ဒုိင္ႏုိေဆာတုိ႔အေၾကာင္း သိေကာင္းစရာ

Posted on

ဒိုင္ႏိုေဆာ ဆိုသည္မွာ အာခိုေဆာ အမ်ိဳးအစား တြားသြားသတၱဝါတစ္မ်ိဳးျဖစ္ၿပီး မီဆိုဇိုးရစ္ ကာလအတြင္းက ကုန္းေပၚတြင္ အမ်ားအျပားရွိေသာ သတၱဝါမ်ိဳးလည္း ျဖစ္သည္။ ဒိုင္ႏိုေဆာဆိုေသာ စကားလုံးမွာ ဂရိဘာသာစကားမွ ဆင္းသက္လာၿပီး ေၾကာက္မက္ဖြယ္ရာ ပုတ္သင္ၫို (terrible lizard) ဟု အဓိပၸါယ္ရသည္။ အဂၤလိပ္လူမ်ိဳး ဇီဝေဗဒ ပညာရွင္ ရစ္ခ်က္အိုဝင္က ၁၈၄၂ ခုႏွစ္တြင္ တီထြင္ခဲ့ျခင္း ျဖစ္သည္။

ဒိုင္ႏိုေဆာမ်ားကို လြန္ခဲ့ေသာ ႏွစ္သန္းေပါင္း ၂၃၀ ခန္႔ အားပါး ထ႐ိုင္ဆစ္ေခတ္က ေက်ာက္ျဖစ္႐ုပ္ႂကြင္းမ်ားတြင္ ေတြ႕ရွိရသည္။ ဂ်ဴရက္ဆစ္ေခတ္ အေစာပိုင္းတြင္ သူတို႔သည္ ကုန္းေျမေပၚရွိ ေဒသအမ်ားစုတြင္ လႊမ္းမိုးလာခဲ့သည္။ သူတို႔သည္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၆၅ သန္းခန္႔အထိ ရွိလာခဲ့ၾကၿပီး ႐ုတ္တရက္ မ်ိဳးတုံးေပ်ာက္ကြယ္ သြားခဲ့ၾကသည္။ ငွက္မ်ားသည္ သာ႐ိုေပါ့ ဒိုင္ႏိုေဆာမ်ားမွ ဆင္းသက္လာၾကၿပီး ကုန္းေျမေပၚရွိ ဒိုင္ႏိုေဆာအားလုံးမွာ မ်ိဳးတုံးေပ်ာက္ကြယ္သြားၿပီ ျဖစ္သည္။

ဒိုင္ႏိုေဆာမ်ားသည္ ဘူမိေဗဒ သက္တမ္းအရ Triassic Period (ထ႐ိုင္ယဆစ္ယုဂ္)အတြင္း လြန္ခဲ့ေသာႏွစ္သန္းေပါင္း ၂၂၅ သန္းက ေျပာင္းလဲ ျဖစ္ေပၚလာခဲ့ၾကျခင္း ျဖစ္သည္။ အခ်ိဳ႕ေသာ သတၱဝါမ်ားသည္ ၾကက္တစ္ေကာင္၏ အ႐ြယ္အစားခန္႔သာ ရွိၾက၏။အခ်ိဳ႕ေသာ သတၱဝါမ်ားကမူ ကမၻာေပၚ၌ ရွိခဲ့ဖူးေသာ အ႐ြယ္အစား အႀကီးဆုံး သတၱဝါမ်ား ျဖစ္ခဲ့ၾက၏။ ၎တို႔သည္ ကမၻာေျမႀကီးေပၚတြင္ Jurassic Period (ဂ်ဴရက္ဆစ္ယုဂ္)တစ္ေလၽွာက္လုံးႏွင့္ Cretaceous Period (ခရီးေတးရွတ္ယုဂ္)ကုန္ဆုံးသည္အထိ လွည့္ လည္သြားလာေနခဲ့ၾက၏။ ထ႐ိုင္ယဆစ္ယုဂ္၊ ဂ်ဴရက္ဆစ္ယုဂ္ႏွင့္ ခရီးေတးရွတ္ယုဂ္တို႔ကိုတြားသြားသတၱဝါမ်ားေခတ္ ဟု သတ္မွတ္ ထားၾက၏။

