ကုိကုိးကြ်န္းအေၾကာင္း သိေကာင္းစရာ

Posted on

Eleven News Journal မွ

ကိုကိုးကြ်န္းသည္ ျမန္မာ့ပင္လယ္ထဲတြင္ အေရးအပါဆုံးကြ်န္းတစ္ကြ်န္းျဖစ္ၿပီး Andaman & Nicobar ကြ်န္းစုရဲ႕ ေျမာက္ဖက္အစြန္ဆုံးအပိုင္းတြင္ တည္ရွိသည္။ ျမန္မာႏိုင္ငံ၏ ေတာင္ဘက္ ဘဂၤလားပင္လယ္ေအာ္ႏွင့္ ကပၸလီပင္လယ္ အၾကားတြင္ တည္ရွိသည့္ ျမန္မာပိုင္ကၽြန္းတစ္ကၽြန္း ျဖစ္သည္။ ကိုကိုးကၽြန္းသည္ ရန္ကုန္ေတာင္ပိုင္းခ႐ိုင္ အတြင္းရွိ ၿမိဳ႕နယ္တစ္ခုျဖစ္ၿပီး အတိအက်ေျပာရလ်င္ ရန္ကုန္ၿမိဳ႕၏ အစိတ္အပိုင္း တစ္ခုျဖစ္သည္။ ကိုကိုးကၽြန္းကို ၁၉၇၄-ခုႏွစ္ကတည္းက ၿမိဳ႕နယ္အဆင့္ သတ္မွတ္ထားသည္။ ရန္ကုန္ၿမိဳ႕မွ အေနာက္ေတာင္ဘက္ မိုင္(၂၆၀)အကြာတြင္ ရွိသည္။ ရန္ကုန္မွ ျမန္မာ့ၾကယ္ငါးပြင့္ သေဘၤာလုပ္ငန္းသေဘၤာႏွင့္ သြားလၽွင္ ခုတ္ေမာင္းခ်ိန္ (၁၉)နာရီ ဝန္းက်င္ၾကာသည္။

ႏိုင္ငံတကာေရပိုင္နက္ စည္းမ်ဥ္းဥပေဒမ်ားအရ ကမ္းေျခမွ ၁၂-မိုင္အကြာအေဝးကို ႏိုင္ငံပိုင္ နယ္နိမိတ္၊ ႏိုင္ငံပိုင္ကမ္းေျခမွ မိုင္ ၂၀ဝ အထိကို အထူးစီးပြားေရးဇုံအျဖစ္ သတ္မွတ္ေဆာင္႐ြက္ႏိုင္သည့္ နယ္နိမိတ္ စသည္တို႔ျဖင့္ ခြဲျခားသတ္မွတ္ထားသည္။ ထို႔ေၾကာင့္ ပင္လယ္ႏွစ္ခုၾကားက ျမန္မာပိုင္ကၽြန္းေျမ၊ ျမန္မာပိုင္ကမ္းေျခ ျဖစ္ေသာ ကိုကိုးကၽြန္းမွာ ပထဝီနယ္နိမိတ္ႏွင့္ စီးပြားေရးအခ်က္အခ်ာက်သည့္ ကၽြန္းစု ျဖစ္သည္။ ထို႔ျပင္ ကိုကိုးကၽြန္းသည္ သဘာဝပတ္ဝန္းက်င္ ယိုယြင္းပ်က္စီးမႈ ကင္းစင္သည့္ေနရာ ျဖစ္သကဲ့သို႔ ရာသီဥတုႏွင့္ ေဘးအႏၲရာယ္ အထိုက္အေလ်ာက္သာ ရွိသည့္ ကၽြန္းတစ္ကၽြန္း ျဖစ္သည္။

