ျမန္မာ့ေငြ သမုိင္းေၾကာင္း

Posted on

ျမန္မာႏိုင္ငံ တြင္ အသုံးျပဳေသာ ေငြေၾကးကို ေငြဟုလည္းေကာင္း၊ ပိုက္ဆပ္ ဟုလည္းေကာင္းေခၚၾကသည္။ ပိုက္ဆံဟုလည္း အသံထြက္ၾကသည္။ ပိုက္ဆပ္ဟူသည္မွာ အိႏၵိယျပည္မွ အေႂကြေစ့ကိုေခၚေသာ ေဝါဟာရတစ္မ်ိဳးကို လိုက္လံေျပာဆိုရာမွ အသုံးတြင္လာျခင္းျဖစ္သည္။ အဆိုပါေငြကို ေရတြက္တိုင္းတာေသာ အေရအတြက္ျပ ေဝါဟာရမွာမူက်ပ္ျဖစ္သည္။ တစ္က်ပ္လၽွင္ ျပားတစ္ရာ အထိစိတ္ပိုင္းထားၿပီးအသုံးျပဳေသာ စနစ္ျဖစ္သည္။ အေသးဆုံး ေရတြက္သည့္ ယူနစ္မွာျပား ျဖစ္သည္။ အေသးငယ္ဆုံး ေငြေၾကးမွာ တစ္ျပားေစ့ျဖစ္ၿပီး၊ အႀကီးဆုံး ေငြစကၠဴမွာ ၁၀,၀၀၀ က်ပ္တန္ဘိုးရွိသည္။

၁၉၆၆-ခုႏွစ္၊ ေအာက္တိုဘာလ(၁၅)ရက္ေန႔တြင္ ေတာ္လွန္ေရးအစိုးရ၊ ဘ႑ာေရးႏွင့္ အခြန္ဌာနသည္ (၅၀)ျပား၊ (၂၅)ျပား၊ (၁၀)ျပား၊ (၁)ျပား စေသာ ေငြအေႂကြသစ္မ်ား ထုတ္ေဝသည္။ အဆိုပါ ေငြအေႂကြမ်ားကို ဒန္သတၱဳႏွင့္ ထုတ္လုပ္၍ ေငြအေႂကြေစ့ မ်က္ႏွာစာတြင္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း ၏ ႐ုပ္ပုံပါရွိၿပီး ေက်ာဘက္တြင္ တန္ဖိုးကို စာျဖင့္ ေဖာ္ျပထားသည္။

၁၉၇၁-ခုႏွစ္၊ ဒီဇင္ဘာလ(၂၇)ရက္ေန႔တြင္ ျမန္မာႏိုင္ငံ က်ပ္ေငြလဲလွယ္ႏႈန္း ျပင္ဆင္ သတ္မွတ္သည္။

၁၉၇၂-ခုႏွစ္၊ ေဖေဖာ္ဝါရီလ(၇)ရက္ေန႔တြင္ ႏိုင္ငံျခားေငြ ဘဏ္လဲလွယ္ႏႈန္း ျပန္လည္ျပင္ဆင္ သတ္မွတ္သည္။

ျမန္မာက်ပ္ေငြတို႔ကို အေမရိကန္ တစ္ေဒၚလာလၽွင္ ၁,၂၀၀ က်ပ္ႏႈန္း ဝန္းက်င္ခန္႔ ႏွင့္ တန္ဖိုးသင့္ ဖလွယ္ၾကသည္။

ျမန္မာက်ပ္ေငြကို ၁၉၅၂-ခုႏွစ္၊ ဇူလိုင္လ(၁)ရက္တြင္ စတင္ခဲ့သည္။ တစ္က်ပ္လၽွင္ တစ္အိႏၷိ႐ူပီး ေဈးတူသတ္မွတ္ခဲ့သည္။ ထိုအခ်ိန္တြင္ US$1=4.7619 Kyat = 4.7619 Indian Rupees ေပါက္ေဈးရွိသည္။ အနီးစပ္ဆုံး US$1.00 ေပါက္ေဈးမ်ားကို ျမန္မာ့ႏိုင္ငံေရးျဖစ္ရပ္မ်ားႏွင့္ အမွတ္တရေလ့လာႏိုင္ပါသည္။ အေမရိကန္တစ္ေဒၚလာေပါက္ေဈးမွာ ၂၀၁၁ တြင္ အိႏၷိယ႐ူပီး ၄၉.၅ သာရွိေသာ္လည္း၊ ျမန္မာက်ပ္ ၇၅၀ ျဖစ္ျခင္းမွာ ျမန္မာေငြေၾကးမတည္ၿငိမ္မႈကို ျပသပါသည္။

