အႏွွစ္ ၄၀ စစ္ပြဲအတြင္းက စစ္ဘုရင္ႀကီး ရာဇာဓိရာဇ္

Posted on

ရာဇာဓိရာဇ္ သည္ ျမန္မာသကၠရာဇ္ ၇၄၅ မွ ၇၈၂ ထိ ဟံသာဝတီ(ပဲခူး)ကိုဗဟိုျပဳကာ မြန္သုံးရပ္(ေခၚ) ရာမညေဒသ (ယေန႔ေအာက္ျမန္မာျပည္ေဒသ)ကို အုပ္စိုးခဲ့သည့္ မဂဒူး မင္းဆက္မွ (၉) ဆက္ေျမာက္မင္း ျဖစ္ၿပီး လက္႐ုံးရည္ႏွလုံးရည္ႏွင့္ အလြန္ထင္ရွားေသာ မြန္ဘုရင္တစ္ပါးျဖစ္သည္။ ဖခမည္းေတာ္မွာ ဗညားဦး ျဖစ္သည္။ ရာဇာဓိရာဇ္သည္ သူရဲေကာင္းမ်ားကို တန္းတူရည္တူဆက္ဆံကာ ခ်စ္ျမတ္ႏိုးေသာ စစ္ဘုရင္တစ္ပါးလည္းျဖစ္သည္။

ရာဇာဓိရာဇ္ လက္ထက္တြင္ထင္ရွားေသာ မြန္သူရဲေကာင္းေျမာက္ျမားစြာ ေပၚထြန္းခဲ့သည္။ ဗညားဒလ ေရးသားခဲ့ေသာ ရာဇာဓိရာဇ္အေရးေတာ္ပုံက်မ္းသည္လည္းေကာင္း၊ ေဒါက္တာႏိုင္ပန္းလွ ေရးသည့္ ရာဇာဓိရာဇ္အေရးေတာ္ပုံက်မ္းသည္လည္းေကာင္း ထင္ရွားေသာ က်မ္းမ်ားျဖစ္သည္။ အင္းဝ-ဟံသာဝတီ အႏွစ္ေလးဆယ္စစ္၏ အထိကရစစ္ဘုရင္တစ္ပါးဟု ဆိုလ်င္လည္းမမွားေပ။ ငယ္စဥ္ကေလးဘဝမွစ၍ နတ္႐ြာစံကံေတာ္ကုန္သည့္ အခ်ိန္ထိ စစ္ပြဲတိုက္ပြဲမ်ားႏွင့္ မကင္းခဲ့ေခ်။

ရာဇာဓိရာဇ္သည္ ပဲခူးၿမိဳ႕တြင္ နန္းစိုက္ေသာ မုတၱမဘုရင္ ဗညားဦး ႏွင့္ သီရိမာမိဖုရားတို႔မွ ဖြားျမင္ေသာ သားေတာ္ ျဖစ္ သည္။ သကၠရာဇ္ ၇၁၁ ခုႏွစ္ တပို႔တြဲလဆန္း ၆ ရက္ေန႔တြင္ ဖြားျမင္သည္။ ငယ္စဥ္ကပင္ မယ္ေတာ္ကြယ္လြန္သျဖင့္ ခမည္း ေတာ္ ဗညားဦး၏ႏွစ္မေတာ္မဟာေဒဝီမင္းသမီးက ရာဇာဓိရာဇ္ ကို ဆက္လက္ေမြးျမဴသည္။ရာဇာဓိရာဇ္၏ ငယ္မည္ကား ဗသုန္ဗန္စက္ (ခံတြင္း၌ လၽွာတြင္ စက္ပါသူ) ျဖစ္၏။ ေနာင္ တြင္ ခမည္းေတာ္က ဗညားႏြဲ႕ဟူ၍ ဘြဲ႕ခ်ီေတာ္မူသည္။

အ႐ြယ္ေရာက္ေသာ္ ခမည္းေတာ္ ဗညားဦးႏွင့္ စႏၵာေဒဝီ မိဖုရားတို႔မွ ဖြားျမင္ေသာ တလမည္ေဒါ မင္းသမီးတို႔ သင့္ရာမွ ေဗာေလာက်န္းေတာ မည္ေသာ သားေတာ္ကို ရရွိသည္။ ေနာင္ တြင္ အင္းဝမင္းေခါင္၏ သားေတာ္ မင္းရဲေက်ာ္စြာသည္ ဤ ေဗာေလာက်န္းေတာ ေသ၍ ဝင္စားသည္ဟု အဆိုရွိသည္။ ဗညားဦး လက္ထက္တြင္ ရာဇာဓိရာဇ္သည္ အရီးေတာ္ မဟာေဒဝီ အေကာက္ႀကံ၍ ပဲခူးေနျပည္ေတာ္တြင္ မေနသာဘဲ ဒဂုန္သို႔ ထြက္သြား၍ ျခားနားသည္။ သကၠရာဇ္ ၇၄၅ ခုႏွစ္ တြင္ ခမည္းေတာ္ဗညားဦး နတ္႐ြာစံလၽွင္ ပဲခူးၿမိဳ႕ကို အလြယ္ တကူ သိမ္းယူ၍ မင္းျပဳေလသည္။ရာဇာဓိရာဇ္သည္ကား ဝါရီ႐ူးဘုရင္မ်ားတြင္ အထင္ရွားဆုံး ဘုရင္ ျဖစ္သည္။ ရာဇာဓိရာဇ္ မင္းျဖစ္စတြင္ပင္ ဦးရီးေတာ္ ေျမာင္းျမၿမိဳ႕စား ေလာက္ဖ်ားက အင္းဝမင္းႀကီးစြာေစာ္ကဲကို ခ်ီပင့္သျဖင့္ အင္းဝႏွင့္ စစ္ျဖစ္ ရသည္။

