မင္းကြန္းေခါင္းေလာင္းႀကီး အေၾကာင္း သိေကာင္းစရာ

Posted on

မင္းကြန္းေခါင္းေလာင္းႀကီးမွာ ကမၻာေပၚတြင္ တတိယအႀကီးဆုံး ေခါင္းေလာင္းႀကီး ျဖစ္သည္။ ဘုိးေတာ္ဘုရားသည္ အယူေတာ္မဂၤလာနိမိတ္ေၾကာင့္ မင္းကြန္းပုထုိးေတာ္ႀကီးကုိ ဆက္လည္မတည္ေတာ့ေသာ္လည္း မင္းကြန္းေခါင္းေလာင္းေတာ္ႀကီးကိုမူ ဆက္လက္သြန္းလုပ္ခဲ့သည္။ မင္းကြန္းပုထုိးေတာ္ႀကီး ႏွင့္ အတူေခါင္းေလာင္းႀကီးတစ္လုံးကို ထားရွိမည္ဟု မူလကတည္းက အႀကံရွိၿပီးျဖစ္သည္။

မင္းကြန္းေခါင္းေလာင္းႀကီးကို ဧရာဝတီျမစ္ အေရွ႕ဘက္ကမ္း၊ စြန္းလြန္း႐ြာတြင္ ျမန္မာသကၠရာဇ္ ၁၁၇၀-ျပည့္ႏွစ္၊ ကဆုန္လဆန္း ၁၅-ရက္ေန႔တြင္ ပန္းတင္းဝန္ မဟာနႏၵေက်ာ္စြာ ဦးစီးေသာ ေၾကးသြန္းလုပ္သား ပညာရွင္မ်ားက သြန္းေလာင္းခဲ့ၾကသည္။ ေခါင္းေလာင္းႀကီးကို သြန္းေလာင္းရာတြင္ ေၾကးစင္သက္သက္ သြန္းေလာင္းျခင္းမဟုတ္ပဲ ေၾကး၀ါ ၊ ေၾကးနီ ၊ ေဘာ္ ၊ သံကြ်တ္ စေသာဓာတ္သတၱဳမ်ားလည္း စုေပါင္းသြန္းေလာင္းထားသည္။ အေလးခ်ိန္ကုိ သြန္းေလာင္းစဥ္ကတည္းက အခ်ိန္အတြယ္စာရင္း တိက်စြာ ျပဳစုမွတ္သားထားရသည္။

ေခါင္းေလာင္းႀကီး သြန္းလုပ္ရာအရပ္မွ ပုထုိးေတာ္ႀကီးအနီးသုိ႔ ေဖာင္ျဖင့္သယ္ေဆာင္ခဲ့ရသည္။ ပထမဆုံး ေခါင္းေလာင္းႀကီး၏ ေအာက္ဘက္ကို တူးကာ ေခါင္းေလာင္းႀကီးေအာက္ဘက္တြင္ ကရ၀ိတ္ေဖာင္ေတာ္ ႏွစ္စင္းကိုတည္ေဆာက္ေစသည္။ ေဖာင္တည္ေဆာက္မႈၿပီးစီးၿပီး ၀ါေခါင္လေရျပည့္လွ်ံေသာ ကာလတြင္ ေခါင္းေလာင္းႀကီးသည္ ေဖာင္ေပၚသုိ႔ေရာက္ရွိၿပီး ဧရာ၀တီျမစ္မွတစ္ဆင့္ ေခါင္းေလာင္းထားမည့္ေနရာသို႔ ေဖာင္အားေရႊ႕ေစသည္။ ဆိပ္ကမ္းသို႔ေခါင္းေလာင္းေဖာင္မေရာက္ခင္ကတည္းက ေဖာင္ေခ်ာင္းေဖာက္ၿပီးျဖစ္သည္။ ထုိေဖာင္ေခ်ာင္းမွတစ္ဆင့္ ေခါင္းေလာင္းေဖာင္အား၀င္ေစၿပီး ေခါင္းေလာင္းႀကီးအား ဆြဲတင္ကာ လူအားျဖင့္သစ္သားယက္မေပၚတြင္ ခ်ိတ္ဆြဲခဲ့ၾကသည္။