သမိုင္းေၾကာင္း


ပ်ဴေခတ္၊ ဟန္လင္း၊ ဗိႆႏိုးႏွင့္ သေရေခတၱရာေခတ္တို႔တြင္ ဟန္လင္းဒဂၤါးမ်ားကို က်ပ္ေစ့၊ ငါးမူးေစ့၊ မတ္ေစ့၊ မူးေစ့ဟူ၍၎၊ ႏြားလားဥႆဘ၊ သေျပၫႊန္႔ႏွင့္ မင္းအမည္ခပ္ႏွိပ္ထားေသာ ရခိုင္ဒဂၤါးမ်ားႏွင့္ ဟသၤာ႐ုပ္ပါ ရွိသည့္ မြန္ဒဂၤါးမ်ားကို၎ ေငြေၾကးအျဖစ္ ထုတ္ေဝသုံးစြဲခဲ့သည္ကို အေထာက္အထားမ်ား ေတြ႕ရွိရၿပီး ပုဂံေခတ္၊ အင္းဝေခတ္တို႔တြင္ ေငြတုံးေငြခဲမ်ားကိုသာ အစိတ္သား၊ ႏွစ္ဆယ္သား၊ တဆယ္သား စသည္ျဖင့္ ျပဳလုပ္သုံးစြဲခဲ့ေၾကာင္း သိရသည္။

ကုန္းေဘာင္ေခတ္၏ ဘိုးေတာ္ဘုရားလက္ထက္တြင္ ေခတ္မီ ျမန္မာ့ဒဂၤါးမ်ားကို ကာလကတၱားၿမိဳ႕တြင္ သြန္းလုပ္သုံးစြဲခဲ့သည္။ ၎တို႔မွာ ျမန္မာဒဂၤါး၊ ရခိုင္ဒဂၤါး၊ ေဝသာလီဒဂၤါး၊ ကုလားဒဂၤါးတို႔ ျဖစ္သည္။ ဘႀကီးေတာ္ သာယာဝတီႏွင့္ ပုဂံမင္းတို႔လက္ထက္တြင္လည္း ထိုေလးမ်ိဳးကိုပင္ သုံးစြဲခဲ့ၾကသည္။

ပထမဆုံးက်ပ္ေငြ (၁၈၅၂-၁၈၈၉ ခုႏွစ္)

မင္းတုန္းမင္းလက္ထက္တြင္ ဒဂၤါးသြန္းစက္ကို အဂၤလန္ႏိုင္ငံမွ ဝယ္ယူခဲ့ၿပီး ျမန္မာသကၠရာဇ္ ၁၂၂၇-ခုႏွစ္ တန္ေဆာင္မုန္းလျပည့္ေက်ာ္ ရ-ရက္ေန႔တြင္ မႏၲေလးေနျပည္ေတာ္၌ ျမန္မာေဒါင္းဒဂၤါးမ်ားကို စတင္ သြန္းလုပ္ခဲ့သည္။ ေဒါင္းဒဂၤါးမ်ားကို ေ႐ႊျဖင့္ တမတ္ေစ့၊ တပဲေစ့မ်ား ထုတ္လုပ္ၿပီး ေငြျဖင့္ တက်ပ္ေစ့၊ ငါးမူးေစ့၊ တမတ္ေစ့၊ တမူးေစ့ႏွင့္ တပဲေစ့ဟူ၍ ငါးမ်ိဳး သြန္းလုပ္ခဲ့သည္။ ထိုစဥ္က ေငြလဲလွယ္ႏႈန္းမွာ ျမန္မာဒဂၤါး ၁၅-က်ပ္ခန္႔ကို အဂၤလိပ္ေ႐ႊဒဂၤါး စတာလင္တေပါင္ျဖစ္သည္။

ၿဗိတိသၽွေခတ္

ခရစ္ႏွစ္ ၁၈၈၅-ခုႏွစ္တြင္ ျမန္မာႏ္ိုင္ငံကို ၿဗိတိသၽွနယ္ခ်ဲ႕မ်ား သိမ္းပိုက္ခဲ့ၿပီး ေငြေၾကးအျဖစ္ အိႏၵိယေငြဒဂၤါးမ်ားကို သြင္းယူလာခဲ့သည္။ မင္းတုန္းမင္း ထုတ္ေဝခဲ့သည့္ ျမန္မာ့ဒဂၤါးမ်ားႏွင့္ အိႏၵိယဒဂၤါး ႏွစ္မ်ိဳးလုံးကိုပင္ ျမန္မာႏိုင္ငံတြင္ တရားဝင္လက္ခံသုံးစြဲၾကသည္။ ခရစ္ႏွစ္ ၁၈၉၇-ခုႏွစ္တြင္ ျမန္မာႏိုင္ငံအား အိႏၵိယအင္ပါယာ၏ ျပည္နယ္တခုအျဖစ္ အဆင့္သတ္မွတ္ခဲ့သည္။ အိႏၵိယအစိုးရသည္ ၁၈၆၁-ခုႏွစ္ ဥပေဒအရ ေငြဒဂၤါးမ်ားသာမက ေငြစကၠဴမ်ားကိုပါ ထုတ္ေဝခဲ့သည္။ ျမန္မာႏိုင္ငံတြင္ ထိုေငြစကၠဴမ်ားကို သုံးစြဲခြင့္ျပဳခဲ့သည္။

