အခ်စ္အတြက္နဲ႔ ထီးနန္းကို ေပ်ာ္ေပ်ာ္ႀကီးစြန္႔ခဲ့ေလသူ (သုိ႔) အ႒မေျမာက္ အက္ဒြပ္ဘုရင္

Posted on

အ႒မအက္ဒြပ္ဘုရင္သည္ ပၪၥမေဂ်ာ့ဘုရင္ႏွင့္ ေမရီမိဖုရားႀကီးတို႔၏ သားေတာ္အႀကီးဆုံး ျဖစ္၏။ ၁၈၉၄ ခုႏွစ္ ဇြန္လ ၂၃ ရက္ေန႔တြင္ ဖြားျမင္ေလ သည္။

၁၉၃၆ ခုႏွစ္ ဇန္နဝါရီလ ၂ဝ ရက္ေန႔တြင္ ခမည္း ေတာ္ ပၪၥမေဂ်ာ့ဘုရင္၏ အ႐ိုက္အရာကို ဆက္ခံရေလသည္။ ထိုအခါတြင္ သက္ေတာ္ ၄၂ ႏွစ္ခန္႔ ရွိေနၿပီျဖစ္၏။ ၁၉၁၁ ခုႏွစ္တြင္ ေဝလမင္းသားဘြဲ႕ကို ခံယူခဲ့သည္။ သူ၏နာမည္အျပည့္အစုံမွာ အက္ဒြပ္ အဲလဗတ္ ခရစ္ စတီယန္ေဂ်ာ့ အင္ဒ႐ူးပက္ထရစ္ ေဒးဗစ္ (ED.Ward Albert Christian George Andrew Patrick David) ဟူ၍ ျဖစ္ေလသည္။ မင္းသားဘဝႏွင့္ ေအာ့စဗြန္းႏွင့္ ဒါ့တမတ္ေရေၾကာင္း အတတ္သင္ ေကာလိပ္ေက်ာင္းမ်ားတြင္ ေရေၾကာင္းအတတ္ကို ေလ့လာဆည္းပူးခဲ့သည္။

၁၉၁၂ ခုႏွစ္တြင္ ေရေၾကာင္းအတတ္သင္ ေကာလိပ္ ေက်ာင္းမွထြက္၍ ေအာက္စဖို႔တကၠသိုလ္ ေမာ့ဒလင္းေကာလိပ္ တြင္ ႏွစ္ႏွစ္ခန္႔မၽွ ပညာဆက္လက္သင္ၾကားခဲ့သည္။ ဘိုးေတာ္ သတၱမ အက္ဒြပ္ဘုရင္ကဲ့သို႔ ႏိုင္ငံတကာသို႔ ခရီးထြက္လိုသူျဖစ္သည္။ ထို႔ေၾကာင့္ ပထမကမၻာစစ္ ၿပီးဆုံးၿပီးသည့္ေနာက္ ကမၻာ့ၿငိမ္းခ်မ္းေရးႏွင့္ ၿဗိတိသၽွတို႔၏ ကုန္သြယ္ ေရးကိုေရွး႐ႈကာ ကေနဒါႏိုင္ငံ၊ အေမရိကန္ျပည္ေထာင္စုႏိုင္ငံ၊ ေတာင္အေမရိကတိုက္၊ အိႏၵိယ၊ ျမန္မာ၊ ဩစေၾတးလီး ယားတိုက္ႏွင့္ နယူးဇီလန္ကၽြန္းမ်ားသို႔ အလည္အပတ္ သြား ေရာက္ခဲ့သည္။

ေဝလမင္းသားမွာ ၁၉၂၂ ခုနွစ္ ဇန္န၀ါရီလ ၂ ရက္မွ ၁ဝ ရက္အထိ ၉ ရက္တုိင္တိုင္ ျမန္မာႏိုင္ငံအတြင္း ေနထိုင္သြားစဥ္အတြင္း မႏၱေလးၿမိဳ႕လည္း သြားလိုက္ေသးသည္။ သာစည္ၿမိဳ႕သို႔ဝင္ကာ မိတၳီလာဒီ၀ီဇံတပ္၏ အေလးျပဳျခင္းကိုလည္း ခံယူလိုက္ေသးသည္။ ရန္ကုန္ၿမိဳ႕ေနစဥ္အတြင္း၌ ဆရာေတာ္ သံဃာေတာ္ ၁၂ ပါး တို႔ကိုလည္း ဆြမ္းကပ္လိုက္ေသးသည္။ ရန္ကုန္ယူနီဗာစီတီ ေကာလိပ္သို႔လည္း လွည့္လည္ၾကည့္႐ႈခဲ့သည္။

