အသံထက္ျမန္ေသာ ခရီးသည္တင္ေလယာဥ္ႀကီးေတြအေၾကာင္း

Posted on

ေရးသားသူ – မုိးမခ (သုတဗေဒသာ)

လြန္ခဲ့တဲ့ ၁၀ ႏွစ္ေက်ာ္ေက်ာ္ေလာက္က ကမၻာမွာ အသံထက္ျမန္တဲ့ ခရီးသည္တင္ေလယာဥ္ႀကီးေတြ ေခတ္စားခဲ့တယ္။ ၿဗိတိန္ နဲ႔ ျပင္သစ္ႏိုင္ငံ ဖက္စပ္ ထုတ္လုပ္တဲ့ ကြန္းေကာ့ (Concorde) လို႔ေခၚတဲ့ ေလယာဥ္ႀကီးေတြဟာ မိုင္ေပါင္း ၆၀၀၀ ေက်ာ္ေလာက္ေဝးတဲ့ လန္ဒန္ၿမိဳ႕နဲ႔ နယူးေယာက္ၿမိဳ႕ကို ေလးနာရီေလာက္နဲ႔ ပ်ံသန္းႏိုင္ၿပီး ခရီးသည္ ၉၂ေယာက္ကေန ၁၂၈ေယာက္ ကို အသံထက္ႏွစ္ဆေလာက္ျမန္တဲ့ ျမန္ႏႈန္းနဲ႔ ပ်ံသန္းပို႔ေဆာင္ႏိုင္တာျဖစ္တယ္။ ေလယာဥ္ႀကီးရဲ႕ အျမန္ႏႈန္းက ၁၃၅၄မုိင္ ျဖစ္ၿပီး ၁၉၆၉ခုႏွစ္မွာ ပထမဆုံး စတင္ပ်ံသန္းခဲ့တယ္။

ဒီေလယာဥ္ႀကီးေတြကို သာမန္လူေတြမစီးႏုိင္ပဲ ပုိက္ဆံရွိသူေတြသာစီးေလ့ရွိပါတယ္။ အေၾကာင္းကေတာ့ ဒီေလယာဥ္ႀကီးမွာ ျမန္လြန္းတဲ့အျမန္ႏႈန္းနဲ႔ သက္ေတာင့္သက္သာရွိေစမယ့္ ပစၥည္းေတြကိုတပ္ဆင္ထားတဲ့အတြက္ ေစ်းႏႈန္းဟာ ပုံမွန္ခရီးသည္ေလယာဥ္ေတြထက္ မ်ားလြန္းေနလုိ႔ျဖစ္ပါတယ္။ ဥပမာေျပာရရင္ ၁၉၉၇ခုႏွစ္မွာ နယူးေယာက္ကေန လန္ဒန္ကို သြားတဲ့ဒီေလယာဥ္ႀကီးရဲ႕ ေစ်းႏႈန္းက ၇၉၉၅ေဒၚလာ ျဖစ္ပါတယ္။ ဒီေစ်းႏႈန္းဟာ အဲဒီအခ်ိန္ကေစ်းသက္သာတဲ့ ေလေၾကာင္းလုိင္းေတြရဲ႕ေစ်းႏႈန္းထက္ အဆေပါင္း ၃၀ခန္႔ ပိုႀကီးေနပါတယ္။

ဒါေပမဲ့လည္း ဒီေလယာဥ္ႀကီးေတြရဲ႕ အသံဟာ ဆူညံလြန္းတဲ့အတြက္ အနီးပတ္ဝန္းက်င္က လူေတြက အသံေၾကာင့္ အေႏွာင့္အယွက္ျဖစ္တယ္ဆိုၿပီး ဒီေလယာဥ္ႀကီးေတြကို ကန္႔ကြက္ဆန္႔က်င္သူမ်ား ေပၚေပါက္လာတယ္။ တျဖည္းျဖည္းနဲ႔ ေလယာဥ္စီးခရီး သည္မ်ားလည္း ေလ်ာ့နည္းလာတဲ့အတြက္ ေနာက္ဆုံး မွာ ကြန္းေကာ့ေလယာဥ္ႀကီးေတြရဲ႕ ပ်ံသန္းမႈကို ရပ္ဆိုင္းခဲ့ရၿပီး ေလယာဥ္ႀကီးေတြဟာလည္း ျပတိုက္ထဲကို ေရာက္သြားခဲ့တာ ျဖစ္တယ္။