၁၉၃၅-ခုႏွစ္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ ဥပေဒသစ္ျပ႒ာန္းၿပီး ျမန္မာႏိုင္ငံအား အိႏၵိယမွ ခြဲထြက္ခြင့္ျပဳခဲ့ၿပီး ၁၉၃၇-ခုႏွစ္ ဧၿပီလ ၁-ရက္ေန႔တြင္ ၉၁-ဌာန အုပ္ခ်ဳပ္ေရးကို ေပးအပ္ခဲ့သည္။ သို႔ေသာ္ ျမန္မာႏိုင္ငံအတြက္ ေငြစကၠဴထုတ္ေဝခြင့္ကို ၁၉၃၅-ခုႏွစ္က တည္ေထာင္ခဲ့ေသာ အိႏၵိယရီဇတ္ဘဏ္ (Reserve Bank of India) အား ဆက္လက္အပ္ႏွင္းထားခဲ့သည္။ အစပိုင္းတြင္ ျမန္မာႏိုင္ငံအတြက္ သုံးစြဲရန္ ေငြစကၠဴမ်ားအျဖစ္ အိႏၵိယအစိုးရက ႐ိုက္ႏွိပ္ေသာ ေငြစကၠဴမ်ားေပၚတြင္ ျမန္မာျပည္၌သာ တရားဝင္သည္ (Legal Tender in Burma Only) ဟူေသာ ေငြစကၠဴမ်ားကို ထုတ္ေဝခဲ့သည္။ ၁၉၃၈-ခုႏွစ္တြင္ အိႏၵိယရီဇတ္ဘဏ္က ျမန္မာႏိုင္ငံအတြက္ ၅-႐ူပီးတန္၊ ၁၀-႐ူပီးတန္၊ ၁၀၀-႐ူပီးတန္ႏွင့္ ၁၀,၀၀၀-႐ူပီးတန္ ေငြစကၠဴမ်ားကို သီးသန္႔ပုံစံျဖင့္ ထုတ္ေဝခဲ့သည္။ ၁၉၃၉-ခုႏွစ္တြင္ ၁,၀၀၀-႐ူပီးတန္ႏွင့္ ၁-႐ူပီးတန္မ်ားကို ထုတ္ေဝခဲ့သည္။

ဂ်ပန္ေခတ္

၁၉၄၂-မွ ၁၉၄၅-ခုႏွစ္အထိ ဖက္ဆစ္ဂ်ပန္တို႔ ျမန္မာႏိုင္ငံသို႔ ဝင္ေရာက္လာၿပီးေနာက္ အိႏၵိယေငြစကၠဴ မ်ားကို တရားဝင္အျဖစ္မွ ဖ်က္သိမ္းခဲ့သည္။ ထို႔ေနာက္ ေက်ာေထာက္ေနာက္ခံမရွိဘဲ ေထာင္မလဲသဲေကာ္ ဂ်ပန္ေငြစကၠဴမ်ားကို အတိုင္းအဆမရွိ အေျမာက္အျမား ႐ိုက္ႏွိပ္သုံးစြဲခဲ့သည္။

စစ္ၿပီးေခတ္

၁၉၄၅-ခုႏွစ္ ဒုတိယကမၻာစစ္အၿပီး ၿဗိတိသၽွမ်ား ျမန္မာႏိုင္ငံသို႔ ျပန္လည္ဝင္ေရာက္လာၿပီး ဂ်ပန္ေငြစကၠဴမ်ားကို တရားမဝင္ဟု ၿဗိတိသွ်စစ္အုပ္ခ်ဳပ္ေရး (British Military Administration) က ေၾကညာခဲ့သည္။ အိႏၵိယေငြစကၠဴေပၚတြင္ ၿဗိတိသၽွစစ္အုပ္ခ်ဳပ္ေရး၊ ျမန္မာျပည္၌သာ တရားဝင္သည္-ဟူေသာ စာတမ္းကို ထပ္ဆင့္႐ိုက္ႏွိပ္ၿပီး ျမန္မာႏိုင္ငံအတြက္ သီးသန္႔ေငြစကၠဴမ်ား ထုတ္ေဝခဲ့သည္။ ထိုစဥ္က စစ္အုပ္ခ်ဳပ္ေရး ေငြစကၠဴမ်ား၊ အိႏၵိယရီဇတ္ဘဏ္က ျမန္မာျပည္အတြက္ ထုတ္ေဝခဲ့ေသာ ေငြစကၠဴမ်ားႏွင့္ အိႏၵိယေငြစကၠဴအားလုံး ျမန္မာျပည္တြင္ တရားဝင္သုံးစြဲခြင့္ ရွိသည္။