ဒုိင္ႏုိေဆာမ်ား မ်ဳိးတုံးေပ်ာက္ကြယ္ျခင္းႏွင့္ ပတ္သတ္၍ ႀကီးမားေသာဥကၠာပ်ံႀကီးမ်ား ကမာၻေျမေပၚသုိ႔က်ေရာက္ျခင္း ၊ ငလွ်င္မ်ားလႈပ္ျခင္း ၊ မီးေတာင္ႀကီးမ်ားေပါက္ကြဲျခင္း စသည္ျဖင့္ သီအုိရီမ်ဳိးစုံရွိၾကသည္။ သိပၸံပညာရွင္အမ်ားစု ကေတာ့ ဒုိင္ႏုိေဆာမ်ားသည္ ကမၻာ့ ရာသီဥတု ေတာေတာ ေရေျမေျပာင္းလဲလာမႈ တုိ႔ႏွင့္ လိုက္ေလ်ာ ညီေထြ ျဖစ္ေအာင္ လိုက္ၿပီး မေျပာင္းလဲႏိုင္ေသာေၾကာင့္ မ်ဳိးတုံးသြားခဲ့ရသည္ ဟူေသာ ရွာေဖြေတြ႔ရွိမႈကို လက္ခံထားၾကသည္။

ခႏၶာေဗဒ

ဒိုင္ႏိုေဆာသည္ အာခိုေဆာမ်ိဳးႏြယ္တစ္ခုျဖစ္သည္။ ပုတ္သင္၏ ေဘးသို႔ကားထြက္သည့္ ေျခေထာက္မ်ိဳးကို ဒိုင္ႏိုေဆာ၌ မေတြ႕ရေပ။ ဒိုင္ႏိုေဆာ၌ ေပါင္႐ိုး၏ ပုံသဏၭာန္ေျပာင္းလဲသြားသည္။ ေပါင္႐ိုးသည္ တင္ပါးအ႐ိုးႏွင့္ ေထာင့္မွန္ခ်ိတ္ဆက္ထားသျဖင့္ မတ္မတ္ လမ္းေလၽွာက္ႏိုင္သည္။ မိေက်ာင္းေျခေထာက္မ်ားသည္လည္း မတ္မတ္ေလၽွာက္ႏိုင္ေသာ္လည္း ေပါင္႐ိုးသည္ တင္ပါးအ႐ိုးေအာက္ တည့္တည့္မွ ခ်ိတ္ဆက္ျခင္းျဖင့္ တိုင္လုံးကဲ့သို႔ ေထာက္ပံ့ထားျခင္းသာ ျဖစ္သည္။ ဒိုင္ႏိုေဆာသည္ အထက္တြင္ ေဖာ္ျပသကဲ့သို႔ မတ္မတ္ လမ္းေလၽွာက္ႏိုင္သည့္အျပင္ ေနာက္ေျခတို႔ကို ပိုမိုအားျပဳလာသည္။ ထို႔ေၾကာင့္ ေျခေထာက္သည္ မတ္မတ္လမ္းေလၽွာက္႐ုံသာမက ေျခႏွစ္ေခ်ာင္းျဖင့္ မတ္တပ္ လည္း ေလၽွာက္ေပသည္။ ရရွိလာေသာ သြက္လက္ဖ်တ္လတ္သည့္ လႈပ္ရွားႏိုင္စြမ္းသည္ ဒိုင္ႏိုေဆာတို႔ ေအာင္ျမင္ရျခင္း၏ ေသာ့ခ်က္တစ္ခုျဖစ္ေပသည္။

မ်ိဳးကြဲမ်ား

တင္ပါး႐ိုး တည္ေဆာက္ပုံအရ အဆိုပါ ေရွ႕ေျပးဒိုင္ႏိုေဆာတို႔မွ ေဆာ္ရစ္ခ်ီးယား (Saurischia) ႏွင့္ ေအာ္နီသစ္ခ်ီးယား (Ornithischia) ဟူ၍ အထင္ကရ အုပ္စုႏွစ္ခု ကြဲထြက္လာခဲ့သည္။ ေဆာ္ရစ္ခ်ီးယားသည္ နဂိုတြားသြားသတၱဝါတို႔၏ တင္ပါး႐ိုး တည္ေဆာက္ပုံကို ထိန္းသိမ္းထားသည္။ ၎တို႔၏ ဆီးစပ္႐ိုးသည္ ေရွ႕ဖက္သို႔ လွည့္ေနသည္။ ေအာ္နီသစ္ခ်ီးယား၌ ဆီးစပ္႐ိုးသည္ ေအာက္ဖက္ႏွင့္ အေနာက္ဖက္သို႔ လွည့္ေနၿပီး တင္ပါးခြက္႐ိုးႏွင့္ အၿပိဳင္ျဖစ္ေနၾကသည္။

