အာရှရဲ့ ရှေးအကျဆုံးလူမျိုးစုတစ်စု (သို့) ထူးခြားတဲ့ အပါတနီလူမျိုးစုအကြောင်း

Posted on

ရေးသားသူ – Htet Wa Na

ဒီလူမျိုးနဲ့ပတ်သက်ပြီးလက်တလော social network မှာ ပုံတွေများစွာတွေ့ပြီးဖြစ်မှာပေါ့။ ဒါပေမယ့်တကယ်တမ်းဒီလူမျိုးစုအကြောင်း အကျယ်တဝင့် ရှင်းထားတဲ့စာပေမျိုးသိပ်မတွေ့ရပါဘူး။ ပြသနာကတော့ဒီလူမျိုးစုထံရောက်ရှိတဲ့ မြို့ပြလူဦးရေနည်းသလို ဖွံ့ဖြိုးတိုးတက်မူမြန်လာသလောက် သူတို့ကနောက်ကျကျန်နေခဲ့လို့ပါပဲ။ လက်ရှိကမ္ဘာ့ သမိုင်းကိုကြည့်မယ်ဆိုရင် ကျောက်ခေတ်ကနေ ယနေ့ ၂၁ရာစုခေတ်အထိ ခေတ်အဆက်ဆက် လူမျိုးစုပေါင်းများစွာရှိခဲ့သလို လူမသိသူမသိပဲပျောက်ကွယ်သွားခဲ့တဲ့ လူမျိုးများစွာကလဲရှိခဲ့ပါတယ်။

ဥပမာ – ဟစ်တီတီ၊ နာမာ၊ မာယာ၊ ဘာဒါရီစသဖြင့်အနောက်ကမ္ဘာခြမ်းက ကမ္ဘာကြီးရဲ့အစောဆုံးရှေးအကျဆုံးသိပ္ပံပညာ နက္ခတ်ပညာ၊ ဆေးပညာ တွေကိုထွန်းကားစေခဲ့တဲ့လူမျိုးတွေဟာ ယနေ့အချိန်မှာလူမသိသူမထိထူးထူးခြားခြားပျောက်ကွယ်သွားသလို သဘာဝဘေးဒဏ်တွေကြောင့်ပျောက်ကွယ်သွားခဲ့ကြပါပြီ။ ယနေ့၂၁ရာစု အရောက်မှာတော့ ကမ္ဘာပေါ်မှာကျန်ရှိနေသေးတဲ့ လူမျိုးစုအနည်းငယ်သာကျန်တော့ပြီး ဒီထဲမှာရှေးကျတဲ့ လူမျိုးစုတွေကလဲ တဖြည်းဖြည်းပျောက်ကွယ်စပြုလာခဲ့ပါပြီ။ အမေရိကန်မှာဆိုရင်လူနီလူရိုင်း၊ ဖိလစ်ပိုင် လူပုမျိုး၊ အင်းဒီးယန်း စသဖြင့် ယနေ့ခေတ်နဲ့ကွာဟစွာနေထိုင်ကြတဲ့လူမျိုးစုတွေ အာရှတိုင်းရင်းသား လူမျိုးစုတွေလို ထူးခြားတဲ့လူမျိုးစုတွေကပဲ ယနေ့ခေတ်မှာကျန်ရှိခဲ့ပါတော့တယ်။

ကမ္ဘာ့ နောက်ဆုံးလက်ကျန်ရှေးခေတ်လူမျိုးစုအများဆုံးကျန်တဲ့ နေရာတွေကိုပြောပါဆိုရင် အာဖရိကတိုက်၊ ဥရောပတိုက် နဲ့ အာရှတိုက်မှာအများဆုံးဖြစ်ပါတယ်။ ဒီလူမျိုးစုထဲမှာမှအာရှရဲ့ရှေးကျတဲ့ လူမျိုးစု၁၀စုထဲပါဝင်လာတဲ့ မြန်မာ့နယ်စပ်က လူမျိုးစုတစုလဲဖြစ်တဲ့ Apatani လူမျိုးစုအကြောင်းကိုဖော်ပြချင်ပါတယ်။

