ကမၻာေက်ာ္ ျမန္မာလမ္းမႀကီးမ်ား

Posted on

ေမာင္သာ(ေရွးေဟာင္းသုေတသန)

ဒုတိကမၻာစစ္ၾကီးအတြင္းလြန္ခဲ့ေသာ ႏွစ္ေပါင္း ၇၀ ေက်ာ္က ျမန္မာႏိုင္ငံကို ျဖတ္သန္းေဖာက္လုပ္ခဲ့ေသာ လမ္းမႀကီး ႏွစ္ခုသည္ ကမၻာေက်ာ္စစ္သုံးအေ၀းေျပးလမ္းမႀကီးမ်ားအျဖစ္ ယေန႕တိုင္ထင္ရွားစြာ ရပ္တည္လ်က္ရွိေပသည္။ တစ္ခုေသာ လမ္းမွာ ျမန္မာလမ္းမႀကီးဟု ထင္ရွားေက်ာ္ၾကားသည့္ (Burma Road) အေ၀းေျပးလမ္းမႀကီးျဖစ္ၿပီးျမန္မာႏိုင္ငံႏွင့္ တရုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းတို႕ကို သြယ္တန္းလ်က္ တရုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္၊ံ ကူမင္းႏွင့္ ျမန္မာႏိုင္ငံ ရွမ္းျပည္နယ္လားရိႈးၿမိဳ႕တို႕ကို ဆက္သြယ္ထားသည္။ ယင္းလမ္းမႀကီးကို ျမန္မာႏိုင္ငံအား ဂ်ပန္တို႕သိမ္းပိုက္ထားခဲ့စဥ္အခ်ိန္က ေဖာက္လုပ္ခဲ့သည္။

ဒုတိယလမ္းမွာ လီဒိုလမ္းမႀကီးဟု ထင္ရွားၿပီး အိႏၵိယႏိုင္ငံ အာသံျပည္နယ္ႏွင့္ တရုတ္ႏိုင္ငံယူနန္ျပည္နယ္တို႕ကို ျမန္မာ ႏိုင္ငံ ကခ်င္ျပည္နယ္ ရွင္ေဘြယန္္၊ ျမစ္ႀကီးနားႏွင့္ ဗန္းေမာ္ၿမိဳ႕မ်ားကို ျဖတ္သန္းေဖာက္လုပ္ထားသည္။ အဆိုပါ လမ္းမႀကီးမ်ားကို ယခုအခါတြင္ အသုံးျပဳျခင္းမရွိေတာ့ေသာ္လည္းဒုတိယကမၻာစစ္အတြင္းက အသုံးျပဳခဲ့ေသာ ဗ်ဴဟာေျမာက္ လမ္းမႀကီး မ်ားအျဖစ္ သမိုင္းတြင္ရစ္ခဲ့ေပသည္။ ျမန္မာလမ္းမ (Burma Road) သည္ ၇၁၇ မိုင္ခန္႕ရွည္လ်ားကာ ၾကမ္းတမ္းေသာ ေတာင္စြယ္ေတာင္တန္းမ်ားကို ျဖတ္ သန္းေဖာက္လုပ္ထားသည္။ကူမင္းႏွင့္ ျမန္မာႏိုင္ငံနယ္စပ္ လမ္းျဖတ္ပိုင္းကို ဒုတိယ တရုတ္ ဂ်ပန္စစ္ပြဲ ကာလ အတြင္း ၁၉၃၇ ခုႏွစ္တြင္ ၊ျမန္မာ၊ တရုတ္ လုပ္သားအင္အား ႏွစ္သိန္းေက်ာ္ျဖင့္ စတင္ေဖာက္လုပ္ခဲ့ကာ ၁၉၃၈ ခုႏွစ္တြင္ၿပီးစီးခဲ့သည္။

ဒုတိယ ကမၻာစစ္အတြင္း ၿဗိတိသွ်တို႕က တရုတ္ႏိုင္ငံသို႕ စစ္ဘက္ေထာက္ပံ့ေရးပစၥည္းမ်ားကို ပို႕ရာတြင္ အဓိက အသုံးျပဳခဲ့သည့္ လမ္း တစ္ခုျဖစ္သည္။ ဂ်ပန္ႏွင့္ ၿဗိတိသွ်တို႕ စစ္မျဖစ္မီက ၿဗိတိသွ်တို႕သည္ ျမန္မာလမ္းမႀကီးကို အသုံးျပဳကာတရုတ္ႏိုင္ငံသို႕ ေထာက္ပံ့ ေရးပစၥည္းမ်ား ေပးပို႕ခဲ့ ရာတြင္ ရန္ကုန္မွ လားရႈိးသို႕ ေထာက္ပံ့ေရးပစၥည္းမ်ားကို ရထားျဖင့္ သယ္ယူခဲ့ၿပီး ျမန္မာ လမ္းမႀကီးမွ တစ္ဆင့္ တရုတ္သို႕ ပို႕ေဆာင္ေပးခဲ့သည္။ မဟာမိတ္ တပ္မ်ားက ဂ်ပန္ကို ခုခံတိုက္ခိုက္ေနေသာ ကူမင္တန္ တရုတ္တပ္မ်ား ထံသို႕ ျမန္မာလမ္းမႀကီးကို အသုံးျပဳကာ လက္နက္ မ်ား၊ ရိကၡာမ်ားေပးပို႕ခဲ့ျခင္းျဖစ္ၿပီး ၁၉၄၂ ခုႏွစ္ တြင္ ဂ်ပန္ တို႕က ျမန္မာ ျပည္ ကို သိမ္းပိုက္ လိုက္ေသာအခါတြင္ လားရိႈး ၿမိဳ႕ မွ ကူမင္းၿမိဳ႕အထိေဖာက္လုပ္ထားေသာ ျမန္မာလမ္းမ ကို ဂ်ပန္တို႕က မဟာ မိတ္တပ္မ်ားဆက္လက္ အသုံးမျပဳႏိုင္ရန္ ျဖတ္ေတာက္ လိုက္ၾကသည္။

ျမန္မာလမ္းမ လမ္းေၾကာင္း ပိတ္သြားခ်ိန္တြင္ မဟာမိတ္တို႕အေနျဖင့္ကူမင္တန္ တပ္မ်ားထံ အေထာက္ အပံ့မ်ား ဆက္လက္ ေပးပို႕ႏိုင္ရန္ လမ္းေၾကာင္းအသစ္ တစ္ခု အလ်င္အျမန္လိုအပ္လာခဲ့ေပသည္။ လမ္းအသစ္မရရွိေသးမီ ၿဗိတိသွ် တို႕သည္ အေမရိကန္ ေလယာဥ္ မ်ားျဖင့္ အိႏိၵယ မွတစ္ဆင့္ ကခ်င္ ျပည္နယ္ ေျမာက္ဖ်ားပိုင္း ေဒသ၊ဆြမ္ဘရာဘြမ္ အထက္ ပိုင္း ကို ျဖတ္သန္း ကာ ကူမင္း သို႕ စစ္လက္နက္ ၊ ရိကၡာမ်ားကို ဆက္လက္ ေပးပို႕ခဲ့ရသည္။

ျမင့္မားေသာ ဟိမ၀ႏၱာ ေတာင္တန္းမ်ား၏ ၾကမ္းတမ္းေသာ ရာသီဥတု မ်ားေၾကာင့္ အိႏိၵယ ျမန္မာ တရုတ္ ေလယာဥ္ လမ္းေၾကာင္းသည္ အလြန္ အႏၱရာယ္ ႀကီးမားခဲ့ ၿပီး ပိုင္းေလာ့ မ်ားက The Hump ဟု ေခၚခဲ့ၾကသည္။ ၁၉၄၂ – ၄၅ ခုႏွစ္ အတြင္း အေမရိကန္ ေလယာဥ္ (၄၆) စင္း ပ်က္က် ခဲ့ၿပီး၊ စစ္သား (၇၉၂) ဦး အသက္ ဆံုးရံႈး ခဲ့ရသည္။ထို႕ေၾကာင့္ၿဗိတိသွ်တို႕ သည္ အေမရိကန္တို႕ အၾကံျပဳသည့္အတိုင္း လီဒို လမ္းမႀကီးကိုေဖာက္လုပ္ခဲ့ျခင္းျဖစ္ေပသည္။လီဒို လမ္းမႀကီးသည္ အာသံျပည္နယ္ လီဒိုႏွင့္ ျမန္မာႏိုင္ငံ ျမစ္ႀကီးနား ကို ဆက္သြယ္ကာ ျမန္မာလမ္းမႀကီးႏွင့္ ၀မ္ဒင္ဇမ္ တြင္ ေပါင္းဆုံထားသည္။