ေဆာ္ရစ္ခ်ီးယားမ်ိဳးႏြယ္မ်ား

ေဆာ္ရစ္ခ်ီးယားမ်ိဳးႏြယ္၌ အသားစားသီ႐ိုေပါ့ (Theropod) ႏွင့္ အ႐ြက္စားေဆာ္႐ိုေပါ့ (Sauropod) တို႔ပါဝင္ၾကသည္။ သီ႐ိုေပါ့သည္ ေျခႏွစ္ေခ်ာင္းေထာက္ သားရဲဒိုင္ႏိုေဆာျဖစ္သည္။ အ႐ိုးျငမ္း၌ အေခါင္းေပါက္မ်ားျဖင့္ ေပါ့ပါးသည့္ ခႏၶာတည္ေဆာက္ပုံ ရွိေသာ ဆီလိုဖိုင္ဆစ္ (Coelophysis) ႏွင့္ အေမာက္တစ္ခုရွိၿပီး အ႐ြယ္ပိုႀကီးေသာ ဒိုင္လိုဖိုေဆာ (Dilophosaur) တို႔သည္ ထ႐ိုင္ယဆစ္ယုဂ္၏ အဓိကက်ေသာ သီ႐ိုေပါ့မ်ား ျဖစ္၏။ သီ႐ိုေပါ့မ်ိဳးႏြယ္တို႔တြင္ ထင္ရွားလွသည့္ တယ္ရန္ႏိုေဆာရပ္တို႔သည္ ၄၆ေပခန္႔ ရွည္လၽွားၿပီး ေပ၂၀ ခန္႔အျမင့္ရွိသည္။

ေဆာ႐ိုေပါ့သည္ အ႐ြက္စားသည့္ ဒိုင္ႏိုေဆာမ်ားျဖစ္ၾကသည္။ ၎တို႔သည္ ေျခႏွစ္ေခ်ာင္းေထာက္ႏိုင္ေသာ္လည္း ေျခေလးေခ်ာင္းေထာက္၍လည္း သြားႏိုင္သည္။ အ႐ြက္စားရန္အတြက္ မတူညီသည့္ ဆီေလ်ာ္ေျပာင္းလဲမႈမ်ား ေပၚေပါက္ခဲ့သည္။ အစာအိမ္သည္ ပါးစပ္ကိုယ္စား အစာေခ်ေပးသည့္ ေျပာင္းလဲမႈမ်ား ျဖစ္လာသည္။ အစာေၾကရန္အတြက္ ေက်ာက္ခဲမ်ိဳခ်သည့္ အက်င့္ရွိသည္။ ဤအစာအိမ္ေက်ာက္ခဲ (Gastrolith) သုံးစြဲမႈကို ယေန႔ေခတ္ တြားသြားသတၱဝါ၊ အပင္စား ငွက္ ႏွင့္ ဖ်ံအခ်ိဳ႕တြင္ ေတြ႕ရႏိုင္ေသး၏။