ကမၻာ့ေလေၾကာင္း ပ်ံသန္းမႈဆိုင္ရာ သိပၸံပညာရွင္ေတြကလည္း မနားမေန ဆက္လက္ႀကိဳးပမ္း ႀကံဆၾကရာမွာ ယခုအခါ ယခင္ ကြန္းေကာ့ေလယာဥ္ႀကီး ေတြေလာက္ ဆူညံသံ မျပင္းထန္တဲ့ ေနာ႔သ္ေရာ့-၅ (Northrop-5) ဆိုတဲ့ အသံထက္ျမန္တဲ့ ခရီးသည္တင္ ေလယာဥ္အမ်ိဳးအစားတစ္ခုကို စတင္တီထြင္ထုတ္လုပ္စမ္းသပ္ေနၿပီ ျဖစ္တယ္။ အေမရိကန္ႏိုင္ငံရဲ႕ ကာကြယ္ေရးဆိုင္ရာ သုေတသနစီမံကိန္း ေအဂ်င္စီ (Defense Advanced Research Projects Agency) က စမ္းသပ္ ထုတ္လုပ္ေနတဲ့ အသံထက္ျမန္တဲ့ ေနာ႔သ္ေရာ့-၅ ေလယာဥ္ႀကီးဟာ အသံထက္ ႏွစ္ဆနီးပါးျဖစ္တဲ့ မက္ခ္် ၁ ဒသမ ၈ (Mach 1 . 8) ျမန္ႏႈန္းနဲ႔ ပ်ံသန္းႏိုင္တဲ့ ခရီးသည္ပို႔ေဆာင္ေရးေလယာဥ္အျဖစ္ေဈးကြက္ဝင္ေရာက္ႏိုင္ရန္ ထုတ္လုပ္စမ္းသပ္ေနတာျဖစ္တယ္။

ဒီလို အသံထက္ျမန္တဲ့ ခရီးသည္တင္ေလယာဥ္ႀကီးေတြကို ထုတ္လုပ္ခဲ့ဖူးတဲ့ (Gulfstream Aero-Space)ကုမၸဏီနဲ႔ အေမရိကန္အမ်ိဳးသားေလေၾကာင္း နဲ႔ အာကာသ စီမံခန္႔ခြဲေရးအဖြဲ႕ျဖစ္တဲ့ နာဆာ (NASA) တို႔ပူးေပါင္းၿပီး တီထြင္ထုတ္လုပ္ခဲ့တာျဖစ္တယ္။

ေလယာဥ္ရဲ႕ ေရွ႕ပိုင္းဟာ ရွည္ေမ်ာေမ်ာ ဆူးခၽြန္ ပုံသ႑ာန္ရွိၿပီး အထူးျပဳျပင္ေျပာင္းလဲထားတဲ့ ႏႈတ္သီးသ႑န္ဦးေခါင္းပိုင္းနဲ႔ ယခင္က ကြန္းေကာ့ေလယာဥ္ႀကီးေတြနဲ႔ မတူတဲ့ ေတာင္ပံတည္ေဆာက္ပုံနဲ႔ ဖြဲ႕စည္းထားတာ ျဖစ္တယ္။ ေလယာဥ္ေတာင္ပံဟာ ကိုယ္ထည္ရဲ႕ေနာက္ပိုင္းကို ေျပာင္းေ႐ႊ႕ထားၿပီးခပ္ေစြေစြ အေနအထားျဖစ္တယ္။ ဒီေလယာဥ္ႀကီးရဲ႕ဦးေခါင္းဟာ ႏႈတ္သီးသဖြယ္ ခၽြန္ထြက္ေနၿပီး ကာဗြန္ဖိုင္ဘာနဲ႔ ျပဳလုပ္ထားတာ ျဖစ္တယ္။ ဒီလိုရွည္လ်ားတဲ့ ႏႈတ္သီးပုံ႑ာန္ေၾကာင့္ ေလပူစီးေၾကာင္းေတြကို ေကာင္းစြာ ထိုးေဖာက္ခြဲျဖာသြားႏိုင္တဲ့အတြက္ အသံဆူညံမႈကို ေလၽွာ႔ခ်ႏိုင္တာျဖစ္တယ္။

ဒါ့ျပင္ ေလယာဥ္ရဲ႕ ေနာက္ပိုင္းကေစြေစာင္းေနတဲ့ ေတာင္ပံႏွစ္ဖက္ကလည္း ေရွ႕ကတိုးဝင္လာတဲ့ ေလပူစီးေၾကာင္းေတြကို ထပ္မံၿပီး ခြဲျဖာစိတ္ ႁမႊာလိုက္တဲ့အတြက္ အသံလႈိင္းမ်ားရဲ႕လႈပ္ခတ္မႈကို ပိုမိုၿပိဳကြဲသြားေစတယ္။ ဒါေၾကာင့္ေလယာဥ္ႀကီး ပ်ံသန္းေနစဥ္မွာ တိုးဝင္လာတဲ့ ေလပူစီးေၾကာင္းမ်ားဟာ အားေပ်ာ့ၿပီး အသံဆူညံမႈကိုေပ်ာက္ကြယ္လုနီးပါးျဖစ္ေအာင္ ေလၽွာ႔ခ်ႏိုင္တာျဖစ္တယ္။ ဒီေလယာဥ္ႀကီးေတြဟာ ခရီးသည္ ပို႔ေဆာင္ေရးေလယာဥ္ေဈးကြက္အတြင္းကို မၾကာခင္ ဝင္ေရာက္လာေတာ့မွာ ျဖစ္ပါတယ္။

