အဂၤလန္သမုိင္းရဲ႕ အထင္ရွားဆုံးတုိက္ပြဲ (သုိ႔) ဟက္စတင္းတုိက္ပြဲ

Posted on

တိုက္ပြဲတစ္ပြဲ တိုက္႐ုံမၽွျဖင့္ ႏိုင္ငံတစ္ႏိုင္ငံ၏ သမိုင္းေၾကာင္းႏွင္ အခ်ဳပ္အျခာအာဏာကိုအဆုံးအျဖစ္ ေပးႏိုင္သည့္တိုက္ပြဲ အေနျဖင့္ ျပင္သစ္မွ ေနာ္မန္ဒီနယ္စား ဝီလီယံႏွင့္ အဂၤလန္ကၽြန္းေပၚမွ အုပ္စိုးေနေသာ အဂၤလို-ဆက္ဇုံမ်ိဳးႏြယ္ဘုရင္ ဟာ႐ိုး ေဂၚဒြန္ဆင္ တို႔ တိုက္ခိုက္ၾကသည့္ ဟက္စတင္းတိုက္ပြဲအား သတ္မွတ္ႏိုင္သည္။ ေဟးစတင္းတိုက္ပြဲသည္ အဂၤလန္ႏိုင္ငံအုပ္ခ်ဳပ္ေရးကို အဂၤလို ဆကၠဆန္ဘုရင္တို႔လက္မွ ေနာ္မန္ဘုရင္တို႔လက္သို႔ ေရာက္ရွိေစခဲ့ေသာ တိုက္ပြဲျဖစ္ျခင္းေၾကာင့္ အဂၤလိပ္လူမ်ိဳးတို႔၏သမိုင္းတြင္ ထင္ရွားေသာ တိုက္ပြဲျဖစ္သည္။

ထိုတိုက္ပြဲသည္ စင္စစ္အားျဖင့္ ဆပ္ဆက္နယ္ ကမ္းေျခရွိ ေဟးစတင္းၿမိဳ႕မွ ေျခာက္မိုင္ခန္႔ အတြင္းက်ေသာ ဆင္းလက္ေတာင္ကုန္းတြင္ ျဖစ္ပြားခဲ့ေသာ္လည္း ထင္ရွားေသာၿမိဳ႕အမည္ကိုစြဲ၍ ေဟးစတင္းတိုက္ပြဲဟုေခၚတြင္ ေလသည္။ ထိုအခါက အဂၤလန္ႏိုင္ငံတြင္ ဟဲ႐ိုးဘုရင္အုပ္စိုးလ်က္ရွိရာ ေနာ္မန္ဒီနယ္စား ဝီလ်ံက မိမိသာလၽွင္ ထီးနန္းကို ဆက္ခံထိုက္သည္ဟုဆို၍ ခ်ီတက္တိုက္ခိုက္ေသာ တိုက္ပြဲျဖစ္သည္။

အဂၤလန္ကၽြန္းစုေပၚတြင္ အဂၤလို-ဆက္ဇုံမ်ိဳးႏြယ္တို႔က ရာစုႏွစ္ေပါင္းမ်ားစြာ အုပ္ခ်ဳပ္လာခဲ့ၿပီးေနာက္ အဂၤလိပ္ဘုရင္ အက္ဒြပ္ (ဝန္ခံသူအက္ဒြပ္)က မိမိေနာက္ ဆက္ခံမည့္သူအျဖစ္ ျပင္သစ္မွ ေနာ္မန္ဒီနယ္စား ဝီလီယံအား ၁၀၅၀တြင္ သတ္မွတ္ခဲ့သည္။ သို႔ေသာ္ အက္ဒြပ္ဘုရင္ ကြယ္လြန္သည့္ ၁၀၆၆ခုႏွစ္တြင္ ထိုေၾကညာခ်က္အား ဘုရင့္ေယာက္ဖျဖစ္သူ ဟာ႐ိုးေဂၚဒြန္ဆင္မွ လ်စ္လ်ဴ႐ႈကာ ဝီတန္ၿမိဳ႕စားႀကီးမ်ားအဖြဲ႕၏ ေထာက္ခံခ်က္ျဖင့္ ဘုရင္အျဖစ္ကို ရယူသြားသျဖင့္ ဝီလီယံအေနျဖင့္ ေနာ္မန္ဒီမွ ေရတပ္ႀကီးဖြဲ႕စည္းကာ အဂၤလန္ကၽြန္းအား စစ္ျပဳရန္ ျပင္သည္။

