ေနာ္ေ၀ႏုိင္ငံ က ဧရာမ ဓားႀကီး ၃လက္ သမုိင္းေၾကာင္း

Posted on

ေရးသားသူ – Myo Zeya Oo

အဲလက္ဇန္ဒါ ေရွလက္ အထိမ္းအမွတ္ သံခ်ိန္းၾကီး ဘက္ကေန ဘက္(စ္) ကားစီးျပီး Sverd i fjell ကို သြားၾကတယ္။ Sverd i fjell (Swords in Rock) ဆိုတာ မို႔လယ္ဘြတ္ခ္တာ (Møllebukta) ကမ္းေျခမွာရွိတဲ့ ေက်ာက္ေဆာင္ေပၚမွာ ၃၃ ေပေလာက္ျမင့္တဲ့ ဗိုက္ကင္းေတြကိုင္တဲ့ ဓားၾကီး ၃ ေခ်ာင္းကို စိုက္ထား တဲ့ အထိန္းအမွတ္ကို ေခၚတာ။ ဓားေတြကို ေၾကးနဲ႕ လုပ္ျပီး ေနာ္ေဝ ပန္းပုဆရာ Fritz Røed သြန္းလုပ္ခဲ့တာျဖစ္တယ္။။ဒီအထိန္းအမွတ္ ဓားၾကီးေတြကို ေနာ္ေဝ ဘုရင္ King Olav V က ၁၉၈၃ မွာ ဖြင့္လွစ္ေပးခဲ့တယ္။

ဟာခ္ဖရစ္ ေဖ်ာ့႔ တိုက္ပြဲ Battle of Hafrsfjord မွာ အႏိုင္ရခဲ့တဲ့ ဘုရင္ ဟာရယ္ဖယ္ဟဲ (King Harald “Fairhair”) ကို ဂုဏ္ျပဳတဲ့ သေဘာနဲ႕ ဒီအထိန္းအမွတ္ ဓားၾကီးေတြကို ထုလုပ္ေစတာလို႕ သိရတယ္။ ဓားသုံးေခ်ာင္းထဲက အၾကီးဆုံးဓားက ဘုရင္ ဟာရယ္ဖယ္ဟဲ ကို ကိုယ္စားျပဳျပီး၊ က်န္တဲ့ ဓားႏွစ္ေခ်ာင္းက ဒီဟာခ္ဖရစ္ ေဖ်ာ့႔ တိုက္ပြဲမွာ ရွုံးသြားတဲ့ ဘုရင္ ႏွစ္ေယာက္ကို ကိုယ္စားျပဳတယ္။

ဟာခ္ဖရစ္ ေဖ်ာ့႔ တိုက္ပြဲဟာ ဒီအထိန္းအမွတ္ ဓားၾကီးေတြရွိတဲ့ ေနရာတဝိုက္မွာပဲ ေအဒီ ၈၇၂ ႏွစ္ ဝန္းက်င္ေလာက္မွာ ျဖစ္သြားခဲ့တယ္လို႕ သမိုင္းပညာရွင္ေတြ ယူဆၾကတယ္။ ဒီတိုက္ပြဲဟာ ပထမ ေနာ္ေဝႏိုင္ငံေတာ္ကို တည္ေဆာက္မဲ့ ဘုရင္ ဟာရယ္ဖယ္ဟဲ အတြက္ အေရးပါတဲ့ ေအာင္ပြဲျဖစ္ခဲ့တယ္။

ဒီဓားၾကီး ၃ ေခ်ာင္းရဲ့ အႏုပညာ လက္ရာနဲ႕ ပါတ္သတ္လို႕ (ကိုယ္ကိုယ္တိုင္လည္း မကြၽမ္းက်င္ေတာ့) ဘာမွမေျပာလိုဘူး။ ဒါေပမဲ့ ဗိုက္ကင္း ဓားၾကီး ၃ ေခ်ာင္းကို ေက်ာက္ေဆာင္ေပၚမွာ စိုက္ထားတဲ့ အိုင္ဒီယာကိုေတာ့ သေဘာက်တယ္။ ဒီ ဓား သံုး ေခ်ာင္းက ဘုရင္ ၃ ေယာက္ကို ကိုယ္စားျပဳထားတာကို အထာက်တယ္လို႕ ျမင္တယ္။ ေက်ာက္ေဆာင္ေပၚမွာ စိုက္ထားတဲ့ အတြက္ ခိုင္မာတယ္၊ တည္ျငိမ္တယ္လို႕ ခံစားရတယ္။