ဘိုးေတာ္ဘုရားလက္ထက္ ( ၁၇၈၂ – ၁၈၁၉ ) က ၁၇၉၀ ခုႏွစ္တြင္ သြန္းေလာင္း ပူေဇာ္ခဲ့ေသာ မင္းကြန္းေခါင္းေလာင္း မွာ (႐ုရွ ၿမိဳ႕ေတာ္) ကရင္မလင္ နန္းေတာ္ ရွိ ကမၻာအႀကီး ဆုံးေခါင္းေလာင္းထက္ အနည္းငယ္ ေသးပါသည္။ သို႔ေသာ္ ႐ုရွ ေခါင္းေလာင္းႏွင့္ မတူ တမူကြဲခ်က္က ထိုအရာမွာ ကြဲအက္လ်က္ ရွိလင့္ကစား မင္းကြန္း ေခါင္းေလာင္းေတာ္မွာမူ ယေန႔တိုင္ ထိုး၍ ထူ၍ အသံလြင္လြင္ ျမည္ဆဲပင္ ရွိပါသည္။ ေၾကးခ်ိန္အေလး က ၈၇ တန္ အျမင့္က ၃.၇ မီတာ တျဖာ ၁၂ ေပ၊ အဝန္းက ၅ မီတာ သိုမဟုတ္ ၁၆ ေပခြဲ၊ စဥ့္ကူးမင္း၏ မဟာဂႏၵ ေခါင္းေလာင္းထက္ အတိအက် ၃.၇၈ သိုမဟုတ္ ၄ ဆနီးပါး ပိုေလးလံကာ ၁၇၉၀ ခုႏွစ္တြင္ သြန္းလုပ္ေတာ္မူ ခဲ့ရာ ၁၈၄၁ ခုက်မွ သာယာဝတီမင္း လႉမဟာသစၧဒ ေခါင္းေလာင္း ေတာ္ထက္ေတာ့ ၂ ဆပို၍ ေလးလံမူေလသည္။

အတိုင္းအတာ
အဝအခ်င္း = ၁၆’ ၈ ၁/၄”
လုံးပတ္ = ၅၀’ ၃/၄”
အေစာက္ = ၂၀’ ၃”
အေလးခ်ိန္ = ၉၀.၅၂ တန္
ပိႆာခ်ိန္ = ၅၅၅၅၅ ပိႆာ

မင္းျမဴမွန္မွန္ေျပာ ဆိုသည္မွာ မင္းကြန္းေခါင္းေလာင္းႀကီး၏ အေလးခ်ိန္ကို မွတ္သားထားျခင္း ျဖစ္သည္။ ျမန္မာသကၠရာဇ္ ၁၂၀၀ ျပည့္ႏွစ္၊ (ေအဒီ-၁၈၃၈)တြင္ ေျမငလ်င္လႈပ္သျဖင့္ အနည္းငယ္ေနရာေ႐ြ႕၍ (၅)ပိႆာခန္႔ ပဲ့သြားခဲ့သည္။ ျမန္မာသကၠရာဇ္ ၁၂၆၆-ခုႏွစ္၊ (ေအဒီ-၁၉၀၄)တြင္ ဧရာဝတီမီးသေဘၤာကုမၸဏီမွ စေကာ့တလန္လူမ်ိဳး အရာရွိတစ္ဦးက မူလသစ္သားယက္မေပၚမွ ယခုရွိေသာ သံယက္မေပၚသို႔ ေ႐ႊ႕ေျပာင္း တပ္ဆင္ေပးခဲ့သည္။ မင္းကြန္းေခါင္းေလာင္းႀကီးမွာ တိုင္(၁၆)တိုင္ႏွင့္ ဘုံျပသာဒ္(၃)ဆင့္ အမိုးတတ္ဆင္ထားသည္။