ဟာ႐ိုးမွာလည္း အက္ဒြပ္ဘုရင္မ်ိဳးေတာ္ျဖစ္႐ုံမက စစ္ေခါင္းေဆာင္တစ္ဦးလည္း ျဖစ္ေသာေၾကာင့္ ျပင္သစ္မွက်ဴးေက်ာ္လာမည္ကို နားလည္ၿပီးျဖစ္၍ စစ္ေရးအရျပင္ဆင္ၿပီးျဖစ္သည္။ ၎၏အဓိက အင္အားမွာ ဆက္ဇုံကိုယ္ရံေတာ္မ်ားျဖင့္ဖြဲ႕စည္းထားေသာ ဟတ္စ္ကာတပ္(Huscarls)ျဖစ္သည္။ သို႔ေသာ္ ေနာ္ေဝဘုရင္ ဟာ႐ိုးဟာဒရာေအ့မွ ေျမာက္ဖက္မွ က်ဴးေက်ာ္လာသျဖင့္ ဟာ႐ိုးေဂၚဒြန္ဆင္မွာ ေျမာက္ဖက္သို႔ စစ္ဦးလွည့္ရသည္။ ေနာ္ေဝတပ္မေတာ္ႏွင့္ အဂၤလို-ဆက္ဇုံတပ္မ်ား စတန္းဖို႔ဒ္တံတား အရပ္တြင္ တိုက္ပြဲျဖစ္ပြားၿပီး ေနာ္ေဝတပ္ပ်က္ကာ ဘုရင္ ဟာဒရာေအ့လည္း က်ဆုံးသျဖင့္ ဟာ႐ိုးဘုရင္မွာ ေတာင္ဖက္မွ က်ဴးေက်ာ္လာၿပီျဖစ္သည့္ ေနာ္မန္ဒီတပ္မ်ားအား ရင္ဆိုင္ရင္ ခ်က္ခ်င္းလွည့္ျပန္လာရသည္။

ဟာ႐ိုးဘုရင္ႏွင့္ ၎၏စစ္သည္မ်ားသည္ အဆုံးအျဖတ္တိုက္ပြဲ တစ္ပြဲတိုက္ခိုက္အၿပီး ၿပီးလၽွင္ၿပီးျခင္းပင္ ေျမာက္မွေတာင္သို႔ ခရီးဆက္လက္ခ်ီတက္လာရသျဖင့္ ပင္ပန္းႏြမ္းနယ္ေနၿပီျဖစ္သည္။ မိုင္၂၀၀ေက်ာ္ခရီးအား ရက္သတၱပတ္ တစ္ပတ္တည္းျဖင့္ ခ်ီတက္ရျခင္းျဖစ္ေသာေၾကာင့္ လန္းဆန္းအားျပည့္ေနသည့္ ေနာ္မန္ဒီတပ္မ်ားအား အဖက္ဖက္မွ မယွဥ္ႏိုင္ေတာ့ေပ။ သို႔ျဖင့္ ၁၄ရက္၊ ေအာက္တိုဘာလ၊ ၁၀၆၆ခုႏွစ္ အဂၤလန္ေတာင္ပိုင္းရွိ ဟက္စတင္းစ္ၿမိဳ႕ေျမာက္ဖက္ ၈မိုင္အကြာတြင္ရွိေသာ ေတာင္ကုန္းတစ္ခုတြင္ ႏွစ္ဖက္တပ္မ်ား ရင္ဆိုင္တိုက္ခိုက္ၾကသည္။ ႏွစ္ဖက္အင္အား အတိအက်မသိရေသာ္လည္း သမိုင္းသုေတသီမ်ားက အင္အား ၈၀၀၀ခန္႔စီ ပါဝင္ၾကမည္ဟု ခန္႔မွန္းၾကသည္။