ထိုအခ်ိန္မွစ၍ ျမန္မာရာဇဝင္တြင္ ေက်ာ္ၾကား ေသာ အႏွစ္ ၄ဝ ၾကာ ပဲခူး-အင္းဝ စစ္ပြဲႀကီး စတင္ေလ သည္။ ဤစစ္သည္ ရာဇာဓိရာဇ္ႏွင့္ မင္းႀကီးစြာေစာ္ကဲတို႔ လက္ထက္တြင္ စတင္ျဖစ္ပြားခဲ့လ်က္၊ မင္းႀကီးစြာေစာ္ကဲ နတ္႐ြာစံလြန္သြားေသာအခါ သားေတာ္မင္းေခါင္သည္ စစ္ကို ဆက္လက္ဆင္ႏြဲျပန္၏။ ျမန္မာတို႔က ပဲခူးကို ရသည္မရွိေသာ္လည္း တိုက္ခိုက္ ရာဌာနကား မြန္ျပည္တြင္း ျဖစ္သည္။ အေနာက္ဘက္ရွိ ရခိုင္ႏွင့္ သံတြဲသို႔လည္း စစ္ဦးလွည့္သည့္အခါ စစ္ေျမျပင္ျဖစ္ခဲ့ ရေလသည္။ မြန္ၿမိဳ႕ေတာ္သို႔ ခ်ီတက္ရာ စစ္ေၾကာင္းမွာ လႈိင္ ျမစ္ေၾကာင္းျဖင့္ ဒဂုန္သို႔ဝင္ၿပီးမွ ပဲခူးကို ပန္းတိုင္အျဖစ္ ထားကာ တိုက္ခိုက္ၾကသည္။ တစ္ခါတစ္ရံ ေတာင္ငူမွေန၍ စစ္ေတာင္းျမစ္ေၾကာင္းကို အသုံးျပဳသည့္အခါလည္း ရွိေလ ေသးသည္။

ရာဇာဓိရာဇ္သည္ အလြန္ဘုန္းတန္ခိုးႀကီးေသာ မင္းျဖစ္သည္။ ေဗဒင္ယၾတာ၊ အင္းအိုင္လက္ဖြဲ႕တို႔ကို အလြန္ဝါသနာထုံၿပီး စစ္ခ်ီေလတိုင္း ထိုအစီအရင္တို႔ကို သုံးစြဲကာ တပ္သားသူရဲတို႔ စိတ္ဓါတ္တက္ႂကြေစရန္ ျပဳေလ့ရွိသည္။ ဟံသာမင္း၊ ဗညားသစ္တသုံ၊သီဟရာဇာမင္း အစရွိသျဖင့္လည္း သမိုင္းမ်ားတြင္ဆိုၾကသည္။ေ႐ႊတိဂုံေစတီေတာ္ မြန္ေက်ာက္စာတြင္ သုတေသာမရာဇာဓိရာတ္ ဟုေဖာ္ျပထားသည္။အသက္ ၁၆ ႏွစ္အ႐ြယ္မွစ ကာ ဟံသာဝတီထီးနန္းကို စိုးစံၿပီး ခမည္းေတာ္ ဗညားဦးလက္ထက္က အစျပဳသည့္ ပုန္ကန္မႈမ်ားကို ႏွိမ္ႏွင္းေအာင္ျမင္သည္။

ေနာင္ သမိုင္းတြင္သည့္ အင္းဝ-ဟံသာဝတီ ႏွစ္ ၄၀ စစ္ကို ခင္းသည္။ထင္ရွားသည့္မႉးမတ္မ်ားမွာ သမိန္ျဗာဇၨ၊အမတ္ဒိန္၊အဲမြန္ဒယာ၊ အဲေကာင္ဗိန္၊ေစာလဂြန္းအိန္(မသံလုံ)၊ဥပါေကာင္း (ရာဇာဓိရာဇ္၏သားမက္ျဖစ္)၊သမိန္ဗရမ္း(ရာဇာဓိရာဇ္၏သားမက္ျဖစ္၊အင္းဝသို႔အဖမ္းခံ ရၿပီး တ႐ုတ္သူရဲေကာင္း ဂါမဏိ ႏွင့္စီးခ်င္းထိုးကာအႏိုင္ရသူ၊ေနာင္တြင္ ဟံသာဝတီသို႔ျပန္လာ။)သမိန္အဝနံႏိုင္(သမိန္အင္းဝ မင္းႀကီး ဟုလည္းဆိုၾကသည္။)၊ သမိန္ရဲသင္ရံ၊မသန္း(ရဟန္းလူထြက္ျဖစ္၊လဂြန္းအိန္ေသၿပီးေနာက္ထြက္ေပၚလာသည့္လူစြမ္းေကာင္း။)တို႔ ျဖစ္ၾကသည္။