ေဝလမင္းသား စာေပဆုကို ၁၉၂၂ ခုႏွစ္မွ ၁၉၃၂ ခုႏွစ္အတြင္း ႏွစ္စဥ္ စိစစ္ေ႐ြးခ်ယ္ ခ်ီးျမွင့္ခဲ့ေလသည္။ ဆုေၾကးေငြမွာ က်ပ္ ၁ဝဝဝ ျဖစ္သည္။ ထိုစဥ္က စာေပအတြက္ အစိုးရက ဆုေငြခ်ီးျမွင့္သည္ကို ျမန္မာတို႔ နားတြင္ စိမ္း၍ ေနေသးသျဖင့္ ရဟန္း႐ွင္လူအေပါင္းတို႔ၾကား၌ တအံ့တၾသ ျဖစ္ခဲ့ၾကရ၏။ ေ၀လမင္းသား ဆုေငြမွာ က်င္ေငြ ၁ဝဝဝ ျဖစ္ရာ ကိုလိုနီေခတ္တြင္ မ်က္ႏွာငယ္လွေသာ ျမန္မာစာေပ၏ အေျခအေနအရဆုိလွ်င္ ဆုေငြမွာ အေတာ္ျမင့္မားေသာ ဆုေငြပင္ ျဖစ္သည္။

၁၉၂၇ ခုႏွစ္တြင္ ၿဗိတိန္ကၽြန္းရွိ စက္မႈ လက္မႈထြန္းကားရာႏွင့္ သတၱဳတြင္းမ်ားရွိရာ အရပ္ေဒသမ်ားသို႔ လွည့္လည္ၾကည့္႐ႈခဲ့ေလသည္။အေပါင္းအသင္းဆံ့သူ တစ္ေယာက္ျဖစ္သည့္အေလ်ာက္ မင္းသားသည္ လူခ်စ္လူခင္ေပါ၏။ သာမန္လူတန္းစားတို႔ႏွင့္ ပြန္းပြန္းတီးတီး ေပါင္းသင္းဆက္ဆံတတ္သူလည္း ျဖစ္သျဖင့္၊ လူတိုင္း၏ ခ်စ္ၾကည္ၫိုျခင္းကို ခံရေလသည္။ သူသည္ အထူး သျဖင့္ စစ္ျပန္ရဲေဘာ္မ်ားႏွင့္ လူငယ္မ်ားအေရးတြင္ ပိုမိုစိတ္ဝင္ စားခဲ့ေလသည္။

၁၉၃၆ ခုႏွစ္ဦးတြင္ ခမည္းေတာ္ေဂ်ာ့ဘုရင္ ကြယ္လြန္ သည့္အခါ အ႒မအက္ဒြပ္ဘြဲ႕ကိုခံယူလ်က္ နန္းတက္ခဲ့သည္။ သို႔ေသာ္ ထိုႏွစ္မလြန္မီ အေမရိကန္သူ မစၥစ္ေဝါလစ္ ဝါဖီး ဆင္မဆင္ကို ေတြ႕ရွိေမတၱာသက္ဝင္ခဲ့သျဖင့္ မိဖုရားေျမွာက္လို ေသာဆႏၵ ျပင္းျပခဲ့သည္။ သို႔ရာတြင္ အဂၤလန္ႏိုင္ငံ အစိုးရအဖြဲ႕ ႏွင့္တကြ ဒိုမီနီယန္ႏိုင္ငံမ်ားကပါ ဘုရင္၏အလိုသို႔ မလိုက္ ေလ်ာႏိုင္ၾကေပ။

