စြန္႔စြန္႔စားစား နယ္ေျမရွာေဖြေရးသမား (သုိ႔) ခရစၥတုိဖာ ကုိလံဘတ္

Posted on

ခရစၥတိုဖာ ကိုလံဘတ္စ္ (Christopher Columbus)(၁၄၅၁-၁၅၀၆) သည္ အီတလီလူမ်ိဳး ပင္လယ္ေရေၾကာင္း ကၽြမ္းက်င္သူ၊ နယ္ေျမသစ္စူးစမ္းရွာေဖြသူျဖစ္သည္။ ၎သည္ အတၱလႏၲိတ္ သမုဒၵရာကို ျဖတ္ၿပီး အေမရိက နယ္ေျမသစ္ကိုသြားေရာက္ခဲ့ၿပီး အေနာက္ကမၻာျခမ္းမွ ကိုလိုနီမ်ားအား ေရွ႕ေဆာင္လမ္းျပေပးႏိုင္ခဲ့သည္။ ၎သည္ အိႏၵိယသို႔ ကုန္သြယ္ကူးသန္း ႏိုင္ေသာ ေရလမ္းေၾကာင္းအသစ္ကို ရွာေဖြရင္း ေျမာက္အေမရိကတိုက္ကို မေတာ္တဆ ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။ ၁၄၉၂ ႏွင့္ ၁၅၀၄ ခုႏွစ္အတြင္းတြင္ ကာေရဘီယန္ေဒသ၊ ေတာင္အေမရိကတို႔ကို စုစုေပါင္း ေလးႀကိမ္ သြားေရာက္ခဲ့သည္။

ကမၻာ့ အႀကီးက်ယ္ဆုံးေသာ အလြဲျဖစ္သည့္ ကမၻာသစ္အား ေတြ႕ရွိျခင္းဟူသည့္ အလြဲအား ေဆာင္႐ြက္ခဲ့သူအျဖစ္ ခရစၥတိုဖာ ကိုလံဘတ္စ္အား သမိုင္းတြင္ မွတ္တမ္းတင္ၾကသည္။ ကိုလံဘတ္စ္အား ၁၄၅၁ ၊ ေအာက္တိုဘာ (၃၁)က အီတလီႏိုင္ငံ၊ ဂ်ီႏိုအာၿမိဳ႕တြင္ ဖြားျမင္သည္။ မိဘမ်ားမွာယက္ကန္းသည္မ်ားျဖစ္ၾကသည္။ ငယ္စဥ္ကတည္းက ခရီးသြားရျခင္းကုိ အလြန္ႏွစ္သက္ၿပီး ဆယ္ေက်ာ္သက္အရြယ္မွာပင္ ေျမထဲပင္လယ္တစ္၀ုိက္ကုိ ေရလမ္းခရီးျဖင့္ အႀကိမ္ႀကိမ္သြားေရာက္ခဲ့ၿပီး ျဖစ္သည္။ အ႐ြယ္ေရာက္ေသာအခါ ပင္လယ္ေရေၾကာင္းခရီးသြားလာေရးတြင္ ထူးခၽြန္ကာ သေဘၤာကပၸတိန္ ျဖစ္လာသည္။

