စကား (၆) ခြန္း လူ၌ထြန္း

Posted on

ေရးသားသူ – ေဒါက္တာတင္ဗိုလ္ဗိုလ္ (ကြန္ပ်ဴ-ေဗဒသုခုမ)

ဗုဒၶဘာသာ ျမန္မာလူမ်ဳိးေတာ္ေတာ္မ်ားမ်ား ၾကားဘူးၾကလိိမ့္မယ္ ထင္ပါတယ္။ ဗုဒၶရဲ႕ စကားနဲ႕ ပတ္သက္တဲ့ အဆံုးအမေလး တစ္ခုပါ။

“စကား (၆) ခြန္း ၊ လူ၌ထြန္း ၊ (၄) ခြန္းကိုေရွာင္ ၊ (၂) ခြန္းေဆာင္” တဲ့။
တခ်ဳိ႕ကလည္း (၄) ခြန္းကိုပယ္ ၊ (၂) ခြန္းထယ္” တဲ့ ။ ကာရံ ညီေအာင္ ညႇိၾကတာပါဘဲ။ အဓိပၸါယ္ကေတာ့ စကား (၆) ခြန္းမွာ (၄) ခြန္းကို မေျပာနဲ႕၊ အက်ဳိးမရွိဘူး ၊ (၂) ခြန္းသာ ေျပာၾကလို႕ ဗုဒၶဘုရားရွင္ ဆိုဆံုးမခဲ့တဲ့ စကားပါ။

ဘုရားရွင္ဟာ သူကိုယ္တိုင္လည္း ဘုရားအျဖစ္သို႕ ေရာက္ေတာ္ မူသည့္ အခ်ိန္ကေန ပရိနိဗၺာန္ ျပဳသည့္တိုင္ေအာင္ စကား (၆) ခြန္းအနက္ ပယ္ရမယ့္ (၄)ခြန္းကို လံုး၀မေျပာခဲ့ဘဲ က်န္တဲ့ (၂)ခြန္းကိုသာ တစ္သက္တာပတ္လံုး “ေဆာင္” သြားခဲ့သူျဖစ္ပါတယ္။

ဒီ စကားႀကီး (၆) ခြန္းကေတာ့ –

(၁) ဟုတ္မွန္ျခင္း / မဟုတ္မွန္ျခင္း (၂) အက်ဳိးရွိျခင္း / အက်ဳိးမရွိျခင္း (၃) အေျပာခံရသူ ႏွစ္သက္ျခင္း / မႏွစ္သက္ျခင္း (၃)မ်ဳိးအေပၚမွာ အေျခခံပါတယ္။ တြဲစပ္လိုက္ေတာ့ – စကားတစ္ခုဟာ

