ရွာမွရွားတဲ့ ျမန္မာ့အမ်ဳိးသမီး (သုိ႔) ျမန္မာ့ဂုဏ္ေဆာင္ ေဒၚျမစိန္

Posted on

ႏွစ္ဆယ္ရာစု အတြင္း ျမန္မာ အမ်ိဳးသမီးမ်ား၏ ထူးခၽြန္ ထက္ျမက္မႈကို ကမၻာ့အလယ္တြင္ ပညာရည္ျဖင့္ ထင္ရွားေစခဲ့သူတဦးမွာ သမိုင္းပညာရွင္ ေဒၚျမစိန္ (၁၉ဝ၄-၁၉၈၈) ျဖစ္သည္။ ကိုလိုနီေခတ္ ျမန္မာအမ်ိဳးသမီးေလာကတြင္ ပညာရည္အားျဖင့္ လည္းေကာင္း၊ မ်ိဳး႐ိုး ဂုဏ္ရည္အားျဖင့္ လည္းေကာင္း၊ ပင္ကိုယ္ထူးခၽြန္ ထက္ျမက္မႈ အရည္အေသြးအားျဖင့္ လည္းေကာင္း ေဒၚျမစိန္ (M.A., B.Litt. Oxford) ကို ယွဥ္ႏိုင္သူ မရွိဟုပင္ ဆိုရပါမည္။

ေဒၚျမစိန္ကို ၁၉ဝ၄ ခုႏွစ္၊ ေအာက္တိုဘာလ ၁၃ ရက္ေန႔တြင္ ေမာ္လၿမိဳင္ၿမိဳ႕၌ ဖြားသည္။ အဖ ျပည္ထဲေရး ဝန္ႀကီးခ်ဳပ္ ဦးေမေအာင္၊ အမိ ေဒၚသိန္းျမ ျဖစ္သည္။ ဖခင္ ဦးေမေအာင္မွာ ရခိုင္ အမ်ိဳးသား ေငြစာရင္းမင္းႀကီး (အိႏၵိယ ေငြတိုက္ဝန္) ဦးလွေအာင္၏ တူျဖစ္သည္။ မိခင္ ေဒၚသိန္းျမမွာ မြန္လူမ်ိဳး စစ္ကဲႀကီး ဦးေထာ္ေလး၏ ျမစ္ ျဖစ္သည္။ ေဒၚျမစိန္မွာ ေမြးခ်င္း သုံးေယာက္တြင္ အေထြးဆုံး ျဖစ္၍ ငယ္မည္မွာ ေမ ျဖစ္သည္။ အစ္ကို သာဒိုးေအာင္ႏွင့္ ထြန္းလွေအာင္တို႔မွာ ထိုေခတ္က ထင္ရွားလွေသာ ရေနာင္း ပညာထူးခၽြန္ဆု (Renoun Prize) ရသည္။ ဖခင္ ဦးေမေအာင္လည္း ဤဆုကို ရခဲ့သည္။ အစ္ကိုႀကီး သာဒိုးေအာင္မွာ ပညာ ထူးခၽြန္ေသာ္လည္း ငယ္စဥ္ကပင္ က်န္းမာေရး ခ်ိဳ႕တဲ့၍ ဘီေအ ေနာက္ဆုံးႏွစ္ ပညာ သင္ၾကားေနစဥ္ ကြယ္လြန္ခဲ့သည္။ သာဒိုးေအာင္ကို အေၾကာင္းျပဳ၍ ရန္ကုန္ တကၠသိုလ္ သိပၸံ ဥပစာတန္း ပထမဆု ရသူမ်ားကို “သာဒိုးေအာင္ဆု” ဖခင္ ျဖစ္သူက တီထြင္ေပးခဲ့သည္။ အစ္ကို ထြန္းလွေအာင္မွာ လြတ္လပ္ေရးေခတ္ဦး ရဲမင္းႀကီး ဦးထြန္းလွေအာင္ အျဖစ္ ထင္ရွားသည္။

ငယ္႐ြယ္စဥ္ကပင္ အိမ္တြင္ အဂၤလိပ္စာႏွင့္ ျပင္သစ္စာကို သီးသန္႔ သင္ခဲ့ရသည္။ ခရစ္ယာန္ ဘာသနာျပဳ ဒိုင္အိုဆီဇင္ မိန္းကေလးေက်ာင္း (Diocesan Girl’s High School)တြင္ ၇ တန္း ပထမ ရသည္။ သို႔ေသာ္ ခရစ္ယာန္ ဘာသာဝင္ မဟုတ္၍ ပညာသင္ဆု (Scholarship) မရခဲ့ေခ်။ ထို႔ေၾကာင့္ ဖခင္က ရွင္မာရီေက်ာင္း (St. Mary’s SPG High School) သို႔ ေျပာင္းေ႐ႊ႕ ပညာ သင္ေစသည္။ အသက္ ၁၅ ႏွစ္ အ႐ြယ္ ၁၉၁၉ ခုႏွစ္တြင္ ဟိုက္စကူးဖိုင္နယ္ စာေမးပြဲကို ျမန္မာစာ၊ အဂၤလိပ္စာ၊ ရာဇဝင္၊ အပိုသခ်ၤာ၊ အိမ္တြင္းမႈ သိပၸံ ဘာသာရပ္ အားလုံးတြင္ ဂုဏ္ထူးျဖင့္ ေအာင္ျမင္သည္။