၁၃ ရာစုက နာမည္အလြန္ေက်ာ္ၾကားသည့္ ခရီးသည္ႀကီး မာကိုပုိလုိသည္ ဂ်ပန္ကြ်န္းစုရွိေနေၾကာင္းကို အျခားသူမ်ား မွတ္တမ္းမ်ားမွတစ္ဆင့္ သိခဲ့ေသာ္လည္း ထုိအခ်ိန္က မည္သည့္ဥေရာပသားကမွ ဂ်ပန္ကြ်န္းစုကုိ မေရာက္ဖူးပါေခ်။ အေမရိကတုိက္ႀကီး ရွိေနေၾကာင္းကုိလည္း မည္သူမွ် မသိၾကေသး။(သုိ႔ေသာ္ ဗုိက္ကင္းအခ်ဳိ႕ကေတာ့ အေမရိကတုိက္ႀကီးအေပၚသုိ႔ ကုိလံဘတ္မေရာက္မီ ႏွစ္ေပါင္း ၄၀၀ခန္႔ကတည္းက အေျခခ်ခဲ့ၿပီးျဖစ္သည္။)။ ကုိလံဘတ္သည္ သူ၏ကိုယ္ပိုင္ ေယဘူယ်ယူဆခ်က္မ်ားျဖင့္ အေနာက္ဖက္သို႔ ႐ြက္လႊင့္ျခင္းျဖင့္ အတၱလႏၲိတ္သမုဒၵရာကို ျဖတ္မိလၽွင္ ကမၻာ့အေရွ႕ျခမ္းရွိ အေရွ႕အာရွသို႔ေရာက္ႏိုင္သည္ဟု တစ္ထစ္ခ် ယူဆခဲ့သည္။ ထိုယူဆခ်က္အတိုင္း မျဖစ္မေနပင္ ႀကိဳးပမ္းအားထုတ္သည္။

သူ၏ယုံၾကည္ခ်က္ကို အေကာင္အထည္ေဖာ္ရန္အတြက္ ဥေရာပတိုက္ရွိ နယ္ခ်ဲ႕လိုသူမင္းစိုးရာဇာအသိုင္းအဝိုင္းထဲသို႔ ဝင္ေရာက္တင္ျပေသာ္လည္း မ်ားျပားလြန္းေသာကုန္က်စားရိတ္ကို အေၾကာင္းျပဳကာ သေဘာမတူသူမ်ားသည္။ ေနာက္ဆုံးတြင္ စပိန္ရွိ ကာ့စတီးလ္(Castile) ဘုရင္မ ပထမ အိဇဘဲလား (Queen Isabella I) က ကုန္က်စားရိတ္အား မတည္ထုတ္ေပးသျဖင့္ စူးစမ္းေလ့လာခရီးထြက္ရန္ စတင္သည္။ ၁၄၉၂ခုႏွစ္၊ ဩဂုတ္လ၊ ၃ရက္ေန႔တြင္ စပိန္ႏိုင္ငံမွ သေဘၤာမ်ားျဖင့္ ထြက္ခြာသည္။ ဆန္တာမာရီးယား ၊ နီနာ၊ ပန္တာ စသည့္သေဘၤာငယ္ ၃စင္းကို အုပ္ခ်ဳပ္ၿပီး သေဘၤာသား အေယာက္ ၁၂၀ႏွင့္အတူ ထြက္ခြာခဲ့ျခင္းျဖစ္သည္။ ကေနရီကၽြန္းတြင္ ပထမရပ္နားၿပီးေနာက္ စက္တင္ဘာလ၊ ၆ရက္ေန႔တြင္ အေနာက္စူးစူးသို႔ ဦးတည္ကာ ထြက္ခြာခဲ့သည္။ ကာလၾကာရွည္ ပင္လယ္တြင္း ႐ြက္လႊင့္သည့္အတြက္ သေဘၤာသားမ်ား၏ စိုးရိမ္ေၾကာက္႐ႊံ႕မႈမ်ား တိုးပြားလာၿပီး ေနရပ္ျပန္ရန္ အုံ႔ႂကြမႈမ်ားကိုလည္း မၾကာခဏရင္ဆိုင္ေျဖရွင္းရသည္။

၁၄၉၂ခုႏွစ္၊ ေအာက္တိုဘာလ၊ ၁၂ရက္ေန႔တြင္ ပထမဆုံးအႀကိမ္အျဖစ္ ကမ္းေျခကို ျမင္ေတြ႕ရသည္။ ငါးလအၾကာ ၁၄၉၃ခုႏွစ္၊ မတ္လတြင္ စပိန္သို႔ျပန္ေရာက္သည္။ ကုိလံဘတ္၏ ထုိခရီးစဥ္မွတစ္ဆင့္ ဂ်ပန္ကြ်န္းစုရွိေနေၾကာင္း ၊ ဆက္သြားလွ်င္အိႏၵိယအပါအ၀င္ အာရွတုိက္ ကုန္းေျမႀကီးရွိေၾကာင္း သိရွိခဲ့သည္။ စပိန္သုိ႔ျပန္ေရာက္လၽွင္ အျမင့္ဆုံးေသာ ဂုဏ္ထူးေဆာင္ဘြဲ႕မ်ားျဖင့္ ခ်ီးေျမႇာက္ျခင္းခံရသည္။ ေနာက္တစ္ႀကိမ္ကေတာ့ အေရွ႕အိႏၵိယကြ်န္းစုကိုေရာက္ရွိခဲ့ေသာ္လည္း သူ႔ရဲ႕မွန္္းခ်က္နဲ႔ မကုိက္ခဲ့ပါ။

