ရာဇာဓိရာဇ္ကုိ အၾကပ္ေတြ႔ေစသူ (သုိ႔) အင္းဝဘက္ေတာ္သား သူရဲေကာင္း လကၤ်ာပ်ံခ်ီ

Posted on

လက်ာ္ပ်ံခ်ီသည္ အင္းဝသူရဲေကာင္းမ်ားထဲမွ လက္႐ုံးရည္ ႏွလုံးရည္ႏွင့္ျပည့္စုံသူ ၊ မြန္ဘုရင္ရာဇာဓိရာဇ္အား အခက္အခဲေတြ႕ေစသူ အျဖစ္ထင္ရွားခဲ့ပါတယ္။ လက္ရာပ်ံခ်ီဟာ အင္းဝသူရဲေကာင္းဆိုေသာ္လည္း မြန္တစ္ေယာက္သာ ျဖစ္ပါတယ္။ ရာဇာဓိရာဇ္ႏွင့္ အမ်ိဳးအရင္းေခါက္ေခါက္ ေတာ္စပ္သူလည္း ျဖစ္ပါတယ္။ အမ်ိဳးအရင္းျဖစ္ေပမယ့္ ရန္သူေတြ ျဖစ္ရတဲ့အေၾကာင္း ရွိပါတယ္။ လက်ာ္ပ်ံခ်ီရဲ့ဖခင္ဟာ ရာဇာဓိရာဇ္ကို အျမဲဆန္႔က်င္ပုန္ကန္ေနခဲ့သူ ေျမာင္းျမစား ေလာက္ဖ်ား ျဖစ္ေနတာေၾကာင့္ပင္။

ဖတ္စာအုပ္ထဲမွ စီးခ်င္းတိုက္ပြဲစကားေျပတြင္ ရာဇာဓိရာဇ္အား ရႈံးလုနီးနီးတိုက္နိုင္ခဲ့ေသာ ဗ်ည္းႏြဲ႕မွာ လက်ာ္ပ်ံခ်ီ၏ ေမြးခ်င္းတစ္ဦးပင္ ျဖစ္ပါတယ္။ အေဖျဖစ္သူ ေျမာင္းျမစားေလာက္ဖ်ားေၾကာင့္ ငယ္စဥ္ကတည္းက စစ္ပြဲမ်ားႏွင့္ မစိမ္းသူ ျဖစ္ခဲ့ပါတယ္။ ႀကီးျပင္းလာတဲ့အခါ အင္းဝဘုရင္ရဲ့လက္ေအာက္သို႔ ဝင္ေရာက္ခဲ့ပါတယ္။ သူမည္မၽွေတာ္ေသာ္လည္း ဖခင္၏ ရန္သူရာဇာဓိရာဇ္က သူ႔ကိုသူေကာင္းျပဳလိမ့္မည္ မဟုတ္ လို႔ ထင္မွတ္ခဲ့တာေၾကာင့္ ျဖစ္နိုင္ပါတယ္။

လက်ာ္ပ်ံခ်ီဟာ ဘုရင္မင္းေခါင္ရဲ့ခမည္းေတာ္ မင္းႀကီးစြာေစာ္ကဲ လက္ထက္ကပင္ ျပည္ၿမိဳ႕စားျဖစ္ခဲ့ပါတယ္။ သူ႔ကိုနာမည္ႀကီးေစခဲ့တာကေတာ့ ဘုရင္မင္းေခါင္နန္းတက္စ ျပည္ၿမိဳ႕တိုက္ပြဲေၾကာင့္ ျဖစ္ပါတယ္။ ထိုအခ်ိန္က ဘုရင္မင္းေခါင္က နန္းတက္စျဖစ္တာေၾကာင့္ နန္းတြင္းၾသဇာတည္ေဆာက္ေနခ်ိန္ ျဖစ္တာေၾကာင့္ အင္အားနည္းေနတဲ့အခ်ိန္ပါ။ ဒါကိုသိတဲ့ ရာဇာဓိရာဇ္ဟာ အင္းဝကို တိုက္ရန္ အင္အားအလုံးအရင္း နဲ႔ စစ္ခ်ီလာခဲ့ရာ အင္းဝ၏ ေတာင္တံခါးေပါက္ဟု ဆိုအပ္တဲ့ ျပည္ၿမိဳ႕ကိုေရာက္ရွိလာပါတယ္။