———————-
အသံထက္ျမန္ေသာ ခရီးသည္တင္ေလယာဥ္ႀကီးမ်ား (unicode)

ေရးသားသူ – မုိးမခ(သုတဗေဒသာ)

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကျော်လောက်က ကမ္ဘာမှာ အသံထက်မြန်တဲ့ ခရီးသည်တင်လေယာဉ်ကြီးတွေ ခေတ်စားခဲ့တယ်။ ဗြိတိန် နဲ့ ပြင်သစ်နိုင်ငံ ဖက်စပ် ထုတ်လုပ်တဲ့ ကွန်းကော့ (Concorde) လို့ခေါ်တဲ့ လေယာဉ်ကြီးတွေဟာ မိုင်ပေါင်း ၆၀၀၀ ကျော်လောက်ဝေးတဲ့ လန်ဒန်မြို့နဲ့ နယူးယောက်မြို့ကို လေးနာရီလောက်နဲ့ ပျံသန်းနိုင်ပြီး ခရီးသည် ၉၂ယောက်ကနေ ၁၂၈ယောက် ကို အသံထက်နှစ်ဆလောက်မြန်တဲ့ မြန်နှုန်းနဲ့ ပျံသန်းပို့ဆောင်နိုင်တာဖြစ်တယ်။ လေယာဉ်ကြီးရဲ့ အမြန်နှုန်းက ၁၃၅၄မိုင် ဖြစ်ပြီး ၁၉၆၉ခုနှစ်မှာ ပထမဆုံး စတင်ပျံသန်းခဲ့တယ်။

ဒီလေယာဉ်ကြီးတွေကို သာမန်လူတွေမစီးနိုင်ပဲ ပိုက်ဆံရှိသူတွေသာစီးလေ့ရှိပါတယ်။ အကြောင်းကတော့ ဒီလေယာဉ်ကြီးမှာ မြန်လွန်းတဲ့အမြန်နှုန်းနဲ့ သက်တောင့်သက်သာရှိစေမယ့် ပစ္စည်းတွေကိုတပ်ဆင်ထားတဲ့အတွက် ဈေးနှုန်းဟာ ပုံမှန်ခရီးသည်လေယာဉ်တွေထက် များလွန်းနေလို့ဖြစ်ပါတယ်။ ဥပမာပြောရရင် ၁၉၉၇ခုနှစ်မှာ နယူးယောက်ကနေ လန်ဒန်ကို သွားတဲ့ဒီလေယာဉ်ကြီးရဲ့ ဈေးနှုန်းက ၇၉၉၅ဒေါ်လာ ဖြစ်ပါတယ်။ ဒီဈေးနှုန်းဟာ အဲဒီအချိန်ကဈေးသက်သာတဲ့ လေကြောင်းလိုင်းတွေရဲ့ဈေးနှုန်းထက် အဆပေါင်း ၃ဝခန့် ပိုကြီးနေပါတယ်။

ဒါပေမဲ့လည်း ဒီလေယာဉ်ကြီးတွေရဲ့ အသံဟာ ဆူညံလွန်းတဲ့အတွက် အနီးပတ်ဝန်းကျင်က လူတွေက အသံကြောင့် အနှောင့်အယှက်ဖြစ်တယ်ဆိုပြီး ဒီလေယာဉ်ကြီးတွေကို ကန့်ကွက်ဆန့်ကျင်သူများ ပေါ်ပေါက်လာတယ်။ တဖြည်းဖြည်းနဲ့ လေယာဉ်စီးခရီး သည်များလည်း လျော့နည်းလာတဲ့အတွက် နောက်ဆုံး မှာ ကွန်းကော့လေယာဉ်ကြီးတွေရဲ့ ပျံသန်းမှုကို ရပ်ဆိုင်းခဲ့ရပြီး လေယာဉ်ကြီးတွေဟာလည်း ပြတိုက်ထဲကို ရောက်သွားခဲ့တာ ဖြစ်တယ်။