ဟာ႐ိုးတပ္မ်ားက ေတာင္ေၾကာအေပၚမွ ေနရာယူထားကာ အားသာခ်က္ရယူထားႏိုင္ၿပီး ေျမျပန္႔တြင္ တပ္စြဲထားသည့္ ဝီလီယံ၏တပ္မ်ားမွာ အေနအထားအရ တစ္ပန္း႐ႈံးသကဲ့သို႔ရွိေနသည္။ ထို႔ျပင္ ဟာ႐ိုးတပ္မ်ား၏ နံေဘးတစ္ဖက္တစ္ခ်ပ္စီတြင္ ေတာအုပ္မ်ားျဖင့္ ကာရံထားသည့္အတြက္ ဝီလီယံအေနျဖင့္ ေရွ႕တည့္တည့္မွ တိုက္႐ုံမွတပါး အျခားနည္းလမ္းမရွိေတာ့သျဖင့္ ေရွ႕မွသာ တည့္တည့္တိုက္ခိုက္ရေတာ့သည္။ ဝီလီယံက သူ႕တပ္မ်ားအား အုပ္စုသုံးစု ခြဲကာ သူ႕ငယ္ကၽြန္တပ္ျဖစ္သည့္ ေနာ္မန္တပ္အား အလယ္တြင္ထား၍ ျပင္သစ္မဟာမိတ္တပ္မ်ားကို ညာေတာင္ပံတင္သည္။ ဘယ္ေတာင္ပံတြင္မူ ဘရစ္တန္မဟာမိတ္တပ္မ်ားအား ေနရာယူေစသည္။ ဟာ႐ိုးကလည္း သူ၏ျမင္းတပ္သားမ်ားအား ေျခလ်င္တပ္အျဖစ္ေျပာင္းေစကာ တိုက္ခိုက္ေစသည္။

ႏွစ္ဖက္လုံးမွ ေလးသည္ေတာ္မ်ားကလည္း အျပန္အလွန္ ပစ္ခတ္ၾကၿပီး ေျခလ်င္တပ္မ်ားကလည္း သည္းသည္းမည္းမည္း တိုက္ခိုက္ၾကသည္။ ေနာ္မန္တို႔က လွံတံမ်ား၊ဓါးမ်ားျဖင့္ ထိုးခုတ္ၾကကာ ဆက္ဇုံတို႔ကလည္း ရဲဒင္းမ်ားျဖင့္ ခုတ္ျဖတ္ၾကသည္။ ထိုသို႔တိုက္ပြဲျပင္းထန္ေနခ်ိန္တြင္ ဘရစ္တန္တပ္မ်ားက စစ္ေျမျပင္ကို စြန္႔ခြာထြက္ေျပးသျဖင့္ ဆက္ဇုံတို႔ လိုက္လံတိုက္ခိုက္ၾကစဥ္တြင္ ဝီလီယံက်ဆုံးၿပီ ဟူေသာ ေကာလာဟလထြက္ေပၚလာၿပီး ေနာ္မန္တပ္မ်ားအားလုံး ေတြေဝသြားၾကရသည္။

ထိုအခ်ိန္တြင္ ဝီလီယံက သံခေမာက္ကို ခၽြတ္ကာ ေဝွ႔ရမ္းျပၿပီး သူအသက္ရွင္လ်က္ တိုက္ပြဲဝင္ေနေသးေၾကာင္းကို ေအာ္ဟစ္ေျပာဆိုရာမွ ေနာ္မန္မ်ား အားတက္လာၿပီး ႐ြတ္႐ြတ္ခၽြံခၽြံ တိုက္ခိုက္ၾကသည္။ ဝီလီယံကိုယ္တိုင္ပင္ ဓါးလြတ္ကိုကိုင္၍ တိုက္ခိုက္လာသျဖင့္ တပ္သားမ်ားလည္း စိတ္ဓါတ္တက္ႂကြလာၾကသည္။ ထြက္ေျပးသြားေသာ ဘရစ္တန္တပ္မ်ားေနာက္သို႔လိုက္သည့္ ဆက္ဇုံမ်ားကိုလည္း ေနာ္မန္တပ္မ်ားက အႏိုင္ရလိုက္သည္။

