ထူးဆန္းေသာ ကမာၻေက်ာ္ ဂႏၶ၀င္စာေရးဆရာႀကီး (သုိ႔) လီယိုေတာ္စတြိဳင္း

Posted on

ဘာသာစကားအမ်ိဳးမ်ိဳးျဖင့္ ေရးသားထုတ္ေဝထားသည့္ ကမၻာေက်ာ္ဝတၳဳ အမ်ားအျပားရွိသည့္အနက္ စစ္ႏွင့္ၿငိမ္းခ်မ္းေရး ဝတၳဳကိုလူအမ်ား သိဖူးဖတ္ဖူးၾကသည္။ ။ စစ္ႏွင့္ၿငိမ္းခ်မ္းေရးဟူသည့္ ကမၻာေက်ာ္ဝထၳဳစာအုပ္ကို ေရးသားခဲ့သူသည္ လီယိုေတာ္စတြိဳင္း ျဖစ္သည္။ ေတာ္စတြိဳင္းသည္ စာေရးသူ သက္သက္သာမဟုတ္ဘဲ ၁၉ ရာစု ႐ုရွႏိုင္ငံ၏ ေျမပိုင္ရွင္ပေဒသရာဇ္မ်ားကို ဆန္႔က်င္ေသာ နင္းျပားတစ္ဦးလည္း ျဖစ္၏။

႐ုရွစာ‌ေပသမိုင္းတြင္ အထင္ရွားဆုံးျဖစ္‌ေသာ စာ‌ေရးဆရာႀကီး ‌ေကာင့္လီယို နီကိုလား‌ေအဗစ္ ‌ေတာ္စတြိဳင္း (႐ုရွအသံ ထြက္အားျဖင့္လ်က္ နယိကပ္လာ‌ေယ ဗ်စ္ တာ့လစတြိဳင္) သည္ ႐ုရွႏိုင္ငံ တူးလာနယ္ ‌ယာစယာပိုလီအန္နာ ( Yasaya Polyana ) ေက်း႐ြာတြင္ ခရစ္ ၁၈၂၈ ခုႏွစ္၌ ပီတာဧကရာဇ္ဘုရင္ လက္ထက္မွစ၍ ထင္ရွား‌ေသာ မႉးမတ္မ်ိဳး႐ိုးမွ ‌ေမြးဖြားခဲ့၏။ ‌သူ႕မိဘမ်ားသည္ လယ္ေျမအမ်ားအျပား ပိုင္ဆိုင္ ႂကြယ္ဝခ်မ္းသာေသာ ေဆြႀကီး မ်ိဳးႀကီးမ်ား ျဖစ္ၾကၿပီး ေက်းကၽြန္ အမ်ားအျပားလည္း ရွိသည္။ ေတာ္စတြိဳင္းသည္ ေမြးခ်င္း ၅ ေယာက္မွာ ၄ ေယာက္ေျမာက္ ျဖစ္သည္။ မိခင္ျဖစ္သူသည္ ေတာ္စတြိဳင္း ၂ ႏွစ္သားအ႐ြယ္ကပင္ ကြယ္လြန္သြားခဲ့ၿပီး ဖခင္ကလည္း ေတာ္စတြိဳင္း ၉ ႏွစ္သားတြင္ ကြယ္လြန္သြား၍ ေဆြမ်ိဳးမ်ားက ေတာ္စတြိဳင္းကို ေမြးစားၾကည့္႐ႈ ေစာင့္ေရွာက္ထားခဲ့ၾကသည္။ ေတာ္စတြိဳင္းသည္ စည္းစိမ္ဥစၥာတို႔ကို စြန္႔လႊတ္၍ သူဆင္းရဲဘဝ၌ ‌ ေနထိုင္ကာ အဓိ႒ာန္ပါရမီကို တည္‌ေဆာက္‌ေသာ ဝတၳဳ‌ေရးဆရာ၊ စာေရးဆရာ၊ ယထာဘူတပညာရွင္အျဖစ္ျဖင့္ ‌ေက်ာ္‌ေစာ၏။

ငယ္စဥ္ကပင္လၽွင္ မိခင္ႏွင့္ ဖခင္တို႔ ကြယ္လြန္ခဲ့ျငား‌ေသာ္ လည္း ႂကြယ္ဝ‌ေသာ မိဘအ‌ေမြအႏွစ္ျဖင့္ ‌ေဆြမ်ိဳးမ်ားအလယ္ တြင္ မ‌ေတာင့္မတမ‌ေၾကာင့္မၾက ႀကီးျပင္းလာခဲ့သည္။ တဆယ့္ တစ္ႏွစ္သားအ႐ြယ္ခန္႔တြင္ အစ္ကိုမ်ားႏွင့္အတူ ကဇန္းၿမိဳ႕တြင္ ပညာသင္သည္။ ၁၈၄၄ ခုႏွစ္တြင္ ကဇန္းၿမိဳ႕တကၠသိုလ္၌ အထက္တန္းပညာရပ္မ်ားကို ဆက္လက္သင္ယူသည္။ ထို ‌ေခတ္က ႐ုရွတို႔၏ ‌ေပါင္းသင္းဆက္ဆံ‌ေရးတြင္ ကဇန္းၿမိဳ႕မွာ အထက္တန္းက်‌ေလရကား ‌ေတာ္စတြိဳင္သည္ ဉာဏ္ပညာ ထက္ျမက္‌ေသာ္လည္း ယင္းအထက္တန္း‌ေပါင္းသင္း ဆက္ဆံေရးတို႔၌ အ‌ေပ်ာ္အပါးျဖင့္ အခ်ိန္ကုန္သည္က မ်ား‌ေလသည္။

ေတာ္စတြိဳင္းသည္ ႐ုပ္ရည္ ေျပျပစ္သူ တစ္ေယာက္ မဟုတ္ေပ။ သူ၏ ပုံသ႑ာန္ မမွန္ေသာ သြင္ျပင္ေၾကာင့္ အ႐ုပ္ဆိုး အက်ည္းတန္သူ တစ္ဦး ျဖစ္ေလသည္။ ငယ္စဥ္ကပင္ အထီးက်န္ေသာ ကေလးတစ္ဦး ျဖစ္သျဖင့္ အိမ္အျပင္မွာသာ ေပ်ာ္ေမြ႕ေလသည္။ သူ႕ ဖခင္၏ လယ္ကြင္းမ်ားထဲတြင္ ေဆာ့ကစားကာ သူ႕ငယ္စဥ္ဘဝကို ကုန္လြန္ခဲ့သည္။ ေတာ္စတြိဳင္း အသက္ ၁၂ ႏွစ္တြင္ေမာ္စကိုမွ သူ၏ အေဒၚ ျဖစ္သူက လာေရာက္ ေခၚယူသျဖင့္ ေမာ္စကို ၿမိဳ႕ေတာ္ႀကီးတြင္ ၃ ႏွစ္တာမၽွ သက္ေတာင့္သက္သာ ဘဝျဖင့္ ေနထိုင္ခဲ့ေလသည္။