၁၉၄၅ ခုႏွစ္ ေမ (၂၀) ရက္ေန႔ တြင္ လီဒို လမ္းကို တရား၀င္ ဖြင့္လွစ္ ခဲ့သည္။ လီဒိုလမ္းမႀကီးေပၚမွ ပထမဆုံး ျဖတ္သန္း ေမာင္းႏွင္လာေသာ ထရပ္ကားသည္ တရုတ္ ေရွ႕တန္းနယ္ေျမသို႕ ၁၉၄၅ ခုႏွစ္ ဇန္န၀ါရီလ ၂၈ ရက္ေန႕တြင္ ေရာက္ရွိ ခဲ့သည္။ လီဒို လမ္းၿပီးစီးၿပီး ေနာက္ ပထမ ဆံုး ေထာက္ပံ့ ယာဥ္တန္း (၁၁၃) စင္းသည္ လီဒို ၿမိဳ႕မွ ၁၉၄၅ ခုႏွစ္ ဇန္န၀ါရီ (၁၂) ရက္ က စတင္ ထြက္ခြာ လာခဲ့ကာတရုတ္ ျပည္ ကူမင္း ၿမိဳ႕သို႕ေဖေဖၚ၀ါရီ (၄) ရက္ေန႔တြင္ ေရာက္ရွိခဲ့ၾကသည္။ လီဒို လမ္းမ ႀကီး ကို ေဖာက္ လုပ္ႏိုင္ခဲ့သည့္အတြက္ အေနာက္ဘက္ မဟာမိတ္ႏိုင္ငံမ်ားသည္ တရုတ္ျပည္သို႕ ေထာက္ပံ့ေရး ပစၥည္းမ်ားကိုေပးပို႕ ႏိုင္ခဲ့ရာ လီဒိုလမ္း ကို အသံုးျပဳ ၿပီး (၆) လ အတြင္း အေထာက္ပံ့ႏွင့္ရိကၡာ တန္ခ်ိန္ (၇၁၀၀၀) ကို တရုတ္ျပည္ သို႔ ပို႔ေဆာင္ ႏိုင္ခဲ့ သည္္။

၁၉၄၅ ခုႏွစ္တြင္ တရုတ္ေခါင္းေဆာင္ ခ်န္ေကရွိတ္၏ ေတာင္းဆိုခ်က္အတိုင္း လီဒိုလမ္းမႀကီး ကို ဦးစီး ေဖာက္လုပ္ ခဲ့သူ အေမရိကန္ ၾကည္းတပ္ဗိုလ္ခ်ဳပ္ႀကီး စတီး၀ဲလ္ကို ဂုဏ္ျပဳေသာ အားျဖင့္ စတီး၀ဲလ္ လမ္းဟု အမည္ ေျပာင္းလဲ ခဲ့သည္။ မဟာဗ်ဳဟာက်ေသာ လီဒိုလမ္းမႀကီးကို ဒုတိယ ကမာၻစစ္အတြင္း တည္ေဆာက္ခဲ့ရာတြင္လူေပါင္း ၆၃၀၀၀ ႏွင့္ ေငြေႀကး အေမရိကန္ေဒၚလာ ၁၄၈ သန္း သံုးစြဲခဲ့သည္။ လမ္းမႀကီး ကိုေဖာက္လုပ္ခဲ့ေသာအေမရိကန္အင္ ဂ်င္နီယာမ်ားသည္ သားရဲ တိရိစၧာန္ မ်ား၊ ငွက္ဖ်ားေရာဂါ၊ ႐ြံ႕ႏြံအိုင္မ်ားျပည့္ႏွက္ေနေသာေတာနက္ႀကီးမ်ားကို ရင္ဆိုင္ ေက်ာ္လႊားခဲ့ရသည္။ အင္ဂ်င္နီယာ မ်ားက အိႏၵိယႏိုင္ငံနယ္ စပ္အနီး လီဒိုၿမိဳ႕မွ ဟူးေကာင္းေတာင္ၾကားမွ ပန္ေဆာင္ေတာင္ၾကားကို ျဖတ္ကာဗန္းေမာ္မွ တစ္ဆင့္ တ႐ုတ္ႏိုင္ငံဝမ္တိန္ႏွင့္ ကူမင္းသို႔ေဖာက္လုပ္ခဲ့ၾကသည္။

အေမရိကန္တို႕သည္ အိႏိၵယ၊ နီေပါ၊ သီရိလကၤာႏိုင္ငံသား မ်ားႏွင့္ ျမန္မာ ႏိုင္ငံမွ နာဂ၊ ကခ်င္၊ ရွမ္းတိုင္းရင္းသားမ်ား၊ တ႐ုတ္အလုပ္ သမားမ်ား စုစုေပါင္း အင္အား ၂၅ဝဝဝ ျဖင့္ မိုင္တစ္ေထာင္ေက်ာ္ အရွည္ ရွိေသာ လမ္းမႀကီးကို၂ႏွစ္ၾကာ ေဖာက္လုပ္ခဲ့ရသည္။ ၁၉၄၃ ခုႏွစ္မွ အစျပဳေဖာက္လုပ္ခဲ့ေသာ ထိုလမ္းမၾကီးမွာ ၁၉၄၅ ခုႏွစ္တြင္ ၿပီးဆုံးခဲ့သည္။ လီဒိုလမ္းမႀကီးကိုတရုတ္၊အိႏၵိယ၊ၿဗိတိသွ် တပ္မ်ား စစ္လက္နက္၊ရိကၡာသယ္ယူပို ့ ေဆာင္ေရးအတြက္ အသံုးၿပဳခဲ့ၾကၿပီး လီဒိုလမ္းမ တည္ေဆာက္စဥ္အေမရိကန္စစ္သား ၁၁၀၀ေက်ာ္ ႏွင့္ ေထာင္ေပါင္းမ်ားစြာေသာ ေဒသခံတို႕ေသဆံုးခဲ့ၾကသည္။ မဟာမိတ္တို ့၏ စစ္ဗ်ဳဟာအရ ေဖာက္ခဲ့ေသာလမ္းျဖစ္ေသာေၾကာင့္ ဗိုလ္ခ်ဳပ္ႀကီး စတီး၀ဲလ္ႏွင့္ စစ္အင္ဂ်င္နီယာမ်ား ခက္ခက္ ခဲခဲ ေဖာက္ခဲ့ၾကရသည္။

စစ္တိုက္ရင္း ခက္ခဲစြာ ေဖာက္ခဲ့ရေသာလမ္းျဖစ္ေသာေၾကာင့္ လီဒိုလမ္းမႀကီးကို စစ္တိုက္ရင္းလမ္းေဖာက္၊ လမ္းေဖာက္ရင္းစစ္တိုက္ၿဖင့္ တစ္ေန ့၁ မိုင္မွ်ၿပီးစီးရန္အထူး ႀကိဳးပမ္းေဖာက္လုပ္ခဲ့ႀကရသည္။ ဖ်ားနာ ရင္းေသႀက၊ စစ္တိုက္ရင္း က်ဆံုးႀက ျဖင့့္္ ေတာ ေတာင္ထူထပ္ၿပီး မတ္ေစာက္ေသာ ေတာင္တန္းႏွင့္ ေခ်ာက္ကမ္းပါးတို ့အႀကား အသက္ေသြးေခ်ြးမ်ားရင္း ကာ ေဖာက္ခဲ့ရသျဖင့္ လီဒိုလမ္းမႀကီးသည္ သမိုင္းတြင္ ထင္ရွားခဲ့သည္။ လီဒိုလမ္းမႀကီးကို အခ်ိဳ႕ေနရာမ်ားတြင္ ေခ်ာင္းရိုးတစ္ေလွ်ာက္ ေတာင္နံရံေဘးတြင္ ၿဖတ္ေဖာက္ထားသၿဖင့္ စစ္ယာဥ္ တန္းမ်ား ေရၿဖည့္ရန္ လြယ္ကူ၏။ ယခင္က လမ္းတစ္ေလွ်ာက္တြင္ အေရးေပၚစက္သံုးဆီ အလြယ္တကူၿဖည့္ရန္ သံပိုက္လိုင္းမ်ား ေတာက္ေလွ်ာက္သြယ္တန္းခဲ့သည္။ ေနာက္ပိုင္း တြင္ အဆိုပါ သံပိုက္လံုးမ်ားပ်က္စီး ကုန္ေသာ္လည္း နာဂရိုးရာအိမ္အခ်ဳိ ့တြင္ အိမ္တိုင္ျပဳလုပ္ထားသည္ကိုလည္း ေတြႏိုင္ပါသည္။