ထိုအေျခအေနတြင္ ဝီလီယံမွ စစ္ျမဴေသာအေနျဖင့္ ပရိယာရ္ျပဳကာ ေနာ္မန္တပ္မ်ားကို ေနာက္သို႔အနည္းငယ္ ဆုတ္ေစရာ ဆက္ဇုံတို႔က ၎တို႔ဘုရင္ ဟာ႐ိုးအားကာကြယ္ေနရာမွ ေရွ႕ထြက္ကာ ေနာ္မန္တပ္မ်ားအား လိုက္လံတိုက္ခိုက္သည္။ ထိုအခ်ိန္တြင္ပင္ အကာအကြယ္နည္းပါးသြားသည့္ ဟာ႐ိုးဘုရင္၏ ညာမ်က္လုံးအား ေနာ္မန္ေလးသည္ေတာ္တစ္ဦး ပစ္ခတ္လိုက္သည့္ ျမႇားခ်က္သင့္သည္။ ဟာ႐ိုးဒဏ္ရာရေၾကာင္း ဆက္ဇုံမ်ား ၾကားကာ ဖ႐ိုဖရဲျဖစ္သြားၾကစဥ္ခဏအတြင္းတြင္ပင္ ေနာ္မန္တပ္မ်ားက ဟာ႐ိုးဘုရင္ရွိရာသို႔ ထိုးေဖာက္တိုက္ခိုက္ကာ ဟာ႐ိုးအားသတ္ျဖတ္လိုက္ၾကေတာ့သည္။ ထြက္ေျပးၾကသည့္ ဆက္ဇုံမ်ားကိုလည္း ေနာ္မန္တပ္မ်ားက လိုက္လံထိုးခုတ္သတ္ျဖတ္ၾကသည္။

ဝီလီယံကလည္း လန္ဒန္ၿမိဳ႕သို႔ခ်က္ခ်င္းခ်ီတက္ကာ ဘုရင္အျဖစ္ ဘိသိက္ခံသည္။ မိမိအား ကံေဖးမသျဖင့္ ဟာ႐ိုးကိုအႏိုင္ရသည္ဟု ယုံၾကည္သျဖင့္ ထိုတိုက္ပြဲေနရာတြင္ ဘုရားဝတ္ေက်ာင္း တစ္ေက်ာင္းကို တည္ေဆာက္ခဲ့သည္။ (ယေန႔တိုင္ ထိုဘုရားဝတ္ေက်ာင္း၏ ပ်က္စီးေနေသာ အစိတ္အပိုင္းမ်ားက်န္ရွိေနေသးသည္)။ သို႔ျဖင့္ အဂၤလန္တြင္ အဂၤလိုဆက္ဇြန္ မင္းဆက္ပ်က္ၿပီး ေနာ္မန္မင္းဆက္ စတင္ေပၚထြန္းလာသည္။

ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၁၃)
စစ္သမိုင္းတစ္ေလၽွာက္ အႀကီးက်ယ္ဆုံး ဂႏၴဝင္တိုက္ပြဲမ်ား – ေသာင္းထိုက္


အင်္ဂလန်သမိုင်းရဲ့ အထင်ရှားဆုံးတိုက်ပွဲ (သို့) ဟက်စတင်းတိုက်ပွဲ (unicode)

တိုက်ပွဲတစ်ပွဲ တိုက်ရုံမျှဖြင့် နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်းနှင် အချုပ်အခြာအာဏာကိုအဆုံးအဖြစ် ပေးနိုင်သည့်တိုက်ပွဲ အနေဖြင့် ပြင်သစ်မှ နော်မန်ဒီနယ်စား ဝီလီယံနှင့် အင်္ဂလန်ကျွန်းပေါ်မှ အုပ်စိုးနေသော အင်္ဂလို-ဆက်ဇုံမျိုးနွယ်ဘုရင် ဟာရိုး ဂေါ်ဒွန်ဆင် တို့ တိုက်ခိုက်ကြသည့် ဟက်စတင်းတိုက်ပွဲအား သတ်မှတ်နိုင်သည်။ ဟေးစတင်းတိုက်ပွဲသည် အင်္ဂလန်နိုင်ငံအုပ်ချုပ်ရေးကို အင်္ဂလို ဆက္ကဆန်ဘုရင်တို့လက်မှ နော်မန်ဘုရင်တို့လက်သို့ ရောက်ရှိစေခဲ့သော တိုက်ပွဲဖြစ်ခြင်းကြောင့် အင်္ဂလိပ်လူမျိုးတို့၏သမိုင်းတွင် ထင်ရှားသော တိုက်ပွဲဖြစ်သည်။

