ကမာၻေက်ာ္ D-Day (သုိ႔) ေနာ္မန္ဒီ ကမ္းတက္တိုက္ပြဲ အေၾကာင္းသိေကာင္းစရာ

Posted on

ေရးသားသူ – ကိုဇင္္

ဒုတိယကမၻာစစ္ကာလတြင္ နာဇီဂ်ာမန္တို႔ သိမ္းပိုက္ထားေသာ ျပင္သစ္ႏွင့္ ဘယ္လ္ဂ်ီယံ ႏိုင္ငံမ်ား ပါ၀င္သည့္ ဥေရာပတိုက္ အေနာက္ေျမာက္ျခမ္းကုိ မဟာမိတ္တို႔က ထိုးစစ္ဆင္ တိုက္ခိုက္ရန္ စကား၀ွက္ (Code Name) ကုိ အိုဗာေလာ့စစ္ဆင္ေရး (Operation Overlord) ဟု အမည္ေပးခဲ့သည္။ အိုဗာေလာ့ စစ္ဆင္ေရး၏ အဓိကအစိတ္အပိုင္းတစ္ရပ္ျဖစ္ေသာ ေနာ္မန္ဒီကမ္းတက္တိုက္ပြဲကုိလည္း နက္(ပ္)ကၽြန္းစစ္ဆင္ေရး (Operation Neptune) ဟူ၍ (Code Name) ေပးခဲ့သည္။ ၄င္းစစ္ဆင္ေရးကုိ စတင္သည့္ ၆ ဇြန္၊ ၁၉၄၄ (အဂၤါေန႔) ကုိ ၇ ရက္ (D Day) ဟု သတ္မွတ္ခဲ့၍ ကမၻာ့သမိုင္းတြင္ (D Day the 6th of June) ဟုလည္းေခၚဆိုိ ခဲ့ၾကသည္။ စစ္ဆင္ေရးတြင္ ျပင္သစ္ႏိုင္ငံ ေနာ္မန္ဒီကမ္းေျခ အေရွ႕မွ အေနာက္သို႔ ထိုးစစ္ဆင္ကမ္းတက္မည့္ ကမ္းေျခ ၅ ခုကုိ ( Sword Beach , Juno Beach , Gold Beach , Omaha Beach , Utah Beach) ဟူ၍ ခဲြျခားသတ္မွတ္ခဲ့သည္။

ေနာ္မန္ဒီကမ္းတက္စစ္ဆင္ေရးႀကီး ျဖစ္ေပၚလာရသည့္အေၾကာင္းရင္းကုိဆန္းစစ္ ၾကည့္လွ်င္ ဒုတိယကမၻာစစ္ႀကီးျဖစ္၍ႏွစ္ႏွစ္ေက်ာ္ အၾကာ ၇ ဒီဇင္ဘာ၊ ၁၉၄၁ တြင္ ဂ်ပန္သည္ ပစိဖိတ္သမုဒၵရာ၊ ဟာ၀ိုင္အီကၽြန္းရွိ အေမရိကန္တို႔၏ ေရတပ္စခန္းျဖစ္ေသာ ပုလဲဆိပ္ကမ္းကုိ ရုတ္တရက္ ၀င္တိုက္ျခင္းျဖင့္ အေမရိကန္ႏိုင္ငံသည္လည္း ဂ်ပန္ကုိစစ္ေၾကညာ၍ ဒုတိယကမၻာစစ္ထဲ ၀င္ေရာက္လာခဲ့သည္။ ရက္အနည္းငယ္ ၾကာၿပီးေနာက္ ဂ်ပန္၏မဟာမိတ္ ဂ်ာမဏီႏွင့္အီတလီကလည္း အေမရိကန္ကုိ ျပန္လည္ စစ္ေၾကညာခဲ့သည္။

ထုိအခ်ိန္က အေမရိကန္သမၼတျဖစ္သည့္ ဖရန္ကလင္ရုစဘဲ့ က အေမရိကန္ သည္ ပစိဖိ္တ္စစ္မ်က္ႏွာႏွင့္ ဥေရာပစစ္မ်က္ႏွာ ႏွစ္ခုစလုံးကုိ တစ္ခ်ိန္ထဲတြင္ တိုက္မည္မဟုတ္ဟု ဆုံးျဖတ္ခဲ့သည္။ သမတႏွင့္ ၎၏အႀကံေပးမ်ားက အေမရိကန္ အေနျဖင့္ ပထမဦးစြာ ဂ်ာမဏီႏွင့္ အီတလီကုိတိုက္ခိုက္ၿပီး ဥေရာပစစ္မ်က္ႏွာကုိ ေအာင္ျမင္ၿပီးမွ အာရွ စစ္မ်က္ႏွာရွိဂ်ပန္တို႔ကုိ တိုက္ခုိက္မည္ဟု ဆုံးျဖတ္ခဲ့သည္။

ဤဆုံးျဖတ္ခ်က္ေၾကာင့္ပင္ဂ်ပန္တို႔အတြက္ အာရွတစ္လႊားႏွင့္ပစိဖိတ္ေဒသ တို႔ကုိလြတ္လပ္စြာ ခ်ဲ႕ထြင္သိမ္းပိုက္ခြင့္ရရွိေစခဲ့သည္။ ဂ်ပန္တို႔သည္ ဟာ၀ိုင္အီကၽြန္းကုိတိုက္ခိုက္ၿပီး မၾကာမီ မွာပင္ ဂ်ပန္တပ္မ်ားသည္ ေဟာင္ေကာင္၊ မေလးယားႏွင့္ဖိလစ္ပိုင္ကၽြန္းတို႔ကုိ က်ဴးေက်ာ္တိုက္ခိုက္ခဲ့သည္။ ဂ်ပန္တို႔သည္ မနီလာကုိသိမ္းၿပီးေနာက္ ၁၉၄၂ ေဖေဖၚ၀ါရီလတြင္ အဂၤလိပ္တို႔ကုိတိုက္ခိုက္၍ စကၤာပူကုိ သိမ္းပိုက္ခဲ့သည္။ ထို႔ေနာက္ ျမန္မာႏုိင္ငံ၊ သီရိလကၤာႏွင့္ ဘဂၤလားပင္လယ္ေအာ္တစ္ေလွ်ာက္ အက္ဒမန္ ကၽြန္းမ်ားအထိ ဂ်ပန္တို႔သိမ္းႏိုင္ခဲ့၍ ၎၏စစ္အင္အားမွာ အလြန္ပင္ႀကီးမားလာခဲ့သည္။

သမၼတရုစဘဲ့အေနျဖင့္ အေမရိကန္တပ္အခ်ဳိ႕ကုိ ပစိဖိတ္ေဒသသို႔လႊတ္၍ ပ်က္စီးသြားေသာ ပုလဲ ဆိပ္ကမ္းရွိ အေမရိကန္ေရတပ္ကုိ ျပန္လည္တည္ေဆာက္ေစခဲ့သည္။ သို႔ေသာ္အေမရိကန္၏ စစ္တပ္အားလုံး နီးပါးကုိ ဥေရာပစစ္မ်က္ႏွာသို႔ အဓိကထားပို႔ခဲ့သည္။ အေမရိကန္သည္ ဗုံးမိုးရြာသြန္းျခင္းခံရ၍ ဟစ္တလာ၏ လက္ေအာာက္သို႔ က်ေရာက္လုနီးပါးျဖစ္ေနေသာ ၿဗိတိန္ႏိုင္ငံသို႔ စစ္အင္အားႏွင့္ စစ္လက္နက္အင္အားကုိ အလုံးအရင္းႏွင့္ ပ႔ုိခဲ့သည္။