ရာဇာဓိရာဇ္သည္ မြန္သုံးရပ္ဟု တြင္ေသာ ပုသိမ္၊ မုတၱမ ႏွင့္ ဟံသာဝတီတို႔ကို ခိုင္ၿမဲေအာင္ စည္း႐ုံးထားသျဖင့္ ျမန္မာ တို႔ တိုက္ရန္မလြယ္ေခ်။ ရာဇာဓိရာဇ္သည္ မင္းႀကီးစြာေစာ္ကဲ လက္ထက္၌ ၇၄၈ ခုႏွစ္တြင္ တစ္ႀကိမ္၊ ၇၄၉ ခုႏွစ္တြင္ တစ္ႀကိမ္ ႏွစ္ႀကိမ္တိုင္တိုင္ စစ္မက္ျပဳရသည္။ မင္းႀကီးစြာ ေစာ္ကဲ လြန္၍ သားေတာ္မင္းေခါင္ နန္းတက္ေသာအခါ ၇၆၆ ခုႏွစ္တြင္ ရာဇာဓိရာဇ္၏ စစ္တပ္မ်ားသည္ ဧရာဝတီ ျမစ္ ေၾကာင္းအတိုင္း အညာသို႔ ခ်ီတက္လာရာ ေ႐ႊၾကက္ယက္ တိုင္ေအာင္ ေရာက္သည္။ အင္းဝမင္းေခါင္ ေစလႊတ္ေသာ ပင္းယစႀကိဳသူျမတ္ ေဟာေျပာဆုံးမသျဖင့္ ျပန္သည္။

မင္းေခါင္ႏွင့္ ရာဇဓိရာဇ္သည္ ရွစ္ႀကိမ္တိုင္တိုင္ စစ္ပြဲမ်ား ဆင္ႏြဲခဲ့ၾကသည္။ စစ္ပြဲအစတြင္ မည္သို႔ရွိေစကာမူ အဆုံး၌ ျမန္မာတို႔သည္ မြန္နယ္ေက်း လက္မွ ထြက္ခြာျပန္လည္ရသည္ခ်ည္း ျဖစ္သည္။ အင္းဝ စစ္သည္တို႔ အႀကိမ္ႀကိမ္ တိုက္လာေသာ္လည္း တြန္းလွန္ ၿဖိဳဖ်က္ႏိုင္သည္သာ မ်ားသည္။

သကၠရာဇ္ ၇၇၆ ခုႏွစ္တြင္ ရာဇာဓိရာဇ္သည္ သိႏၷီႏွင့္ မဟာမိတ္ျပဳကာ သိႏၷီေစာ္ဘြားအား အင္းဝကို တိုက္ေစ၏။ အင္းဝစစ္ပန္းသည့္အခါတြင္ ရာဇာဓိရာဇ္ ခ်ီတက္တိုက္ခိုက္ရာ ျပည္ၿမိဳ႕အထိ သိမ္းပိုက္ႏိုင္ခဲ့သည္။ အင္းဝဘုရင္မင္းေခါင္သည္ ရာဇာဓိရာဇ္အား ႏွမေတာ္ကို ဆက္ၿပီးလၽွင္ ျပည္ၿမိဳ႕ ေ႐ႊဆံေတာ္ဘုရားတြင္ သစၥာဆိုကာ စစ္ေျပၿငိမ္းရသည္။ သို႔ရာ တြင္ မင္းေခါင္သည္ ဇင္းမယ္ႏွင့္ မဟာမိတ္ျပဳကာ ရာဇာဓိရာဇ္ အား လက္စားေခ်တိုက္ပြဲ ဆင္ႏြဲျပန္သည္။

စစ္တိုက္ခိုက္ရာ၌ ေျခခင္းလက္ခင္းသာသည့္ အခ်ိန္၌သာ တိုက္ခိုက္ၾကသည္။ မိုးက်လၽွင္ ျပန္ၾကျပန္သည္။ တိုက္ပုံ တိုက္နည္းတို႔မွာ အေျခအေနအရ သင့္ေလ်ာ္သလို စီမံသြားၾက သည္။ ေျပာက္က်ားတိုက္ျခင္း၊ ေခ်ာင္း၍ အလစ္တိုက္ျခင္း၊ ခံတပ္ျပဳလုပ္၍ တိုက္ခိုက္ျခင္း၊ ၿမိဳ႕ႀကီးမ်ားကို ပိတ္ဆို႔ဝန္းရံ၍ တိုက္ခိုက္ျခင္း၊ ရံဖန္ရံခါ တစ္ေယာက္ခ်င္း လူစြမ္းျပျခင္း၊ စီးခ်င္းထိုးျခင္း စသည့္ တိုက္ခိုက္နည္းတို႔ျဖင့္ တိုက္ၾကသည္။ ရာဇာဓိရာဇ္၏ မိဖုရားမ်ား ငိုယိုသည္ႏွင့္ မိမိတို႔ႏိုင္ ေလာက္ၿပီဆိုရေသာ စစ္ကို ေျပၿငိမ္းလိုက္ျခင္း၊ ေ႐ႊဆံေတာ္ ဘုရားတြင္ မင္းႏွစ္ပါး သစၥာျပဳၿပီးေနာက္ မၾကာမီပင္လၽွင္ စစ္ျဖစ္ျပန္ျခင္းတို႔ကို ေထာက္၍ ထိုအခါက စစ္မည္မၽွ ျဖစ္ လြယ္သည္ကို ေထာက္ခ်င့္ႏိုင္သည္။