ျပည္ၿမိဳ႕ဟာ ဟံသာဝတီမွ အင္းဝသို႔သြားရာမွာ အလြန္အခ်က္အခ်ာက်တဲ့ ၿမိဳ႕ပါ။ ဧရာဝတီျမစ္ကမ္းေဘးမွာရွိတဲ့အတြက္ ေရလမ္း ကုန္းလမ္း အဆင္ေျပတဲ့ၿမိဳ႕ပါ။ ျပည္ၿမိဳ႕က်တာနဲ႔ အင္းဝေနျပည္ေတာ္ဟာ စိုးရိမ္ရပါတယ္။ ဒါကိုသိတဲ့ လက်ာ္ပ်ံခ်ီဟာ အုတ္ၿမိဳ႕ရိုး ၊ က်ဳံးေျမာင္းမ်ားကို စနစ္တက်ခိုင္ခံေအာင္ ျပဳျပင္ထားခဲ့ပါတယ္။ ရာဇာဓိရာဇ္တပ္မ်ား ခ်ီတက္လာတာကို သိတာနဲ႔ လက်ာ္ပ်ံခ်ီဟာ လူသူရိကၡာမ်ားကို ၿမိဳ႕တြင္းသို႔သြင္းကာ ၿမိဳ႕တံခါးကို ပိတ္ၿပီး ခုခံရန္အသင့္ျပင္ဆင္ထားပါတယ္။

သို႔ေသာ္ မြန္တပ္မ်ားက အခိုင္အခံျပင္ဆင္ထားတဲ့ ျပည္ကိုမတိုက္ခဲ့ပါေခ်။ ျပည္ကိုတိုက္ခိုက္ေသာ္ အင္းဝသို႔ဆက္မခ်ီနိုင္ပဲ ရက္အတန္ၾကာကာ အင္အားေလ်ာ့နည္းမွာ သိတဲ့အတြက္ေၾကာင့္ ျပည္ကိုမတိုက္ပဲ ေက်ာ္သြားၾကပါတယ္။ ထိုသို႔ခ်ီတက္ရင္း ရာဇာဓိရာဇ္၏ သမီးေတာ္တလမည္ေက်ာ္ မက်န္းမာတာေၾကာင့္ ေခါင္းေလာင္းက်ဟူေသာအရပ္မွာ သမက္ျဖစ္သူ ေစာမဟာရာဇ္ကို တပ္မႉးအျဖစ္ တပ္တစ္တပ္ႏွင့္ထားကာ က်န္တပ္မ်ားက အင္းဝကို ဆက္လက္ခ်ီတက္သြားၾကပါတယ္။

ထိုအေၾကာင္းကို လက်ာ္ပ်ံခ်ီက ေထာက္လွမ္းသိရွိၿပီး ျဖစ္တာေၾကာင့္ ညေရာက္တဲ့အခါ ေစာမဟာရာဇ္တပ္ကို ဝင္တိုက္ပါေတာ့တယ္။ အမွတ္မထင္ အတိုက္ခံရတဲ့အတြက္ ေစာမဟာရာဇ္တပ္ပ်က္သြားခဲ့သလို မြန္မင္းသမီးကို ဖမ္းဆီးလိုက္နိုင္ပါတယ္။ တပ္အခ်ိဳ႕ကိုခြဲထုတ္ကာ မြန္မင္းသမီးအား အင္းဝသို႔ လ်ိဳ႕ဝွက္ပို႔ေစခဲ့ကာ ကိုယ္တိုင္ကေတာ့ ရရွိတဲ့လက္နက္ ရိကၡာတို႔ကိုယူၿပီး ၿမိဳ႕တြင္းသို႔ျပန္ဝင္ေနပါတယ္။

ထိုအေၾကာင္းကို ရာဇာဓိရာဇ္ မသိ။ အင္းဝသို႔ တိုက္ခိုက္ရန္အသြား စႀကိဳသူျမတ္ေမတၱာရပ္ခံတာေၾကာင့္ စစ္႐ုပ္ၿပီးျပန္အလာ စေလေရာက္မွ သိပါတယ္။ မေက်နပ္ေသာ္လည္း စစ္ပန္းေနၿပီျဖစ္တာေၾကာင့္ ဘာမၽွမတတ္နိုင္ပါေတာ့ေခ်။ လက်ာ္ပ်ံခ်ီအေပၚ အၿငိဳးႀကီး ၿငိဳးသြားပါေတာ့တယ္။ သိပ္မၾကာမီမွာပဲ ရာဇာဓိရာဇ္ဟာ အင္အားအလုံးအရင္းနဲ႔ ျပည္ကို စစ္ခ်ီပါေတာ့တယ္။ အင္အားတစ္သိန္းခန္႔ ရွိတဲ့တပ္ႀကီးနဲ႔ ျပည္ၿမိဳ႕ကို ၾကည္းေၾကာင္းေရေၾကာင္း ဝန္းရံထားလိုက္ပါတယ္။ ျပည္ၿမိဳ႕ကို အဆုံးမခံနိုင္တဲ့ အင္းဝဘုရင္မင္းေခါင္က အင္အားသုံးေသာင္းရွိတဲ့ ျမင္းတပ္ကို ခုခံရန္ ေစလႊတ္ခဲ့ေသာ္လည္း အင္အားႀကီးမားတဲ့ ရာဇာဓိရာဇ္တပ္မ်ားရဲ့ ေခ်မႈန္းျခင္းကို ခံလိုက္ရပါတယ္။ ထို႔ေနာက္ ဝန္းရံထားေသာ ျပည္ၿမိဳ႕ကို အဘက္ဘက္မွ တိုက္ခိုက္ပါေတာ့တယ္။