၁၉၄၆-ခုႏွစ္၊ ဒီဇင္ဘာလ ၃၁-ရက္ေန႔တြင္ ႐ူပီး ၁,၀၀၀-တန္ႏွင့္ ၁၀,၀၀၀-တန္ ေငြစကၠဴမ်ားကို တရားဝင္အျဖစ္မွ ရပ္စဲခဲ့သည္။ ၁၉၄၇-ခုႏွစ္ မတ္လ ၃၁-ရက္ေန႔တြင္ အိႏၵိယရီဇတ္ဘဏ္ႏွင့္ ဆက္သြယ္မႈကို ရပ္စဲၿပီး ျမန္မာေငြစကၠဴ ဘုတ္အဖြဲ႕ကို ဖြဲ႕စည္းခဲ့သည္။ အဖြဲ႕ဝင္မ်ားအျဖစ္- (၁) ဘုရင္ခံက ခန္႔အပ္သည့္ သဘာပတိတဦး။ (၂) ျမန္မာႏိုင္ငံတြင္ ေမြးဖြားသူ အဖြဲ႕ဝင္ ၂-ဦး။ (၃) ျမန္မာႏိုင္ငံဆိုင္ရာ ၿဗိတိသၽွအဖြဲ႕ ဝန္ႀကီးက ခန္႔အပ္သည့္အဖြဲ႕ဝင္တဦး။ (၄) အဂၤလန္ဘဏ္ဥကၠ႒ (Governor) က ခန္႔အပ္သည့္အဖြဲ႕ဝင္တဦးတို႔ ပါဝင္သည္။

ယေန႔ေခတ္က်ပ္ေငြ
ယေန႔ေခတ္၌ အသုံးျပဳေနေသာ က်ပ္ေငြကို ၁ ရက္ ဇူလိုင္ ၁၉၅၂ ခုႏွစ္တြင္ စတင္အသုံးျပဳခဲ့ၿပီး တစ္က်ပ္တြင္ ျပား ၁၀၀ ရွိသည္။

ေငြစကၠဴ
ေငြစကၠဴ ဆိုသည္မွာ ကုန္ပစၥည္းမ်ား ေရာင္းဝယ္ေဖာက္ကား ရာတြင္ ၾကားခံအျဖစ္ အသုံးျပဳကာ စကၠဴျဖင့္ ျပဳလုပ္ထား၍ တန္ဘိုးသတ္မွတ္ထားေသာ အရာျဖစ္သည္။ ကမၻာတြင္ ႏိုင္ငံအသီးသီး၌ ေငြစကၠဴကို အသုံးျပဳၾကသည္။ ႏိုင္ငံတိုင္း လိုလိုပင္ ကိုယ္ပိုင္ သတ္မွတ္ထားသည့္ ေငြစကၠဴမ်ား ရွိၾကသည္။ ျမန္မာႏိုင္ငံတြင္ ကိုလိုနီေခတ္မွစ၍ ေငြစကၠဴမ်ားကို သုံးစြဲခဲ့ၾကသည္။

ကိုလိုနီေခတ္တြင္ အိႏၵိယ၏ ျပည္နယ္တစ္ခုအေနနဲ႔ ရွိေနေသာ္လည္း ျမန္မာႏိုင္ငံအတြက္ ေငြစကၠဴသီးသန္႔ ထုတ္လုပ္ခဲ့သည္။ “ဗမာျပည္တြင္ သုံးႏိုင္သည္”ဟုေရးၿပီး ထုတ္သည္။ ထိုေခတ္တြင္ ႐ူပီး (Rupee) အသုံးျဖစ္သည္။ ၁႐ူပီး (Rupee)တြင္ ၁၀ဝ စန္႔ (Cent) ရွိသည္။ ၁႐ူပီး (Rupee) တြင္ ၁၆- ပဲ (Anna) ရွိသည္။

၁၉၄၄ ခုနစ္တြင္ “ဂ်ပန္ႏိုင္ငံေတာ္အစိုးရ” ဆိုသည့္နာမည္ႏွင့္ ေငြစကၠဴမ်ား၊ “ဗမာႏိုင္ငံေတာ္ဘဏ္” ဆိုေသာနာမည္ႏွင့္ ထုတ္ထားေသာ ေငြစကၠဴမ်ား ေတြ႕ရသည္။ ဂ်ပန္ေခတ္တြင္လည္း ႐ူပီး (Rupee) သာသုံးသည္။