ထိုတိုက်ပွဲသည် စင်စစ်အားဖြင့် ဆပ်ဆက်နယ် ကမ်းခြေရှိ ဟေးစတင်းမြို့မှ ခြောက်မိုင်ခန့် အတွင်းကျသော ဆင်းလက်တောင်ကုန်းတွင် ဖြစ်ပွားခဲ့သော်လည်း ထင်ရှားသောမြို့အမည်ကိုစွဲ၍ ဟေးစတင်းတိုက်ပွဲဟုခေါ်တွင် လေသည်။ ထိုအခါက အင်္ဂလန်နိုင်ငံတွင် ဟဲရိုးဘုရင်အုပ်စိုးလျက်ရှိရာ နော်မန်ဒီနယ်စား ဝီလျံက မိမိသာလျှင် ထီးနန်းကို ဆက်ခံထိုက်သည်ဟုဆို၍ ချီတက်တိုက်ခိုက်သော တိုက်ပွဲဖြစ်သည်။

အင်္ဂလန်ကျွန်းစုပေါ်တွင် အင်္ဂလို-ဆက်ဇုံမျိုးနွယ်တို့က ရာစုနှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့ပြီးနောက် အင်္ဂလိပ်ဘုရင် အက်ဒွပ် (ဝန်ခံသူအက်ဒွပ်)က မိမိနောက် ဆက်ခံမည့်သူအဖြစ် ပြင်သစ်မှ နော်မန်ဒီနယ်စား ဝီလီယံအား ၁၀၅ဝတွင် သတ်မှတ်ခဲ့သည်။ သို့သော် အက်ဒွပ်ဘုရင် ကွယ်လွန်သည့် ၁၀၆၆ခုနှစ်တွင် ထိုကြေညာချက်အား ဘုရင့်ယောက်ဖဖြစ်သူ ဟာရိုးဂေါ်ဒွန်ဆင်မှ လျစ်လျူရှုကာ ဝီတန်မြို့စားကြီးများအဖွဲ့၏ ထောက်ခံချက်ဖြင့် ဘုရင်အဖြစ်ကို ရယူသွားသဖြင့် ဝီလီယံအနေဖြင့် နော်မန်ဒီမှ ရေတပ်ကြီးဖွဲ့စည်းကာ အင်္ဂလန်ကျွန်းအား စစ်ပြုရန် ပြင်သည်။

ဟာရိုးမှာလည်း အက်ဒွပ်ဘုရင်မျိုးတော်ဖြစ်ရုံမက စစ်ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သောကြောင့် ပြင်သစ်မှကျူးကျော်လာမည်ကို နားလည်ပြီးဖြစ်၍ စစ်ရေးအရပြင်ဆင်ပြီးဖြစ်သည်။ ၎င်း၏အဓိက အင်အားမှာ ဆက်ဇုံကိုယ်ရံတော်များဖြင့်ဖွဲ့စည်းထားသော ဟတ်စ်ကာတပ်(Huscarls)ဖြစ်သည်။ သို့သော် နော်ဝေဘုရင် ဟာရိုးဟာဒရာအေ့မှ မြောက်ဖက်မှ ကျူးကျော်လာသဖြင့် ဟာရိုးဂေါ်ဒွန်ဆင်မှာ မြောက်ဖက်သို့ စစ်ဦးလှည့်ရသည်။ နော်ဝေတပ်မတော်နှင့် အင်္ဂလို-ဆက်ဇုံတပ်များ စတန်းဖို့ဒ်တံတား အရပ်တွင် တိုက်ပွဲဖြစ်ပွားပြီး နော်ဝေတပ်ပျက်ကာ ဘုရင် ဟာဒရာအေ့လည်း ကျဆုံးသဖြင့် ဟာရိုးဘုရင်မှာ တောင်ဖက်မှ ကျူးကျော်လာပြီဖြစ်သည့် နော်မန်ဒီတပ်များအား ရင်ဆိုင်ရင် ချက်ချင်းလှည့်ပြန်လာရသည်။

