အိုမင္းသြားတဲ့ ႏုပ်ဳိျခင္း

Posted on

Via : ႏုိင္းႏုိင္းစေန

“ေမႀကီး… သမီးရဲ႕ပစၥည္းကို ေမႀကီးဘယ္နားထားလိုက္သလဲ?”

ရုိးရိုးရွင္းရွင္းစကားေလး တစ္ခြန္းတည္းပါပဲ.. ဒါေပမယ့္ မိခင္အေပၚ မွီခိုျခင္းေတြပါေနခဲ့တယ္။ ကၽြန္မတို႔ဟာ မိဘေတြရဲ႕ ကရုဏာအၾကင္နာ၊ ဂရုစိုက္ပ်ဳိးေထာင္မႈေအာက္ကေန တေျဖးေျဖးႀကီးျပင္းလာခဲ့ၾကတယ္။

“သမီး အရြယ္ေရာက္ေနၿပီေနာ္.. ကိုယ့္ပစၥည္းကိုယ္ေသခ်ာမသိမ္းဘဲ အေမ့ကို လာေမးေနေသးတယ္”

အေမရဲ႕တဗ်စ္ေတာက္ေတာက္ ျမည္တြန္းမႈေတြက ခ်စ္ျခင္းေမတၱာအသြင္ ေျပာင္းသြားခဲ့တယ္။

“ျမန္ျမန္ ေမႀကီးရဲ႕.. ဘယ္နားထားလိုက္လဲဆို .. သမီးရံုးေနာက္က်ေတာ့မယ္”

အေမရဲ႕ဗ်စ္ေတာက္ေတာက္ကို ကၽြန္မတို႔ကအၿမဲတမ္း စိတ္မရွည္၊ စိတ္ရႈပ္တာနဲ႔ တုန္႔ျပန္ခဲ့တယ္။

“သမီး.. ရံုးမသြားခင္ အေမ့ကို အပ္နဲ႔အပ္ခ်ည္ထိုးေပးခဲ့ပါေနာ္”

အရင္တုန္းက အပ္တစ္ပင္ခ်င္းထိုးၿပီး ကၽြန္မတို႔အတြက္ အေမအကၤ်ီေတြဖာေထး၊ ခ်ဳပ္ေပးခဲ့တာေတြကို ကၽြန္မအမွတ္တမဲ့ သတိရလိုက္မိတယ္။ အရင္တုန္းကပံုရိပ္ေလး မေတြ႔တာေတာင္ ၾကာခဲ့ပေပါ့လား!

အခ်ိန္ျဖတ္သန္းကုန္လြန္တာကို သတိမထားမိခ်ိန္ သားသမီးေတြက မိခင္ကိုမွီခိုရာကေန မိခင္က သားသမီးေတြကို ျပန္မွီခိုခ်ိန္ေရာက္ခဲ့ၿပီ။

အခ်ိန္ျဖတ္သန္းကုန္လြန္တာကို သတိမထားမိခ်ိန္ မိဘေတြရဲ႕ေခါင္းေပၚက ဆံပင္နက္နက္ေတြ ေငြေရာင္သမ္းခဲ့ၿပီ။

အခ်ိန္ျဖတ္သန္းကုန္လြန္တာကို သတိမထားမိခ်ိန္ မိဘေတြရဲ႕မ်က္ေထာင့္က အရစ္ေၾကာင္းေတြ နက္သထက္နက္ခဲ့ၿပီ။

မိဘေတြရဲ႕ ပါးစပ္ဖ်ားက တပ်စ္ပ်စ္ေတာက္ေတာက္သံေတြဟာ ဘယ္အခ်ိန္ ဘယ္အခါကတည္းက သက္ျပင္းခ်သံေတြအျဖစ္ ေျပာင္းသြားခဲ့ၿပီလဲ?
သူတို႔ ဘာကိုသက္ျပင္းခ်ေနသလဲ? လူ႔ဘဝ တိုေတာင္းတာကိုေပါ့။
သူတို႔ ဘာကိုပူပင္ေသာကေရာက္ေနသလဲ? သားသမီးေတြရဲ႕ အနာဂတ္ကိုေပါ့။
ေလာကမွာ ကိုယ့္သားသမီးကိုမခ်စ္တဲ့ မိဘဆိုတာမရွိသလို၊ ကိုယ့္သားသမီးရဲ႕ အနာဂတ္ကို စိတ္မပူတဲ့မိဘဆိုတာလည္း မရွိပါဘူး။