ဟင္းခတ္အေမႊးအႀကဳိက္အေျမာက္အမ်ားရရွိႏုိင္တယ္လုိ႔ ေမွ်ာ္မွန္းခဲ့ေသာ္လည္း ငရုတ္ေကာင္းတစ္မ်ဳိးတည္းကုိသာ ရရွိခဲ့သည္။ စပိန္အစုိးရရဲ႕ ဖိအားေပးမႈကုိခံရသည့္အျပင္ အေထာက္အပံ့မ်ားကိုလည္း ေပးျခင္းမရွိေတာ့။ သေဘၤာသားမ်ားမွာလည္း စိတ္ဓာတ္က်လာခဲ့ၾကသည္။ သို႔ေသာ္ ဇြဲမေလွ်ာ့ေသာ ကိုလံဘတ္က ေနာက္တစ္ႀကိမ္ထပ္ထြက္ခဲ့ျပန္သည္။ ထုိခရီးစဥ္သည္ ၂ႏွစ္ၾကာျမင့္ခဲ့ၿပီး အက်ဳိးရလဒ္အျဖစ္ ထရီနီဒက္ကြ်န္းႏွင့္ အေမရိကတိုက္ေတာင္ပုိင္း အခ်က္အခ်ာေဒသ သို႔ေရာက္ရွိခဲ့သည္။ စတုတၱအႀကိမ္တြင္မႈ ဟြန္းဒူးရပ္ကြ်န္း ႏွင့္ ယေန႔ပနာမားတည္ရွိရာေနရာမ်ားသုိ႔ ေရာက္ရွိခဲ့သည္။

ထိုေနာက္ပိုင္းတြင္လည္း ဂ်ပန္ကိုေသာ္လည္းေကာင္း၊ တ႐ုတ္ကိုေသာ္လည္းေကာင္း ေတြ႕ရွိဦးမည္ ေမၽွာ္လင့္ခ်က္ျဖင့္ အေနာက္ဖက္သို႔ အႀကိမ္ႀကိမ္႐ြက္လႊင့္ေသာ္လည္း မေအာင္ျမင္ေပ။ ဘုရင္မ အိဇဘဲလားက ကိုလံဘတ္စ္အား ေတြ႕ရွိရသမၽွ နယ္ေျမတို႔တြင္ ဘုရင္ခံအျဖစ္ အုပ္ခ်ဳပ္ခြင့္ေပးသည္။ သို႔ေသာ္ အုပ္ခ်ဳပ္ေရးပိုင္းတြင္မူ ကိုလံဘတ္စ္ မေအာင္ျမင္ေပ။ ေနာက္ဆုံးတြင္ အခ်ဳပ္ျဖင့္ စပိန္သို႔ ျပန္လည္ပို႔ေဆာင္ျခင္း ခံရၿပီးေနာက္တြင္ မည္သည့္အုပ္ခ်ဳပ္ေရးတာဝန္မွ ထပ္မံေပးအပ္ျခင္းမရွိေတာ့ေပ။