လီဒို လမ္းမကိုေဖာက္လုပ္ခဲ့ေသာ ေနရာမ်ားသည္ အၿမဲစိမ့္ေအးေနၿပီး အဖိုးတန္သစ္ ေပါက္ေရာက္ၿခင္းမရွိေသာႀကိဳးၿပင္သစ္ေတာမ်ားလည္းၿဖစ္ေပသည္။ ကခ်င္ၿပည္နယ္ တႏိုင္းမွရွင္ေဘြယန္ အထိ ကားလမ္းသည္ အတက္အဆင္းအခ်ဳိ ့ႏွင့္ေခ်ာင္းအခ်ဳိ ့ရွိေသာ္လည္း လမ္းမွာ လြန္စြာေၿဖာင့္ၿဖဴးေနသည္။ မဟာမိတ္မ်ားက ေလယာဥ္ျဖင္ ့လမ္းအူေႀကာင္းရွာရာတြင္ေလယာဥ္ေပၚမွ ေလာင္စာဆီမ်ားသြန္ခ်ၿပီး မီးရိႈ ့လိုက္ျခင္းျဖင့္ အူေၾကာင္းေဖာ္ခဲ့ၾကသည္။ထိုေနရာသည္ ႀကိမ္၀ါးမ်ားသာ အမ်ားဆံုးေပါက္ရွိေနသျဖင့္လမ္းက ၿဖဴးေနေပသည္။ လီဒိုလမ္းမ၏ မတ္ေစာက္ေသာအတက္လမ္းသည္ ကခ်င္ၿပည္နယ္ တႏိုင္းၿမိဳ ့နယ္ ရွင္ေဘြယန္မွ စတင္သည္။ရွင္ေဘြယန္မွ (၁၈) မိုင္ စခန္း အထိ အတက္ခ်ည္းသာ ၿဖစ္သၿဖင့္ ကုန္တင္ယာဥ္၊ရိကၡာပို ့ယာဥ္တန္းမ်ား ငယ္သံပါေအာင္ အသံျမည္ကာ တက္ႀက ရသည္။

ထိုအခ်ိန္သည္ ဂ်ပန္တို႕အင္အား ေကာင္း ေနၿပီး ျမန္မာ ျပည္ မွ ၿဗိတိသွ် တို႕ဆုတ္ခြာ ေနရခ်ိန္ ျဖစ္ေသာေၾကာင့္ ေထာက္ပံ့ ေရး လမ္းေၾကာင္း တစ္ခုတည္ေဆာက္ ရန္ အေမရိကန္ ဗိုလ္ခ်ဳပ္ ႀကီး General Joseph Stilwell ဦးေဆာင္မႈျဖင့္ SOS (Service of Supply) အဖဲြ႔ ဖဲြ႔စည္းၿပီး အိႏိၵယ ႏိုင္ငံ လီဒို ၿမိဳ႕မွျမန္မာ ျပည္ေျမာက္ပိုင္း ကို ေက်ာ္ျဖတ္ ကာ တရုတ္ ျပည္ ကူမင္း အထိ လမ္းတစ္ခု ေဖာက္လုပ္ရန္စီစဥ္ ခဲ့ၾကသည္။ လီဒို ၿမိဳ႕ကို ေရႊးခ်ယ္ ရျခင္းမွာ လီဒို ၿမိဳ႕သည္ ကာလကတၱား မွလာေသာ ေျမာက္ဘက္ ရထား လမ္းဆံုး ၿမိဳ႕ႏွင့္ နီးစပ္ ေနၿပီး ျမန္မာ ျပည္ ေျမာက္ဖ်ား ပိုင္းမွ ေတာင္ပတ္ လမ္း တစ္ခု၏အဆံုး ႏွင့္လည္း နီးကပ္ ေနျခင္းေၾကာင့္ ျဖစ္ေပသည္။

အိႏိၵယ ႏိုင္ငံ ေျမာက္ပိုင္း အာသံ ျပည္နယ္ လီဒို ၿမိဳ႕ေလးမွ စတင္ ေဖာက္လုပ္ ထားျခင္းေၾကာင့္ “လီဒို လမ္း” ေခၚေ၀ၚ ခဲ့ၾကသည္။ လီဒို လမ္း သည္(၁၀၇၉) မိုင္ ရွည္လ်ား ၿပီး ျမန္မာတရုတ္ နယ္စပ္ အနီး မံုးယု ႏွင့္ျမန္မာႏိုင္ငံ မူဆယ္အနီး တြင္ ျမန္မာလမ္းမႀကီး ႏွင့္ ျပန္ဆုံမိၾကသည္။လီဒို လမ္း သည္အိႏၵိယ ျပည္ အတြင္း လီဒို၊ ႏွင့္ နမ္ေပါင္း ၿမိဳ႕မ်ား ကို ျဖတ္သန္း ၿပီး၊ ကခ်င္ ျပည္နယ္ မွာ ရွင္ေဘြယန္၊ နမၼတီး၊ ျမစ္ႀကီးနား၊ ဗန္းေမာ္ ႏွင့္ ရွမ္း ျပည္နယ္မွ နမ္းခမ္း ႏွင့္မံုးယု ၿမိဳ႕မ်ားကို ျဖတ္သြားသည္္။ လီဒိုလမ္း ကို ၁၉၄၂ ခုႏွစ္ ဒီဇင္ဘာ (၁၆) ရက္တြင္ စတင္ ေဖာက္လုပ္ၿပီး ၁၉၄၅ ခုႏွစ္ ဇန္န၀ါရီ လတြင္ ၿပီးဆံုး ခဲ့သည္။လီဒို လမ္း ကို ဗိုလ္ခ်ဳပ္ႀကီးစတီး၀ဲလ္ ႏွင့္ စစ္အင္ဂ်င္နီယာ ဗိုလ္မႈးႀကီး လူး၀စ္စ္ ေအ ပစ္ တို႕က ဦးစီးၾကီးၾကပ္ေဖာက္လုပ္ခဲ့ျခင္းျဖစ္ေပသည္။

ဒုတိယ ကမာၻစစ္ အတြင္း စစ္ အင္ဂ်င္နီယာ တပ္ကို ေပးအပ္ ခဲ့ေသာ အခက္ခဲ ဆံုးေသာ တာ၀န္ တစ္ရပ္ဟု ဗိုလ္မွဴးႀကီး ပစ္ က မွတ္ခ်က္ခ် ခဲ့သည္။ အေမရိကန္ အင္ဂ်င္နီယာ တပ္သား မ်ားက လီဒို လမ္း ကို “Pick’s Pike” ဟုေခၚ ခဲ့ၾကသည္။ ပထမဆံုး လမ္းပိုင္း (၁၀၃) မိုင္ အရွည္ကို အိႏၵိယ ျပည္ လီဒို ၿမိဳ႕မွ စတင္ ခဲ့ၿပီး အိႏိၵယ ကခ်င္ ျပည္နယ္ နယ္စပ္ မွ ေတာေတာင္ ထူထပ္ ၿပီး ၾကမ္းတမ္း ျမင့္မား ေသာပန္ေဆာင္ ေတာင္ၾကား ကို ျဖတ္ေက်ာ္ ခဲ့ရာ အခ်ိဳ႕ ေနရာ မ်ားသည္ အျမင့္ေပ (၄၆၀၀) အထိ ရွိသည္။အူေရာင္ငန္းဖ်ား၊ တုပ္ေကြး၊ ဌက္ဖ်ား ေရာဂါမ်ား ထူထပ္ ၿပီး မိုးေရခ်ိန္မ်ားသည့္ ပန္ေဆာင္ ေတာင္ၾကား သည္ ခက္ခဲ ၾကမ္းတမ္း လြန္းသည့္ အတြက္ စစ္ အတြင္းက “Hell Pass” ဟုပင္နာမည္ တြင္ ခဲ့သည္။ လမ္းေဖာက္လုပ္ရႏ္ ရွင္ေဘြယန္ ၿမိဳ႕သို႕ ပထမ ဆံုး ေျမတူး စက္ ေရာက္ရွိခဲ့ေသာေန႕သည္ ၁၉၄၂ ခု ဒီဇင္ဘာ (၂၇) ရက္ ျဖစ္ သည္။