ေနာက္ပိုင္းတြင္ က်ပ္ (Kyat) အသုံးျပဳလာသည္။ ၁က်ပ္တြင္ ျပား၁၀ဝ ရွိသည္။ ၁၉၄၈ ခုနစ္မွာ တစ္က်ပ္တန္ကို “ဗမာႏိုင္ငံအစိုးရ” ဆိုတဲ့နာမည္နဲ႔ထုတ္ၿပီး ၁၉၅၃ ခုနစ္မွာ ထိုဒီဇိုင္းကို မေျပာင္းဘဲ “ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္ဘဏ္”ဟုဆိုေသာ နာမည္ႏွင့္ ေျပာင္းထုတ္သည္။

ေနာက္ထူးျခားခ်က္တစ္ခုကေတာ့ ၁၉၉၄ ခုနစ္က ထုတ္ခဲ့ေသာ ၅၀ဝက်ပ္တန္ ႏွင့္ ၁၉၉၈ ခုနစ္မွာ ထုတ္ခဲ့သည့္ ၁၀၀ဝက်ပ္တန္ ေငြစကၠဴမ်ားကို ၂၀၀၄ ခုနစ္မွာ ဒီဇိုင္းလုံးဝမေျပာင္းဘဲ အ႐ြယ္အစားေသးၿပီး ထပ္မံထုတ္ခဲ့တာျဖစ္သည္။ မသုံးစြဲေတာ့ၿပီျဖစ္ေသာ တခ်ိန္ကျမန္မာ့ ေငြစကၠဴမ်ားကုိ ျပန္လည္ေ၀မွ်လုိက္ပါတယ္။


မြန်မာ့ငွေ သမိုင်းကြောင်း (unicode)

မြန်မာနိုင်ငံ တွင် အသုံးပြုသော ငွေကြေးကို ငွေဟုလည်းကောင်း၊ ပိုက်ဆပ် ဟုလည်းကောင်းခေါ်ကြသည်။ ပိုက်ဆံဟုလည်း အသံထွက်ကြသည်။ ပိုက်ဆပ်ဟူသည်မှာ အိန္ဒိယပြည်မှ အကြွေစေ့ကိုခေါ်သော ဝေါဟာရတစ်မျိုးကို လိုက်လံပြောဆိုရာမှ အသုံးတွင်လာခြင်းဖြစ်သည်။ အဆိုပါငွေကို ရေတွက်တိုင်းတာသော အရေအတွက်ပြ ဝေါဟာရမှာမူကျပ်ဖြစ်သည်။ တစ်ကျပ်လျှင် ပြားတစ်ရာ အထိစိတ်ပိုင်းထားပြီးအသုံးပြုသော စနစ်ဖြစ်သည်။ အသေးဆုံး ရေတွက်သည့် ယူနစ်မှာပြား ဖြစ်သည်။ အသေးငယ်ဆုံး ငွေကြေးမှာ တစ်ပြားစေ့ဖြစ်ပြီး၊ အကြီးဆုံး ငွေစက္ကူမှာ ၁၀,၀၀၀ ကျပ်တန်ဘိုးရှိသည်။

၁၉၆၆-ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့တွင် တော်လှန်ရေးအစိုးရ၊ ဘဏ္ဍာရေးနှင့် အခွန်ဌာနသည် (၅၀)ပြား၊ (၂၅)ပြား၊ (၁၀)ပြား၊ (၁)ပြား စသော ငွေအကြွေသစ်များ ထုတ်ဝေသည်။ အဆိုပါ ငွေအကြွေများကို ဒန်သတ္တုနှင့် ထုတ်လုပ်၍ ငွေအကြွေစေ့ မျက်နှာစာတွင် ဗိုလ်ချုပ် အောင်ဆန်း ၏ ရုပ်ပုံပါရှိပြီး ကျောဘက်တွင် တန်ဖိုးကို စာဖြင့် ဖော်ပြထားသည်။

၁၉၇၁-ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်နေ့တွင် မြန်မာနိုင်ငံ ကျပ်ငွေလဲလှယ်နှုန်း ပြင်ဆင် သတ်မှတ်သည်။

၁၉၇၂-ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် နိုင်ငံခြားငွေ ဘဏ်လဲလှယ်နှုန်း ပြန်လည်ပြင်ဆင် သတ်မှတ်သည်။

မြန်မာကျပ်ငွေတို့ကို အမေရိကန် တစ်ဒေါ်လာလျှင် ၁,၂၀၀ ကျပ်နှုန်း ဝန်းကျင်ခန့် နှင့် တန်ဖိုးသင့် ဖလှယ်ကြသည်။

