ကမာၻ႔အသန္႔ရွင္းဆုံး ၿမဳိ႕ ၁၀ ၿမဳိိ႕အေၾကာင္း

Posted on

၁၀။ ဟမ္းဘတ္

ဂ်ာမဏီႏုိင္ငံ ဟမ္းဘတ္ ၿမဳိ႕ ဟာဆုိရင္ ကမာၻေပၚမွာအသန့္ရွင္းဆံုးျမိဳ့ေတြထဲကတစ္ခုျဖစ္ၿပီး သဘာ၀ပတ္၀န္းက်င္ကို အေလးထားထိန္းသိမ္းတဲ့ ၿမဳိ႕လည္းျဖစ္ပါတယ္။ၿမဳိိ႕အေနနဲ႔လည္း ၂၀၅၀ခုနွစ္မွာ ကာဗြန္ထုတ္လႊတ္မႈကုိ ၈၀%အထိေလ်ာ့ခ်မယ္လုိ႔ လည္းရည္မွန္းခ်က္ထားရွိပါတယ္။ ၿမဳိ႕သူၿမဳိ႕သားမ်ားကလည္း ၿမဳိ႕သန္႔ရွင္းေရးအတြက္ အထူးစည္းကမ္းရွိၾကၿပီး သန္႔ရွင္းေရးနည္းပညာမ်ားကိုလည္း စနစ္တက်သုံးစြဲျခင္းေၾကာင့္ ဒီၿမဳိ႕ဟာ အသန္႔ရွင္းဆုံးၿမဳိ႕တစ္ၿမဳိ႕ျဖစ္လာခဲ့တာပါ။

၉။ ခ်ီကာဂုိ

အမ်ားသိၾကတဲ့အတုိင္း အေမရိကန္ ခ်ီကာဂိုၿမဳိ႕ဟာ လူဦးေရ ထူထပ္သိပ္သည္းလွတာေၾကာင့္ လြန္ခဲ့တဲ့ႏွစ္မ်ားစြာက ပုံမွန္သန္႔ရွင္းမႈပဲ ရွိတဲ့ၿမဳိ႕ျဖစ္ပါတယ္။ ဒါေပမယ့္ေနာက္ပုိင္းႏွစ္ေတြမွာ သန္႔ရွင္းေရးစနစ္ကို အေလးထားေဆာင္ရြက္ခဲ့တာေၾကာင့္ ယခုအခါမွာေတာ့ အသန္႔ရွင္းဆုံးၿမဳိ႕ေတြထဲမွာ တစ္ၿမဳိ႕ျဖစ္လာခဲ့ပါၿပီ။ ဒီၿမဳိ႕သန္႔ရွင္းၿပီး ညစ္ညမ္းမႈနည္းေစတဲ့အခ်က္တစ္ခ်က္ကေတာ့ တုိက္ေခါင္မုိးေတြေပၚမွာ စုစုေပါင္း စတုရန္းေပ ၂သန္းခန္႔ရွိတဲ့ ဥယ်ာဥ္ေတြကုိ စုိက္ပ်ဳိးထားရွိလုိ႔ျဖစ္ပါတယ္။ ဒါ့အျပင္ ေကာင္းမြန္စနစ္က်စြာတည္ေဆာက္ထားတဲ့ သယ္ယူပုိ႔ဆာင္ေရးကြန္ယက္ေတြကလည္း ေလထုညစ္ညမ္းမႈကို ေလွ်ာ့ခ်ေပးပါတယ္။

၈။ ကိုဗင္ေဟဂင္

ေရာင္စံုၿမဳိ႕ေတာ္လုိ႔ တင္စားေခၚေ၀ၚေလ့ရွိတဲ့ ကိုဗင္ေဟဂင္ၿမဳိ႕ဟာ ဒိန္းမတ္ႏုိင္ငံရဲ႕ၿမဳိ႕ေတာ္ျဖစ္ၿပီး ျမိဳ့သူၿမဳိ႕သားေတြကလဲ အလြန္ေဖာ္ေရြတယ္လုိ႔ နာမည္ၾကီးပါတယ္။ အဲဒီၿမဳိ႕ေလးကုိ အုပ္ခ်ဳပ္တဲ့အစုိးရကလဲ ေရထု၊ ေလထုေရထုညစ္ညမ္းမႈေတြကုိ ကာကြယ္ေလွ်ာ့ခ်ႏုိင္ဖုိ့အတြက္ ရင္းႏွီးျမဳပ္ႏွံမႈမ်ားစြာကို ျပဳလုပ္ထားပါတယ္။ ဒါ့အျပင္ သဘာ၀ပတ္၀န္းက်င္ကိုစနစ္တက် ထိမ္းသိမ္းတာေၾကာင့္လည္း တစ္ၿမဳိ႕လုံးဟာစိမ္းလန္းေနၿပီး ျမစ္ေရကလည္း အၿမဲသန္႔ရွင္းၾကည္လင္ေနပါတယ္။