တႏိုင္ငံလုံးတြင္ တတိယ ရခဲ့သည္။ ရန္ကုန္ ေကာလိပ္တြင္ ပညာ ဆက္လက္ သင္ၾကားရာ အိုင္ေအ အထက္တန္းကို အဂၤလိပ္၊ သခ်ၤာ၊ ရာဇဝင္၊ ႐ူပေဗဒ ၄ ဘာသာ ဂုဏ္ထူးျဖင့္ ပထမ ရသည္။ ဂ်ားဒင္းဆု (Jardin Prize) ခ်ီးျမႇင့္ ခံရသည္။ ဤဆုကို ဖခင္ ဦးေမေအာင္လည္း ရရွိခဲ့သည္။ ၁၉၂၇ ခုႏွစ္တြင္ ရန္ကုန္ တကၠသိုလ္မွ မဟာဝိဇၨာဘြဲ႕ကို ပထမဆင့္မွ ပထမ ရခဲ့သည္။ ၁၉၂၈-၃ဝ တြင္ အစိုးရပညာေတာ္သင္ အျဖစ္ အဂၤလန္ႏိုင္ငံ ေအာက္စဖို႔ဒ္ တကၠသိုလ္၌ ပညာ ဆက္လက္ ဆည္းပူးရာ ဆရာျဖစ္သင္ ဒီပလိုမာႏွင့္ ဘီလစ္ဘြဲ႕ (B. Litt.) ရခဲ့သည္။

ေဒၚျမစိန္သည္ ဖေအတူ သမီးဟု ဆိုႏိုင္ပါသည္။ ဖခင္ ဦးေမေအာင္(M.A., L.L. M. Cambridge, Barrister at Law) မွာ ကိုလိုနီေခတ္ အုပ္ခ်ဳပ္ေရး၊ တရားေရး၊ ပညာေရး၊ ႏိုင္ငံေရး ေလာကတို႔တြင္ ဘက္စုံ ထူးခၽြန္ ထက္ျမက္ခဲ့သူတဦး ျဖစ္သည္။ ဘိလပ္ျပန္ ဝတ္လုံေတာ္ရ၊ တရားသူႀကီး၊ ဥပေဒ ပါေမာကၡ၊ ျမန္မာ့ ဓေလ့ထုံးတမ္း ဥပေဒပညာရွင္၊ ျမန္မာႏိုင္ငံ သုေတသန အသင္း တည္ေထာင္သူ၊ သုေတသန အသင္း ဂ်ာနယ္အယ္ဒီတာ၊ ဝိုင္အမ္ဘီေအ အသင္း ဥကၠ႒၊ ဒိုင္အာခီေခတ္ ျပည္ထဲေရး ဝန္ႀကီးခ်ဳပ္ စသည္ျဖင့္ စြယ္စုံထင္ရွားသည္။

 

ထိုေခတ္ အုပ္ခ်ဳပ္သူ ၿဗိတိသၽွတို႔ကပင္ သူ၏ ထူးခၽြန္ထက္ျမက္မႈကို အသိအမွတ္ျပဳ၍ ေလးေလးစားစား ဆက္ဆံခဲ့ရေသာ ပုဂၢိဳလ္တဦး ျဖစ္သည္။ ထို႔အတူ ေဒၚျမစိန္သည္ ကိုလိုနီေခတ္ အတြင္း ျမန္မာ အမ်ိဳးသမီးမ်ားထဲမွ မဟာဝိဇၨာဘြဲ႕ႏွင့္ ဘီလစ္ဘြဲ႕ကို ပထမဦးဆုံး ရခဲ့သူ၊ ျမန္မာ့အုပ္ခ်ဳပ္ေရးသမိုင္းကို အဂၤလိပ္ဘာသာျဖင့္ အေစာဆုံး ေရးသားခဲ့သူ၊ ၁၉၃၁ ခုႏွစ္၊ ဂ်ီနီဗာတြင္ ႏိုင္ငံေပါင္းခ်ဳပ္အသင္းႀကီးက ႀကီးမႉးက်င္းပသည့္ အမ်ိဳးသမီးမ်ား အခြင့္အေရး စီစစ္မႈ ေကာ္မတီသို႔ တက္ေရာက္ခဲ့သူ၊ ၁၉၃၁-၃၂ တြင္ လန္ဒန္ၿမိဳ႕၌ က်င္းပသည့္ ျမန္မာ့ႏိုင္ငံေရးႏွင့္ ပတ္သက္ေသာ မ်က္ႏွာစုံညီ အစည္းအေဝးသို႔ တက္ေရာက္ရသူ စသည္ျဖင့္ ထင္ရွားသည္။