သို႔ေသာ္ လက်ာ္ပ်ံခ်ီ၏ စနစ္တက်ျပင္ဆင္မႈမ်ားေၾကာင့္ ရာဇာဓိရာဇ္တပ္မ်ား ျပည္ၿမိဳ႕ရိုးကို ေပါက္ေအာင္မေဖာက္နိုင္ပါေခ်။ ၿမိဳ႕ရိုးအျပင္ဘက္ရွိ က်ဳံးေထာက္ေခ်ာက္မ်ား သတ္ကြင္းမ်ားကို အလြတ္ျဖတ္ေက်ာ္လာၾကတဲ့ မြန္တပ္မ်ားမွာ ေလး ျမႇား ၊ ေသနတ္ ၊ အေျမႇာက္ ၊ ေလာက္လႊဲစသည့္ လက္နက္မ်ားျဖင့္ ေခ်မႈန္းခံရသလို ထိုလက္နက္မ်ားကို ေက်ာ္ျဖတ္ကာ ၿမိဳ႕ရိုးအနီးေရာက္ရွိသူ ရဲမက္အနည္းငယ္ကိုလည္း ဆီမီးအိုးမ်ား ၊ ေရနံ ၊ အင္တြဲ ၊ ပြဲလ်က္မ်ားကို အပူေပးေလာင္းခ် ၊ င႐ုတ္ရည္မ်ားကိုသုံးကာ တိုက္ခိုက္ခဲ့ပါတယ္။ ရာဇာဓိရာဇ္တပ္မ်ား အႀကိမ္ႀကိမ္တိုက္ခိုက္ေသာ္လည္း မည္သို႔မၽွမထိုးေဖာက္နိုင္ပဲ မိမိစစ္သည္မ်ားသာ အက်အရႈံးမ်ားလာခဲ့ပါတယ္။

ထို႔ေၾကာင့္ ရာဇာဓိရာဇ္ဟာ ဗ်ဴဟာေျပာင္းလိုက္ပါတယ္။ မတိုက္ေတာ့ပဲ ဝန္းရံကာ ၿမိဳ႕တြင္း၌ ငတ္ျပတ္အင္အားမရွိေတာ့မွ အလြယ္တကူသိမ္းမည့္ ဗ်ဴဟာပါ။ အမွန္တကယ္လည္း ျပည္ၿမိဳ႕တြင္းတြင္ ရိကၡာမရွိေတာ့။ ေနာက္ဆုံး ဖြဲႏု ႏွင့္ ထန္းအူမ်ားကို စားေနရသည့္ အေျခအေနကိုပင္ ေရာက္ေနခဲ့ပါၿပီ။ သို႔ေသာ္ လက်ာ္ပ်ံခ်ီသည္ အညံ့မခံ အသက္ပင္ ေသေစေတာ့ ေနာက္ဆုံးအခ်ိန္ထိ တိုက္ခိုက္သြားမည္ဟု ခံယူထားခဲ့ပါတယ္။

ထိုအခ်ိန္မွာပဲ ဘုရင္မင္းေခါင္က အင္အားခုႏွစ္ေသာင္း ရွိတဲ့တပ္နဲ႔ ျပည္ၿမိဳ႕ကို ကိုယ္တိုင္ဆင္းလာခဲ့ပါတယ္။ ရာဇာဓိရာဇ္သိေသာ္ တပ္မႉးမ်ားကို ေခၚကာ တိုက္မည္ေလာ ဆုတ္မည္ေလာ ဟု ေမးေတာ္မူရာ အမတ္ဒိန္ အစရွိတဲ့ အမတ္မ်ားက ဆုတ္ရန္ေျပာေသာ္လည္း သမိန္ဇိပ္ျဗဲ ၊ ျဗထပိုက္ ၊ ေဘာေက်ာ္ စသည့္တပ္မႉးမ်ားက အင္အားျဖည့္တင္းေပးလၽွင္ အနိုင္တိုက္နိုင္ပါမည္ ဟု ဆိုပါတယ္။

ထိုတပ္မႉးမ်ားရဲ့စကားကို နားေယာင္သြားတဲ့ ရာဇာဓိရာဇ္ဟာ လူသူလက္နက္ျဖည့္တင္းကာ ျပည္ၿမိဳ႕ကို ဆက္လက္တိုက္ေစခဲ့ပါတယ္။ ထိုသို႔တိုက္ေသာ္လည္း လက်ာ္ပ်ံခ်ီ၏ အစီအမံမ်ားကို မေက်ာ္နိုင္သည့္အျပင္ စစ္ကူေရာက္လာေသာ ဘုရင္မင္းေခါင္တပ္၏ ေျခမႈန္းျခင္းကို ခံလိုက္ရပါတယ္။ ထိုတိုက္ပြဲမွ စကာ လက်ာ္ပ်ံခ်ီ နာမည္ႀကီးကာ ခံစစ္ဗ်ဴဟာကၽြမ္းက်င္သူ ျပည္စားပ်ံခ်ီ ဟူ၍ ေျပာစမွတ္ျပဳျခင္း ခံရကာ အင္းဝမင္းမ်ား၏ သူေကာင္းျပဳျခင္းကို ခံခဲ့ရပါတယ္။

