တရုတ္မွာရွိတဲ့ ပဲရစ္ၿမဳိ႕ေတာ္

Posted on

ပဲရစ္ၿမဳိ႕ဆုိတာနဲ႔ အီဖယ္တာ၀ါႀကီးရွိရာ ျပင္သစ္ရဲ႕ ကမာၻေက်ာ္ၿမဳိ႕ဆုိတာ အားလုံးသိၿပီးျဖစ္မွာပါ။ ဒီအီဖယ္တာ၀ါႀကီးနဲ႔ ပဲရစ္ၿမဳိ႕ဟာ တရုတ္ႏုိင္ငံမွာလည္း ရွိေနတယ္ဆုိရင္ မသိေသးတဲ့မိတ္ေဆြေတြ အံၾသသြားႏုိင္ပါတယ္။ တရုတ္ႏုိင္ငံမွာရွိတဲ့ ပဲရစ္ၿမဳိ႕ကေတာ့ Zhejiang ျပည္နယ္ Hangzhou ၿမဳိ႕က Tianducheng ဆုိတဲ့ေနရာမွာ တည္ရွိေနပါတယ္။ အီဖယ္တာ၀ါကုိ ပုံစံတူလုပ္တာကေတာ့ ႏုိင္ငံမ်ားမ်ားမွာ ရွိေပမယ့္ အတုလုပ္တဲ့ေနရာမွာ ပထမျဖစ္တဲ့တရုတ္ကေတာ့ တာ၀ါတင္မက ပတ္၀န္းက်င္တစ္ခုလုံးကိုပါ ပုံစံတူလုပ္ထားတာပဲျဖစ္ပါတယ္။

အက်ယ္အ၀န္း ၃၁စတုရန္းကီလုိမီတာ ျဖစ္ပါတယ္။ အေဆာက္အအုံေတြ ၊ ရုပ္တုေတြကအစ တကယ့္အီဖယ္ေမွ်ာ္စင္၀န္းက်င္နဲ႔တူေအာင္ ထည့္သြင္းတည္ေဆာက္ထားပါတယ္။ ဒီေနရာမွာတည္ေဆာက္ထားတဲ့ အီဖယ္ေမွ်ာ္စင္အတုက ေပ ၁၀၀ ျမင့္ပါတယ္။ မူရင္း အီဖယ္ေမွ်ာ္စင္ရဲ႕ ၃ပုံ ၁ပုံ ရွိတယ္လုိ႔ ဆုိရမွာပါ။ ၂၀၀၇ ခုႏွစ္တည္းက စတင္တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ ေအာက္က ဓာတ္ပုံေတြကေတာ့ ပဲရစ္အေျခစုိက္ ဓာတ္ပုံဆရာ François Prost က ရုိက္ကူးထားတာျဖစ္ပါတယ္။ ျပင္သစ္က ပဲရစ္ေမွ်ာ္စင္တစ္၀ုိက္ နဲ႔ တရုတ္က ပဲရစ္ေမွ်ာ္စင္ ဘယ္ေလာက္တူေၾကာင္း တစ္ေနရာခ်င္းစီ ရုိက္ျပထားတဲ့ Paris Syndrome ေခၚတဲ့ ဓာတ္ပုံစီးရီးျဖစ္ပါတယ္။

ဒီလိုလုပ္ရတဲ့အေၾကာင္းကေတာ့ အီဖယ္ေမွ်ာ္စင္ပတ္၀န္းက်င္နဲ႔ ဆြဲေဆာင္ၿပီး အနီးအနားက အေဆာက္အအုံ ၊ တုိက္ခန္းေတြကုိ ေရာင္းခ်ဖုိ႔ျဖစ္ပါတယ္။  ဒါေပမယ့္ အိမ္ၿခံေျမလုပ္ငန္းေတြရဲ႕ အစီအစဥ္မေအာင္ျမင္ခဲ့ပါဘူး။ အေၾကာင္းကေတာ့ ဒီေနရာဟာ လူေတြကို ဆြဲေဆာင္ႏုိင္လိမ့္မယ္လုိ႔ ထင္ခဲ့ၾကေပမယ့္ တကယ္တမ္းေတာ့ အနီးအနားက လူတခ်ဳိ႕ပဲ လာေရာက္လည္ပတ္ေလ့ရွိပါတယ္။ လြန္ခဲ့တဲ့ ၄ႏွစ္တည္းက တုိက္ခန္းေတြ အေဆာက္အအုံေတြကိုေရာင္းခ်ခဲ့ေပမယ့္ ၀ယ္ယူသူနည္းပါးခဲ့ပါတယ္။ အဲဒီေနာက္ တျဖည္းျဖည္း၀ယ္ယူသူမ်ားလာၿပီး အခုအခ်ိန္မွာဆုိရင္ေတာ့ အဲဒီေနရာတစ္၀ုိက္မွာ ေနထုိင္တဲ့ လူဦးေရဟာ ၃ေသာင္းခန္႔ရွိသြားပါၿပီ။ ဒီေနရာကိုေတာ့ City of Lights လုိ႔အမည္ေပးထားပါတယ္။

