ေျမးျဖစ္သူကို ကိုယ္တုိင္ကုိယ္၀န္လြယ္ၿပီး ေမြးခဲ့တဲ့အဖြား

Posted on

သူမကေတာ့ အသက္ ၂၉ႏွစ္ ရွိၿပီျဖစ္တဲ့ Kayla Jones ပါ။ သူမ နဲ႔ သူမရဲ႕ေယာက်ၤားျဖစ္သူ Cody တုိ႔ဟာ အေမရိကန္ တက္စ္ဆက္ျပည္နယ္ Texarkana ၿမဳိ႕မွာ ေနထုိင္ၾကပါတယ္။ သူမမွာ အိပ္မက္တစ္ခုရွိပါတယ္။ ဒါကေတာ့ သားသမီးတစ္ေယာက္ေမြးၿပီး ေပ်ာ္ရႊင္တဲ့မိသားစုေလးတစ္ခုရဖုိ႔ပါ။ အခက္အခဲကေတာ့ သူမရဲ႕ေရာဂါေၾကာင့္ သားအိမ္တစိတ္တပုိင္းကုိ ဖယ္ရွားခဲ့တဲ့ အတြက္ ကေလးမေမြးႏုိင္ပါဘူး။ ဒါေပမယ့္ အကုန္လုံးမဖယ္ရွားခဲ့တဲ့အတြက္ သေႏၶကုိေတာ့ ရႏုိင္ပါေသးတယ္။

အျခားသူတစ္ေယာက္ရဲ႕ ကေလးကုိလည္း မေမြးစားခ်င္တဲ့ ကေလးအရမ္းလုိခ်င္ေနတဲ့ သူမတုိ႔စုံတြဲအတြက္ နည္းလမ္းကေတာ့ သူမတုိ႔စုံတြဲရဲ႕ သေႏၶကို တစ္ျခားတစ္ေယာက္စီ အငွားကုိယ္၀န္ေဆာင္ခုိင္းဖုိ႔ျဖစ္ပါတယ္။ သူမေယာက်ၤားရဲ႕ မိခင္ျဖစ္သူူကေတာ့ ဒီအစီအစဥ္ကုိေျပာရင္ အၿမဲရယ္ေနတတ္ပါတယ္။ သူတုိ႔စုံတြဲရဲ႕ အငွားကိုယ္၀န္ေဆာင္သည္ရွာပုံေတာ္ဟာ ႏွစ္ႏွစ္ၾကာတဲ့အထိ မေအာင္ျမင္ခဲ့ပါဘူး။ အေၾကာင္းကေတာ့ သူတုိ႔စိတ္တုိင္းက်တဲ့သူ ၊ ေဆးစစ္ခ်က္နဲ႔ကုိက္ညီတဲ့သူကို မရွာႏုိင္ခဲ့လုိ႔ပါ။

ဘယ္လုိမွ ရွာမရတဲ့အဆုံးမွာေတာ့ သူမေယာကၡမကုိ ကူရွာေပးဖုိ႔ အကူအညီေတာင္းခဲ့ပါတယ္။ ဒါေပမယ့္ ေယာကၡမျဖစ္သူဆီက သားျဖစ္သူရဲ႕ ကုိယ္၀န္ကို လြယ္ေပးမယ္လုိ႔ ေျပာလာတဲ့အခါ သူမတုိ႔ ဇနီးေမာင္ႏွွံႏွစ္ေယာက္စလုံး အံၾသ၀မ္းသာခဲ့ရပါတယ္။ သားျဖစ္သူရဲ႕ကုိယ္၀န္ကို အေမျဖစ္သူက ေဆာင္ေပးတယ္ဆုိတာ အလြန္ရွားပါးတဲ့ျဖစ္ရပ္တစ္ခု မုိ႔လုိ႔ပါ။

ေယာကၡမျဖစ္သူကို အႀကိမ္ႀကိမ္ ေဆးစစ္ၾကည့္တဲ့အခါမွာေတာ့ ေဆးစစ္ခ်က္ေအာင္ျမင္ခဲ့တဲ့အတြက္ ပုိ၀မ္းသာ သြားခဲ့ၾကပါတယ္။ ၂၀၀၇ခုႏွစ္ေမလ မွာေတာ့ ေယာကၡမျဖစ္သူ Patty ဟာ သားျဖစ္သူတုိ႔စုံတြဲရဲ႕ ကုိယ္၀န္ကို စလြယ္ခဲ့ပါတယ္။

