အကြိမ်အများဆုံးလုပ်ကြံခံမှုမှ လွတ်မြောက်ခဲ့သူ (သို့) ဖီဒယ်လ်ကတ်စထရို

Posted on

ဖီဒယ်လ် ကက်စထရို ရပ်ဇ် (၁၉၂၆၊ ဩဂုတ် ၁၃ရက်မွေး – ၂၀၁၆၊ နိုဝင်ဘာ ၂၅ ရက်ကွယ်လွန်) သည် ကျူးဘား တော်လှန်ရေး သမားတစ်ဦး နှင့် နိုင်ငံရေး သမားတစ်ဦး ဖြစ်သည်။ ၁၉၅၉ ခုနှစ်မှ ၁၉၇၆ ခုနှစ် အထိ ကျူးဘားနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၇၆ ခုနှစ်မှ ၂၀၀၈ ခုနှစ် အထိ ကျူးဘား သမ္မတ အဖြစ် ဆောင်ရွက်ခဲ့သည်။ ကျူးဘားကွန်မြူနစ် ပါတီ၏ အတွင်းရေးမှူး အဖြစ် ပါတီ စတင်တည်ထောင်သော ၁၉၆၁ ခုနှစ်မှ ၂၀၁၁ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ နိုင်ငံရေး ခံယူချက်အားဖြင့် လီနင်ဝါဒ နှင့် မာ့က်စ်ဝါဒ ကို ယုံကြည်ကိုးစားသူဖြစ်သူ ကျူးဘားနိုင်ငံကို သူ အုပ်ချုပ်နေစဉ်ကာလ အတွင်းတွင် တစ်ပါတီ စနစ်သို့ ပြောင်းလဲခဲ့ပြီး စက်ရုံအလုပ်ရုံများကို ပြည်သူပိုင် အဖြစ် သိမ်းခဲ့သည်။

ချမ်းသာသော လယ်သမားတစ်ဦး၏ တရားမဝင်သော သားအဖြစ် မွေးဖွားခဲ့သူ ကက်စထရိုသည် ဟာဗားနား တက္ကသိုလ်တွင် ပညာသင်ကြားနေစဉ် ကာလ အတွင်း လက်ဝဲ နှင့် အရင်းရှင် ဆန့်ကျင်သည့် နိုင်ငံရေး လုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ထို့နောက်တွင် ဒိုမီနီကန် သမ္မတနိုင်ငံ နှင့် ကိုလမ်ဘီယာနိုင်ငံ တို့တွင် လက်နက်ကိုင် သူပုန်ထမှုများတွင် ပါဝင်ခဲ့ပြီးနောက် အမေရိကန် ကျောထောက်နောက်ခံပေးထားပြီး အများစုက အာဏာရှင် အဖြစ် ရှုမြင်ကြသော ကျူးဘားသမ္မတ ဖူလ်ဂျန်စီရို ဘာတစ္စတာ အား ဖြုတ်ချမှ ဖြစ်မည်ဟု ဆုံးဖြတ်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် မွန်ကာဒါ စစ်စခန်းအား ဝင်ရောက်တိုက်ခိုက်မှုကို ဦးဆောင်ခဲ့ပြီးနောက် မအောင်မြင်ခဲ့ဘဲ ထောင်သွင်း အကျဉ်းချခံခဲ့ရသည်။

ဖီဒယ်လ် ကက်စထရို သည် နိုဝင်ဘာ ၂၅ ရက် ၂၀၁၆ ခုနှစ် ဟာဗားနားမြို့တွင် ကွယ်လွန်ခဲ့ပါသည်။ ကွယ်လွန်ချိန်တွင် အသက် ၉၀ အရွယ်ရှိပြီဖြစ်သည်။