မာယာလူမျိုးများ

ဖာရိုဘုရင်တွေခေတ်မစခင် နာမာဘုရင်တွေအပြီးလက်ထပ်မှာ ဒီမာယာလူမျိုးဆိုတဲ့လူမျိုးတွေဟာ သမိုင်းအရ စတင်ခဲ့ပါတယ်။ သူ့ခေတ်သူ့အခါက ကမ္ဘာ့IQအမြင့်ဆုံး သိပ္ပံပညာအမြင့်ဆုံးတွေဖန်တီးတီထွင်ခဲ့တဲ့ လူမျိုးစုဖြစ်ပြီး ရောမခေတ်မှာသူတို့ရဲ့ဖန်တီးမူ အနုပညာ၊ သိပ္ပံပညာတွေက ယနေ့အထိအဖြေရှာမရသေးပါဘူး။ ဥပမာ ပိရမစ် ဘုရားကျောင်း Structure တွေဟာယနေ့ခေတ်ဗိသုကာတွေရှိတာကို ၁၉၄၀လောက်အထိအရေးတယူမရှိခဲ့သလို စိတ်ဝင်စားမူလဲမရှိခဲ့ပါဘူး။ ၁၉၄၅ခုနှစ်ဒေါက်တာThoms ရဲ့စာအုပ်ကြောင့်ဒီမာယာတွေရဲ့နေရာဟာ ကမ္ဘာ့စိတ်အဝင်စားဆုံးနေရာဖြစ်လာခဲ့သလို အဖြေရှာမရတဲ့နေရာတခုလဲဖြစ်ခဲ့ပါတယ်။

ဖာရိုတွေခေတ်မှာ ဒီယာမာတွေရဲ့မြို့ဟာ လပြည့်ညတွေမှာ ယာဉ်ပျံလိုလိုအလင်းတန်းလိုလိုတွေပေါ်လာတတ်သလို သူတို့ရဲ့နည်းပညာမြင့်မားမူကြောင့်ဘုရင်တွေက မာယာလူမျိုးတွေကိုနန်းတော်မှာ နည်းပညာအမတ်တွေအဖြစ်ခန့်ခဲ့ကြပါတယ်။ ဖာရိုနယ်မြေလုစစ်ပွဲတွေမှာ မာယာတွေဟာပါဝင်ခဲ့သလို နံရံဆေးရေးပန်းချီတွေမှာဒီအချက်အားလုံးကို သိသာသွားစေခဲ့ပါတယ်။ ဒါပေမယ့် မာယာလူမျိုးတစုလုံးဟာပျောက်ခြင်းမလှပျောက်သွားခဲ့ပြီး သဘာဝဘေး ကပ်ဘေး ဘာတစ်ခုကြောင့်မှမဟုတ်ပဲ မြို့ကြီးတစ်မြို့လုံးခြေရာလက်ရာ မပျက်ပဲသက်ရှိတွေချည်းပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။

ဟစ်တီတီလူမျိုး

မာယာလူမျိုးပြီးရင် ကမ္ဘာ့သမိုင်းမှာဒုတိယအထူးခြားဆုံးလူမျိုးစုပါ။ ကြေးစားလူသတ်မျိုးနွယ်အဖြစ်ထင်ရှားပြီး ရောမအီဂျစ်ခေတ်မှာဟစ်တီတီတွေဟာရှိခဲ့ပါတယ်။လူတစ်ရာလောက်ကို ဟစ်တီတီ၃ယောက်လောက်နဲ့ သတ်ဖြတ်နိုင်သလို အီဂျစ်နန်းတော်ရဲ့တချို့ပြသနာတွေကို ဟစ်တီတီတွေကိုပဲ ငွေကြေးပေးပြီးခိုင်းစေခဲ့ကြပါတယ်။ ဟစ်တီတီတွေဟာဘုရင့်လက်အောက်ခံအဖြစ်မနေသလို သီးခြားနေခဲ့သူတွေပါ။ ဟစ်တီတီတွေဟာ သတ်ဖြတ်ရာတိုက်ခိုက်ရာမှာကမ္ဘာ့အတော်ဆုံးအဖြစ်သမိုင်းဝင်ခဲ့သလို ဘုရင့်နန်းတော်ကစစ်သူကြီးတွေကတောင် ရောမနယ်မြေစစ်ပွဲတွေမှာ ဟစ်တီတီတွေကိုငှားရမ်းခဲ့ရပါတယ်။