အေမရိကန္စစ္အရာရွိမ်ားအေနျဖင့္ ဂ်ာမန္တို႔ကုိ အလွ်င္အျမန္တိုက္ခုိက္ရန္ အဂၤလိပ္ေရလက္ၾကားမွတစ္ဆင့္ ျဖတ္ေက်ာ္တိုက္ခိုက္လိုသည္။ သို႔ေသာ္၄င္းအစီ အစဥ္ကုိ အဂၤလိပ္၀န္ႀကီးခ်ဳပ္ ၀င္စတန္ခ်ာခ်ီ က ေအာင္ျမင္မႈမရႏိုင္ဟု စိုးရိမ္၍လက္မခံေပ။ ထို႕ေၾကာင့္အဂၤလိပ္ႏွင့္အေမရိကန္တပ္မ်ားသည္ အာဖရိကေျမာက္ပိုင္းရွိ အီတလီႏွင့္ ဂ်ာမန္တပ္မ်ားကုိတိုက္ခိုက္ေအာင္ျမင္ၿပီး ေျမထဲပင္လယ္ကုိျဖတ္ကာ စစၥလီကၽြန္းကုိ တိုက္ခိုက္၍ ဂ်ာမန္တို႔ကုိတိုက္ထုတ္ ႏိုင္ခဲ့သည္။ ထို႔ေနာက္ အီတလီကုိ ေအာင္ႏိုင္ခဲ့ သည္။

ဟစ္တလာ အေနျဖင့္ တစ္ဖက္တြင္ ဆိုဗီယက္ယူနီယံႏွင့္ျပင္းထန္စြာတိုက္ခိုက္ ေနရ၍ အာဖရိကေျမာက္ပုိင္းသို႔စစ္အင္အား မျဖည့္တင္းႏိုင္ခဲ့ေပ။ ဟစ္တလာသည္ ၂၂ ဇြန္၊ ၁၉၄၁ တြင္ ဘာဘရိုဆာစစ္ဆင္ေရး (Operation Barbarossa) ျဖင့္ ဆိုဗီယက္ ယူနီယံကုိက်ဴးေက်ာ္တိုက္ခိုက္ကာ အေရွ႕ဘက္စစ္မ်က္ႏွာကုိဖြင့္လွစ္ခဲ့သည္။ စစ္၏ အစဦးပိုင္းတြင္ ဆိုဗီယက္ယူနီယံကုိတိုက္ခိုက္ရန္ ဆုံးျဖတ္ခဲ့ျခင္းသည္ ဟစ္တလာအဘို႔ အႀကီးအက်ယ္မွားယြင္းခဲ့သည္။ စစ္မ်က္ႏွာႏွစ္ဘက္ဖြင့္လိုက္ရ၍ စစ္သည္အင္အား၊ လက္နက္အင္အားတို႔ကုိ ႏွစ္ဘက္ခဲြပို႔ေနရသည္။ သူ၏စီမံကိန္းမွာ ဆိုဗီယက္တပ္မ်ားကုိ လွ်င္ျမန္စြာတိုက္ခိုက္ ေခ်မႈန္းရန္ျဖစ္ေသာ္လည္း မေအာင္ျမင္ခဲ့ေပ။

ဂ်ာမန္တို႔သည္ ၁၉၄၁ ႏွစ္လည္ပိုင္းတြင္ စစ္သည္အင္အား သုံးသန္းေက်ာ္ျဖင့္ ဆိုဗီယက္ယူနီယံကုိ က်ဴးေက်ာ္တိုက္ခိုက္မႈသည္ အစပိုင္းတြင္ေအာင္ျမင္ခဲ့၍ ဆိုဗီယက္ၿမိဳ႕ႀကီးမ်ားျဖစ္ေသာ ယူကရိန္း၊ ကီးယက္(ဗ္) ၿမိဳ႕ႀကီးမ်ားအထိ ဂ်ာမန္တပ္မ်ား သိမ္းပိုက္ႏိုင္ခဲ့သည္။ သို႔ေသာ္ေနာင္ႏွစ္တြင္ အေျခအေနမွာေျပာင္းလဲခဲ့သည္။ ဆိုဗီယက္ ဗိုလ္ခ်ဳပ္ႀကီး မာရွယ္ဇူးေကာ့(ဗ္) ေခါင္းေဆာင္ေသာ ဆိုယီယက္တပ္နီေတာ္၏ ျပင္းထန္၍ ေၾကာက္မက္ ဖြယ္ေကာင္းေသာထိုးစစ္ကုိ ကမၻာေက်ာ္စတာလင္ဂရက္ၿမိဳ႕တိုက္ပဲြတြင္ ဂ်ာမန္တို႔မရႈမလွ ခံခဲ့ၾကရသည္။ ဆိုဗီယက္ေဆာင္းတြင္း၏ ျပင္းထန္ေသာအေအးဒဏ္ႏွင့္ အစာေရစာ ငတ္မြတ္မႈေၾကာင့္ ဂ်ာမန္တပ္သားမ်ား ေသဆုံးခဲ့ၾကရသည္။ ထို႔ေနာက္ဆိုဗီယက္တပ္မ်ားသည္ နာဇီဂ်ာမန္တို႔ကုိ လီနင္ဂရက္ၿမိဳ႕မွ တိုက္ထုတ္ႏိုင္ခဲ့ၿပီး ၁၉၄၄ ႏွစ္လယ္ပိုင္းတြင္ ဂ်ာမန္တပ္မ်ားဆိုဗီယက္ ယူနီယံမွဆုတ္ခြာ ခဲ့သည္။

စစ္ကာလအတြင္း ဂ်ာမန္ေရတပ္၏အဓိကရည္ရြယ္ခ်က္မွာ အေမရိကန္ႏိုင္ငံမွ ၿဗိတိန္ႏိုင္ငံသို႔ စစ္လက္နက္ပစၥည္းမ်ား၊ အစားအစာ ရိကၡာႏွင့္ စစ္တပ္မ်ား ေပးပုိ႔ေနမႈကုိ ဟန္႔တားရန္ျဖစ္သည္။ ဂ်ာမန္ယူဘုတ္ ေရငုတ္သေဘၤာတို႔သည္ အတၱလန္တစ္သမုဒၵရာကုိ ျဖတ္သန္းရသြားေသာ မဟာမိတ္သေဘၤာမ်ားကုိ ႀကီးမားစြာ အႏၲရာယ္ေပးႏိုင္ခဲ့သည္။ ၄င္းတို႔သည္ ပင္လယ္ၾကမ္းျပင္ေအာက္တြင္ ငုတ္လွ်ဳိး၍ အေပၚမွသြားလာေနေသာ သေဘၤာမ်ားကုိ ရုတ္တရက္တိုက္ခိုက္တတ္သည္။