ေအာ္နီသစ္ခ်ီယန္မ်ိဳးႏြယ္မ်ား

ေအာ္နီသစ္ခ်ီယန္မ်ိဳးႏြယ္သည္ ေျခႏွစ္ေခ်ာင္းေထာက္ အ႐ြက္စားသတၱဝါမ်ားျဖစ္သည္။ ဥပမာအားျဖင့္ ထ႐ိုင္ယဆစ္ယုဂ္ေႏွာင္းပိုင္းတြင္ ေနထိုင္သည့္ ေအာ္နီသစ္ခ်ီယန္တို႔မွာ ဟက္ထ႐ိုဒြန္တိုေဆာ (Heterodontosaur) ျဖစ္သည္။ ဟက္ထ႐ိုဒြန္တိုေဆာ၌ အျခားတြားသြားသတၱဝါမ်ားႏွင့္ မတူပဲ သြားသုံးမ်ိဳးရွိသည္။ ႏႈတ္သီးႏွင့္ ကပ္လ်က္ရွိသည့္ သြားတစ္စုံမွာ ကိုက္ျဖတ္သြား(Incisor) မ်ိဳးျဖစ္သည္။ အသားကိုက္ျဖတ္ရန္ သင့္ေလ်ာ္သည္။ အံဆုံးဖက္၌ ျပားၿပီးထုထည္ရွိသည့္ အံသြား (Molar) တို႔ရွိၾကသည္။ ၎ကမူ အ႐ြက္ကိုႀကိတ္ဝါးရန္ အသုံးဝင္သည္။ ေနာက္ဆုံး သြားမ်ိဳးမွာ ကိုက္ျဖတ္သြားစုံ၏ အေနာက္ဖက္တြင္ ရွိသည့္ အစြယ္တစ္စုံျဖစ္သည္။ မိတ္ဖက္ရွာရန္၊ သားရဲတို႔ကိုေျခာက္လွန္႔ရန္ျဖစ္ႏိုင္သည္။ တဖန္ကိုက္ျဖတ္သြားႏွင့္ အံသြားႏွစ္မ်ိဳး လုံးရွိေန၍ အစုံစားေကာင္ဟုလည္း သတ္မွတ္ႏိုင္ေပရာ အစြယ္သည္ အမဲလိုက္ရာတြင္ အသုံးဝင္ေကာင္း ဝင္ေပမည္။

သိပၸံဆိုင္ရာယူဆခ်က္မ်ား

၁၉၂၅ တြင္ မြန္ဂိုးလီးယား၌ ဒိုင္ႏိုေဆာဥမ်ားကို ေက်ာက္ျဖစ္႐ုပ္ႂကြင္းအေနျဖင့္ တူးေဖာ္ရရွိသည္။ ထို႔ေၾကာင့္ ဒိုင္ႏိုေဆာတို႔သည္ ဥဥ ေသာသတၱဝါမ်ားျဖစ္သည္ဟု လက္ခံထားၾကသည္။ ဒိုင္ႏိုေဆာတို႔သည္ မည္သည့္အေရာင္မ်ားျဖစ္သည္ကို သိပၸံပညာရွင္မ်ား မရွာေဖြႏိုင္ၾကေသးေပ။ သိပၸံဇာတ္လမ္းမ်ားတြင္ျပသထားေသာ ဒိုင္ႏိုေဆာတို႔၏ ပုံပန္းသ႑န္မ်ားမွာ ေက်ာက္ျဖစ္႐ုပ္ႂကြင္း ဖြဲ႕စည္းပုံမ်ားကို အေျခခံ၍ဖန္တီးထားၾကျခင္းျဖစ္သည္။ ဒိုင္ႏိုေဆာမ်ိဳးႏြယ္တို႔၏ ခန္႔မွန္းပုံသ႑ာန္မ်ားမွာ ရွာေဖြေတြ႕ရွိမူ႕ အသစ္မ်ားေပၚမူတည္၍ အခ်ိန္ႏွင့္အမၽွ ေျပာင္းလဲေနသည္။ ဥပမာ – ဗေလာ္ဆီရပ္တာေခၚ ဒိုင္ႏိုေဆာမ်ိဳးကို ယခင္က ပုတ္သင္ကဲ့သို႔ အေရခြံရွိသည္ဟုယူဆခဲ့ၾကေသာ္လည္း ေလ့လာေတြ႕ရွိခ်က္ အသစ္မ်ားအရ ၎သည္ ငွက္မ်ားကဲ့သို႔ အေမြးအေတာင္မ်ားပါရွိသည္ဟု ေျပာင္းလဲ လက္ခံထားၾကသည္။

