အဂၤလိပ္တုိ႔ရဲ႕ေသြးခြဲမႈကုိ ေခ်ဖ်က္လုိက္ေသာ ဦးႏုရဲ႕ သမုိင္း၀င္စကား

Posted on

ဒီေန႔(၁၂.၂.၂၀၁၈) ဟာ ၇၁ႏွစ္ေၿမာက္ ၿပည္ေထာင္စုေန႔ၿဖစ္ပါတယ္။ေတာင္ေပၚ ေၿမၿပန္႔ ေခါင္းေဆာင္ႀကီးမ်ား အခက္အခဲမ်ားစြာကို ရင္ဆုိင္ေက်ာ္ၿဖတ္ၿပီးမွ ၿပည္ေထာင္စုေန႔ ဆုိတာ ၿဖစ္လာခဲ့တာပါ။ အဂၤလိပ္တုိ႔ရဲ႕ ေသြးခြဲေႏွာက္ယွက္မႈကုိလည္း အမ်ဳိးမ်ဳိးႀကံဳေတြ႕ခဲ့ရပါတယ္။ တစ္ဘက္နဲ႔ တစ္ဘက္ ယုံႀကည္မႈရရွိေစဖုိ႔အတြက္ ေၿပလည္ေအာင္ ညွိႏႈိင္းစည္းရုံးခဲ့ရပါတယ္။ ပင္လုံညီလာခံမွာ ဖဆပလ ေခါင္းေဆာင္ ဦးႏုရဲ႕ ဒီစကား ဟာ အဂၤလိပ္တုိ႔ေသြးထုိးမႈကို အားလုံးၿမင္သာေအာင္ ေခ်ဖ်က္ၿပႏုိင္ခဲ့တဲ့ စကားၿဖစ္ပါတယ္။ မသိေသးတဲ့မိတ္ေဆြမ်ားအတြက္ ဗဟုသုတအၿဖစ္ ေ၀မွ်လုိက္ပါတယ္။

ေတာင္တန္း နယ္သား မ်ားႏွင့္ ဗမာမ်ား တဦးႏွင့္ တဦး အထင္မွား အၿမင္မွားၿဖစ္ေနႀကရၿခင္းဟာ အဂၤလိပ္လူမ်ဳိးတို႔ရဲ႕ ရာဇ၀င္ေၿခထုိးမႈေႀကာင့္ ၿဖစ္တာမွန္တယ္။ ရာဇ၀င္တြင္ သုိဟန္ဘြားကုိ မင္းႀကီးရန္ေနာင္လုပ္ႀကံသတ္ၿဖတ္တဲ့ ကိစၥနဲ႔ ပတ္သတ္လုိ႔ အဂၤလိပ္ေရးထားတဲ့ ရာဇ၀င္မွာ ရွမ္းလူမ်ဳိးတစ္ေယာက္ကုိ ဗမာလူမ်ဳိးမ်ားက လုပ္ႀကံသတ္ၿဖတ္တယ္လုိ႔ အဓိပၸါယ္ေရာက္ေအာင္ ေရးထားတယ္၊ အမွန္က ဒီလုိမဟုတ္ဘူး။

မင္းဆုိးၿဖစ္တဲ့အတြက္ သတ္ပစ္တာ ၿဖစ္တယ္။ ဒီေနရာမွာ ဗမာမင္းဆုိလဲ အသတ္ခံရမွာပဲ။ မင္းဆုိးေတြကုိသတ္တာ ေရွးအစဥ္အဆက္ သမုိင္းလည္းရွိခဲ့ဖူးတယ္။ ရွမ္းအေနနဲ႔ ဗမာအေနနဲ႔ သတ္တာမဟုတ္ေႀကာင္းထင္ရွားတာက မင္းႀကီးရန္ေနာင္ဟာ သူကုိယ္တုိင္မင္းလုပ္ခ်င္ရင္ ရပါလ်က္နဲ႔ မလုပ္ပဲ ရွမ္းလူမ်ဳိး အုန္းေဘာင္ေစာ္ဘြားကုိ ေခၚလာၿပီး နန္းတင္ခဲ့တယ္။ ဒါကုိ မၿငင္းႏုိင္ဘူး။

