ဗုိလ္ခ်ဳပ္ေအာင္ဆန္း ကုိယ္တုိင္ေရး အတၳဳပၸတၱိ တပုိင္းတစ

Posted on

ထုိေန႔နံနက္ကား ေဆာင္းအကူး ေလရူးမႈံၾကြ တေပါင္းလတည္းဟူေသာ ဗမာ့ျပကၡဒိန္ အရ ေနာက္ဆုံးလ၏ ဆန္းစ တရက္ေန႔ နံနက္ ေစာေစာအာရုဏ္တက္ အခ်ိန္ပင္ျဖစ္၏။

ဘုန္းၾကီးေက်ာင္းအနီး အေရွ႕အေနာက္ေျပး၍ အိမ္တတန္းႏွင့္ ေဘးတဘက္တခ်က္ ကုကၠိဳပင္မ်ား စီတန္း ေပါက္ေရာက္ေနေသာ လမ္းတစ္လမ္း ျခားလ်က္ကား၊ တရြာလုံးအနက္ အက်ယ္၀န္းဆုံး ဟုဆုိအပ္ေသာ ျခံၾကီး တျခံရွိ၏။ ထုိျခံၾကီး၏ ပတ္လည္ေလးမ်က္ႏွာကုိ လမ္းၾကီးေလးသြယ္ တုိ႔က ညာဘယ္ေရွ႕ေနာက္ ၀န္းရံကာဆီး လ်က္ ရွိေန၏။ ေရွးအခါက ဤျခံၾကီးသည္ ဤေျမ ဤလမ္း မ်ားအျပင္ သည္ထက္ပင္ပုိ၍ က်ယ္၀န္းသည္ ဟု ဆုိၾက၏။ ဤမွ် ၾကီးမားက်ယ္၀န္းလွေသာ နယ္အတြင္းတြင္ အကုိင္းအလက္ေ၀ဆာလွေသာ မန္က်ည္းပင္ၾကီး ႏွစ္ပင္သည္ အေရွ႕ဘက္တပင္၊ အေနာက္ဘက္တပင္၊ အေပါက္ေစာင့္မ်ား အသြင္ မတ္မတ္မားမား ေပါက္ေရာက္လ်က္ တဘက္တခ်က္တြင္ မ်ဥ္းျပိဳင္ေျပးလ်က္ ရွိေသာ လမ္းမ်ားကုိ ပင္ရိပ္မုိး၍ ေနေလ၏။

ျပာရီညိဳေမွာင္ လေရာင္မဲ့ေသာ ေကာင္းကင္တြင္ ထင္ေပၚျပီးလွ်င္၊ ရြာတရြာလုံးတြင္ ေရွးအဆန္ဆုံး အၾကီးဆုံး ျဖစ္ေသာ အေဆာက္အဦးၾကီး တခုကုိ ထုိသစ္ပင္ၾကီး ႏွစ္ပင္သည္ မ်က္ႏွာမူလ်က္ ရွိေလ၏။ ဤၾကီးမားေသာ အေဆာက္အဦၾကီး ၏ အိမ္တုိင္မ်ားမွာ အႏွစ္ႏွစ္၊ အလလ ဖုိ႔တက္ေနေသာ ဖုံထုၾကီးျဖင့္ပိ၍ ေျမေအာက္သုိ႔ ျမဳပ္လ်က္ရွိေလျပီ။ ျမိဳ႕စားရြာစား တုိ႔ေကာင္းစားၾကသည့္မေ၀းေသးေသာ ေရွးေခတ္၏ လက္ငုတ္ျဖစ္ေသာ ဤခန္းနား ၾကီးက်ယ္ေသာ အေဆာက္အဦး ကုိျမင္ရသူ ဟူသမွ် သည္ ထုိအိမ္ၾကီး၏ မူလပုိင္ရွင္၏ အေျခအေန၊ အတန္းအစား ျမင့္ပုံ၊ ၾကြယ္၀ ခ်မ္းသာပုံ ကုိေတြးခ်င့္ႏုိင္ေပမည္။