ကိုကိုးကၽြန္းသည္ သေဘၤာႀကီးမ်ား တိုက္႐ိုက္ဆိုက္ကပ္ႏိုင္သည့္ ဆိပ္ကမ္းမရွိ၊ ဆိပ္ခံတံတားမရွိ၊(၂၀၁၇အထိ) ကၽြန္းအနီး ပတ္ဝန္းက်င္တြင္ သႏၲာေက်ာက္တန္း မ်ားစြာရွိသည္။ ထို႔ေၾကာင့္ ကၽြန္းသို႔ေရာက္ရန္ သေဘၤာမွ ငါးဖမ္းစက္ေလွမ်ားႏွင့္ တစ္ဆင့္သြားရ၏။ ကမ္းေျခအနီးတစ္ဝိုက္တြင္ ေရတိမ္ေသာ္လည္း ထိုမွလြန္လၽွင္ ေရနက္သည္။ ေရျပင္မွာ အစိမ္းႏွင့္ အျပာေရာင္ ႏွစ္ပိုင္း ခြဲျခားထားသကဲ့သို႔ ျဖစ္ေနသည္။

ကိုကိုးကၽြန္းကို ၁၈-ရာစုတြင္ အေရွ႕အိႏၵိယကုမၸဏီက အုပ္ခ်ဳပ္ခဲ့သည္။ ၁၈၅၇-ခုႏွစ္တြင္ အိႏၵိယႏိုင္ငံအတြင္း ေတာ္လွန္မႈမ်ား ျဖစ္ပြားခဲ့ကာ ၿဗိတိသၽွတို႔က အက္ဒမင္ကၽြန္း(ကပၸလီကၽြန္း)ေတာင္ပိုင္းရွိ ပို႔ဘလဲရားတြင္ ၁၈၅၈-ခုႏွစ္တြင္ အက်ဥ္းေထာင္ေဆာက္လုပ္၍ အိႏၵိယႏွင့္ ျမန္မာႏိုင္ငံအေနာက္ပိုင္းမွ ေတာ္လွန္သူမ်ားကို ထိန္းသိမ္းခဲ့သည္။

ကိုကိုးကၽြန္းစုႏွင့္ အက်ယ္အဝန္း

ကိုကိုးကၽြန္းစုတြင္ ကၽြန္းေပါင္း (၁၂)ခုပါသည္။ ၎တို႔မွာ-
ကိုကိုးႀကီးကၽြန္း = ၃၃၀၃-ဧက
ဖိနပ္ကၽြန္း = ၁၁.၁၃-ဧက
မဂၤလာကၽြန္း(စားပြဲကၽြန္း) = ၂၆၇.၁၂- ဧက

ႂကြက္ကၽြန္း = ၄.၈၀-ဧက
ဂ်ယ္ရီကၽြန္း = ၂၄.၄၀-ဧက
ကိုကိုးေလးကၽြန္း = ၁၀ဝ၅.၄၀-ဧက

ပါလီပါလဲ့ကၽြန္း = ၁၈၉၈.၂၃-ဧက
ငွက္သိုက္ကၽြန္း = ၅.၆၇-ဧက
အုန္းပင္ကၽြန္း = ၃.၇၈-ဧက

ဇီးျဖဴကၽြန္း = ၁.၂၆-ဧက
ဆင္ကၽြန္း = ၃.၁၅-ဧက
လူေခါင္းကၽြန္း = ၇.၅၆-ဧက တို႔ျဖစ္သည္။

ယေန႔ အေျခအေန

၁၉၆၀-ခုႏွစ္ ဝန္းက်င္က ကိုကိုးကၽြန္းတြင္ ႏိုင္ငံေရးအက်ဥ္းသားမ်ားကိုသာ ေတြ႕ရမည္ ျဖစ္သည္။ ယခုအခါ ႏိုင္ငံပိုင္ အစိုးရမွ ကိုကိုးကၽြန္းကို အပန္းေျဖကၽြန္း ျဖစ္လာေစရန္ ကၽြန္းေပၚတြင္ ခရီးသည္ ၁၀ ဦး တည္းခိုႏိုင္ေသာ အိမ္ ၁၄ လုံး၊ ကုတင္၂၅ လုံးဆံ့ ေဆး႐ုံ၊ ဧည့္လမ္းၫႊန္ ၃၀ ခန္႔ ရွိရန္ စီစဥ္ ေပးထားသည္။