၇။ ဟုိႏုိလူလူ


ဟုိႏုိလူလူကေတာ့ ကမာၻေပၚမွာရွိတဲ့ အဓိကျမိဳ့ၾကီးေတာ္ေတာ္မ်ားမ်ားရဲ့ အေ၀းမွာရွိတဲ့ ကြ်န္းၿမဳိ႕ေလးတစ္ၿမဳိ႕ျဖစ္ပါတယ္။ အေမရိကန္ ဟာ၀ုိင္ယီကြ်န္းစုရဲ႕ ၿမဳိ႕ေတာ္လည္းျဖစ္ပါတယ္။ စက္ရံုလုပ္ငန္းေတြ မရွိသေလာက္နည္းပါးၿပီး ညစ္ညမ္းမႈ အနည္းဆံုးၿမဳိ႕လုိ႔ေတာင္ ဆုိႏုိင္ပါတယ္။ သဘာ၀ပတ္၀န္းက်င္ စိမ္းလန္းမႈအလ်ွံအပယ္ရွိျပီး လူဦးေရလဲမထူထပ္ပါဘူး။ ဒီၿမဳိ႕သန္႔ရွင္းေနတဲ့ အေၾကာင္းတစ္ခ်က္ကေတာ့ ဒီၿမဳိ႕ဟာ ႏုိင္ငံတကာ ခရီးသြားေတြကုိ အဓိကဆြဲေဆာင္ႏုိင္တဲ့ ၿမဳိ႕တစ္ၿမဳိ႕ျဖစ္တာေၾကာင့္ အစုိးရက သန္႔ရွင္းေရးကုိအေလးထား ေဆာင္ရြက္ေနလုိ႔ပဲ ျဖစ္ပါတယ္။

၆။ ဟယ္ဆင္ကီ

ေနရာေတာ္ေတ္ာမ်ားမ်ားမွာ ကမာၻ႔ထိပ္တန္းအဆင့္မွာ ရပ္တည္ေလ့ရွိတဲ့ ဖင္လန္ႏုိင္ငံရဲ႕ ၿမဳိ႕ေတာ္ျဖစ္ပါတယ္။ ဖင္လန္ႏုိင္ငံဟာ ပညာေရး ၊ စီးပြားေရးမွာလည္း ထိပ္ေနရာမွာ ရပ္ေနသလုိ သန္႔ရွင္းေရးမွာလည္း မေခပါဘူး။ ဟယ္ဆင္ကီၿမဳိ႕ကို အသန့္ရွင္းဆံုးၿမဳိ႕ျဖစ္ေအာင္ ဖန္တီးထားႏုိင္ခဲ့ပါတယ္။ ၿမဳိ႕ေနထိုင္သူမ်ားကိုယ္တုိင္ကလည္း သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းမႈကုိ အေလးထားၾကျပီး အမွုိက္သရိုက္မ်ားကုိ စနစ္တက်စြန္႔ပစ္ၾကပါတယ္။ ခ်မ္းေအးတဲ့ေနရာျဖစ္တာေၾကာင့္ အစုိးရကလည္း တစ္ၿမဳိ႕လုံးအတြက္ အပူလမ္းေၾကာင္းစနစ္ေတြကိုလုံေလာက္စြာ ဖန္တီေပးေ၀လွ်က္ရွိပါတယ္။ ဒီစနစ္ဟာ လွ်ပ္စစ္သုံးစြဲမႈကို ေလွ်ာ့ခ်ေပးၿပီး ညစ္ညမ္းမႈေတြကိုလည္း ကင္းေ၀းေစပါတယ္။