ယခုအခါမူကား ထုိၾကီးက်ယ္ ေသာ အေဆာက္အဦးၾကီး ၏ ေနာက္ေဖးေဆာင္ အခန္းတခန္း မွ မွိတ္တုတ္မွိတ္တုတ္ျဖင့္ ေတာက္ေနေသာ ေရနံေခ်း မီးခြက္ကေလး မွ မီးေရာင္ျခည္ တန္းကေလးသည္၊ အျပင္သုိ႔ ထရံၾကားမွ ထုိးထြက္ေနသည္ကုိ ေတြ႔ျမင္ရေပမည္။ သုိ႔ေတြ႔ျမင္ရျခင္းမွာ ထုိမွ် အခ်ိန္မေတာ္သည့္ ညအခါ ၌ အိမ္တြင္းရွိ ေယာက်ၤား၊ မိန္းမ အားလုံးပင္ ခါတုိင္းႏွင့္မတူ အမူူထူးျခားလ်က္ အလုပ္မ်ား ေနၾကသည့္ အျခင္းအရာ ေၾကာင့္ပင္ ျဖစ္ေပသည္။ ရံဖန္ရံခါ အိမ္တြင္းမွ မိန္းမတေယာက္၏ ညည္းသံကုိ ၾကားရမည္ ျဖစ္၏။

အခ်ိန္ကား စကၠန္႔မွ မိနစ္၊ မိနစ္မွ နာရီ စသည္ျဖင့္ ကုန္လြန္ခဲ့ေလျပီ။ ေနာက္ဆုံး၌ ကေလးတေယာက္၏ ညံစာစာ ငုိသံမ်ားသည္၊ ထုိအခ်ိန္ အထိဆိတ္ျငိမ္စြာ အိပ္ေမာက်လ်က္ ရွိေနေသာ အိမ္နီးနားခ်င္းမ်ားဆီသုိ႔ ပဲ့တင္ရုိက္သြားေလ၏။ ထုိႏွစ္ကား ေကာဇာသကၠရာဇ္ ၁၂ရ၆ ခုႏွစ္ျဖစ္၏။ အဂၤလိပ္ သကၠရာဇ္ ႏွင့္တြက္မည္ ဆုိလွ်င္ ၁၉၁၅ ခုျဖစ္၏။ ပုိျပီးေသခ်ာ ေစလုိလွ်င္ ၁၉၁၅ ခုႏွစ္၊ ေဖေဖၚ၀ါရီလ ၁၃ ရက္ ေန႔ပင္ျဖစ္၏။ ေ၀းေျမနယ္ျခား တုိင္းတပါး ဥေရာပ၏ ဆီးႏွင္းျဖိဳက္ျဖိဳက္ ေရခဲျပင္တုိ႔ ဖုံးအုပ္လႊမ္းတင္လ်က္ ရွိေသာ လြင္ျပင္ တလင္းတုိ႔၌ ကား၊ လူလူခ်င္း သတ္ျဖတ္ေနၾကသည့္ တုိက္ပြဲခုိက္ပြဲမ်ား၏ တုိက္သံခုိက္သံ ပစ္ခတ္သံျဖင့္ တုန္ဟီးလ်က္ ရွိ၏။

သုိ႔ေသာ္ ဤ ဌာန ဤေဒသတြင္ ကား၊ ေဘးဘယာရန္မခဘဲ၊ ျငိမ္းခ်မ္းေအးျမ သကဲ့သုိ႔ရွိ၏။ “ျငိမ္းခ်မ္းဧျမ သည္ ဆုိျခင္းမွာ အဟုတ္ေလာ။ ထုိစဥ္အခါက ေကာင္းကင္တြင္ သြားေနေသာ နကၡတ္တာရာ ျဂိဳလ္ေနျဂိဳလ္ထား တုိ႔သည္ ယခုပင္ ဘြားျမင္ေသာ ကေလးသူငယ္အား၊ ေအးျခိမ္းခ်မ္းသာျခင္း ကုိအကယ္ေပးမည္ ဟု အေဟာထုတ္ႏုိင္ရန္ ညႊန္ျပၾကပါ၏ေလာ” ကြ်ႏ္ုပ္တုိ႔ ေစာင့္ၾကည့္ၾကစုိ႔။