မစၥစ္ဆင္မဆင္မွာ အိမ္ေထာင္ႏွစ္ဆက္ ရွိခဲ့ဖူး႐ုံမၽွမက၊ ဒုတိယအိမ္ေထာင္သည္ ခင္ပြန္းႏွင့္လည္း ျပတ္ စဲသည္ဟု မဆိုသာေသးသျဖင့္၊ အဂၤလန္ထီးနန္း အသေရႏွင့္ ထုံးတမ္းစဥ္လာကိုငဲ့ကြက္ကာ ဘုရင္အလိုသို႔ မလိုက္ေလ်ာႏိုင္ ျခင္း ျဖစ္ေလသည္။ သို႔ေသာ္ အ႒မအက္ဒြပ္ဘုရင္သည္ အေမရိကန္သူကို မစြန္႔ႏိုင္သျဖင့္ ၁၉၃၆ ခုႏွစ္ ဒီဇင္ဘာလ ၁ဝ ရက္ေန႔တြင္ အဂၤလိပ္ထီးနန္းကို ေက်နပ္စြာ စြန္႔လႊတ္လိုက္ေလသည္။

အက္ဒြပ္ဘုရင္ သည္ ၁၉၃၆ခုႏွစ္ ဇန္န၀ါရီ ၂၀ တြင္ နန္းတက္ခဲ့ၿပီး ၁၉၃၆ ခုႏွစ္ ဒီဇင္ဘာ ၁၁ရက္ေန႔တြင္ ထီးနန္းကိုစြန္႔လႊတ္ခဲ့ေပရာ ၿဗိတိသွ်အင္ပါယာကုိ ရက္ေပါင္း ၃၂၅ရက္သာ အုပ္ခ်ဳပ္ခဲ့သည္။ အက္ဒြပ္ဘုရင္စြန္႔လုိက္ေသာထီးနန္းကုိ ညီေတာ္ ေယာ့နယ္စားက ရယူခဲ့ၿပီး ဆ႒မ ေဂ်ာ့ဘြဲ႕ ကိုခံလ်က္ နန္းတက္ေလသည္။ ထီးနန္းကို ဆက္ခံသိမ္းပိုက္ရသည္ႏွင့္ တစ္ၿပိဳင္နက္ ေနာင္ေတာ္အက္ဒြပ္အား ဝင္ဆာၿမိဳ႕စားရာထူးကို ခ်ီးျမႇင့္ခဲ့ေလသည္။

အက္ဒြပ္ဘုရင္တစ္ျဖစ္လဲ ဝင္ဆာၿမိဳ႕စားသည္ ၁၉၃၇ ခုႏွစ္ဇြန္လ ၃ ရက္ေန႔တြင္ ျပင္သစ္ႏိုင္ငံ၌ မစၥစ္ ဆင္မဆင္ႏွင့္ လက္ထပ္လိုက္ေလသည္။ ၁၉၄ဝ ျပည့္ႏွစ္မွ ၁၉၄၅ ခုႏွစ္အထိ ဝင္ဆာ ၿမိဳ႕စားသည္ ဗဟားမားကၽြန္းစုတြင္ ဘုရင္ခံအျဖစ္ျဖင့္ ေဆာင္ ႐ြက္ခဲ့သည္။ ဘုရင္ခံအျဖစ္ျဖင့္ ေဆာင္႐ြက္ေနစဥ္ ဝင္ဆာၿမိဳ႕ စားသည္ ကၽြန္းသူကၽြန္းသားတို႔၏ စီးပြားေရးဖြံ႕ၿဖိဳးမႈကို အထူးတလည္ ႀကိဳးပမ္းခဲ့ေလသည္။၁၉၄၆ ခုႏွစ္ ေအာက္တိုဘာလတြင္ၿမိဳ႕စား ႏွင့္ ၿမိဳ႕စားကေတာ္တို႔သည္ အဂၤလန္ႏိုင္ငံသို႔ နန္းစြန္႔ၿပီးေနာက္ ပထမဆုံးအႀကိမ္ သြားေရာက္ခဲ့ၾကေလသည္။

ထို႔ေနာက္တြင္ ဝင္ဆာၿမိဳ႕စား ဇနီးေမာင္ႏွံတို႔သည္ ျပင္သစ္ႏိုင္ငံ ပါရစ္ၿမိဳ႕၌ အေျခခ်ေနထိုင္ခဲ့သည္။ ၁၉၇၂ ခုႏွစ္ ေမလ ၂၈ ရက္ေန႔တြင္ အသက္ ၇၇ ႏွစ္အ႐ြယ္ရွိ ဝင္ဆာ ၿမိဳ႕စားသည္ ပါရစ္ၿမိဳ႕ရွိ မိမိစံအိမ္၌ ကြယ္လြန္သြားသည္။