ေဒၚျမစိန္၏ လူသိနည္းေသာ စြမ္းေဆာင္ခ်က္တရပ္မွာ ဒုတိယ ကမၻာစစ္ၿပီးခ်ိန္ ဖဆပလ အဖြဲ႕ခ်ဳပ္သည္ ျမန္မာ့ လြတ္လပ္ေရး အတြက္ ၿဗိတိသၽွ အစိုးရႏွင့္ ေစ့စပ္ အေရးဆိုရေသာ အခါ ျမန္မာ့ သေဘာထား အမွန္ကို ၿဗိတိသၽွတို႔ သေဘာေပါက္ နားဝင္ေစရန္ ေဟာေျပာ ေဆာင္႐ြက္ခဲ့ရျခင္းပင္ ျဖစ္သည္။ ၁၉၄၆ ခုႏွစ္၊ ပါရီ ယူနက္စကို ကြန္ဖရင့္ တက္ေရာက္ခဲ့စဥ္ ၿဗိတိသၽွ ေလဘာပါတီ၏ အမတ္အခ်ိဳ႕ႏွင့္ ေတြ႕ဆုံ၍ ျမန္မာတို႔၏ လြပ္လပ္ေရးႏွင့္ ပတ္သက္ေသာ သေဘာထားကို ရွင္းလင္း တင္ျပခဲ့သည္။ ေဒၚျမစိန္သည္ ၁၉၄၈ ခုႏွစ္၊ လြတ္လပ္ေရး ရၿပီးေနာက္ ကုလသမဂၢ ညီလာခံ အစည္းအေဝးမ်ားတြင္ ႏိုင္ငံ ကိုယ္စားျပဳ၍ တက္ေရာက္ခဲ့ရရာ သူ၏ ထူးခၽြန္ ထက္ျမက္မႈ၊ အဂၤလိပ္ဘာသာ အေဟာအေျပာ ကၽြမ္းက်င္မႈတို႔ေၾကာင့္ အလြန္ထင္ရွားခဲ့သည္။

၁၉၃ဝ-၃၁ တြင္ ေဒၚႀကီးႀကီး ေနရွယ္နယ္ အမ်ိဳးသမီး အထက္တန္း ေက်ာင္းအုပ္၊
၁၉၃၁-၃၂ တြင္ ဂ်ီနီဗာ အမ်ိဳးသမီး ကြန္ဖရင့္ ကိုယ္စားလွယ္၊ လန္ဒန္ ပထမအႀကိမ္ မ်က္ႏွာစုံညီ အစည္းအေဝး ကိုယ္စားလွယ္၊
၁၉၃၃ ခုႏွစ္တြင္ အိုင္စီအက္ ဦးေ႐ႊေဘာ္ (Ph.D., M.A.B.L.) ႏွင့္ လက္ထပ္၍ သားတဦး (ဦးျမေဘာ္)၊ သမီးတဦး (ေဒၚျမသႏၲာ) ထြန္းကားခဲ့သည္။ ၁၉၃၇ ခုႏွစ္တြင္ ခင္ပြန္းသည္ႏွင့္ ျပတ္စဲ၍ ပညာေရး၊ လူမႈေရး၊ စာေပးေရးရာ လုပ္ငန္းမ်ားတြင္ တက္တက္ႂကြႂကြ ဦးေဆာင္ ပါဝင္ခဲ့သည္။
၁၉၃၈-၄၂ တြင္ ဝိတိုရိယ ဘုရင္မ အထိမ္းအမွတ္ အစိုးရ အထက္တန္းေက်ာင္းအုပ္၊ ရန္ကုန္ၿမိဳ႕ေတာ္ ျမဴနီစပယ္ အဖြဲ႕ဝင္၊ ရန္ကုန္ ပညာေရး ဘုတ္အဖြဲ႕ ဥကၠ႒၊ အမ်ိဳးသမီး ကာကြယ္ ေစာင့္ေရွာက္ေရး အသင္း ဒါ႐ိုက္တာ၊
၁၉၃၉ ခုႏွစ္တြင္ တ႐ုတ္ျပည္ ခ်စ္ၾကည္ေရး ကိုယ္စားလွယ္ အဖြဲ႕ဝင္၊
၁၉၄ဝ ျပည့္ႏွစ္တြင္ ေဒၚျမစိန္သည္ အဂၤလိပ္-ျမန္မာ ႏွစ္ဘာသာျဖင့္ ထုတ္ေဝေသာ “ကမၻာ့ ႐ုပ္စုံဂ်ာနယ္” (World Pictorial) ၌ အယ္ဒီတာ
၁၉၄၁-၄၂ ျပည္သူ႕ ကာကြယ္ေရး တပ္ဖြဲ႕ အမ်ိဳးသမီး ဌာနခြဲ အုပ္ခ်ဳပ္သူ၊ စစ္ေျပး ဒုကၡသည္မ်ား ကယ္ဆယ္ေရး အဖြဲ႕ လူႀကီး၊

၁၉၄၂-၄၅ အိႏၵိယႏိုင္ငံ ဆင္းမလာၿမိဳ႕ ျမန္မာ စစ္ေျပးအစိုးရ အဖြဲ႕ အႀကံေပး၊ ၁၉၄၆ ခုႏွစ္၊ ပါရီ ယူနက္စကို ကြန္ဖရင့္ ကိုယ္စားလွယ္၊
ပထမအႀကိမ္ ျမန္မာႏိုင္ငံလုံး ဆိုင္ရာ လန္ဒန္ မ်က္ႏွာစုံညီ အစည္းအေဝး (The Round Table Conference) သို႔ ျမန္မာႏိုင္ငံမွ ကိုယ္စားလွယ္ ၂၄ ဦး တက္ေရာက္ခဲ့ရာ ေဒၚျမစိန္သည္ တဦးတည္းေသာ အမ်ိဳးသမီး ကိုယ္စားလွယ္ ျဖစ္သည္။ ထိုကြန္ဖရင့္သို႔ ျမန္မာ့ႏိုင္ငံေရး ေခါင္းေဆာင္ ဦးဘေဘ၊ ဦးခ်စ္လႈိင္၊ အမ္ေအ ဦးေမာင္ႀကီး၊ သာယာဝတီ ဦးပု တို႔လည္း တက္ေရာက္သည္။ ကြန္ဖရင့္တြင္ ေဒၚျမစိန္သည္ တြဲေရး ခြဲေရးႏွင့္ ပတ္သက္၍ ၿဗိတိသၽွ အုပ္ခ်ဳပ္ေရး အေပၚ ျမန္မာတို႔၏ သေဘာထားကို ပြင့္ပြင့္လင္းလင္း ရဲဝံ့ဝံ့ တင္ျပခဲ့သည္။