“ေမာင္ရင္ ဖာေရ…ေယာက်ၤားကေလးေတာ့ …. နကၡတ္ ၾကည့္ျပီး အခ်ိန္တြက္လုိက္စမ္းပါ” ဟုခုိင္းေသာ အသံတသံသည္ အိမ္ခန္းတြင္းမွ ထြက္ေပၚလာေလသည္။ ထုိအသံမွာ ဧကန္မုခ် ရြာကလက္သည္ အေဒၚၾကီး၏ အသံႏွင့္တူ၏။ အျပင္၌ ေစာင့္ေနေသာ ကုိရင္ဖာ သည္ ကျပာကရာထတဲ့၍ ေကာင္းကင္သုိ႔ ပတ္ခ်ာလွည့္ ေမာ့ၾကည့္ေတာ့ကာ ထြန္းေတာက္ေနေသာ နကၡတ္တာရာ တုိ႔၏ အေနအထားကုိ မွတ္သားလ်က္ အနီးဆုံး အခ်ိန္ကုိ တြက္ခ်က္ေလေတာ့ သည္။ သုိ႔ျဖင့္ ကုိရင္ဖာ သည္ သူ၏ သား ေမြးေန႔၊ေမြးရက္ အခ်ိန္နာရီ တုိ႔ကုိ ေပရြက္တရြက္ တြင္ ကညစ္ႏွင့္ ေရးသား၍ မွတ္သားလုိက္ေလ၏။

ထုိအေတာအတြင္း တဘက္ခန္းမွ အဘုိးျဖစ္သူသည္၊ ကေလး ၏ ငုိသံမ်ားေၾကာင့္ အိပ္ရာမွ လန္႔ႏုိးျပီးေသာ္၊ လက္သည္ အေဒၚၾကီး ၏ ေျပာသံၾကားသည့္ အတုိင္း ၎၏ အိပ္ရာထဲမွ တဦးတေယာက္ ကုိမွ် တုိက္ရုိက္ ရည္ရြယ္ျခင္း မရွိေသာ အေမးမ်ိဳးျဖင့္ “ေအး-ေအး- ဒီကေန႔ဘာလဲေဟ့၊ စေနေန႔ မဟုတ္လား” ဟုေအာ္၍ ေမးလုိက္ေလ၏။ အဘုိးျဖစ္သူ ေမးလုိက္သည့္ အခါ၊ သမီး မီးေနသယ္ ကုိ ေစာင့္ၾကည့္ရင္း သမီးအခန္းတြင္းမွာ ရွိေနသည့္ အဖြားျဖစ္သူက စေနေန႔ ျဖစ္ေၾကာင္း ေျပာျပလုိက္ေလ၏။ အဘုိးျဖစ္သူမွာ တခဏမွ် ျငိမ္သက္လ်က္ ရွိေန၏။ ၎သည္ တခုခု ကုိ စိတ္တြက္ တြက္လ်က္ ရွိ၏။ တြက္ျပီးေသာ အခါ “ေကာင္းတယ္ေဟ့၊ စေနကလည္း စေနသား၊ ရာဇာကလဲ ရာဇာ့ဘြား၊ ဘယ္ေလာက္ထက္ျပီး ေၾကာက္စရာေကာင္းမဲ့ ကေလးလဲေတာ့ မေျပာတတ္ဘူး” ဟုေျပာေလ၏။