၅။ ေရးခီးဗက္ခ္

ဒီၿမဳိ႕ရဲ႕နာမည္ကို ၾကားဖူးခ်င္မွၾကားဖူးၾကမွာ ျဖစ္ပါတယ္။ ေရးခီးဗက္စ္ဟာ ကမာၻ႔အသန္႔ရွင္းဆုံးႏုိင္ငံေတြထဲ တစ္ႏုိင္ငံျဖစ္တဲ့ အုိက္စလန္ႏုိင္ငံရဲ႕ ၿမဳိ႕ေတာ္ျဖစ္ပါတယ္။ ေရးခီးဗက္ခ္ၿမဳိ႕ဟာဆုိရင္ သဘာ၀ပတ္၀န္းက်င္ထိန္းသိန္းမႈ၊ စြန့္ပစ္ပစၥည္းျပန္လည္သံုးစြဲမႈ ၊ ပုိ႔ေဆာင္ဆက္သြယ္ေရးေကာင္းမြန္မႈ နဲ႔ အၿမဲစိမ္းေတာမ်ားေၾကာင့္ ေက်ာ္ၾကားရံုသာမက ေနထုိင္သူေတြရဲ့ စည္းကမ္းရွိမႈ နဲ႔ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းမႈ ေတြေၾကာင့္လည္းေက်ာ္ၾကားပါတယ္။

Reykjavik

၄။ ဗီယင္နာ

ဗီယင္နာကေတာ့ ၾသစႀကီးယားႏုိင္ငံရဲ႕ ၿမဳိ႕ေတာ္နဲ႔ အႀကီးဆုံးၿမဳိ႕ျဖစ္ပါတယ္။ ၿမဳိ႕ေတာ္သန္႔ရွင္းလွပဖုိ႔အတြက္ ျပဳျပင္စရိတ္ နဲ့ ထိေရာက္ေကာင္းမြန္တဲ့ အမိႈက္သိမ္းစနစ္အတြက္ ေငြအေျမာက္အမ်ားအကုန္က်ခံ ျပဳလုပ္ထားတဲ့ၿမဳိ႕ျဖစ္ပါတယ္။ အမွုိက္အမ်ားစုကုိလည္း Recycle အေနနဲ့ ျပန္လည္အသံုးျပဳတဲ့နည္းနဲ့ သဘာ၀ပတ္၀န္းက်င္ ညစ္ညမ္းမႈေတြကုိ ေလ်ာ့က်ေစပါတယ္။

၃။ ဂ်နီဗာ

သန္႔ရွင္းမႈနဲ႔ ပတ္သတ္ရင္ အားလုံးသိၾကမွာေတာ့ ဆြစ္ဇာလန္ႏုိင္ငံျဖစ္ပါတယ္။ ဂ်နီဗာဟာ ဆြစ္ဇာလန္ရဲ႕ ၿမဳိ႕ႀကီးတစ္ၿမဳိ႕ျဖစ္တာေၾကာင့္ အသန္႔ရွင္းဆုံးစာရင္းမွာ ပါ၀င္လာတာ သိပ္အံၾသဖုိ႔ေတာ့ မရွိပါဘူး။ ဥေရာပတိုက္ အလယ္၌ တည္ရွိၿပီးလၽွင္ လွပေသာ ႐ႈေမၽွာ္ခင္းမ်ားႏွင့္ ေအးခ်မ္းစိမ္းလန္းတဲ့ ပတ္၀န္းက်င္ေၾကာင့္ ကမာၻလွည့္ခရီးသြားေတြ မၾကာခဏသြားေလ့ရွိတဲ့ၿမဳိ႕ပါ။ က်ယ္ျပန္႔လွတဲ့လမ္းမႀကီးေတြ ၊ သန္႔ရွင္းမႈစနစ္ နဲ႔ တုိးတက္ေျပာင္းလဲမႈေတြကုိ အၿမဲထိန္းသိမ္းထားႏုိင္ခဲ့တာေၾကာင့္ ဆြစ္ဇာလန္ရဲ႕ အသန္႔ရွင္းဆုံးၿမဳိ႕အျဖစ္ ရပ္တည္ေနဆဲျဖစ္ပါတယ္။