အသက္ ၁၅ ႏွစ္တြင္ ေမာ္စကိုၿမိဳ႕ရွိ ကာဇန္တကၠသိုလ္ ( University of Kazan ) သို႔ ဝင္ခြင့္ရခဲ့သည္။ ေလးႏွစ္တာမၽွ ဥပေဒႏွင့္ အေရွ႕တိုင္း ဘာသာရပ္ မ်ားကို ပညာသင္ၾကားခဲ့ေသာ္လည္း ဘြဲ႕ ၊ ဒီပလိုမာ ၊ ဒီဂရီ တစ္ခုမွ မရရွိခဲ့ေပ။ ၁၈၄၇-ခုႏွစ္တြင္ တကၠသိုလ္မွ ထြက္ေသာအခါ ေတာ္စတြိဳင္းသည္ ေကာင္းစြာက်န္းမာျခင္းမရွိဘဲ မိမိ႐ြာသို႔ ျပန္လာရေလသည္။ ထိုအခါ မိမိပိုင္ လယ္ယာ‌ေခ်ာင္း‌ေျမာင္း၌ လုပ္ကိုင္‌ေန ၾက‌ေသာ သီးစားတို႔သည္ ဆင္းရဲလြန္းလွ၍ မ‌ေက်မနပ္ျဖစ္ကာ ‌ေတာ္လွန္ဖီဆန္ၾကသည္။ ‌ေတာ္စတြိဳင္းသည္ ယင္းမ‌ေက်နပ္မႈတို႔ ပ‌ေပ်ာက္‌ေအာင္ႀကိဳးစား‌ေသာ္လည္း ‌ေတာင္သူလယ္သမား၏ ဘဝကို လက္‌ေတြ႕နားမလည္ဘဲ စိတ္ကူးသာလၽွင္ ယဥ္ခဲ့သျဖင့္ မ‌ေအာင္ျမင္ခဲ့‌ေခ်။ ထိုအခါ စိတ္အပ်က္ႀကီးပ်က္ကာ ဖဲႏွင့္ အရက္တို႔၌သာ ‌ေမြ႕‌ေလ်ာ္ခဲ့‌ၿပီးေနာက္္ က႐ိုင္မီးယန္း ( Crimean ) စစ္ပြဲျဖစ္ပြားေနခ်ိန္ျဖစ္သျဖင့္ စစ္တပ္သို႔ ဝင္ခဲ့သည္။

စီဘက္စတူပို တပ္ရင္းတြင္ တာဝန္မ်ား မအားလပ္သည့္ ၾကားကပင္ သူ၏ ပထမဦးဆုံး စာအုပ္ကို ေရးသားခဲ့သည္။ ေတာ္စတြိဳင္း၏ ငယ္စဥ္ဘဝအေၾကာင္း ပါဝင္ေသာ ထိုစာအုပ္သည္ လူထုၾကားတြင္ ေအာင္ျမင္ ေက်ာ္ၾကားခဲ့ေလသည္။ ထို႔ေနာက္ စီဘက္စတူၿမိဳ႕ မွ ပုံျပင္မ်ား ( Tales from Sebastopol ) စာအုပ္ကို ေရးသား ထုတ္ေဝခဲ့သည္။ ခ႐ိုင္မီးယန္း စစ္ပြဲအတြင္း သာမန္စစ္သားေလး တစ္ေယာက္၏ သူရဲေကာင္းဆန္ပုံကို ေရးသား ေဖာ္ျပထားသည့္ ထိုစာအုပ္ကို ႐ုရွ အင္ပါယာဘုရင္ ကိုယ္တိုင္က ႏွစ္သက္လြန္းလွ၍ ေတာ္စတြိဳင္းအား စစ္ေျမျပင္မွ ကင္းလြတ္ခြင့္ ေပးလိုက္ေလသည္။ ၁၈၅၄ တြင္ ေတာ္စတြိဳင္းသည္ စစ္တပ္မွထြက္ၿပီး ေမာ္စကိုသို႔ ျပန္လာခဲ့သည္။ စာေရးဆရာတစ္ေယာက္ ဘဝျဖင့္ ေအာင္ျမင္ေသာ္လည္း သူသည္ ၿမိဳ႕ႀကီး ျပႀကီးတြင္ ေနထိုင္ရန္ မႏွစ္သက္လွေပ။

ဂ်ာမဏီ၊ ဆြစ္ဇာလန္ ၊ ျပင္သစ္ ၊ အီတလီ ၊ အဂၤလန္ ႏိုင္ငံမ်ားသို႔ လွည့္ပတ္ သြားေရာက္ ေနထိုင္ၿပီး လူေနမႈ အဖြဲ႕အစည္း၊ လူမႈဘဝကိုေလ့လာခဲ့ေလသည္။ ေတာ္စတြိဳင္းသည္ ၁၈၆ဝ တြင္ ပိုလီအန္နာ သို႔ ျပန္လာခဲ့သည္။ အိမ္သို႔ ျပန္ေရာက္ေရာက္ခ်င္း ေတာ္စတြိဳင္း ပထမဦးဆုံးလုပ္သည့္ အလုပ္မွာ သူ႕ဖခင္ ပိုင္ဆိုင္ေသာ လယ္ေျမမ်ားရွိ လယ္ကၽြန္မ်ားကို လြတ္ေျမာက္ခြင့္ေပးျခင္းပင္ ျဖစ္သည္။