ဟစ်တီတီ ကိုဘယ်မှာတွေ့နိုင်လဲဆို The Rock ရိုက်ခဲ့တဲ့ Scorpion King ရုပ်ရှင်ကားမှာThe Rock က ဟစ်တီတီလူမျိုးတဦးအဖြစ်သရုပ်ဆောင်ခဲ့သလို ဒါကရုပ်ရှင်ဖက်မှာပထမဆုံးဟစ်တီတီတွေကို ရိုက်ကူးခဲ့တာလို့သိရပါတယ်။ ဒါပေမယ့်ဟစ်တီတီတွေကလဲ နိုင်းမြစ်ရေကြီးမူကြောင့်တမျိုးလုံးသေဆုံးပျောက်ကွယ်သွားခဲ့ရပါတယ်။ ဒီလိုပဲမြန်မာ့သမိုင်းမှာလဲဒီလိုလူမျိုးစု တွေရှိခဲ့ပါတယ်။ လက်ရှိအများစုသိကြတဲ့ နာဂ ပဒေါင် ကယန်း လူမျိုးတွေပေါ့။ ဒီလိုပဲမြန်မာနိုင်ငံစဖြစ်လာဖို့ အိန္ဒိယမှပြောင်းရွေ့လူမျိုးတွေအခြေချလာ ကတည်းက လူမျိုးစုများစွာဟာတဆင့်ချင်းပေါ်ပေါက်ခဲ့ပါတယ်။ ဒီထဲမှာမှလတ်တလောမှာ မြန်မာမှာရော အာရှကပါစိတ်ဝင်စားလာကြတာကအပါတနီ တွေပါပဲ။

အပါတနီ လူမျိုးစု

အပါတနီလူမျိုးစုဟာ မြန်မာနဲ့ဘူတန်နိုင်ငံနယ်စပ် အိန္ဒိယနိုင်ငံ Arunachal Pradesh ပြည်နယ်အစပ်မှာနေထိုင်ကြပါတယ်။ မြန်မာဖြစ်တည်လာဖို့ အိန္ဒိယမှပြောင်းရွေ့လူမျိုးစုတွေခေတ်ထဲက ရှိခဲ့တဲ့လူမျိုးစုလို့ ယူဆထားသလို ခေတ်အဆက်ဆက်ပြောင်းလဲစား သောက်လုပ်ကိုင်နေထိုင်မူတွေရှိလာပေမယ့် လက်ရှိမြို့ပြကျေးလက်လူတန်းစားနေထိုင်မူနဲ့တော့ကွာဟနေပါသေးတယ်။ တောင်ယာအလုပ် ၊ အမဲလိုက်အလုပ်တွေနဲ့ စားဝတ်နေရေးအသက်မွေးကြပြီး တခြားလူမျိုးစုတွေနဲ့ပတ်သက်လေ့မရှိသလို ပေါင်းသင်းနေထိုင်ခြင်းလဲမရှိပါဘူး။

အပါတနီတွေကို ၂၀၀၁ခုနှစ်ကမ္ဘာ့လူမျိုးစုထိန်းသိမ်းရေး NGO တွေကစစ်တမ်းကောက်ချက်အရလူဦးရေ ၂သောင်း ဝန်းကျင်ရှိတယ်လို့ပြောထားခဲ့ပေမယ့် ၂၀၁၅ခုနှစ်လေ့လာတွေ့ရှိချက်မှာတော့ အပါတနီ လူမျိုးစုဟာထောင်ဂဏာန်းသာရှိတော့တာကိုသိရပါတယ်။ အနီးစပ်ဆုံးကချင်လူမျိုးစုတွေနဲ့ တောင်ပတ်သက်လေ့မရှိသလို ဘူတန် အိန္ဒိယလူမျိုးစုတွေနဲ့လဲပတ်သက်လေ့မရှိလှပါဘူး။ ဒီရိုဆို လို့ခေါ်တဲ့ အိန္ဒိယတောင်ကြားဟာ အပါတနီတွေရဲ့ရွာ တွေဖြစ်ပြီး ဟိန္ဒူဘာသာရဲ့ ရှေးခေတ်ဘာသာစကားတခုဖြစ်တဲ့ တာနီဆိုတဲ့ဘာသာစကားကိုပြောကြပါတယ်။ ဒီလူမျိုးနဲ့ပတ်သက်ပြီးအကျယ်တဝန့်မရှိလှသလို မြို့ပြလူအရောက်အပေါက်လည်း နည်းလွန်းလှပါတယ်။

