ဂ်ပန္တုိ႔ရဲ႕ သမုိင္း၀င္တုိက္ပြဲ (သုိ႔) နဂါရွိႏိုတိုက္ပြဲ

Posted on

အေရွ႕ဖ်ားအာရွတိုက္ရွိ ဂ်ပန္ႏိုင္ငံသည္ အေနာက္ႏိုင္ငံမ်ားထက္ ရာစုႏွစ္တဝက္နီးပါး သာလြန္ေစာစီးစြာျဖင့္ စနစ္တက်အလွည့္က်ပစ္ခတ္ျခင္းအတတ္(Fire in rotation) ကိုအသုံးခ်ခဲ့ျခင္းအား ဤနဂါရွိႏိုတိုက္ပြဲမွ သက္ေသခံသည္။

၁၆ရာစု၏ ကာလမ်ားတြင္ ဂ်ပန္တို႔သည္ မ်ိဳးႏြယ္စုမ်ား အျပန္အလွန္ ယွဥ္ၿပိဳင္ေနၾကၿပီး ဆာမူ႐ိုင္းမ်ားသည္လည္း စစ္ပညာ၊တိုက္ခိုက္ေရးတို႔တြင္ ကၽြမ္းက်င္မႈျဖင့္ နာမည္ရလ်က္ရွိေပသည္။ တစ္ဖက္တြင္လည္း ဘုန္းႀကီးမ်ားကလည္း စစ္တပ္မ်ားဖြဲ႕စည္းကာ စစ္ၿပိဳင္ေနၾကျပန္သည္။ ထိုသို႔တိုက္ခိုက္ၾကရာမွ လက္နက္ဆန္းအျဖစ္ ေသနတ္သည္ ဂ်ပန္ကၽြန္းစုမ်ားေပၚသို႔ ေရာက္ရွိလာေတာ့သည္။ ၁၅၄၂ခုႏွစ္တြင္ မုန္တိုင္းဒဏ္ေၾကာင့္ ေမၽွာပါလာသည့္ ေပၚတူဂီသေဘၤာတစ္စီးႏွင့္အတူ အဆိုပါလက္နက္ဆန္း(အာေကြဘတ္စ္)သည္ က်ဴ႐ႉးကၽြန္း၊ တေနဂါရွီးမားၿမိဳ႕သို႔ ဆိုက္ေရာက္လာေတာ့သည္။

ထိုမွအစျပဳကာ ေသနတ္၏စြမ္းပကားအား ဂ်ပန္တို႔ေကာင္းစြာ နားလည္သြားၾကၿပီး ျပည္တြင္း၌ပင္ ထုတ္လုပ္လာႏိုင္ၾကသည္။ သို႔ေသာ္ ဓါး၊လွံ၊ေလးျမႇား တို႔ျဖင့္သာ အသားက်ေနသည့္ ဆာမူ႐ိုင္းမ်ားက အဆိုပါ ေသနတ္အား ေသးသိမ္ဖြဲႏုတ္သည့္ လက္နက္အျဖစ္သာ အသိအမွတ္ျပဳၿပီး ကိုင္တြယ္သုံးစြဲျခင္းမရွိၾကသျဖင့္ ေသနတ္သည္ ဒုတိယတန္းစားစစ္သည္မ်ား၊ အထူးသျဖင့္ အာရွိဂါ႐ု(ashigaru)ဟုေခၚသည့္ စစ္သည္မ်ားကသာ ကိုင္ေဆာင္ၾကသည္။ အခ်ိန္မၾကာမီတြင္ အဆိုပါ ေသနတ္ကိုင္ အာရွိဂါ႐ုမ်ား၏ စြမ္းရည္ကို အသိအမွတ္ျပဳလာကာ ဝတ္စုံမ်ားျဖင့္ စနစ္တက်ဖြဲ႕စည္းသည့္ တပ္မ်ားအျဖစ္ အဆင့္ျမင့္တင္လာၾကသည္။