ဓားၾကီးေတြရဲ့ သေကၤတက ေရွးေခတ္ ဘုရင္ေတြရဲ့ ရဲရင့္မႈကို ထင္ဟတ္ေစတယ္ လို႕ျမင္တယ္။ အဲဒီေနရာမွာ သာ ဘုရင္ ၃ ေယာက္ပံုစံ ရုပ္ထုၾကီးေတြ ျပဴးတူးျပဲတဲၾကီး ေဆာက္ထားရင္ ဒီေလာက္ အထာက်လိမ့္မယ္လို႕ မထင္ဘူး။ ဥေရာပမွာ အဲဒီလိုမ်ိဳး ရုပ္ထုၾကီးေတြေဆာက္တဲ့ ေခတ္က ကုန္သြားတာ ၾကာျပီထင္တယ္။ သူတို႕ ဆီက အႏုပညာေတြက အိုင္ဒီယာကို အမ်ားၾကီး ပိုျပီး ဦးစားေပးလာတာ ေတြ႕ရတယ္။

ေနာ္ေဝသမိုင္းကို ျပန္ၾကည့္ရင္ ဘုရင္ ဟာရယ္ဖယ္ဟဲ မတိုင္ခင္ အထိ ေနာ္ေဝဟာ ဗိုက္ကင္း ဘုရင္ငယ္ေလးေတြနဲ႕ သူတလူ၊ ငါတမင္း ျဖစ္ေနၾကတယ္။ ဘုရင္ ဟာရယ္ဖယ္ဟဲကိုယ္တိုင္ ဗက္(စ္)ဖိုး (Vestfold) လို႕ေခၚတဲ့ ေနာ္ေဝ အေရွ႕ေတာင္ပိုင္း ေဒသေလးက ဘုရင္ပဲ ရွိေသးတယ္။ တေန႕မွာ ဘုရင္ ဟာရယ္ဖယ္ဟဲ က ေနာ္ေဝ အေနာက္ဖက္ကမ္း ဟြန္ဒါလန္း (Hordaland) နယ္က ဘုရင့္သမီး ဂူဒါ (Gyda Eiriksdatter) ကို သူ႕လူေတြ လႊတ္ျပီး လက္ထပ္ခြင့္ေတာင္းတယ္တဲ့။ ဂူဒါ က သူ႕လို နယ္က်ဥ္းက်ဥ္းေလးပိုင္တဲ့ ဘုရင္အတြက္ သူ႕ ဘဝနဲ႕ အခ်ိန္ေတြကို မျဖဳံးခ်င္ဘူးလို႕ ျငင္းလႊတ္လိုက္ သတဲ့။

အဲဒီလို အေခ်ခံရတာကို ဘုရင္ ဟာရယ္ဖယ္ဟဲ က စိတ္မဆိုးတဲ့အျပင္ သူ႕ကို ေနာ္ေဝတႏိုင္ငံလုံးကို တစ္စုတစ္စည္းထဲ အုပ္ခ်ဳပ္ဖို႕ သတိေပး (ဒါမွမဟုတ္) တြန္းအားေပး တယ္လို႕ သတ္မွတ္ျပီး စစ္ပြဲေတြ စပါေတာ့တယ္။ အဲဒီအခ်ိန္မွာ ေဘးမွာရွိတဲ့ ဒိန္းမတ္ နဲ႕ ဆြီဒင္ ဘုရင္ေတြဟာ နယ္ေျမအက်ယ္ၾကီးပိုင္ျပီး၊ တခ်ိဳ႕ေနာ္ေဝ ဘုရင္ေတြက သူတို႕ဆီကို လက္ေဆာင္ပဏၭာေတြ ေပးၾကရတယ္။ ဟာခ္ဖရစ္ ေဖ်ာ့႔ တိုက္ပြဲ မွာ ႏိုင္လိုက္တဲ့ အတြတ္ ဘုရင္ ဟာရယ္ဖယ္ဟဲဟာ ေနာ္ေဝ ေတာင္ပိုင္းနဲ႕ အေနာက္ေတာင္ ပိုင္းတစ္ခုလုံးကို သိမ္းပိုက္ႏိုင္လိုက္ပါတယ္။