ဟာရိုးဘုရင်နှင့် ၎င်း၏စစ်သည်များသည် အဆုံးအဖြတ်တိုက်ပွဲ တစ်ပွဲတိုက်ခိုက်အပြီး ပြီးလျှင်ပြီးခြင်းပင် မြောက်မှတောင်သို့ ခရီးဆက်လက်ချီတက်လာရသဖြင့် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ မိုင်၂၀၀ကျော်ခရီးအား ရက်သတ္တပတ် တစ်ပတ်တည်းဖြင့် ချီတက်ရခြင်းဖြစ်သောကြောင့် လန်းဆန်းအားပြည့်နေသည့် နော်မန်ဒီတပ်များအား အဖက်ဖက်မှ မယှဉ်နိုင်တော့ပေ။ သို့ဖြင့် ၁၄ရက်၊ အောက်တိုဘာလ၊ ၁၀၆၆ခုနှစ် အင်္ဂလန်တောင်ပိုင်းရှိ ဟက်စတင်းစ်မြို့မြောက်ဖက် ၈မိုင်အကွာတွင်ရှိသော တောင်ကုန်းတစ်ခုတွင် နှစ်ဖက်တပ်များ ရင်ဆိုင်တိုက်ခိုက်ကြသည်။ နှစ်ဖက်အင်အား အတိအကျမသိရသော်လည်း သမိုင်းသုတေသီများက အင်အား ၈၀၀ဝခန့်စီ ပါဝင်ကြမည်ဟု ခန့်မှန်းကြသည်။

ဟာရိုးတပ်များက တောင်ကြောအပေါ်မှ နေရာယူထားကာ အားသာချက်ရယူထားနိုင်ပြီး မြေပြန့်တွင် တပ်စွဲထားသည့် ဝီလီယံ၏တပ်များမှာ အနေအထားအရ တစ်ပန်းရှုံးသကဲ့သို့ရှိနေသည်။ ထို့ပြင် ဟာရိုးတပ်များ၏ နံဘေးတစ်ဖက်တစ်ချပ်စီတွင် တောအုပ်များဖြင့် ကာရံထားသည့်အတွက် ဝီလီယံအနေဖြင့် ရှေ့တည့်တည့်မှ တိုက်ရုံမှတပါး အခြားနည်းလမ်းမရှိတော့သဖြင့် ရှေ့မှသာ တည့်တည့်တိုက်ခိုက်ရတော့သည်။ ဝီလီယံက သူ့တပ်များအား အုပ်စုသုံးစု ခွဲကာ သူ့ငယ်ကျွန်တပ်ဖြစ်သည့် နော်မန်တပ်အား အလယ်တွင်ထား၍ ပြင်သစ်မဟာမိတ်တပ်များကို ညာတောင်ပံတင်သည်။ ဘယ်တောင်ပံတွင်မူ ဘရစ်တန်မဟာမိတ်တပ်များအား နေရာယူစေသည်။ ဟာရိုးကလည်း သူ၏မြင်းတပ်သားများအား ခြေလျင်တပ်အဖြစ်ပြောင်းစေကာ တိုက်ခိုက်စေသည်။