(၁) ဟုတ္မွန္ျခင္းမရွိ ၊ အက်ဳိးလည္းမရွိ ၊ အေျပာခံရသူလည္း မႀကိဳက္တာက တစ္ခု။

(၂) ဟုတ္မွန္ျခင္းမရွိ ၊ အက်ဳိးလည္းမရွိ ၊ အေျပာခံသူကေတာ့ ႀကိဳက္တာက တစ္ခု။

(၃) ဟုတ္မွန္တယ္ ၊ ဒါေပမယ့္ အက်ဳိးမရွိ ၊ အေျပာခံရသူလည္း မႀကိဳက္တာက တစ္ခု။

(၄) ဟုတ္မွန္တယ္ ၊ ဒါေပမယ့္ အက်ဳိးမရွိ ၊ အေျပာခံရသူကေတာ့ ႀကိဳက္တယ္က တစ္ခု။

(၅) ဟုတ္မွန္တယ္ ၊ အက်ဳိးလည္း ရွိတယ္ ၊ အေျပာခံရသူကလည္း ႀကိဳက္တယ္က တစ္ခု။

(၆) ဟုတ္မွန္တယ္ ၊ အက်ဳိးလည္း ရွိတယ္ ၊ အေျပာခံရသူကေတာ့ မႀကိဳက္ျပန္ဘူး က တစ္ခု။

ဒီေတာ့ ဒီစကားေလးေတြကို ျပန္ခ်ဲ႕ၾကည့္ရေအာင္ ။

နံပါတ္ (၁)စကားက “မဟုတ္၊ အက်ဳိးမရွိ ၊ မႀကိဳက္” တဲ့ စကား။

ဘယ္လိုမ်ဳိးလဲ ဆိုေတာ့ လူတစ္ေယာက္(သို႔) အဖြဲ႕အစည္းတစ္ခုကို မဟုတ္မမွန္ လုပ္ႀကံအပုပ္ခ်တဲ့ စကား၊ ဆဲေရးတိုင္းထြာတဲ့ စကားမ်ဳိးေပါ႕။ ယေန႔ အင္တာနက္ လူမႈေရး၀က္ဆိုဒ္ေတြ ၊ သတင္းဆိုဒ္ေတြရဲ႕ ကြန္းမန္႕ေတြ မွာ အမ်ားဆံုးေတြ႕ေနရတဲ့ စကားပါ။ တကယ္ တရားေတာ္နဲ႕ ေျပာရရင္ အင္မတန္ အျပစ္ႀကီးတဲ့ စကားေတြပါ။ ဘုရား မႀကိဳက္ဆံုးစကား ၊ အပယ္ငရဲကို လားမယ့္ စကားေတြပါ။ လံုး၀ေရွာင္သင့္ပါတယ္။

နံပါတ္ (၂) စကားက “မဟုတ္၊ အက်ဳိးမရွိ ၊ ႀကိဳက္” တဲ့ စကား။

မဟုတ္တာေတြ လုပ္ေနတဲ့လူကို မဟုတ္တာလုပ္မွန္း သိပါရက္နဲ႕ သူ႕ဆီက အက်ဳိးရလိုမႈေၾကာင့္ ေျမႇာက္ပင့္ ၊ ေဖာ္လံဖားၿပီး ေျပာတဲ့စကားမ်ဳိးပါ။ ဘယ္လိုမွမေကာင္းပါဘူး။ ကိုယ့္ရဲ႕ ကိုယ္က်င့္တရားကို ကိုယ္ျပန္မေလးစားႏိုင္ေတာ့တဲ့ စကားပါ။ အြန္လိုင္းေတြ ေပၚမွာ လူႀကိဳက္မ်ားေစမယ့္ မုသာ၀ါဒ စကားလံုးေတြ ၊ လုပ္ႀကံဖန္တီးထားတဲ့ ရုပ္ပံုေတြ ေဖာ္ျပၿပီး ကိုယ့္နာမည္ ေက်ာ္ၾကားမႈ ကို လုပ္ေနသူေတြလည္း ပါပါတယ္။ မေကာင္းတဲ့ စကားပါေနာ္။

နံပါတ္ (၃) စကားက “ဟုတ္တယ္၊ အက်ဳိးမရွိ ၊ မႀကိဳက္” တဲ့ စကား။

ဥပမာ – အရမ္းပိန္တဲ့သူတစ္ေယာက္ “သိပ္ ပိန္တာဘဲေနာ္။ က်န္းမာေရးမေကာင္းဘူးလား” လို႕ ေျပာရင္အေျပာခံရသူက မႀကိဳက္ပါဘူး။ ဒီအတိုင္း အရမ္း၀ တဲ့သူတစ္ေယာက္ကိုလည္း “သိပ္၀တာဘဲေနာ္” ေျပာၾကည့္ ၊ မႀကိဳက္ပါ။ မမွန္ဘူးလားဆိုေတာ့ မွန္ပါတယ္။ ဒါေပမယ့္ ကိုယ္ေျပာလိုက္လို႕ ခ်က္ျခင္း ပိန္ရာက ၀မလာသလို၊ ၀ရာကလည္း ပိန္မသြားပါဘူး။ အက်ဳိးမရွိဘူးေပါ႕။ ဒီစကားမ်ဳိးကေတာ့ အလိုက္မသိတတ္သူ ၊ ပါးနပ္လိမၼာမႈ မရွိသူေတြ ေျပာေလ့ရွိတတ္ၾကပါတယ္။ အျပစ္ေတာ့ သိပ္မႀကီးပါဘူး။ ဒါေပမယ့္ အက်ဳိးမရွိလို႕ ဘုရားမႀကိဳက္ပါဘူး။