၂။ ကူရီခ်ီဘာ

ဘရာဇီးႏိုင္ငံဟာ သန္႔ရွင္းတဲ့ႏုိင္ငံေတြမွာမပါ၀င္ေပမယ့္ ဘရာဇီးႏုိင္ငံ ပါရားနားျပည္နယ္ရဲ႕ ၿမဳိ႕ေတာ္ ကူရီခ်ီဘာ ကေတာ့ အသန္႔ရွင္းဆုံးၿမဳိ႕ေတြထဲမွာ ပါ၀င္လာပါတယ္။ ဒီၿမဳိ႕က အျခားဘရာဇီးၿမဳိ႕ေတြနဲ႔ျခားနားၿပီး သန္႔ရွင္းေရးကိုစနစ္တက်ေဆာင္ရြက္ထားပါတယ္။ သန္႔ရွင္းေရးနည္းပညာေတြကုိ အဓိကသုံးစြဲမႈ နဲ႔ အမွုိက္ေတြကုိ Recycle လုပ္ျပီး တဖန္အသံုးျပဳပံုေၾကာင့္ အသန္႔ရွင္းဆုံးၿမဳိ႕ထဲမွာပါ၀င္လာခဲ့တာျဖစ္ပါတယ္။ထူးျခားတဲ့စနစ္တစ္ခုကေတာ့ အမွုိက္အမ်ိဳးအစားကုိလုိက္ျပီး ကူပြန္ သုိ႔မဟုတ္ အစားအစာတစ္ခုခု သို့မဟုတ္ လက္မွတ္(ကား၊ရထား)ေတြနဲ့ လဲလွယ္လုိ့ရတာပါပဲ။ အဲဒီစနစ္က ျပည္သူေတြ အမွုိက္ေတြကုိ အလြယ္တကူ မပစ္မိဖုိ႔ နဲ့ Recycle စနစ္ရဲ႕အေရးပါမႈကိုသိရွိလာေစၿပီး စည္းကမ္းကိုအလုိလုိလုိက္နာလာေစပါတယ္။

၁။ စင္ကာပူ

အသန္႔ရွင္းဆုံးထဲက ေနာက္ဆံုးၿမဳိ႕ကေတာ့ က်ြန္ေတာ္တုိ႔နဲ႔ အရင္းႏွီးဆံုး ၿမဳိ႕တစ္ၿမဳိ႕ျဖစ္တဲ့ စင္ကာပူပါ။ သူ့ရဲ့ ထူးျခားမႈကေတာ့ နုိင္ငံျခားသား ခရီးသြားေတ ြအလြန္မ်ားျပားၿပီး လူေနထူထပ္လွတဲ့ၿမဳိ႕ျဖစ္ေပမယ့္ သန့္ရွင္းသပ္ရပ္မႈစံနွုန္းကုိ ထိပ္တန္းက ထိန္းသိမ္းထားနုိင္ျခင္းပဲျဖစ္ပါတယ္။ျမိဳ့ေတာ္သန့္ရွင္းဖုိ႔ အတြက္ ခ်မွတ္ထားတဲ့ တင္းၾကပ္တဲ့ ဥပေဒေတြကုိ ႏုိင္ငံသားေတြေရာ နုိင္ငံျခားသားခရီးသြားေတြေရာ လုိက္နာၾကရပါတယ္။အမႈိက္စြန္႔ပစ္ျခင္း ၊ပီေက၀ါးျခင္း၊ ကန့္သတ္ဧရိယာအတြင္းက သစ္ပင္ေတြခုတ္လဲျခင္း အျပင္ အျခား ေလထု ေရထု ညစ္ညမ္းေစမယ့္ ကိစၥေတာ္ေတာ္မ်ားမ်ားကုိလည္း တားျမစ္ထားပါတယ္။ နည္းပညာျမင့္တဲ့ ႏုိင္ငံတစ္ႏုိင္ငံျဖစ္တာနဲ႔ အညီ Recycle အလုပ္ႏုိင္ဆုံးႏုိင္ငံတစ္ႏုိင္ငံလည္းျဖစ္ပါတယ္။


ကမ္ဘာ့အသန့်ရှင်းဆုံး မြို့ ၁၀ မြို့အကြောင်း (unicode)