ကိုယ့္မ်က္စိေရွ႕က သစ္ပင္ႀကီးဟာ ဘယ္အခ်ိန္ ဘယ္အခါကတည္းက အိုမင္းရင့္ေရာ္သြားခဲ့ပါသလဲ?
ကိုယ့္ကိုေစာင့္ေမွ်ာ္ေနတဲ့ မီးအိမ္ေလးတစ္လံုးက ဘယ္အခ်ိန္ ဘယ္အခါမွာ ၿငိမ္းသြားခဲ့သလဲ?
မိဘေတြရဲ႕စကားေတြမွာ ေမာပန္းႏြမ္းနယ္မႈေတြ ဘယ္အခ်ိန္ ဘယ္အခါကတည္းက ပါေနခဲ့သလဲ?

ျပင္ပေလာကမွာ စိတ္ထိခိုက္ေၾကကဲြစရာေတြ ဘယ္ေလာက္ပဲႀကံဳခဲ့ႀကံဳခဲ့ မိဘေတြက ကၽြန္မတို႔ရဲ႕ ရင္ဖြင့္ရာေနရာ၊ မွီခိုကမ္းကပ္ရာ ဆိပ္ကမ္းႀကီးပါ။ ေႏြမိုးေဆာင္းရာသီေတြ ဘယ္လိုပဲျဖတ္သန္းကုန္လြန္ပါေစ… ဒီရာသီၿပီးရင္ ေနာက္ရာသီကလာစၿမဲ၊ ဒီကေန႔ကုန္ရင္ မနက္ျဖန္ကေရာက္လာစၿမဲ။ အခ်ိန္အလွည့္အေျပာင္းမွာ ကုန္လြန္ျဖတ္သန္းရတာက ဥတုရာသီ၊ ဒီကေန႔၊ မနက္ျဖန္ဆိုတဲ့ ေန႔ရက္ေတြအျပင္ ျမင္သာျမင္ၿပီး ကိုင္တြယ္လို႔မရတဲ့ ႏုပ်ဳိျခင္းေတြလည္း ပါပါတယ္။

မိဘေတြက အိုမင္းသြားလည္း ခ်စ္ျခင္းေမတၱာက မေျပာင္းလဲဘူး။ အဲဒီခ်စ္ျခင္းေမတၱာကို သားသမီးေတြက ဆက္လက္ထိန္းသိမ္းတယ္။ ဒါဟာ ေလာကႀကီးမွာ မေျပာင္းလဲတဲ့ မေျပာင္းလဲနိယာမပဲျဖစ္မယ္ထင္ပါတယ္။ ကၽြန္မတို႔ ခ်မ္းသာသည္ျဖစ္ေစ၊ ဆင္းရဲသည္ျဖစ္ေစ၊ ရာထူးႀကီးသည္ျဖစ္ေစ၊ ရာထူးမဲ့သည္ျဖစ္ေစ မိဘေတြရဲ႕အၾကည့္မွာ၊ မိဘေတြရဲ႕ေရွ႕မွာ ကၽြန္မတို႔ဟာ အၿမဲတမ္း ကေလးငယ္တစ္ေယာက္ပါပဲ။ ကိုယ့္သားသမီးေဘးမွာေနၿပီး သားသမီးေတြႀကီးျပင္းလာတာကို အရိပ္တၾကည့္ၾကည့္ ၾကည့္ခ်င္ခဲ့တာ မိဘတိုင္းရဲ႕ရင္ထဲကဆႏၵပါ။