ခုႏွစ္လေက်ာ္ေက်ာ္မွာေတာ့ သားေလးတစ္ေယာက္ကုိ ဗုိက္ခြဲၿပီး ေအာင္ျမင္စြာ ေမြးႏုိင္ခဲ့ပါတယ္။ ေမြးလာတဲ့သားေလးရဲ႕ နာမည္ကိုေတာ့ Kross Allen Jones လုိ႔ေပးခဲ့ၾကပါတယ္။ ကုိယ္၀န္အငွားေဆာင္ေပးခဲ့တဲ့ Patty ကေတာ့-
“ဒီအခ်ိန္ဟာ ကြ်န္မဘ၀ရဲ႕ အရမ္းခ်ဳိျမိန္စရာ အခုိက္အတန္႔ပါပဲ။ တကယ္ေတာ့ အငွားကုိယ္၀န္ေဆာင္ဆုိေပမယ့္ ကုိယ့္ကုိယ္၀န္ကို ေဆာင္ရတာနဲ႔ ဘာမွမထူးပါဘူး။ အရမ္းပင္ပန္းပါတယ္။ ဒါေပမယ့္ သားကုိခ်စ္တဲ့စိတ္နဲ႔ ဒီအစီအစဥ္ကုိ ကြ်န္မလက္ခံၿပီး ေျမးျဖစ္သူကို ကုိယ္တုိင္ေမြးေပးခဲ့ပါတယ္” လုိ႔ ဆုိပါတယ္။

“ကြ်န္မတုိ႔ မိသားစုရဲ႕အျဖစ္အပ်က္ဟာ အံၾသစရာပါပဲ။ ေျမးျဖစ္သူကို ကုိယ္တုိင္ေမြးေပးခဲ့တဲ့ သူ႔အဘြားက တကယ့္သူရဲေကာင္းတစ္ေယာက္ပါ။ ကြ်န္မတုိ႔မိသားစုရဲ႕ လုိအပ္ခ်က္ကိုျဖည့္စြက္ေပးတဲ့အတြက္ သူမကုိ အရမ္းေက်းဇူးတင္ပါတယ္” လုိ႔ Kayla Jones က ဆုိခဲ့ပါတယ္။ အဘြားျဖစ္သူရဲ႕ ကူညီမႈေၾကာင့္ အခုအခ်ိန္မွာေတာ့ သူတုိ႔မိသားစုဟာ ျပည့္စုံေပ်ာ္ရႊင္တဲ့ မိသားစုေလးျဖစ္လာခဲ့ပါၿပီ။


မြေးဖြစ်သူကို ကိုယ်တိုင်ကိုယ်ဝန်လွယ်ပြီး မွေးခဲ့တဲ့အဖွား (unicode)

သူမကတော့ အသက် ၂၉နှစ် ရှိပြီဖြစ်တဲ့ Kayla Jones ပါ။ သူမ နဲ့ သူမရဲ့ယောင်္ကျားဖြစ်သူ Cody တို့ဟာ အမေရိကန် တက်စ်ဆက်ပြည်နယ် Texarkana မြို့မှာ နေထိုင်ကြပါတယ်။ သူမမှာ အိပ်မက်တစ်ခုရှိပါတယ်။ ဒါကတော့ သားသမီးတစ်ယောက်မွေးပြီး ပျော်ရွှင်တဲ့မိသားစုလေးတစ်ခုရဖို့ပါ။ အခက်အခဲကတော့ သူမရဲ့ရောဂါကြောင့် သားအိမ်တစိတ်တပိုင်းကို ဖယ်ရှားခဲ့တဲ့ အတွက် ကလေးမမွေးနိုင်ပါဘူး။ ဒါပေမယ့် အကုန်လုံးမဖယ်ရှားခဲ့တဲ့အတွက် သန္ဓေကိုတော့ ရနိုင်ပါသေးတယ်။