ၿပီးေတာ့ ေနာက္တစ္ခု ထင္ရွားတာက သီေပါမင္းတရားကို အဂၤလိပ္က ဖမ္းသြားတဲ့အခ်ိန္မွာ သီေပါမင္းကုိ လုယူဖုိ႔ လူ ၅၀၀ နဲ႔ ဘုရားႀကီးမွာ ေစာင့္ေနတာဟာလဲ အၿခားသူမဟုတ္ဘူး။ ေညာင္ေရႊေစာ္ဘြားႀကီး ၿဖစ္တယ္။ အဂၤလိပ္ ရာဇ၀င္ေရးဆရာက ထုိသေဘာမ်ဳိးေပါက္ေအာင္ မေရးပဲ ရွမ္းအေနနဲ႔ ဗမာအေနနဲ႔သတ္ေအာင္ ေရးထားတာဟာ ေသြးကြဲေအာင္ ေရးသားခ်က္မ်ား ၿဖစ္တယ္။ ရာဇ၀င္အေႀကာင္းနဲ႔ ပဲ ႀကည့္ႀကည့္ ဘယ္အေႀကာင္းနဲ႔ပဲ ႀကည့္ႀကည့္ ရွမ္းႏွင့္ ဗမာမ်ား ေသြးကြဲစရာ အေႀကာင္းမရွိ၊ ပုိမုိ ရင္းႏွီးေသြးစပ္တဲ့ အေႀကာင္းမ်ားသာ ရွိတယ္။

ဦးႏုက ရွမ္းေစာ္ဘြားမ်ား ၊ ရွမ္းလူထု နဲ႔ အဂၤလိပ္မ်ား ေရွ႕တြင္ ထုိကဲ့သုိ႔ဖြင့္ခ်လုိက္ေသာအခါ အားလုံးက “သခင္ႏုေၿပာတာဟုတ္တယ္၊ မွန္တယ္” ဟူ၍ ေအာ္ႀကေလသည္။ ရာဇ၀င္ေၿခထုိးမႈ တိမ္သလႅာလည္း ကင္းကြာသြားေတာ့သည္။

ေတာင္ပိုင္ေစာ္ဘြားႀကီးက ” အဂၤလိပ္က ေသြးခြဲထားလုိ႔ က်ဳပ္တုိ႔တေတြမွာ အရုပ္ေတြၿဖစ္ေနႀကရတယ္။ အခုဒီအရုပ္ေတြကုိ အသက္သြင္းႀကရမယ္” ဟု ေၿပာသည့္အၿပင္ “အရင္က မ်က္ႏွာၿဖဴေတြက အခုမ်က္ႏွာနီေတြ ၿဖစ္ကုန္ႀကၿပီ” ဟု ထပ္၍ ေဆာ္လုိက္ေသးသည္။ (ေတာင္တန္းနယ္ဆုိင္ရာ အဂၤလိပ္အရာရွိႀကီးမ်ားမွာ သခင္ႏုေၿပာလုိက္ေသာ အခ်က္မ်ားေႀကာင့္ မ်က္ႏွာနီလ်က္ရွိသၿဖင့္ ထုိသုိ႔ေၿပာလုိက္ၿခင္း ၿဖစ္သည္။)

ကုိးကား:
ငါတုိ႔ဗုိလ္ခ်ဳပ္ ဘာေတြလုပ္ခဲ့သလဲ – ဦးပုကေလး စာအုပ္မွ


အင်္ဂလိပ်တို့ရဲ့သွေးခွဲမှုကို ချေဖျက်လိုက်သော ဦးနုရဲ့ သမိုင်းဝင်စကား (unicode)

ဒီနေ့(၁၂.၂.၂၀၁၈) ဟာ ၇၁နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ပါတယ်။တောင်ပေါ် မြေပြန့် ခေါင်းဆောင်ကြီးများ အခက်အခဲများစွာကို ရင်ဆိုင်ကျော်ဖြတ်ပြီးမှ ပြည်ထောင်စုနေ့ ဆိုတာ ဖြစ်လာခဲ့တာပါ။ အင်္ဂလိပ်တို့ရဲ့ သွေးခွဲနှောက်ယှက်မှုကိုလည်း အမျိုးမျိုးကြုံတွေ့ခဲ့ရပါတယ်။ တစ်ဘက်နဲ့ တစ်ဘက် ယုံကြည်မှုရရှိစေဖို့အတွက် ပြေလည်အောင် ညှိနှိုင်းစည်းရုံးခဲ့ရပါတယ်။ ပင်လုံညီလာခံမှာ ဖဆပလ ခေါင်းဆောင် ဦးနုရဲ့ ဒီစကား ဟာ အင်္ဂလိပ်တို့သွေးထိုးမှုကို အားလုံးမြင်သာအောင် ချေဖျက်ပြနိုင်ခဲ့တဲ့ စကားဖြစ်ပါတယ်။ မသိသေးတဲ့မိတ်ဆွေများအတွက် ဗဟုသုတအဖြစ် ဝေမျှလိုက်ပါတယ်။