မင္းကြန္းေခါင္းေလာင္းႀကီးႏွင့္ ႏႈိင္းယွဥ္စရာ ထိုေခါင္းေလာင္း ၂ လုံးမွာ ယေန႔ဆို ရန္ကုန္ၿမိဳ႕ ေ႐ႊတိဂုံေစတီ ကုန္းေတာ္၌ ရွိေနၾကပါသည္။ မင္းကြန္း ေခါင္းေလာင္းေတာ္ႀကီးမွာ ေခါင္းေလာင္းသြင္း အပ္ပညာရပ္၌ လက္ခပ္ မလြဲ တစ္ခုတည္းေသာ လက္ရာျဖစ္သည့္ အခ်က္ကို ဘိုးေတာ္ဘုရား ကိုယ္တိုင္ သိေတာ္မူခဲ့ဟန္ရွိ၏။ ဤအေၾကာင္း ေၾကာင့္ထင့္၊ အႏုပညာ လက္ရာပညာရွင္ ကိုသူ႕ႀကီးထက္သည့္ ေခါင္းေလာင္းတလုံး ထပ္၍ သြန္းျပဳလုပ္မည္ကိုစိုး၍ အဆုံးစီရင္ခဲ့သည္ဆိုသတတ္။

ေခါင္းေလာင္း မဟာမွာ သူရပ္တည္ရာ တပိုးလို ၁၈၃၈ ခု ငလ်င္ဒဏ္ကို ႀကံ႕ႀကံ႕ခံလ်က္ မပ်က္မစီး ယေန႔တိုင္ပင္ တြဲလြဲဆြဲ၍ တန္ေဆာင္းသစ္တြင္ ၀န္႔ဝန္႔ထယ္ထယ္ ေက်ာက္တိုင္ ၂ လုံးၾကား ေအာက္ေျခ သံမဏိ ယက္မခံ သံမဏိတန္း အေပၚဝယ္ စၥမၼယ္ေတာ္ မူလ်က္ပင္ ရွိေသးသည္။ ခ်ိဳျမသံသာ ထြက္ရွိလာဖို႔ သာသာႏွက္ရန္ ဖိတ္မႏၵက ျပဳခံၾက ရပါသည္။ ယင္း မင္းကြန္း ေခါင္းေလာင္း ေတာ္ကား မင္းကြန္းဘုရား အား ရည္စူး၍ သြန္းေလာင္း လႉဒါန္းေတာ္ မူခဲ့ျခင္းျဖစ္သည္။ မင္းကြန္းေခါင္းေလာင္းထုိးသံအား တစ္မုိင္ခန္႔အကြာမွပင္ၾကားႏိုင္ၿပီး ေလသင့္ပါက တစ္မုိင္ခြဲခန္႔ အကြာအေ၀းကပင္ ၾကားႏုိင္ေလသည္။

ကုိးကား
မွတ္တမ္းသမုိင္း မန္းေဇယ်ာတုိင္း – လြင္ေမာင္
ဘုိးေတာ္ဘုရား ႏွင့္ ႀကီးေလးႀကီး – သန္းထြန္း(လွည္းကူး)


မင်းကွန်းခေါင်းလောင်းကြီး အကြောင်း သိကောင်းစရာ (unicode)

မင်းကွန်းခေါင်းလောင်းကြီးမှာ ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည်။ ဘိုးတော်ဘုရားသည် အယူတော်မင်္ဂလာနိမိတ်ကြောင့် မင်းကွန်းပုထိုးတော်ကြီးကို ဆက်လည်မတည်တော့သော်လည်း မင်းကွန်းခေါင်းလောင်းတော်ကြီးကိုမူ ဆက်လက်သွန်းလုပ်ခဲ့သည်။ မင်းကွန်းပုထိုးတော်ကြီး နှင့် အတူခေါင်းလောင်းကြီးတစ်လုံးကို ထားရှိမည်ဟု မူလကတည်းက အကြံရှိပြီးဖြစ်သည်။