ဘုန္းႀကီးေက်ာင္း၊ စာသင္ေက်ာင္းမ်ားတြင္လည္း တည္းခိုႏိုင္ရန္ စီစဥ္ထားေၾကာင္း၊ ကၽြန္းေပၚတြင္ အိမ္တစ္လုံးကို တစ္ေန႔လၽွင္ က်ပ္တစ္ေသာင္းႏႈန္းျဖင့္ ငွားရမ္း ေနထိုင္ႏိုင္သည္။

ပထမအႀကိမ္ ခရီးစဥ္ကို ႏိုဝင္ဘာလမွ စတင္ျပဳလုပ္ခဲ့၍ သာမန္ခရီးသည္ အနည္းငယ္ကိုသာ လက္မွတ္ ေရာင္းေပးခဲ့ၿပီး ခရီးသည္ ၄၀၀ ေက်ာ္အနက္ အမ်ားစုမွာ ဌာနဆိုင္ရာ ဝန္ထမ္း၊ အႏုပညာရွင္၊ လုပ္ငန္းရွင္၊ စာနယ္ဇင္းသမားတို႔ ျဖစ္သည္။ လက္မွတ္ဝယ္ယူမႈကို ကန္႔သတ္ထားျခင္း မရွိေပ။ ႏိုင္ငံသား စိစစ္ေရးကတ္ ျပသႏိုင္သူကို ရန္ကုန္ၿမိဳ႕လယ္ရွိ ရန္ကုန္တိုင္း ေအးခ်မ္းသာယာေရး ႏွင့္ ဖြံ႕ၿဖိဳးေရး ေကာင္စီ႐ုံးတြင္ လက္မွတ္မ်ား ေရာင္းခ်ေပးသည္။

ရန္ကုန္ၿမိဳ႕ သာေကတဆိပ္ကမ္းမွ စတင္ ထြက္ခြာ၍ ခရီးစဥ္အတြက္ တစ္ဦးလၽွင္ သေဘၤာလက္မွတ္ခ က်ပ္ သုံးေသာင္းခြဲ က်သည္။ ထိုလက္မွတ္မွာ ႐ိုး႐ိုးတန္း လက္မွတ္ျဖစ္ၿပီး သီးသန္႔အခန္း ယူလိုသူမ်ား အတြက္လည္း စီစဥ္ေပးထားသည္။ ၄ ေယာက္ခန္းအတြက္ တစ္ဦးလၽွင္ က်ပ္ ေလးေသာင္း၊ ၂ ေယာက္ခန္းအတြက္ တစ္ဦးလၽွင္ က်ပ္ ငါးေသာင္း ကုန္က်သည္။ ယခုအခါတြင္ေတာ့ ရာသီမေရြးသုံးနိုင္တဲ့ ေလယာဥ္ကြင္းတစ္ခုရွိလာၿပီျဖစ္သည့္အျပင္ ေရတပ္ဆိပ္ခံတံတားကုိလည္း ၂၀၁၇ခုႏွစ္တြင္ ဖြင့္လွစ္ၿပီးျဖစ္သည္။

ကၽြန္းေပၚတြင္ ကန္႔သတ္နယ္ေျမမ်ား ရွိသည္ဟု သိရသည္။ ဓာတ္ပုံမ႐ိုက္ရသည့္ ကန္႔သတ္နယ္ေျမမ်ား ရွိေသာ္လည္း ဓာတ္ပုံၿပိဳင္ပြဲတခု စီစဥ္ထားသည္။ ၇ မိုင္ ရဲစခန္း(ဂ်ယ္ရီကၽြန္း)၊ ေ႐ႊရင္စို႔ေတာင္၊ အေရွ႕ဘက္ လိပ္ေသာင္၊ အေနာက္ဘက္ လိပ္ေသာင္၊ ႂကြက္ကၽြန္း စေသာ ေနရာမ်ားသို႔သာ သြားေရာက္ ေလ့လာ ႏိုင္ေပသည္။