စိုက္ပ်ိဳးစားေသာက္ရန္ လယ္ကၽြန္မ်ားကို သူ႕ဖခင္ပိုင္ လယ္ေျမမ်ားကို ခြဲေဝေပးၿပီး ထိုလယ္ကၽြန္မ်ား၏ ကေလးမ်ားအတြက္ စာသင္ေက်ာင္း ေဆာက္လုပ္တည္ေထာင္ေပးခဲ့သည္။ ထိုအခ်ိန္က ေျမပိုင္ရွင္ပေဒႆရာဇ္မ်ားႏွင့္ ဆန္႔က်င္ေသာ လုပ္ရပ္ပင္ ျဖစ္သည္။ ေတာ္စတြိဳင္းသည္ အသက္ ၃၃ ႏွစ္တြင္ ပိုလီအန္နာမွ သူ႕ လယ္ေျမမ်ားကို စြန္႔ခြာလာခဲ့ၿပီး တစ္ႏွစ္ အၾကာတြင္ မိသားစုခ်င္း ရင္းႏွီးသူ ျဖစ္ေသာ ဆိုညာအန္ဒေရဗီနာဘားရ္စ္ ( Sonya Andreyevna Behrs ) ႏွင့္လက္ထပ္ ခဲ့သည္။ ရင္ေသြး ၁၃ ဦးထြန္းကားခဲ့ၿပီး အိမ္ေထာင္သက္ ၁၆ ႏွစ္ကာလ အတြင္း ေပ်ာ္႐ႊင္ခ်မ္းေျမ႕ လြန္းလွကာ ဇနီး၊ သားသမီးမ်ားကို အလြန္ခ်စ္ျမတ္ႏိုး လွေလသည္။ ထိုအခ်ိန္ကာလအတြင္း သူ႕ဘဝသည္ အေပ်ာ္ဆုံး၊ အေအးခ်မ္းဆုံး ျဖစ္ၿပီး ထိုကာလတြင္ သူ၏ အေက်ာ္ၾကားဆုံး စာအုပ္ ႏွစ္အုပ္ျဖစ္ေသာ စစ္ႏွင့္ၿငိမ္းခ်မ္းေရး ( War and Peace ) ႏွင့္ အန္နာကယ္ရန္နီနာ ( Anna Karenina ) တို႔ကို ေရးသားထုတ္ေဝခဲ့သည္။

စစ္ႏွင့္ၿငိမ္းခ်မ္းေရး-ဟူေသာ ဝတၳဳတြင္ ႐ုရွႏိုင္ငံကို ျပင္သစ္ဘုရင္ နပိုလီယန္က က်ဴးေက်ာ္တိုက္ခိုက္သည့္ ေခတ္ႏွင့္ယွဥ္၍ ႐ုရွအမ်ိဳးသားအိမ္ေထာင္စုႏွစ္ခုတို႔ ဘဝအေျခအေနကို လူ႕သမိုင္းတရပ္အေနျဖင့္ တင္ျပသြားရာ အဖြဲ႕အႏြဲ႕ႏွင့္တကြ သ႐ုပ္ေဖာ္ျခင္း၌ မ်ားစြာေကာင္းမြန္၍ စာဖတ္သူတို႔မွာ ထိုေခတ္က ႀကဳံေတြ႕ရေသာ လူ႕ေလာက၏ ဒုကၡသုခတို႔ကို မိမိတို႔ကိုယ္တိုင္ ႀကဳံေတြ႕ခံစားေနရသည္ဟုပင္ ထင္မွတ္ရေပသည္။ ဤအေၾကာင္းေၾကာင့္လည္း ယင္းဝတၳဳမွာ ကမၻာေက်ာ္ျဖစ္ခဲ့သည္။ ယင္းဝတၳဳႏွင့္ မတိမ္းမယိမ္း ေက်ာ္ၾကားေသား-အန္နာ ကရနီနား-ဝတၳဳမွာ ႐ုရွႏိုင္ငံတြင္ ၁၈၇၆-ခုႏွစ္တဝိုက္က ႀကဳံေတြ႕ရေသာ စိန္႔ပီတာစဗတ္ၿမိဳ႕ေန လူတန္းစားဘဝႏွင့္ ေတာေနလူတန္းစားဘဝတို႔ကို သ႐ုပ္ေဖာ္ေသာ ဝတၳဳျဖစ္သည္။

၁၉၇၈ တြင္ ေတာ္စတြိဳင္း၏ ရင္ေသြး ႏွစ္ဦး ကြယ္လြန္ သြားၾကရာ သူသည္ အလြန္ ဝမ္းနည္းမေပ်ာ္႐ႊင္ေသာ အထီးက်န္ေသာ လူတစ္ဦး အျဖစ္သို႔ ေရာက္ခဲ့ ေလသည္။ ရင္ေသြးႏွစ္ဦးအတြက္ ဝမ္းနည္းပူေဆြးမႈမ်ားကို ေျပေပ်ာက္ႏိုင္ရန္ ဘာသာေရးကို ေလ့လာလိုက္စားခဲ့ေလသည္။ ဂရိေအာ္သိုေဒါ့ဇ္ ( Greek Orthodox ) ဘုရားေက်ာင္း၏ အလြန္တက္ႂကြေသာ ေနာက္လိုက္ တစ္ဦး ျဖစ္ခဲ့ေလသည္။ ထိုအခါတြင္ ေအာ္သိုေဒါ့ဇ္ ၏သင္ျပမႈမ်ားတြင္ ကတိမတည္မႈမ်ား ႏွင့္ မတရား မမၽွတမႈမ်ားကို ေတြ႕ရေလေသာအခါ သူ၏ ကိုယ္ပိုင္ အေတြးအေခၚကို ေအာ္သိုေဒါ့ဇ္ ၏အေတြးအေခၚႏွင့္ ေပါင္းစပ္ ေရာေႏွာကာ ကြန္ဖက္ရွင္ (The Confession) ဆိုသည့္ စာအုပ္ကို ေရးသားခဲ့ေလသည္။

