ကမာၻ႔အလွပဆုံးရြာေလးတစ္ရြာ (သုိ႔) နယ္သာလန္က ဗင္းနစ္ၿမဳိ႕

Posted on

ဒီရြာငယ္ေလးရဲ႕ နာမည္က Giethoorn ျဖစ္ၿပီး နယ္သာလန္ႏုိင္ငံ Overijssel ျပည္နယ္ထဲမွာ တည္ရွိတဲ့ ကမာၻ႔အလွဆုံးရြာေလးတစ္ရြာျဖစ္ပါတယ္။ မွတ္တမ္းအရ ၁၃ရာစုႏွစ္တည္းက တည္ေထာင္ခဲ့ေသာ အုိေဟာင္းေနတဲ့ ရြာေလးတစ္ရြာျဖစ္ေပမယ့္ စိမ္းလန္းလတ္ဆတ္တဲ့ သဘာ၀တရားနဲ႔ လွပခမ္းနားတဲ့ အေဆာက္အဦးေတြေၾကာင့္ ကမာၻေပၚမွာထင္ရွားပါတယ္။

ေနာက္ထပ္ထူးျခားခ်က္တစ္ခ်က္ကေတာ့ ဒီရြာေလးကုိ နယ္သာလန္ရဲ႕ ဗင္းနစ္ၿမဳိ႕လုိ႔ေခၚၾကတာပါပဲ။ အီတလီက ကမာၻေက်ာ္ဗင္းနစ္ၿမဳိ႕လုိ ဒီရြာငယ္ေလးဟာလည္း ေရလမ္းပဲရွိၿပီး ကုန္းလမ္းမရွိပါဘူး။

ဒီရြာေလးမွာ လမ္းလည္းမရွိပါဘူး။ ဒီရြာေလးရဲ႕လမ္းေတြဟာ တစ္ရြာလုံးကိုပတ္ေဖာက္ထားတဲ့ တူးေျမာင္းေလးေတြသာ ျဖစ္ပါတယ္။ တူးေျမာင္းေတြထဲကေန တစ္ရြာလုံးအႏွံ႔ေလွေလွ်ာက္စီးႏိုင္ၿပီး ခ်စ္စရာေပါင္းမိုးသစ္သားတံတားေလးေတြမွာ လမ္းေလွ်ာက္ရင္း အေရာင္စံုဖူးပြင့္ေနတဲ့ပန္းလွလွေလးေတြ ေငးေမာၾကည့္ရႈႏိုင္ပါတယ္။

အခုေနာက္ပုိင္းမွာေတာ့ ဒီရြာေလးမွာ စက္ဘီးပတ္လမ္းေလးေတြကုိပါ ထည့္သြင္းလာခဲ့ပါၿပီ။ ဒီရြာေလးမွာ အလြန္လွပတဲ့ ေပါင္းမိုးတံတားေပါင္း ၁၈၀ ေက်ာ္ ရွိပါတယ္။

၁၉၅၀ ၀န္းက်င္အထိ ဒီလုိရြာေလးရွိေနတယ္ဆုိတာကုိ တျခားေနရာကလူေတြမသိၾကပါဘူး။ ရြာကေလးရွိေၾကာင္းလူေတြသိလာၾကတာကေတာ့ ၁၉၅၈ခုႏွစ္မွာ ဒတ္ခ်္ဒါရုိက္တာ Bert Haanstra က သူ႔ရဲ႕ဟာသရုပ္ရွင္ဇာတ္ျမဴး Fanfare မွာ Giethoorn ရြာေလးရဲ႕အလွအပေတြကုိ တခမ္းတနားထည့္သြင္းရုိက္ကူးခဲ့လုိ႔ ျဖစ္ပါတယ္။ အဲဒီကစလုိ႔ ဒီရြာေလးဟာလူသိမ်ားလာၿပီး ကမာၻလွည့္ခရီးသြားေတြမၾကာခဏလာေရာက္ရတဲ့ ကမာၻေက်ာ္ရြာေလးတစ္ရြာ ျဖစ္လာခဲ့ပါတယ္။

ခရီးသြားေတြကုိ အထူးဆြဲေဆာင္ၿပီး သာယာလွပလြန္းတာေၾကာင့္ နယ္သာလန္က ဗင္းနစ္ၿမိဳ႕ လုိ႔တင္စားခံရတဲ့ ဒီရြာေလးရဲ႕ပုံရိပ္ေတြကို မွ်ေ၀လုိက္ပါတယ္။