ကိုကိုးကၽြန္းတြင္ အမွတ္ ၂၈ ေရတပ္ အေျခစိုက္စခန္း ရွိသည္။ စခန္းတြင္ တပ္မေတာ္သားမ်ားႏွင့္ ၎တို႔၏ မိသားစုဝင္ စုစုေပါင္း ၂၀၀ ခန္႔ ေနထိုင္ၾကသည္။ ကၽြန္းေပၚတြင္ လူေနအိမ္ေျခ ၂၀၀ ေက်ာ္ ရွိၿပီး စုစုေပါင္း လူဦးေရ တစ္ေထာင္ငါးရာ ၀န္းက်င္ခန္႔သာ ရွိသည္။


ကိုကိုးကျွန်းအကြောင်း သိကောင်းစရာ (unicode)

ကိုကိုးကျွန်းသည် မြန်မာ့ပင်လယ်ထဲတွင် အရေးအပါဆုံးကျွန်းတစ်ကျွန်းဖြစ်ပြီး Andaman & Nicobar ကျွန်းစုရဲ့ မြောက်ဖက်အစွန်ဆုံးအပိုင်းတွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ တောင်ဘက် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ် အကြားတွင် တည်ရှိသည့် မြန်မာပိုင်ကျွန်းတစ်ကျွန်း ဖြစ်သည်။ ကိုကိုးကျွန်းသည် ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ မြို့နယ်တစ်ခုဖြစ်ပြီး အတိအကျပြောရလျင် ရန်ကုန်မြို့၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ကိုကိုးကျွန်းကို ၁၉၇၄-ခုနှစ်ကတည်းက မြို့နယ်အဆင့် သတ်မှတ်ထားသည်။ ရန်ကုန်မြို့မှ အနောက်တောင်ဘက် မိုင်(၂၆၀)အကွာတွင် ရှိသည်။ ရန်ကုန်မှ မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းသင်္ဘောနှင့် သွားလျှင် ခုတ်မောင်းချိန် (၁၉)နာရီ ဝန်းကျင်ကြာသည်။

နိုင်ငံတကာရေပိုင်နက် စည်းမျဉ်းဥပဒေများအရ ကမ်းခြေမှ ၁၂-မိုင်အကွာအဝေးကို နိုင်ငံပိုင် နယ်နိမိတ်၊ နိုင်ငံပိုင်ကမ်းခြေမှ မိုင် ၂ဝဝ အထိကို အထူးစီးပွားရေးဇုံအဖြစ် သတ်မှတ်ဆောင်ရွက်နိုင်သည့် နယ်နိမိတ် စသည်တို့ဖြင့် ခွဲခြားသတ်မှတ်ထားသည်။ ထို့ကြောင့် ပင်လယ်နှစ်ခုကြားက မြန်မာပိုင်ကျွန်းမြေ၊ မြန်မာပိုင်ကမ်းခြေ ဖြစ်သော ကိုကိုးကျွန်းမှာ ပထဝီနယ်နိမိတ်နှင့် စီးပွားရေးအချက်အချာကျသည့် ကျွန်းစု ဖြစ်သည်။ ထို့ပြင် ကိုကိုးကျွန်းသည် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု ကင်းစင်သည့်နေရာ ဖြစ်သကဲ့သို့ ရာသီဥတုနှင့် ဘေးအန္တရာယ် အထိုက်အလျောက်သာ ရှိသည့် ကျွန်းတစ်ကျွန်း ဖြစ်သည်။