မ်က္ေမွာက္ေခတ္ ဒိုင္ႏိုေဆာမ်ား
ဒိုင္ႏိုေဆာမ်ိဳးႏြယ္အမ်ားစုသည္ လူမ်ားမေပၚမွီ ႏွစ္သန္းေပါင္းမ်ားစြာကပင္ ေပ်ာက္ကြယ္သြားၾကၿပီျဖစ္သည္။ က်န္ရွိေသာ အခ်ိဳ႕မ်ိဳးႏြယ္တို႔မွာ ငွက္မ်ားအျဖစ္ ဆင့္ကဲေျပာင္းလဲလာၾကသည္။ သိပၸံပညာရွင္တို႔သည္ မ်ိဳးတုန္းသြားၿပီျဖစ္ေသာ ဒိုင္ႏိုေဆာမ်ားကို DNA နည္းပညာျဖင့္ အတိအက် ျပန္လည္ေဖာ္ထုတ္ႏုိင္ရန္ႀကိဳးပမ္းေနၾကသည္။ ထို႔ေၾကာင့္ မၾကာေတာ့ေသာ အခ်ိန္ကာလတြင္ ကမၻာေပၚ၌ မူလဒိုင္ႏိုေဆာ တို႔ကို ပကတိအတုိင္း ျပန္လည္ျမင္ေတြ႕ရဖြယ္ ရွိသည္။

ဒုိင္ႏုိေဆာ မ်ဳိးကြဲမ်ား

သိပၸံႏွင့္နည္းပညာ ဂ်ာနယ္
ျမန္မာ့စြယ္စုံက်မ္း အတြဲ(၅)
BBC Nature
Wikipedia


ဒိုင်နိုဆောတို့အကြောင်း သိကောင်းစရာ (unicode)

ဒိုင်နိုဆော ဆိုသည်မှာ အာခိုဆော အမျိုးအစား တွားသွားသတ္တဝါတစ်မျိုးဖြစ်ပြီး မီဆိုဇိုးရစ် ကာလအတွင်းက ကုန်းပေါ်တွင် အများအပြားရှိသော သတ္တဝါမျိုးလည်း ဖြစ်သည်။ ဒိုင်နိုဆောဆိုသော စကားလုံးမှာ ဂရိဘာသာစကားမှ ဆင်းသက်လာပြီး ကြောက်မက်ဖွယ်ရာ ပုတ်သင်ညို (terrible lizard) ဟု အဓိပ္ပါယ်ရသည်။ အင်္ဂလိပ်လူမျိုး ဇီဝဗေဒ ပညာရှင် ရစ်ချက်အိုဝင်က ၁၈၄၂ ခုနှစ်တွင် တီထွင်ခဲ့ခြင်း ဖြစ်သည်။

ဒိုင်နိုဆောများကို လွန်ခဲ့သော နှစ်သန်းပေါင်း ၂၃၀ ခန့် အားပါး ထရိုင်ဆစ်ခေတ်က ကျောက်ဖြစ်ရုပ်ကြွင်းများတွင် တွေ့ရှိရသည်။ ဂျူရက်ဆစ်ခေတ် အစောပိုင်းတွင် သူတို့သည် ကုန်းမြေပေါ်ရှိ ဒေသအများစုတွင် လွှမ်းမိုးလာခဲ့သည်။ သူတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၆၅ သန်းခန့်အထိ ရှိလာခဲ့ကြပြီး ရုတ်တရက် မျိုးတုံးပျောက်ကွယ် သွားခဲ့ကြသည်။ ငှက်များသည် သာရိုပေါ့ ဒိုင်နိုဆောများမှ ဆင်းသက်လာကြပြီး ကုန်းမြေပေါ်ရှိ ဒိုင်နိုဆောအားလုံးမှာ မျိုးတုံးပျောက်ကွယ်သွားပြီ ဖြစ်သည်။