ထိုစာအုပ္တြင္ သူ၏ ခိုင္မာေသာ ဘာသာေရး ယုံၾကည္ခ်က္ ကိုေတြ႕ရသည္။ ထိုစာအုပ္တြင္ ႐ိုးသားေသာ ေတာင္သူလယ္သမား တစ္ဦး၏ အမွန္တရားႏွင့္ မြန္ျမတ္ျခင္းကိုေဖာ္ျပထားသည္။ ၁၈၈၈ ခုႏွစ္ အသက္ ၅၂ ႏွစ္တြင္ စည္းစိမ္ဥစၥာ ဟူသမၽွတို႔ကို စြန္႔လႊတ္၍ ဆင္းရဲသူဆင္းရဲသား တို႔အား လႉဒါန္း‌ေတာ့မည္ဟု ဆုံးျဖတ္ၿပီးလၽွင္ သားမယားတို႔ ႏွင့္တိုင္ပင္ရာ သူ၏ အိမ္‌ေထာင္သား အားလုံးက ဥစၥာပစၥည္း တို႔ကို သူ၏ဇနီးသို႔ လႊဲ‌ေျပာင္း‌ေပးပါရန္ မ်ားစြာ‌ေတာင္းပန္ ‌ေျပာဆိုခဲ့ရသည္။ သို႔ႏွင့္ပင္ ‌ေတာ္စတြိဳင္သည္ မိမိကိုယ္တိုင္ ပစၥည္းတျပားတခ်ပ္မၽွ မယူဘဲ ဇနီးသို႔ေပးအပ္ၿပီးလၽွင္ လယ္ယာထြန္ျခင္း၊ ဖိနပ္ခ်ဳပ္ျခင္းစေသာ ကိစၥတို႔၌ သာမန္ေတာင္သူလယ္သမား တို႔ႏွင့္အတူ လုပ္ကိုင္စားေသာက္ေလသည္။

ထိုအခ်ိန္တြင္ပင္ သူ၏ စာအုပ္အသစ္ျဖစ္ေသာ ျပန္လည္ရွင္ သန္ျခင္း (The Resurrection ) ကိုထုတ္ေဝခဲ့ေလသည္။ ထိုစာအုပ္သည္ ဘုရားေက်ာင္းတြင္ သူေတာ္ေကာင္း အေယာင္ေဆာင္ထားၾကေသာ လူခ်မ္းသာမ်ားကို ျပင္းထန္စြာ ႐ႈတ္ခ်ထားၿပီး ထိုသူတို႔တြင္ ေမတၱာတရားကင္းမဲ့ပုံ ကိုေဖာ္ျပထားေလသည္။ ၁၉၀၁ တြင္ ဂရိေအာ္သိုေဒါ့ဇ္ ဘုရားေက်ာင္းက ေတာ္စတြိဳင္းအား အျပစ္ေပးသည့္အေနျဖင့္ ဘုရားေက်ာင္း အသင္းဝင္အျဖစ္မွ ထုတ္ပယ္ခဲ့သည္။ သို႔ေသာ္ ထိုလုပ္ရပ္ေၾကာင့္ပင္ လီယိုေတာ္စတြိဳင္းအား ပို၍ ေအာင္ျမင္ ေက်ာ္ၾကားေစေလသည္။

စာေရးျခင္းမွ ဝင္ေငြကိုပင္ မယူသည့္အျပင္ သူေရးေသာစာအုပ္မ်ားမွ ရအပ္သည့္ မူပိုင္အခြင့္အေရးတို႔ကို ပင္လၽွင္ စြန္႔လႊတ္ခဲ့ေလသည္။ ဤအေျခအေနတြင္ ေတာ္စတြိဳင္းသည္ သခ႐ုဇာဆိုနာတာ-ဝတၳဳကို ၁၈၈၉-ခုႏွစ္၌ ေရးသားေလသည္။ ယင္းဝတၳဳတြင္ အခ်ိဳ႕ေသာခရစ္ယာန္ႏွင့္ အေရွ႕တိုင္းရွိ အျခားအယူဝါဒီတို႔က ဆိုဆုံးမေသာ ျဗဟၼစရိယက်င့္စဥ္ကို အထူးအေလးဂ႐ုျပဳ၍ အိမ္ေထာင္သားေမြးျခင္းဟူေသာ ေလာကီသားတို႔၏ ဓေလ့ကို လုံးဝပယ္သင့္ေၾကာင္းကို ေဖာ္ျပေလသည္။

ဤသို႔ သူခ်မွတ္ခဲ့‌ေသာ က်င့္စဥ္ကို ႐ုရွႏိုင္ငံႏွင့္ ကမၻာ‌ေပၚရွိ အျခားႏိုင္ငံတို႔က ႏွစ္‌ေပါင္းမ်ားစြာ ‌ေဝဖန္‌ေဆြး‌ေႏြးခဲ့ၾက‌ေပသည္။ ‌ေနာင္အခါ‌ေသာ ‌ေတာ္စတြိဳင္သည္ သူ၏အယူဝါဒမ်ားကို ပ်ံ႕ႏွံ႔‌ေစရန္ စာအုပ္ မ်ားကို ‌ေရးသားထုတ္‌ေဝခဲ့သည္။ သူ၏ ဝါဒတစ္ရပ္မွာ ‌ေလာကီသားတို႔ တစ္ဦးႏွင့္တစ္ဦး ‌ေမတၱာထား၍ နားလည္မႈရွိၾကပါမွ လူမႈ‌ေရးရာ ျပႆနာမ်ားသည္‌ ေကာင္းစြာ ေျပလည္လိမ့္မည္ ဟူ၍ ျဖစ္သည္။ ျမန္မာအယူ၌ ျဗဟၼစိုရ္တရား လက္ကိုင္ထား ရသည္ဟူ‌ေသာ သ‌ေဘာမ်ိဳး ျဖစ္‌ေလသည္။