ထိုအခ်ိန္မွ စ၍ ဟံသာဝတီတပ္မ်ား ျပည္ၿမိဳ႕ကို မႀကံစည္ဝံ့ေတာ့ပဲ ေနာက္ ခုႏွစ္ႏွစ္အၾကာမွ ဒုတိယအႀကိမ္ ထပ္မံတိုက္ခိုက္ျပန္ပါတယ္။ ပထမအႀကိမ္တည္းက အေတြ႕အၾကဳံရွိထားတဲ့ လက်ာ္ပ်ံခ်ီဟာ ပိုမို ျပင္ဆင္မႈမ်ားကို ျပဳလုပ္ထားခဲ့ပါတယ္။ ရိကၡာျပႆနာအတြက္လည္း လေပါင္းမ်ားစြာခံတိုက္နိုင္သည့္ ရိကၡာမ်ားကို စုစည္းထားခဲ့ပါတယ္။ ဒီတစ္ႀကိမ္မွာလည္း ဟံသာဝတီတပ္မ်ား အလူးအလဲခံရျပန္ပါတယ္။ ပထမအႀကီမ္ထက္ ပို၍ဆိုးသည္မွာ လက်ာ္ပ်ံခ်ီက ၿမိဳ႕ရိုးအျပင္ဘက္ ပတ္ပတ္လည္တြင္ ေသနတ္စည္း ၊ ျမတပူစည္း စည္းအထပ္ထပ္တားကို စနစ္တက်ျပန္လည္ တိုက္ခိုက္ခဲ့တဲ့အတြက္ပါ။ ဟံသာဝတီတပ္မ်ား ၿမိဳ႕တြင္းသို႔ ဝင္ရန္မေျပာႏွင့္ ၿမိဳ႕ရိုးနားပင္ မကပ္နိုင္ပါေခ်။ တစ္လခြဲၾကာ ျပင္းျပင္းထန္ထန္ တိုက္ခိုက္ခဲ့ေသာ္လည္း လက်ာ္ပ်ံခ်ီ၏ အစီအမံမ်ားကို မေက်ာ္ျဖတ္နိုင္ခဲ့ပါေခ်။

ထိုအခ်ိန္မွာပဲ ယိုးဒယားတို႔က မုတၱမကိုလာေရာက္တိုက္ခိုက္တာေၾကာင့္ ရာဇာဓိရာဇ္သည္ သားေတာ္ဗညားပုသိမ္ကို တပ္မႉးကိုးေယာက္ ၊ အင္အား ငါးေသာင္း ေပးအပ္ကာ ကိုယ္ေတာ္တိုင္ကေတာ့ ယိုးဒယားတို႔ရန္ကို ကာကြယ္ရန္ ပဲခူးသို႔ျပန္သြားခဲ့ပါတယ္။ သားေတာ္ဗညားပုသိမ္သည္ သုံးလခန္႔ ျပည္ၿမိဳ႕ကို ဆက္လက္လုပ္ႀကံပါေသာ္လည္း အေျခအေနမထူးျခားပဲ ရဲမက္မ်ားက်ဆုံးသည္သာ အဖတ္တင္ပါတယ္။ ထိုအခ်ိန္အတြင္းမွာပဲ ဘုရင္မင္းေခါင္ ႏွင့္ မင္းရဲေက်ာ္စြာ၏တပ္မ်ား ျပည္ၿမိဳ႕သို႔ခ်ီတက္လာကာ ဗညားပုသိမ္၏ တပ္မ်ားကိုျပင္းထန္စြာ တိုက္ခိုက္ပါေတာ့တယ္။

ယိုးဒယားတို႔ကို စစ္နိုင္ၿပီးျပန္လာတဲ့ ရာဇာဓိရာဇ္ကလည္း စစ္အင္အား တစ္သိန္းနဲ႔ သားေတာ္ဗညားပုသိမ္ကို ကူရန္ျပည္ၿမိဳ႕သို႔ ထပ္မံခ်ီတက္လာျပန္ပါတယ္။ အင္းဝတပ္ႏွင့္ ဟံသာဝတီတပ္မ်ား ရင္ဆိုင္ေနစဥ္အတြင္းမွာပဲ ရာဇာဓိရာဇ္ဟာ ႀကီးမားတဲ့ ဆုံးရႈံးမႈမ်ားစြာကို ရင္ဆိုင္ခဲ့ရပါတယ္။ လက္႐ုံးတစ္ဖက္လိုအားထားရတဲ့ စစ္သူႀကီးသမိန္ျဗဇၨ မက်န္းမာ၍ ကြယ္လြန္သြားသလို ၊ အားအထားရဆုံး သူရဲေကာင္း လဂြန္းအိမ္ကလည္း မင္းရဲေက်ာ္စြာ၏ ပရိယာယ္ေၾကာင့္ ေလွေလးစင္း-တစ္စင္း ယွဥ္တိုက္ကာ က်ဆုံးသြားတဲ့အျပင္ သမက္ျဖစ္သူ သူရဲေကာင္း သမိန္ဗရမ္းသည္လည္း အဖမ္းခံလိုက္ရပါတယ္။ ဆုံးရႈံးမႈမ်ားေၾကာင့္ ဆက္လက္မတိုက္ခိုက္ေတာ့ပဲ ရာဇာဓိရာဇ္တပ္မ်ား ဆုတ္ခြာသြားပါေတာ့တယ္။