ကမ္ဘာ့အလှပဆုံးရွာလေးတစ်ရွာ (သို့) နယ်သာလန်က ဗင်းနစ်မြို့ (unicode)

ဒီရွာငယ်လေးရဲ့ နာမည်က Giethoorn ဖြစ်ပြီး နယ်သာလန်နိုင်ငံ Overijssel ပြည်နယ်ထဲမှာ တည်ရှိတဲ့ ကမ္ဘာ့အလှဆုံးရွာလေးတစ်ရွာဖြစ်ပါတယ်။ မှတ်တမ်းအရ ၁၃ရာစုနှစ်တည်းက တည်ထောင်ခဲ့သော အိုဟောင်းနေတဲ့ ရွာလေးတစ်ရွာဖြစ်ပေမယ့် စိမ်းလန်းလတ်ဆတ်တဲ့ သဘာဝတရားနဲ့ လှပခမ်းနားတဲ့ အဆောက်အဦးတွေကြောင့် ကမ္ဘာပေါ်မှာထင်ရှားပါတယ်။ နောက်ထပ်ထူးခြားချက်တစ်ချက်ကတော့ ဒီရွာလေးကို နယ်သာလန်ရဲ့ ဗင်းနစ်မြို့လို့ခေါ်ကြတာပါပဲ။ အီတလီက ကမ္ဘာကျော်ဗင်းနစ်မြို့လို ဒီရွာငယ်လေးဟာလည်း ရေလမ်းပဲရှိပြီး ကုန်းလမ်းမရှိပါဘူး။

ဒီရွာလေးမှာ လမ်းလည်းမရှိပါဘူး။ ဒီရွာလေးရဲ့လမ်းတွေဟာ တစ်ရွာလုံးကိုပတ်ဖောက်ထားတဲ့ တူးမြောင်းလေးတွေသာ ဖြစ်ပါတယ်။ တူးမြောင်းတွေထဲကနေ တစ်ရွာလုံးအနှံ့လှေလျှောက်စီးနိုင်ပြီး ချစ်စရာပေါင်းမိုးသစ်သားတံတားလေးတွေမှာ လမ်းလျှောက်ရင်း အရောင်စုံဖူးပွင့်နေတဲ့ပန်းလှလှလေးတွေ ငေးမောကြည့်ရှုနိုင်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ဒီရွာလေးမှာ စက်ဘီးပတ်လမ်းလေးတွေကိုပါ ထည့်သွင်းလာခဲ့ပါပြီ။ ဒီရွာလေးမှာ အလွန်လှပတဲ့ ပေါင်းမိုးတံတားပေါင်း ၁၈၀ ကျော် ရှိပါတယ်။

၁၉၅၀ ဝန်းကျင်အထိ ဒီလိုရွာလေးရှိနေတယ်ဆိုတာကို တခြားနေရာကလူတွေမသိကြပါဘူး။ ရွာကလေးရှိကြောင်းလူတွေသိလာကြတာကတော့ ၁၉၅၈ခုနှစ်မှာ ဒတ်ခ်ျဒါရိုက်တာ Bert Haanstra က သူ့ရဲ့ဟာသရုပ်ရှင်ဇာတ်မြူး Fanfare မှာ Giethoorn ရွာလေးရဲ့အလှအပတွေကို တခမ်းတနားထည့်သွင်းရိုက်ကူးခဲ့လို့ ဖြစ်ပါတယ်။ အဲဒီကစလို့ ဒီရွာလေးဟာလူသိများလာပြီး ကမ္ဘာလှည့်ခရီးသွားတွေမကြာခဏလာရောက်ရတဲ့ ကမ္ဘာကျော်ရွာလေးတစ်ရွာ ဖြစ်လာခဲ့ပါတယ်။

ခရီးသွားတွေကို အထူးဆွဲဆောင်ပြီး သာယာလှပလွန်းတာကြောင့် နယ်သာလန်က ဗင်းနစ်မြို့ လို့တင်စားခံရတဲ့ ဒီရွာလေးရဲ့ပုံရိပ်တွေကို မျှဝေလိုက်ပါတယ်။

Leave a Reply