အစပိုင္း ၁၉၄၁ တြင္ ဂ်ာမန္ယူဘုတ္ ေရငုတ္သေဘၤာမ်ား၏ စစ္ဆင္ေရးမ်ားေအာင္ျမင္ခဲ့ေသာ္လည္း ၁၉၄၃ တြင္ မဟာမိတ္သိပၸံပညာရွင္မ်ား၏ ဆိုနာႏွင့္ ေရဒါစံနစ္မ်ားတီထြင္လာႏိုင္မႈေၾကာင့္ ပင္လယ္ေရေပၚ ေရေအာက္ရွိ ဂ်ာမန္ေရငုတ္သေဘၤာမ်ားကုိ ေျခရာခံႏိုင္၍ တိုက္ခိုက္ဖ်က္ဆီးႏိုင္ခဲ့သည္။ ထို႔ေၾကာင့္မဟာမိတ္ တပ္မ်ား အတၱလန္တစ္သမုဒၵရာကုိ တျဖည္းျဖည္းထိန္းခ်ဳပ္လာႏိုင္ခဲ့သည္။

အစဥ္အလာအရ ႏွစ္ဘက္ေရတပ္မ်ားသည္ ပင္လယ္ေရမ်က္ႏွာျပင္တြင္ အျပန္အလွန္ထိုးစစ္ဆင္ၾက စၿမဲျဖစ္သည္။ သို႔ေသာ္ေလတပ္တိုက္ေလယာဥ္မ်ား၏ အစြမ္းထက္ေသာ တိုက္ခိုက္မႈမ်ားေၾကာင့္ ဂ်ာမန္တို႔၏ အႀကီးမားဆုံးေရတပ္သေဘၤာႀကီးျဖစ္သည့္ ဘစ္စမတ္မွာ ႏွစ္ျမွဳပ္ျခင္းခံလိုက္ရသည္။ ၁၉၄၂ ေမလတြင္ အဂၤလိပ္ႏွင့္အေမရိကန္ဗုံးႀကဲေလယာဥ္ တစ္ေထာင္ခန္႔သည္ ဂ်မန္တို႔၏စစ္ေရးႏွင့္စက္မႈအေျခ စိုက္စခန္းမ်ားကုိ ျပင္းထန္စြာဗုံးႀကဲတိုက္ခိုက္ခဲ့သည္။ ၎တို႔သည္ ဂ်ာမန္တို႔၏ က်ဴးေက်ာ္မႈေၾကာင့္ျဖစ္ ေပၚခဲ့ရေသာဆိုးက်ဳိး မ်ားကုိ ဂ်ာမဏီျပည္သူမ်ားအားသိရွိေစရန္ ဂ်ာမဏီ၏ ၿမိဳ႕ႀကီးမ်ားကုိဗုံးႀကဲတိုက္ခိုက္ခဲ့သည္မွာ ၁၉၄၅ စစ္ၿပီးဆုံး ခ်ိန္တိုင္ေအာင္ျဖစ္သည္။

စစ္ႀကီးအစပိုင္းတြင္ ဟစ္တလာ၏ေအာင္ျမင္မႈမ်ားသည္ တစ္ကမၻာလုံးရွိ ျပည္သူမ်ားကုိ စိုးရိမ္ ထိတ္္လန္႔ေစခဲ့သည္။ ဟစ္တလာႏွင့္ သူ၏မဟာမိတ္တပ္မ်ား၏ ေအာင္ျမင္မႈမ်ားသည္ တစ္ပြဲၿပီးတစ္ပဲြဆက္ ေနသည္။ သူတို႔သည္ ၿဗိတိန္ႏိုင္ငံမွတစ္ပါး ဥေရာပတုိုက္အေနာက္ျခမ္းကုိ သိမ္းပိုက္စိုးမုုိိးၿပီးျဖစ္၍ ဆိုဗီယက္ ယူနီယံကုိလည္း က်ဴးေက်ာ္တိုက္ခိုက္ခဲ့သည္။ ထို႔အတူ အာဖရိကေျမာက္ပိုင္းကုိ သိမ္းပိုက္ႏိုင္ၿပီးလွ်င္ ၄င္းတို႔၏ ေရငုတ္သေဘၤာမ်ားက အတၱလန္တစ္သမုဒၵရာတစ္ခုလုံးကုိ စိုးမိုးထားႏိုင္ခဲ့သည္။ ဂ်ာမဏီသည္ အေမရိကန္ ႏိုင္ငံ ဥေရာပစစ္ထဲ၀င္လာၿပီး ပထမလပိုင္းမွသည္ ၁၉၄၂ ႏို၀င္ဘာလအထိ အင္အားႀကီးမားေနခဲ့ ေသာ္လည္း ေနာက္ပိုင္းတြင္ တျဖည္းျဖည္းအင္အားက်ဆင္းလာခဲ့သည္။

ဂ်ာမဏီႏွင့္ ၎၏မဟာမိတ္မ်ားသည္ ၁၉၄၃ ၏ ပထမႏွစ္၀က္ပိုင္းတြင္ ဆိုးရြားစြာ ဆုံးရႈံးထိခိုက္ခဲ့ရ သည္။ ဆိုဗီယက္ယူနီယံ စတာလင္ဂရက္တိုက္ပဲြတြင္ ဂ်ာမန္စစ္သားေပါင္း တစ္သိန္းေျခာက္ေသာင္း (၁၆၀၀၀၀) ခန္႔ေသေၾကခဲ့၍ တပ္သားတစ္သိန္းတစ္ေသာင္း (၁၁၀၀၀၀)ေက်ာ္မွာလက္နက္ခ်အဖမ္း ခံခဲ့ရသည္။ အာဖရိကေျမာက္ပိုင္းစစ္ပဲြမ်ားတြင္ ဂ်ာမဏီႏွင့္ အီတလီစစ္သားႏွစ္သိန္းငါးေသာင္း (၂၅၀၀၀၀) ခန္႔လက္နက္ခ် အဖမ္းခံခဲ့ရသည္။ ေထာင္ေပါင္းမ်ားစြာေသာစစ္သားမ်ား စစၥလီကၽြန္းႏွင့့္အီတလီႏိုင္ငံတိုက္ပြဲမ်ားတြင္ ေသဆုံး အဖမ္းခံခဲ့ရသည္။ ေျမာက္အတၱလန္တစ္ေရျပင္ကုိ စိုးမိုးထားထားေသာ ဂ်ာမန္ေရငုတ္သေဘၤာမ်ား မွာလည္း ဖ်က္ဆီးျခင္းခံခဲ့ရသည္။