ဒီစစ္ပြဲျပီး ေနာက္ဆယ္ႏွစ္ အတြင္းမွာ က်န္တဲ့ ေနာ္ေဝ အေနာက္ပိုင္းနဲ႕ ေျမာက္ပိုင္းက ဘုရင္ငယ္ေလးေတြဟာ ဘုရင္ ဟာရယ္ဖယ္ဟဲ လက္ေအာက္ခံအျဖစ္နဲ႕ အခြန္ေငြ ဆက္သရတဲ့ ဘဝကို ေရာက္တဲ့ လူကေရာက္၊ အိုက္လန္း (Iceland) တို႕ ဂရင္းလန္း (Greenland) တို႕ကို ထြက္ေျပး အေျခခ်တဲ့ လူက ခ်နဲ႕ ေနာက္ဆုံးေတာ့ ဘုရင္ ဟာရယ္ဖယ္ဟဲဟာ ပထမ ေနာ္ေဝ ႏိုင္ငံကို တည္ေဆာက္ႏိုင္ခဲ့ပါတယ္။ ဒါအျပင္ ဂူဒါမင္းသမီးနဲ႕ လက္ထပ္ျပီး ကေလး ငါး ေယာက္ထြန္းကားခဲ့ တယ္တဲ့။ သူတို႕ ပထမ ေနာ္ေဝႏိုင္ငံေတာ္ တည္ေဆာက္ပံုက အခ်စ္ဇာတ္လမ္းေလးနဲ႕ေတာင္ တူေသးတယ္။

ဒါေပမဲ့ ဒီအေၾကာင္းေတြက သူေခတ္မွာ ေရးခဲ့တဲ့ ကဗ်ာေတြရယ္၊ သူေသျပီး ႏွစ္ ၃၀၀ ေလာက္မွ ေရးတဲ့ စကန္ဒီေနဗီးယန္း ပံုျပင္ (Scandinavian sagas) ေပၚမွာ အေျခခံျပီး ျပန္ေရးျပတာဆိုေတာ့ သမိုင္းအခ်က္အလက္အေနနဲ႕ အတိအက်ၾကီး ယူလို႕မရဘူး။ ခုခ်ိန္ထိ အျငင္းပြါးစရာေတြ အမ်ားၾကီး ရွိေသးတယ္။ ဒါေပမဲ့ အေနာ္ရထာမင္းကို ပထမ ျမန္မာႏိုင္ငံတည္ေထာင္တဲ့ မင္းလို႕ သမိုင္းပညာရွိေတြက သတ္မွတ္ထားသလို ဘုရင္ ဟာရယ္ဖယ္ဟဲ ကို ပထမ ေနာ္ေဝႏိုင္ငံေတာ္ တည္ေထာင္တဲ့ မင္းလို႕ သတ္မွတ္ထားၾကတယ္။

အေနာ္ရထာမင္းဟာ ျငိမ္းခ်မ္းတဲ့ ဘာသာေရးအတြက္ လူ႕အသက္ေပါင္းမ်ားစြာကို ေသေၾကပ်က္ဆီးေစတဲ့ စစ္ပြဲေတြတိုက္ခဲ့သလို၊ ဘုရင္ ဟာရယ္ဖယ္ဟဲ ဟာလည္း ႏူးညံ့တဲ့ အခ်စ္အတြက္၊ ရက္စက္ၾကမ္းၾကဳပ္တဲ့ စစ္ပြဲေတြ ဖန္တီးခဲ့တယ္လို႕ ေျပာခ်င္ရင္ ေျပာလို႕ရတယ္။ သူ႕ရဲ့ အခ်စ္ ဇာတ္လမ္းကလည္း ဂူဒါမင္းသမီးနဲ႕ တင္ အရွိန္မထိမ္းႏိုင္ပဲ ေနာက္ထပ္ မိန္းမ ၉ ေယာက္ထပ္ယူရတဲ့ အျဖစ္ကို ေရာက္ခဲ့တယ္လို႕ သိရတယ္။