မင်းကွန်းခေါင်းလောင်းကြီးကို ဧရာဝတီမြစ် အရှေ့ဘက်ကမ်း၊ စွန်းလွန်းရွာတွင် မြန်မာသက္ကရာဇ် ၁၁၇၀-ပြည့်နှစ်၊ ကဆုန်လဆန်း ၁၅-ရက်နေ့တွင် ပန်းတင်းဝန် မဟာနန္ဒကျော်စွာ ဦးစီးသော ကြေးသွန်းလုပ်သား ပညာရှင်များက သွန်းလောင်းခဲ့ကြသည်။ ခေါင်းလောင်းကြီးကို သွန်းလောင်းရာတွင် ကြေးစင်သက်သက် သွန်းလောင်းခြင်းမဟုတ်ပဲ ကြေးဝါ ၊ ကြေးနီ ၊ ဘော် ၊ သံကျွတ် စသောဓာတ်သတ္တုများလည်း စုပေါင်းသွန်းလောင်းထားသည်။ အလေးချိန်ကို သွန်းလောင်းစဉ်ကတည်းက အချိန်အတွယ်စာရင်း တိကျစွာ ပြုစုမှတ်သားထားရသည်။

ခေါင်းလောင်းကြီး သွန်းလုပ်ရာအရပ်မှ ပုထိုးတော်ကြီးအနီးသို့ ဖောင်ဖြင့်သယ်ဆောင်ခဲ့ရသည်။ ပထမဆုံး ခေါင်းလောင်းကြီး၏ အောက်ဘက်ကို တူးကာ ခေါင်းလောင်းကြီးအောက်ဘက်တွင် ကရဝိတ်ဖောင်တော် နှစ်စင်းကိုတည်ဆောက်စေသည်။ ဖောင်တည်ဆောက်မှုပြီးစီးပြီး ဝါခေါင်လရေပြည့်လျှံသော ကာလတွင် ခေါင်းလောင်းကြီးသည် ဖောင်ပေါ်သို့ရောက်ရှိပြီး ဧရာဝတီမြစ်မှတစ်ဆင့် ခေါင်းလောင်းထားမည့်နေရာသို့ ဖောင်အားရွှေ့စေသည်။ ဆိပ်ကမ်းသို့ခေါင်းလောင်းဖောင်မရောက်ခင်ကတည်းက ဖောင်ချောင်းဖောက်ပြီးဖြစ်သည်။ ထိုဖောင်ချောင်းမှတစ်ဆင့် ခေါင်းလောင်းဖောင်အားဝင်စေပြီး ခေါင်းလောင်းကြီးအား ဆွဲတင်ကာ လူအားဖြင့်သစ်သားယက်မပေါ်တွင် ချိတ်ဆွဲခဲ့ကြသည်။

ဘိုးတော်ဘုရားလက်ထက် ( ၁၇၈၂ – ၁၈၁၉ ) က ၁၇၉၀ ခုနှစ်တွင် သွန်းလောင်း ပူဇော်ခဲ့သော မင်းကွန်းခေါင်းလောင်း မှာ (ရုရှ မြို့တော်) ကရင်မလင် နန်းတော် ရှိ ကမ္ဘာအကြီး ဆုံးခေါင်းလောင်းထက် အနည်းငယ် သေးပါသည်။ သို့သော် ရုရှ ခေါင်းလောင်းနှင့် မတူ တမူကွဲချက်က ထိုအရာမှာ ကွဲအက်လျက် ရှိလင့်ကစား မင်းကွန်း ခေါင်းလောင်းတော်မှာမူ ယနေ့တိုင် ထိုး၍ ထူ၍ အသံလွင်လွင် မြည်ဆဲပင် ရှိပါသည်။ ကြေးချိန်အလေး က ၈၇ တန် အမြင့်က ၃.၇ မီတာ တဖြာ ၁၂ ပေ၊ အဝန်းက ၅ မီတာ သိုမဟုတ် ၁၆ ပေခွဲ၊ စဉ့်ကူးမင်း၏ မဟာဂန္ဒ ခေါင်းလောင်းထက် အတိအကျ ၃.၇၈ သိုမဟုတ် ၄ ဆနီးပါး ပိုလေးလံကာ ၁၇၉၀ ခုနှစ်တွင် သွန်းလုပ်တော်မူ ခဲ့ရာ ၁၈၄၁ ခုကျမှ သာယာဝတီမင်း လှူမဟာသစ္ဆဒ ခေါင်းလောင်း တော်ထက်တော့ ၂ ဆပို၍ လေးလံမူလေသည်။