အခြားသူတစ်ယောက်ရဲ့ ကလေးကိုလည်း မမွေးစားချင်တဲ့ ကလေးအရမ်းလိုချင်နေတဲ့ သူမတို့စုံတွဲအတွက် နည်းလမ်းကတော့ သူမတို့စုံတွဲရဲ့ သန္ဓေကို တစ်ခြားတစ်ယောက်စီ အငှားကိုယ်ဝန်ဆောင်ခိုင်းဖို့ဖြစ်ပါတယ်။ သူမယောင်္ကျားရဲ့ မိခင်ဖြစ်သူကတော့ ဒီအစီအစဉ်ကိုပြောရင် အမြဲရယ်နေတတ်ပါတယ်။ သူတို့စုံတွဲရဲ့ အငှားကိုယ်ဝန်ဆောင်သည်ရှာပုံတော်ဟာ နှစ်နှစ်ကြာတဲ့အထိ မအောင်မြင်ခဲ့ပါဘူး။ အကြောင်းကတော့ သူတို့စိတ်တိုင်းကျတဲ့သူ ၊ ဆေးစစ်ချက်နဲ့ကိုက်ညီတဲ့သူကို မရှာနိုင်ခဲ့လို့ပါ။

ဘယ်လိုမှ ရှာမရတဲ့အဆုံးမှာတော့ သူမယောက္ခမကို ကူရှာပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ ဒါပေမယ့် ယောက္ခမဖြစ်သူဆီက သားဖြစ်သူရဲ့ ကိုယ်ဝန်ကို လွယ်ပေးမယ်လို့ ပြောလာတဲ့အခါ သူမတို့ ဇနီးမောင်နှံနှစ်ယောက်စလုံး အံဩဝမ်းသာခဲ့ရပါတယ်။ သားဖြစ်သူရဲ့ကိုယ်ဝန်ကို အမေဖြစ်သူက ဆောင်ပေးတယ်ဆိုတာ အလွန်ရှားပါးတဲ့ဖြစ်ရပ်တစ်ခု မို့လို့ပါ။ ယောက္ခမဖြစ်သူကို အကြိမ်ကြိမ် ဆေးစစ်ကြည့်တဲ့အခါမှာတော့ ဆေးစစ်ချက်အောင်မြင်ခဲ့တဲ့အတွက် ပိုဝမ်းသာ သွားခဲ့ကြပါတယ်။ ၂၀၀၇ခုနှစ်မေလ မှာတော့ ယောက္ခမဖြစ်သူ Patty ဟာ သားဖြစ်သူတို့စုံတွဲရဲ့ ကိုယ်ဝန်ကို စလွယ်ခဲ့ပါတယ်။

ခုနှစ်လကျော်ကျော်မှာတော့ သားလေးတစ်ယောက်ကို ဗိုက်ခွဲပြီး အောင်မြင်စွာ မွေးနိုင်ခဲ့ပါတယ်။ မွေးလာတဲ့သားလေးရဲ့ နာမည်ကိုတော့ Kross Allen Jones လို့ပေးခဲ့ကြပါတယ်။ ကိုယ်ဝန်အငှားဆောင်ပေးခဲ့တဲ့ Patty ကတော့-
“ဒီအချိန်ဟာ ကျွန်မဘဝရဲ့ အရမ်းချိုမြိန်စရာ အခိုက်အတန့်ပါပဲ။ တကယ်တော့ အငှားကိုယ်ဝန်ဆောင်ဆိုပေမယ့် ကိုယ့်ကိုယ်ဝန်ကို ဆောင်ရတာနဲ့ ဘာမှမထူးပါဘူး။ အရမ်းပင်ပန်းပါတယ်။ ဒါပေမယ့် သားကိုချစ်တဲ့စိတ်နဲ့ ဒီအစီအစဉ်ကို ကျွန်မလက်ခံပြီး မြေးဖြစ်သူကို ကိုယ်တိုင်မွေးပေးခဲ့ပါတယ်” လို့ ဆိုပါတယ်။

“ကျွန်မတို့ မိသားစုရဲ့အဖြစ်အပျက်ဟာ အံဩစရာပါပဲ။ မြေးဖြစ်သူကို ကိုယ်တိုင်မွေးပေးခဲ့တဲ့ သူ့အဘွားက တကယ့်သူရဲကောင်းတစ်ယောက်ပါ။ ကျွန်မတို့မိသားစုရဲ့ လိုအပ်ချက်ကိုဖြည့်စွက်ပေးတဲ့အတွက် သူမကို အရမ်းကျေးဇူးတင်ပါတယ်” လို့ Kayla Jones က ဆိုခဲ့ပါတယ်။ အဘွားဖြစ်သူရဲ့ ကူညီမှုကြောင့် အခုအချိန်မှာတော့ သူတို့မိသားစုဟာ ပြည့်စုံပျော်ရွှင်တဲ့ မိသားစုလေးဖြစ်လာခဲ့ပါပြီ။

Leave a Reply