ေနာက္ဆုံးတစ္ေယာက္မွာ သူ႕အခ်စ္ရွိန္က အျမင့္ဆုံးေရာက္သြားျပီး ဂူဒါ အပါအဝင္ ေရွ႕ကယူထားတဲ့ မိန္းမ ၉ ေယာက္ကို ကြာျပီးမွ ေနာက္ဆုံး မိန္းမနဲ႕ ေပါင္းသင္းေနထိုင္ သြားသတဲ့။ ဟုတ္မဟုတ္ေတာ့ မသိဘူး။ အေနာ္ရထာမင္းၾကီးျပစ္လိုက္တဲ့ လွံက က်န္စစ္သားကို ခ်ည္ထားတဲ့ ၾကိဳးကိုမွ သြားထိေသးတာပဲ။ မယံု ပံုျပင္လို႕သာ မွတ္ရေတာ့ မွာေပါ့။

မ်ိဳးေဇယ်ာဦး
(ေခၚရခက္တဲ့ preikestolen) စာအုပ္မွ


နော်ဝေနိုင်ငံ အထိမ်းအမှတ် ဧရာမ ဓားကြီး ၃လက် သမိုင်းကြောင်း (unicode)

အဲလက်ဇန်ဒါ ရှေလက် အထိမ်းအမှတ် သံချိန်းကြီး ဘက်ကနေ ဘက်(စ်) ကားစီးပြီး Sverd i fjell ကို သွားကြတယ်။ Sverd i fjell (Swords in Rock) ဆိုတာ မို့လယ်ဘွတ်ခ်တာ (Møllebukta) ကမ်းခြေမှာရှိတဲ့ ကျောက်ဆောင်ပေါ်မှာ ၃၃ ပေလောက်မြင့်တဲ့ ဗိုက်ကင်းတွေကိုင်တဲ့ ဓားကြီး ၃ ချောင်းကို စိုက်ထား တဲ့ အထိန်းအမှတ်ကို ခေါ်တာ။ ဓားတွေကို ကြေးနဲ့ လုပ်ပြီး နော်ဝေ ပန်းပုဆရာ Fritz Røed သွန်းလုပ်ခဲ့တာဖြစ်တယ်။။ဒီအထိန်းအမှတ် ဓားကြီးတွေကို နော်ဝေ ဘုရင် King Olav V က ၁၉၈၃ မှာ ဖွင့်လှစ်ပေးခဲ့တယ်။

ဟာခ်ဖရစ် ဖျော့ တိုက်ပွဲ Battle of Hafrsfjord မှာ အနိုင်ရခဲ့တဲ့ ဘုရင် ဟာရယ်ဖယ်ဟဲ (King Harald “Fairhair”) ကို ဂုဏ်ပြုတဲ့ သဘောနဲ့ ဒီအထိန်းအမှတ် ဓားကြီးတွေကို ထုလုပ်စေတာလို့ သိရတယ်။ ဓားသုံးချောင်းထဲက အကြီးဆုံးဓားက ဘုရင် ဟာရယ်ဖယ်ဟဲ ကို ကိုယ်စားပြုပြီး၊ ကျန်တဲ့ ဓားနှစ်ချောင်းက ဒီဟာခ်ဖရစ် ဖျော့ တိုက်ပွဲမှာ ရှုံးသွားတဲ့ ဘုရင် နှစ်ယောက်ကို ကိုယ်စားပြုတယ်။ ဟာခ်ဖရစ် ဖျော့ တိုက်ပွဲဟာ ဒီအထိန်းအမှတ် ဓားကြီးတွေရှိတဲ့ နေရာတဝိုက်မှာပဲ အေဒီ ၈၇၂ နှစ် ဝန်းကျင်လောက်မှာ ဖြစ်သွားခဲ့တယ်လို့ သမိုင်းပညာရှင်တွေ ယူဆကြတယ်။ ဒီတိုက်ပွဲဟာ ပထမ နော်ဝေနိုင်ငံတော်ကို တည်ဆောက်မဲ့ ဘုရင် ဟာရယ်ဖယ်ဟဲ အတွက် အရေးပါတဲ့ အောင်ပွဲဖြစ်ခဲ့တယ်။