ဒိုင်နိုဆောများသည် ဘူမိဗေဒ သက်တမ်းအရ Triassic Period (ထရိုင်ယဆစ်ယုဂ်)အတွင်း လွန်ခဲ့သောနှစ်သန်းပေါင်း ၂၂၅ သန်းက ပြောင်းလဲ ဖြစ်ပေါ်လာခဲ့ကြခြင်း ဖြစ်သည်။ အချို့သော သတ္တဝါများသည် ကြက်တစ်ကောင်၏ အရွယ်အစားခန့်သာ ရှိကြ၏။အချို့သော သတ္တဝါများကမူ ကမ္ဘာပေါ်၌ ရှိခဲ့ဖူးသော အရွယ်အစား အကြီးဆုံး သတ္တဝါများ ဖြစ်ခဲ့ကြ၏။ ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်တွင် Jurassic Period (ဂျူရက်ဆစ်ယုဂ်)တစ်လျှောက်လုံးနှင့် Cretaceous Period (ခရီးတေးရှတ်ယုဂ်)ကုန်ဆုံးသည်အထိ လှည့် လည်သွားလာနေခဲ့ကြ၏။ ထရိုင်ယဆစ်ယုဂ်၊ ဂျူရက်ဆစ်ယုဂ်နှင့် ခရီးတေးရှတ်ယုဂ်တို့ကိုတွားသွားသတ္တဝါများခေတ် ဟု သတ်မှတ် ထားကြ၏။

ဒိုင်နိုဆောများ မျိုးတုံးပျောက်ကွယ်ခြင်းနှင့် ပတ်သတ်၍ ကြီးမားသောဥက္ကာပျံကြီးများ ကမ္ဘာမြေပေါ်သို့ကျရောက်ခြင်း ၊ ငလျှင်များလှုပ်ခြင်း ၊ မီးတောင်ကြီးများပေါက်ကွဲခြင်း စသည်ဖြင့် သီအိုရီမျိုးစုံရှိကြသည်။ သိပ္ပံပညာရှင်အများစု ကတော့ ဒိုင်နိုဆောများသည် ကမ္ဘာ့ ရာသီဥတု တောတော ရေမြေပြောင်းလဲလာမှု တို့နှင့် လိုက်လျော ညီထွေ ဖြစ်အောင် လိုက်ပြီး မပြောင်းလဲနိုင်သောကြောင့် မျိုးတုံးသွားခဲ့ရသည် ဟူသော ရှာဖွေတွေ့ရှိမှုကို လက်ခံထားကြသည်။

ခန္ဓာဗေဒ
ဒိုင်နိုဆောသည် အာခိုဆောမျိုးနွယ်တစ်ခုဖြစ်သည်။ ပုတ်သင်၏ ဘေးသို့ကားထွက်သည့် ခြေထောက်မျိုးကို ဒိုင်နိုဆော၌ မတွေ့ရပေ။ ဒိုင်နိုဆော၌ ပေါင်ရိုး၏ ပုံသဏ္ဌာန်ပြောင်းလဲသွားသည်။ ပေါင်ရိုးသည် တင်ပါးအရိုးနှင့် ထောင့်မှန်ချိတ်ဆက်ထားသဖြင့် မတ်မတ် လမ်းလျှောက်နိုင်သည်။ မိကျောင်းခြေထောက်များသည်လည်း မတ်မတ်လျှောက်နိုင်သော်လည်း ပေါင်ရိုးသည် တင်ပါးအရိုးအောက် တည့်တည့်မှ ချိတ်ဆက်ခြင်းဖြင့် တိုင်လုံးကဲ့သို့ ထောက်ပံ့ထားခြင်းသာ ဖြစ်သည်။ ဒိုင်နိုဆောသည် အထက်တွင် ဖော်ပြသကဲ့သို့ မတ်မတ် လမ်းလျှောက်နိုင်သည့်အပြင် နောက်ခြေတို့ကို ပိုမိုအားပြုလာသည်။ ထို့ကြောင့် ခြေထောက်သည် မတ်မတ်လမ်းလျှောက်ရုံသာမက ခြေနှစ်ချောင်းဖြင့် မတ်တပ် လည်း လျှောက်ပေသည်။ ရရှိလာသော သွက်လက်ဖျတ်လတ်သည့် လှုပ်ရှားနိုင်စွမ်းသည် ဒိုင်နိုဆောတို့ အောင်မြင်ရခြင်း၏ သော့ချက်တစ်ခုဖြစ်ပေသည်။