ဂ်ပန္တဝန္းရွိ စစ္ေခါင္းေဆာင္မ်ားအနက္ အိုဒါ ႏိုဘူနာဂါ(Oda Nobunaga)သည္ အျမင္က်ယ္၍ ဂ်ပန္တစ္ႏိုင္ငံလုံးကို စည္း႐ုံးလိုသူျဖစ္သည္။ သူ၏တပ္သားမ်ားအတြက္ ၁၅၄၉ခုႏွစ္တြင္ပင္ အာေကြဘတ္စ္အမ်ိဳးအစား ေသနတ္မ်ားကို အလက္၅၀၀ထိ ထုတ္လုပ္ႏိုင္ခဲ့သည္။ ထိုေသနတ္မ်ားကို စနစ္တက်ပစ္ခတ္ႏိုင္ရန္အတြက္လည္း ေလ့က်င့္ေပးခဲ့သည္။ ၁၅၃၄ခုႏွစ္ဖြားျဖစ္ေသာ ႏိုဘူနာဂါသည္ ေျမရွင္စစ္ေခါင္းေဆာင္တစ္ဦး၏ သားျဖစ္ကာ ၁၇ႏွစ္သားအ႐ြယ္ ဖခင္ကြယ္လြန္ခ်ိန္မွစကာ အာဏာလုပြဲမ်ားအၾကား တိုက္ခိုက္လာရသူလည္းျဖစ္သည္။ ထိုမွ ႏွစ္၂၀အတြင္းတြင္ ၿပိဳင္ဖက္အသီးသီးႏွင့္ ရင္ဆိုင္တိုက္ခိုက္ၿပီး ေသနတ္၏အစြမ္းျဖင့္ ႏိုင္ပြဲမ်ားရယူကာ အိုေကဟာဇာမာတိုက္ပြဲ(battle of Okehazana) အားေအာင္ႏိုင္အၿပီးတြင္ အထြပ္အထိပ္ေရာက္ၿပီျဖစ္သည္။ သို႔ေသာ္ တစ္ဖက္မွလည္း ပုန္ကန္မႈမ်ား၊ ဘုန္းႀကီးတပ္မ်ားႏွင့္ ဆက္လက္ရင္ဆိုင္ေနရသည္။

၁၅၇၅ခုႏွစ္တြင္ ႏိုဘုနာဂါအားပိုင္ဆိုင္ေသာ မီကာဝါနာဂါရွိႏိုရဲတိုက္အား ရန္သူမ်ားက တိုက္ခိုက္ျခင္းျဖင့္ ပုန္ကန္ၾကသည္။ ေခါင္းေဆာင္မွာ တာေကဒါ ကတ္ဆုယိုရီ(tekeda katsuyori)အမည္ရွိ ဆာမူ႐ိုင္းတစ္ဦးျဖစ္သည္။ ပုန္ကန္သူမ်ားက ေရေၾကာင္း၊ၾကည္းေၾကာင္းတို႔မွ ေလွမ်ား၊ၿမိဳ႕သိမ္းရထားမ်ားျဖင့္ အႀကီးအက်ယ္တိုက္ခိုက္ၾကေသာ္လည္း ၿမိဳ႕တြင္းမွ ခုခံသူမ်ားကလည္း ႐ြပ္႐ြပ္ခၽြံခၽြံခုခံၾကသျဖင့္ ရဲတိုက္ကိုမသိမ္းပိုက္ႏိုင္ဘဲ အျပင္မွသာ ဝန္းရံထားရသည္။ သို႔ေသာ္ ခုခံသူမ်ားဖက္မွ ျပႆနာမွ ရိကၡအခက္အခဲျဖစ္သည္။ သို႔ျဖင့္ အရွင္သခင္ျဖစ္သည့္ ႏိုဘုနာဂါထံသို႔ စစ္ကူႏွင့္ ရိကၡာမ်ားပို႔ေပးရန္ ေတာင္းခံၾကသည္။

ဆက္သားအမ်ားစုမွာ ဝန္းရံထားေသာ ရန္သူမ်ားအားေက်ာ္လႊားသြားႏိုင္ျခင္းမရွိသျဖင့္ အသက္ေသဆုံးၾကရေသာ္ျငား တစ္ေယာက္ေသာ ဆက္သားမွာမူ အရွင္သခင္ထံသို႔ အေၾကာင္းၾကားရန္ အေရာက္သြားႏိုင္ခဲ့သည္။ ႏိုဘုနာဂါလည္း အဆိုပါဆက္သားျဖင့္ ျပန္စာေပးကာ သုံးရက္အတြင္း စစ္ကူလာမည့္အေၾကာင္းကိုလည္း ႏႈတ္ျဖင့္မွာၾကားသည္။ တာေကဒါက ဆက္သားအားဖမ္းမိကာ တိုင္တြင္ခ်ည္၍ လက္နက္ခ်ရန္၊ စစ္ကူမလာေတာ့ေၾကာင္း ေျပာရန္ ညဥ္းဆဲကာၿမိဳ႕တြင္းသို႔ေျပာေစသည္။ ဆက္သားက သုံးရက္အတြင္းစစ္ကူလာမည့္အေၾကာင္း၊ စိတ္ဓါတ္မက်ရန္လိုေၾကာင္း ေျပာၾကားကာ အသတ္ခံလိုက္သည္။