စစ္ပြဲအတြင္း တစ္ဖက္ႏွင့္ တစ္ဖက္ သြားလာေကၽြးေမြး ေခၚငင္ၾကသည္လည္း ရွိသည္။ ထိုစစ္အတြင္း အရွင္၏သစၥာကို မွန္ကန္စြာ ေစာင့္ထိန္း၍ အမႈထမ္းေသာ သူရဲေကာင္းတို႔လည္း ရွိသည္။ တစ္ဖက္မွ တစ္ဖက္သို႔ ဝင္စားၾကသည္လည္း ရွိသည္။ သူရသတၱိႏွင့္ တိုက္ခိုက္ၾကသည္ရွိေသာ္လည္း မင္းရဲေက်ာ္စြာ လဂြန္းအိမ္ကို လွည့္ဖ်ားသကဲ့သို႔ ဥပါယ္တံမ်ည္ျဖင့္ လိမ္လည္လွည့္ပတ္ တိုက္ခိုက္ၾကသည္လည္း မ်ားေလသည္။ တစ္ဖက္ရန္သူကို အေကာက္ႀကံ၍ ျပဳလုပ္ရာ၌ မင္းတို႔ အလိုတူသည္လည္း ရွိသည္။

စင္စစ္ေသာ္ကား အျခားေသာႏိုင္ငံမ်ားကဲ့သို႔ပင္ လူစြမ္း ျပလိုျခင္း၊ အႏိုင္ရ၍ ဂုဏ္ယူလိုျခင္း၊ လက္စားေခ်လိုျခင္း စေသာ ရည္႐ြယ္ခ်က္တို႔ေၾကာင့္ စစ္ျဖစ္ရေလသည္။ ၇၈၃ ခုႏွစ္တြင္ အင္းဝဘုရင္မင္းေခါင္ နတ္႐ြာစံၿပီး ေနာက္ စစ္မက္ေရးရာမွာ ၿငိမ္သက္သြား၏။ ထို ၇၈၃ ခုႏွစ္တြင္ပင္ ရာဇာဓိရာဇ္လည္း ေတာကစား ရင္း ဆင္ဖမ္းရာတြင္ ဒဏ္ရာသျဖင့္ ထိုဒဏ္ရာေၾကာင့္ပင္ ကံကုန္ေလသည္။

ရာဇာဓိရာဇ္ႏွင့္ မင္းေခါင္ နတ္႐ြာစံ ၿပီးေနာက္ တိုက္ခိုက္မႈမ်ား ေခတၱရပ္စဲခဲ့သည္။ ထို႔ေနာက္ ရာဇာဓိရာဇ္သားေတာ္ ဆင္ျဖဴရွင္သီဟသူတို႔ လက္ထက္တြင္ ဆက္လက္ျဖစ္ပြားသည္။ ေနာက္ဆုံးတြင္ ဗညားဓမၼရာဇ္၏ ညီေတာ္ ဒဂုန္ကိုစားရေသာ ဗညားရံက ဆင္ျဖဴရွင္သီဟသူအား ႏွစ္မေတာ္ ရွင္ေစာပုကို ဆက္၍ မဟာမိတ္ျပဳကာ စစ္ေျပၿငိမ္း လိုက္ရာတြင္မွ အၿပီးတိုင္ခဲ့သည္။

ရာဇာဓိရာဇ္ ကြယ္လြန္ၿပီးေနာက္ သားေတာ္မ်ားျဖစ္သည့္ ဗညားက်န္း(ဗညားဓမၼရာဇာ)၊ ဗညားရံ(ပထမဗညားရံ)၊ ေနာက္ေျမးေတာ္သမိန္ဖ႐ူး (ရွင္ေစာပု၏သားေတာ္)မင္းျပဳသည္။၎အား ဗညားက်န္းေထာ လုပ္ႀကံနန္းခ်ၿပီး နန္းတက္သည္။ ေနာက္ လိပ္မြတ္ေထာက ဗညားက်န္းေထာကို သတ္ကာမင္းျပဳ၏။