ထိုလမ္းပိုင္းသည္ အင္အား ႀကီး မားေသာအမွတ္ (၁၈) ဂ်ပန္ တပ္ကို ခုခံ တိုက္ခိုက္ ေနသည့္ ခ်န္ေကရွိတ္ တရုတ္ စစ္သားမ်ား အတြက္ ေထာက္ပံ့ ပစၥည္းမ်ားေပး ပို႔ရန္အသံုး၀င္ ခဲ့သည္။ ဂ်ပန္ တပ္မ်ားေတာင္ဖက္ သို႕ ဆုတ္ခြာ သြားခ်ိန္တြင္ ရွင္ေဘြယန္ တြင ္လီဒိုလမ္း ကို ဆက္လက္ ေဖာက္လုပ္ ရန္ လြယ္ကူ သြားခဲ့သည္။ ဂ်ပန္မ်ားေဖာက္ထားသည့္ လမ္းေၾကာင္း ကို လိုက္ၿပီး ဆက္လက္ ေဖာက္လုပ္ ခဲ့ကာ ေထာက္ပံ့ ယာဥ္မ်ား သံုးရန္ (၄) လက္မ ပတ္လည္ရွိ ဓာတ္ဆီ ပိုက္လိုင္း ႏွစ္လိုင္းမွ ေလးလိုင္း အထိ လမ္းေၾကာင္း တစ္ေလွ်ာက္ ခ်ထား ေပးခဲ့သည္။ လီဒို ရွင္ေဘြယန္ (၁၀၃ မိုင္) လမ္းပိုင္း ၿပီးစီးၿပီးေနာက္ ျမစ္ႀကီးနား၊ ဗန္းေမာ္ အထိ (၃၇၂ မိုင္)၊ ရွမ္း ျပည္နယ္ နမ္းခမ္း၊ ျမန္မာလမ္းမ လမ္းဆံု မံုးယု ၿမိဳ႕ အထိ စုစု ေပါင္း (၄၆၅) မိုင္ ေဖာက္လုပ္ ခဲ့သည္။ လီဒို လမ္း ေဖာက္လုပ္ ရာ မွာ စုစုေပါင္း ျမစ္ေခ်ာင္း (၁၀) ခု ႏွင့္ ေခ်ာင္းငယ္(၁၅၅) ခုကို ျဖတ္သန္း ခဲ့ရၿပီး ပ်မ္းမွ် (၂.၈ ) မိုင္တိုင္ တြင္ တံတား တစ္ခု ေဆာက္ခဲ့ ရသည္။

၁၉၄၅ ခုႏွစ္ မတ္ (၇) ရက္တြင္ မဟာမိတ္ တပ္ဖဲြ႔ မ်ားက လားရိႈး ၿမိဳ႕ကို ဂ်ပန္ လက္ထဲက တဆင့္ ျပန္သိမ္း ယူခဲ့သည္။ မတ္ (၂၀) ရက္တြင္မႏၱေလး ၿမိဳ႕၊ ေမ (၃) ရက္တြင္ ရန္ကုန္ ၿမိဳ႕ကို ျပန္လည္ သိမ္းပိုက္ ႏိုင္ခဲ့သည္။ၾသဂုတ္ (၆) ရက္ေန႔ တြင္ အေမရိကန္က ဂ်ပန္ ႏိုင္ငံ ဟီရိုရွီးမား ၿမိဳ႕ကို ပထမ ဆံုးေသာ အႏုျမဴ ဗံုးႀကဲ ခ်ၿပီး၊ (၉) ရက္ေန႔ တြင္ နာဂါစကီ ၿမိဳ႕ေပၚကို အႏုျမဴ ဗံုး ေနာက္ထပ္ တစ္လံုး ခ် အၿပီး ၾသဂုတ္ (၁၅) ရက္ေန႔ တြင္ ဂ်ပန္ တို႕ လက္နက္ ခ် ခဲ့သည္။ ၁၉၄၅ ခုႏွစ္ စက္တင္ဘာ လ (၂) ရက္ေန႔ တြင္အေမရိကန္ စစ္သေဘၤာ USS Missouri ေပၚတြင္ ဂ်ပန္ က တရား၀င္ လက္နက္ ခ်ေၾကာင္း လက္မွတ္ ေရးထိုး ခဲ့ၿပီး ဒုတိယ ကမာၻစစ္ ၿပီးဆံုးခဲ့သည္။

လီဒိုလမ္းမႀကီးကို ၁၀ လ ခန္႕မွ်သာ အသုံးၿပဳခဲ့ၿပီး စစ္ၿပီးဆံုး ၿပီးေနာက္ပိုင္းမွစ၍ လီဒို လမ္းမႀကီး အားအသံုးျပဳ ျခင္းမရွိ ေတာ့ပါေခ်။ ျမန္မာ ျပည္ လြတ္လပ္ေရး ရၿပီး ေနာက္ လီဒို လမ္းမႀကီး သည္ တျဖည္းျဖည္း ပ်က္စီး ယိုယြင္း လာခဲ့သည္။ ၁၉၅၅ ခုႏွစ္တြင္ Land Rover ကား ႏွစ္စီး ျဖင့္ လီဒို ၿမိဳ႕မွ ျမစ္ႀကီးနား ၿမိဳ႕သို႕ ခရီးသြား တကၠသိုလ္ ေက်ာင္းသား (၆) ေယာက္ လိုက္ပါ လာခဲ့သည့္ Oxford-Cambridge Overland Expedition အဖဲြ႔ ေရာက္ရွိလာခဲ့သည္။ ထိုအဖြဲ႕သည္ လီဒိုလမ္းေပၚတြင္ေနာက္ဆုံး ခရီးသြားခဲ့ေသာ အဖြဲ႕ျဖစ္ေပသည္။

ယခုအခ်ိန္တြင္ ကခ်င္ျပည္နယ္ကို အေနာက္ေျမာက္ဖက္မွ အေရွ႔ေတာင္ဖက္သို႔ ျဖတ္သန္းသြားသည့္ လီဒိုလမ္းမႀကီး ကို အိႏၵိယႏွင့္ တရုတ္ႏိုင္ငံအၾကား စီးပြားကုန္သြယ္မႈအတြက္ အေရးပါသည့္ အာရွလမ္းမႀကီးတစ္ခုျဖစ္လာေစရန္ အိႏၵိယ ႏွင့္ တရုတ္ ႏိုင္ငံမ်ား က ေမွ်ာ္လင့္ထားၾကသည္။ကခ်င္ျပည္နယ္၏ အေနာက္ေျမာက္ ဟူးေကာင္းေတာင္ႀကား ပန္ေဆာင္လမ္းမွ ျမန္မာႏိုင္ငံ အတြင္းသို႕ ျဖတ္၀င္လာေသာလီဒိုလမ္းမႀကီးသည္ ကခ်င္ျပည္နယ္အတြင္း ရွင္ေဘြယန္ႏွင့္ တႏိုင္းၿမိဳ႕ မ်ားသို႔ ဆက္သြယ္ထား သည္။ တရုတ္နယ္စပ္ ၀မ္တိန္မွ မိုင္းယု၊ နမ့္ခမ္း၊ ဗန္းေမာ္၊ ျမစ္ႀကီးနား၊ တႏိုင္း လမ္းပိုင္းကို တ႐ုတ္ဖက္ မွျပဳျပင္ေဖာက္ လုပ္ေန ၿပီ ျဖစ္ၿပီး အိႏၵိယနယ္စပ္မွ တႏိုင္းအထိ လမ္းပိုင္းကို အိႏၵိယမွ တာ၀န္ယူ ေဖာက္လုပ္မည္ဟု သိရွိရသည္။ ျမစ္ႀကီးနား ၿမိဳ႕ကို ျဖတ္ သန္းသြားေသာ လီဒို လမ္းမႀကီး၏ေဘးတြင္ အံေတာ္ရွင္ ဘုရား၊ စိမ္းျမ ဧရာ ပန္းၿခံ၊ နာရီစင္၊ ျမစ္ႀကီးနား ေလဆိပ္ တို႕ရွိေနၾကေပ သည္။