ကိုကိုးကျွန်းသည် သင်္ဘောကြီးများ တိုက်ရိုက်ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းမရှိ၊ ဆိပ်ခံတံတားမရှိ၊ ကျွန်းအနီး ပတ်ဝန်းကျင်တွင် သန္တာကျောက်တန်း များစွာရှိသည်။ ထို့ကြောင့် ကျွန်းသို့ရောက်ရန် သင်္ဘောမှ ငါးဖမ်းစက်လှေများနှင့် တစ်ဆင့်သွားရ၏။ ကမ်းခြေအနီးတစ်ဝိုက်တွင် ရေတိမ်သော်လည်း ထိုမှလွန်လျှင် ရေနက်သည်။ ရေပြင်မှာ အစိမ်းနှင့် အပြာရောင် နှစ်ပိုင်း ခွဲခြားထားသကဲ့သို့ ဖြစ်နေသည်။

ကိုကိုးကျွန်းကို ၁၈-ရာစုတွင် အရှေ့အိန္ဒိယကုမ္ပဏီက အုပ်ချုပ်ခဲ့သည်။ ၁၈၅၇-ခုနှစ်တွင် အိန္ဒိယနိုင်ငံအတွင်း တော်လှန်မှုများ ဖြစ်ပွားခဲ့ကာ ဗြိတိသျှတို့က အက်ဒမင်ကျွန်း(ကပ္ပလီကျွန်း)တောင်ပိုင်းရှိ ပို့ဘလဲရားတွင် ၁၈၅၈-ခုနှစ်တွင် အကျဉ်းထောင်ဆောက်လုပ်၍ အိန္ဒိယနှင့် မြန်မာနိုင်ငံအနောက်ပိုင်းမှ တော်လှန်သူများကို ထိန်းသိမ်းခဲ့သည်။

ကိုကိုးကျွန်းစုနှင့် အကျယ်အဝန်း

ကိုကိုးကျွန်းစုတွင် ကျွန်းပေါင်း (၁၂)ခုပါသည်။ ၎င်းတို့မှာ-

ကိုကိုးကြီးကျွန်း = ၃၃၀၃-ဧက
ဖိနပ်ကျွန်း = ၁၁.၁၃-ဧက
မင်္ဂလာကျွန်း(စားပွဲကျွန်း) = ၂၆၇.၁၂- ဧက

ကြွက်ကျွန်း = ၄.၈၀-ဧက
ဂျယ်ရီကျွန်း = ၂၄.၄၀-ဧက
ကိုကိုးလေးကျွန်း = ၁ဝဝ၅.၄၀-ဧက

ပါလီပါလဲ့ကျွန်း = ၁၈၉၈.၂၃-ဧက
ငှက်သိုက်ကျွန်း = ၅.၆၇-ဧက
အုန်းပင်ကျွန်း = ၃.၇၈-ဧက

ဇီးဖြူကျွန်း = ၁.၂၆-ဧက
ဆင်ကျွန်း = ၃.၁၅-ဧက
လူခေါင်းကျွန်း = ၇.၅၆-ဧက တို့ဖြစ်သည်။

ယနေ့ အခြေအနေ

၁၉၆၀-ခုနှစ် ဝန်းကျင်က ကိုကိုးကျွန်းတွင် နိုင်ငံရေးအကျဉ်းသားများကိုသာ တွေ့ရမည် ဖြစ်သည်။ ယခုအခါ နိုင်ငံပိုင် အစိုးရမှ ကိုကိုးကျွန်းကို အပန်းဖြေကျွန်း ဖြစ်လာစေရန် ကျွန်းပေါ်တွင် ခရီးသည် ၁၀ ဦး တည်းခိုနိုင်သော အိမ် ၁၄ လုံး၊ ကုတင်၂၅ လုံးဆံ့ ဆေးရုံ၊ ဧည့်လမ်းညွှန် ၃၀ ခန့် ရှိရန် စီစဉ် ပေးထားသည်။

ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများတွင်လည်း တည်းခိုနိုင်ရန် စီစဉ်ထားကြောင်း၊ ကျွန်းပေါ်တွင် အိမ်တစ်လုံးကို တစ်နေ့လျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ငှားရမ်း နေထိုင်နိုင်သည်။

ပထမအကြိမ် ခရီးစဉ်ကို နိုဝင်ဘာလမှ စတင်ပြုလုပ်ခဲ့၍ သာမန်ခရီးသည် အနည်းငယ်ကိုသာ လက်မှတ် ရောင်းပေးခဲ့ပြီး ခရီးသည် ၄၀၀ ကျော်အနက် အများစုမှာ ဌာနဆိုင်ရာ ဝန်ထမ်း၊ အနုပညာရှင်၊ လုပ်ငန်းရှင်၊ စာနယ်ဇင်းသမားတို့ ဖြစ်သည်။ လက်မှတ်ဝယ်ယူမှုကို ကန့်သတ်ထားခြင်း မရှိပေ။ နိုင်ငံသား စိစစ်ရေးကတ် ပြသနိုင်သူကို ရန်ကုန်မြို့လယ်ရှိ ရန်ကုန်တိုင်း အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးတွင် လက်မှတ်များ ရောင်းချပေးသည်။

ရန်ကုန်မြို့ သာကေတဆိပ်ကမ်းမှ စတင် ထွက်ခွာ၍ ခရီးစဉ်အတွက် တစ်ဦးလျှင် သင်္ဘောလက်မှတ်ခ ကျပ် သုံးသောင်းခွဲ ကျသည်။ ထိုလက်မှတ်မှာ ရိုးရိုးတန်း လက်မှတ်ဖြစ်ပြီး သီးသန့်အခန်း ယူလိုသူများ အတွက်လည်း စီစဉ်ပေးထားသည်။ ၄ ယောက်ခန်းအတွက် တစ်ဦးလျှင် ကျပ် လေးသောင်း၊ ၂ ယောက်ခန်းအတွက် တစ်ဦးလျှင် ကျပ် ငါးသောင်း ကုန်ကျသည်။ ယခုအခါတွင်တော့ ရာသီမရွေးသုံးနိုင်တဲ့ လေယာဉ်ကွင်းတစ်ခုရှိလာပြီဖြစ်သည့်အပြင် ရေတပ်ဆိပ်ခံတံတားကိုလည်း ၂၀၁၇ခုနှစ်တွင် ဖွင့်လှစ်ပြီးဖြစ်သည်။

ကျွန်းပေါ်တွင် ကန့်သတ်နယ်မြေများ ရှိသည်ဟု သိရသည်။ ဓာတ်ပုံမရိုက်ရသည့် ကန့်သတ်နယ်မြေများ ရှိသော်လည်း ဓာတ်ပုံပြိုင်ပွဲတခု စီစဉ်ထားသည်။ ၇ မိုင် ရဲစခန်း(ဂျယ်ရီကျွန်း)၊ ရွှေရင်စို့တောင်၊ အရှေ့ဘက် လိပ်သောင်၊ အနောက်ဘက် လိပ်သောင်၊ ကြွက်ကျွန်း စသော နေရာများသို့သာ သွားရောက် လေ့လာ နိုင်ပေသည်။

ကိုကိုးကျွန်းတွင် အမှတ် ၂၈ ရေတပ် အခြေစိုက်စခန်း ရှိသည်။ စခန်းတွင် တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင် စုစုပေါင်း ၂၀၀ ခန့် နေထိုင်ကြသည်။ ကျွန်းပေါ်တွင် လူနေအိမ်ခြေ ၂၀၀ ကျော် ရှိပြီး စုစုပေါင်း လူဦးရေ တစ်ထောင်ငါးရာ ဝန်းကျင်ခန့်သာ ရှိသည်။

Leave a Reply