ခ်စ္သူကုိ လက္ထပ္ခြင့္မရလို႔ ထီးနန္းစြန္႔ခဲ့စဥ္က အက္ဒြပ္ဘုရင္ေျပာခဲ့ေသာ စကားမွာ-
“ဒီလုိႀကီးေလးတဲ့ တာ၀န္ႀကီးကိုထမ္းေဆာင္ႏုိင္ဖုိ႔ နဲ႔ ဘုရင္တစ္ေယာက္ရဲ႕ ၀တၱရားေတြကုိထမ္းေဆာင္ႏုိင္ဖုိ႔ ကြ်ႏု္ပ္ခ်စ္သူရဲ႕ ေဖးမကူညီမႈမပါပဲနဲ႔ေတာ့ ကြ်ႏု္ပ္ထမ္းေဆာင္ဖုိ႔ မျဖစ္ႏုိင္ပါ”
ဟူ၍ ျဖစ္ေလသည္။

ကုိးကား

ျမင့္ေဆြ ‘ေဝလမင္းသားဆု’ ေငြတာရီ မဂၢဇင္း အမွတ္ ၁ဝ၁၊
ျမန္မာ့စြယ္စုံက်မ္း အတြဲ ၁၅


အချစ်အတွက်နဲ့ ထီးနန်းကို ပျော်ပျော်ကြီးစွန့်ခဲ့သူ (သို့) အဋ္ဌမမြောက် အက်ဒွပ်ဘုရင် (unicode)

အဋ္ဌမအက်ဒွပ်ဘုရင်သည် ပဉ္စမဂျော့ဘုရင်နှင့် မေရီမိဖုရားကြီးတို့၏ သားတော်အကြီးဆုံး ဖြစ်၏။ ၁၈၉၄ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် ဖွားမြင်လေ သည်။

၁၉၃၆ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့တွင် ခမည်း တော် ပဉ္စမဂျော့ဘုရင်၏ အရိုက်အရာကို ဆက်ခံရလေသည်။ ထိုအခါတွင် သက်တော် ၄၂ နှစ်ခန့် ရှိနေပြီဖြစ်၏။ ၁၉၁၁ ခုနှစ်တွင် ဝေလမင်းသားဘွဲ့ကို ခံယူခဲ့သည်။ သူ၏နာမည်အပြည့်အစုံမှာ အက်ဒွပ် အဲလဗတ် ခရစ် စတီယန်ဂျော့ အင်ဒရူးပက်ထရစ် ဒေးဗစ် (ED.Ward Albert Christian George Andrew Patrick David) ဟူ၍ ဖြစ်လေသည်။ မင်းသားဘဝနှင့် အော့စဗွန်းနှင့် ဒါ့တမတ်ရေကြောင်း အတတ်သင် ကောလိပ်ကျောင်းများတွင် ရေကြောင်းအတတ်ကို လေ့လာဆည်းပူးခဲ့သည်။

၁၉၁၂ ခုနှစ်တွင် ရေကြောင်းအတတ်သင် ကောလိပ် ကျောင်းမှထွက်၍ အောက်စဖို့တက္ကသိုလ် မော့ဒလင်းကောလိပ် တွင် နှစ်နှစ်ခန့်မျှ ပညာဆက်လက်သင်ကြားခဲ့သည်။ ဘိုးတော် သတ္တမ အက်ဒွပ်ဘုရင်ကဲ့သို့ နိုင်ငံတကာသို့ ခရီးထွက်လိုသူဖြစ်သည်။ ထို့ကြောင့် ပထမကမ္ဘာစစ် ပြီးဆုံးပြီးသည့်နောက် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဗြိတိသျှတို့၏ ကုန်သွယ် ရေးကိုရှေးရှုကာ ကနေဒါနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနိုင်ငံ၊ တောင်အမေရိကတိုက်၊ အိန္ဒိယ၊ မြန်မာ၊ ဩစတြေးလီး ယားတိုက်နှင့် နယူးဇီလန်ကျွန်းများသို့ အလည်အပတ် သွား ရောက်ခဲ့သည်။