၂၀၁၀ ျပည့္ႏွစ္ေနာက္ပိုင္း တြင္ အာသံ ျပည္နယ္ မွ ေဒသခံ အခ်ိဳသည္ ျမန္မာ ျပည္ နယ္စပ္ ပန္ေဆာင္ ေတာင္ၾကား အထိ လီဒို လမ္းေၾကာင္း အတိုင္း ေမာ္ေတာ္ ဆိုင္ကယ္၊ ကား မ်ားျဖင့္အုပ္စု လိုက္ ခရီး ထြက္ၾက ေၾကာင္းၾကားသိရေပသည္။ ၂၀၀၈ ခုႏွစ္ တြင္ ယူနန္ တကၠသိုလ္မွ သမိုင္း ပညာရွင္ ဂီရွဴရာ ဦးေဆာင္ ၍ တရုတ္ သတင္း ေထာက္ (၁၀၀) ေက်ာ္ ပါ၀င္ ေသာ အဖဲြ႔သည္လီဒို လမ္းမႀကီး အတိုင္း ျမစ္ႀကီးနား ၿမိဳ႕သို႕ေရာက္ရွိ လာခဲ့ၾကသည္။ ဂီရွဴရာသည္ လီဒို ၿမိဳ႕သို႕ ပထမဆံုး ေရာက္ဖူး ျခင္းျဖစ္ၿပီး လီဒို လမ္းမႀကီး ၏အစိတ္ အပိုင္း၊ ေတာေတာင္၊ ျမစ္ေခ်ာင္း၊ မိုင္တိုင္ တစ္ခုတိုင္း တြင္ ေျပာျပ စရာ သမိုင္း အျဖစ္ အပ်က္မ်ား မ်ားစြာရွိေၾကာင္း ေျပာခဲ့ သည္။

အေမရိကန္ႏိုင္ငံရွိ ဒုတိယကမာၻစစ္ စစ္မႈထမ္း ေဟာင္း အခ်ိဳ႕ သည္လည္း လီဒို လမ္း၊ ႏွင့္ ျမန္မာလမ္းမ ခရီးစဥ္ ကို လာေရာက္ခဲ့ၾကဖူးသည္။ ျမန္မာ ျပည္သူမ်ားလည္း တစ္ဆစ္ခ်ဳိး အေကြ႕ေပါင္း ၂၁ ေကြ႕ ရွိကာ ၊ေပတစ္ေသာင္း ေက်ာ္နက္ေသာေခ်ာက္ကမ္းပါးမ်ားရွိသည့္ ေတာင္အသြယ္သြယ္ ေပၚတြင္ ေဖာက္လုပ္ ထားသည့္ လီဒိုလမ္းမ ႀကီး တစ္ေလွ်ာက္ ခရီးႏွင္ လွည့္လည္ရင္းအတိတ္ သမုိင္း ကုိ ျပန္လည္ ခံစား ႏိုင္ၾက သကဲ့သို႕ ျပည္ပမွလာေရာက္လည္ပတ္ လိုသူ မ်ားကို လည္းလီဒိုလမ္းႏွင့္ ျမန္မာလမ္းမတို႕ကိုသြားေရာက္ႏိုင္ရန္ စီစဥ္ေပးႏိုင္ပါက ျမန္မာႏိုင္ငံ၏ ခရီးသြားလုပ္ငန္းအတြက္ တစ္စိတ္တစ္ပ္ုင္း အေထာက္အပံ့ျဖစ္လာႏိုင္မည္ဟု ယူဆမိပါသည္။

( ျမန္မာ့အလင္းသတင္းစာ)


ကမ္ဘာကျော် မြန်မာလမ်းမကြီးများ (unicode)

ဒုတိကမ္ဘာစစ်ကြီးအတွင်းလွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်က မြန်မာနိုင်ငံကို ဖြတ်သန်းဖောက်လုပ်ခဲ့သော လမ်းမကြီး နှစ်ခုသည် ကမ္ဘာကျော်စစ်သုံးအဝေးပြေးလမ်းမကြီးများအဖြစ် ယနေ့တိုင်ထင်ရှားစွာ ရပ်တည်လျက်ရှိပေသည်။ တစ်ခုသော လမ်းမှာ မြန်မာလမ်းမကြီးဟု ထင်ရှားကျော်ကြားသည့် (Burma Road) အဝေးပြေးလမ်းမကြီးဖြစ်ပြီးမြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတို့ကို သွယ်တန်းလျက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ံ ကူမင်းနှင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်လားရှိုးမြို့တို့ကို ဆက်သွယ်ထားသည်။ ယင်းလမ်းမကြီးကို မြန်မာနိုင်ငံအား ဂျပန်တို့သိမ်းပိုက်ထားခဲ့စဉ်အချိန်က ဖောက်လုပ်ခဲ့သည်။

ဒုတိယလမ်းမှာ လီဒိုလမ်းမကြီးဟု ထင်ရှားပြီး အိန္ဒိယနိုင်ငံ အာသံပြည်နယ်နှင့် တရုတ်နိုင်ငံယူနန်ပြည်နယ်တို့ကို မြန်မာ နိုင်ငံ ကချင်ပြည်နယ် ရှင်ဘွေယန်၊ မြစ်ကြီးနားနှင့် ဗန်းမော်မြို့များကို ဖြတ်သန်းဖောက်လုပ်ထားသည်။ အဆိုပါ လမ်းမကြီးများကို ယခုအခါတွင် အသုံးပြုခြင်းမရှိတော့သော်လည်းဒုတိယကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့သော ဗျူဟာမြောက် လမ်းမကြီး များအဖြစ် သမိုင်းတွင်ရစ်ခဲ့ပေသည်။ မြန်မာလမ်းမ (Burma Road) သည် ၇၁၇ မိုင်ခန့်ရှည်လျားကာ ကြမ်းတမ်းသော တောင်စွယ်တောင်တန်းများကို ဖြတ် သန်းဖောက်လုပ်ထားသည်။ကူမင်းနှင့် မြန်မာနိုင်ငံနယ်စပ် လမ်းဖြတ်ပိုင်းကို ဒုတိယ တရုတ် ဂျပန်စစ်ပွဲ ကာလ အတွင်း ၁၉၃၇ ခုနှစ်တွင် ၊မြန်မာ၊ တရုတ် လုပ်သားအင်အား နှစ်သိန်းကျော်ဖြင့် စတင်ဖောက်လုပ်ခဲ့ကာ ၁၉၃၈ ခုနှစ်တွင်ပြီးစီးခဲ့သည်။

ဒုတိယ ကမ္ဘာစစ်အတွင်း ဗြိတိသျှတို့က တရုတ်နိုင်ငံသို့ စစ်ဘက်ထောက်ပံ့ရေးပစ္စည်းများကို ပို့ရာတွင် အဓိက အသုံးပြုခဲ့သည့် လမ်း တစ်ခုဖြစ်သည်။ ဂျပန်နှင့် ဗြိတိသျှတို့ စစ်မဖြစ်မီက ဗြိတိသျှတို့သည် မြန်မာလမ်းမကြီးကို အသုံးပြုကာတရုတ်နိုင်ငံသို့ ထောက်ပံ့ ရေးပစ္စည်းများ ပေးပို့ခဲ့ ရာတွင် ရန်ကုန်မှ လားရှိုးသို့ ထောက်ပံ့ရေးပစ္စည်းများကို ရထားဖြင့် သယ်ယူခဲ့ပြီး မြန်မာ လမ်းမကြီးမှ တစ်ဆင့် တရုတ်သို့ ပို့ဆောင်ပေးခဲ့သည်။ မဟာမိတ် တပ်များက ဂျပန်ကို ခုခံတိုက်ခိုက်နေသော ကူမင်တန် တရုတ်တပ်များ ထံသို့ မြန်မာလမ်းမကြီးကို အသုံးပြုကာ လက်နက် များ၊ ရိက္ခာများပေးပို့ခဲ့ခြင်းဖြစ်ပြီး ၁၉၄၂ ခုနှစ် တွင် ဂျပန် တို့က မြန်မာ ပြည် ကို သိမ်းပိုက် လိုက်သောအခါတွင် လားရှိုး မြို့ မှ ကူမင်းမြို့အထိဖောက်လုပ်ထားသော မြန်မာလမ်းမ ကို ဂျပန်တို့က မဟာ မိတ်တပ်များဆက်လက် အသုံးမပြုနိုင်ရန် ဖြတ်တောက် လိုက်ကြသည်။

မြန်မာလမ်းမ လမ်းကြောင်း ပိတ်သွားချိန်တွင် မဟာမိတ်တို့အနေဖြင့်ကူမင်တန် တပ်များထံ အထောက် အပံ့များ ဆက်လက် ပေးပို့နိုင်ရန် လမ်းကြောင်းအသစ် တစ်ခု အလျင်အမြန်လိုအပ်လာခဲ့ပေသည်။ လမ်းအသစ်မရရှိသေးမီ ဗြိတိသျှ တို့သည် အမေရိကန် လေယာဉ် များဖြင့် အိန္ဒိယ မှတစ်ဆင့် ကချင် ပြည်နယ် မြောက်ဖျားပိုင်း ဒေသ၊ဆွမ်ဘရာဘွမ် အထက် ပိုင်း ကို ဖြတ်သန်း ကာ ကူမင်း သို့ စစ်လက်နက် ၊ ရိက္ခာများကို ဆက်လက် ပေးပို့ခဲ့ရသည်။