ဖီဒယ်ကတ်စ်ထရို အားလုပ်ကြံမှုများ

သူအုပ်ချုပ်ခဲ့တဲ့နှစ် ၅၀ ခန့်အတွင်းမှာ သူ့ကိုသဘောမကျတဲ့ အမေရိကန်စီအိုင်အေအဖွဲ့က လုပ်ကြံမှုပေါင်း ၆၃၈ ကြိမ်ပြုလုပ်ခဲ့တယ်လို့
ကတ်စ်ထရိုကို အကာအကွယ်ပေးနေတဲ့ Fabian Escalante ကဖွင့်ချခဲ့တယ်။ အချို့ဆို ဂျိန်းစ်ဘွန်းရုပ်ရှင်ထဲသကဲ့သို့
ပြုမူလုပ်ဆောင်ချက်များပင်ပါဝင်တယ်လို့ဆိုတယ်။

ဒါကြောင့် ကတ်စ်ထရိုက လုပ်ကြံသတ်ဖြတ်မှုမှ လွတ်မြောက်တဲ့ပြိုင်ပွဲ အိုလံပစ်ပွဲမှာ ထည့်သွင်းခဲ့ရင် သူရွှေတံဆိပ်အသေအချာရမယ်လို့ဆိုခဲ့တယ်။ ‘If surviving assassination attempts were an Olympic event, I would win the gold medal,’ he once said of multiple attempts on his life.

လုပ်ကြံမှုတွေထဲ အကျော်ကြားဆုံးက-
ကတ်စ်ထရိုရဲ့ ကိုယ်လုပ်တော်မြောက်များစွာရှိတဲ့အထဲ အမေရိကန်သူ Marita Lorenz လည်းပါဝင်တယ်။ သူမကိုယ်ဝန်ရှိစဉ် အဖျားဝင်တဲ့အတွက် အမေရိကန်နိုင်ငံပြန်ပြီး ဆေးကုသမှုခံယူတယ်။ ဒီအတောအတွင်း စီအိုင်အေက သူမကိုချဉ်းကပ်ပြီး ကိုယ်ဝန်နောက်ဆုံးပိုင်းအချိန်မှာ ပျက်ကျစေဖို့ ကတ်စ်ထရိုကစီစဉ်ထားတယ်လို့ အယုံသွင်းကြတယ်။ ဒါကြောင့် ကျူဘားပြန်တဲ့အခါ လက်ဦးမှုရယူပြီး ကတ်စ်ထရိုကိုလုပ်ကြံဖို့ သိမ်းသွင်းခဲ့တယ်။ ကတ်စ်ထရိုသောက်မဲ့ဖျော်ရည်ထဲ အဆိပ်ဆေးတောင့်ထည့်ရုံပါ။ ကတ်စ်ထရိုသေဆုံးပါက အမေရိကန်ကိုပြန်လာပြီး အမှုနဲ့လုံးဝပါတ်သက်မှုမရှိသူပမာ လွတ်လပ်စွာနေရုံလို့ဆိုတယ်။

သို့သော် သူမ မျက်နှာကရင်မ်တွေကြားဖွက်ထားတဲ့ Capsule ဆေးတောင့်ဟာ အရည်ပျော်ပျက်စီးသွားတဲ့အပြင် ကတ်စ်ထရိုက သူမရဲ့ကြံစည်မှုကို သိရှိသွားခဲ့တယ်။ ကတ်စ်ထရို သေနတ်ယူလာတဲ့အခါ သူမကိုအဆုံးစီရင်တော့မယ်ထင်လိုက်ပေမဲ့ ကတ်စ်ထရိုက သူမလက်ထဲသေနတ်ပေးပြီး
ငါ့ကိုသေစေချင်ရင် ပစ်လိုက်ဆိုပြီး ဆေးပြင်းလိပ်တစ်ချက်ဖွါကာ မျက်စိမှိတ်ပေးထားတယ်။ ဒါပေမဲ့ သူမဟာ ကတ်စ်ထရိုကိုချစ်နေဆဲမို့
ကျည်များထုတ်ကာ ကတ်စ်ထရို့ရင်ခွင်ထဲပြေးဝင်ခဲ့တယ်။
‘I thought he was going to shoot me, but he gave me the gun and asked, ‘Did you come to kill me?’
‘Then he took a puff on his cigar and closed his eyes. He made himself vulnerable because he knew I couldn’t do it. He still loved me and I still loved him.’