ဟမ်းဘတ်
ဂျာမဏီနိုင်ငံ ဟမ်းဘတ် မြို့ ဟာဆိုရင် ကမ္ဘာပေါ်မှာအသန့်ရှင်းဆုံးမြို့တွေထဲကတစ်ခုဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို အလေးထားထိန်းသိမ်းတဲ့ မြို့လည်းဖြစ်ပါတယ်။မြို့အနေနဲ့လည်း ၂၀၅ဝခုနှစ်မှာ ကာဗွန်ထုတ်လွှတ်မှုကို ၈၀%အထိလျော့ချမယ်လို့ လည်းရည်မှန်းချက်ထားရှိပါတယ်။ မြို့သူမြို့သားများကလည်း မြို့သန့်ရှင်းရေးအတွက် အထူးစည်းကမ်းရှိကြပြီး သန့်ရှင်းရေးနည်းပညာများကိုလည်း စနစ်တကျသုံးစွဲခြင်းကြောင့် ဒီမြို့ဟာ အသန့်ရှင်းဆုံးမြို့တစ်မြို့ဖြစ်လာခဲ့တာပါ။

ချီကာဂို
အများသိကြတဲ့အတိုင်း အမေရိကန် ချီကာဂိုမြို့ဟာ လူဦးရေ ထူထပ်သိပ်သည်းလှတာကြောင့် လွန်ခဲ့တဲ့နှစ်များစွာက ပုံမှန်သန့်ရှင်းမှုပဲ ရှိတဲ့မြို့ဖြစ်ပါတယ်။ ဒါပေမယ့်နောက်ပိုင်းနှစ်တွေမှာ သန့်ရှင်းရေးစနစ်ကို အလေးထားဆောင်ရွက်ခဲ့တာကြောင့် ယခုအခါမှာတော့ အသန့်ရှင်းဆုံးမြို့တွေထဲမှာ တစ်မြို့ဖြစ်လာခဲ့ပါပြီ။ ဒီမြို့သန့်ရှင်းပြီး ညစ်ညမ်းမှုနည်းစေတဲ့အချက်တစ်ချက်ကတော့ တိုက်ခေါင်မိုးတွေပေါ်မှာ စုစုပေါင်း စတုရန်းပေ ၂သန်းခန့်ရှိတဲ့ ဥယျာဉ်တွေကို စိုက်ပျိုးထားရှိလို့ဖြစ်ပါတယ်။ ဒါ့အပြင် ကောင်းမွန်စနစ်ကျစွာတည်ဆောက်ထားတဲ့ သယ်ယူပို့ဆာင်ရေးကွန်ယက်တွေကလည်း လေထုညစ်ညမ်းမှုကို လျှော့ချပေးပါတယ်။

ကိုဗင်ဟေဂင်
ရောင်စုံမြို့တော်လို့ တင်စားခေါ်ဝေါ်လေ့ရှိတဲ့ ကိုဗင်ဟေဂင်မြို့ဟာ ဒိန်းမတ်နိုင်ငံရဲ့မြို့တော်ဖြစ်ပြီး မြို့သူမြို့သားတွေကလဲ အလွန်ဖော်ရွေတယ်လို့ နာမည်ကြီးပါတယ်။ အဲဒီမြို့လေးကို အုပ်ချုပ်တဲ့အစိုးရကလဲ ရေထု၊ လေထုရေထုညစ်ညမ်းမှုတွေကို ကာကွယ်လျှော့ချနိုင်ဖို့အတွက် ရင်းနှီးမြုပ်နှံမှုများစွာကို ပြုလုပ်ထားပါတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ကိုစနစ်တကျ ထိမ်းသိမ်းတာကြောင့်လည်း တစ်မြို့လုံးဟာစိမ်းလန်းနေပြီး မြစ်ရေကလည်း အမြဲသန့်ရှင်းကြည်လင်နေပါတယ်။

ဟိုနိုလူလူ
ဟိုနိုလူလူကတော့ ကမ္ဘာပေါ်မှာရှိတဲ့ အဓိကမြို့ကြီးတော်တော်များများရဲ့ အဝေးမှာရှိတဲ့ ကျွန်းမြို့လေးတစ်မြို့ဖြစ်ပါတယ်။ အမေရိကန် ဟာဝိုင်ယီကျွန်းစုရဲ့ မြို့တော်လည်းဖြစ်ပါတယ်။ စက်ရုံလုပ်ငန်းတွေ မရှိသလောက်နည်းပါးပြီး ညစ်ညမ်းမှု အနည်းဆုံးမြို့လို့တောင် ဆိုနိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင် စိမ်းလန်းမှုအလျှံအပယ်ရှိပြီး လူဦးရေလဲမထူထပ်ပါဘူး။ ဒီမြို့သန့်ရှင်းနေတဲ့ အကြောင်းတစ်ချက်ကတော့ ဒီမြို့ဟာ နိုင်ငံတကာ ခရီးသွားတွေကို အဓိကဆွဲဆောင်နိုင်တဲ့ မြို့တစ်မြို့ဖြစ်တာကြောင့် အစိုးရက သန့်ရှင်းရေးကိုအလေးထား ဆောင်ရွက်နေလို့ပဲ ဖြစ်ပါတယ်။