သုိ႔ေသာ္ သူ၏ ဘ၀နိဂုံးသည္လွပသည္ ဟု ဆုိရမည္။ အေၾကာင္းမွာမႈ စပိန္ဘုရင္မႀကီးႏွင့္ သူ ကတိျပဳထားသည့္အတုိင္း သူရွာေတြ႔ခဲ့ရာေနရာမ်ား၏ ကုန္သြယ္မႈတန္ဖုိး ၁၀ပုံ ၁ပုံကုိ သူခံစားခြင့္ရခဲ့သည့္အတြက္ ျဖစ္သည္။ သူ၏ စြန္႔စားရွာေဖြမႈမ်ားေၾကာင့္ တသီးတျခားစီေနထုိင္ခဲ့ၾကေသာ ေ၀းကြာလွေသာ ကမာၻ႔ေဒသမ်ား၏ အခ်က္အလက္မ်ားကို သိရွိခဲ့ၾကရသည္။ ကုိလံဘတ္သည္ ၁၅၀၆ခုႏွစ္ ၊ ေမ (၂၀)တြင္ လူခ်မ္းသာတစ္ဦး၊ လူကုံတန္တစ္ဦးအေနျဖင့္ ကြယ္လြန္ခဲ့ေလသည္။


———————
စွန့်စွန့်စားစား နယ်မြေရှာဖွေရေးသမား (သို့) ခရစ္စတိုဖာ ကိုလံဘတ် (unicode)

ခရစ္စတိုဖာ ကိုလံဘတ်စ် (Christopher Columbus)(၁၄၅၁-၁၅၀၆) သည် အီတလီလူမျိုး ပင်လယ်ရေကြောင်း ကျွမ်းကျင်သူ၊ နယ်မြေသစ်စူးစမ်းရှာဖွေသူဖြစ်သည်။ ၎င်းသည် အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ပြီး အမေရိက နယ်မြေသစ်ကိုသွားရောက်ခဲ့ပြီး အနောက်ကမ္ဘာခြမ်းမှ ကိုလိုနီများအား ရှေ့ဆောင်လမ်းပြပေးနိုင်ခဲ့သည်။ ၎င်းသည် အိန္ဒိယသို့ ကုန်သွယ်ကူးသန်း နိုင်သော ရေလမ်းကြောင်းအသစ်ကို ရှာဖွေရင်း မြောက်အမေရိကတိုက်ကို မတော်တဆ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၁၄၉၂ နှင့် ၁၅၀၄ ခုနှစ်အတွင်းတွင် ကာရေဘီယန်ဒေသ၊ တောင်အမေရိကတို့ကို စုစုပေါင်း လေးကြိမ် သွားရောက်ခဲ့သည်။

ကမ္ဘာ့ အကြီးကျယ်ဆုံးသော အလွဲဖြစ်သည့် ကမ္ဘာသစ်အား တွေ့ရှိခြင်းဟူသည့် အလွဲအား ဆောင်ရွက်ခဲ့သူအဖြစ် ခရစ္စတိုဖာ ကိုလံဘတ်စ်အား သမိုင်းတွင် မှတ်တမ်းတင်ကြသည်။ ကိုလံဘတ်စ်အား ၁၄၅၁ ၊ အောက်တိုဘာ (၃၁)က အီတလီနိုင်ငံ၊ ဂျီနိုအာမြို့တွင် ဖွားမြင်သည်။ မိဘများမှာယက်ကန်းသည်များဖြစ်ကြသည်။ ငယ်စဉ်ကတည်းက ခရီးသွားရခြင်းကို အလွန်နှစ်သက်ပြီး ဆယ်ကျော်သက်အရွယ်မှာပင် မြေထဲပင်လယ်တစ်ဝိုက်ကို ရေလမ်းခရီးဖြင့် အကြိမ်ကြိမ်သွားရောက်ခဲ့ပြီး ဖြစ်သည်။ အရွယ်ရောက်သောအခါ ပင်လယ်ရေကြောင်းခရီးသွားလာရေးတွင် ထူးချွန်ကာ သင်္ဘောကပ္ပတိန် ဖြစ်လာသည်။