ဤေမြးစ ကေလးကား ဦးဖာ-ေဒၚစု တုိ႔၏ ေနာက္ဆုံးဘြားသည့္ သားေထြးကြ်န္ေတာ္ ပင္တည္း။

(ဗုိ္လ္ခ်ဳပ္ကုိယ္တုိင္ အဂၤလိပ္လုိ ေရးသည့္ အတၳဳပၸတၱိ ျဖစ္ပါသည္။ ဒုတိယ ဗုိ္လ္မႈးၾကီး ဘုိ က ဘာသာျပန္ဆုိ ေပးျပီး ဒီးဒုတ္ဦးဘခ်ိဳမွ ျပင္ဆင္သည္ ဟုမွတ္သားရပါသည္။ ဗုိလ္ခ်ဳပ္ေအာင္ဆန္း ကုိယ္တုိင္ သေဘာတူ လက္ခံသည္။ “ကဗ်ာဆန္လိုက္တာ”ဟု ဗုိလ္ခ်ဳပ္ မွ ဘာသာျပန္သူ ဗုိလ္မႈးၾကီးဘုိ အား မွတ္ခ်က္ခ် ေျပာခဲ့သည္ ဟု ဗုိလ္ခ်ဳပ္ေအာင္ဆန္း အတၳဳပၸတၱိ စာအုပ္မွ ဖတ္ရႈရပါသည္။ ေနရာယူ စာရွည္လြန္းသျဖင့္ စာဖတ္သူတုိ႔ အဆင္ေျပရန္ စာသားတခ်ိဳ႕ကုိ ခ်န္လွပ္ထားသည္မွ အပ မူရင္းအတုိင္း ျပန္လည္ ေဖာ္ျပလုိက္ျခင္းျဖစ္ပါသည္။)

ဗုိလ္ခ်ဳပ္ အလြမ္္းေျပ အမွတ္တရ ဓာတ္ပုံအခ်ဳိ႕


ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တပိုင်းတစ (unicode)

ထိုနေ့နံနက်ကား ဆောင်းအကူး လေရူးမှုံကြွ တပေါင်းလတည်းဟူသော ဗမာ့ပြက္ခဒိန် အရ နောက်ဆုံးလ၏ ဆန်းစ တရက်နေ့ နံနက် စောစောအာရုဏ်တက် အချိန်ပင်ဖြစ်၏။

ဘုန်းကြီးကျောင်းအနီး အရှေ့အနောက်ပြေး၍ အိမ်တတန်းနှင့် ဘေးတဘက်တချက် ကုက္ကိုပင်များ စီတန်း ပေါက်ရောက်နေသော လမ်းတစ်လမ်း ခြားလျက်ကား၊ တရွာလုံးအနက် အကျယ်ဝန်းဆုံး ဟုဆိုအပ်သော ခြံကြီး တခြံရှိ၏။ ထိုခြံကြီး၏ ပတ်လည်လေးမျက်နှာကို လမ်းကြီးလေးသွယ် တို့က ညာဘယ်ရှေ့နောက် ဝန်းရံကာဆီး လျက် ရှိနေ၏။ ရှေးအခါက ဤခြံကြီးသည် ဤမြေ ဤလမ်း များအပြင် သည်ထက်ပင်ပို၍ ကျယ်ဝန်းသည် ဟု ဆိုကြ၏။ ဤမျှ ကြီးမားကျယ်ဝန်းလှသော နယ်အတွင်းတွင် အကိုင်းအလက်ဝေဆာလှသော မန်ကျည်းပင်ကြီး နှစ်ပင်သည် အရှေ့ဘက်တပင်၊ အနောက်ဘက်တပင်၊ အပေါက်စောင့်များ အသွင် မတ်မတ်မားမား ပေါက်ရောက်လျက် တဘက်တချက်တွင် မျဉ်းပြိုင်ပြေးလျက် ရှိသော လမ်းများကို ပင်ရိပ်မိုး၍ နေလေ၏။

ပြာရီညိုမှောင် လရောင်မဲ့သော ကောင်းကင်တွင် ထင်ပေါ်ပြီးလျှင်၊ ရွာတရွာလုံးတွင် ရှေးအဆန်ဆုံး အကြီးဆုံး ဖြစ်သော အဆောက်အဦးကြီး တခုကို ထိုသစ်ပင်ကြီး နှစ်ပင်သည် မျက်နှာမူလျက် ရှိလေ၏။ ဤကြီးမားသော အဆောက်အဦကြီး ၏ အိမ်တိုင်များမှာ အနှစ်နှစ်၊ အလလ ဖို့တက်နေသော ဖုံထုကြီးဖြင့်ပိ၍ မြေအောက်သို့ မြုပ်လျက်ရှိလေပြီ။ မြို့စားရွာစား တို့ကောင်းစားကြသည့်မဝေးသေးသော ရှေးခေတ်၏ လက်ငုတ်ဖြစ်သော ဤခန်းနား ကြီးကျယ်သော အဆောက်အဦး ကိုမြင်ရသူ ဟူသမျှ သည် ထိုအိမ်ကြီး၏ မူလပိုင်ရှင်၏ အခြေအနေ၊ အတန်းအစား မြင့်ပုံ၊ ကြွယ်၀ ချမ်းသာပုံ ကိုတွေးချင့်နိုင်ပေမည်။