၁၉၄၃ ခုႏွစ္ကုန္ပိုင္းတြင္မူ ဟစ္လာ၏တပ္မ်ားသည္ အင္အားက်ဆင္းခဲ့ရသည္။ သို႔ေသာ္ဂ်ာမန္တပ္မ်ားသည္ ျပင္သစ္ႏွင့္ ဘယ္လ္ဂ်ီယံႏိုင္ငံမ်ား အပါအ၀င္ က်န္ရွိေနသည့္ ဥေရာပအေနာက္ ျခမ္းကုိသိမ္းပိုက္ထားဆဲပင္ျဖစ္သည္။ ထို႔ေၾကာင့္ဤအခ်ိန္သည္ ဂ်ာမဏီသိမ္းပိုက္ထားေသာ ျပင္သစ္အပါအ၀င္ ဥေရာပအေနာက္ျခမ္းကုိ တိုက္ခိုက္သိမ္းပိုက္ရန္ အဂၤလိပ္ေရလက္ၾကားကုိျဖတ္၍ ျပင္သစ္ႏိုင္ငံ ေနာ္မန္ဒီ ကမ္းေျခမွတဆင့္ ၀င္ေရာက္ရန္မဟာမိတ္တို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့့သည္။ ထို႔ေၾကာင့္ကမၻာ႔သမိုင္းတြင္ အႀကီးက်ယ္ ဆုံးကမ္းတက္စစ္ဆင္ေရးႀကီးျဖစ္သည့္ ဒီေဒးဟုေခၚသည့္ ေနာ္မန္ဒီကမ္းတက္တိုက္ပဲြႀကီးကုိ ၆ ဇြန္၊ ၁၉၄၄ ေန႔တြင္ စတင္ခဲ့သည္။

ဂ်ာမဏီေခါင္းေဆာင္ ဟစ္တလာအေနျဖင့္ မဟာမိတ္တို႔ဘက္မွ ကမ္းတက္စစ္ဆင္ေရးႀကီးတစ္ခု ဆင္ႏြဲမည္ကုိ သိေသာ္ျငားလည္း မည္သည့္ေနရာမွ ၀င္ေရာက္မည္ကုိမသိခဲ့ေပ။ ဂ်ာမန္တို႔ကမဟာမိတ္တပ္မ်ားသည္ ျပင္သစ္ႏိုင္ငံ ( Calais ) ေဒသမွ ၀င္ေရာက္ တိုက္ခိုက္မည္ဟု ထင္မွတ္ထားခဲ့ၾကသည္။ သို႔ေသာ္ ၎တို႔၏ ယူဆခ်က္ မွားယြင္းကာ အေမရိကန္ဗိုလ္ခ်ဳပ္ႀကီး အိုက္ဆင္ေဟာင္၀ါ က အဂၤလိပ္ေရလက္ၾကားကုိ ျဖတ္၍ ေနာ္မန္ဒီကမ္းေျခမွ ျပင္သစ္ႏို္င္ငံသို႔၀င္ေရာက္ရန္ ဆုံးျဖတ္ ခဲ့သည္။

ဗိုလ္ခ်ဳပ္ႀကီးအိုက္ဆင္ေဟာင္၀ါတြင္ စစ္သည္အင္အား တစ္သိန္းငါးေသာင္း(၁၅၀၀၀၀)၊ စစ္ေလယာဥ္ (၁၂၀၀၀) ခန္႔ႏွင့္ ေျမာက္ျမားလွစြာေသာ ေထာက္ပံ့မႈမ်ားရွိေနသည္။ အိုက္ဆင္ ေဟာင္၀ါအေနျဖင့္ တစ္ဘက္ ရန္သူမရိပ္မိေအာင္ ရုတ္တရက္ ၀င္ေရာက္တိုက္ခိုက္ျခင္းျဖစ္၍ စစ္ဆင္ေရးႀကီးစတင္ ခ်ိန္မွာပင္ ဂ်ာမန္ဗိုလ္ခ်ဳပ္ႀကီး ရြန္းမဲလ္ ႏွင့္ အျခားေသာ ဂ်ာမန္စစ္ေရးပါရဂူမ်ားပင္ မဟာမိတ္တပ္မ်ား ေနာ္မန္ဒီကမ္းေျခမွ အမွန္တကယ္ထုိးစစ္ဆင္လာသည္ကုိ မယံု ၾကည္ၾကေပ။ သို႔ရာတြင္ စစ္ဆင္ေရးႀကီးမွာ အမွန္တစ္ကယ္ပင္ စတင္ႏိုင္ခဲ့သည္။ ဇြန္လ ၅ရက္ေန႔ ညမွာပင္ မဟာမိတ္စစ္ေလယာဥ္မ်ားက ေထာင္ေပါင္းမ်ားစြာေသာ ေလထီး စစ္သည္မ်ားကုိ ေနာ္မန္ဒီကမ္းေျခအတြင္းပိုင္း ဂ်ာမန္တို႔၏ေနာက္တန္းသို႔ ခ်ေပးႏိုင္ခဲ့ သည္။

ထို႔ေနာက္မဟာမိတ္ဗုံးႀကဲေလယာဥ္ႀကီးမ်ားက ဂ်ာမန္ခံစစ္ေၾကာင္းမ်ားကုိ ဗုံးမိုးရြာခဲ့သည္။ ဇြန္လ ၆ ရက္ေန႔နံနက္ပိုင္းတြင္ ေထာင္ေပါင္းမ်ားေသာ စစ္သေဘၤာမ်ားသည္ သတ္မွတ္ထား ေသာ ေနာ္မန္ဒီ ကမ္းေျခ ေနရာ (၅) ေနရာ (Sword Beach, Juno Beach, Gold Beach, Omaha Beach, Utah Beach) သို႔စစ္သည္ လက္နက္ အေထာက္အပံ့ အျပည့္အစုံျဖင့္ ခ်ဥ္းကပ္လာႏိုင္ခဲ့သည္။ တိုက္ပြဲမ်ားသည္ လွ်င္ျမန္ျပင္းထန္ၿပီး ေသြးေခ်ာင္းစီး တိုက္ပဲြမ်ား ျဖစ္ခဲ့သည္။ ေနာ္မန္ဒီကမ္းေျခ တစ္ေလွ်ာက္ ဂ်ာမန္ခံစစ္ ေၾကာင္းမ်ားသည္ ေတာင့္တင္းခိုင္မာလွေသာ္လည္း မဟာမိတ္ စစ္သည္တို႔၏ ႀကီးမားလွစြာေသာ အလုံးအရင္းႏွင့္ထိုးစစ္ဆင္မႈကုိ မခံႏိုင္ဘဲၿပိဳလဲ ခဲ့ရသည္။

ထို႔ေၾကာင့္ မဟာမိတ္စစ္သည္တို႔သည္ ေနာ္မန္ဒီကမ္းေျခ တစ္ေလွ်ာက္ တစ္ခုၿပီးတစ္ခု ထိုးစစ္ဆင္၍ ေအာင္ပဲြရခဲ့သည္။ ထို႔ေနာက္မဟာမိတ္ တပ္မ်ားျပင္သစ္ႏိုင္ငံကုိ အေျခခ်ႏိုင္ခဲ့သည္။ ရက္သတၱတစ္ပတ္အတြင္း ျပင္သစ္ႏိုင္ငံ အတြင္းသို႔ မဟာမိ္တ္ တပ္သားေပါင္းေျခာက္သိန္း (၆၀၀၀၀၀) ႏွင့့္ ယာဥ္အစီးေရ ကုိးေသာင္း (၉၀၀၀၀) ခန္႔ သယ္ေဆာင္၀င္ေရာက္ ႏိုင္ခဲ့သည္။ ဂ်ာမန္တို႔သည္ မဟာမိတ္တပ္မ်ားကုိ မည္သို႔မွ် ထိမ္းခ်ဳပ္၍မရႏိုင္ ေတာ့ဘဲ ၾသဂုတ္လေႏွာင္းပိုင္းတြင္ မဟာမိတ္တပ္မ်ားၿမိဳ႕ေတာ္ ပဲရစ္ကုိ သိမ္းပိုက္ႏိုင္ခဲ့သည္။ ေနာက္ဆုံးတြင္ ဂ်ာမန္တို႔စစ္ရႈံး၍ ဗိုလ္ခ်ဳပ္ႀကီး အိုက္ဆင္ေဟာင္၀ါထံတြင္ လက္နက္ခ်ခဲ့ရသည္။