မျိုးကွဲများ
တင်ပါးရိုး တည်ဆောက်ပုံအရ အဆိုပါ ရှေ့ပြေးဒိုင်နိုဆောတို့မှ ဆော်ရစ်ချီးယား (Saurischia) နှင့် အော်နီသစ်ချီးယား (Ornithischia) ဟူ၍ အထင်ကရ အုပ်စုနှစ်ခု ကွဲထွက်လာခဲ့သည်။ ဆော်ရစ်ချီးယားသည် နဂိုတွားသွားသတ္တဝါတို့၏ တင်ပါးရိုး တည်ဆောက်ပုံကို ထိန်းသိမ်းထားသည်။ ၎င်းတို့၏ ဆီးစပ်ရိုးသည် ရှေ့ဖက်သို့ လှည့်နေသည်။ အော်နီသစ်ချီးယား၌ ဆီးစပ်ရိုးသည် အောက်ဖက်နှင့် အနောက်ဖက်သို့ လှည့်နေပြီး တင်ပါးခွက်ရိုးနှင့် အပြိုင်ဖြစ်နေကြသည်။

ဆော်ရစ်ချီးယားမျိုးနွယ်များ
ဆော်ရစ်ချီးယားမျိုးနွယ်၌ အသားစားသီရိုပေါ့ (Theropod) နှင့် အရွက်စားဆော်ရိုပေါ့ (Sauropod) တို့ပါဝင်ကြသည်။ သီရိုပေါ့သည် ခြေနှစ်ချောင်းထောက် သားရဲဒိုင်နိုဆောဖြစ်သည်။ အရိုးငြမ်း၌ အခေါင်းပေါက်များဖြင့် ပေါ့ပါးသည့် ခန္ဓာတည်ဆောက်ပုံ ရှိသော ဆီလိုဖိုင်ဆစ် (Coelophysis) နှင့် အမောက်တစ်ခုရှိပြီး အရွယ်ပိုကြီးသော ဒိုင်လိုဖိုဆော (Dilophosaur) တို့သည် ထရိုင်ယဆစ်ယုဂ်၏ အဓိကကျသော သီရိုပေါ့များ ဖြစ်၏။ သီရိုပေါ့မျိုးနွယ်တို့တွင် ထင်ရှားလှသည့် တယ်ရန်နိုဆောရပ်တို့သည် ၄၆ပေခန့် ရှည်လျှားပြီး ပေ၂၀ ခန့်အမြင့်ရှိသည်။

ဆောရိုပေါ့သည် အရွက်စားသည့် ဒိုင်နိုဆောများဖြစ်ကြသည်။ ၎င်းတို့သည် ခြေနှစ်ချောင်းထောက်နိုင်သော်လည်း ခြေလေးချောင်းထောက်၍လည်း သွားနိုင်သည်။ အရွက်စားရန်အတွက် မတူညီသည့် ဆီလျော်ပြောင်းလဲမှုများ ပေါ်ပေါက်ခဲ့သည်။ အစာအိမ်သည် ပါးစပ်ကိုယ်စား အစာချေပေးသည့် ပြောင်းလဲမှုများ ဖြစ်လာသည်။ အစာကြေရန်အတွက် ကျောက်ခဲမျိုချသည့် အကျင့်ရှိသည်။ ဤအစာအိမ်ကျောက်ခဲ (Gastrolith) သုံးစွဲမှုကို ယနေ့ခေတ် တွားသွားသတ္တဝါ၊ အပင်စား ငှက် နှင့် ဖျံအချို့တွင် တွေ့ရနိုင်သေး၏။

အော်နီသစ်ချီယန်မျိုးနွယ်များ
အော်နီသစ်ချီယန်မျိုးနွယ်သည် ခြေနှစ်ချောင်းထောက် အရွက်စားသတ္တဝါများဖြစ်သည်။ ဥပမာအားဖြင့် ထရိုင်ယဆစ်ယုဂ်နှောင်းပိုင်းတွင် နေထိုင်သည့် အော်နီသစ်ချီယန်တို့မှာ ဟက်ထရိုဒွန်တိုဆော (Heterodontosaur) ဖြစ်သည်။ ဟက်ထရိုဒွန်တိုဆော၌ အခြားတွားသွားသတ္တဝါများနှင့် မတူပဲ သွားသုံးမျိုးရှိသည်။ နှုတ်သီးနှင့် ကပ်လျက်ရှိသည့် သွားတစ်စုံမှာ ကိုက်ဖြတ်သွား(Incisor) မျိုးဖြစ်သည်။ အသားကိုက်ဖြတ်ရန် သင့်လျော်သည်။ အံဆုံးဖက်၌ ပြားပြီးထုထည်ရှိသည့် အံသွား (Molar) တို့ရှိကြသည်။ ၎င်းကမူ အရွက်ကိုကြိတ်ဝါးရန် အသုံးဝင်သည်။ နောက်ဆုံး သွားမျိုးမှာ ကိုက်ဖြတ်သွားစုံ၏ အနောက်ဖက်တွင် ရှိသည့် အစွယ်တစ်စုံဖြစ်သည်။ မိတ်ဖက်ရှာရန်၊ သားရဲတို့ကိုခြောက်လှန့်ရန်ဖြစ်နိုင်သည်။ တဖန်ကိုက်ဖြတ်သွားနှင့် အံသွားနှစ်မျိုး လုံးရှိနေ၍ အစုံစားကောင်ဟုလည်း သတ်မှတ်နိုင်ပေရာ အစွယ်သည် အမဲလိုက်ရာတွင် အသုံးဝင်ကောင်း ဝင်ပေမည်။