ယခုအခါမူကား ထိုကြီးကျယ် သော အဆောက်အဦးကြီး ၏ နောက်ဖေးဆောင် အခန်းတခန်း မှ မှိတ်တုတ်မှိတ်တုတ်ဖြင့် တောက်နေသော ရေနံချေး မီးခွက်ကလေး မှ မီးရောင်ခြည် တန်းကလေးသည်၊ အပြင်သို့ ထရံကြားမှ ထိုးထွက်နေသည်ကို တွေ့မြင်ရပေမည်။ သို့တွေ့မြင်ရခြင်းမှာ ထိုမျှ အချိန်မတော်သည့် ညအခါ ၌ အိမ်တွင်းရှိ ယောင်္ကျား၊ မိန်းမ အားလုံးပင် ခါတိုင်းနှင့်မတူ အမူထူးခြားလျက် အလုပ်များ နေကြသည့် အခြင်းအရာ ကြောင့်ပင် ဖြစ်ပေသည်။ ရံဖန်ရံခါ အိမ်တွင်းမှ မိန်းမတယောက်၏ ညည်းသံကို ကြားရမည် ဖြစ်၏။

အချိန်ကား စက္ကန့်မှ မိနစ်၊ မိနစ်မှ နာရီ စသည်ဖြင့် ကုန်လွန်ခဲ့လေပြီ။ နောက်ဆုံး၌ ကလေးတယောက်၏ ညံစာစာ ငိုသံများသည်၊ ထိုအချိန် အထိဆိတ်ငြိမ်စွာ အိပ်မောကျလျက် ရှိနေသော အိမ်နီးနားချင်းများဆီသို့ ပဲ့တင်ရိုက်သွားလေ၏။ ထိုနှစ်ကား ကောဇာသက္ကရာဇ် ၁၂ရ၆ ခုနှစ်ဖြစ်၏။ အင်္ဂလိပ် သက္ကရာဇ် နှင့်တွက်မည် ဆိုလျှင် ၁၉၁၅ ခုဖြစ်၏။ ပိုပြီးသေချာ စေလိုလျှင် ၁၉၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၃ ရက် နေ့ပင်ဖြစ်၏။ ဝေးမြေနယ်ခြား တိုင်းတပါး ဥရောပ၏ ဆီးနှင်းဖြိုက်ဖြိုက် ရေခဲပြင်တို့ ဖုံးအုပ်လွှမ်းတင်လျက် ရှိသော လွင်ပြင် တလင်းတို့၌ ကား၊ လူလူချင်း သတ်ဖြတ်နေကြသည့် တိုက်ပွဲခိုက်ပွဲများ၏ တိုက်သံခိုက်သံ ပစ်ခတ်သံဖြင့် တုန်ဟီးလျက် ရှိ၏။

သို့သော် ဤ ဌာန ဤဒေသတွင် ကား၊ ဘေးဘယာရန်မခဘဲ၊ ငြိမ်းချမ်းအေးမြ သကဲ့သို့ရှိ၏။ “ငြိမ်းချမ်းဧမြ သည် ဆိုခြင်းမှာ အဟုတ်လော။ ထိုစဉ်အခါက ကောင်းကင်တွင် သွားနေသော နက္ခတ်တာရာ ဂြိုလ်နေဂြိုလ်ထား တို့သည် ယခုပင် ဘွားမြင်သော ကလေးသူငယ်အား၊ အေးခြိမ်းချမ်းသာခြင်း ကိုအကယ်ပေးမည် ဟု အဟောထုတ်နိုင်ရန် ညွှန်ပြကြပါ၏လော” ကျွန်ုပ်တို့ စောင့်ကြည့်ကြစို့။