ဒုတိယ ကမၻာစစ္မီး ျမန္မာျပည္ ကူးလာခ်ိန္တြင္ အဂၤလိပ္တပ္မ်ား အိႏၵိယသို႔ ဆုတ္ခြာခဲ့ရာ ေဒၚျမစိန္သည္လည္း တ႐ုပ္ျပည္နယ္စပ္ ခ်ဳံကင္းမွ အိႏၵိယသို႔ ကူးခဲ့သည္။ ထိုကိုယ္ေတြ႕ စစ္ေျပး အေတြ႕ႀကဳံမ်ားကို စစ္ၿပီးစ ၁၉၄၆ ခုႏွစ္တြင္ ဦးတင္ထြတ္ ဦးေဆာင္ ထုတ္ေဝေသာ Burmese Review (ဘားမီးရီျဗဴး) အဂၤလိပ္စာေစာင္တြင္ “Retreat to China, the war adventure of a Burmese lady” ျမန္မာ အမ်ိဳးသမီးမ်ား၏ စစ္အတြင္း အေတြ႕အႀကဳံ အမည္ျဖင့္ အခန္းဆက္ မွတ္တမ္းတင္ခဲ့သည္။ စစ္အတြင္း အိႏၵိယ၌ ေနထိုင္စဥ္ ဆင္းမလား စစ္ေျပး အစိုးရ ထုတ္ေဝေသာ Burma To-Day Vol. 1, No. 8 (June 1944) တြင္ ျမန္မာ အမ်ိဳးသမီး ဘဝကို ေဖာ္က်ဴးေသာ Little Lovely Diamond: the story of Kin Sein Hla ဝတၳဳတို႔ကို ေရးဖြဲ႕သည္။ ေဒၚမန္စမစ္ ဦးေဆာင္ေသာ ျမန္မာျပည္ စစ္ေျပး အစိုးရ၏ ျမန္မာျပည္ ဆိုင္ရာ အႀကံေပး အျဖစ္ ေဆာင္႐ြက္၍ Burma၊ ျပည္ျမန္မာႏွင့္ The Future of Burma ျမန္မာျပည္၏ အနာဂတ္ စာအုပ္ငယ္ ႏွစ္အုပ္ကို အဂၤလိပ္ ဘာသာျဖင့္ ေရးသားခဲ့သည္။

၁၉၅၁-၆ဝ ရန္ကုန္ တကၠသိုလ္ သမိုင္း ကထိက၊ ၁၉၅၄ ခုႏွစ္တြင္ အေမရိကန္ ျပည္ေထာင္စု ေလ့လာေရး အဖြဲ႕ဝင္၊
၁၉၅၆ ခုႏွစ္တြင္ အာရွေဖာင္ေဒးရွင္း အစီအစဥ္ျဖင့္ အေမရိကန္ တကၠသိုလ္ ေကာလိပ္ ၁၄ ခုတြင္ ျမန္မာ့ေရးရာ ေဟာေျပာ ပို႔ခ်ေရး ပညာရွင္၊
၁၉၆ဝ ျပည့္ႏွစ္တြင္ ဝန္ထမ္းဘဝမွ အၿငိမ္းစား ယူခဲ့ၿပီး သက္ႀကီး တကၠသိုလ္တြင္ သမိုင္း ကထိက အျဖစ္ ေခတၱ ေဆာင္႐ြက္

၁၉၆ဝ ခုႏွစ္တြင္ ဝါရွင္တန္ အျပည္ျပည္ ဆိုင္ရာ အမ်ိဳးသမီး ကြန္ဖရင့္ သဘာပတိ မိန္႔ခြန္း ေျပာၾကားသူ၊ အေမရိကန္ ျပည္ေထာင္စု ဆြစ္တာရီ ေကာလိပ္ အေရွ႕ေတာင္အာရွ ဆိုင္ရာ ဧည့္ပါေမာကၡ၊ ကိုလံဘီယာ တကၠသိုလ္တြင္ ျမန္မာ့ ယဥ္ေက်းမႈႏွင့္ သမိုင္း ဧည့္ပါေမာကၡ၊
ထိုသို႔ ေဆာင္႐ြက္ေနစဥ္ လန္ဒန္မွ ထုတ္ေဝေသာ Asian Affairs (London) အာရွေရးရာ စာေစာင္တြင္ Towards Independence in Burma; The role of women (ျမန္မာႏိုင္ငံ လြတ္လပ္ေရး ႀကိဳးပမ္းမႈတြင္ အမ်ိဳးသမီးမ်ား၏ အခန္းက႑)၊ Hemisphere စာေစာင္တြင္ Pagodas of Pagan (Bagan) (ပုဂံဘုရားမ်ား စာတမ္း) မ်ား ေရးသားခဲ့
၁၉၇ဝ ခုႏွစ္တြင္ အဂၤလန္ႏိုင္ငံ ေအာက္စဖို႔ဒ္ တကၠသိုလ္ စိန္႔ေဟာက္ ေကာလိပ္၌ သုေတသန ပညာရွင္ စသည္ျဖင့္ ေဆာင္႐ြက္ခဲ့သည္။
၁၉၈၈ ခုႏွစ္၊ ႏိုဝင္ဘာ ၁ဝ ရက္ေန႔တြင္ ကြယ္လြန္ခဲ့သည္။