“ေဖေဖေမေမတို႔ ပင္ပန္းပါၿပီ။ ကၽြန္မတို႔ ႀကီးျပင္းလာခဲ့ပါၿပီ။ ေဖေဖေမေမတို႔ကို ကၽြန္မတို႔ တစ္လွည့္ျပဳစုပါရေစေနာ္” ဆိုတဲ့စကားတစ္ခြန္းက မိဘေတြအေပၚ ကၽြန္မတို႔အၿမဲအေၾကြးတင္ေနတဲ့ စကားပဲျဖစ္မယ္ ထင္ပါတယ္။

http://www.duwenzhang.com/wenzhang/qinqingwenzhang/20111014/203288.html


အိုမင်းသွားတဲ့ နုပျိုခြင်း (unicode)

Via : နိုင်းနိုင်းစနေ

“မေကြီး… သမီးရဲ့ပစ္စည်းကို မေကြီးဘယ်နားထားလိုက်သလဲ?”

ရိုးရိုးရှင်းရှင်းစကားလေး တစ်ခွန်းတည်းပါပဲ.. ဒါပေမယ့် မိခင်အပေါ် မှီခိုခြင်းတွေပါနေခဲ့တယ်။ ကျွန်မတို့ဟာ မိဘတွေရဲ့ ကရုဏာအကြင်နာ၊ ဂရုစိုက်ပျိုးထောင်မှုအောက်ကနေ တဖြေးဖြေးကြီးပြင်းလာခဲ့ကြတယ်။

“သမီး အရွယ်ရောက်နေပြီနော်.. ကိုယ့်ပစ္စည်းကိုယ်သေချာမသိမ်းဘဲ အမေ့ကို လာမေးနေသေးတယ်”

အမေရဲ့တဗျစ်တောက်တောက် မြည်တွန်းမှုတွေက ချစ်ခြင်းမေတ္တာအသွင် ပြောင်းသွားခဲ့တယ်။

“မြန်မြန် မေကြီးရဲ့.. ဘယ်နားထားလိုက်လဲဆို .. သမီးရုံးနောက်ကျတော့မယ်”

အမေရဲ့ဗျစ်တောက်တောက်ကို ကျွန်မတို့ကအမြဲတမ်း စိတ်မရှည်၊ စိတ်ရှုပ်တာနဲ့ တုန့်ပြန်ခဲ့တယ်။

“သမီး.. ရုံးမသွားခင် အမေ့ကို အပ်နဲ့အပ်ချည်ထိုးပေးခဲ့ပါနော်”

အရင်တုန်းက အပ်တစ်ပင်ချင်းထိုးပြီး ကျွန်မတို့အတွက် အမေအင်္ကျီတွေဖာထေး၊ ချုပ်ပေးခဲ့တာတွေကို ကျွန်မအမှတ်တမဲ့ သတိရလိုက်မိတယ်။ အရင်တုန်းကပုံရိပ်လေး မတွေ့တာတောင် ကြာခဲ့ပပေါ့လား!

အချိန်ဖြတ်သန်းကုန်လွန်တာကို သတိမထားမိချိန် သားသမီးတွေက မိခင်ကိုမှီခိုရာကနေ မိခင်က သားသမီးတွေကို ပြန်မှီခိုချိန်ရောက်ခဲ့ပြီ။

အချိန်ဖြတ်သန်းကုန်လွန်တာကို သတိမထားမိချိန် မိဘတွေရဲ့ခေါင်းပေါ်က ဆံပင်နက်နက်တွေ ငွေရောင်သမ်းခဲ့ပြီ။

အချိန်ဖြတ်သန်းကုန်လွန်တာကို သတိမထားမိချိန် မိဘတွေရဲ့မျက်ထောင့်က အရစ်ကြောင်းတွေ နက်သထက်နက်ခဲ့ပြီ။

မိဘတွေရဲ့ ပါးစပ်ဖျားက တပျစ်ပျစ်တောက်တောက်သံတွေဟာ ဘယ်အချိန် ဘယ်အခါကတည်းက သက်ပြင်းချသံတွေအဖြစ် ပြောင်းသွားခဲ့ပြီလဲ?
သူတို့ ဘာကိုသက်ပြင်းချနေသလဲ? လူ့ဘဝ တိုတောင်းတာကိုပေါ့။
သူတို့ ဘာကိုပူပင်သောကရောက်နေသလဲ? သားသမီးတွေရဲ့ အနာဂတ်ကိုပေါ့။
လောကမှာ ကိုယ့်သားသမီးကိုမချစ်တဲ့ မိဘဆိုတာမရှိသလို၊ ကိုယ့်သားသမီးရဲ့ အနာဂတ်ကို စိတ်မပူတဲ့မိဘဆိုတာလည်း မရှိပါဘူး။