သို႔‌ေသာ္ သူ၏အျခား‌ေသာအယူဝါဒႏွင့္ က်င့္စဥ္တို႔မွာ ထို ‌ေခတ္၏ဉာဏ္အျမင္၌ မ်ားစြာျပင္းထန္၍ က်ပ္တည္းလွ‌ေခ်ရကား‌ေရွး႐ိုးဂရိတို႔၏ ခရစ္ယန္ဂိုဏ္းတို႔က ‌ေတာ္စတြိဳင္းကို သာသနာ‌ေရးအရ ၾကဥ္‌ေလသည္။ ၁၉၁၀ ျပည့္ ႏွစ္၌ ‌ေတာ္စတြိဳင္းသည္ မိမိ၏ဇနီးအိမ္မွ ‌ေျခဦးတည့္ရာသို႔ သြားမည္ဟု ထြက္ခြာလာရာ အက္စတာပိုဗိုဟူ‌ေသာ မီးရထား ဘူတာ႐ုံ အ‌ေရာက္တြင္ အားျပတ္၍‌ေသဆုံး‌ေလသည္။ လီယိုေတာ္စတြိဳင္းသည္ ၿခိဳးၿခံေသာ သူဆင္းရဲ ကဲ့သို႔ေသာ ဘဝျဖင့္ပင္ ၁၉၁ဝ ခုႏွစ္ ႏိုဝင္ဘာလ ၂၁ ရက္တြင္ အသက္ ၈၂ ႏွစ္အ႐ြယ္တြင္ အဆုတ္အေအးမိေသာ နမိုးနီးယားေရာဂါ ( pneumonia ) ျဖင့္ကြယ္လြန္ခဲ့ေလသည္။ သူ၏ ဈာပန၌ ခရစ္ယာန္ထုံးစံအရ ဖုတ္ၾကဥ္းသၿဂႋဳဟ္ျခင္းကို မျပဳရ ‌ေလ။ သို႔‌ေသာ္ ‌ေတာ္စတြိဳင္းသည္ ကမၻာ‌ေက်ာ္ ႐ုရွား စာ‌ေရးဆရာႀကီးအျဖစ္ႏွင့္ ‌ေႏွာင္းလူတို႔၏ အ‌ေလး ျပဳျခင္းကို ခံယူလ်က္ရွိ‌ၿပီး သူေရးသားခဲ့ေသာ စာေပမ်ားသည္လည္း ကမာၻတစ္၀ွမ္းမွ လူသားတုိ႔၏ ႏွလုံးကုိ လႈပ္ခတ္ႏုိင္ဆဲပင္ ျဖစ္ေလသည္။

 

ကိုးကား
ျမန္မာ့စြယ္စုံက်မ္း အတြဲ (၅)
ဦးျမင့္ေစာ (သမိုင္းပါေမာကၡ၊ ပုသိမ္တကၠသိုလ္)၊

————————————
ထူးဆန်းသော ကမ္ဘာကျော် ဂန္ဓဝင်စာရေးဆရာကြီး (သို့) လီယိုတော်စတွိုင်း (unicode)

ဘာသာစကားအမျိုးမျိုးဖြင့် ရေးသားထုတ်ဝေထားသည့် ကမ္ဘာကျော်ဝတ္ထု အများအပြားရှိသည့်အနက် စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထုကိုလူအများ သိဖူးဖတ်ဖူးကြသည်။ ။ စစ်နှင့်ငြိမ်းချမ်းရေးဟူသည့် ကမ္ဘာကျော်ဝထ္ထုစာအုပ်ကို ရေးသားခဲ့သူသည် လီယိုတော်စတွိုင်း ဖြစ်သည်။ တော်စတွိုင်းသည် စာရေးသူ သက်သက်သာမဟုတ်ဘဲ ၁၉ ရာစု ရုရှနိုင်ငံ၏ မြေပိုင်ရှင်ပဒေသရာဇ်များကို ဆန့်ကျင်သော နင်းပြားတစ်ဦးလည်း ဖြစ်၏။

ရုရှစာ‌ပေသမိုင်းတွင် အထင်ရှားဆုံးဖြစ်‌သော စာ‌ရေးဆရာကြီး ‌ကောင့်လီယို နီကိုလား‌အေဗစ် ‌တော်စတွိုင်း (ရုရှအသံ ထွက်အားဖြင့်လျက် နယိကပ်လာ‌ယေ ဗျစ် တာ့လစတွိုင်) သည် ရုရှနိုင်ငံ တူးလာနယ် ‌ယာစယာပိုလီအန်နာ ( Yasaya Polyana ) ကျေးရွာတွင် ခရစ် ၁၈၂၈ ခုနှစ်၌ ပီတာဧကရာဇ်ဘုရင် လက်ထက်မှစ၍ ထင်ရှား‌သော မှူးမတ်မျိုးရိုးမှ ‌မွေးဖွားခဲ့၏။ ‌သူ့မိဘများသည် လယ်မြေအများအပြား ပိုင်ဆိုင် ကြွယ်ဝချမ်းသာသော ဆွေကြီး မျိုးကြီးများ ဖြစ်ကြပြီး ကျေးကျွန် အများအပြားလည်း ရှိသည်။ တော်စတွိုင်းသည် မွေးချင်း ၅ ယောက်မှာ ၄ ယောက်မြောက် ဖြစ်သည်။ မိခင်ဖြစ်သူသည် တော်စတွိုင်း ၂ နှစ်သားအရွယ်ကပင် ကွယ်လွန်သွားခဲ့ပြီး ဖခင်ကလည်း တော်စတွိုင်း ၉ နှစ်သားတွင် ကွယ်လွန်သွား၍ ဆွေမျိုးများက တော်စတွိုင်းကို မွေးစားကြည့်ရှု စောင့်ရှောက်ထားခဲ့ကြသည်။ တော်စတွိုင်းသည် စည်းစိမ်ဥစ္စာတို့ကို စွန့်လွှတ်၍ သူဆင်းရဲဘဝ၌ ‌ နေထိုင်ကာ အဓိဋ္ဌာန်ပါရမီကို တည်‌ဆောက်‌သော ဝတ္ထု‌ရေးဆရာ၊ စာရေးဆရာ၊ ယထာဘူတပညာရှင်အဖြစ်ဖြင့် ‌ကျော်‌စော၏။

ငယ်စဉ်ကပင်လျှင် မိခင်နှင့် ဖခင်တို့ ကွယ်လွန်ခဲ့ငြား‌သော် လည်း ကြွယ်ဝ‌သော မိဘအ‌မွေအနှစ်ဖြင့် ‌ဆွေမျိုးများအလယ် တွင် မ‌တောင့်မတမ‌ကြောင့်မကြ ကြီးပြင်းလာခဲ့သည်။ တဆယ့် တစ်နှစ်သားအရွယ်ခန့်တွင် အစ်ကိုများနှင့်အတူ ကဇန်းမြို့တွင် ပညာသင်သည်။ ၁၈၄၄ ခုနှစ်တွင် ကဇန်းမြို့တက္ကသိုလ်၌ အထက်တန်းပညာရပ်များကို ဆက်လက်သင်ယူသည်။ ထို ‌ခေတ်က ရုရှတို့၏ ‌ပေါင်းသင်းဆက်ဆံ‌ရေးတွင် ကဇန်းမြို့မှာ အထက်တန်းကျ‌လေရကား ‌တော်စတွိုင်သည် ဉာဏ်ပညာ ထက်မြက်‌သော်လည်း ယင်းအထက်တန်း‌ပေါင်းသင်း ဆက်ဆံရေးတို့၌ အ‌ပျော်အပါးဖြင့် အချိန်ကုန်သည်က များ‌လေသည်။