ကုိးကား
ေစာမုံညင္း “ေဒၚျမစိန္”၊ ဗမာ (ျမန္မာ) အမ်ိဳးသမီးမ်ား။
“ေဒၚျမစိန္”၊ ႐ႈမဝ၊ အတြဲ ၈၊ အမွတ္ ၉၄ (မတ္ ၁၉၉၅)၊
ဘုန္းျမင့္၊ ေ႐ႊမင္းဝန္၊ “ျမန္မာ့ ဂုဏ္ေဆာင္ အမ္ေအ ေဒၚျမစိန္”
ေအာင္သန္႔၊ ဦး၊ “သံတမန္ ဝန္ထမ္းေပါက္စ ဘဝ”၊
ဓမၼဗ်ဴဟာ ေငြရတုစာေစာင္၊ (ဇူလိုင္ ၁၉၈၆)။
May sein, Daw. The Future of Burma (Manmar)- Bombay: Oxford University Press, 1945.
Myanmar Wikipedia


ရှာမှရှားတဲ့ မြန်မာ့အမျိုးသမီး (သို့) မြန်မာ့ဂုဏ်ဆောင် ဒေါ်မြစိန် (unicode)

နှစ်ဆယ်ရာစု အတွင်း မြန်မာ အမျိုးသမီးများ၏ ထူးချွန် ထက်မြက်မှုကို ကမ္ဘာ့အလယ်တွင် ပညာရည်ဖြင့် ထင်ရှားစေခဲ့သူတဦးမှာ သမိုင်းပညာရှင် ဒေါ်မြစိန် (၁၉ဝ၄-၁၉၈၈) ဖြစ်သည်။ ကိုလိုနီခေတ် မြန်မာအမျိုးသမီးလောကတွင် ပညာရည်အားဖြင့် လည်းကောင်း၊ မျိုးရိုး ဂုဏ်ရည်အားဖြင့် လည်းကောင်း၊ ပင်ကိုယ်ထူးချွန် ထက်မြက်မှု အရည်အသွေးအားဖြင့် လည်းကောင်း ဒေါ်မြစိန် (M.A., B.Litt. Oxford) ကို ယှဉ်နိုင်သူ မရှိဟုပင် ဆိုရပါမည်။

ဒေါ်မြစိန်ကို ၁၉ဝ၄ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် မော်လမြိုင်မြို့၌ ဖွားသည်။ အဖ ပြည်ထဲရေး ဝန်ကြီးချုပ် ဦးမေအောင်၊ အမိ ဒေါ်သိန်းမြ ဖြစ်သည်။ ဖခင် ဦးမေအောင်မှာ ရခိုင် အမျိုးသား ငွေစာရင်းမင်းကြီး (အိန္ဒိယ ငွေတိုက်ဝန်) ဦးလှအောင်၏ တူဖြစ်သည်။ မိခင် ဒေါ်သိန်းမြမှာ မွန်လူမျိုး စစ်ကဲကြီး ဦးထော်လေး၏ မြစ် ဖြစ်သည်။ ဒေါ်မြစိန်မှာ မွေးချင်း သုံးယောက်တွင် အထွေးဆုံး ဖြစ်၍ ငယ်မည်မှာ မေ ဖြစ်သည်။ အစ်ကို သာဒိုးအောင်နှင့် ထွန်းလှအောင်တို့မှာ ထိုခေတ်က ထင်ရှားလှသော ရနောင်း ပညာထူးချွန်ဆု (Renoun Prize) ရသည်။ ဖခင် ဦးမေအောင်လည်း ဤဆုကို ရခဲ့သည်။ အစ်ကိုကြီး သာဒိုးအောင်မှာ ပညာ ထူးချွန်သော်လည်း ငယ်စဉ်ကပင် ကျန်းမာရေး ချို့တဲ့၍ ဘီအေ နောက်ဆုံးနှစ် ပညာ သင်ကြားနေစဉ် ကွယ်လွန်ခဲ့သည်။ သာဒိုးအောင်ကို အကြောင်းပြု၍ ရန်ကုန် တက္ကသိုလ် သိပ္ပံ ဥပစာတန်း ပထမဆု ရသူများကို “သာဒိုးအောင်ဆု” ဖခင် ဖြစ်သူက တီထွင်ပေးခဲ့သည်။ အစ်ကို ထွန်းလှအောင်မှာ လွတ်လပ်ရေးခေတ်ဦး ရဲမင်းကြီး ဦးထွန်းလှအောင် အဖြစ် ထင်ရှားသည်။