အပါတနီကိုလူအများစိတ်ဝင်စားလာရခြင်းအကြောင်းက သူတို့ရဲ့အသွင် အပြင်ကြောင့်ပါပဲ။ အပေါက်တွေ မျက်နှာဆေးမှင် ကြောင်တွေက အပါတနီတွေကိုယနေ့ခေတ်လူအများကိုအဆန်းတကြယ်ဖြစ်စေတဲ့အချက်ပါပဲ။ ဒီအချက်ကိုလေ့လာကြည့်ရာမှာ အပါတနီတွေဟာအိန္ဒိယ မြန်မာကလူမျိုးစုတချို့လို နားဖောက်နှာခေါင်းဖောက်မူကအလှအပ ဘာသာရေး ရိုးရာကြောင့်လုံးဝမဟုတ်ပဲ ရှေးခေတ်အယူအဆတစ်ခုကြောင့်ပါပဲ။ ရှေးခေတ်သက်ဦးစံပိုင်ဘုရင်တွေစနစ်မှာ အပါတနီအမျိုးသမီးများဟာဘုရင် နဲ့နန်းတွင်းမင်းမူထမ်းတွေရဲ့တော်ကောက်ခြင်း မယားပြုဖို့အရွေးခံရခြင်းကြောင့် ယခုကဲ့သို့ မျက်နှာမှာဆေးမှင်ကြောင်ထိုးပစ်ကြဖို့ဖြစ်လာခဲ့ကြပါတယ်။

သမိုင်းအထောက်အထားအရအိန္ဒိယ ဘုရင်တချို့ရဲ့မိဖုရားတွေဟာ အပါတနီတွေဖြစ်ကြပြီး အလှအပရေးရာမှာအပါတနီ အမျိုးသမီးတွေဟာ တော်တော်လှတဲ့လူမျိုးစုအဖြစ်နာမည်ကြီးခဲ့ပါတယ်။ ဒါကြောင့်အိမ်ကသမီး ၊ အစ်မ ၊ နှမအပျိုဖြစ်တာနဲ့ခုလိုလုပ်ပစ်လေ့ရှိသလို အမျိုးသားတွေကတော့နားဖောက်မူကလွဲရင် ဆေးမှင်ကြောင်မထိုးကြပါဘူး။ (ဒီအချက်ကို အိန္ဒိယနယ်စပ်ပရဟိတသွားရောက်ခဲ့တဲ့ Creator အဖွဲ့နဲ့ ကချင်လူမျိုးတချို့ပြောပြချက်အရသိရတာပါ ။) အစပိုင်းမှာမျက်နှာတခုလုံးအပြည့်ထိုးခဲ့ကြပေမယ့်နောက် ပိုင်းဘုရင်စနစ်မရှိတော့ချိန်မှာတော့ အပါတနီတွေဟာတခြားလူမျိုးစုတွေနဲ့အဆက်အသွယ်ပြတ်သွားသလို သီးခြားနေထိုင်လာခဲ့ကြပါတယ်။

တကယ်တမ်းကျ လူမျိုးစုခြားတွေအပေါ်စိတ်နာမူကြောင့်လို့ပဲပြောရမယ်။ နောက်ပိုင်းမှာတော့မျက်နှာတခုလုံးဆေးခြယ်မူကနေ လျှော့ပြီးဓလေ့တခု အနေနဲ့ပဲ နှဖူးမှနှာခေါင်းအထိတကြောင်းနဲ့အိမ်ထောင်ပြုထားသူတွေက အနည်းငယ်ပိုတာကလွဲရင် မျက်နှာတခုလုံးမထိုးတော့ပါဘူး။ ဒီလိုပဲအမျိုး သမီးအများစုဟာ သူတို့ရဲ့မွေးရာပါလှပတဲ့ရုပ်ရည်ကို ဆေးမှင်ကြောင်နဲ့တင်မရလို နှာခေါင်းမှာအပေါက်ဖောက်ခဲ့တဲ့အထိလုပ်ခဲ့ကြပါတယ်။ အသက် အရွယ်အလိုက်အရွယ်အစားကြီးလာရသလို လက်ရှိ တချို့mediaတွေမှနှာခေါင်းပိတ်ထားလို့ ပါးစပ်နဲ့ အသက်ရှူတယ်ဆိုတဲ့ဖော်ပြချက်ဟာအကုန်လုံးမမှန်ပါဘူး။ ဒီလို နှာခေါင်းအပေါ်ယံအပြည့်ဖောက်ထားပေမယ့် အသက်အရွယ်အလယ်အလတ်အထိ အသက်ရှူလို့ရကြသလို အသက်အရွယ်ကြီးလာမှပါးစပ်နဲ့လေရှုကြပါတယ်။