ဝေလမင်းသားမှာ ၁၉၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်မှ ၁ဝ ရက်အထိ ၉ ရက်တိုင်တိုင် မြန်မာနိုင်ငံအတွင်း နေထိုင်သွားစဉ်အတွင်း မန္တလေးမြို့လည်း သွားလိုက်သေးသည်။ သာစည်မြို့သို့ဝင်ကာ မိတ္ထီလာဒီဝီဇံတပ်၏ အလေးပြုခြင်းကိုလည်း ခံယူလိုက်သေးသည်။ ရန်ကုန်မြို့နေစဉ်အတွင်း၌ ဆရာတော် သံဃာတော် ၁၂ ပါး တို့ကိုလည်း ဆွမ်းကပ်လိုက်သေးသည်။ ရန်ကုန်ယူနီဗာစီတီ ကောလိပ်သို့လည်း လှည့်လည်ကြည့်ရှုခဲ့သည်။

ဝေလမင်းသား စာပေဆုကို ၁၉၂၂ ခုနှစ်မှ ၁၉၃၂ ခုနှစ်အတွင်း နှစ်စဉ် စိစစ်ရွေးချယ် ချီးမြှင့်ခဲ့လေသည်။ ဆုကြေးငွေမှာ ကျပ် ၁ဝဝဝ ဖြစ်သည်။ ထိုစဉ်က စာပေအတွက် အစိုးရက ဆုငွေချီးမြှင့်သည်ကို မြန်မာတို့ နားတွင် စိမ်း၍ နေသေးသဖြင့် ရဟန်းရှင်လူအပေါင်းတို့ကြား၌ တအံ့တဩ ဖြစ်ခဲ့ကြရ၏။ ဝေလမင်းသား ဆုငွေမှာ ကျင်ငွေ ၁ဝဝဝ ဖြစ်ရာ ကိုလိုနီခေတ်တွင် မျက်နှာငယ်လှသော မြန်မာစာပေ၏ အခြေအနေအရဆိုလျှင် ဆုငွေမှာ အတော်မြင့်မားသော ဆုငွေပင် ဖြစ်သည်။

၁၉၂၇ ခုနှစ်တွင် ဗြိတိန်ကျွန်းရှိ စက်မှု လက်မှုထွန်းကားရာနှင့် သတ္တုတွင်းများရှိရာ အရပ်ဒေသများသို့ လှည့်လည်ကြည့်ရှုခဲ့လေသည်။
အပေါင်းအသင်းဆံ့သူ တစ်ယောက်ဖြစ်သည့်အလျောက် မင်းသားသည် လူချစ်လူခင်ပေါ၏။ သာမန်လူတန်းစားတို့နှင့် ပွန်းပွန်းတီးတီး ပေါင်းသင်းဆက်ဆံတတ်သူလည်း ဖြစ်သဖြင့်၊ လူတိုင်း၏ ချစ်ကြည်ညိုခြင်းကို ခံရလေသည်။ သူသည် အထူး သဖြင့် စစ်ပြန်ရဲဘော်များနှင့် လူငယ်များအရေးတွင် ပိုမိုစိတ်ဝင် စားခဲ့လေသည်။

၁၉၃၆ ခုနှစ်ဦးတွင် ခမည်းတော်ဂျော့ဘုရင် ကွယ်လွန် သည့်အခါ အဋ္ဌမအက်ဒွပ်ဘွဲ့ကိုခံယူလျက် နန်းတက်ခဲ့သည်။ သို့သော် ထိုနှစ်မလွန်မီ အမေရိကန်သူ မစ္စစ်ဝေါလစ် ဝါဖီး ဆင်မဆင်ကို တွေ့ရှိမေတ္တာသက်ဝင်ခဲ့သဖြင့် မိဖုရားမြှောက်လို သောဆန္ဒ ပြင်းပြခဲ့သည်။ သို့ရာတွင် အင်္ဂလန်နိုင်ငံ အစိုးရအဖွဲ့ နှင့်တကွ ဒိုမီနီယန်နိုင်ငံများကပါ ဘုရင်၏အလိုသို့ မလိုက် လျောနိုင်ကြပေ။ မစ္စစ်ဆင်မဆင်မှာ အိမ်ထောင်နှစ်ဆက် ရှိခဲ့ဖူးရုံမျှမက၊ ဒုတိယအိမ်ထောင်သည် ခင်ပွန်းနှင့်လည်း ပြတ် စဲသည်ဟု မဆိုသာသေးသဖြင့်၊ အင်္ဂလန်ထီးနန်း အသရေနှင့် ထုံးတမ်းစဉ်လာကိုငဲ့ကွက်ကာ ဘုရင်အလိုသို့ မလိုက်လျောနိုင် ခြင်း ဖြစ်လေသည်။ သို့သော် အဋ္ဌမအက်ဒွပ်ဘုရင်သည် အမေရိကန်သူကို မစွန့်နိုင်သဖြင့် ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် အင်္ဂလိပ်ထီးနန်းကို ကျေနပ်စွာ စွန့်လွှတ်လိုက်လေသည်။