လိပ္မြတ္ေထာမွာ အလြန္ဆိုးသြမ္းသည့္အတြက္ မႈးမတ္တို႔က လုပ္ႀကံနန္းခ်ကာ ရာဇာဓိရာဇ္၏ သမီးေတာ္ ရွင္ေစာပုအား ဗညားေထာဝ္ ဘြဲ႕ျဖင့္ နန္းအပ္ကာ ဧကရီ ဘုရင္မႀကီးအျဖစ္ နန္းတင္ၾကသည္။ ေနာက္ ရွင္ေစာပု၏ သားမက္ေတာ္ ရဟန္းလူထြက္ ဓမၼေစတီမင္း၊ေနာက္ ဓမၼေစတီ၏ သားေတာ္ ဗညားရံ(ဒုတိယဗညားရံ)၊ေနာက္ သုရွင္တကာ႐ြတ္ပိ လက္ထက္တြင္ ေတာင္ငူမွ တပင္ေ႐ႊထီးမွ ဟံသာဝတီကို သိမ္းပိုက္ကာ ထုိမွတဆင့္ဘုရင့္ေနာင္က ဒုတိယ ျမန္မာႏိုင္ငံကို တည္ေထာင္ခဲ့ေလေတာ့သည္။

ကုိးကား
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၁၁)
ရာဇာဓိရာဇ္အေရးေတာ္ပုံက်မ္း
ျမန္မာမင္းမ်ားအေရးေတာ္ပုံက်မ္း ၆ ေစာင္တြဲ


အနှစ် ၄၀ စစ်ပွဲအတွင်းက စစ်ဘုရင်ကြီး ရာဇာဓိရာဇ် (unicode)

ရာဇာဓိရာဇ် သည် မြန်မာသက္ကရာဇ် ၇၄၅ မှ ၇၈၂ ထိ ဟံသာဝတီ(ပဲခူး)ကိုဗဟိုပြုကာ မွန်သုံးရပ်(ခေါ်) ရာမညဒေသ (ယနေ့အောက်မြန်မာပြည်ဒေသ)ကို အုပ်စိုးခဲ့သည့် မဂဒူး မင်းဆက်မှ (၉) ဆက်မြောက်မင်း ဖြစ်ပြီး လက်ရုံးရည်နှလုံးရည်နှင့် အလွန်ထင်ရှားသော မွန်ဘုရင်တစ်ပါးဖြစ်သည်။ ဖခမည်းတော်မှာ ဗညားဦး ဖြစ်သည်။ ရာဇာဓိရာဇ်သည် သူရဲကောင်းများကို တန်းတူရည်တူဆက်ဆံကာ ချစ်မြတ်နိုးသော စစ်ဘုရင်တစ်ပါးလည်းဖြစ်သည်။ ရာဇာဓိရာဇ် လက်ထက်တွင်ထင်ရှားသော မွန်သူရဲကောင်းမြောက်မြားစွာ ပေါ်ထွန်းခဲ့သည်။ ဗညားဒလ ရေးသားခဲ့သော ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းသည်လည်းကောင်း၊ ဒေါက်တာနိုင်ပန်းလှ ရေးသည့် ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းသည်လည်းကောင်း ထင်ရှားသော ကျမ်းများဖြစ်သည်။ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်၏ အထိကရစစ်ဘုရင်တစ်ပါးဟု ဆိုလျင်လည်းမမှားပေ။ ငယ်စဉ်ကလေးဘဝမှစ၍ နတ်ရွာစံကံတော်ကုန်သည့် အချိန်ထိ စစ်ပွဲတိုက်ပွဲများနှင့် မကင်းခဲ့ချေ။

ရာဇာဓိရာဇ်သည် ပဲခူးမြို့တွင် နန်းစိုက်သော မုတ္တမဘုရင် ဗညားဦး နှင့် သီရိမာမိဖုရားတို့မှ ဖွားမြင်သော သားတော် ဖြစ် သည်။ သက္ကရာဇ် ၇၁၁ ခုနှစ် တပို့တွဲလဆန်း ၆ ရက်နေ့တွင် ဖွားမြင်သည်။ ငယ်စဉ်ကပင် မယ်တော်ကွယ်လွန်သဖြင့် ခမည်း တော် ဗညားဦး၏နှစ်မတော်မဟာဒေဝီမင်းသမီးက ရာဇာဓိရာဇ် ကို ဆက်လက်မွေးမြူသည်။ရာဇာဓိရာဇ်၏ ငယ်မည်ကား ဗသုန်ဗန်စက် (ခံတွင်း၌ လျှာတွင် စက်ပါသူ) ဖြစ်၏။ နောင် တွင် ခမည်းတော်က ဗညားနွဲ့ဟူ၍ ဘွဲ့ချီတော်မူသည်။