၁၃ ရာစုက နာမည်အလွန်ကျော်ကြားသည့် ခရီးသည်ကြီး မာကိုပိုလိုသည် ဂျပန်ကျွန်းစုရှိနေကြောင်းကို အခြားသူများ မှတ်တမ်းများမှတစ်ဆင့် သိခဲ့သော်လည်း ထိုအချိန်က မည်သည့်ဥရောပသားကမှ ဂျပန်ကျွန်းစုကို မရောက်ဖူးပါချေ။ အမေရိကတိုက်ကြီး ရှိနေကြောင်းကိုလည်း မည်သူမျှ မသိကြသေး။(သို့သော် ဗိုက်ကင်းအချို့ကတော့ အမေရိကတိုက်ကြီးအပေါ်သို့ ကိုလံဘတ်မရောက်မီ နှစ်ပေါင်း ၄၀ဝခန့်ကတည်းက အခြေချခဲ့ပြီးဖြစ်သည်။)။ ကိုလံဘတ်သည် သူ၏ကိုယ်ပိုင် ယေဘူယျယူဆချက်များဖြင့် အနောက်ဖက်သို့ ရွက်လွှင့်ခြင်းဖြင့် အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်မိလျှင် ကမ္ဘာ့အရှေ့ခြမ်းရှိ အရှေ့အာရှသို့ရောက်နိုင်သည်ဟု တစ်ထစ်ချ ယူဆခဲ့သည်။ ထိုယူဆချက်အတိုင်း မဖြစ်မနေပင် ကြိုးပမ်းအားထုတ်သည်။

သူ၏ယုံကြည်ချက်ကို အကောင်အထည်ဖော်ရန်အတွက် ဥရောပတိုက်ရှိ နယ်ချဲ့လိုသူမင်းစိုးရာဇာအသိုင်းအဝိုင်းထဲသို့ ဝင်ရောက်တင်ပြသော်လည်း များပြားလွန်းသောကုန်ကျစားရိတ်ကို အကြောင်းပြုကာ သဘောမတူသူများသည်။ နောက်ဆုံးတွင် စပိန်ရှိ ကာ့စတီးလ်(Castile) ဘုရင်မ ပထမ အိဇဘဲလား (Queen Isabella I) က ကုန်ကျစားရိတ်အား မတည်ထုတ်ပေးသဖြင့် စူးစမ်းလေ့လာခရီးထွက်ရန် စတင်သည်။ ၁၄၉၂ခုနှစ်၊ ဩဂုတ်လ၊ ၃ရက်နေ့တွင် စပိန်နိုင်ငံမှ သင်္ဘောများဖြင့် ထွက်ခွာသည်။ ဆန်တာမာရီးယား ၊ နီနာ၊ ပန်တာ စသည့်သင်္ဘောငယ် ၃စင်းကို အုပ်ချုပ်ပြီး သင်္ဘောသား အယောက် ၁၂၀နှင့်အတူ ထွက်ခွာခဲ့ခြင်းဖြစ်သည်။ ကနေရီကျွန်းတွင် ပထမရပ်နားပြီးနောက် စက်တင်ဘာလ၊ ၆ရက်နေ့တွင် အနောက်စူးစူးသို့ ဦးတည်ကာ ထွက်ခွာခဲ့သည်။ ကာလကြာရှည် ပင်လယ်တွင်း ရွက်လွှင့်သည့်အတွက် သင်္ဘောသားများ၏ စိုးရိမ်ကြောက်ရွှံ့မှုများ တိုးပွားလာပြီး နေရပ်ပြန်ရန် အုံ့ကြွမှုများကိုလည်း မကြာခဏရင်ဆိုင်ဖြေရှင်းရသည်။

၁၄၉၂ခုနှစ်၊ အောက်တိုဘာလ၊ ၁၂ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် ကမ်းခြေကို မြင်တွေ့ရသည်။ ငါးလအကြာ ၁၄၉၃ခုနှစ်၊ မတ်လတွင် စပိန်သို့ပြန်ရောက်သည်။ ကိုလံဘတ်၏ ထိုခရီးစဉ်မှတစ်ဆင့် ဂျပန်ကျွန်းစုရှိနေကြောင်း ၊ ဆက်သွားလျှင်အိန္ဒိယအပါအဝင် အာရှတိုက် ကုန်းမြေကြီးရှိကြောင်း သိရှိခဲ့သည်။ စပိန်သို့ပြန်ရောက်လျှင် အမြင့်ဆုံးသော ဂုဏ်ထူးဆောင်ဘွဲ့များဖြင့် ချီးမြှောက်ခြင်းခံရသည်။ နောက်တစ်ကြိမ်ကတော့ အရှေ့အိန္ဒိယကျွန်းစုကိုရောက်ရှိခဲ့သော်လည်း သူ့ရဲ့မှန်းချက်နဲ့ မကိုက်ခဲ့ပါ။