အခ်ဳပ္ဆိုရေသာ္ အာဏာရွင္၀ါဒျဖင့္ ကမၻာႀကီးကုိစိုးမိုး၍ ႏွစ္ေပါင္းတစ္ေထာင္ခံမည့္ တတိယအင္ပါယာ (Third Reich) တည္ေထာင္ရန္ႀကံရြယ္သည့္ ဟစ္တလာ၏ စီမံကိန္းမွာ ပ်က္ျပားခဲ့ရ၍ ၎ကုိယ္တိုင္မွာ လည္းေနာက္ဆုံးတြင္ ကိုယ့္ကိုယ္ကုိ သတ္ေသျခင္းျဖင့္ နိဂုံးခ်ဳပ္ခဲ့ရသည္။
(သုိ႔ေသာ္ ထုိစဥ္က ဟစ္တလာ မေသခဲ့ပဲ ထြက္ေျပးသြားခဲ့သည္ဟူေသာ ယုံၾကည္ျငင္းဆုိမႈမ်ားသည္ ယေန႔ထက္တုိင္ ရွိေနဆဲျဖစ္သည္။)

ကိုးကား
American Mosaic 2003 Series (USIS)
d-day (Official Website of US Army)
dday Org
americandday org


ကမ္ဘာကျော် D-Day (သို့) နော်မန်ဒီ ကမ်းတက်တိုက်ပွဲ အကြောင်းသိကောင်းစရာ (unicode)

ရေးသားသူ – ကိုဇင်

ဒုတိယကမ္ဘာစစ်ကာလတွင် နာဇီဂျာမန်တို့ သိမ်းပိုက်ထားသော ပြင်သစ်နှင့် ဘယ်လ်ဂျီယံ နိုင်ငံများ ပါဝင်သည့် ဥရောပတိုက် အနောက်မြောက်ခြမ်းကို မဟာမိတ်တို့က ထိုးစစ်ဆင် တိုက်ခိုက်ရန် စကားဝှက် (Code Name) ကို အိုဗာလော့စစ်ဆင်ရေး (Operation Overlord) ဟု အမည်ပေးခဲ့သည်။ အိုဗာလော့ စစ်ဆင်ရေး၏ အဓိကအစိတ်အပိုင်းတစ်ရပ်ဖြစ်သော နော်မန်ဒီကမ်းတက်တိုက်ပွဲကိုလည်း နက်(ပ်)ကျွန်းစစ်ဆင်ရေး (Operation Neptune) ဟူ၍ (Code Name) ပေးခဲ့သည်။ ၎င်းစစ်ဆင်ရေးကို စတင်သည့် ၆ ဇွန်၊ ၁၉၄၄ (အင်္ဂါနေ့) ကို ၇ ရက် (D Day) ဟု သတ်မှတ်ခဲ့၍ ကမ္ဘာ့သမိုင်းတွင် (D Day the 6th of June) ဟုလည်းခေါ်ဆို ခဲ့ကြသည်။ စစ်ဆင်ရေးတွင် ပြင်သစ်နိုင်ငံ နော်မန်ဒီကမ်းခြေ အရှေ့မှ အနောက်သို့ ထိုးစစ်ဆင်ကမ်းတက်မည့် ကမ်းခြေ ၅ ခုကို ( Sword Beach , Juno Beach , Gold Beach , Omaha Beach , Utah Beach) ဟူ၍ ခွဲခြားသတ်မှတ်ခဲ့သည်။

နော်မန်ဒီကမ်းတက်စစ်ဆင်ရေးကြီး ဖြစ်ပေါ်လာရသည့်အကြောင်းရင်းကိုဆန်းစစ် ကြည့်လျှင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်၍နှစ်နှစ်ကျော် အကြာ ၇ ဒီဇင်ဘာ၊ ၁၉၄၁ တွင် ဂျပန်သည် ပစိဖိတ်သမုဒ္ဒရာ၊ ဟာဝိုင်အီကျွန်းရှိ အမေရိကန်တို့၏ ရေတပ်စခန်းဖြစ်သော ပုလဲဆိပ်ကမ်းကို ရုတ်တရက် ဝင်တိုက်ခြင်းဖြင့် အမေရိကန်နိုင်ငံသည်လည်း ဂျပန်ကိုစစ်ကြေညာ၍ ဒုတိယကမ္ဘာစစ်ထဲ ဝင်ရောက်လာခဲ့သည်။ ရက်အနည်းငယ် ကြာပြီးနောက် ဂျပန်၏မဟာမိတ် ဂျာမဏီနှင့်အီတလီကလည်း အမေရိကန်ကို ပြန်လည် စစ်ကြေညာခဲ့သည်။

ထိုအချိန်က အမေရိကန်သမ္မတဖြစ်သည့် ဖရန်ကလင်ရုစဘဲ့ က အမေရိကန် သည် ပစိဖိ်တ်စစ်မျက်နှာနှင့် ဥရောပစစ်မျက်နှာ နှစ်ခုစလုံးကို တစ်ချိန်ထဲတွင် တိုက်မည်မဟုတ်ဟု ဆုံးဖြတ်ခဲ့သည်။ သမတနှင့် ၎င်း၏အကြံပေးများက အမေရိကန် အနေဖြင့် ပထမဦးစွာ ဂျာမဏီနှင့် အီတလီကိုတိုက်ခိုက်ပြီး ဥရောပစစ်မျက်နှာကို အောင်မြင်ပြီးမှ အာရှ စစ်မျက်နှာရှိဂျပန်တို့ကို တိုက်ခိုက်မည်ဟု ဆုံးဖြတ်ခဲ့သည်။