မြင့်မားသော ဟိမဝန္တာ တောင်တန်းများ၏ ကြမ်းတမ်းသော ရာသီဥတု များကြောင့် အိန္ဒိယ မြန်မာ တရုတ် လေယာဉ် လမ်းကြောင်းသည် အလွန် အန္တရာယ် ကြီးမားခဲ့ ပြီး ပိုင်းလော့ များက The Hump ဟု ခေါ်ခဲ့ကြသည်။ ၁၉၄၂ – ၄၅ ခုနှစ် အတွင်း အမေရိကန် လေယာဉ် (၄၆) စင်း ပျက်ကျ ခဲ့ပြီး၊ စစ်သား (၇၉၂) ဦး အသက် ဆုံးရှုံး ခဲ့ရသည်။ထို့ကြောင့်ဗြိတိသျှတို့ သည် အမေရိကန်တို့ အကြံပြုသည့်အတိုင်း လီဒို လမ်းမကြီးကိုဖောက်လုပ်ခဲ့ခြင်းဖြစ်ပေသည်။လီဒို လမ်းမကြီးသည် အာသံပြည်နယ် လီဒိုနှင့် မြန်မာနိုင်ငံ မြစ်ကြီးနား ကို ဆက်သွယ်ကာ မြန်မာလမ်းမကြီးနှင့် ဝမ်ဒင်ဇမ် တွင် ပေါင်းဆုံထားသည်။

၁၉၄၅ ခုနှစ် မေ (၂၀) ရက်နေ့ တွင် လီဒို လမ်းကို တရားဝင် ဖွင့်လှစ် ခဲ့သည်။ လီဒိုလမ်းမကြီးပေါ်မှ ပထမဆုံး ဖြတ်သန်း မောင်းနှင်လာသော ထရပ်ကားသည် တရုတ် ရှေ့တန်းနယ်မြေသို့ ၁၉၄၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ရောက်ရှိ ခဲ့သည်။
လီဒို လမ်းပြီးစီးပြီး နောက် ပထမ ဆုံး ထောက်ပံ့ ယာဉ်တန်း (၁၁၃) စင်းသည် လီဒို မြို့မှ ၁၉၄၅ ခုနှစ် ဇန်နဝါရီ (၁၂) ရက် က စတင် ထွက်ခွာ လာခဲ့ကာတရုတ် ပြည် ကူမင်း မြို့သို့ဖေဖေါ်ဝါရီ (၄) ရက်နေ့တွင် ရောက်ရှိခဲ့ကြသည်။ လီဒို လမ်းမ ကြီး ကို ဖောက် လုပ်နိုင်ခဲ့သည့်အတွက် အနောက်ဘက် မဟာမိတ်နိုင်ငံများသည် တရုတ်ပြည်သို့ ထောက်ပံ့ရေး ပစ္စည်းများကိုပေးပို့ နိုင်ခဲ့ရာ လီဒိုလမ်း ကို အသုံးပြု ပြီး (၆) လ အတွင်း အထောက်ပံ့နှင့်ရိက္ခာ တန်ချိန် (၇၁၀၀၀) ကို တရုတ်ပြည် သို့ ပို့ဆောင် နိုင်ခဲ့ သည်။

၁၉၄၅ ခုနှစ်တွင် တရုတ်ခေါင်းဆောင် ချန်ကေရှိတ်၏ တောင်းဆိုချက်အတိုင်း လီဒိုလမ်းမကြီး ကို ဦးစီး ဖောက်လုပ် ခဲ့သူ အမေရိကန် ကြည်းတပ်ဗိုလ်ချုပ်ကြီး စတီးဝဲလ်ကို ဂုဏ်ပြုသော အားဖြင့် စတီးဝဲလ် လမ်းဟု အမည် ပြောင်းလဲ ခဲ့သည်။ မဟာဗျုဟာကျသော လီဒိုလမ်းမကြီးကို ဒုတိယ ကမ္ဘာစစ်အတွင်း တည်ဆောက်ခဲ့ရာတွင်လူပေါင်း ၆၃၀၀၀ နှင့် ငွေကြေး အမေရိကန်ဒေါ်လာ ၁၄၈ သန်း သုံးစွဲခဲ့သည်။ လမ်းမကြီး ကိုဖောက်လုပ်ခဲ့သောအမေရိကန်အင် ဂျင်နီယာများသည် သားရဲ တိရိစ္ဆာန် များ၊ ငှက်ဖျားရောဂါ၊ ရွံ့နွံအိုင်များပြည့်နှက်နေသောတောနက်ကြီးများကို ရင်ဆိုင် ကျော်လွှားခဲ့ရသည်။ အင်ဂျင်နီယာ များက အိန္ဒိယနိုင်ငံနယ် စပ်အနီး လီဒိုမြို့မှ ဟူးကောင်းတောင်ကြားမှ ပန်ဆောင်တောင်ကြားကို ဖြတ်ကာဗန်းမော်မှ တစ်ဆင့် တရုတ်နိုင်ငံဝမ်တိန်နှင့် ကူမင်းသို့ဖောက်လုပ်ခဲ့ကြသည်။

အမေရိကန်တို့သည် အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနိုင်ငံသား များနှင့် မြန်မာ နိုင်ငံမှ နာဂ၊ ကချင်၊ ရှမ်းတိုင်းရင်းသားများ၊ တရုတ်အလုပ် သမားများ စုစုပေါင်း အင်အား ၂၅ဝဝဝ ဖြင့် မိုင်တစ်ထောင်ကျော် အရှည် ရှိသော လမ်းမကြီးကို၂နှစ်ကြာ ဖောက်လုပ်ခဲ့ရသည်။ ၁၉၄၃ ခုနှစ်မှ အစပြုဖောက်လုပ်ခဲ့သော ထိုလမ်းမကြီးမှာ ၁၉၄၅ ခုနှစ်တွင် ပြီးဆုံးခဲ့သည်။ လီဒိုလမ်းမကြီးကိုတရုတ်၊အိန္ဒိယ၊ဗြိတိသျှ တပ်များ စစ်လက်နက်၊ရိက္ခာသယ်ယူပို့ ဆောင်ရေးအတွက် အသုံးပြုခဲ့ကြပြီး လီဒိုလမ်းမ တည်ဆောက်စဉ်အမေရိကန်စစ်သား ၁၁၀၀ကျော် နှင့် ထောင်ပေါင်းများစွာသော ဒေသခံတို့သေဆုံးခဲ့ကြသည်။ မဟာမိတ်တို့၏ စစ်ဗျုဟာအရ ဖောက်ခဲ့သောလမ်းဖြစ်သောကြောင့် ဗိုလ်ချုပ်ကြီး စတီးဝဲလ်နှင့် စစ်အင်ဂျင်နီယာများ ခက်ခက် ခဲခဲ ဖောက်ခဲ့ကြရသည်။

စစ်တိုက်ရင်း ခက်ခဲစွာ ဖောက်ခဲ့ရသောလမ်းဖြစ်သောကြောင့် လီဒိုလမ်းမကြီးကို စစ်တိုက်ရင်းလမ်းဖောက်၊ လမ်းဖောက်ရင်းစစ်တိုက်ဖြင့် တစ်နေ့၁ မိုင်မျှပြီးစီးရန်အထူး ကြိုးပမ်းဖောက်လုပ်ခဲ့ကြရသည်။ ဖျားနာ ရင်းသေကြ၊ စစ်တိုက်ရင်း ကျဆုံးကြ ဖြင့် တော တောင်ထူထပ်ပြီး မတ်စောက်သော တောင်တန်းနှင့် ချောက်ကမ်းပါးတို့အကြား အသက်သွေးချွေးများရင်း ကာ ဖောက်ခဲ့ရသဖြင့် လီဒိုလမ်းမကြီးသည် သမိုင်းတွင် ထင်ရှားခဲ့သည်။ လီဒိုလမ်းမကြီးကို အချို့နေရာများတွင် ချောင်းရိုးတစ်လျှောက် တောင်နံရံဘေးတွင် ဖြတ်ဖောက်ထားသဖြင့် စစ်ယာဉ် တန်းများ ရေဖြည့်ရန် လွယ်ကူ၏။ ယခင်က လမ်းတစ်လျှောက်တွင် အရေးပေါ်စက်သုံးဆီ အလွယ်တကူဖြည့်ရန် သံပိုက်လိုင်းများ တောက်လျှောက်သွယ်တန်းခဲ့သည်။ နောက်ပိုင်း တွင် အဆိုပါ သံပိုက်လုံးများပျက်စီး ကုန်သော်လည်း နာဂရိုးရာအိမ်အချို့တွင် အိမ်တိုင်ပြုလုပ်ထားသည်ကိုလည်း တွေနိုင်ပါသည်။