ျပည္ၿမိဳ႕အနီးတြင္ ျဖစ္ပြားသမၽွတိုက္ပြဲတိုင္းတြင္ ဟံသာဝတီတပ္မ်ား အေရးနိမ့္ခဲ့ရျခင္းမွာ လက်ာ္ပ်ံခ်ီ၏ အစီအမံမ်ားေၾကာင့္ပင္ ျဖစ္ပါတယ္။ ဤသို႔ ေအာင္ပြဲအလီလီရယူခဲ့ေသာ သူရဲေကာင္း လက်ာ္ပ်ံခ်ီဟာ မြန္ၿမိဳ႕မ်ားကို တိုက္ခိုက္သိမ္းပိုက္ရင္း ဒလၿမိဳ႕တိုက္ပြဲတြင္ ရန္သူ႔ျမႇားခ်က္ေၾကာင့္ ျမင္းထက္၌ က်ဆုံးခဲ့ရပါတယ္။

Ref;
ရာဇာဓိရာဇ္အေရးေတာ္ပုံက်မ္း – ေဒါက္တာနိုင္ပန္းလွ
ျမန္မာ့စြယ္စုံက်မ္း


ရာဇာဓိရာဇ်ကို အကြပ်တွေ့စေသူ (သို့) အင်းဝဘက်တော်သား သူရဲကောင်း လင်္ကျာပျံချီ (unicode)

လက်ျာပျံချီသည် အင်းဝသူရဲကောင်းများထဲမှ လက်ရုံးရည် နှလုံးရည်နှင့်ပြည့်စုံသူ ၊ မွန်ဘုရင်ရာဇာဓိရာဇ်အား အခက်အခဲတွေ့စေသူ အဖြစ်ထင်ရှားခဲ့ပါတယ်။ လက်ရာပျံချီဟာ အင်းဝသူရဲကောင်းဆိုသော်လည်း မွန်တစ်ယောက်သာ ဖြစ်ပါတယ်။ ရာဇာဓိရာဇ်နှင့် အမျိုးအရင်းခေါက်ခေါက် တော်စပ်သူလည်း ဖြစ်ပါတယ်။ အမျိုးအရင်းဖြစ်ပေမယ့် ရန်သူတွေ ဖြစ်ရတဲ့အကြောင်း ရှိပါတယ်။ လက်ျာပျံချီရဲ့ဖခင်ဟာ ရာဇာဓိရာဇ်ကို အမြဲဆန့်ကျင်ပုန်ကန်နေခဲ့သူ မြောင်းမြစား လောက်ဖျား ဖြစ်နေတာကြောင့်ပင်။

ဖတ်စာအုပ်ထဲမှ စီးချင်းတိုက်ပွဲစကားပြေတွင် ရာဇာဓိရာဇ်အား ရှုံးလုနီးနီးတိုက်နိုင်ခဲ့သော ဗျည်းနွဲ့မှာ လက်ျာပျံချီ၏ မွေးချင်းတစ်ဦးပင် ဖြစ်ပါတယ်။ အဖေဖြစ်သူ မြောင်းမြစားလောက်ဖျားကြောင့် ငယ်စဉ်ကတည်းက စစ်ပွဲများနှင့် မစိမ်းသူ ဖြစ်ခဲ့ပါတယ်။ ကြီးပြင်းလာတဲ့အခါ အင်းဝဘုရင်ရဲ့လက်အောက်သို့ ဝင်ရောက်ခဲ့ပါတယ်။ သူမည်မျှတော်သော်လည်း ဖခင်၏ ရန်သူရာဇာဓိရာဇ်က သူ့ကိုသူကောင်းပြုလိမ့်မည် မဟုတ် လို့ ထင်မှတ်ခဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။

လက်ျာပျံချီဟာ ဘုရင်မင်းခေါင်ရဲ့ခမည်းတော် မင်းကြီးစွာစော်ကဲ လက်ထက်ကပင် ပြည်မြို့စားဖြစ်ခဲ့ပါတယ်။ သူ့ကိုနာမည်ကြီးစေခဲ့တာကတော့ ဘုရင်မင်းခေါင်နန်းတက်စ ပြည်မြို့တိုက်ပွဲကြောင့် ဖြစ်ပါတယ်။ ထိုအချိန်က ဘုရင်မင်းခေါင်က နန်းတက်စဖြစ်တာကြောင့် နန်းတွင်းဩဇာတည်ဆောက်နေချိန် ဖြစ်တာကြောင့် အင်အားနည်းနေတဲ့အချိန်ပါ။ ဒါကိုသိတဲ့ ရာဇာဓိရာဇ်ဟာ အင်းဝကို တိုက်ရန် အင်အားအလုံးအရင်း နဲ့ စစ်ချီလာခဲ့ရာ အင်းဝ၏ တောင်တံခါးပေါက်ဟု ဆိုအပ်တဲ့ ပြည်မြို့ကိုရောက်ရှိလာပါတယ်။