ဤဆုံးဖြတ်ချက်ကြောင့်ပင်ဂျပန်တို့အတွက် အာရှတစ်လွှားနှင့်ပစိဖိတ်ဒေသ တို့ကိုလွတ်လပ်စွာ ချဲ့ထွင်သိမ်းပိုက်ခွင့်ရရှိစေခဲ့သည်။ ဂျပန်တို့သည် ဟာဝိုင်အီကျွန်းကိုတိုက်ခိုက်ပြီး မကြာမီ မှာပင် ဂျပန်တပ်များသည် ဟောင်ကောင်၊ မလေးယားနှင့်ဖိလစ်ပိုင်ကျွန်းတို့ကို ကျူးကျော်တိုက်ခိုက်ခဲ့သည်။ ဂျပန်တို့သည် မနီလာကိုသိမ်းပြီးနောက် ၁၉၄၂ ဖေဖေါ်ဝါရီလတွင် အင်္ဂလိပ်တို့ကိုတိုက်ခိုက်၍ စင်္ကာပူကို သိမ်းပိုက်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ၊ သီရိလင်္ကာနှင့် ဘင်္ဂလားပင်လယ်အော်တစ်လျှောက် အက်ဒမန် ကျွန်းများအထိ ဂျပန်တို့သိမ်းနိုင်ခဲ့၍ ၎င်း၏စစ်အင်အားမှာ အလွန်ပင်ကြီးမားလာခဲ့သည်။

သမ္မတရုစဘဲ့အနေဖြင့် အမေရိကန်တပ်အချို့ကို ပစိဖိတ်ဒေသသို့လွှတ်၍ ပျက်စီးသွားသော ပုလဲ ဆိပ်ကမ်းရှိ အမေရိကန်ရေတပ်ကို ပြန်လည်တည်ဆောက်စေခဲ့သည်။ သို့သော်အမေရိကန်၏ စစ်တပ်အားလုံး နီးပါးကို ဥရောပစစ်မျက်နှာသို့ အဓိကထားပို့ခဲ့သည်။ အမေရိကန်သည် ဗုံးမိုးရွာသွန်းခြင်းခံရ၍ ဟစ်တလာ၏ လက်အောက်သို့ ကျရောက်လုနီးပါးဖြစ်နေသော ဗြိတိန်နိုင်ငံသို့ စစ်အင်အားနှင့် စစ်လက်နက်အင်အားကို အလုံးအရင်းနှင့် ပို့ခဲ့သည်။

အမေရိကန်စစ်အရာရှိများအနေဖြင့် ဂျာမန်တို့ကို အလျှင်အမြန်တိုက်ခိုက်ရန် အင်္ဂလိပ်ရေလက်ကြားမှတစ်ဆင့် ဖြတ်ကျော်တိုက်ခိုက်လိုသည်။ သို့သော်၎င်းအစီ အစဉ်ကို အင်္ဂလိပ်ဝန်ကြီးချုပ် ဝင်စတန်ချာချီ က အောင်မြင်မှုမရနိုင်ဟု စိုးရိမ်၍လက်မခံပေ။ ထို့ကြောင့်အင်္ဂလိပ်နှင့်အမေရိကန်တပ်များသည် အာဖရိကမြောက်ပိုင်းရှိ အီတလီနှင့် ဂျာမန်တပ်များကိုတိုက်ခိုက်အောင်မြင်ပြီး မြေထဲပင်လယ်ကိုဖြတ်ကာ စစ္စလီကျွန်းကို တိုက်ခိုက်၍ ဂျာမန်တို့ကိုတိုက်ထုတ် နိုင်ခဲ့သည်။ ထို့နောက် အီတလီကို အောင်နိုင်ခဲ့ သည်။

ဟစ်တလာ အနေဖြင့် တစ်ဖက်တွင် ဆိုဗီယက်ယူနီယံနှင့်ပြင်းထန်စွာတိုက်ခိုက် နေရ၍ အာဖရိကမြောက်ပိုင်းသို့စစ်အင်အား မဖြည့်တင်းနိုင်ခဲ့ပေ။ ဟစ်တလာသည် ၂၂ ဇွန်၊ ၁၉၄၁ တွင် ဘာဘရိုဆာစစ်ဆင်ရေး (Operation Barbarossa) ဖြင့် ဆိုဗီယက် ယူနီယံကိုကျူးကျော်တိုက်ခိုက်ကာ အရှေ့ဘက်စစ်မျက်နှာကိုဖွင့်လှစ်ခဲ့သည်။ စစ်၏ အစဦးပိုင်းတွင် ဆိုဗီယက်ယူနီယံကိုတိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် ဟစ်တလာအဘို့ အကြီးအကျယ်မှားယွင်းခဲ့သည်။ စစ်မျက်နှာနှစ်ဘက်ဖွင့်လိုက်ရ၍ စစ်သည်အင်အား၊ လက်နက်အင်အားတို့ကို နှစ်ဘက်ခွဲပို့နေရသည်။ သူ၏စီမံကိန်းမှာ ဆိုဗီယက်တပ်များကို လျှင်မြန်စွာတိုက်ခိုက် ချေမှုန်းရန်ဖြစ်သော်လည်း မအောင်မြင်ခဲ့ပေ။

ဂျာမန်တို့သည် ၁၉၄၁ နှစ်လည်ပိုင်းတွင် စစ်သည်အင်အား သုံးသန်းကျော်ဖြင့် ဆိုဗီယက်ယူနီယံကို ကျူးကျော်တိုက်ခိုက်မှုသည် အစပိုင်းတွင်အောင်မြင်ခဲ့၍ ဆိုဗီယက်မြို့ကြီးများဖြစ်သော ယူကရိန်း၊ ကီးယက်(ဗ်) မြို့ကြီးများအထိ ဂျာမန်တပ်များ သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်နောင်နှစ်တွင် အခြေအနေမှာပြောင်းလဲခဲ့သည်။ ဆိုဗီယက် ဗိုလ်ချုပ်ကြီး မာရှယ်ဇူးကော့(ဗ်) ခေါင်းဆောင်သော ဆိုယီယက်တပ်နီတော်၏ ပြင်းထန်၍ ကြောက်မက် ဖွယ်ကောင်းသောထိုးစစ်ကို ကမ္ဘာကျော်စတာလင်ဂရက်မြို့တိုက်ပွဲတွင် ဂျာမန်တို့မရှုမလှ ခံခဲ့ကြရသည်။ ဆိုဗီယက်ဆောင်းတွင်း၏ ပြင်းထန်သောအအေးဒဏ်နှင့် အစာရေစာ ငတ်မွတ်မှုကြောင့် ဂျာမန်တပ်သားများ သေဆုံးခဲ့ကြရသည်။ ထို့နောက်ဆိုဗီယက်တပ်များသည် နာဇီဂျာမန်တို့ကို လီနင်ဂရက်မြို့မှ တိုက်ထုတ်နိုင်ခဲ့ပြီး ၁၉၄၄ နှစ်လယ်ပိုင်းတွင် ဂျာမန်တပ်များဆိုဗီယက် ယူနီယံမှဆုတ်ခွာ ခဲ့သည်။

စစ်ကာလအတွင်း ဂျာမန်ရေတပ်၏အဓိကရည်ရွယ်ချက်မှာ အမေရိကန်နိုင်ငံမှ ဗြိတိန်နိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ၊ အစားအစာ ရိက္ခာနှင့် စစ်တပ်များ ပေးပို့နေမှုကို ဟန့်တားရန်ဖြစ်သည်။ ဂျာမန်ယူဘုတ် ရေငုတ်သင်္ဘောတို့သည် အတ္တလန်တစ်သမုဒ္ဒရာကို ဖြတ်သန်းရသွားသော မဟာမိတ်သင်္ဘောများကို ကြီးမားစွာ အန္တရာယ်ပေးနိုင်ခဲ့သည်။ ၎င်းတို့သည် ပင်လယ်ကြမ်းပြင်အောက်တွင် ငုတ်လျှိုး၍ အပေါ်မှသွားလာနေသော သင်္ဘောများကို ရုတ်တရက်တိုက်ခိုက်တတ်သည်။