တောင်တန်း နယ်သား များနှင့် ဗမာများ တဦးနှင့် တဦး အထင်မှား အမြင်မှားဖြစ်နေကြရခြင်းဟာ အင်္ဂလိပ်လူမျိုးတို့ရဲ့ ရာဇဝင်ခြေထိုးမှုကြောင့် ဖြစ်တာမှန်တယ်။ ရာဇဝင်တွင် သိုဟန်ဘွားကို မင်းကြီးရန်နောင်လုပ်ကြံသတ်ဖြတ်တဲ့ ကိစ္စနဲ့ ပတ်သတ်လို့ အင်္ဂလိပ်ရေးထားတဲ့ ရာဇဝင်မှာ ရှမ်းလူမျိုးတစ်ယောက်ကို ဗမာလူမျိုးများက လုပ်ကြံသတ်ဖြတ်တယ်လို့ အဓိပ္ပါယ်ရောက်အောင် ရေးထားတယ်၊ အမှန်က ဒီလိုမဟုတ်ဘူး။

မင်းဆိုးဖြစ်တဲ့အတွက် သတ်ပစ်တာ ဖြစ်တယ်။ ဒီနေရာမှာ ဗမာမင်းဆိုလဲ အသတ်ခံရမှာပဲ။ မင်းဆိုးတွေကိုသတ်တာ ရှေးအစဉ်အဆက် သမိုင်းလည်းရှိခဲ့ဖူးတယ်။ ရှမ်းအနေနဲ့ ဗမာအနေနဲ့ သတ်တာမဟုတ်ကြောင်းထင်ရှားတာက မင်းကြီးရန်နောင်ဟာ သူကိုယ်တိုင်မင်းလုပ်ချင်ရင် ရပါလျက်နဲ့ မလုပ်ပဲ ရှမ်းလူမျိုး အုန်းဘောင်စော်ဘွားကို ခေါ်လာပြီး နန်းတင်ခဲ့တယ်။ ဒါကို မငြင်းနိုင်ဘူး။

ပြီးတော့ နောက်တစ်ခု ထင်ရှားတာက သီပေါမင်းတရားကို အင်္ဂလိပ်က ဖမ်းသွားတဲ့အချိန်မှာ သီပေါမင်းကို လုယူဖို့ လူ ၅၀၀ နဲ့ ဘုရားကြီးမှာ စောင့်နေတာဟာလဲ အခြားသူမဟုတ်ဘူး။ ညောင်ရွှေစော်ဘွားကြီး ဖြစ်တယ်။ အင်္ဂလိပ် ရာဇဝင်ရေးဆရာက ထိုသဘောမျိုးပေါက်အောင် မရေးပဲ ရှမ်းအနေနဲ့ ဗမာအနေနဲ့သတ်အောင် ရေးထားတာဟာ သွေးကွဲအောင် ရေးသားချက်များ ဖြစ်တယ်။ ရာဇဝင်အကြောင်းနဲ့ ပဲ ကြည့်ကြည့် ဘယ်အကြောင်းနဲ့ပဲ ကြည့်ကြည့် ရှမ်းနှင့် ဗမာများ သွေးကွဲစရာ အကြောင်းမရှိ၊ ပိုမို ရင်းနှီးသွေးစပ်တဲ့ အကြောင်းများသာ ရှိတယ်။

ဦးနုက ရှမ်းစော်ဘွားများ ၊ ရှမ်းလူထု နဲ့ အင်္ဂလိပ်များ ရှေ့တွင် ထိုကဲ့သို့ဖွင့်ချလိုက်သောအခါ အားလုံးက “သခင်နုပြောတာဟုတ်တယ်၊ မှန်တယ်” ဟူ၍ အော်ကြလေသည်။ ရာဇဝင်ခြေထိုးမှု တိမ်သလ္လာလည်း ကင်းကွာသွားတော့သည်။

တောင်ပိုင်စော်ဘွားကြီးက ” အင်္ဂလိပ်က သွေးခွဲထားလို့ ကျုပ်တို့တတွေမှာ အရုပ်တွေဖြစ်နေကြရတယ်။ အခုဒီအရုပ်တွေကို အသက်သွင်းကြရမယ်” ဟု ပြောသည့်အပြင် “အရင်က မျက်နှာဖြူတွေက အခုမျက်နှာနီတွေ ဖြစ်ကုန်ကြပြီ” ဟု ထပ်၍ ဆော်လိုက်သေးသည်။ (တောင်တန်းနယ်ဆိုင်ရာ အင်္ဂလိပ်အရာရှိကြီးများမှာ သခင်နုပြောလိုက်သော အချက်များကြောင့် မျက်နှာနီလျက်ရှိသဖြင့် ထိုသို့ပြောလိုက်ခြင်း ဖြစ်သည်။)

ကိုးကား:
ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ – ဦးပုကလေး စာအုပ်မှ

Leave a Reply