ဟယ်ဆင်ကီ
နေရာတော်တော်များများမှာ ကမ္ဘာ့ထိပ်တန်းအဆင့်မှာ ရပ်တည်လေ့ရှိတဲ့ ဖင်လန်နိုင်ငံရဲ့ မြို့တော်ဖြစ်ပါတယ်။ ဖင်လန်နိုင်ငံဟာ ပညာရေး ၊ စီးပွားရေးမှာလည်း ထိပ်နေရာမှာ ရပ်နေသလို သန့်ရှင်းရေးမှာလည်း မခေပါဘူး။ ဟယ်ဆင်ကီမြို့ကို အသန့်ရှင်းဆုံးမြို့ဖြစ်အောင် ဖန်တီးထားနိုင်ခဲ့ပါတယ်။ မြို့နေထိုင်သူများကိုယ်တိုင်ကလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အလေးထားကြပြီး အမှိုက်သရိုက်များကို စနစ်တကျစွန့်ပစ်ကြပါတယ်။ ချမ်းအေးတဲ့နေရာဖြစ်တာကြောင့် အစိုးရကလည်း တစ်မြို့လုံးအတွက် အပူလမ်းကြောင်းစနစ်တွေကိုလုံလောက်စွာ ဖန်တီပေးဝေလျှက်ရှိပါတယ်။ ဒီစနစ်ဟာ လျှပ်စစ်သုံးစွဲမှုကို လျှော့ချပေးပြီး ညစ်ညမ်းမှုတွေကိုလည်း ကင်းဝေးစေပါတယ်။

ရေးခီးဗက်ခ်
ဒီမြို့ရဲ့နာမည်ကို ကြားဖူးချင်မှကြားဖူးကြမှာ ဖြစ်ပါတယ်။ ရေးခီးဗက်စ်ဟာ ကမ္ဘာ့အသန့်ရှင်းဆုံးနိုင်ငံတွေထဲ တစ်နိုင်ငံဖြစ်တဲ့ အိုက်စလန်နိုင်ငံရဲ့ မြို့တော်ဖြစ်ပါတယ်။ ရေးခီးဗက်ခ်မြို့ဟာဆိုရင် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းမှု၊ စွန့်ပစ်ပစ္စည်းပြန်လည်သုံးစွဲမှု ၊ ပို့ဆောင်ဆက်သွယ်ရေးကောင်းမွန်မှု နဲ့ အမြဲစိမ်းတောများကြောင့် ကျော်ကြားရုံသာမက နေထိုင်သူတွေရဲ့ စည်းကမ်းရှိမှု နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု တွေကြောင့်လည်းကျော်ကြားပါတယ်။

ဗီယင်နာ
ဗီယင်နာကတော့ ဩစကြီးယားနိုင်ငံရဲ့ မြို့တော်နဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ မြို့တော်သန့်ရှင်းလှပဖို့အတွက် ပြုပြင်စရိတ် နဲ့ ထိရောက်ကောင်းမွန်တဲ့ အမှိုက်သိမ်းစနစ်အတွက် ငွေအမြောက်အများအကုန်ကျခံ ပြုလုပ်ထားတဲ့မြို့ဖြစ်ပါတယ်။ အမှိုက်အများစုကိုလည်း Recycle အနေနဲ့ ပြန်လည်အသုံးပြုတဲ့နည်းနဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကို လျော့ကျစေပါတယ်။