၁၉၆၀ ခုနှစ် ကတ်စ်ထရို နယူးယောက်ကိုလာပြီး ယူနိုက်တက်နေရှင်းမှာ မိန့်ခွန်းပြောစဉ်ကလည်း ၎င်းစီးမယ့်ဖိနပ်ထဲ အမွှေးအမျှင်ကျွတ်ပြီး အားနည်းကာသေစေမဲ့ ဓါတုဆေးမှုန့်ထည့်ဖို့ စီစဉ်ခဲ့ပေမယ့် မအောင်မြင်ပြန်ဘူး။ တခါ သူသောက်တဲ့ဆေးပြင်းလိပ်ဗူးထဲ LSD ဆေးမှုန့်များထည့်ကာ ဆေးပြင်းလိပ်သောက်တဲ့အခါ ပေါက်ကွဲပြီးသေစေရန် ကြံစည်မှုဟာလည်း အထမမြောက်ခဲ့ဘူး။

၁၉၆၃ ခုနှစ် အမေရိကန်နိုင်ငံ Havana မြို့ရှိ Hilton ဟိုတယ်မှာတည်းခိုစဉ်အတွင်းမှာလည်း ၎င်းသောက်မဲ့ Chocolate milkshake ထဲ
အဆိပ်ထည့်ဖို့ စီစဉ်ပြန်တယ်။ ဟိုတယ်ဝန်ထမ်းအသွင်ယူထားတဲ့ စီအိုင်အေ အေဂျင့်ဟာ အဆိပ်ဆေးတောင့် Capsule ကို ရေခဲသေတ္တာထဲကြိုတင်ထည့်ပြီး ဖွက်ထားတယ်။ Milkshake အဆင်သင့်ဖြစ်လို့ Capsule ထည့်ဖို့ယူတဲ့အခါ ရေခဲသေတ္တာမှာ ကပ်နေပြီး ခွါမရဖြစ်နေတဲ့အတွက် အတင်းဆွဲလိုက်တာ ဆေးတောင့်ပေါက်ပြဲပြီး ဆေးမှုန့်များလွင့်စင်ကုန်လို့ မအောင်မြင်ပြန်ဘူး။

အမေရိကန်ရှေ့နေ James B. Donavan ကိုလည်း တီဘီဖြစ်စေတဲ့ဘက်တီးရီးယားတွေထည့်ထားတဲ့ ရေငုပ်ဝတ်စုံအား ကတ်စ်ထရိုကို လက်ဆောင်ပေးဖို့စေလွတ်လိုက်ပေမယ့် သူတို့နှစ်ဦး အလွန်ရင်းနှီးခင်မင်တဲ့မိတ်ဆွေဖြစ်သွားကြကာ ကြံစည်မှု အထမမြောက်ဖြစ်ရပြန်တယ်။

အမေရိကန်သမတကနေဒီလက်ထက် ၁၉၆၀ ခုနှစ်များမှာ Operation Mongoose ဆိုပြီး ကတ်စ်ထရိုကိုလုပ်ကြံဖို့ အထူးအစီအစဉ်များချမှတ်ခဲ့ဖူးတယ်။ ကြံစည်မှုပေါင်းမြောက်များစွာကို လွတ်မြောက်ခဲ့တဲ့ ကတ်စ်ထရိုဟာ သူအလွန်ကြိုက်နှစ်သက်တဲ့ဆေးပြင်းလိပ်ကို ကျန်းမာရေးအခြေအနေကြောင့် ၁၉၈၅ ခုနှစ်မှာ စွန့်လွှတ်ခဲ့တယ်။ ၂၀၀၆ မှာ အသားငါးများမစားတော့ပဲ သက်သတ်လွတ်စားခဲ့ပေမယ့် နောက်ဆုံးတော့ ညီဖြစ်သူကိုအာဏာလွှဲပေးပြီး အနားယူခဲ့တယ်။

Via : Htin Aung
Myanmar Wikipedia

Leave a Reply