သို႔ျဖင့္ ႏိုဘုနာဂါႏွင့္ သူ၏စစ္သည္ ၄၀၀၀၀တို႔သည္ ရဲတိုက္ႀကီးထံသို႔ဦးတည္ကာ ခ်ီတက္လာၾကၿပီး တာေကဒါ၏ အမာခံတပ္ျဖစ္သည့္ သံခ်ပ္ကာဝတ္ ျမင္းစီးဆာမူ႐ိုင္းတပ္ကို ရင္ဆိုင္ရန္ စစ္ျပင္သည္။ စစ္ေျမျပင္အေနအထားေ႐ြးခ်ယ္ရာတြင္ ရဲတိုက္မွ ၁မိုင္အကြာတြင္ရွိသည့္ ေရေခ်ာင္းေနာက္ဖက္မွ ကုန္းျမင့္ကို သတ္မွတ္သည္။ ထိုစစ္ေျမျပင္တြင္ ႀကိဳးမ်ားတန္းထားၿပီး ခလုပ္၊ေျငႇာင့္တို႔ကိုလည္း ေထာင္ေစသည္။ မိမိဖက္ျခမ္းခံစစ္တြင္ ေနရာလြတ္အနည္းငယ္ခ်န္ေစသည္။

ႏိုဘုနာဂါသည္ မိမိ၏ ေသနတ္ကိုင္တပ္သား ၃၀၀၀ကို စနစ္တက်ျဖင့္အလွည့္က်ပစ္ခတ္သည့္ နည္းအားသုံး၍ ရန္သူကိုေျခမႈန္းရန္ အမိန္႔ေပးသည္။ ၂၉ရက္၊ဇြန္လ၊ ၁၅၇၅ခုႏွစ္၏ နံနက္ခင္းတြင္ ႏိုဘုနာဂါဖက္မွ တပ္သားအနည္းငယ္ကို ေျမကြက္လပ္တြင္ ေနရာယူေစကာ စစ္ျမဴသည္။ ဆာမူ႐ိုင္းတို႔ကလည္း အသုတ္၃သုတ္ျဖင့္ တစ္သုတ္ၿပီးတစ္သုတ္ ဝင္ေရာက္တိုက္ခိုက္သည္။ သို႔ေသာ္ တိုက္ပြဲမတိုင္မီညက မိုး႐ြာသြန္းထားေသာေၾကာင့္ ေျမမွာ ႐ႊံ႕မ်ား၊ဗြက္မ်ားျဖင့္ ျပည့္နက္ေနသျဖင့္ ေကာင္းစြာခ်ီတက္မရျဖစ္ေနသျဖင့္ ႏိုဘုနာဂါတပ္မ်ားက ခံစစ္အေနအထားမွ တစ္လွည့္ၿပီးတစ္လွည့္ ပစ္ခတ္ကာ ရန္သူမ်ားကို ေျခမႈန္းေတာ့သည္။ ထိုအခ်ိန္တြင္ပင္ ရဲတိုက္အတြင္းရွိ စစ္သည္မ်ားကလည္း ပုန္ကန္သူမ်ား၏ ေနာက္မွတိုက္ခိုက္သျဖင့္ အတုံးအ႐ုံးက်႐ႈံးကာ ႏိုဘုနာဂါေအာင္ပြဲဆင္သည္။