အရွယ်ရောက်သော် ခမည်းတော် ဗညားဦးနှင့် စန္ဒာဒေဝီ မိဖုရားတို့မှ ဖွားမြင်သော တလမည်ဒေါ မင်းသမီးတို့ သင့်ရာမှ ဗောလောကျန်းတော မည်သော သားတော်ကို ရရှိသည်။ နောင် တွင် အင်းဝမင်းခေါင်၏ သားတော် မင်းရဲကျော်စွာသည် ဤ ဗောလောကျန်းတော သေ၍ ဝင်စားသည်ဟု အဆိုရှိသည်။
ဗညားဦး လက်ထက်တွင် ရာဇာဓိရာဇ်သည် အရီးတော် မဟာဒေဝီ အကောက်ကြံ၍ ပဲခူးနေပြည်တော်တွင် မနေသာဘဲ ဒဂုန်သို့ ထွက်သွား၍ ခြားနားသည်။ သက္ကရာဇ် ၇၄၅ ခုနှစ် တွင် ခမည်းတော်ဗညားဦး နတ်ရွာစံလျှင် ပဲခူးမြို့ကို အလွယ် တကူ သိမ်းယူ၍ မင်းပြုလေသည်။ရာဇာဓိရာဇ်သည်ကား ဝါရီရူးဘုရင်များတွင် အထင်ရှားဆုံး ဘုရင် ဖြစ်သည်။ ရာဇာဓိရာဇ် မင်းဖြစ်စတွင်ပင် ဦးရီးတော် မြောင်းမြမြို့စား လောက်ဖျားက အင်းဝမင်းကြီးစွာစော်ကဲကို ချီပင့်သဖြင့် အင်းဝနှင့် စစ်ဖြစ် ရသည်။

ထိုအချိန်မှစ၍ မြန်မာရာဇဝင်တွင် ကျော်ကြား သော အနှစ် ၄ဝ ကြာ ပဲခူး-အင်းဝ စစ်ပွဲကြီး စတင်လေ သည်။ ဤစစ်သည် ရာဇာဓိရာဇ်နှင့် မင်းကြီးစွာစော်ကဲတို့ လက်ထက်တွင် စတင်ဖြစ်ပွားခဲ့လျက်၊ မင်းကြီးစွာစော်ကဲ နတ်ရွာစံလွန်သွားသောအခါ သားတော်မင်းခေါင်သည် စစ်ကို ဆက်လက်ဆင်နွဲပြန်၏။ မြန်မာတို့က ပဲခူးကို ရသည်မရှိသော်လည်း တိုက်ခိုက် ရာဌာနကား မွန်ပြည်တွင်း ဖြစ်သည်။ အနောက်ဘက်ရှိ ရခိုင်နှင့် သံတွဲသို့လည်း စစ်ဦးလှည့်သည့်အခါ စစ်မြေပြင်ဖြစ်ခဲ့ ရလေသည်။ မွန်မြို့တော်သို့ ချီတက်ရာ စစ်ကြောင်းမှာ လှိုင် မြစ်ကြောင်းဖြင့် ဒဂုန်သို့ဝင်ပြီးမှ ပဲခူးကို ပန်းတိုင်အဖြစ် ထားကာ တိုက်ခိုက်ကြသည်။ တစ်ခါတစ်ရံ တောင်ငူမှနေ၍ စစ်တောင်းမြစ်ကြောင်းကို အသုံးပြုသည့်အခါလည်း ရှိလေ သေးသည်။

ရာဇာဓိရာဇ်သည် အလွန်ဘုန်းတန်ခိုးကြီးသော မင်းဖြစ်သည်။ ဗေဒင်ယတြာ၊ အင်းအိုင်လက်ဖွဲ့တို့ကို အလွန်ဝါသနာထုံပြီး စစ်ချီလေတိုင်း ထိုအစီအရင်တို့ကို သုံးစွဲကာ တပ်သားသူရဲတို့ စိတ်ဓါတ်တက်ကြွစေရန် ပြုလေ့ရှိသည်။ ဟံသာမင်း၊ ဗညားသစ်တသုံ၊သီဟရာဇာမင်း အစရှိသဖြင့်လည်း သမိုင်းများတွင်ဆိုကြသည်။ရွှေတိဂုံစေတီတော် မွန်ကျောက်စာတွင် သုတသောမရာဇာဓိရာတ် ဟုဖော်ပြထားသည်။အသက် ၁၆ နှစ်အရွယ်မှစ ကာ ဟံသာဝတီထီးနန်းကို စိုးစံပြီး ခမည်းတော် ဗညားဦးလက်ထက်က အစပြုသည့် ပုန်ကန်မှုများကို နှိမ်နှင်းအောင်မြင်သည်။

နောင် သမိုင်းတွင်သည့် အင်းဝ-ဟံသာဝတီ နှစ် ၄၀ စစ်ကို ခင်းသည်။ထင်ရှားသည့်မှူးမတ်များမှာ သမိန်ဗြာဇ္ဇ၊အမတ်ဒိန်၊အဲမွန်ဒယာ၊ အဲကောင်ဗိန်၊စောလဂွန်းအိန်(မသံလုံ)၊ဥပါကောင်း (ရာဇာဓိရာဇ်၏သားမက်ဖြစ်)၊သမိန်ဗရမ်း(ရာဇာဓိရာဇ်၏သားမက်ဖြစ်၊အင်းဝသို့အဖမ်းခံ ရပြီး တရုတ်သူရဲကောင်း ဂါမဏိ နှင့်စီးချင်းထိုးကာအနိုင်ရသူ၊နောင်တွင် ဟံသာဝတီသို့ပြန်လာ။)သမိန်အဝနံနိုင်(သမိန်အင်းဝ မင်းကြီး ဟုလည်းဆိုကြသည်။)၊ သမိန်ရဲသင်ရံ၊မသန်း(ရဟန်းလူထွက်ဖြစ်၊လဂွန်းအိန်သေပြီးနောက်ထွက်ပေါ်လာသည့်လူစွမ်းကောင်း။)တို့ ဖြစ်ကြသည်။