တော်စတွိုင်းသည် ရုပ်ရည် ပြေပြစ်သူ တစ်ယောက် မဟုတ်ပေ။ သူ၏ ပုံသဏ္ဍာန် မမှန်သော သွင်ပြင်ကြောင့် အရုပ်ဆိုး အကျည်းတန်သူ တစ်ဦး ဖြစ်လေသည်။ ငယ်စဉ်ကပင် အထီးကျန်သော ကလေးတစ်ဦး ဖြစ်သဖြင့် အိမ်အပြင်မှာသာ ပျော်မွေ့လေသည်။ သူ့ ဖခင်၏ လယ်ကွင်းများထဲတွင် ဆော့ကစားကာ သူ့ငယ်စဉ်ဘဝကို ကုန်လွန်ခဲ့သည်။ တော်စတွိုင်း အသက် ၁၂ နှစ်တွင်မော်စကိုမှ သူ၏ အဒေါ် ဖြစ်သူက လာရောက် ခေါ်ယူသဖြင့် မော်စကို မြို့တော်ကြီးတွင် ၃ နှစ်တာမျှ သက်တောင့်သက်သာ ဘဝဖြင့် နေထိုင်ခဲ့လေသည်။

အသက် ၁၅ နှစ်တွင် မော်စကိုမြို့ရှိ ကာဇန်တက္ကသိုလ် ( University of Kazan ) သို့ ဝင်ခွင့်ရခဲ့သည်။ လေးနှစ်တာမျှ ဥပဒေနှင့် အရှေ့တိုင်း ဘာသာရပ် များကို ပညာသင်ကြားခဲ့သော်လည်း ဘွဲ့ ၊ ဒီပလိုမာ ၊ ဒီဂရီ တစ်ခုမှ မရရှိခဲ့ပေ။ ၁၈၄၇-ခုနှစ်တွင် တက္ကသိုလ်မှ ထွက်သောအခါ တော်စတွိုင်းသည် ကောင်းစွာကျန်းမာခြင်းမရှိဘဲ မိမိရွာသို့ ပြန်လာရလေသည်။ ထိုအခါ မိမိပိုင် လယ်ယာ‌ချောင်း‌မြောင်း၌ လုပ်ကိုင်‌နေ ကြ‌သော သီးစားတို့သည် ဆင်းရဲလွန်းလှ၍ မ‌ကျေမနပ်ဖြစ်ကာ ‌တော်လှန်ဖီဆန်ကြသည်။ ‌တော်စတွိုင်းသည် ယင်းမ‌ကျေနပ်မှုတို့ ပ‌ပျောက်‌အောင်ကြိုးစား‌သော်လည်း ‌တောင်သူလယ်သမား၏ ဘဝကို လက်‌တွေ့နားမလည်ဘဲ စိတ်ကူးသာလျှင် ယဉ်ခဲ့သဖြင့် မ‌အောင်မြင်ခဲ့‌ချေ။ ထိုအခါ စိတ်အပျက်ကြီးပျက်ကာ ဖဲနှင့် အရက်တို့၌သာ ‌မွေ့‌လျော်ခဲ့‌ပြီးနောက် ကရိုင်မီးယန်း ( Crimean ) စစ်ပွဲဖြစ်ပွားနေချိန်ဖြစ်သဖြင့် စစ်တပ်သို့ ဝင်ခဲ့သည်။

စီဘက်စတူပို တပ်ရင်းတွင် တာဝန်များ မအားလပ်သည့် ကြားကပင် သူ၏ ပထမဦးဆုံး စာအုပ်ကို ရေးသားခဲ့သည်။ တော်စတွိုင်း၏ ငယ်စဉ်ဘဝအကြောင်း ပါဝင်သော ထိုစာအုပ်သည် လူထုကြားတွင် အောင်မြင် ကျော်ကြားခဲ့လေသည်။ ထို့နောက် စီဘက်စတူမြို့ မှ ပုံပြင်များ ( Tales from Sebastopol ) စာအုပ်ကို ရေးသား ထုတ်ဝေခဲ့သည်။ ခရိုင်မီးယန်း စစ်ပွဲအတွင်း သာမန်စစ်သားလေး တစ်ယောက်၏ သူရဲကောင်းဆန်ပုံကို ရေးသား ဖော်ပြထားသည့် ထိုစာအုပ်ကို ရုရှ အင်ပါယာဘုရင် ကိုယ်တိုင်က နှစ်သက်လွန်းလှ၍ တော်စတွိုင်းအား စစ်မြေပြင်မှ ကင်းလွတ်ခွင့် ပေးလိုက်လေသည်။ ၁၈၅၄ တွင် တော်စတွိုင်းသည် စစ်တပ်မှထွက်ပြီး မော်စကိုသို့ ပြန်လာခဲ့သည်။ စာရေးဆရာတစ်ယောက် ဘဝဖြင့် အောင်မြင်သော်လည်း သူသည် မြို့ကြီး ပြကြီးတွင် နေထိုင်ရန် မနှစ်သက်လှပေ။

ဂျာမဏီ၊ ဆွစ်ဇာလန် ၊ ပြင်သစ် ၊ အီတလီ ၊ အင်္ဂလန် နိုင်ငံများသို့ လှည့်ပတ် သွားရောက် နေထိုင်ပြီး လူနေမှု အဖွဲ့အစည်း၊ လူမှုဘဝကိုလေ့လာခဲ့လေသည်။ တော်စတွိုင်းသည် ၁၈၆ဝ တွင် ပိုလီအန်နာ သို့ ပြန်လာခဲ့သည်။ အိမ်သို့ ပြန်ရောက်ရောက်ချင်း တော်စတွိုင်း ပထမဦးဆုံးလုပ်သည့် အလုပ်မှာ သူ့ဖခင် ပိုင်ဆိုင်သော လယ်မြေများရှိ လယ်ကျွန်များကို လွတ်မြောက်ခွင့်ပေးခြင်းပင် ဖြစ်သည်။

