ဇနီးျဖစ္သူရဲ႕ ေက်ာက္ကပ္ကုိ ဇနီးမသိေအာင္ ထုတ္ယူေရာင္းစားခဲ့တဲ့ ခင္ပြန္း

Posted on

သူမကေတာ့ အသက္ ၂၈ႏွစ္ရွိိၿပီျဖစ္တဲ့ Rita Sarkar ဆုိတဲ့အမ်ဳိးသမီးျဖစ္ၿပီး အိႏၵိယႏုိင္ငံ အေနာက္ Bengal မွာခင္ပြန္းမိသားစုနဲ႔ ေနထုိင္ခဲ့တဲ့သူျဖစ္ပါတယ္ ။ သူမရဲ႕မိသားစုဟာ မဂၤလာေဆာင္အတြက္ ဘာလက္ဖြဲ႔မွမေပးႏုိင္ခဲ့တဲ့အတြက္ သူမေယာက်ၤားရဲ႕ ဆူပူႀကိမ္းေမာင္းမႈကုိ အၿမဲခံခဲ့ရပါတယ္။ ဒီကိစၥကို ၾကာလာရင္ေမ့ေပ်ာက္သြားမွာပဲလုိ႔ သူမထင္ခဲ့ေပမယ့္ သူမထင္ျမင္မႈ မွားယြင္းခဲ့ပါတယ္။ သူမခင္ပြန္းဟာ ဒီကိစၥကိုမေမ့ေပ်ာက္ပဲ လက္ဖြဲ႔အတြက္ သူမရဲ႕ေက်ာက္ကပ္တစ္လုံးကုိ သူမ မသိေအာင္ထုတ္ယူေရာင္းစားခဲ့လုိ႔ပါပဲ။

“လြန္ခဲ့တဲ့ ၂ႏွစ္ေလာက္က ကြ်န္မ အစာအိမ္ေအာင့္လုိ႔ခင္ပြန္းျဖစ္သူကို ေျပာျပခဲ့ပါတယ္။ ကြ်န္မခင္ပြန္းက ကြ်န္မကို ကုိယ္ပုိင္ေဆးခန္းတစ္ခုကို ေခၚသြားခဲ့ပါတယ္။ အဲဒီကဆရာ၀န္လုိ႔ ထင္ရတဲ့သူက ကြ်န္မကို စစ္ေဆးၿပီး ဘာမွမျဖစ္ဘူး အူအတက္ကုိ အနည္းငယ္ျဖတ္ထုတ္လုိက္ရင္ေကာင္းသြားမွာလုိ႔ ေျပာခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ ကြ်န္မကုိ ေမ့ေဆးေပးၿပီး ခြဲစိတ္မႈလုပ္ခဲ့ပါတယ္။ ေနာက္ေတာ့ ကြ်န္မႏုိးလာတယ္။ ဗုိက္ထဲက တစ္ခုခုလစ္ဟာေနသလုိ ခံစားရတယ္။ ခင္ပြန္းကိုေျပာေတာ့ ဒီကိစၥဘယ္သူမွ ျပန္ေျပာနဲ႔ ၊ ဘာမွမျဖစ္ဘူးေကာင္းသြားမွာ လုိ႔ေျပာခဲ့တယ္။”
Rita က သူမအေၾကာင္းကို ျပန္ေျပာခဲ့တာပါ။

အဲဒီေနာက္သူမတုိ႔ အိမ္ျပန္ခဲ့ၾကတယ္။ ရက္နည္းနည္းၾကာၿပီး ေက်ာေအာက္ဘက္က ေအာင့္တာေၾကာင့္ ေဆးခန္းကို ပုိ႔ေပးဖုိ႔ သူမခင္ပြန္းကုိ ထပ္ေျပာခဲ့ပါတယ္။ သူမခင္ပြန္းက ပုိ႔မေပးတဲ့အျပင္ သူမကို သူမရဲ႕မိသားစု ၊ သူငယ္ခ်င္းေတြနဲ႔ပါမေတြ႔ေစပဲ အိမ္ထဲမွာပဲ အတင္းအက်ပ္ေနေစခဲ့ပါတယ္။ ဒီလုိနဲ႔ မၾကာခဏေ၀ဒနာခံစားရင္း ႏွစ္နဲ႔ခ်ီၿပီးၾကာသြားခဲ့ပါတယ္။ ဒီကိစၥကို သူမဖခင္ဘက္က ေဆြမ်ဳိးေတြသိသြားတာေၾကာင့္ သူမကိုအတင္းေခၚၿပီး ေဆးရုံကုိတင္ေပးခဲ့ၾကတယ္။ ေဆးရုံက အယ္ထရာေဆာင္းရုိက္ၾကည့္တဲ့အခါမွာေတာ့ သူမရဲ႕ ေက်ာက္ကပ္တစ္ဖက္က ေပ်ာက္ေနတာကို ေတြ႔လုိက္ရပါတယ္။

