွင့်ရှိခြင်း၊ လွတ်လပ်စွာ ပညာသင်ကြားပိုင်ခွင့်ရှိခြင်းတို့သည် ထိုခေတ်အမျိုးသမီးတို့၏ဘဝတွင် ထူးခြားချက်တစ်ခုဖြစ်သည်။ စပါတန် လူ့ဘောင်အဖွဲ့အစည်းသည် ပြည်သူကို ဘုရင်၏စိုးမိုးချုပ်ကိုင်မှုကြောင့် ကြောက်ရွံ့ထိတ်လန့်အားငယ်နေရမည့် စိတ်တွေကိုပယ်စေပြီး ဘုရင်ကိုမကြိုက်လျှင် ဖြုတ်ချခွင့်၊ ပြည်နှင်ခွင့်များရထားသည့် လွတ်လပ်သောပြည်သူများဟု ဆိုနိုင်သည်။

စပါတန်ဖွဲ့စည်းအုပ်ချုပ်ပုံတွင် အထက်ပါဒီမိုကရေစီနည်းကျကျစနစ်များ ရှိခဲ့သော်လည်း လူနည်းစုအသိုင်းအဝိုင်းကို ကိုယ်စားပြုသည့်အုပ်ချုပ်ရေးအဖွဲ့က အားနည်းချက်လိုဖြစ်နေသည်။ ပထမဦးဆုံးအားနည်းချက်မှာ လွတ်လပ်သည် ဆိုသော်လည်း တစ်ဦးချင်းဆိုင်ရာ လွတ်လပ်မှုကိုချုပ်ကိုင်ထားမှုများ ရှိနေကြောင်းတွေ့ရသည်။ Plutarch ဆိုသူက ထိုစဉ်ကတည်းက စပါတာအုပ်ချုပ်ရေးနှင့်ပတ်သက်ပြီး ဤသို့ဝေဖန်ခဲ့သည်။ “လူတိုင်း မိမိဆန္ဒရှိသည့်အတိုင်း နေထိုင်ခွင့်မရှိ။ စစ်မှုထမ်းချင်သည်ဖြစ်စေ မထမ်းချင်သည်ဖြစ်စေ နိုင်ငံရေးအရ စစ်တပ်သို့သွားကြရသည်”။ ဒုတိယအားနည်းချက်မှာ Gerousia များသည် မိမိတို့အာဏာတည်မြဲရေးနှင့် ဩဇာသက်ရောက်ရေးတို့အတွက် အာဏာကို ချုပ်ကိုင်ကာ အစိုးရအဖွဲ့နေရာအတော်များများတွင် ဖြန့်ကျက်နေရာဝင်ယူနေကြခြင်းဖြစ်သည်။

စပါတန်အုပ်ချုပ်ပုံစနစ်တွင် စနစ်အမျိုးမျိုးရောပြွမ်းနေသည်။ ဘုရင်နှစ်ဦးဖြင့်အုပ်စိုးခြင်းကပင် ပဒေသရာဇ်စနစ်ကို မစွန့်လွှတ်နိုင်သေးပဲ၊ ဥပဒေပြုကောင်စီကလည်း မှူးမတ်အုပ်ချုပ်ရေးစနစ်နှင့်တူနေသည်။ စပါတန်တို့တွင် ယောက်ျား တိုင်းအုပ်ချုပ်ရေးတွင်ပါဝင်ခွင့် တန်းတူညီမျှရှိသည်ဆိုခြင်းကလည်း အမျိုးသမီးများပါဝင်ခွင့်မရသေးသောကြောင့် စစ်မှန်သည့် ဒီမိုကရေစီဟူ၍ မပြောနိုင်သေးပေ။

စပါတန်တို့သည် ပြည်သူ့လွှတ်တော်တွင် ပါဝင်ခွင့်ရသည်ဆိုစေ ထိုအချိန်က စပါတန်လူမျိုးစစ်စစ်မှာ တိုင်းပြည် လူဦးရေ၏ ၅ ရာခိုင်နှုန်းသာရှိသဖြင့် လူနည်းစု မိမိတို့အဝန်းအဝိုင်းအတွင်း၌သာ အုပ်ချုပ်ရေးစနစ်ကိုထူထောင်ခြင်း ဖြစ်သည်ဟူ၍လည်းဆိုနိုင်သည်။ အုပ်ချုပ်ရေးတွင် ကျန်လူတန်းစားများဖြစ်သော တိုင်းရင်းသားကုန်သည်များ၊ လက်မှုပညာရှင်များ၊ ကျေးကျွန်များသည် အုပ်ချုပ်ရေးတွင် လုံးဝပါဝင်ခွင့်မရှိသည့်အပြင် နိုင်ငံခြားသားများဆိုပါက ပို၍ အခွင့်အရေးမရရှိကြပေ။ သာမိုပီးလေးစစ်ပွဲ မှာ စပါတန်တို့၏ ကျော်ကြားသောစစ်ပွဲတစ်ပွဲဖြစ်သည်။ ထိုစစ်ပွဲတွင် စပါတာ ၃၀၀ ပါဝင်သည့် အင်အား ၇၀၀၀ ဂရိစစ်တပ်သည် အင်အား ၃သိန်းကျော်ရှိသော ပါရှန်းအင်ပါယာ၏ ကျူးကျော်မှုကို အကြိမ်ကြိမ်ခုခံရင်း စပါတန်တို့၏ သတ္တိကိုပြခဲ့ကြသည်။ ဘီစီ ၃၇၁ Leuctra စစ်ပွဲတွင် စပါတန် တို့သည် Thebes တို့အားရှုံးနိမ့်ခဲ့ပြီးနောက် ဂရိတွင် စပါတာတို့၏ အခန်းကဏ္ဍမှာ ပျောက်ကွယ်သွားရလေတော့သည်။

Leave a Reply