“မောင်ရင် ဖာရေ…ယောင်္ကျားကလေးတော့ …. နက္ခတ် ကြည့်ပြီး အချိန်တွက်လိုက်စမ်းပါ” ဟုခိုင်းသော အသံတသံသည် အိမ်ခန်းတွင်းမှ ထွက်ပေါ်လာလေသည်။ ထိုအသံမှာ ဧကန်မုချ ရွာကလက်သည် အဒေါ်ကြီး၏ အသံနှင့်တူ၏။ အပြင်၌ စောင့်နေသော ကိုရင်ဖာ သည် ကပြာကရာထတဲ့၍ ကောင်းကင်သို့ ပတ်ချာလှည့် မော့ကြည့်တော့ကာ ထွန်းတောက်နေသော နက္ခတ်တာရာ တို့၏ အနေအထားကို မှတ်သားလျက် အနီးဆုံး အချိန်ကို တွက်ချက်လေတော့ သည်။ သို့ဖြင့် ကိုရင်ဖာ သည် သူ၏ သား မွေးနေ့၊မွေးရက် အချိန်နာရီ တို့ကို ပေရွက်တရွက် တွင် ကညစ်နှင့် ရေးသား၍ မှတ်သားလိုက်လေ၏။

ထိုအတောအတွင်း တဘက်ခန်းမှ အဘိုးဖြစ်သူသည်၊ ကလေး ၏ ငိုသံများကြောင့် အိပ်ရာမှ လန့်နိုးပြီးသော်၊ လက်သည် အဒေါ်ကြီး ၏ ပြောသံကြားသည့် အတိုင်း ၎င်း၏ အိပ်ရာထဲမှ တဦးတယောက် ကိုမျှ တိုက်ရိုက် ရည်ရွယ်ခြင်း မရှိသော အမေးမျိုးဖြင့် “အေး-အေး- ဒီကနေ့ဘာလဲဟေ့၊ စနေနေ့ မဟုတ်လား” ဟုအော်၍ မေးလိုက်လေ၏။ အဘိုးဖြစ်သူ မေးလိုက်သည့် အခါ၊ သမီး မီးနေသယ် ကို စောင့်ကြည့်ရင်း သမီးအခန်းတွင်းမှာ ရှိနေသည့် အဖွားဖြစ်သူက စနေနေ့ ဖြစ်ကြောင်း ပြောပြလိုက်လေ၏။ အဘိုးဖြစ်သူမှာ တခဏမျှ ငြိမ်သက်လျက် ရှိနေ၏။ ၎င်းသည် တခုခု ကို စိတ်တွက် တွက်လျက် ရှိ၏။ တွက်ပြီးသော အခါ “ကောင်းတယ်ဟေ့၊ စနေကလည်း စနေသား၊ ရာဇာကလဲ ရာဇာ့ဘွား၊ ဘယ်လောက်ထက်ပြီး ကြောက်စရာကောင်းမဲ့ ကလေးလဲတော့ မပြောတတ်ဘူး” ဟုပြောလေ၏။

ဤမွေးစ ကလေးကား ဦးဖာ-ဒေါ်စု တို့၏ နောက်ဆုံးဘွားသည့် သားထွေးကျွန်တော် ပင်တည်း။

(ဗ်ိုလ်ချုပ်ကိုယ်တိုင် အင်္ဂလိပ်လို ရေးသည့် အတ္ထုပ္ပတ္တိ ဖြစ်ပါသည်။ ဒုတိယ ဗ်ိုလ်မှုးကြီး ဘို က ဘာသာပြန်ဆို ပေးပြီး ဒီးဒုတ်ဦးဘချိုမှ ပြင်ဆင်သည် ဟုမှတ်သားရပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် သဘောတူ လက်ခံသည်။ “ကဗျာဆန်လိုက်တာ”ဟု ဗိုလ်ချုပ် မှ ဘာသာပြန်သူ ဗိုလ်မှုးကြီးဘို အား မှတ်ချက်ချ ပြောခဲ့သည် ဟု ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ စာအုပ်မှ ဖတ်ရှုရပါသည်။ နေရာယူ စာရှည်လွန်းသဖြင့် စာဖတ်သူတို့ အဆင်ပြေရန် စာသားတချို့ကို ချန်လှပ်ထားသည်မှ အပ မူရင်းအတိုင်း ပြန်လည် ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။)

Leave a Reply