ဒီေတာ့မွ လြန္ခဲ့တဲ့ ႏွစ္ႏွစ္က ကုိယ္ပုိင္ေဆးခန္းကို ေခၚသြားၿပီး ေဆးကုသေပးတာမဟုတ္ပဲ သူမရဲ႕ေက်ာက္ကပ္ကုိ ထုတ္ယူခဲ့တယ္ဆုိတာ သူမသိလုိက္ရပါတယ္။
“ကြ်န္မအရမ္းေၾကာက္သြားတယ္ အံလည္းအံၾသပါတယ္။ ကြ်န္မနဲ႔ သူနဲ႔လက္ထပ္ခဲ့တာ ၂၀၀၅ခုႏွစ္တည္းကပါ။ အခုႏွစ္ေပါင္း ၁၀ႏွစ္ေက်ာ္ၾကာတဲ့တုိင္ေအာင္ ကြ်န္မနဲ႔ ကြ်န္မမိသားစုကုိ အညႈိးထားလိမ့္မယ္လုိ႔ မထင္ခဲ့မိဘူး” လုိ႔ Rita က ဆုိပါတယ္။

ၿပီးခဲ့တဲ့ ေသာၾကာေန႔ကေတာ့ West Bengal ရဲစခန္းက တာ၀န္ရွိသူေတြဟာ အမႈမွာပါ၀င္ခဲ့တဲ့ သူမရဲ႕ခင္ပြန္း Bisjawit နဲ႔ ခင္ပြန္းအစ္ကုိ Shyamal Sarkar တုိ႔ကို ဖမ္းဆီးစစ္ေဆးခဲ့ပါတယ္။ စဖမ္းစဥ္တုန္းကေတာ့ သူမကုိယ္တုိင္ခြင့္ျပဳခဲ့တာလုိ႔ ခင္ပြန္းျဖစ္သူ Bisjawit က သူ႔မွာအျပစ္မရွိေၾကာင္းျငင္းဆုိခဲ့ေပမယ့္ ရဲေတြကထပ္စစ္ေဆးတဲ့အခါ ေဆးခန္းမေရာက္မီ ဇနီးသည္ကုိ ေဆးခပ္ထားတဲ့အခ်ဳိရည္ တုိက္ခဲ့ေၾကာင္းထပ္မံေတြ႔ရွိခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ သူ႔ရဲ႕အျပစ္ကုိ၀န္ခံခဲ့ၿပီး ဇနီးရဲ႕ ေက်ာက္ကပ္ကုိ ထုတ္ယူၿပီးတဲ့ေနာက္ အျခားျပည္နယ္တစ္ခုက အ၀ယ္သမားဆီမွာ ရူပီး ၁၈၀၀၀၀(ေဒၚလာ ၂၈၀၀) နဲ႔ ေရာင္းစားခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

တကယ္ေတာ့ သူတုိ႔စုံတြဲမွာ ၁၁ႏွစ္အရြယ္သား တစ္ေယာက္ရွိေနၿပီျဖစ္ပါတယ္။ ေက်ာက္ကပ္ထုတ္ယူခံခဲ့ရတဲ့ ဇနီးျဖစ္သူကေတာ့ လက္တေလာမွာ ေရာဂါျပင္းထန္စြာခံစားေနရပါတယ္။ ေက်ာက္ကပ္ထုတ္ယူၿပီး ေကာင္းမြန္တဲ့ေစာင့္ေရွာက္မႈ မရွိတဲ့အျပင္ ၊ ထုတ္ယူခဲ့စဥ္က ကြ်မ္းက်င္သူေတြနဲ႔ စနစ္တက်မထုတ္ယူခဲ့မႈေၾကာင့္ သူမရဲ႕က်န္ရွိတဲ့ေက်ာက္ကပ္တစ္လုံးမွာပါ ပုိး၀င္ေနၿပီျဖစ္ပါတယ္။ က်န္ရွိတဲ့ ေက်ာက္ကပ္ကုိ ပုံမွန္အတုိင္းျဖစ္ေစဖုိ႔ ေဆးရုံမွာ ကုသလွ်က္ရွိပါတယ္။ သူမခင္ပြန္းကေတာ့ လူအဂၤါအစိတ္အပုိင္းကို ခုိးယူေရာင္းစားမႈနဲ႔ ျပစ္ဒါဏ္ခံရေတာ့မွာျဖစ္ၿပီး အခုတုိင္ ေယာက်ၤားျဖစ္သူရဲ႕လုပ္ရပ္ကုိ မယုံၾကည္ႏုိင္ခဲ့ေၾကာင္း သူမက ဆုိပါတယ္။