တုိက္ပြဲၿပီးေသာ္ ပုန္ကန္သူတုိ႔ဘက္မွ တပ္သား ၁၀၀၀၀ ေက်ာ္ႏွင့္ အတူ ေခါင္းေဆာင္ ၅၄ေယာက္ က်ဆုံးခဲ့ၿပီး ႏုိဘုနာဂါဘက္မွမႈ တပ္သား ၆၀၀၀ေက်ာ္ႏွင့္ ေခါင္းေဆာင္တစ္ေယာက္ျဖစ္သူ Matsudaira Koretada က်ဆုံးခဲ့သည္။ ထုိအခ်ိန္မွစ၍ တာေကဒါ၏ အရွိန္အ၀ါသည္လည္း ယုတ္ေလွ်ာ့ေပ်ာက္ကြယ္ခဲ့ရသည္။ ၁၅၈၂ခုႏွစ္ ႏိုဘုနာဂါကြယ္လြန္ခ်ိန္တြင္ ဂ်ပန္တဝန္းလုံးရွိ စစ္တပ္မ်ား၏ ၃ပုံ ၁ပုံမွာ ေသနတ္ကို ကိုင္တြယ္တိုက္ခိုက္ေနၾကၿပီျဖစ္ေပသည္။

ကုိးကား
စစ္သမိုင္းတစ္ေလၽွာက္ အႀကီးက်ယ္ဆုံး ဂႏၴဝင္တိုက္ပြဲမ်ား – ေသာင္းထိုက္
Wikipedia


ဂျပန်တို့ရဲ့ သမိုင်းဝင်တိုက်ပွဲ (သို့) နဂါရှိနိုတိုက်ပွဲ (unicode)

အရှေ့ဖျားအာရှတိုက်ရှိ ဂျပန်နိုင်ငံသည် အနောက်နိုင်ငံများထက် ရာစုနှစ်တဝက်နီးပါး သာလွန်စောစီးစွာဖြင့် စနစ်တကျအလှည့်ကျပစ်ခတ်ခြင်းအတတ်(Fire in rotation) ကိုအသုံးချခဲ့ခြင်းအား ဤနဂါရှိနိုတိုက်ပွဲမှ သက်သေခံသည်။

၁၆ရာစု၏ ကာလများတွင် ဂျပန်တို့သည် မျိုးနွယ်စုများ အပြန်အလှန် ယှဉ်ပြိုင်နေကြပြီး ဆာမူရိုင်းများသည်လည်း စစ်ပညာ၊တိုက်ခိုက်ရေးတို့တွင် ကျွမ်းကျင်မှုဖြင့် နာမည်ရလျက်ရှိပေသည်။ တစ်ဖက်တွင်လည်း ဘုန်းကြီးများကလည်း စစ်တပ်များဖွဲ့စည်းကာ စစ်ပြိုင်နေကြပြန်သည်။ ထိုသို့တိုက်ခိုက်ကြရာမှ လက်နက်ဆန်းအဖြစ် သေနတ်သည် ဂျပန်ကျွန်းစုများပေါ်သို့ ရောက်ရှိလာတော့သည်။ ၁၅၄၂ခုနှစ်တွင် မုန်တိုင်းဒဏ်ကြောင့် မျှောပါလာသည့် ပေါ်တူဂီသင်္ဘောတစ်စီးနှင့်အတူ အဆိုပါလက်နက်ဆန်း(အာကွေဘတ်စ်)သည် ကျူရှူးကျွန်း၊ တနေဂါရှီးမားမြို့သို့ ဆိုက်ရောက်လာတော့သည်။

ထိုမှအစပြုကာ သေနတ်၏စွမ်းပကားအား ဂျပန်တို့ကောင်းစွာ နားလည်သွားကြပြီး ပြည်တွင်း၌ပင် ထုတ်လုပ်လာနိုင်ကြသည်။ သို့သော် ဓါး၊လှံ၊လေးမြှား တို့ဖြင့်သာ အသားကျနေသည့် ဆာမူရိုင်းများက အဆိုပါ သေနတ်အား သေးသိမ်ဖွဲနုတ်သည့် လက်နက်အဖြစ်သာ အသိအမှတ်ပြုပြီး ကိုင်တွယ်သုံးစွဲခြင်းမရှိကြသဖြင့် သေနတ်သည် ဒုတိယတန်းစားစစ်သည်များ၊ အထူးသဖြင့် အာရှိဂါရု(ashigaru)ဟုခေါ်သည့် စစ်သည်များကသာ ကိုင်ဆောင်ကြသည်။ အချိန်မကြာမီတွင် အဆိုပါ သေနတ်ကိုင် အာရှိဂါရုများ၏ စွမ်းရည်ကို အသိအမှတ်ပြုလာကာ ဝတ်စုံများဖြင့် စနစ်တကျဖွဲ့စည်းသည့် တပ်များအဖြစ် အဆင့်မြင့်တင်လာကြသည်။