ဂျနီဗာ
သန့်ရှင်းမှုနဲ့ ပတ်သတ်ရင် အားလုံးသိကြမှာတော့ ဆွစ်ဇာလန်နိုင်ငံဖြစ်ပါတယ်။ ဂျနီဗာဟာ ဆွစ်ဇာလန်ရဲ့ မြို့ကြီးတစ်မြို့ဖြစ်တာကြောင့် အသန့်ရှင်းဆုံးစာရင်းမှာ ပါဝင်လာတာ သိပ်အံဩဖို့တော့ မရှိပါဘူး။ ဥရောပတိုက် အလယ်၌ တည်ရှိပြီးလျှင် လှပသော ရှုမျှော်ခင်းများနှင့် အေးချမ်းစိမ်းလန်းတဲ့ ပတ်ဝန်းကျင်ကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ မကြာခဏသွားလေ့ရှိတဲ့မြို့ပါ။ ကျယ်ပြန့်လှတဲ့လမ်းမကြီးတွေ ၊ သန့်ရှင်းမှုစနစ် နဲ့ တိုးတက်ပြောင်းလဲမှုတွေကို အမြဲထိန်းသိမ်းထားနိုင်ခဲ့တာကြောင့် ဆွစ်ဇာလန်ရဲ့ အသန့်ရှင်းဆုံးမြို့အဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။

ကူရီချီဘာ
ဘရာဇီးနိုင်ငံဟာ သန့်ရှင်းတဲ့နိုင်ငံတွေမှာမပါဝင်ပေမယ့် ဘရာဇီးနိုင်ငံ ပါရားနားပြည်နယ်ရဲ့ မြို့တော် ကူရီချီဘာ ကတော့ အသန့်ရှင်းဆုံးမြို့တွေထဲမှာ ပါဝင်လာပါတယ်။ ဒီမြို့က အခြားဘရာဇီးမြို့တွေနဲ့ခြားနားပြီး သန့်ရှင်းရေးကိုစနစ်တကျဆောင်ရွက်ထားပါတယ်။ သန့်ရှင်းရေးနည်းပညာတွေကို အဓိကသုံးစွဲမှု နဲ့ အမှိုက်တွေကို Recycle လုပ်ပြီး တဖန်အသုံးပြုပုံကြောင့် အသန့်ရှင်းဆုံးမြို့ထဲမှာပါဝင်လာခဲ့တာဖြစ်ပါတယ်။ထူးခြားတဲ့စနစ်တစ်ခုကတော့ အမှိုက်အမျိုးအစားကိုလိုက်ပြီး ကူပွန် သို့မဟုတ် အစားအစာတစ်ခုခု သို့မဟုတ် လက်မှတ်(ကား၊ရထား)တွေနဲ့ လဲလှယ်လို့ရတာပါပဲ။ အဲဒီစနစ်က ပြည်သူတွေ အမှိုက်တွေကို အလွယ်တကူ မပစ်မိဖို့ နဲ့ Recycle စနစ်ရဲ့အရေးပါမှုကိုသိရှိလာစေပြီး စည်းကမ်းကိုအလိုလိုလိုက်နာလာစေပါတယ်။

စင်ကာပူ
အသန့်ရှင်းဆုံးထဲက နောက်ဆုံးမြို့ကတော့ ကျွန်တော်တို့နဲ့ အရင်းနှီးဆုံး မြို့တစ်မြို့ဖြစ်တဲ့ စင်ကာပူပါ။ သူ့ရဲ့ ထူးခြားမှုကတော့ နိုင်ငံခြားသား ခရီးသွားတေ ြအလွန်များပြားပြီး လူနေထူထပ်လှတဲ့မြို့ဖြစ်ပေမယ့် သန့်ရှင်းသပ်ရပ်မှုစံနှုန်းကို ထိပ်တန်းက ထိန်းသိမ်းထားနိုင်ခြင်းပဲဖြစ်ပါတယ်။မြို့တော်သန့်ရှင်းဖို့ အတွက် ချမှတ်ထားတဲ့ တင်းကြပ်တဲ့ ဥပဒေတွေကို နိုင်ငံသားတွေရော နိုင်ငံခြားသားခရီးသွားတွေရော လိုက်နာကြရပါတယ်။အမှိုက်စွန့်ပစ်ခြင်း ၊ပီကေဝါးခြင်း၊ ကန့်သတ်ဧရိယာအတွင်းက သစ်ပင်တွေခုတ်လဲခြင်း အပြင် အခြား လေထု ရေထု ညစ်ညမ်းစေမယ့် ကိစ္စတော်တော်များများကိုလည်း တားမြစ်ထားပါတယ်။ နည်းပညာမြင့်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့ အညီ Recycle အလုပ်နိုင်ဆုံးနိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။

Leave a Reply