ရာဇာဓိရာဇ်သည် မွန်သုံးရပ်ဟု တွင်သော ပုသိမ်၊ မုတ္တမ နှင့် ဟံသာဝတီတို့ကို ခိုင်မြဲအောင် စည်းရုံးထားသဖြင့် မြန်မာ တို့ တိုက်ရန်မလွယ်ချေ။ ရာဇာဓိရာဇ်သည် မင်းကြီးစွာစော်ကဲ လက်ထက်၌ ၇၄၈ ခုနှစ်တွင် တစ်ကြိမ်၊ ၇၄၉ ခုနှစ်တွင် တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် စစ်မက်ပြုရသည်။ မင်းကြီးစွာ စော်ကဲ လွန်၍ သားတော်မင်းခေါင် နန်းတက်သောအခါ ၇၆၆ ခုနှစ်တွင် ရာဇာဓိရာဇ်၏ စစ်တပ်များသည် ဧရာဝတီ မြစ် ကြောင်းအတိုင်း အညာသို့ ချီတက်လာရာ ရွှေကြက်ယက် တိုင်အောင် ရောက်သည်။ အင်းဝမင်းခေါင် စေလွှတ်သော ပင်းယစကြိုသူမြတ် ဟောပြောဆုံးမသဖြင့် ပြန်သည်။

မင်းခေါင်နှင့် ရာဇဓိရာဇ်သည် ရှစ်ကြိမ်တိုင်တိုင် စစ်ပွဲများ ဆင်နွဲခဲ့ကြသည်။ စစ်ပွဲအစတွင် မည်သို့ရှိစေကာမူ အဆုံး၌ မြန်မာတို့သည် မွန်နယ်ကျေး လက်မှ ထွက်ခွာပြန်လည်ရသည်ချည်း ဖြစ်သည်။ အင်းဝ စစ်သည်တို့ အကြိမ်ကြိမ် တိုက်လာသော်လည်း တွန်းလှန် ဖြိုဖျက်နိုင်သည်သာ များသည်။
သက္ကရာဇ် ၇၇၆ ခုနှစ်တွင် ရာဇာဓိရာဇ်သည် သိန္နီနှင့် မဟာမိတ်ပြုကာ သိန္နီစော်ဘွားအား အင်းဝကို တိုက်စေ၏။ အင်းဝစစ်ပန်းသည့်အခါတွင် ရာဇာဓိရာဇ် ချီတက်တိုက်ခိုက်ရာ ပြည်မြို့အထိ သိမ်းပိုက်နိုင်ခဲ့သည်။ အင်းဝဘုရင်မင်းခေါင်သည် ရာဇာဓိရာဇ်အား နှမတော်ကို ဆက်ပြီးလျှင် ပြည်မြို့ ရွှေဆံတော်ဘုရားတွင် သစ္စာဆိုကာ စစ်ပြေငြိမ်းရသည်။ သို့ရာ တွင် မင်းခေါင်သည် ဇင်းမယ်နှင့် မဟာမိတ်ပြုကာ ရာဇာဓိရာဇ် အား လက်စားချေတိုက်ပွဲ ဆင်နွဲပြန်သည်။

စစ်တိုက်ခိုက်ရာ၌ ခြေခင်းလက်ခင်းသာသည့် အချိန်၌သာ တိုက်ခိုက်ကြသည်။ မိုးကျလျှင် ပြန်ကြပြန်သည်။ တိုက်ပုံ တိုက်နည်းတို့မှာ အခြေအနေအရ သင့်လျော်သလို စီမံသွားကြ သည်။ ပြောက်ကျားတိုက်ခြင်း၊ ချောင်း၍ အလစ်တိုက်ခြင်း၊ ခံတပ်ပြုလုပ်၍ တိုက်ခိုက်ခြင်း၊ မြို့ကြီးများကို ပိတ်ဆို့ဝန်းရံ၍ တိုက်ခိုက်ခြင်း၊ ရံဖန်ရံခါ တစ်ယောက်ချင်း လူစွမ်းပြခြင်း၊ စီးချင်းထိုးခြင်း စသည့် တိုက်ခိုက်နည်းတို့ဖြင့် တိုက်ကြသည်။ ရာဇာဓိရာဇ်၏ မိဖုရားများ ငိုယိုသည်နှင့် မိမိတို့နိုင် လောက်ပြီဆိုရသော စစ်ကို ပြေငြိမ်းလိုက်ခြင်း၊ ရွှေဆံတော် ဘုရားတွင် မင်းနှစ်ပါး သစ္စာပြုပြီးနောက် မကြာမီပင်လျှင် စစ်ဖြစ်ပြန်ခြင်းတို့ကို ထောက်၍ ထိုအခါက စစ်မည်မျှ ဖြစ် လွယ်သည်ကို ထောက်ချင့်နိုင်သည်။