ဒီဓားကြီး ၃ ချောင်းရဲ့ အနုပညာ လက်ရာနဲ့ ပါတ်သတ်လို့ (ကိုယ်ကိုယ်တိုင်လည်း မကျွမ်းကျင်တော့) ဘာမှမပြောလိုဘူး။ ဒါပေမဲ့ ဗိုက်ကင်း ဓားကြီး ၃ ချောင်းကို ကျောက်ဆောင်ပေါ်မှာ စိုက်ထားတဲ့ အိုင်ဒီယာကိုတော့ သဘောကျတယ်။ ဒီ ဓား သုံး ချောင်းက ဘုရင် ၃ ယောက်ကို ကိုယ်စားပြုထားတာကို အထာကျတယ်လို့ မြင်တယ်။ ကျောက်ဆောင်ပေါ်မှာ စိုက်ထားတဲ့ အတွက် ခိုင်မာတယ်၊ တည်ငြိမ်တယ်လို့ ခံစားရတယ်။ ဓားကြီးတွေရဲ့ သင်္ကေတက ရှေးခေတ် ဘုရင်တွေရဲ့ ရဲရင့်မှုကို ထင်ဟတ်စေတယ် လို့မြင်တယ်။ အဲဒီနေရာမှာ သာ ဘုရင် ၃ ယောက်ပုံစံ ရုပ်ထုကြီးတွေ ပြူးတူးပြဲတဲကြီး ဆောက်ထားရင် ဒီလောက် အထာကျလိမ့်မယ်လို့ မထင်ဘူး။ ဥရောပမှာ အဲဒီလိုမျိုး ရုပ်ထုကြီးတွေဆောက်တဲ့ ခေတ်က ကုန်သွားတာ ကြာပြီထင်တယ်။ သူတို့ ဆီက အနုပညာတွေက အိုင်ဒီယာကို အများကြီး ပိုပြီး ဦးစားပေးလာတာ တွေ့ရတယ်။

နော်ဝေသမိုင်းကို ပြန်ကြည့်ရင် ဘုရင် ဟာရယ်ဖယ်ဟဲ မတိုင်ခင် အထိ နော်ဝေဟာ ဗိုက်ကင်း ဘုရင်ငယ်လေးတွေနဲ့ သူတလူ၊ ငါတမင်း ဖြစ်နေကြတယ်။ ဘုရင် ဟာရယ်ဖယ်ဟဲကိုယ်တိုင် ဗက်(စ်)ဖိုး (Vestfold) လို့ခေါ်တဲ့ နော်ဝေ အရှေ့တောင်ပိုင်း ဒေသလေးက ဘုရင်ပဲ ရှိသေးတယ်။ တနေ့မှာ ဘုရင် ဟာရယ်ဖယ်ဟဲ က နော်ဝေ အနောက်ဖက်ကမ်း ဟွန်ဒါလန်း (Hordaland) နယ်က ဘုရင့်သမီး ဂူဒါ (Gyda Eiriksdatter) ကို သူ့လူတွေ လွှတ်ပြီး လက်ထပ်ခွင့်တောင်းတယ်တဲ့။ ဂူဒါ က သူ့လို နယ်ကျဉ်းကျဉ်းလေးပိုင်တဲ့ ဘုရင်အတွက် သူ့ ဘဝနဲ့ အချိန်တွေကို မဖြုံးချင်ဘူးလို့ ငြင်းလွှတ်လိုက် သတဲ့။

အဲဒီလို အချေခံရတာကို ဘုရင် ဟာရယ်ဖယ်ဟဲ က စိတ်မဆိုးတဲ့အပြင် သူ့ကို နော်ဝေတနိုင်ငံလုံးကို တစ်စုတစ်စည်းထဲ အုပ်ချုပ်ဖို့ သတိပေး (ဒါမှမဟုတ်) တွန်းအားပေး တယ်လို့ သတ်မှတ်ပြီး စစ်ပွဲတွေ စပါတော့တယ်။ အဲဒီအချိန်မှာ ဘေးမှာရှိတဲ့ ဒိန်းမတ် နဲ့ ဆွီဒင် ဘုရင်တွေဟာ နယ်မြေအကျယ်ကြီးပိုင်ပြီး၊ တချို့နော်ဝေ ဘုရင်တွေက သူတို့ဆီကို လက်ဆောင်ပဏ္ဌာတွေ ပေးကြရတယ်။ ဟာခ်ဖရစ် ဖျော့ တိုက်ပွဲ မှာ နိုင်လိုက်တဲ့ အတွတ် ဘုရင် ဟာရယ်ဖယ်ဟဲဟာ နော်ဝေ တောင်ပိုင်းနဲ့ အနောက်တောင် ပိုင်းတစ်ခုလုံးကို သိမ်းပိုက်နိုင်လိုက်ပါတယ်။