ငယ်ရွယ်စဉ်ကပင် အိမ်တွင် အင်္ဂလိပ်စာနှင့် ပြင်သစ်စာကို သီးသန့် သင်ခဲ့ရသည်။ ခရစ်ယာန် ဘာသနာပြု ဒိုင်အိုဆီဇင် မိန်းကလေးကျောင်း (Diocesan Girl’s High School)တွင် ၇ တန်း ပထမ ရသည်။ သို့သော် ခရစ်ယာန် ဘာသာဝင် မဟုတ်၍ ပညာသင်ဆု (Scholarship) မရခဲ့ချေ။ ထို့ကြောင့် ဖခင်က ရှင်မာရီကျောင်း (St. Mary’s SPG High School) သို့ ပြောင်းရွှေ့ ပညာ သင်စေသည်။ အသက် ၁၅ နှစ် အရွယ် ၁၉၁၉ ခုနှစ်တွင် ဟိုက်စကူးဖိုင်နယ် စာမေးပွဲကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ ရာဇဝင်၊ အပိုသင်္ချာ၊ အိမ်တွင်းမှု သိပ္ပံ ဘာသာရပ် အားလုံးတွင် ဂုဏ်ထူးဖြင့် အောင်မြင်သည်။
တနိုင်ငံလုံးတွင် တတိယ ရခဲ့သည်။ ရန်ကုန် ကောလိပ်တွင် ပညာ ဆက်လက် သင်ကြားရာ အိုင်အေ အထက်တန်းကို အင်္ဂလိပ်၊ သင်္ချာ၊ ရာဇဝင်၊ ရူပဗေဒ ၄ ဘာသာ ဂုဏ်ထူးဖြင့် ပထမ ရသည်။ ဂျားဒင်းဆု (Jardin Prize) ချီးမြှင့် ခံရသည်။ ဤဆုကို ဖခင် ဦးမေအောင်လည်း ရရှိခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို ပထမဆင့်မှ ပထမ ရခဲ့သည်။ ၁၉၂၈-၃ဝ တွင် အစိုးရပညာတော်သင် အဖြစ် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်၌ ပညာ ဆက်လက် ဆည်းပူးရာ ဆရာဖြစ်သင် ဒီပလိုမာနှင့် ဘီလစ်ဘွဲ့ (B. Litt.) ရခဲ့သည်။

ဒေါ်မြစိန်သည် ဖအေတူ သမီးဟု ဆိုနိုင်ပါသည်။ ဖခင် ဦးမေအောင်(M.A., L.L. M. Cambridge, Barrister at Law) မှာ ကိုလိုနီခေတ် အုပ်ချုပ်ရေး၊ တရားရေး၊ ပညာရေး၊ နိုင်ငံရေး လောကတို့တွင် ဘက်စုံ ထူးချွန် ထက်မြက်ခဲ့သူတဦး ဖြစ်သည်။ ဘိလပ်ပြန် ဝတ်လုံတော်ရ၊ တရားသူကြီး၊ ဥပဒေ ပါမောက္ခ၊ မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေပညာရှင်၊ မြန်မာနိုင်ငံ သုတေသန အသင်း တည်ထောင်သူ၊ သုတေသန အသင်း ဂျာနယ်အယ်ဒီတာ၊ ဝိုင်အမ်ဘီအေ အသင်း ဥက္ကဋ္ဌ၊ ဒိုင်အာခီခေတ် ပြည်ထဲရေး ဝန်ကြီးချုပ် စသည်ဖြင့် စွယ်စုံထင်ရှားသည်။

ထိုခေတ် အုပ်ချုပ်သူ ဗြိတိသျှတို့ကပင် သူ၏ ထူးချွန်ထက်မြက်မှုကို အသိအမှတ်ပြု၍ လေးလေးစားစား ဆက်ဆံခဲ့ရသော ပုဂ္ဂိုလ်တဦး ဖြစ်သည်။ ထို့အတူ ဒေါ်မြစိန်သည် ကိုလိုနီခေတ် အတွင်း မြန်မာ အမျိုးသမီးများထဲမှ မဟာဝိဇ္ဇာဘွဲ့နှင့် ဘီလစ်ဘွဲ့ကို ပထမဦးဆုံး ရခဲ့သူ၊ မြန်မာ့အုပ်ချုပ်ရေးသမိုင်းကို အင်္ဂလိပ်ဘာသာဖြင့် အစောဆုံး ရေးသားခဲ့သူ၊ ၁၉၃၁ ခုနှစ်၊ ဂျီနီဗာတွင် နိုင်ငံပေါင်းချုပ်အသင်းကြီးက ကြီးမှူးကျင်းပသည့် အမျိုးသမီးများ အခွင့်အရေး စီစစ်မှု ကော်မတီသို့ တက်ရောက်ခဲ့သူ၊ ၁၉၃၁-၃၂ တွင် လန်ဒန်မြို့၌ ကျင်းပသည့် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်သော မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ရသူ စသည်ဖြင့် ထင်ရှားသည်။