ကိုယ့်မျက်စိရှေ့က သစ်ပင်ကြီးဟာ ဘယ်အချိန် ဘယ်အခါကတည်းက အိုမင်းရင့်ရော်သွားခဲ့ပါသလဲ?
ကိုယ့်ကိုစောင့်မျှော်နေတဲ့ မီးအိမ်လေးတစ်လုံးက ဘယ်အချိန် ဘယ်အခါမှာ ငြိမ်းသွားခဲ့သလဲ?
မိဘတွေရဲ့စကားတွေမှာ မောပန်းနွမ်းနယ်မှုတွေ ဘယ်အချိန် ဘယ်အခါကတည်းက ပါနေခဲ့သလဲ?

ပြင်ပလောကမှာ စိတ်ထိခိုက်ကြေကွဲစရာတွေ ဘယ်လောက်ပဲကြုံခဲ့ကြုံခဲ့ မိဘတွေက ကျွန်မတို့ရဲ့ ရင်ဖွင့်ရာနေရာ၊ မှီခိုကမ်းကပ်ရာ ဆိပ်ကမ်းကြီးပါ။ နွေမိုးဆောင်းရာသီတွေ ဘယ်လိုပဲဖြတ်သန်းကုန်လွန်ပါစေ… ဒီရာသီပြီးရင် နောက်ရာသီကလာစမြဲ၊ ဒီကနေ့ကုန်ရင် မနက်ဖြန်ကရောက်လာစမြဲ။ အချိန်အလှည့်အပြောင်းမှာ ကုန်လွန်ဖြတ်သန်းရတာက ဥတုရာသီ၊ ဒီကနေ့၊ မနက်ဖြန်ဆိုတဲ့ နေ့ရက်တွေအပြင် မြင်သာမြင်ပြီး ကိုင်တွယ်လို့မရတဲ့ နုပျိုခြင်းတွေလည်း ပါပါတယ်။

မိဘတွေက အိုမင်းသွားလည်း ချစ်ခြင်းမေတ္တာက မပြောင်းလဲဘူး။ အဲဒီချစ်ခြင်းမေတ္တာကို သားသမီးတွေက ဆက်လက်ထိန်းသိမ်းတယ်။ ဒါဟာ လောကကြီးမှာ မပြောင်းလဲတဲ့ မပြောင်းလဲနိယာမပဲဖြစ်မယ်ထင်ပါတယ်။ ကျွန်မတို့ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ရာထူးကြီးသည်ဖြစ်စေ၊ ရာထူးမဲ့သည်ဖြစ်စေ မိဘတွေရဲ့အကြည့်မှာ၊ မိဘတွေရဲ့ရှေ့မှာ ကျွန်မတို့ဟာ အမြဲတမ်း ကလေးငယ်တစ်ယောက်ပါပဲ။ ကိုယ့်သားသမီးဘေးမှာနေပြီး သားသမီးတွေကြီးပြင်းလာတာကို အရိပ်တကြည့်ကြည့် ကြည့်ချင်ခဲ့တာ မိဘတိုင်းရဲ့ရင်ထဲကဆန္ဒပါ။

“ဖေဖေမေမေတို့ ပင်ပန်းပါပြီ။ ကျွန်မတို့ ကြီးပြင်းလာခဲ့ပါပြီ။ ဖေဖေမေမေတို့ကို ကျွန်မတို့ တစ်လှည့်ပြုစုပါရစေနော်” ဆိုတဲ့စကားတစ်ခွန်းက မိဘတွေအပေါ် ကျွန်မတို့အမြဲအကြွေးတင်နေတဲ့ စကားပဲဖြစ်မယ် ထင်ပါတယ်။

http://www.duwenzhang.com/wenzhang/qinqingwenzhang/20111014/203288.html

Leave a Reply