မြန်မာကျပ်ငွေကို ၁၉၅၂-ခုနှစ်၊ ဇူလိုင်လ(၁)ရက်တွင် စတင်ခဲ့သည်။ တစ်ကျပ်လျှင် တစ်အိန္နိရူပီး ဈေးတူသတ်မှတ်ခဲ့သည်။ ထိုအချိန်တွင် US$1=4.7619 Kyat = 4.7619 Indian Rupees ပေါက်ဈေးရှိသည်။ အနီးစပ်ဆုံး US$1.00 ပေါက်ဈေးများကို မြန်မာ့နိုင်ငံရေးဖြစ်ရပ်များနှင့် အမှတ်တရလေ့လာနိုင်ပါသည်။ အမေရိကန်တစ်ဒေါ်လာပေါက်ဈေးမှာ ၂၀၁၁ တွင် အိန္နိယရူပီး ၄၉.၅ သာရှိသော်လည်း၊ မြန်မာကျပ် ၇၅၀ ဖြစ်ခြင်းမှာ မြန်မာငွေကြေးမတည်ငြိမ်မှုကို ပြသပါသည်။

သမိုင်းကြောင်း
ပျူခေတ်၊ ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာခေတ်တို့တွင် ဟန်လင်းဒင်္ဂါးများကို ကျပ်စေ့၊ ငါးမူးစေ့၊ မတ်စေ့၊ မူးစေ့ဟူ၍၎င်း၊ နွားလားဥဿဘ၊ သပြေညွှန့်နှင့် မင်းအမည်ခပ်နှိပ်ထားသော ရခိုင်ဒင်္ဂါးများနှင့် ဟင်္သာရုပ်ပါ ရှိသည့် မွန်ဒင်္ဂါးများကို၎င်း ငွေကြေးအဖြစ် ထုတ်ဝေသုံးစွဲခဲ့သည်ကို အထောက်အထားများ တွေ့ရှိရပြီး ပုဂံခေတ်၊ အင်းဝခေတ်တို့တွင် ငွေတုံးငွေခဲများကိုသာ အစိတ်သား၊ နှစ်ဆယ်သား၊ တဆယ်သား စသည်ဖြင့် ပြုလုပ်သုံးစွဲခဲ့ကြောင်း သိရသည်။ ကုန်းဘောင်ခေတ်၏ ဘိုးတော်ဘုရားလက်ထက်တွင် ခေတ်မီ မြန်မာ့ဒင်္ဂါးများကို ကာလကတ္တားမြို့တွင် သွန်းလုပ်သုံးစွဲခဲ့သည်။ ၎င်းတို့မှာ မြန်မာဒင်္ဂါး၊ ရခိုင်ဒင်္ဂါး၊ ဝေသာလီဒင်္ဂါး၊ ကုလားဒင်္ဂါးတို့ ဖြစ်သည်။ ဘကြီးတော် သာယာဝတီနှင့် ပုဂံမင်းတို့လက်ထက်တွင်လည်း ထိုလေးမျိုးကိုပင် သုံးစွဲခဲ့ကြသည်။

ပထမဆုံးကျပ်ငွေ (၁၈၅၂-၁၈၈၉ ခုနှစ်)
မင်းတုန်းမင်းလက်ထက်တွင် ဒင်္ဂါးသွန်းစက်ကို အင်္ဂလန်နိုင်ငံမှ ဝယ်ယူခဲ့ပြီး မြန်မာသက္ကရာဇ် ၁၂၂၇-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ရ-ရက်နေ့တွင် မန္တလေးနေပြည်တော်၌ မြန်မာဒေါင်းဒင်္ဂါးများကို စတင် သွန်းလုပ်ခဲ့သည်။ ဒေါင်းဒင်္ဂါးများကို ရွှေဖြင့် တမတ်စေ့၊ တပဲစေ့များ ထုတ်လုပ်ပြီး ငွေဖြင့် တကျပ်စေ့၊ ငါးမူးစေ့၊ တမတ်စေ့၊ တမူးစေ့နှင့် တပဲစေ့ဟူ၍ ငါးမျိုး သွန်းလုပ်ခဲ့သည်။ ထိုစဉ်က ငွေလဲလှယ်နှုန်းမှာ မြန်မာဒင်္ဂါး ၁၅-ကျပ်ခန့်ကို အင်္ဂလိပ်ရွှေဒင်္ဂါး စတာလင်တပေါင်ဖြစ်သည်။

ဗြိတိသျှခေတ်
ခရစ်နှစ် ၁၈၈၅-ခုနှစ်တွင် မြန်မာန်ိုင်ငံကို ဗြိတိသျှနယ်ချဲ့များ သိမ်းပိုက်ခဲ့ပြီး ငွေကြေးအဖြစ် အိန္ဒိယငွေဒင်္ဂါးများကို သွင်းယူလာခဲ့သည်။ မင်းတုန်းမင်း ထုတ်ဝေခဲ့သည့် မြန်မာ့ဒင်္ဂါးများနှင့် အိန္ဒိယဒင်္ဂါး နှစ်မျိုးလုံးကိုပင် မြန်မာနိုင်ငံတွင် တရားဝင်လက်ခံသုံးစွဲကြသည်။ ခရစ်နှစ် ၁၈၉၇-ခုနှစ်တွင် မြန်မာနိုင်ငံအား အိန္ဒိယအင်ပါယာ၏ ပြည်နယ်တခုအဖြစ် အဆင့်သတ်မှတ်ခဲ့သည်။ အိန္ဒိယအစိုးရသည် ၁၈၆၁-ခုနှစ် ဥပဒေအရ ငွေဒင်္ဂါးများသာမက ငွေစက္ကူများကိုပါ ထုတ်ဝေခဲ့သည်။ မြန်မာနိုင်ငံတွင် ထိုငွေစက္ကူများကို သုံးစွဲခွင့်ပြုခဲ့သည်။