ဒီစစ်ပွဲပြီး နောက်ဆယ်နှစ် အတွင်းမှာ ကျန်တဲ့ နော်ဝေ အနောက်ပိုင်းနဲ့ မြောက်ပိုင်းက ဘုရင်ငယ်လေးတွေဟာ ဘုရင် ဟာရယ်ဖယ်ဟဲ လက်အောက်ခံအဖြစ်နဲ့ အခွန်ငွေ ဆက်သရတဲ့ ဘဝကို ရောက်တဲ့ လူကရောက်၊ အိုက်လန်း (Iceland) တို့ ဂရင်းလန်း (Greenland) တို့ကို ထွက်ပြေး အခြေချတဲ့ လူက ချနဲ့ နောက်ဆုံးတော့ ဘုရင် ဟာရယ်ဖယ်ဟဲဟာ ပထမ နော်ဝေ နိုင်ငံကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒါအပြင် ဂူဒါမင်းသမီးနဲ့ လက်ထပ်ပြီး ကလေး ငါး ယောက်ထွန်းကားခဲ့ တယ်တဲ့။ သူတို့ ပထမ နော်ဝေနိုင်ငံတော် တည်ဆောက်ပုံက အချစ်ဇာတ်လမ်းလေးနဲ့တောင် တူသေးတယ်။

ဒါပေမဲ့ ဒီအကြောင်းတွေက သူခေတ်မှာ ရေးခဲ့တဲ့ ကဗျာတွေရယ်၊ သူသေပြီး နှစ် ၃၀၀ လောက်မှ ရေးတဲ့ စကန်ဒီနေဗီးယန်း ပုံပြင် (Scandinavian sagas) ပေါ်မှာ အခြေခံပြီး ပြန်ရေးပြတာဆိုတော့ သမိုင်းအချက်အလက်အနေနဲ့ အတိအကျကြီး ယူလို့မရဘူး။ ခုချိန်ထိ အငြင်းပွါးစရာတွေ အများကြီး ရှိသေးတယ်။ ဒါပေမဲ့ အနော်ရထာမင်းကို ပထမ မြန်မာနိုင်ငံတည်ထောင်တဲ့ မင်းလို့ သမိုင်းပညာရှိတွေက သတ်မှတ်ထားသလို ဘုရင် ဟာရယ်ဖယ်ဟဲ ကို ပထမ နော်ဝေနိုင်ငံတော် တည်ထောင်တဲ့ မင်းလို့ သတ်မှတ်ထားကြတယ်။ အနော်ရထာမင်းဟာ ငြိမ်းချမ်းတဲ့ ဘာသာရေးအတွက် လူ့အသက်ပေါင်းများစွာကို သေကြေပျက်ဆီးစေတဲ့ စစ်ပွဲတွေတိုက်ခဲ့သလို၊ ဘုရင် ဟာရယ်ဖယ်ဟဲ ဟာလည်း နူးညံ့တဲ့ အချစ်အတွက်၊ ရက်စက်ကြမ်းကြုပ်တဲ့ စစ်ပွဲတွေ ဖန်တီးခဲ့တယ်လို့ ပြောချင်ရင် ပြောလို့ရတယ်။

သူ့ရဲ့ အချစ် ဇာတ်လမ်းကလည်း ဂူဒါမင်းသမီးနဲ့ တင် အရှိန်မထိမ်းနိုင်ပဲ နောက်ထပ် မိန်းမ ၉ ယောက်ထပ်ယူရတဲ့ အဖြစ်ကို ရောက်ခဲ့တယ်လို့ သိရတယ်။ နောက်ဆုံးတစ်ယောက်မှာ သူ့အချစ်ရှိန်က အမြင့်ဆုံးရောက်သွားပြီး ဂူဒါ အပါအဝင် ရှေ့ကယူထားတဲ့ မိန်းမ ၉ ယောက်ကို ကွာပြီးမှ နောက်ဆုံး မိန်းမနဲ့ ပေါင်းသင်းနေထိုင် သွားသတဲ့။ ဟုတ်မဟုတ်တော့ မသိဘူး။ အနော်ရထာမင်းကြီးပြစ်လိုက်တဲ့ လှံက ကျန်စစ်သားကို ချည်ထားတဲ့ ကြိုးကိုမှ သွားထိသေးတာပဲ။ မယုံ ပုံပြင်လို့သာ မှတ်ရတော့ မှာပေါ့။

မျိုးဇေယျာဦး
(ခေါ်ရခက်တဲ့ preikestolen)

Leave a Reply