လီဒို လမ်းမကိုဖောက်လုပ်ခဲ့သော နေရာများသည် အမြဲစိမ့်အေးနေပြီး အဖိုးတန်သစ် ပေါက်ရောက်ခြင်းမရှိသောကြိုးပြင်သစ်တောများလည်းဖြစ်ပေသည်။ ကချင်ပြည်နယ် တနိုင်းမှရှင်ဘွေယန် အထိ ကားလမ်းသည် အတက်အဆင်းအချို့နှင့်ချောင်းအချို့ရှိသော်လည်း လမ်းမှာ လွန်စွာဖြောင့်ဖြူးနေသည်။ မဟာမိတ်များက လေယာဉ်ဖြင့်လမ်းအူကြောင်းရှာရာတွင်လေယာဉ်ပေါ်မှ လောင်စာဆီများသွန်ချပြီး မီးရှို့လိုက်ခြင်းဖြင့် အူကြောင်းဖော်ခဲ့ကြသည်။ထိုနေရာသည် ကြိမ်ဝါးများသာ အများဆုံးပေါက်ရှိနေသဖြင့်လမ်းက ဖြူးနေပေသည်။ လီဒိုလမ်းမ၏ မတ်စောက်သောအတက်လမ်းသည် ကချင်ပြည်နယ် တနိုင်းမြို့နယ် ရှင်ဘွေယန်မှ စတင်သည်။ရှင်ဘွေယန်မှ (၁၈) မိုင် စခန်း အထိ အတက်ချည်းသာ ဖြစ်သဖြင့် ကုန်တင်ယာဉ်၊ရိက္ခာပို့ယာဉ်တန်းများ ငယ်သံပါအောင် အသံမြည်ကာ တက်ကြ ရသည်။

ထိုအချိန်သည် ဂျပန်တို့အင်အား ကောင်း နေပြီး မြန်မာ ပြည် မှ ဗြိတိသျှ တို့ဆုတ်ခွာ နေရချိန် ဖြစ်သောကြောင့် ထောက်ပံ့ ရေး လမ်းကြောင်း တစ်ခုတည်ဆောက် ရန် အမေရိကန် ဗိုလ်ချုပ် ကြီး General Joseph Stilwell ဦးဆောင်မှုဖြင့် SOS (Service of Supply) အဖွဲ့ ဖွဲ့စည်းပြီး အိန္ဒိယ နိုင်ငံ လီဒို မြို့မှမြန်မာ ပြည်မြောက်ပိုင်း ကို ကျော်ဖြတ် ကာ တရုတ် ပြည် ကူမင်း အထိ လမ်းတစ်ခု ဖောက်လုပ်ရန်စီစဉ် ခဲ့ကြသည်။ လီဒို မြို့ကို ရွှေးချယ် ရခြင်းမှာ လီဒို မြို့သည် ကာလကတ္တား မှလာသော မြောက်ဘက် ရထား လမ်းဆုံး မြို့နှင့် နီးစပ် နေပြီး မြန်မာ ပြည် မြောက်ဖျား ပိုင်းမှ တောင်ပတ် လမ်း တစ်ခု၏အဆုံး နှင့်လည်း နီးကပ် နေခြင်းကြောင့် ဖြစ်ပေသည်။

အိန္ဒိယ နိုင်ငံ မြောက်ပိုင်း အာသံ ပြည်နယ် လီဒို မြို့လေးမှ စတင် ဖောက်လုပ် ထားခြင်းကြောင့် “လီဒို လမ်း” ခေါ်ဝေါ် ခဲ့ကြသည်။ လီဒို လမ်း သည်(၁၀၇၉) မိုင် ရှည်လျား ပြီး မြန်မာတရုတ် နယ်စပ် အနီး မုံးယု နှင့်မြန်မာနိုင်ငံ မူဆယ်အနီး တွင် မြန်မာလမ်းမကြီး နှင့် ပြန်ဆုံမိကြသည်။လီဒို လမ်း သည်အိန္ဒိယ ပြည် အတွင်း လီဒို၊ နှင့် နမ်ပေါင်း မြို့များ ကို ဖြတ်သန်း ပြီး၊ ကချင် ပြည်နယ် မှာ ရှင်ဘွေယန်၊ နမ္မတီး၊ မြစ်ကြီးနား၊ ဗန်းမော် နှင့် ရှမ်း ပြည်နယ်မှ နမ်းခမ်း နှင့်မုံးယု မြို့များကို ဖြတ်သွားသည်။ လီဒိုလမ်း ကို ၁၉၄၂ ခုနှစ် ဒီဇင်ဘာ (၁၆) ရက်တွင် စတင် ဖောက်လုပ်ပြီး ၁၉၄၅ ခုနှစ် ဇန်နဝါရီ လတွင် ပြီးဆုံး ခဲ့သည်။လီဒို လမ်း ကို ဗိုလ်ချုပ်ကြီးစတီးဝဲလ် နှင့် စစ်အင်ဂျင်နီယာ ဗိုလ်မှုးကြီး လူးဝစ်စ် အေ ပစ် တို့က ဦးစီးကြီးကြပ်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပေသည်။

ဒုတိယ ကမ္ဘာစစ် အတွင်း စစ် အင်ဂျင်နီယာ တပ်ကို ပေးအပ် ခဲ့သော အခက်ခဲ ဆုံးသော တာဝန် တစ်ရပ်ဟု ဗိုလ်မှူးကြီး ပစ် က မှတ်ချက်ချ ခဲ့သည်။ အမေရိကန် အင်ဂျင်နီယာ တပ်သား များက လီဒို လမ်း ကို “Pick’s Pike” ဟုခေါ် ခဲ့ကြသည်။ ပထမဆုံး လမ်းပိုင်း (၁၀၃) မိုင် အရှည်ကို အိန္ဒိယ ပြည် လီဒို မြို့မှ စတင် ခဲ့ပြီး အိန္ဒိယ ကချင် ပြည်နယ် နယ်စပ် မှ တောတောင် ထူထပ် ပြီး ကြမ်းတမ်း မြင့်မား သောပန်ဆောင် တောင်ကြား ကို ဖြတ်ကျော် ခဲ့ရာ အချို့ နေရာ များသည် အမြင့်ပေ (၄၆၀၀) အထိ ရှိသည်။အူရောင်ငန်းဖျား၊ တုပ်ကွေး၊ ဌက်ဖျား ရောဂါများ ထူထပ် ပြီး မိုးရေချိန်များသည့် ပန်ဆောင် တောင်ကြား သည် ခက်ခဲ ကြမ်းတမ်း လွန်းသည့် အတွက် စစ် အတွင်းက “Hell Pass” ဟုပင်နာမည် တွင် ခဲ့သည်။ လမ်းဖောက်လုပ်ရန် ရှင်ဘွေယန် မြို့သို့ ပထမ ဆုံး မြေတူး စက် ရောက်ရှိခဲ့သောနေ့သည် ၁၉၄၂ ခု ဒီဇင်ဘာ (၂၇) ရက် ဖြစ် သည်။

ထိုလမ်းပိုင်းသည် အင်အား ကြီး မားသောအမှတ် (၁၈) ဂျပန် တပ်ကို ခုခံ တိုက်ခိုက် နေသည့် ချန်ကေရှိတ် တရုတ် စစ်သားများ အတွက် ထောက်ပံ့ ပစ္စည်းများပေး ပို့ရန်အသုံးဝင် ခဲ့သည်။ ဂျပန် တပ်များတောင်ဖက် သို့ ဆုတ်ခွာ သွားချိန်တွင် ရှင်ဘွေယန် တွင ္လီဒိုလမ်း ကို ဆက်လက် ဖောက်လုပ် ရန် လွယ်ကူ သွားခဲ့သည်။ ဂျပန်များဖောက်ထားသည့် လမ်းကြောင်း ကို လိုက်ပြီး ဆက်လက် ဖောက်လုပ် ခဲ့ကာ ထောက်ပံ့ ယာဉ်များ သုံးရန် (၄) လက်မ ပတ်လည်ရှိ ဓာတ်ဆီ ပိုက်လိုင်း နှစ်လိုင်းမှ လေးလိုင်း အထိ လမ်းကြောင်း တစ်လျှောက် ချထား ပေးခဲ့သည်။ လီဒို ရှင်ဘွေယန် (၁၀၃ မိုင်) လမ်းပိုင်း ပြီးစီးပြီးနောက် မြစ်ကြီးနား၊ ဗန်းမော် အထိ (၃၇၂ မိုင်)၊ ရှမ်း ပြည်နယ် နမ်းခမ်း၊ မြန်မာလမ်းမ လမ်းဆုံ မုံးယု မြို့ အထိ စုစု ပေါင်း (၄၆၅) မိုင် ဖောက်လုပ် ခဲ့သည်။ လီဒို လမ်း ဖောက်လုပ် ရာ မှာ စုစုပေါင်း မြစ်ချောင်း (၁၀) ခု နှင့် ချောင်းငယ်(၁၅၅) ခုကို ဖြတ်သန်း ခဲ့ရပြီး ပျမ်းမျှ (၂.၈ ) မိုင်တိုင် တွင် တံတား တစ်ခု ဆောက်ခဲ့ ရသည်။