VIDEO


ဇနီးဖြစ်သူရဲ့ ကျောက်ကပ်ကို ဇနီးမသိအောင် ထုတ်ယူရောင်းစားခဲ့တဲ့ ခင်ပွန်း (unicode)

သူမကတော့ အသက် ၂၈နှစ်ရှိပြီဖြစ်တဲ့ Rita Sarkar ဆိုတဲ့အမျိုးသမီးဖြစ်ပြီး အိန္ဒိယနိုင်ငံ အနောက် Bengal မှာခင်ပွန်းမိသားစုနဲ့ နေထိုင်ခဲ့တဲ့သူဖြစ်ပါတယ် ။ သူမရဲ့မိသားစုဟာ မင်္ဂလာဆောင်အတွက် ဘာလက်ဖွဲ့မှမပေးနိုင်ခဲ့တဲ့အတွက် သူမယောင်္ကျားရဲ့ ဆူပူကြိမ်းမောင်းမှုကို အမြဲခံခဲ့ရပါတယ်။ ဒီကိစ္စကို ကြာလာရင်မေ့ပျောက်သွားမှာပဲလို့ သူမထင်ခဲ့ပေမယ့် သူမထင်မြင်မှု မှားယွင်းခဲ့ပါတယ်။ သူမခင်ပွန်းဟာ ဒီကိစ္စကိုမမေ့ပျောက်ပဲ လက်ဖွဲ့အတွက် သူမရဲ့ကျောက်ကပ်တစ်လုံးကို သူမ မသိအောင်ထုတ်ယူရောင်းစားခဲ့လို့ပါပဲ။

“လွန်ခဲ့တဲ့ ၂နှစ်လောက်က ကျွန်မ အစာအိမ်အောင့်လို့ခင်ပွန်းဖြစ်သူကို ပြောပြခဲ့ပါတယ်။ ကျွန်မခင်ပွန်းက ကျွန်မကို ကိုယ်ပိုင်ဆေးခန်းတစ်ခုကို ခေါ်သွားခဲ့ပါတယ်။ အဲဒီကဆရာဝန်လို့ ထင်ရတဲ့သူက ကျွန်မကို စစ်ဆေးပြီး ဘာမှမဖြစ်ဘူး အူအတက်ကို အနည်းငယ်ဖြတ်ထုတ်လိုက်ရင်ကောင်းသွားမှာလို့ ပြောခဲ့ပါတယ်။ အဲဒီနောက်တော့ ကျွန်မကို မေ့ဆေးပေးပြီး ခွဲစိတ်မှုလုပ်ခဲ့ပါတယ်။ နောက်တော့ ကျွန်မနိုးလာတယ်။ ဗိုက်ထဲက တစ်ခုခုလစ်ဟာနေသလို ခံစားရတယ်။ ခင်ပွန်းကိုပြောတော့ ဒီကိစ္စဘယ်သူမှ ပြန်ပြောနဲ့ ၊ ဘာမှမဖြစ်ဘူးကောင်းသွားမှာ လို့ပြောခဲ့တယ်။”
Rita က သူမအကြောင်းကို ပြန်ပြောခဲ့တာပါ။

အဲဒီနောက်သူမတို့ အိမ်ပြန်ခဲ့ကြတယ်။ ရက်နည်းနည်းကြာပြီး ကျောအောက်ဘက်က အောင့်တာကြောင့် ဆေးခန်းကို ပို့ပေးဖို့ သူမခင်ပွန်းကို ထပ်ပြောခဲ့ပါတယ်။ သူမခင်ပွန်းက ပို့မပေးတဲ့အပြင် သူမကို သူမရဲ့မိသားစု ၊ သူငယ်ချင်းတွေနဲ့ပါမတွေ့စေပဲ အိမ်ထဲမှာပဲ အတင်းအကျပ်နေစေခဲ့ပါတယ်။ ဒီလိုနဲ့ မကြာခဏဝေဒနာခံစားရင်း နှစ်နဲ့ချီပြီးကြာသွားခဲ့ပါတယ်။ ဒီကိစ္စကို သူမဖခင်ဘက်က ဆွေမျိုးတွေသိသွားတာကြောင့် သူမကိုအတင်းခေါ်ပြီး ဆေးရုံကိုတင်ပေးခဲ့ကြတယ်။ ဆေးရုံက အယ်ထရာဆောင်းရိုက်ကြည့်တဲ့အခါမှာတော့ သူမရဲ့ ကျောက်ကပ်တစ်ဖက်က ပျောက်နေတာကို တွေ့လိုက်ရပါတယ်။