သိပ္ပံဆိုင်ရာယူဆချက်များ
၁၉၂၅ တွင် မွန်ဂိုးလီးယား၌ ဒိုင်နိုဆောဥများကို ကျောက်ဖြစ်ရုပ်ကြွင်းအနေဖြင့် တူးဖော်ရရှိသည်။ ထို့ကြောင့် ဒိုင်နိုဆောတို့သည် ဥဥ သောသတ္တဝါများဖြစ်သည်ဟု လက်ခံထားကြသည်။ ဒိုင်နိုဆောတို့သည် မည်သည့်အရောင်များဖြစ်သည်ကို သိပ္ပံပညာရှင်များ မရှာဖွေနိုင်ကြသေးပေ။ သိပ္ပံဇာတ်လမ်းများတွင်ပြသထားသော ဒိုင်နိုဆောတို့၏ ပုံပန်းသဏ္ဍန်များမှာ ကျောက်ဖြစ်ရုပ်ကြွင်း ဖွဲ့စည်းပုံများကို အခြေခံ၍ဖန်တီးထားကြခြင်းဖြစ်သည်။ ဒိုင်နိုဆောမျိုးနွယ်တို့၏ ခန့်မှန်းပုံသဏ္ဍာန်များမှာ ရှာဖွေတွေ့ရှိမူ့ အသစ်များပေါ်မူတည်၍ အချိန်နှင့်အမျှ ပြောင်းလဲနေသည်။ ဥပမာ – ဗလော်ဆီရပ်တာခေါ် ဒိုင်နိုဆောမျိုးကို ယခင်က ပုတ်သင်ကဲ့သို့ အရေခွံရှိသည်ဟုယူဆခဲ့ကြသော်လည်း လေ့လာတွေ့ရှိချက် အသစ်များအရ ၎င်းသည် ငှက်များကဲ့သို့ အမွေးအတောင်များပါရှိသည်ဟု ပြောင်းလဲ လက်ခံထားကြသည်။

မျက်မှောက်ခေတ် ဒိုင်နိုဆောများ
ဒိုင်နိုဆောမျိုးနွယ်အများစုသည် လူများမပေါ်မှီ နှစ်သန်းပေါင်းများစွာကပင် ပျောက်ကွယ်သွားကြပြီဖြစ်သည်။ ကျန်ရှိသော အချို့မျိုးနွယ်တို့မှာ ငှက်များအဖြစ် ဆင့်ကဲပြောင်းလဲလာကြသည်။ သိပ္ပံပညာရှင်တို့သည် မျိုးတုန်းသွားပြီဖြစ်သော ဒိုင်နိုဆောများကို DNA နည်းပညာဖြင့် အတိအကျ ပြန်လည်ဖော်ထုတ်နိုင်ရန်ကြိုးပမ်းနေကြသည်။ ထို့ကြောင့် မကြာတော့သော အချိန်ကာလတွင် ကမ္ဘာပေါ်၌ မူလဒိုင်နိုဆော တို့ကို ပကတိအတိုင်း ပြန်လည်မြင်တွေ့ရဖွယ် ရှိသည်။

သိပ္ပံနှင့်နည်းပညာ ဂျာနယ်
မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)
BBC Nature
Wikipedia

Leave a Reply