ကဲ ျပင္သစ္ပဲရစ္ နဲ႔ တရုတ္ပဲရစ္ ဘယ္လုိကြာလဲ တရုတ္ေတြရဲ႕အတုပညာဘယ္ေလာက္ေတာ္လဲ ေအာက္ကပုံေတြမွာ ႏႈိင္းယွဥ္ၾကည့္ရႈ႕ႏုိင္ပါတယ္။ ဘယ္ဘက္က တရုတ္ပဲရစ္ျဖစ္ၿပီး ညာဘက္ကေတာ့ ျပင္သစ္ပဲရစ္ ျဖစ္ပါတယ္။


တရုတ်က ပဲရစ်မြို့တော် (unicode)

ပဲရစ်မြို့ဆိုတာနဲ့ အီဖယ်တာဝါကြီးရှိရာ ပြင်သစ်ရဲ့ ကမ္ဘာကျော်မြို့ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဒီအီဖယ်တာဝါကြီးနဲ့ ပဲရစ်မြို့ဟာ တရုတ်နိုင်ငံမှာလည်း ရှိနေတယ်ဆိုရင် မသိသေးတဲ့မိတ်ဆွေတွေ အံဩသွားနိုင်ပါတယ်။ တရုတ်နိုင်ငံမှာရှိတဲ့ ပဲရစ်မြို့ကတော့ Zhejiang ပြည်နယ် Hangzhou မြို့က Tianducheng ဆိုတဲ့နေရာမှာ တည်ရှိနေပါတယ်။ အီဖယ်တာဝါကို ပုံစံတူလုပ်တာကတော့ နိုင်ငံများများမှာ ရှိပေမယ့် အတုလုပ်တဲ့နေရာမှာ ပထမဖြစ်တဲ့တရုတ်ကတော့ တာဝါတင်မက ပတ်ဝန်းကျင်တစ်ခုလုံးကိုပါ ပုံစံတူလုပ်ထားတာပဲဖြစ်ပါတယ်။

အကျယ်အဝန်း ၃၁စတုရန်းကီလိုမီတာ ဖြစ်ပါတယ်။ အဆောက်အအုံတွေ ၊ ရုပ်တုတွေကအစ တကယ့်အီဖယ်မျှော်စင်ဝန်းကျင်နဲ့တူအောင် ထည့်သွင်းတည်ဆောက်ထားပါတယ်။ ဒီနေရာမှာတည်ဆောက်ထားတဲ့ အီဖယ်မျှော်စင်အတုက ပေ ၁၀၀ မြင့်ပါတယ်။ မူရင်း အီဖယ်မျှော်စင်ရဲ့ ၃ပုံ ၁ပုံ ရှိတယ်လို့ ဆိုရမှာပါ။ ၂၀၀၇ ခုနှစ်တည်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အောက်က ဓာတ်ပုံတွေကတော့ ပဲရစ်အခြေစိုက် ဓာတ်ပုံဆရာ François Prost က ရိုက်ကူးထားတာဖြစ်ပါတယ်။ ပြင်သစ်က ပဲရစ်မျှော်စင်တစ်ဝိုက် နဲ့ တရုတ်က ပဲရစ်မျှော်စင် ဘယ်လောက်တူကြောင်း တစ်နေရာချင်းစီ ရိုက်ပြထားတဲ့ Paris Syndrome ခေါ်တဲ့ ဓာတ်ပုံစီးရီးဖြစ်ပါတယ်။

ဒီလိုလုပ်ရတဲ့အကြောင်းကတော့ အီဖယ်မျှော်စင်ပတ်ဝန်းကျင်နဲ့ ဆွဲဆောင်ပြီး အနီးအနားက အဆောက်အအုံ ၊ တိုက်ခန်းတွေကို ရောင်းချဖို့ဖြစ်ပါတယ်။  ဒါပေမယ့် အိမ်ခြံမြေလုပ်ငန်းတွေရဲ့ အစီအစဉ်မအောင်မြင်ခဲ့ပါဘူး။ အကြောင်းကတော့ ဒီနေရာဟာ လူတွေကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် တကယ်တမ်းတော့ အနီးအနားက လူတချို့ပဲ လာရောက်လည်ပတ်လေ့ရှိပါတယ်။ လွန်ခဲ့တဲ့ ၄နှစ်တည်းက တိုက်ခန်းတွေ အဆောက်အအုံတွေကိုရောင်းချခဲ့ပေမယ့် ဝယ်ယူသူနည်းပါးခဲ့ပါတယ်။ အဲဒီနောက် တဖြည်းဖြည်းဝယ်ယူသူများလာပြီး အခုအချိန်မှာဆိုရင်တော့ အဲဒီနေရာတစ်ဝိုက်မှာ နေထိုင်တဲ့ လူဦးရေဟာ ၃သောင်းခန့်ရှိသွားပါပြီ။ ဒီနေရာကိုတော့ City of Lights လို့အမည်ပေးထားပါတယ်။

ကဲ ပြင်သစ်ပဲရစ် နဲ့ တရုတ်ပဲရစ် ဘယ်လိုကွာလဲ အောက်ကပုံတွေမှာ နှိုင်းယှဉ်ကြည့်ရှု့နိုင်ပါတယ်။ ဘယ်ဘက်က တရုတ်ပဲရစ်ဖြစ်ပြီး ညာဘက်ကတော့ ပြင်သစ်ပဲရစ် ဖြစ်ပါတယ်။

Leave a Reply