အတိုင်းအတာ
အဝအချင်း = ၁၆’ ၈ ၁/၄”
လုံးပတ် = ၅၀’ ၃/၄”
အစောက် = ၂၀’ ၃”
အလေးချိန် = ၉၀.၅၂ တန်
ပိဿာချိန် = ၅၅၅၅၅ ပိဿာ

မင်းမြူမှန်မှန်ပြော ဆိုသည်မှာ မင်းကွန်းခေါင်းလောင်းကြီး၏ အလေးချိန်ကို မှတ်သားထားခြင်း ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်၊ (အေဒီ-၁၈၃၈)တွင် မြေငလျင်လှုပ်သဖြင့် အနည်းငယ်နေရာရွေ့၍ (၅)ပိဿာခန့် ပဲ့သွားခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၆၆-ခုနှစ်၊ (အေဒီ-၁၉၀၄)တွင် ဧရာဝတီမီးသင်္ဘောကုမ္ပဏီမှ စကော့တလန်လူမျိုး အရာရှိတစ်ဦးက မူလသစ်သားယက်မပေါ်မှ ယခုရှိသော သံယက်မပေါ်သို့ ရွှေ့ပြောင်း တပ်ဆင်ပေးခဲ့သည်။ မင်းကွန်းခေါင်းလောင်းကြီးမှာ တိုင်(၁၆)တိုင်နှင့် ဘုံပြသာဒ်(၃)ဆင့် အမိုးတတ်ဆင်ထားသည်။

မင်းကွန်းခေါင်းလောင်းကြီးနှင့် နှိုင်းယှဉ်စရာ ထိုခေါင်းလောင်း ၂ လုံးမှာ ယနေ့ဆို ရန်ကုန်မြို့ ရွှေတိဂုံစေတီ ကုန်းတော်၌ ရှိနေကြပါသည်။ မင်းကွန်း ခေါင်းလောင်းတော်ကြီးမှာ ခေါင်းလောင်းသွင်း အပ်ပညာရပ်၌ လက်ခပ် မလွဲ တစ်ခုတည်းသော လက်ရာဖြစ်သည့် အချက်ကို ဘိုးတော်ဘုရား ကိုယ်တိုင် သိတော်မူခဲ့ဟန်ရှိ၏။ ဤအကြောင်း ကြောင့်ထင့်၊ အနုပညာ လက်ရာပညာရှင် ကိုသူ့ကြီးထက်သည့် ခေါင်းလောင်းတလုံး ထပ်၍ သွန်းပြုလုပ်မည်ကိုစိုး၍ အဆုံးစီရင်ခဲ့သည်ဆိုသတတ်။

ခေါင်းလောင်း မဟာမှာ သူရပ်တည်ရာ တပိုးလို ၁၈၃၈ ခု ငလျင်ဒဏ်ကို ကြံ့ကြံ့ခံလျက် မပျက်မစီး ယနေ့တိုင်ပင် တွဲလွဲဆွဲ၍ တန်ဆောင်းသစ်တွင် ဝန့်ဝန့်ထယ်ထယ် ကျောက်တိုင် ၂ လုံးကြား အောက်ခြေ သံမဏိ ယက်မခံ သံမဏိတန်း အပေါ်ဝယ် စ္စမ္မယ်တော် မူလျက်ပင် ရှိသေးသည်။ ချိုမြသံသာ ထွက်ရှိလာဖို့ သာသာနှက်ရန် ဖိတ်မန္ဒက ပြုခံကြ ရပါသည်။ ယင်း မင်းကွန်း ခေါင်းလောင်း တော်ကား မင်းကွန်းဘုရား အား ရည်စူး၍ သွန်းလောင်း လှူဒါန်းတော် မူခဲ့ခြင်းဖြစ်သည်။ မင်းကွန်းခေါင်းလောင်းထိုးသံအား တစ်မိုင်ခန့်အကွာမှပင်ကြားနိုင်ပြီး လေသင့်ပါက တစ်မိုင်ခွဲခန့် အကွာအဝေးကပင် ကြားနိုင်လေသည်။

ကိုးကား
မှတ်တမ်းသမိုင်း မန်းဇေယျာတိုင်း – လွင်မောင်
ဘိုးတော်ဘုရား နှင့် ကြီးလေးကြီး – သန်းထွန်း(လှည်းကူး)

Leave a Reply