၁၉၄၅ ခုနှစ် မတ် (၇) ရက်တွင် မဟာမိတ် တပ်ဖွဲ့ များက လားရှိုး မြို့ကို ဂျပန် လက်ထဲက တဆင့် ပြန်သိမ်း ယူခဲ့သည်။ မတ် (၂၀) ရက်တွင်မန္တလေး မြို့၊ မေ (၃) ရက်တွင် ရန်ကုန် မြို့ကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်။ဩဂုတ် (၆) ရက်နေ့ တွင် အမေရိကန်က ဂျပန် နိုင်ငံ ဟီရိုရှီးမား မြို့ကို ပထမ ဆုံးသော အနုမြူ ဗုံးကြဲ ချပြီး၊ (၉) ရက်နေ့ တွင် နာဂါစကီ မြို့ပေါ်ကို အနုမြူ ဗုံး နောက်ထပ် တစ်လုံး ချ အပြီး ဩဂုတ် (၁၅) ရက်နေ့ တွင် ဂျပန် တို့ လက်နက် ချ ခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာ လ (၂) ရက်နေ့ တွင်အမေရိကန် စစ်သင်္ဘော USS Missouri ပေါ်တွင် ဂျပန် က တရားဝင် လက်နက် ချကြောင်း လက်မှတ် ရေးထိုး ခဲ့ပြီး ဒုတိယ ကမ္ဘာစစ် ပြီးဆုံးခဲ့သည်။

လီဒိုလမ်းမကြီးကို ၁၀ လ ခန့်မျှသာ အသုံးပြုခဲ့ပြီး စစ်ပြီးဆုံး ပြီးနောက်ပိုင်းမှစ၍ လီဒို လမ်းမကြီး အားအသုံးပြု ခြင်းမရှိ တော့ပါချေ။ မြန်မာ ပြည် လွတ်လပ်ရေး ရပြီး နောက် လီဒို လမ်းမကြီး သည် တဖြည်းဖြည်း ပျက်စီး ယိုယွင်း လာခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် Land Rover ကား နှစ်စီး ဖြင့် လီဒို မြို့မှ မြစ်ကြီးနား မြို့သို့ ခရီးသွား တက္ကသိုလ် ကျောင်းသား (၆) ယောက် လိုက်ပါ လာခဲ့သည့် Oxford-Cambridge Overland Expedition အဖွဲ့ ရောက်ရှိလာခဲ့သည်။ ထိုအဖွဲ့သည် လီဒိုလမ်းပေါ်တွင်နောက်ဆုံး ခရီးသွားခဲ့သော အဖွဲ့ဖြစ်ပေသည်။

ယခုအချိန်တွင် ကချင်ပြည်နယ်ကို အနောက်မြောက်ဖက်မှ အရှေ့တောင်ဖက်သို့ ဖြတ်သန်းသွားသည့် လီဒိုလမ်းမကြီး ကို အိန္ဒိယနှင့် တရုတ်နိုင်ငံအကြား စီးပွားကုန်သွယ်မှုအတွက် အရေးပါသည့် အာရှလမ်းမကြီးတစ်ခုဖြစ်လာစေရန် အိန္ဒိယ နှင့် တရုတ် နိုင်ငံများ က မျှော်လင့်ထားကြသည်။ကချင်ပြည်နယ်၏ အနောက်မြောက် ဟူးကောင်းတောင်ကြား ပန်ဆောင်လမ်းမှ မြန်မာနိုင်ငံ အတွင်းသို့ ဖြတ်ဝင်လာသောလီဒိုလမ်းမကြီးသည် ကချင်ပြည်နယ်အတွင်း ရှင်ဘွေယန်နှင့် တနိုင်းမြို့ များသို့ ဆက်သွယ်ထား သည်။ တရုတ်နယ်စပ် ဝမ်တိန်မှ မိုင်းယု၊ နမ့်ခမ်း၊ ဗန်းမော်၊ မြစ်ကြီးနား၊ တနိုင်း လမ်းပိုင်းကို တရုတ်ဖက် မှပြုပြင်ဖောက် လုပ်နေ ပြီ ဖြစ်ပြီး အိန္ဒိယနယ်စပ်မှ တနိုင်းအထိ လမ်းပိုင်းကို အိန္ဒိယမှ တာဝန်ယူ ဖောက်လုပ်မည်ဟု သိရှိရသည်။ မြစ်ကြီးနား မြို့ကို ဖြတ် သန်းသွားသော လီဒို လမ်းမကြီး၏ဘေးတွင် အံတော်ရှင် ဘုရား၊ စိမ်းမြ ဧရာ ပန်းခြံ၊ နာရီစင်၊ မြစ်ကြီးနား လေဆိပ် တို့ရှိနေကြပေ သည်။

၂၀၁၀ ပြည့်နှစ်နောက်ပိုင်း တွင် အာသံ ပြည်နယ် မှ ဒေသခံ အချိုသည် မြန်မာ ပြည် နယ်စပ် ပန်ဆောင် တောင်ကြား အထိ လီဒို လမ်းကြောင်း အတိုင်း မော်တော် ဆိုင်ကယ်၊ ကား များဖြင့်အုပ်စု လိုက် ခရီး ထွက်ကြ ကြောင်းကြားသိရပေသည်။ ၂၀၀၈ ခုနှစ် တွင် ယူနန် တက္ကသိုလ်မှ သမိုင်း ပညာရှင် ဂီရှူရာ ဦးဆောင် ၍ တရုတ် သတင်း ထောက် (၁၀၀) ကျော် ပါဝင် သော အဖွဲ့သည်လီဒို လမ်းမကြီး အတိုင်း မြစ်ကြီးနား မြို့သို့ရောက်ရှိ လာခဲ့ကြသည်။ ဂီရှူရာသည် လီဒို မြို့သို့ ပထမဆုံး ရောက်ဖူး ခြင်းဖြစ်ပြီး လီဒို လမ်းမကြီး ၏အစိတ် အပိုင်း၊ တောတောင်၊ မြစ်ချောင်း၊ မိုင်တိုင် တစ်ခုတိုင်း တွင် ပြောပြ စရာ သမိုင်း အဖြစ် အပျက်များ များစွာရှိကြောင်း ပြောခဲ့ သည်။

အမေရိကန်နိုင်ငံရှိ ဒုတိယကမ္ဘာစစ် စစ်မှုထမ်း ဟောင်း အချို့ သည်လည်း လီဒို လမ်း၊ နှင့် မြန်မာလမ်းမ ခရီးစဉ် ကို လာရောက်ခဲ့ကြဖူးသည်။ မြန်မာ ပြည်သူများလည်း တစ်ဆစ်ချိုး အကွေ့ပေါင်း ၂၁ ကွေ့ ရှိကာ ၊ပေတစ်သောင်း ကျော်နက်သောချောက်ကမ်းပါးများရှိသည့် တောင်အသွယ်သွယ် ပေါ်တွင် ဖောက်လုပ် ထားသည့် လီဒိုလမ်းမ ကြီး တစ်လျှောက် ခရီးနှင် လှည့်လည်ရင်းအတိတ် သမိုင်း ကို ပြန်လည် ခံစား နိုင်ကြ သကဲ့သို့ ပြည်ပမှလာရောက်လည်ပတ် လိုသူ များကို လည်းလီဒိုလမ်းနှင့် မြန်မာလမ်းမတို့ကိုသွားရောက်နိုင်ရန် စီစဉ်ပေးနိုင်ပါက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအတွက် တစ်စိတ်တစ်ပ်ုင်း အထောက်အပံ့ဖြစ်လာနိုင်မည်ဟု ယူဆမိပါသည်။

( မြန်မာ့အလင်းသတင်းစာ)

Leave a Reply