၁၉၃၅-ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေသစ်ပြဋ္ဌာန်းပြီး မြန်မာနိုင်ငံအား အိန္ဒိယမှ ခွဲထွက်ခွင့်ပြုခဲ့ပြီး ၁၉၃၇-ခုနှစ် ဧပြီလ ၁-ရက်နေ့တွင် ၉၁-ဌာန အုပ်ချုပ်ရေးကို ပေးအပ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံအတွက် ငွေစက္ကူထုတ်ဝေခွင့်ကို ၁၉၃၅-ခုနှစ်က တည်ထောင်ခဲ့သော အိန္ဒိယရီဇတ်ဘဏ် (Reserve Bank of India) အား ဆက်လက်အပ်နှင်းထားခဲ့သည်။ အစပိုင်းတွင် မြန်မာနိုင်ငံအတွက် သုံးစွဲရန် ငွေစက္ကူများအဖြစ် အိန္ဒိယအစိုးရက ရိုက်နှိပ်သော ငွေစက္ကူများပေါ်တွင် မြန်မာပြည်၌သာ တရားဝင်သည် (Legal Tender in Burma Only) ဟူသော ငွေစက္ကူများကို ထုတ်ဝေခဲ့သည်။ ၁၉၃၈-ခုနှစ်တွင် အိန္ဒိယရီဇတ်ဘဏ်က မြန်မာနိုင်ငံအတွက် ၅-ရူပီးတန်၊ ၁၀-ရူပီးတန်၊ ၁၀၀-ရူပီးတန်နှင့် ၁၀,၀၀၀-ရူပီးတန် ငွေစက္ကူများကို သီးသန့်ပုံစံဖြင့် ထုတ်ဝေခဲ့သည်။ ၁၉၃၉-ခုနှစ်တွင် ၁,၀၀၀-ရူပီးတန်နှင့် ၁-ရူပီးတန်များကို ထုတ်ဝေခဲ့သည်။

ဂျပန်ခေတ်
၁၉၄၂-မှ ၁၉၄၅-ခုနှစ်အထိ ဖက်ဆစ်ဂျပန်တို့ မြန်မာနိုင်ငံသို့ ဝင်ရောက်လာပြီးနောက် အိန္ဒိယငွေစက္ကူ များကို တရားဝင်အဖြစ်မှ ဖျက်သိမ်းခဲ့သည်။ ထို့နောက် ကျောထောက်နောက်ခံမရှိဘဲ ထောင်မလဲသဲကော် ဂျပန်ငွေစက္ကူများကို အတိုင်းအဆမရှိ အမြောက်အမြား ရိုက်နှိပ်သုံးစွဲခဲ့သည်။

စစ်ပြီးခေတ်
၁၉၄၅-ခုနှစ် ဒုတိယကမ္ဘာစစ်အပြီး ဗြိတိသျှများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာပြီး ဂျပန်ငွေစက္ကူများကို တရားမဝင်ဟု ဗြိတိသျှစစ်အုပ်ချုပ်ရေး (British Military Administration) က ကြေညာခဲ့သည်။ အိန္ဒိယငွေစက္ကူပေါ်တွင် ဗြိတိသျှစစ်အုပ်ချုပ်ရေး၊ မြန်မာပြည်၌သာ တရားဝင်သည်-ဟူသော စာတမ်းကို ထပ်ဆင့်ရိုက်နှိပ်ပြီး မြန်မာနိုင်ငံအတွက် သီးသန့်ငွေစက္ကူများ ထုတ်ဝေခဲ့သည်။ ထိုစဉ်က စစ်အုပ်ချုပ်ရေး ငွေစက္ကူများ၊ အိန္ဒိယရီဇတ်ဘဏ်က မြန်မာပြည်အတွက် ထုတ်ဝေခဲ့သော ငွေစက္ကူများနှင့် အိန္ဒိယငွေစက္ကူအားလုံး မြန်မာပြည်တွင် တရားဝင်သုံးစွဲခွင့် ရှိသည်။