ပြည်မြို့ဟာ ဟံသာဝတီမှ အင်းဝသို့သွားရာမှာ အလွန်အချက်အချာကျတဲ့ မြို့ပါ။ ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့အတွက် ရေလမ်း ကုန်းလမ်း အဆင်ပြေတဲ့မြို့ပါ။ ပြည်မြို့ကျတာနဲ့ အင်းဝနေပြည်တော်ဟာ စိုးရိမ်ရပါတယ်။ ဒါကိုသိတဲ့ လက်ျာပျံချီဟာ အုတ်မြို့ရိုး ၊ ကျုံးမြောင်းများကို စနစ်တကျခိုင်ခံအောင် ပြုပြင်ထားခဲ့ပါတယ်။ ရာဇာဓိရာဇ်တပ်များ ချီတက်လာတာကို သိတာနဲ့ လက်ျာပျံချီဟာ လူသူရိက္ခာများကို မြို့တွင်းသို့သွင်းကာ မြို့တံခါးကို ပိတ်ပြီး ခုခံရန်အသင့်ပြင်ဆင်ထားပါတယ်။

သို့သော် မွန်တပ်များက အခိုင်အခံပြင်ဆင်ထားတဲ့ ပြည်ကိုမတိုက်ခဲ့ပါချေ။ ပြည်ကိုတိုက်ခိုက်သော် အင်းဝသို့ဆက်မချီနိုင်ပဲ ရက်အတန်ကြာကာ အင်အားလျော့နည်းမှာ သိတဲ့အတွက်ကြောင့် ပြည်ကိုမတိုက်ပဲ ကျော်သွားကြပါတယ်။ ထိုသို့ချီတက်ရင်း ရာဇာဓိရာဇ်၏ သမီးတော်တလမည်ကျော် မကျန်းမာတာကြောင့် ခေါင်းလောင်းကျဟူသောအရပ်မှာ သမက်ဖြစ်သူ စောမဟာရာဇ်ကို တပ်မှူးအဖြစ် တပ်တစ်တပ်နှင့်ထားကာ ကျန်တပ်များက အင်းဝကို ဆက်လက်ချီတက်သွားကြပါတယ်။ ထိုအကြောင်းကို လက်ျာပျံချီက ထောက်လှမ်းသိရှိပြီး ဖြစ်တာကြောင့် ညရောက်တဲ့အခါ စောမဟာရာဇ်တပ်ကို ဝင်တိုက်ပါတော့တယ်။ အမှတ်မထင် အတိုက်ခံရတဲ့အတွက် စောမဟာရာဇ်တပ်ပျက်သွားခဲ့သလို မွန်မင်းသမီးကို ဖမ်းဆီးလိုက်နိုင်ပါတယ်။ တပ်အချို့ကိုခွဲထုတ်ကာ မွန်မင်းသမီးအား အင်းဝသို့ လျို့ဝှက်ပို့စေခဲ့ကာ ကိုယ်တိုင်ကတော့ ရရှိတဲ့လက်နက် ရိက္ခာတို့ကိုယူပြီး မြို့တွင်းသို့ပြန်ဝင်နေပါတယ်။

ထိုအကြောင်းကို ရာဇာဓိရာဇ် မသိ။ အင်းဝသို့ တိုက်ခိုက်ရန်အသွား စကြိုသူမြတ်မေတ္တာရပ်ခံတာကြောင့် စစ်ရုပ်ပြီးပြန်အလာ စလေရောက်မှ သိပါတယ်။ မကျေနပ်သော်လည်း စစ်ပန်းနေပြီဖြစ်တာကြောင့် ဘာမျှမတတ်နိုင်ပါတော့ချေ။ လက်ျာပျံချီအပေါ် အငြိုးကြီး ငြိုးသွားပါတော့တယ်။ သိပ်မကြာမီမှာပဲ ရာဇာဓိရာဇ်ဟာ အင်အားအလုံးအရင်းနဲ့ ပြည်ကို စစ်ချီပါတော့တယ်။ အင်အားတစ်သိန်းခန့် ရှိတဲ့တပ်ကြီးနဲ့ ပြည်မြို့ကို ကြည်းကြောင်းရေကြောင်း ဝန်းရံထားလိုက်ပါတယ်။ ပြည်မြို့ကို အဆုံးမခံနိုင်တဲ့ အင်းဝဘုရင်မင်းခေါင်က အင်အားသုံးသောင်းရှိတဲ့ မြင်းတပ်ကို ခုခံရန် စေလွှတ်ခဲ့သော်လည်း အင်အားကြီးမားတဲ့ ရာဇာဓိရာဇ်တပ်များရဲ့ ချေမှုန်းခြင်းကို ခံလိုက်ရပါတယ်။ ထို့နောက် ဝန်းရံထားသော ပြည်မြို့ကို အဘက်ဘက်မှ တိုက်ခိုက်ပါတော့တယ်။