ကမ္ဘာ့လေကြောင်း ပျံသန်းမှုဆိုင်ရာ သိပ္ပံပညာရှင်တွေကလည်း မနားမနေ ဆက်လက်ကြိုးပမ်း ကြံဆကြရာမှာ ယခုအခါ ယခင် ကွန်းကော့လေယာဉ်ကြီး တွေလောက် ဆူညံသံ မပြင်းထန်တဲ့ နော့သ်ရော့-၅ (Northrop-5) ဆိုတဲ့ အသံထက်မြန်တဲ့ ခရီးသည်တင် လေယာဉ်အမျိုးအစားတစ်ခုကို စတင်တီထွင်ထုတ်လုပ်စမ်းသပ်နေပြီ ဖြစ်တယ်။ အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာ သုတေသနစီမံကိန်း အေဂျင်စီ (Defense Advanced Research Projects Agency) က စမ်းသပ် ထုတ်လုပ်နေတဲ့ အသံထက်မြန်တဲ့ နော့သ်ရော့-၅ လေယာဉ်ကြီးဟာ အသံထက် နှစ်ဆနီးပါးဖြစ်တဲ့ မက်ခ်ျ ၁ ဒသမ ၈ (Mach 1 . 8) မြန်နှုန်းနဲ့ ပျံသန်းနိုင်တဲ့ ခရီးသည်ပို့ဆောင်ရေးလေယာဉ်အဖြစ်ဈေးကွက်ဝင်ရောက်နိုင်ရန် ထုတ်လုပ်စမ်းသပ်နေတာဖြစ်တယ်။

ဒီလို အသံထက်မြန်တဲ့ ခရီးသည်တင်လေယာဉ်ကြီးတွေကို ထုတ်လုပ်ခဲ့ဖူးတဲ့ (Gulfstream Aero-Space)ကုမ္ပဏီနဲ့ အမေရိကန်အမျိုးသားလေကြောင်း နဲ့ အာကာသ စီမံခန့်ခွဲရေးအဖွဲ့ဖြစ်တဲ့ နာဆာ (NASA) တို့ပူးပေါင်းပြီး တီထွင်ထုတ်လုပ်ခဲ့တာဖြစ်တယ်။

လေယာဉ်ရဲ့ ရှေ့ပိုင်းဟာ ရှည်မျောမျော ဆူးချွန် ပုံသဏ္ဍာန်ရှိပြီး အထူးပြုပြင်ပြောင်းလဲထားတဲ့ နှုတ်သီးသဏ္ဍန်ဦးခေါင်းပိုင်းနဲ့ ယခင်က ကွန်းကော့လေယာဉ်ကြီးတွေနဲ့ မတူတဲ့ တောင်ပံတည်ဆောက်ပုံနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်။ လေယာဉ်တောင်ပံဟာ ကိုယ်ထည်ရဲ့နောက်ပိုင်းကို ပြောင်းရွှေ့ထားပြီးခပ်စွေစွေ အနေအထားဖြစ်တယ်။ ဒီလေယာဉ်ကြီးရဲ့ဦးခေါင်းဟာ နှုတ်သီးသဖွယ် ချွန်ထွက်နေပြီး ကာဗွန်ဖိုင်ဘာနဲ့ ပြုလုပ်ထားတာ ဖြစ်တယ်။ ဒီလိုရှည်လျားတဲ့ နှုတ်သီးပုံဏ္ဍာန်ကြောင့် လေပူစီးကြောင်းတွေကို ကောင်းစွာ ထိုးဖောက်ခွဲဖြာသွားနိုင်တဲ့အတွက် အသံဆူညံမှုကို လျှော့ချနိုင်တာဖြစ်တယ်။

ဒါ့ပြင် လေယာဉ်ရဲ့ နောက်ပိုင်းကစွေစောင်းနေတဲ့ တောင်ပံနှစ်ဖက်ကလည်း ရှေ့ကတိုးဝင်လာတဲ့ လေပူစီးကြောင်းတွေကို ထပ်မံပြီး ခွဲဖြာစိတ် မြွှာလိုက်တဲ့အတွက် အသံလှိုင်းများရဲ့လှုပ်ခတ်မှုကို ပိုမိုပြိုကွဲသွားစေတယ်။ ဒါကြောင့်လေယာဉ်ကြီး ပျံသန်းနေစဉ်မှာ တိုးဝင်လာတဲ့ လေပူစီးကြောင်းများဟာ အားပျော့ပြီး အသံဆူညံမှုကိုပျောက်ကွယ်လုနီးပါးဖြစ်အောင် လျှော့ချနိုင်တာဖြစ်တယ်။ ဒီလေယာဉ်ကြီးတွေဟာ ခရီးသည် ပို့ဆောင်ရေးလေယာဉ်ဈေးကွက်အတွင်းကို မကြာခင် ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။

Leave a Reply