ဂျပန်တဝန်းရှိ စစ်ခေါင်းဆောင်များအနက် အိုဒါ နိုဘူနာဂါ(Oda Nobunaga)သည် အမြင်ကျယ်၍ ဂျပန်တစ်နိုင်ငံလုံးကို စည်းရုံးလိုသူဖြစ်သည်။ သူ၏တပ်သားများအတွက် ၁၅၄၉ခုနှစ်တွင်ပင် အာကွေဘတ်စ်အမျိုးအစား သေနတ်များကို အလက်၅၀ဝထိ ထုတ်လုပ်နိုင်ခဲ့သည်။ ထိုသေနတ်များကို စနစ်တကျပစ်ခတ်နိုင်ရန်အတွက်လည်း လေ့ကျင့်ပေးခဲ့သည်။ ၁၅၃၄ခုနှစ်ဖွားဖြစ်သော နိုဘူနာဂါသည် မြေရှင်စစ်ခေါင်းဆောင်တစ်ဦး၏ သားဖြစ်ကာ ၁၇နှစ်သားအရွယ် ဖခင်ကွယ်လွန်ချိန်မှစကာ အာဏာလုပွဲများအကြား တိုက်ခိုက်လာရသူလည်းဖြစ်သည်။ ထိုမှ နှစ်၂ဝအတွင်းတွင် ပြိုင်ဖက်အသီးသီးနှင့် ရင်ဆိုင်တိုက်ခိုက်ပြီး သေနတ်၏အစွမ်းဖြင့် နိုင်ပွဲများရယူကာ အိုကေဟာဇာမာတိုက်ပွဲ(battle of Okehazana) အားအောင်နိုင်အပြီးတွင် အထွပ်အထိပ်ရောက်ပြီဖြစ်သည်။ သို့သော် တစ်ဖက်မှလည်း ပုန်ကန်မှုများ၊ ဘုန်းကြီးတပ်များနှင့် ဆက်လက်ရင်ဆိုင်နေရသည်။

၁၅၇၅ခုနှစ်တွင် နိုဘုနာဂါအားပိုင်ဆိုင်သော မီကာဝါနာဂါရှိနိုရဲတိုက်အား ရန်သူများက တိုက်ခိုက်ခြင်းဖြင့် ပုန်ကန်ကြသည်။ ခေါင်းဆောင်မှာ တာကေဒါ ကတ်ဆုယိုရီ(tekeda katsuyori)အမည်ရှိ ဆာမူရိုင်းတစ်ဦးဖြစ်သည်။ ပုန်ကန်သူများက ရေကြောင်း၊ကြည်းကြောင်းတို့မှ လှေများ၊မြို့သိမ်းရထားများဖြင့် အကြီးအကျယ်တိုက်ခိုက်ကြသော်လည်း မြို့တွင်းမှ ခုခံသူများကလည်း ရွပ်ရွပ်ချွံချွံခုခံကြသဖြင့် ရဲတိုက်ကိုမသိမ်းပိုက်နိုင်ဘဲ အပြင်မှသာ ဝန်းရံထားရသည်။ သို့သော် ခုခံသူများဖက်မှ ပြဿနာမှ ရိက္ခအခက်အခဲဖြစ်သည်။ သို့ဖြင့် အရှင်သခင်ဖြစ်သည့် နိုဘုနာဂါထံသို့ စစ်ကူနှင့် ရိက္ခာများပို့ပေးရန် တောင်းခံကြသည်။

ဆက်သားအများစုမှာ ဝန်းရံထားသော ရန်သူများအားကျော်လွှားသွားနိုင်ခြင်းမရှိသဖြင့် အသက်သေဆုံးကြရသော်ငြား တစ်ယောက်သော ဆက်သားမှာမူ အရှင်သခင်ထံသို့ အကြောင်းကြားရန် အရောက်သွားနိုင်ခဲ့သည်။ နိုဘုနာဂါလည်း အဆိုပါဆက်သားဖြင့် ပြန်စာပေးကာ သုံးရက်အတွင်း စစ်ကူလာမည့်အကြောင်းကိုလည်း နှုတ်ဖြင့်မှာကြားသည်။ တာကေဒါက ဆက်သားအားဖမ်းမိကာ တိုင်တွင်ချည်၍ လက်နက်ချရန်၊ စစ်ကူမလာတော့ကြောင်း ပြောရန် ညဉ်းဆဲကာမြို့တွင်းသို့ပြောစေသည်။ ဆက်သားက သုံးရက်အတွင်းစစ်ကူလာမည့်အကြောင်း၊ စိတ်ဓါတ်မကျရန်လိုကြောင်း ပြောကြားကာ အသတ်ခံလိုက်သည်။