ဒေါ်မြစိန်၏ လူသိနည်းသော စွမ်းဆောင်ချက်တရပ်မှာ ဒုတိယ ကမ္ဘာစစ်ပြီးချိန် ဖဆပလ အဖွဲ့ချုပ်သည် မြန်မာ့ လွတ်လပ်ရေး အတွက် ဗြိတိသျှ အစိုးရနှင့် စေ့စပ် အရေးဆိုရသော အခါ မြန်မာ့ သဘောထား အမှန်ကို ဗြိတိသျှတို့ သဘောပေါက် နားဝင်စေရန် ဟောပြော ဆောင်ရွက်ခဲ့ရခြင်းပင် ဖြစ်သည်။ ၁၉၄၆ ခုနှစ်၊ ပါရီ ယူနက်စကို ကွန်ဖရင့် တက်ရောက်ခဲ့စဉ် ဗြိတိသျှ လေဘာပါတီ၏ အမတ်အချို့နှင့် တွေ့ဆုံ၍ မြန်မာတို့၏ လွပ်လပ်ရေးနှင့် ပတ်သက်သော သဘောထားကို ရှင်းလင်း တင်ပြခဲ့သည်။ ဒေါ်မြစိန်သည် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး ရပြီးနောက် ကုလသမဂ္ဂ ညီလာခံ အစည်းအဝေးများတွင် နိုင်ငံ ကိုယ်စားပြု၍ တက်ရောက်ခဲ့ရရာ သူ၏ ထူးချွန် ထက်မြက်မှု၊ အင်္ဂလိပ်ဘာသာ အဟောအပြော ကျွမ်းကျင်မှုတို့ကြောင့် အလွန်ထင်ရှားခဲ့သည်။

၁၉၃ဝ-၃၁ တွင် ဒေါ်ကြီးကြီး နေရှယ်နယ် အမျိုးသမီး အထက်တန်း ကျောင်းအုပ်၊
၁၉၃၁-၃၂ တွင် ဂျီနီဗာ အမျိုးသမီး ကွန်ဖရင့် ကိုယ်စားလှယ်၊ လန်ဒန် ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေး ကိုယ်စားလှယ်၊
၁၉၃၃ ခုနှစ်တွင် အိုင်စီအက် ဦးရွှေဘော် (Ph.D., M.A.B.L.) နှင့် လက်ထပ်၍ သားတဦး (ဦးမြဘော်)၊ သမီးတဦး (ဒေါ်မြသန္တာ) ထွန်းကားခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ခင်ပွန်းသည်နှင့် ပြတ်စဲ၍ ပညာရေး၊ လူမှုရေး၊ စာပေးရေးရာ လုပ်ငန်းများတွင် တက်တက်ကြွကြွ ဦးဆောင် ပါဝင်ခဲ့သည်။
၁၉၃၈-၄၂ တွင် ဝိတိုရိယ ဘုရင်မ အထိမ်းအမှတ် အစိုးရ အထက်တန်းကျောင်းအုပ်၊ ရန်ကုန်မြို့တော် မြူနီစပယ် အဖွဲ့ဝင်၊ ရန်ကုန် ပညာရေး ဘုတ်အဖွဲ့ ဥက္ကဋ္ဌ၊ အမျိုးသမီး ကာကွယ် စောင့်ရှောက်ရေး အသင်း ဒါရိုက်တာ၊
၁၉၃၉ ခုနှစ်တွင် တရုတ်ပြည် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်၊
၁၉၄ဝ ပြည့်နှစ်တွင် ဒေါ်မြစိန်သည် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေသော “ကမ္ဘာ့ ရုပ်စုံဂျာနယ်” (World Pictorial) ၌ အယ်ဒီတာ
၁၉၄၁-၄၂ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ အမျိုးသမီး ဌာနခွဲ အုပ်ချုပ်သူ၊ စစ်ပြေး ဒုက္ခသည်များ ကယ်ဆယ်ရေး အဖွဲ့ လူကြီး၊

၁၉၄၂-၄၅ အိန္ဒိယနိုင်ငံ ဆင်းမလာမြို့ မြန်မာ စစ်ပြေးအစိုးရ အဖွဲ့ အကြံပေး၊ ၁၉၄၆ ခုနှစ်၊ ပါရီ ယူနက်စကို ကွန်ဖရင့် ကိုယ်စားလှယ်၊
ပထမအကြိမ် မြန်မာနိုင်ငံလုံး ဆိုင်ရာ လန်ဒန် မျက်နှာစုံညီ အစည်းအဝေး (The Round Table Conference) သို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ၂၄ ဦး တက်ရောက်ခဲ့ရာ ဒေါ်မြစိန်သည် တဦးတည်းသော အမျိုးသမီး ကိုယ်စားလှယ် ဖြစ်သည်။ ထိုကွန်ဖရင့်သို့ မြန်မာ့နိုင်ငံရေး ခေါင်းဆောင် ဦးဘဘေ၊ ဦးချစ်လှိုင်၊ အမ်အေ ဦးမောင်ကြီး၊ သာယာဝတီ ဦးပု တို့လည်း တက်ရောက်သည်။ ကွန်ဖရင့်တွင် ဒေါ်မြစိန်သည် တွဲရေး ခွဲရေးနှင့် ပတ်သက်၍ ဗြိတိသျှ အုပ်ချုပ်ရေး အပေါ် မြန်မာတို့၏ သဘောထားကို ပွင့်ပွင့်လင်းလင်း ရဲဝံ့ဝံ့ တင်ပြခဲ့သည်။