အက်ဒွပ်ဘုရင် သည် ၁၉၃၆ခုနှစ် ဇန်နဝါရီ ၂၀ တွင် နန်းတက်ခဲ့ပြီး ၁၉၃၆ ခုနှစ် ဒီဇင်ဘာ ၁၁ရက်နေ့တွင် ထီးနန်းကိုစွန့်လွှတ်ခဲ့ပေရာ ဗြိတိသျှအင်ပါယာကို ရက်ပေါင်း ၃၂၅ရက်သာ အုပ်ချုပ်ခဲ့သည်။ အက်ဒွပ်ဘုရင်စွန့်လိုက်သောထီးနန်းကို ညီတော် ယော့နယ်စားက ရယူခဲ့ပြီး ဆဋ္ဌမ ဂျော့ဘွဲ့ ကိုခံလျက် နန်းတက်လေသည်။ ထီးနန်းကို ဆက်ခံသိမ်းပိုက်ရသည်နှင့် တစ်ပြိုင်နက် နောင်တော်အက်ဒွပ်အား ဝင်ဆာမြို့စားရာထူးကို ချီးမြှင့်ခဲ့လေသည်။

အက်ဒွပ်ဘုရင်တစ်ဖြစ်လဲ ဝင်ဆာမြို့စားသည် ၁၉၃၇ ခုနှစ်ဇွန်လ ၃ ရက်နေ့တွင် ပြင်သစ်နိုင်ငံ၌ မစ္စစ် ဆင်မဆင်နှင့် လက်ထပ်လိုက်လေသည်။ ၁၉၄ဝ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အထိ ဝင်ဆာ မြို့စားသည် ဗဟားမားကျွန်းစုတွင် ဘုရင်ခံအဖြစ်ဖြင့် ဆောင် ရွက်ခဲ့သည်။ ဘုရင်ခံအဖြစ်ဖြင့် ဆောင်ရွက်နေစဉ် ဝင်ဆာမြို့ စားသည် ကျွန်းသူကျွန်းသားတို့၏ စီးပွားရေးဖွံ့ဖြိုးမှုကို အထူးတလည် ကြိုးပမ်းခဲ့လေသည်။၁၉၄၆ ခုနှစ် အောက်တိုဘာလတွင်မြို့စား နှင့် မြို့စားကတော်တို့သည် အင်္ဂလန်နိုင်ငံသို့ နန်းစွန့်ပြီးနောက် ပထမဆုံးအကြိမ် သွားရောက်ခဲ့ကြလေသည်။

ထို့နောက်တွင် ဝင်ဆာမြို့စား ဇနီးမောင်နှံတို့သည် ပြင်သစ်နိုင်ငံ ပါရစ်မြို့၌ အခြေချနေထိုင်ခဲ့သည်။ ၁၉၇၂ ခုနှစ် မေလ ၂၈ ရက်နေ့တွင် အသက် ၇၇ နှစ်အရွယ်ရှိ ဝင်ဆာ မြို့စားသည် ပါရစ်မြို့ရှိ မိမိစံအိမ်၌ ကွယ်လွန်သွားသည်။

ချစ်သူကို လက်ထပ်ခွင့်မရလို့ ထီးနန်းစွန့်ခဲ့စဉ်က အက်ဒွပ်ဘုရင်ပြောခဲ့သော စကားမှာ-
“ဒီလိုကြီးလေးတဲ့ တာဝန်ကြီးကိုထမ်းဆောင်နိုင်ဖို့ နဲ့ ဘုရင်တစ်ယောက်ရဲ့ ဝတ္တရားတွေကိုထမ်းဆောင်နိုင်ဖို့ ကျွန်ုပ်ချစ်သူရဲ့ ဖေးမကူညီမှုမပါပဲနဲ့တော့ ကျွန်ုပ်ထမ်းဆောင်ဖို့ မဖြစ်နိုင်ပါ”
ဟူ၍ ဖြစ်လေသည်။

မြင့်ဆွေ ‘ဝေလမင်းသားဆု’ ငွေတာရီ မဂ္ဂဇင်း အမှတ် ၁ဝ၁၊
မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၅

Leave a Reply