စိုက်ပျိုးစားသောက်ရန် လယ်ကျွန်များကို သူ့ဖခင်ပိုင် လယ်မြေများကို ခွဲဝေပေးပြီး ထိုလယ်ကျွန်များ၏ ကလေးများအတွက် စာသင်ကျောင်း ဆောက်လုပ်တည်ထောင်ပေးခဲ့သည်။ ထိုအချိန်က မြေပိုင်ရှင်ပဒေဿရာဇ်များနှင့် ဆန့်ကျင်သော လုပ်ရပ်ပင် ဖြစ်သည်။ တော်စတွိုင်းသည် အသက် ၃၃ နှစ်တွင် ပိုလီအန်နာမှ သူ့ လယ်မြေများကို စွန့်ခွာလာခဲ့ပြီး တစ်နှစ် အကြာတွင် မိသားစုချင်း ရင်းနှီးသူ ဖြစ်သော ဆိုညာအန်ဒရေဗီနာဘားရ်စ် ( Sonya Andreyevna Behrs ) နှင့်လက်ထပ် ခဲ့သည်။ ရင်သွေး ၁၃ ဦးထွန်းကားခဲ့ပြီး အိမ်ထောင်သက် ၁၆ နှစ်ကာလ အတွင်း ပျော်ရွှင်ချမ်းမြေ့ လွန်းလှကာ ဇနီး၊ သားသမီးများကို အလွန်ချစ်မြတ်နိုး လှလေသည်။ ထိုအချိန်ကာလအတွင်း သူ့ဘဝသည် အပျော်ဆုံး၊ အအေးချမ်းဆုံး ဖြစ်ပြီး ထိုကာလတွင် သူ၏ အကျော်ကြားဆုံး စာအုပ် နှစ်အုပ်ဖြစ်သော စစ်နှင့်ငြိမ်းချမ်းရေး ( War and Peace ) နှင့် အန်နာကယ်ရန်နီနာ ( Anna Karenina ) တို့ကို ရေးသားထုတ်ဝေခဲ့သည်။

စစ်နှင့်ငြိမ်းချမ်းရေး-ဟူသော ဝတ္ထုတွင် ရုရှနိုင်ငံကို ပြင်သစ်ဘုရင် နပိုလီယန်က ကျူးကျော်တိုက်ခိုက်သည့် ခေတ်နှင့်ယှဉ်၍ ရုရှအမျိုးသားအိမ်ထောင်စုနှစ်ခုတို့ ဘဝအခြေအနေကို လူ့သမိုင်းတရပ်အနေဖြင့် တင်ပြသွားရာ အဖွဲ့အနွဲ့နှင့်တကွ သရုပ်ဖော်ခြင်း၌ များစွာကောင်းမွန်၍ စာဖတ်သူတို့မှာ ထိုခေတ်က ကြုံတွေ့ရသော လူ့လောက၏ ဒုက္ခသုခတို့ကို မိမိတို့ကိုယ်တိုင် ကြုံတွေ့ခံစားနေရသည်ဟုပင် ထင်မှတ်ရပေသည်။ ဤအကြောင်းကြောင့်လည်း ယင်းဝတ္ထုမှာ ကမ္ဘာကျော်ဖြစ်ခဲ့သည်။ ယင်းဝတ္ထုနှင့် မတိမ်းမယိမ်း ကျော်ကြားသေား-အန်နာ ကရနီနား-ဝတ္ထုမှာ ရုရှနိုင်ငံတွင် ၁၈၇၆-ခုနှစ်တဝိုက်က ကြုံတွေ့ရသော စိန့်ပီတာစဗတ်မြို့နေ လူတန်းစားဘဝနှင့် တောနေလူတန်းစားဘဝတို့ကို သရုပ်ဖော်သော ဝတ္ထုဖြစ်သည်။

၁၉၇၈ တွင် တော်စတွိုင်း၏ ရင်သွေး နှစ်ဦး ကွယ်လွန် သွားကြရာ သူသည် အလွန် ဝမ်းနည်းမပျော်ရွှင်သော အထီးကျန်သော လူတစ်ဦး အဖြစ်သို့ ရောက်ခဲ့ လေသည်။ ရင်သွေးနှစ်ဦးအတွက် ဝမ်းနည်းပူဆွေးမှုများကို ပြေပျောက်နိုင်ရန် ဘာသာရေးကို လေ့လာလိုက်စားခဲ့လေသည်။ ဂရိအော်သိုဒေါ့ဇ် ( Greek Orthodox ) ဘုရားကျောင်း၏ အလွန်တက်ကြွသော နောက်လိုက် တစ်ဦး ဖြစ်ခဲ့လေသည်။ ထိုအခါတွင် အော်သိုဒေါ့ဇ် ၏သင်ပြမှုများတွင် ကတိမတည်မှုများ နှင့် မတရား မမျှတမှုများကို တွေ့ရလေသောအခါ သူ၏ ကိုယ်ပိုင် အတွေးအခေါ်ကို အော်သိုဒေါ့ဇ် ၏အတွေးအခေါ်နှင့် ပေါင်းစပ် ရောနှောကာ ကွန်ဖက်ရှင် (The Confession) ဆိုသည့် စာအုပ်ကို ရေးသားခဲ့လေသည်။

ထိုစာအုပ်တွင် သူ၏ ခိုင်မာသော ဘာသာရေး ယုံကြည်ချက် ကိုတွေ့ရသည်။ ထိုစာအုပ်တွင် ရိုးသားသော တောင်သူလယ်သမား တစ်ဦး၏ အမှန်တရားနှင့် မွန်မြတ်ခြင်းကိုဖော်ပြထားသည်။ ၁၈၈၈ ခုနှစ် အသက် ၅၂ နှစ်တွင် စည်းစိမ်ဥစ္စာ ဟူသမျှတို့ကို စွန့်လွှတ်၍ ဆင်းရဲသူဆင်းရဲသား တို့အား လှူဒါန်း‌တော့မည်ဟု ဆုံးဖြတ်ပြီးလျှင် သားမယားတို့ နှင့်တိုင်ပင်ရာ သူ၏ အိမ်‌ထောင်သား အားလုံးက ဥစ္စာပစ္စည်း တို့ကို သူ၏ဇနီးသို့ လွှဲ‌ပြောင်း‌ပေးပါရန် များစွာ‌တောင်းပန် ‌ပြောဆိုခဲ့ရသည်။ သို့နှင့်ပင် ‌တော်စတွိုင်သည် မိမိကိုယ်တိုင် ပစ္စည်းတပြားတချပ်မျှ မယူဘဲ ဇနီးသို့ပေးအပ်ပြီးလျှင် လယ်ယာထွန်ခြင်း၊ ဖိနပ်ချုပ်ခြင်းစသော ကိစ္စတို့၌ သာမန်တောင်သူလယ်သမား တို့နှင့်အတူ လုပ်ကိုင်စားသောက်လေသည်။