သို့ဖြင့် နိုဘုနာဂါနှင့် သူ၏စစ်သည် ၄၀၀၀ဝတို့သည် ရဲတိုက်ကြီးထံသို့ဦးတည်ကာ ချီတက်လာကြပြီး တာကေဒါ၏ အမာခံတပ်ဖြစ်သည့် သံချပ်ကာဝတ် မြင်းစီးဆာမူရိုင်းတပ်ကို ရင်ဆိုင်ရန် စစ်ပြင်သည်။ စစ်မြေပြင်အနေအထားရွေးချယ်ရာတွင် ရဲတိုက်မှ ၁မိုင်အကွာတွင်ရှိသည့် ရေချောင်းနောက်ဖက်မှ ကုန်းမြင့်ကို သတ်မှတ်သည်။ ထိုစစ်မြေပြင်တွင် ကြိုးများတန်းထားပြီး ခလုပ်၊ငြှောင့်တို့ကိုလည်း ထောင်စေသည်။ မိမိဖက်ခြမ်းခံစစ်တွင် နေရာလွတ်အနည်းငယ်ချန်စေသည်။

နိုဘုနာဂါသည် မိမိ၏ သေနတ်ကိုင်တပ်သား ၃၀၀ဝကို စနစ်တကျဖြင့်အလှည့်ကျပစ်ခတ်သည့် နည်းအားသုံး၍ ရန်သူကိုခြေမှုန်းရန် အမိန့်ပေးသည်။ ၂၉ရက်၊ဇွန်လ၊ ၁၅၇၅ခုနှစ်၏ နံနက်ခင်းတွင် နိုဘုနာဂါဖက်မှ တပ်သားအနည်းငယ်ကို မြေကွက်လပ်တွင် နေရာယူစေကာ စစ်မြူသည်။ ဆာမူရိုင်းတို့ကလည်း အသုတ်၃သုတ်ဖြင့် တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်တိုက်ခိုက်သည်။ သို့သော် တိုက်ပွဲမတိုင်မီညက မိုးရွာသွန်းထားသောကြောင့် မြေမှာ ရွှံ့များ၊ဗွက်များဖြင့် ပြည့်နက်နေသဖြင့် ကောင်းစွာချီတက်မရဖြစ်နေသဖြင့် နိုဘုနာဂါတပ်များက ခံစစ်အနေအထားမှ တစ်လှည့်ပြီးတစ်လှည့် ပစ်ခတ်ကာ ရန်သူများကို ခြေမှုန်းတော့သည်။ ထိုအချိန်တွင်ပင် ရဲတိုက်အတွင်းရှိ စစ်သည်များကလည်း ပုန်ကန်သူများ၏ နောက်မှတိုက်ခိုက်သဖြင့် အတုံးအရုံးကျရှုံးကာ နိုဘုနာဂါအောင်ပွဲဆင်သည်။

တိုက်ပွဲပြီးသော် ပုန်ကန်သူတို့ဘက်မှ တပ်သား ၁၀၀၀၀ ကျော်နှင့် အတူ ခေါင်းဆောင် ၅၄ယောက် ကျဆုံးခဲ့ပြီး နိုဘုနာဂါဘက်မှမှု တပ်သား ၆၀၀၀ကျော်နှင့် ခေါင်းဆောင်တစ်ယောက်ဖြစ်သူ Matsudaira Koretada ကျဆုံးခဲ့သည်။ ထိုအချိန်မှစ၍ တာကေဒါ၏ အရှိန်အဝါသည်လည်း ယုတ်လျှော့ပျောက်ကွယ်ခဲ့ရသည်။ ၁၅၈၂ခုနှစ် နိုဘုနာဂါကွယ်လွန်ချိန်တွင် ဂျပန်တဝန်းလုံးရှိ စစ်တပ်များ၏ ၃ပုံ ၁ပုံမှာ သေနတ်ကို ကိုင်တွယ်တိုက်ခိုက်နေကြပြီဖြစ်ပေသည်။

ကိုးကား
စစ်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဂန္ထဝင်တိုက်ပွဲများ – သောင်းထိုက်
Wikipedia

Leave a Reply