၁၉၄၆-ခုနှစ်၊ ဒီဇင်ဘာလ ၃၁-ရက်နေ့တွင် ရူပီး ၁,၀၀၀-တန်နှင့် ၁၀,၀၀၀-တန် ငွေစက္ကူများကို တရားဝင်အဖြစ်မှ ရပ်စဲခဲ့သည်။ ၁၉၄၇-ခုနှစ် မတ်လ ၃၁-ရက်နေ့တွင် အိန္ဒိယရီဇတ်ဘဏ်နှင့် ဆက်သွယ်မှုကို ရပ်စဲပြီး မြန်မာငွေစက္ကူ ဘုတ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ အဖွဲ့ဝင်များအဖြစ်- (၁) ဘုရင်ခံက ခန့်အပ်သည့် သဘာပတိတဦး။ (၂) မြန်မာနိုင်ငံတွင် မွေးဖွားသူ အဖွဲ့ဝင် ၂-ဦး။ (၃) မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှအဖွဲ့ ဝန်ကြီးက ခန့်အပ်သည့်အဖွဲ့ဝင်တဦး။ (၄) အင်္ဂလန်ဘဏ်ဥက္ကဋ္ဌ (Governor) က ခန့်အပ်သည့်အဖွဲ့ဝင်တဦးတို့ ပါဝင်သည်။

ယနေ့ခေတ်ကျပ်ငွေ
ယနေ့ခေတ်၌ အသုံးပြုနေသော ကျပ်ငွေကို ၁ ရက် ဇူလိုင် ၁၉၅၂ ခုနှစ်တွင် စတင်အသုံးပြုခဲ့ပြီး တစ်ကျပ်တွင် ပြား ၁၀၀ ရှိသည်။

ငွေစက္ကူ
ငွေစက္ကူ ဆိုသည်မှာ ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကား ရာတွင် ကြားခံအဖြစ် အသုံးပြုကာ စက္ကူဖြင့် ပြုလုပ်ထား၍ တန်ဘိုးသတ်မှတ်ထားသော အရာဖြစ်သည်။ ကမ္ဘာတွင် နိုင်ငံအသီးသီး၌ ငွေစက္ကူကို အသုံးပြုကြသည်။ နိုင်ငံတိုင်း လိုလိုပင် ကိုယ်ပိုင် သတ်မှတ်ထားသည့် ငွေစက္ကူများ ရှိကြသည်။ မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်မှစ၍ ငွေစက္ကူများကို သုံးစွဲခဲ့ကြသည်။

ကိုလိုနီခေတ်တွင် အိန္ဒိယ၏ ပြည်နယ်တစ်ခုအနေနဲ့ ရှိနေသော်လည်း မြန်မာနိုင်ငံအတွက် ငွေစက္ကူသီးသန့် ထုတ်လုပ်ခဲ့သည်။ “ဗမာပြည်တွင် သုံးနိုင်သည်”ဟုရေးပြီး ထုတ်သည်။ ထိုခေတ်တွင် ရူပီး (Rupee) အသုံးဖြစ်သည်။ ၁ရူပီး (Rupee)တွင် ၁ဝဝ စန့် (Cent) ရှိသည်။ ၁ရူပီး (Rupee) တွင် ၁၆- ပဲ (Anna) ရှိသည်။

၁၉၄၄ ခုနစ်တွင် “ဂျပန်နိုင်ငံတော်အစိုးရ” ဆိုသည့်နာမည်နှင့် ငွေစက္ကူများ၊ “ဗမာနိုင်ငံတော်ဘဏ်” ဆိုသောနာမည်နှင့် ထုတ်ထားသော ငွေစက္ကူများ တွေ့ရသည်။ ဂျပန်ခေတ်တွင်လည်း ရူပီး (Rupee) သာသုံးသည်။

နောက်ပိုင်းတွင် ကျပ် (Kyat) အသုံးပြုလာသည်။ ၁ကျပ်တွင် ပြား၁ဝဝ ရှိသည်။ ၁၉၄၈ ခုနစ်မှာ တစ်ကျပ်တန်ကို “ဗမာနိုင်ငံအစိုးရ” ဆိုတဲ့နာမည်နဲ့ထုတ်ပြီး ၁၉၅၃ ခုနစ်မှာ ထိုဒီဇိုင်းကို မပြောင်းဘဲ “ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်”ဟုဆိုသော နာမည်နှင့် ပြောင်းထုတ်သည်။

နောက်ထူးခြားချက်တစ်ခုကတော့ ၁၉၉၄ ခုနစ်က ထုတ်ခဲ့သော ၅ဝဝကျပ်တန် နှင့် ၁၉၉၈ ခုနစ်မှာ ထုတ်ခဲ့သည့် ၁၀ဝဝကျပ်တန် ငွေစက္ကူများကို ၂၀၀၄ ခုနစ်မှာ ဒီဇိုင်းလုံးဝမပြောင်းဘဲ အရွယ်အစားသေးပြီး ထပ်မံထုတ်ခဲ့တာဖြစ်သည်။

Leave a Reply