ဒီတော့မှ လွန်ခဲ့တဲ့ နှစ်နှစ်က ကိုယ်ပိုင်ဆေးခန်းကို ခေါ်သွားပြီး ဆေးကုသပေးတာမဟုတ်ပဲ သူမရဲ့ကျောက်ကပ်ကို ထုတ်ယူခဲ့တယ်ဆိုတာ သူမသိလိုက်ရပါတယ်။
“ကျွန်မအရမ်းကြောက်သွားတယ် အံလည်းအံဩပါတယ်။ ကျွန်မနဲ့ သူနဲ့လက်ထပ်ခဲ့တာ ၂၀၀၅ခုနှစ်တည်းကပါ။ အခုနှစ်ပေါင်း ၁၀နှစ်ကျော်ကြာတဲ့တိုင်အောင် ကျွန်မနဲ့ ကျွန်မမိသားစုကို အညှိုးထားလိမ့်မယ်လို့ မထင်ခဲ့မိဘူး” လို့ Rita က ဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကတော့ West Bengal ရဲစခန်းက တာဝန်ရှိသူတွေဟာ အမှုမှာပါဝင်ခဲ့တဲ့ သူမရဲ့ခင်ပွန်း Bisjawit နဲ့ ခင်ပွန်းအစ်ကို Shyamal Sarkar တို့ကို ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ စဖမ်းစဉ်တုန်းကတော့ သူမကိုယ်တိုင်ခွင့်ပြုခဲ့တာလို့ ခင်ပွန်းဖြစ်သူ Bisjawit က သူ့မှာအပြစ်မရှိကြောင်းငြင်းဆိုခဲ့ပေမယ့် ရဲတွေကထပ်စစ်ဆေးတဲ့အခါ ဆေးခန်းမရောက်မီ ဇနီးသည်ကို ဆေးခပ်ထားတဲ့အချိုရည် တိုက်ခဲ့ကြောင်းထပ်မံတွေ့ရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့အပြစ်ကိုဝန်ခံခဲ့ပြီး ဇနီးရဲ့ ကျောက်ကပ်ကို ထုတ်ယူပြီးတဲ့နောက် အခြားပြည်နယ်တစ်ခုက အဝယ်သမားဆီမှာ ရူပီး ၁၈၀၀၀၀(ဒေါ်လာ ၂၈၀၀) နဲ့ ရောင်းစားခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

တကယ်တော့ သူတို့စုံတွဲမှာ ၁၁နှစ်အရွယ်သား တစ်ယောက်ရှိနေပြီဖြစ်ပါတယ်။ ကျောက်ကပ်ထုတ်ယူခံခဲ့ရတဲ့ ဇနီးဖြစ်သူကတော့ လက်တလောမှာ ရောဂါပြင်းထန်စွာခံစားနေရပါတယ်။ ကျောက်ကပ်ထုတ်ယူပြီး ကောင်းမွန်တဲ့စောင့်ရှောက်မှု မရှိတဲ့အပြင် ၊ ထုတ်ယူခဲ့စဉ်က ကျွမ်းကျင်သူတွေနဲ့ စနစ်တကျမထုတ်ယူခဲ့မှုကြောင့် သူမရဲ့ကျန်ရှိတဲ့ကျောက်ကပ်တစ်လုံးမှာပါ ပိုးဝင်နေပြီဖြစ်ပါတယ်။ ကျန်ရှိတဲ့ ကျောက်ကပ်ကို ပုံမှန်အတိုင်းဖြစ်စေဖို့ ဆေးရုံမှာ ကုသလျှက်ရှိပါတယ်။ သူမခင်ပွန်းကတော့ လူအင်္ဂါအစိတ်အပိုင်းကို ခိုးယူရောင်းစားမှုနဲ့ ပြစ်ဒါဏ်ခံရတော့မှာဖြစ်ပြီး အခုတိုင် ယောင်္ကျားဖြစ်သူရဲ့လုပ်ရပ်ကို မယုံကြည်နိုင်ခဲ့ကြောင်း သူမက ဆိုပါတယ်။

Leave a Reply