သို့သော် လက်ျာပျံချီ၏ စနစ်တကျပြင်ဆင်မှုများကြောင့် ရာဇာဓိရာဇ်တပ်များ ပြည်မြို့ရိုးကို ပေါက်အောင်မဖောက်နိုင်ပါချေ။ မြို့ရိုးအပြင်ဘက်ရှိ ကျုံးထောက်ချောက်များ သတ်ကွင်းများကို အလွတ်ဖြတ်ကျော်လာကြတဲ့ မွန်တပ်များမှာ လေး မြှား ၊ သေနတ် ၊ အမြှောက် ၊ လောက်လွှဲစသည့် လက်နက်များဖြင့် ချေမှုန်းခံရသလို ထိုလက်နက်များကို ကျော်ဖြတ်ကာ မြို့ရိုးအနီးရောက်ရှိသူ ရဲမက်အနည်းငယ်ကိုလည်း ဆီမီးအိုးများ ၊ ရေနံ ၊ အင်တွဲ ၊ ပွဲလျက်များကို အပူပေးလောင်းချ ၊ ငရုတ်ရည်များကိုသုံးကာ တိုက်ခိုက်ခဲ့ပါတယ်။ ရာဇာဓိရာဇ်တပ်များ အကြိမ်ကြိမ်တိုက်ခိုက်သော်လည်း မည်သို့မျှမထိုးဖောက်နိုင်ပဲ မိမိစစ်သည်များသာ အကျအရှုံးများလာခဲ့ပါတယ်။

ထို့ကြောင့် ရာဇာဓိရာဇ်ဟာ ဗျူဟာပြောင်းလိုက်ပါတယ်။ မတိုက်တော့ပဲ ဝန်းရံကာ မြို့တွင်း၌ ငတ်ပြတ်အင်အားမရှိတော့မှ အလွယ်တကူသိမ်းမည့် ဗျူဟာပါ။ အမှန်တကယ်လည်း ပြည်မြို့တွင်းတွင် ရိက္ခာမရှိတော့။ နောက်ဆုံး ဖွဲနု နှင့် ထန်းအူများကို စားနေရသည့် အခြေအနေကိုပင် ရောက်နေခဲ့ပါပြီ။ သို့သော် လက်ျာပျံချီသည် အညံ့မခံ အသက်ပင် သေစေတော့ နောက်ဆုံးအချိန်ထိ တိုက်ခိုက်သွားမည်ဟု ခံယူထားခဲ့ပါတယ်။

ထိုအချိန်မှာပဲ ဘုရင်မင်းခေါင်က အင်အားခုနှစ်သောင်း ရှိတဲ့တပ်နဲ့ ပြည်မြို့ကို ကိုယ်တိုင်ဆင်းလာခဲ့ပါတယ်။ ရာဇာဓိရာဇ်သိသော် တပ်မှူးများကို ခေါ်ကာ တိုက်မည်လော ဆုတ်မည်လော ဟု မေးတော်မူရာ အမတ်ဒိန် အစရှိတဲ့ အမတ်များက ဆုတ်ရန်ပြောသော်လည်း သမိန်ဇိပ်ဗြဲ ၊ ဗြထပိုက် ၊ ဘောကျော် စသည့်တပ်မှူးများက အင်အားဖြည့်တင်းပေးလျှင် အနိုင်တိုက်နိုင်ပါမည် ဟု ဆိုပါတယ်။ ထိုတပ်မှူးများရဲ့စကားကို နားယောင်သွားတဲ့ ရာဇာဓိရာဇ်ဟာ လူသူလက်နက်ဖြည့်တင်းကာ ပြည်မြို့ကို ဆက်လက်တိုက်စေခဲ့ပါတယ်။ ထိုသို့တိုက်သော်လည်း လက်ျာပျံချီ၏ အစီအမံများကို မကျော်နိုင်သည့်အပြင် စစ်ကူရောက်လာသော ဘုရင်မင်းခေါင်တပ်၏ ခြေမှုန်းခြင်းကို ခံလိုက်ရပါတယ်။ ထိုတိုက်ပွဲမှ စကာ လက်ျာပျံချီ နာမည်ကြီးကာ ခံစစ်ဗျူဟာကျွမ်းကျင်သူ ပြည်စားပျံချီ ဟူ၍ ပြောစမှတ်ပြုခြင်း ခံရကာ အင်းဝမင်းများ၏ သူကောင်းပြုခြင်းကို ခံခဲ့ရပါတယ်။