ဟင်းခတ်အမွှေးအကြိုက်အမြောက်အများရရှိနိုင်တယ်လို့ မျှော်မှန်းခဲ့သော်လည်း ငရုတ်ကောင်းတစ်မျိုးတည်းကိုသာ ရရှိခဲ့သည်။ စပိန်အစိုးရရဲ့ ဖိအားပေးမှုကိုခံရသည့်အပြင် အထောက်အပံ့များကိုလည်း ပေးခြင်းမရှိတော့။ သင်္ဘောသားများမှာလည်း စိတ်ဓာတ်ကျလာခဲ့ကြသည်။ သို့သော် ဇွဲမလျှော့သော ကိုလံဘတ်က နောက်တစ်ကြိမ်ထပ်ထွက်ခဲ့ပြန်သည်။ ထိုခရီးစဉ်သည် ၂နှစ်ကြာမြင့်ခဲ့ပြီး အကျိုးရလဒ်အဖြစ် ထရီနီဒက်ကျွန်းနှင့် အမေရိကတိုက်တောင်ပိုင်း အချက်အချာဒေသ သို့ရောက်ရှိခဲ့သည်။ စတုတ္တအကြိမ်တွင်မှု ဟွန်းဒူးရပ်ကျွန်း နှင့် ယနေ့ပနာမားတည်ရှိရာနေရာများသို့ ရောက်ရှိခဲ့သည်။

ထိုနောက်ပိုင်းတွင်လည်း ဂျပန်ကိုသော်လည်းကောင်း၊ တရုတ်ကိုသော်လည်းကောင်း တွေ့ရှိဦးမည် မျှော်လင့်ချက်ဖြင့် အနောက်ဖက်သို့ အကြိမ်ကြိမ်ရွက်လွှင့်သော်လည်း မအောင်မြင်ပေ။ ဘုရင်မ အိဇဘဲလားက ကိုလံဘတ်စ်အား တွေ့ရှိရသမျှ နယ်မြေတို့တွင် ဘုရင်ခံအဖြစ် အုပ်ချုပ်ခွင့်ပေးသည်။ သို့သော် အုပ်ချုပ်ရေးပိုင်းတွင်မူ ကိုလံဘတ်စ် မအောင်မြင်ပေ။ နောက်ဆုံးတွင် အချုပ်ဖြင့် စပိန်သို့ ပြန်လည်ပို့ဆောင်ခြင်း ခံရပြီးနောက်တွင် မည်သည့်အုပ်ချုပ်ရေးတာဝန်မှ ထပ်မံပေးအပ်ခြင်းမရှိတော့ပေ။ သို့သော် သူ၏ ဘဝနိဂုံးသည်လှပသည် ဟု ဆိုရမည်။ အကြောင်းမှာမှု စပိန်ဘုရင်မကြီးနှင့် သူ ကတိပြုထားသည့်အတိုင်း သူရှာတွေ့ခဲ့ရာနေရာများ၏ ကုန်သွယ်မှုတန်ဖိုး ၁ဝပုံ ၁ပုံကို သူခံစားခွင့်ရခဲ့သည့်အတွက် ဖြစ်သည်။ သူ၏ စွန့်စားရှာဖွေမှုများကြောင့် တသီးတခြားစီနေထိုင်ခဲ့ကြသော ဝေးကွာလှသော ကမ္ဘာ့ဒေသများ၏ အချက်အလက်များကို သိရှိခဲ့ကြရသည်။ ကိုလံဘတ်သည် ၁၅၀၆ခုနှစ် ၊ မေ (၂၀)တွင် လူချမ်းသာတစ်ဦး၊ လူကုံတန်တစ်ဦးအနေဖြင့် ကွယ်လွန်ခဲ့လေသည်။

Leave a Reply