ဒါပေမယ့် ယနေ့ခေတ် ၂၀ရာစု နဲ့၂၁ရာစုအရောက်မှာတော့ အပါတနီတွေဟာ နှာခေါင်းပေါက်ကိုကြီးမားတဲ့ အပေါက်တွေမပြုလုပ်ကြတော့ပဲ ရွာရဲ့အထင်ကရ သက်ကြီးရွယ်အို ဒါမှမဟုတ် ရွာရဲ့လေးစားခံအဘွားအိုတွေကသာ နှာခေါင်းအပေါက်ပိုကြီးဝကပါတော့တယ်။ အမျိုးသားတွေကတော့ တခြားလူမျိုးစုတွေနဲ့ ထူးခြားစွာကွဲပြားမူသိပ်မရှိလှပါဘူး။ ဒီလိုမျက်နှာဆေးမှင်ထိုး နှာခေါင်းအပေါက်ဖောက်ပြီးပိတ်မူတွေကသူတို့ဘဝသူတို့ အနိုင်ကျင့်ခံရမူကိုမခံချင်လို့လုပ်ခဲ့ကြပေမယ့် ခေတ်အဆက်ဆက်ပြောင်းလာချိန်မှာတော့ ဓလေ့တစ်ခုလိုဖြစ်ခဲ့ပါတယ်။ အပါတနီတွေဟာနတ်ကိုးကွယ်မူတမျိုးကိုကိုးကွယ်ကြပြီးဒီကိုးကွယ်မူကလည်း ရှေးကျတဲ့အယူအဆကိုးကွယ်မူတွေထဲပါဝင်ပါတယ်။

အပါတနီတွေဟာလဲတခြားလူမျိုးစုတွေလို ကောက်ရိတ်သိမ်းပွဲတွေရှိသလို တခြားပွဲတော်တွေလည်းရှိပါတယ်။ Preeဆိုတဲ့ အကဟာ အပါတနီတွေရဲ့အကဖြစ်သလို ဆေးပညာကုသမူမှာလည်း လေ့လာစရာအချက်တွေများပြားတာကိုတွေ့ရှိရပါတယ်။ ယနေ့ခေတ်မှာတော့ အပါတနီတွေရဲ့ရွာတွေဟာမြို့ပြတိုးချဲ့မူတွေကြောင့် ရှာဖွေစားသောက်ရမူနည်းလာသလို ဒါကထိန်းသိမ်းသင့်တဲ့ အချက်ဖြစ်ကြောင်း UNESCO ကနေကြေငြာထားပါတယ်။ တဆက်ထဲမှာပဲ အပါတနီလူမျိုးစုဟာ အာရှတိုက်ရဲ့ရှေးအကျဆုံးလူမျိုးစုထဲကတစ်စုအဖြစ် သတ်မှတ်ခြင်းခံထားရသလို ကမ္ဘာ့အဆန်းကြယ်ဆုံးသက်ရှိလူမျိုးစု ၁၀၀ထဲလည်းထည့်သွင်းခြင်းခံထားရပါတယ်။ လက်ရှိမှာ အပါတနီတွေ အဝတ်အစားအသုံးအဆောင်ကအစ ခေတ်အနေအထားအရ ပြောင်းလဲလာကြတာကိုတွေ့ရပါတယ်။ ရေရှည်မှာပျောက်ကွယ်နိုင်ပြီး အာရှအတွက်ရော ကမ္ဘာအတွက်ပါထိန်းသိမ်းသင့်တဲ့ ရှေးခေတ်လူမျိုးစုတခုဖြစ်နေပါပြီ။

Ref : NEZCC – North East Zone
Cultural Centre
UNESCO

[ လူမျိုးစုMajorလည်း မဟုတ်သလို သတ္တဗေဒ Major လဲမဟုတ်တဲ့အတွက်မတောက်တခေါက်လေ့လာအားနဲ့ အပါတနီရွာအထိရောက်ဖူးတဲ့ ပရဟိတအဖွဲ့တချို့ရဲ့အကူအညီနဲ့ ဒီ Post ကိုရေးမိပါတယ်။ လိုအပ်ချက်များပါလျှင်ကျတော့်ထက်သိတဲ့တတ်တဲ့ပညာရှင်များ အကိုအမများနား လည်ပေးစေချင်ပါတယ်။ ]

Htet Wa Na

Leave a Reply