စစ်ပွဲအတွင်း တစ်ဖက်နှင့် တစ်ဖက် သွားလာကျွေးမွေး ခေါ်ငင်ကြသည်လည်း ရှိသည်။ ထိုစစ်အတွင်း အရှင်၏သစ္စာကို မှန်ကန်စွာ စောင့်ထိန်း၍ အမှုထမ်းသော သူရဲကောင်းတို့လည်း ရှိသည်။ တစ်ဖက်မှ တစ်ဖက်သို့ ဝင်စားကြသည်လည်း ရှိသည်။ သူရသတ္တိနှင့် တိုက်ခိုက်ကြသည်ရှိသော်လည်း မင်းရဲကျော်စွာ လဂွန်းအိမ်ကို လှည့်ဖျားသကဲ့သို့ ဥပါယ်တံမျည်ဖြင့် လိမ်လည်လှည့်ပတ် တိုက်ခိုက်ကြသည်လည်း များလေသည်။ တစ်ဖက်ရန်သူကို အကောက်ကြံ၍ ပြုလုပ်ရာ၌ မင်းတို့ အလိုတူသည်လည်း ရှိသည်။

စင်စစ်သော်ကား အခြားသောနိုင်ငံများကဲ့သို့ပင် လူစွမ်း ပြလိုခြင်း၊ အနိုင်ရ၍ ဂုဏ်ယူလိုခြင်း၊ လက်စားချေလိုခြင်း စသော ရည်ရွယ်ချက်တို့ကြောင့် စစ်ဖြစ်ရလေသည်။ ၇၈၃ ခုနှစ်တွင် အင်းဝဘုရင်မင်းခေါင် နတ်ရွာစံပြီး နောက် စစ်မက်ရေးရာမှာ ငြိမ်သက်သွား၏။ ထို ၇၈၃ ခုနှစ်တွင်ပင် ရာဇာဓိရာဇ်လည်း တောကစား ရင်း ဆင်ဖမ်းရာတွင် ဒဏ်ရာသဖြင့် ထိုဒဏ်ရာကြောင့်ပင် ကံကုန်လေသည်။ ရာဇာဓိရာဇ်နှင့် မင်းခေါင် နတ်ရွာစံ ပြီးနောက် တိုက်ခိုက်မှုများ ခေတ္တရပ်စဲခဲ့သည်။ ထို့နောက် ရာဇာဓိရာဇ်သားတော် ဆင်ဖြူရှင်သီဟသူတို့ လက်ထက်တွင် ဆက်လက်ဖြစ်ပွားသည်။ နောက်ဆုံးတွင် ဗညားဓမ္မရာဇ်၏ ညီတော် ဒဂုန်ကိုစားရသော ဗညားရံက ဆင်ဖြူရှင်သီဟသူအား နှစ်မတော် ရှင်စောပုကို ဆက်၍ မဟာမိတ်ပြုကာ စစ်ပြေငြိမ်း လိုက်ရာတွင်မှ အပြီးတိုင်ခဲ့သည်။

ရာဇာဓိရာဇ် ကွယ်လွန်ပြီးနောက် သားတော်များဖြစ်သည့် ဗညားကျန်း(ဗညားဓမ္မရာဇာ)၊ ဗညားရံ(ပထမဗညားရံ)၊ နောက်မြေးတော်သမိန်ဖရူး (ရှင်စောပု၏သားတော်)မင်းပြုသည်။၎င်းအား ဗညားကျန်းထော လုပ်ကြံနန်းချပြီး နန်းတက်သည်။ နောက် လိပ်မွတ်ထောက ဗညားကျန်းထောကို သတ်ကာမင်းပြု၏။ လိပ်မွတ်ထောမှာ အလွန်ဆိုးသွမ်းသည့်အတွက် မှုးမတ်တို့က လုပ်ကြံနန်းချကာ ရာဇာဓိရာဇ်၏ သမီးတော် ရှင်စောပုအား ဗညားထောဝ် ဘွဲ့ဖြင့် နန်းအပ်ကာ ဧကရီ ဘုရင်မကြီးအဖြစ် နန်းတင်ကြသည်။ နောက် ရှင်စောပု၏ သားမက်တော် ရဟန်းလူထွက် ဓမ္မစေတီမင်း၊နောက် ဓမ္မစေတီ၏ သားတော် ဗညားရံ(ဒုတိယဗညားရံ)၊နောက် သုရှင်တကာရွတ်ပိ လက်ထက်တွင် တောင်ငူမှ တပင်ရွှေထီးမှ ဟံသာဝတီကို သိမ်းပိုက်ကာ ထိုမှတဆင့်ဘုရင့်နောင်က ဒုတိယ မြန်မာနိုင်ငံကို တည်ထောင်ခဲ့လေသည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း
မြန်မာမင်းများအရေးတော်ပုံကျမ်း ၆ စောင်တွဲ

Leave a Reply