ထိုအချိန်တွင်ပင် သူ၏ စာအုပ်အသစ်ဖြစ်သော ပြန်လည်ရှင် သန်ခြင်း (The Resurrection ) ကိုထုတ်ဝေခဲ့လေသည်။ ထိုစာအုပ်သည် ဘုရားကျောင်းတွင် သူတော်ကောင်း အယောင်ဆောင်ထားကြသော လူချမ်းသာများကို ပြင်းထန်စွာ ရှုတ်ချထားပြီး ထိုသူတို့တွင် မေတ္တာတရားကင်းမဲ့ပုံ ကိုဖော်ပြထားလေသည်။ ၁၉၀၁ တွင် ဂရိအော်သိုဒေါ့ဇ် ဘုရားကျောင်းက တော်စတွိုင်းအား အပြစ်ပေးသည့်အနေဖြင့် ဘုရားကျောင်း အသင်းဝင်အဖြစ်မှ ထုတ်ပယ်ခဲ့သည်။ သို့သော် ထိုလုပ်ရပ်ကြောင့်ပင် လီယိုတော်စတွိုင်းအား ပို၍ အောင်မြင် ကျော်ကြားစေလေသည်။

စာရေးခြင်းမှ ဝင်ငွေကိုပင် မယူသည့်အပြင် သူရေးသောစာအုပ်များမှ ရအပ်သည့် မူပိုင်အခွင့်အရေးတို့ကို ပင်လျှင် စွန့်လွှတ်ခဲ့လေသည်။ ဤအခြေအနေတွင် တော်စတွိုင်းသည် သခရုဇာဆိုနာတာ-ဝတ္ထုကို ၁၈၈၉-ခုနှစ်၌ ရေးသားလေသည်။ ယင်းဝတ္ထုတွင် အချို့သောခရစ်ယာန်နှင့် အရှေ့တိုင်းရှိ အခြားအယူဝါဒီတို့က ဆိုဆုံးမသော ဗြဟ္မစရိယကျင့်စဉ်ကို အထူးအလေးဂရုပြု၍ အိမ်ထောင်သားမွေးခြင်းဟူသော လောကီသားတို့၏ ဓလေ့ကို လုံးဝပယ်သင့်ကြောင်းကို ဖော်ပြလေသည်။

ဤသို့ သူချမှတ်ခဲ့‌သော ကျင့်စဉ်ကို ရုရှနိုင်ငံနှင့် ကမ္ဘာ‌ပေါ်ရှိ အခြားနိုင်ငံတို့က နှစ်‌ပေါင်းများစွာ ‌ဝေဖန်‌ဆွေး‌နွေးခဲ့ကြ‌ပေသည်။ ‌နောင်အခါ‌သော ‌တော်စတွိုင်သည် သူ၏အယူဝါဒများကို ပျံ့နှံ့‌စေရန် စာအုပ် များကို ‌ရေးသားထုတ်‌ဝေခဲ့သည်။ သူ၏ ဝါဒတစ်ရပ်မှာ ‌လောကီသားတို့ တစ်ဦးနှင့်တစ်ဦး ‌မေတ္တာထား၍ နားလည်မှုရှိကြပါမှ လူမှု‌ရေးရာ ပြဿနာများသည်‌ ကောင်းစွာ ပြေလည်လိမ့်မည် ဟူ၍ ဖြစ်သည်။ မြန်မာအယူ၌ ဗြဟ္မစိုရ်တရား လက်ကိုင်ထား ရသည်ဟူ‌သော သ‌ဘောမျိုး ဖြစ်‌လေသည်။

သို့‌သော် သူ၏အခြား‌သောအယူဝါဒနှင့် ကျင့်စဉ်တို့မှာ ထို ‌ခေတ်၏ဉာဏ်အမြင်၌ များစွာပြင်းထန်၍ ကျပ်တည်းလှ‌ချေရကား‌ရှေးရိုးဂရိတို့၏ ခရစ်ယန်ဂိုဏ်းတို့က ‌တော်စတွိုင်းကို သာသနာ‌ရေးအရ ကြဉ်‌လေသည်။ ၁၉၁၀ ပြည့် နှစ်၌ ‌တော်စတွိုင်းသည် မိမိ၏ဇနီးအိမ်မှ ‌ခြေဦးတည့်ရာသို့ သွားမည်ဟု ထွက်ခွာလာရာ အက်စတာပိုဗိုဟူ‌သော မီးရထား ဘူတာရုံ အ‌ရောက်တွင် အားပြတ်၍‌သေဆုံး‌လေသည်။ လီယိုတော်စတွိုင်းသည် ခြိုးခြံသော သူဆင်းရဲ ကဲ့သို့သော ဘဝဖြင့်ပင် ၁၉၁ဝ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်တွင် အသက် ၈၂ နှစ်အရွယ်တွင် အဆုတ်အအေးမိသော နမိုးနီးယားရောဂါ ( pneumonia ) ဖြင့်ကွယ်လွန်ခဲ့လေသည်။ သူ၏ ဈာပန၌ ခရစ်ယာန်ထုံးစံအရ ဖုတ်ကြဉ်းသင်္ဂြိုဟ်ခြင်းကို မပြုရ ‌လေ။ သို့‌သော် ‌တော်စတွိုင်းသည် ကမ္ဘာ‌ကျော် ရုရှား စာ‌ရေးဆရာကြီးအဖြစ်နှင့် ‌နှောင်းလူတို့၏ အ‌လေး ပြုခြင်းကို ခံယူလျက်ရှိ‌ပြီး သူရေးသားခဲ့သော စာပေများသည်လည်း ကမ္ဘာတစ်ဝှမ်းမှ လူသားတို့၏ နှလုံးကို လှုပ်ခတ်နိုင်ဆဲပင် ဖြစ်လေသည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)
ဦးမြင့်စော (သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်)၊

Leave a Reply