အစပိုင်း ၁၉၄၁ တွင် ဂျာမန်ယူဘုတ် ရေငုတ်သင်္ဘောများ၏ စစ်ဆင်ရေးများအောင်မြင်ခဲ့သော်လည်း ၁၉၄၃ တွင် မဟာမိတ်သိပ္ပံပညာရှင်များ၏ ဆိုနာနှင့် ရေဒါစံနစ်များတီထွင်လာနိုင်မှုကြောင့် ပင်လယ်ရေပေါ် ရေအောက်ရှိ ဂျာမန်ရေငုတ်သင်္ဘောများကို ခြေရာခံနိုင်၍ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်။ ထို့ကြောင့်မဟာမိတ် တပ်များ အတ္တလန်တစ်သမုဒ္ဒရာကို တဖြည်းဖြည်းထိန်းချုပ်လာနိုင်ခဲ့သည်။

အစဉ်အလာအရ နှစ်ဘက်ရေတပ်များသည် ပင်လယ်ရေမျက်နှာပြင်တွင် အပြန်အလှန်ထိုးစစ်ဆင်ကြ စမြဲဖြစ်သည်။ သို့သော်လေတပ်တိုက်လေယာဉ်များ၏ အစွမ်းထက်သော တိုက်ခိုက်မှုများကြောင့် ဂျာမန်တို့၏ အကြီးမားဆုံးရေတပ်သင်္ဘောကြီးဖြစ်သည့် ဘစ်စမတ်မှာ နှစ်မြှုပ်ခြင်းခံလိုက်ရသည်။ ၁၉၄၂ မေလတွင် အင်္ဂလိပ်နှင့်အမေရိကန်ဗုံးကြဲလေယာဉ် တစ်ထောင်ခန့်သည် ဂျမန်တို့၏စစ်ရေးနှင့်စက်မှုအခြေ စိုက်စခန်းများကို ပြင်းထန်စွာဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ၎င်းတို့သည် ဂျာမန်တို့၏ ကျူးကျော်မှုကြောင့်ဖြစ် ပေါ်ခဲ့ရသောဆိုးကျိုး များကို ဂျာမဏီပြည်သူများအားသိရှိစေရန် ဂျာမဏီ၏ မြို့ကြီးများကိုဗုံးကြဲတိုက်ခိုက်ခဲ့သည်မှာ ၁၉၄၅ စစ်ပြီးဆုံး ချိန်တိုင်အောင်ဖြစ်သည်။

စစ်ကြီးအစပိုင်းတွင် ဟစ်တလာ၏အောင်မြင်မှုများသည် တစ်ကမ္ဘာလုံးရှိ ပြည်သူများကို စိုးရိမ် ထိတ်လန့်စေခဲ့သည်။ ဟစ်တလာနှင့် သူ၏မဟာမိတ်တပ်များ၏ အောင်မြင်မှုများသည် တစ်ပွဲပြီးတစ်ပွဲဆက် နေသည်။ သူတို့သည် ဗြိတိန်နိုင်ငံမှတစ်ပါး ဥရောပတိုက်အနောက်ခြမ်းကို သိမ်းပိုက်စိုးမိုးပြီးဖြစ်၍ ဆိုဗီယက် ယူနီယံကိုလည်း ကျူးကျော်တိုက်ခိုက်ခဲ့သည်။ ထို့အတူ အာဖရိကမြောက်ပိုင်းကို သိမ်းပိုက်နိုင်ပြီးလျှင် ၎င်းတို့၏ ရေငုတ်သင်္ဘောများက အတ္တလန်တစ်သမုဒ္ဒရာတစ်ခုလုံးကို စိုးမိုးထားနိုင်ခဲ့သည်။ ဂျာမဏီသည် အမေရိကန် နိုင်ငံ ဥရောပစစ်ထဲဝင်လာပြီး ပထမလပိုင်းမှသည် ၁၉၄၂ နိုဝင်ဘာလအထိ အင်အားကြီးမားနေခဲ့ သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်းအင်အားကျဆင်းလာခဲ့သည်။

ဂျာမဏီနှင့် ၎င်း၏မဟာမိတ်များသည် ၁၉၄၃ ၏ ပထမနှစ်ဝက်ပိုင်းတွင် ဆိုးရွားစွာ ဆုံးရှုံးထိခိုက်ခဲ့ရ သည်။ ဆိုဗီယက်ယူနီယံ စတာလင်ဂရက်တိုက်ပွဲတွင် ဂျာမန်စစ်သားပေါင်း တစ်သိန်းခြောက်သောင်း (၁၆၀၀၀၀) ခန့်သေကြေခဲ့၍ တပ်သားတစ်သိန်းတစ်သောင်း (၁၁၀၀၀၀)ကျော်မှာလက်နက်ချအဖမ်း ခံခဲ့ရသည်။ အာဖရိကမြောက်ပိုင်းစစ်ပွဲများတွင် ဂျာမဏီနှင့် အီတလီစစ်သားနှစ်သိန်းငါးသောင်း (၂၅၀၀၀၀) ခန့်လက်နက်ချ အဖမ်းခံခဲ့ရသည်။ ထောင်ပေါင်းများစွာသောစစ်သားများ စစ္စလီကျွန်းနှင့်အီတလီနိုင်ငံတိုက်ပွဲများတွင် သေဆုံး အဖမ်းခံခဲ့ရသည်။ မြောက်အတ္တလန်တစ်ရေပြင်ကို စိုးမိုးထားထားသော ဂျာမန်ရေငုတ်သင်္ဘောများ မှာလည်း ဖျက်ဆီးခြင်းခံခဲ့ရသည်။

၁၉၄၃ ခုနှစ်ကုန်ပိုင်းတွင်မူ ဟစ်လာ၏တပ်များသည် အင်အားကျဆင်းခဲ့ရသည်။ သို့သော်ဂျာမန်တပ်များသည် ပြင်သစ်နှင့် ဘယ်လ်ဂျီယံနိုင်ငံများ အပါအဝင် ကျန်ရှိနေသည့် ဥရောပအနောက် ခြမ်းကိုသိမ်းပိုက်ထားဆဲပင်ဖြစ်သည်။ ထို့ကြောင့်ဤအချိန်သည် ဂျာမဏီသိမ်းပိုက်ထားသော ပြင်သစ်အပါအဝင် ဥရောပအနောက်ခြမ်းကို တိုက်ခိုက်သိမ်းပိုက်ရန် အင်္ဂလိပ်ရေလက်ကြားကိုဖြတ်၍ ပြင်သစ်နိုင်ငံ နော်မန်ဒီ ကမ်းခြေမှတဆင့် ဝင်ရောက်ရန်မဟာမိတ်တို့ ဆုံးဖြတ်ချက်ချခဲ့သည်။ ထို့ကြောင့်ကမ္ဘာ့သမိုင်းတွင် အကြီးကျယ် ဆုံးကမ်းတက်စစ်ဆင်ရေးကြီးဖြစ်သည့် ဒီဒေးဟုခေါ်သည့် နော်မန်ဒီကမ်းတက်တိုက်ပွဲကြီးကို ၆ ဇွန်၊ ၁၉၄၄ နေ့တွင် စတင်ခဲ့သည်။