ထိုအချိန်မှ စ၍ ဟံသာဝတီတပ်များ ပြည်မြို့ကို မကြံစည်ဝံ့တော့ပဲ နောက် ခုနှစ်နှစ်အကြာမှ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ပြန်ပါတယ်။ ပထမအကြိမ်တည်းက အတွေ့အကြုံရှိထားတဲ့ လက်ျာပျံချီဟာ ပိုမို ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့ပါတယ်။ ရိက္ခာပြဿနာအတွက်လည်း လပေါင်းများစွာခံတိုက်နိုင်သည့် ရိက္ခာများကို စုစည်းထားခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း ဟံသာဝတီတပ်များ အလူးအလဲခံရပြန်ပါတယ်။ ပထမအကြီမ်ထက် ပို၍ဆိုးသည်မှာ လက်ျာပျံချီက မြို့ရိုးအပြင်ဘက် ပတ်ပတ်လည်တွင် သေနတ်စည်း ၊ မြတပူစည်း စည်းအထပ်ထပ်တားကို စနစ်တကျပြန်လည် တိုက်ခိုက်ခဲ့တဲ့အတွက်ပါ။ ဟံသာဝတီတပ်များ မြို့တွင်းသို့ ဝင်ရန်မပြောနှင့် မြို့ရိုးနားပင် မကပ်နိုင်ပါချေ။ တစ်လခွဲကြာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သော်လည်း လက်ျာပျံချီ၏ အစီအမံများကို မကျော်ဖြတ်နိုင်ခဲ့ပါချေ။

ထိုအချိန်မှာပဲ ယိုးဒယားတို့က မုတ္တမကိုလာရောက်တိုက်ခိုက်တာကြောင့် ရာဇာဓိရာဇ်သည် သားတော်ဗညားပုသိမ်ကို တပ်မှူးကိုးယောက် ၊ အင်အား ငါးသောင်း ပေးအပ်ကာ ကိုယ်တော်တိုင်ကတော့ ယိုးဒယားတို့ရန်ကို ကာကွယ်ရန် ပဲခူးသို့ပြန်သွားခဲ့ပါတယ်။ သားတော်ဗညားပုသိမ်သည် သုံးလခန့် ပြည်မြို့ကို ဆက်လက်လုပ်ကြံပါသော်လည်း အခြေအနေမထူးခြားပဲ ရဲမက်များကျဆုံးသည်သာ အဖတ်တင်ပါတယ်။ ထိုအချိန်အတွင်းမှာပဲ ဘုရင်မင်းခေါင် နှင့် မင်းရဲကျော်စွာ၏တပ်များ ပြည်မြို့သို့ချီတက်လာကာ ဗညားပုသိမ်၏ တပ်များကိုပြင်းထန်စွာ တိုက်ခိုက်ပါတော့တယ်။

ယိုးဒယားတို့ကို စစ်နိုင်ပြီးပြန်လာတဲ့ ရာဇာဓိရာဇ်ကလည်း စစ်အင်အား တစ်သိန်းနဲ့ သားတော်ဗညားပုသိမ်ကို ကူရန်ပြည်မြို့သို့ ထပ်မံချီတက်လာပြန်ပါတယ်။ အင်းဝတပ်နှင့် ဟံသာဝတီတပ်များ ရင်ဆိုင်နေစဉ်အတွင်းမှာပဲ ရာဇာဓိရာဇ်ဟာ ကြီးမားတဲ့ ဆုံးရှုံးမှုများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။ လက်ရုံးတစ်ဖက်လိုအားထားရတဲ့ စစ်သူကြီးသမိန်ဗြဇ္ဇ မကျန်းမာ၍ ကွယ်လွန်သွားသလို ၊ အားအထားရဆုံး သူရဲကောင်း လဂွန်းအိမ်ကလည်း မင်းရဲကျော်စွာ၏ ပရိယာယ်ကြောင့် လှေလေးစင်း-တစ်စင်း ယှဉ်တိုက်ကာ ကျဆုံးသွားတဲ့အပြင် သမက်ဖြစ်သူ သူရဲကောင်း သမိန်ဗရမ်းသည်လည်း အဖမ်းခံလိုက်ရပါတယ်။ ဆုံးရှုံးမှုများကြောင့် ဆက်လက်မတိုက်ခိုက်တော့ပဲ ရာဇာဓိရာဇ်တပ်များ ဆုတ်ခွာသွားပါတော့တယ်။

ပြည်မြို့အနီးတွင် ဖြစ်ပွားသမျှတိုက်ပွဲတိုင်းတွင် ဟံသာဝတီတပ်များ အရေးနိမ့်ခဲ့ရခြင်းမှာ လက်ျာပျံချီ၏ အစီအမံများကြောင့်ပင် ဖြစ်ပါတယ်။ ဤသို့ အောင်ပွဲအလီလီရယူခဲ့သော သူရဲကောင်း လက်ျာပျံချီဟာ မွန်မြို့များကို တိုက်ခိုက်သိမ်းပိုက်ရင်း ဒလမြို့တိုက်ပွဲတွင် ရန်သူ့မြှားချက်ကြောင့် မြင်းထက်၌ ကျဆုံးခဲ့ရပါတယ်။

Ref;
ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း – ဒေါက်တာနိုင်ပန်းလှ
မြန်မာ့စွယ်စုံကျမ်း

Leave a Reply