ဒုတိယ ကမ္ဘာစစ်မီး မြန်မာပြည် ကူးလာချိန်တွင် အင်္ဂလိပ်တပ်များ အိန္ဒိယသို့ ဆုတ်ခွာခဲ့ရာ ဒေါ်မြစိန်သည်လည်း တရုပ်ပြည်နယ်စပ် ချုံကင်းမှ အိန္ဒိယသို့ ကူးခဲ့သည်။ ထိုကိုယ်တွေ့ စစ်ပြေး အတွေ့ကြုံများကို စစ်ပြီးစ ၁၉၄၆ ခုနှစ်တွင် ဦးတင်ထွတ် ဦးဆောင် ထုတ်ဝေသော Burmese Review (ဘားမီးရီဗြူး) အင်္ဂလိပ်စာစောင်တွင် “Retreat to China, the war adventure of a Burmese lady” မြန်မာ အမျိုးသမီးများ၏ စစ်အတွင်း အတွေ့အကြုံ အမည်ဖြင့် အခန်းဆက် မှတ်တမ်းတင်ခဲ့သည်။ စစ်အတွင်း အိန္ဒိယ၌ နေထိုင်စဉ် ဆင်းမလား စစ်ပြေး အစိုးရ ထုတ်ဝေသော Burma To-Day Vol. 1, No. 8 (June 1944) တွင် မြန်မာ အမျိုးသမီး ဘဝကို ဖော်ကျူးသော Little Lovely Diamond: the story of Kin Sein Hla ဝတ္ထုတို့ကို ရေးဖွဲ့သည်။ ဒေါ်မန်စမစ် ဦးဆောင်သော မြန်မာပြည် စစ်ပြေး အစိုးရ၏ မြန်မာပြည် ဆိုင်ရာ အကြံပေး အဖြစ် ဆောင်ရွက်၍ Burma၊ ပြည်မြန်မာနှင့် The Future of Burma မြန်မာပြည်၏ အနာဂတ် စာအုပ်ငယ် နှစ်အုပ်ကို အင်္ဂလိပ် ဘာသာဖြင့် ရေးသားခဲ့သည်။

၁၉၅၁-၆ဝ ရန်ကုန် တက္ကသိုလ် သမိုင်း ကထိက၊ ၁၉၅၄ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု လေ့လာရေး အဖွဲ့ဝင်၊
၁၉၅၆ ခုနှစ်တွင် အာရှဖောင်ဒေးရှင်း အစီအစဉ်ဖြင့် အမေရိကန် တက္ကသိုလ် ကောလိပ် ၁၄ ခုတွင် မြန်မာ့ရေးရာ ဟောပြော ပို့ချရေး ပညာရှင်၊
၁၉၆ဝ ပြည့်နှစ်တွင် ဝန်ထမ်းဘဝမှ အငြိမ်းစား ယူခဲ့ပြီး သက်ကြီး တက္ကသိုလ်တွင် သမိုင်း ကထိက အဖြစ် ခေတ္တ ဆောင်ရွက်

၁၉၆ဝ ခုနှစ်တွင် ဝါရှင်တန် အပြည်ပြည် ဆိုင်ရာ အမျိုးသမီး ကွန်ဖရင့် သဘာပတိ မိန့်ခွန်း ပြောကြားသူ၊ အမေရိကန် ပြည်ထောင်စု ဆွစ်တာရီ ကောလိပ် အရှေ့တောင်အာရှ ဆိုင်ရာ ဧည့်ပါမောက္ခ၊ ကိုလံဘီယာ တက္ကသိုလ်တွင် မြန်မာ့ ယဉ်ကျေးမှုနှင့် သမိုင်း ဧည့်ပါမောက္ခ၊
ထိုသို့ ဆောင်ရွက်နေစဉ် လန်ဒန်မှ ထုတ်ဝေသော Asian Affairs (London) အာရှရေးရာ စာစောင်တွင် Towards Independence in Burma; The role of women (မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ)၊ Hemisphere စာစောင်တွင် Pagodas of Pagan (Bagan) (ပုဂံဘုရားများ စာတမ်း) များ ရေးသားခဲ့
၁၉၇ဝ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ် စိန့်ဟောက် ကောလိပ်၌ သုတေသန ပညာရှင် စသည်ဖြင့် ဆောင်ရွက်ခဲ့သည်။
၁၉၈၈ ခုနှစ်၊ နိုဝင်ဘာ ၁ဝ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

ကိုးကား
စောမုံညင်း “ဒေါ်မြစိန်”၊ ဗမာ (မြန်မာ) အမျိုးသမီးများ။
“ဒေါ်မြစိန်”၊ ရှုမဝ၊ အတွဲ ၈၊ အမှတ် ၉၄ (မတ် ၁၉၉၅)၊
ဘုန်းမြင့်၊ ရွှေမင်းဝန်၊ “မြန်မာ့ ဂုဏ်ဆောင် အမ်အေ ဒေါ်မြစိန်”
အောင်သန့်၊ ဦး၊ “သံတမန် ဝန်ထမ်းပေါက်စ ဘဝ”၊
ဓမ္မဗျူဟာ ငွေရတုစာစောင်၊ (ဇူလိုင် ၁၉၈၆)။
May sein, Daw. The Future of Burma (Manmar)- Bombay: Oxford University Press, 1945.
Myanmar Wikipedia

Leave a Reply