ဂျာမဏီခေါင်းဆောင် ဟစ်တလာအနေဖြင့် မဟာမိတ်တို့ဘက်မှ ကမ်းတက်စစ်ဆင်ရေးကြီးတစ်ခု ဆင်နွဲမည်ကို သိသော်ငြားလည်း မည်သည့်နေရာမှ ဝင်ရောက်မည်ကိုမသိခဲ့ပေ။ ဂျာမန်တို့ကမဟာမိတ်တပ်များသည် ပြင်သစ်နိုင်ငံ ( Calais ) ဒေသမှ ဝင်ရောက် တိုက်ခိုက်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။ သို့သော် ၎င်းတို့၏ ယူဆချက် မှားယွင်းကာ အမေရိကန်ဗိုလ်ချုပ်ကြီး အိုက်ဆင်ဟောင်ဝါ က အင်္ဂလိပ်ရေလက်ကြားကို ဖြတ်၍ နော်မန်ဒီကမ်းခြေမှ ပြင်သစ်န်ိုင်ငံသို့ဝင်ရောက်ရန် ဆုံးဖြတ် ခဲ့သည်။

ဗိုလ်ချုပ်ကြီးအိုက်ဆင်ဟောင်ဝါတွင် စစ်သည်အင်အား တစ်သိန်းငါးသောင်း(၁၅၀၀၀၀)၊ စစ်လေယာဉ် (၁၂၀၀၀) ခန့်နှင့် မြောက်မြားလှစွာသော ထောက်ပံ့မှုများရှိနေသည်။ အိုက်ဆင် ဟောင်ဝါအနေဖြင့် တစ်ဘက် ရန်သူမရိပ်မိအောင် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်၍ စစ်ဆင်ရေးကြီးစတင် ချိန်မှာပင် ဂျာမန်ဗိုလ်ချုပ်ကြီး ရွန်းမဲလ် နှင့် အခြားသော ဂျာမန်စစ်ရေးပါရဂူများပင် မဟာမိတ်တပ်များ နော်မန်ဒီကမ်းခြေမှ အမှန်တကယ်ထိုးစစ်ဆင်လာသည်ကို မယုံ ကြည်ကြပေ။ သို့ရာတွင် စစ်ဆင်ရေးကြီးမှာ အမှန်တစ်ကယ်ပင် စတင်နိုင်ခဲ့သည်။ ဇွန်လ ၅ရက်နေ့ ညမှာပင် မဟာမိတ်စစ်လေယာဉ်များက ထောင်ပေါင်းများစွာသော လေထီး စစ်သည်များကို နော်မန်ဒီကမ်းခြေအတွင်းပိုင်း ဂျာမန်တို့၏နောက်တန်းသို့ ချပေးနိုင်ခဲ့ သည်။

ထို့နောက်မဟာမိတ်ဗုံးကြဲလေယာဉ်ကြီးများက ဂျာမန်ခံစစ်ကြောင်းများကို ဗုံးမိုးရွာခဲ့သည်။ ဇွန်လ ၆ ရက်နေ့နံနက်ပိုင်းတွင် ထောင်ပေါင်းများသော စစ်သင်္ဘောများသည် သတ်မှတ်ထား သော နော်မန်ဒီ ကမ်းခြေ နေရာ (၅) နေရာ (Sword Beach, Juno Beach, Gold Beach, Omaha Beach, Utah Beach) သို့စစ်သည် လက်နက် အထောက်အပံ့ အပြည့်အစုံဖြင့် ချဉ်းကပ်လာနိုင်ခဲ့သည်။ တိုက်ပွဲများသည် လျှင်မြန်ပြင်းထန်ပြီး သွေးချောင်းစီး တိုက်ပွဲများ ဖြစ်ခဲ့သည်။ နော်မန်ဒီကမ်းခြေ တစ်လျှောက် ဂျာမန်ခံစစ် ကြောင်းများသည် တောင့်တင်းခိုင်မာလှသော်လည်း မဟာမိတ် စစ်သည်တို့၏ ကြီးမားလှစွာသော အလုံးအရင်းနှင့်ထိုးစစ်ဆင်မှုကို မခံနိုင်ဘဲပြိုလဲ ခဲ့ရသည်။

ထို့ကြောင့် မဟာမိတ်စစ်သည်တို့သည် နော်မန်ဒီကမ်းခြေ တစ်လျှောက် တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်၍ အောင်ပွဲရခဲ့သည်။ ထို့နောက်မဟာမိတ် တပ်များပြင်သစ်နိုင်ငံကို အခြေချနိုင်ခဲ့သည်။ ရက်သတ္တတစ်ပတ်အတွင်း ပြင်သစ်နိုင်ငံ အတွင်းသို့ မဟာမိ်တ် တပ်သားပေါင်းခြောက်သိန်း (၆၀၀၀၀၀) နှင့် ယာဉ်အစီးရေ ကိုးသောင်း (၉၀၀၀၀) ခန့် သယ်ဆောင်ဝင်ရောက် နိုင်ခဲ့သည်။ ဂျာမန်တို့သည် မဟာမိတ်တပ်များကို မည်သို့မျှ ထိမ်းချုပ်၍မရနိုင် တော့ဘဲ ဩဂုတ်လနှောင်းပိုင်းတွင် မဟာမိတ်တပ်များမြို့တော် ပဲရစ်ကို သိမ်းပိုက်နိုင်ခဲ့သည်။ နောက်ဆုံးတွင် ဂျာမန်တို့စစ်ရှုံး၍ ဗိုလ်ချုပ်ကြီး အိုက်ဆင်ဟောင်ဝါထံတွင် လက်နက်ချခဲ့ရသည်။

အချုပ်ဆိုရသော် အာဏာရှင်ဝါဒဖြင့် ကမ္ဘာကြီးကိုစိုးမိုး၍ နှစ်ပေါင်းတစ်ထောင်ခံမည့် တတိယအင်ပါယာ (Third Reich) တည်ထောင်ရန်ကြံရွယ်သည့် ဟစ်တလာ၏ စီမံကိန်းမှာ ပျက်ပြားခဲ့ရ၍ ၎င်းကိုယ်တိုင်မှာ လည်းနောက်ဆုံးတွင် ကိုယ့်ကိုယ်ကို သတ်သေခြင်းဖြင့် နိဂုံးချုပ်ခဲ့ရသည်။
(သို့သော် ထိုစဉ်က ဟစ်တလာ မသေခဲ့ပဲ ထွက်ပြေးသွားခဲ့သည်ဟူသော ယုံကြည်ငြင်းဆိုမှုများသည် ယနေ့ထက်တိုင် ရှိနေဆဲဖြစ်သည်။

ကိုးကား
American Mosaic 2003 Series (USIS)
d-day (Official Website of US Army)
dday Org
americandday org

Leave a Reply