နှစ်ဖက်လုံးမှ လေးသည်တော်များကလည်း အပြန်အလှန် ပစ်ခတ်ကြပြီး ခြေလျင်တပ်များကလည်း သည်းသည်းမည်းမည်း တိုက်ခိုက်ကြသည်။ နော်မန်တို့က လှံတံများ၊ဓါးများဖြင့် ထိုးခုတ်ကြကာ ဆက်ဇုံတို့ကလည်း ရဲဒင်းများဖြင့် ခုတ်ဖြတ်ကြသည်။ ထိုသို့တိုက်ပွဲပြင်းထန်နေချိန်တွင် ဘရစ်တန်တပ်များက စစ်မြေပြင်ကို စွန့်ခွာထွက်ပြေးသဖြင့် ဆက်ဇုံတို့ လိုက်လံတိုက်ခိုက်ကြစဉ်တွင် ဝီလီယံကျဆုံးပြီ ဟူသော ကောလာဟလထွက်ပေါ်လာပြီး နော်မန်တပ်များအားလုံး တွေဝေသွားကြရသည်။ ထိုအချိန်တွင် ဝီလီယံက သံခမောက်ကို ချွတ်ကာ ဝှေ့ရမ်းပြပြီး သူအသက်ရှင်လျက် တိုက်ပွဲဝင်နေသေးကြောင်းကို အော်ဟစ်ပြောဆိုရာမှ နော်မန်များ အားတက်လာပြီး ရွတ်ရွတ်ချွံချွံ တိုက်ခိုက်ကြသည်။ ဝီလီယံကိုယ်တိုင်ပင် ဓါးလွတ်ကိုကိုင်၍ တိုက်ခိုက်လာသဖြင့် တပ်သားများလည်း စိတ်ဓါတ်တက်ကြွလာကြသည်။ ထွက်ပြေးသွားသော ဘရစ်တန်တပ်များနောက်သို့လိုက်သည့် ဆက်ဇုံများကိုလည်း နော်မန်တပ်များက အနိုင်ရလိုက်သည်။

ထိုအခြေအနေတွင် ဝီလီယံမှ စစ်မြူသောအနေဖြင့် ပရိယာရ်ပြုကာ နော်မန်တပ်များကို နောက်သို့အနည်းငယ် ဆုတ်စေရာ ဆက်ဇုံတို့က ၎င်းတို့ဘုရင် ဟာရိုးအားကာကွယ်နေရာမှ ရှေ့ထွက်ကာ နော်မန်တပ်များအား လိုက်လံတိုက်ခိုက်သည်။ ထိုအချိန်တွင်ပင် အကာအကွယ်နည်းပါးသွားသည့် ဟာရိုးဘုရင်၏ ညာမျက်လုံးအား နော်မန်လေးသည်တော်တစ်ဦး ပစ်ခတ်လိုက်သည့် မြှားချက်သင့်သည်။ ဟာရိုးဒဏ်ရာရကြောင်း ဆက်ဇုံများ ကြားကာ ဖရိုဖရဲဖြစ်သွားကြစဉ်ခဏအတွင်းတွင်ပင် နော်မန်တပ်များက ဟာရိုးဘုရင်ရှိရာသို့ ထိုးဖောက်တိုက်ခိုက်ကာ ဟာရိုးအားသတ်ဖြတ်လိုက်ကြတော့သည်။ ထွက်ပြေးကြသည့် ဆက်ဇုံများကိုလည်း နော်မန်တပ်များက လိုက်လံထိုးခုတ်သတ်ဖြတ်ကြသည်။

ဝီလီယံကလည်း လန်ဒန်မြို့သို့ချက်ချင်းချီတက်ကာ ဘုရင်အဖြစ် ဘိသိက်ခံသည်။ မိမိအား ကံဖေးမသဖြင့် ဟာရိုးကိုအနိုင်ရသည်ဟု ယုံကြည်သဖြင့် ထိုတိုက်ပွဲနေရာတွင် ဘုရားဝတ်ကျောင်း တစ်ကျောင်းကို တည်ဆောက်ခဲ့သည်။ (ယနေ့တိုင် ထိုဘုရားဝတ်ကျောင်း၏ ပျက်စီးနေသော အစိတ်အပိုင်းများကျန်ရှိနေသေးသည်)။ သို့ဖြင့် အင်္ဂလန်တွင် အင်္ဂလိုဆက်ဇွန် မင်းဆက်ပျက်ပြီး နော်မန်မင်းဆက် စတင်ပေါ်ထွန်းလာသည်။

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
စစ်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဂန္ထဝင်တိုက်ပွဲများ – သောင်းထိုက်

Leave a Reply