နံပါတ္ (၄) စကားက – “ဟုတ္တယ္၊ အက်ဳိးမရွိ ၊ ႀကိဳက္တယ္” ဆိုတဲ့ စကား။

ဒီစကားက နည္းနည္း ရွင္းျပဖို႕ ခက္ပါတယ္။ လူ႕ေလာကထဲက ခ်ီးမြမ္းစကားေတြပါဘဲ။ အေျမႇာက္အပင့္ေတြလည္း ပါႏိုင္ပါတယ္။ လွပ ေခ်ာေမာတဲ့ မိန္းကေလးတစ္ေယာက္ကို သိပ္ေခ်ာတာဘဲ လို႕ ေျပာရင္ ႀကိဳက္ပါတယ္။ မွန္ေနတာကိုး။ ဒါေပမယ့္ ဒီစကားေၾကာင့္ အလွမာန ပိုတက္လာႏိုင္ၿပီး “အိုျခင္း ၊ နာျခင္း ၊ ေသျခင္း” ဆိုတဲ့ အမွန္တရားေတြနဲ႕ အလွမ္းကြာသြားႏိုင္လို႕ ဘုရား၊ ရဟႏၲာတို႕က မႀကိဳက္ပါဘူး။ လူ႕ေလာကထဲမွာ အျပစ္သိပ္ မရွိေပမယ့္ နိဗၺာန္နဲ႕ အလွမ္းေ၀းတဲ့ စကားေတြျဖစ္လို႕ ဘုရား ၊ ရဟႏၲာေတြ ပယ္တာ ျဖစ္ပါတယ္။

နံပါတ္ (၅) စကားက – “ဟုတ္တယ္ ၊ အက်ဳိးရွိတယ္ ၊ ႀကိဳက္တယ္” ဆိုတဲ့ စကား။

ဒါကေတာ့ အေကာင္းတကာ့ အေကာင္း ဆံုး စကားမို႕ ရွင္းျပဖို႕ လိုမယ္ မထင္ပါဘူး။ ေလာကီေရာ ၊ ေလာကုတၱရာမွာပါ အက်ဳိးမ်ားတဲ့ စကားမ်ဳိးပါ။ ဗုဒၶဟာ သူ ပြင့္ေတာ္မူစဥ္ ကာလတစ္ေလွ်ာက္လံုး အမ်ားဆံုးေျပာသြားတဲ့ စကားပါ။ ဗုဒၶရဲ႕ တရားေတာ္ေတြ မွန္သမွ် ဒီစကားေတြပါဘဲ။ ဒီလို စကားမ်ဳိးကိုသာ ေျပာၾကမယ္ဆိုရင္ ကမၻာေလာကႀကီးတစ္ခုလံုး ေအးခ်မ္းသာယာေန ပါလိမ့္မယ္။

နံပါတ္ (၆) စကားက – “ဟုတ္တယ္ ၊ အက်ဳိးရွိတယ္ ၊ မႀကိဳက္” ဆိုတဲ့ စကား။

ဒါကေတာ့ ဥပမာ ေပးရလြယ္ပါတယ္။ မိဘ ဆရာသမားေတြက သားသမီးေတြ ၊ တပည့္ေတြကို မေကာင္းတာ မလုပ္ၾကဖို႕ တားျမစ္တဲ့ စကားမ်ဳိး။ လူငယ္ေတြရဲ႕ လြတ္လပ္ခ်င္တဲ့ သဘာ၀ေၾကာင့္ မႀကိဳက္ဘူး။ ဒါေပမယ္ ့အက်ဳိးရွိတဲ့ စကားေတြျဖစ္တယ္။ ဒီလို စကားမ်ဳိးကေတာ့ ကိုယ့္ကို မုန္းမယ္ဆိုလည္း ေျပာရမွာဘဲ။ ဗုဒၶကိုယ္ေတာ္တိုင္ ဆိုဆံုးမလို႕ မလြယ္တဲ့ ရဟန္းတစ္ခ်ဳိ႕ကို ဒီလို စကားမ်ဳိးနဲ႕ ျပင္းျပင္းထန္ထန္ ရႈတ္ခ် ေျပာတာေတြ ရွိပါတယ္။ သူတို႕ အကၽြတ္တရားရေစခ်င္တဲ့ ေစတနာနဲ႕ပါ။

(ယခု ကၽြန္ေတာ္ ေရးလိုက္တဲ့ ေဆာင္းပါးကလည္း နံပါတ္ (၆)ထဲမွာ ပါပါတယ္။ တခ်ဳိ႕လူေတြကေတာ့ လံုး၀ ႀကိဳက္ၾကမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ အက်ဳိးရွိတဲ့ စကားမို႕ ေျပာရမွာဘဲ)

ဒါကေတာ့ ဒီေခတ္မွာ စာဖတ္နည္းသြားတဲ့ လူငယ္ေတြ အတြက္ ဗဟုသုတေလး တစ္ခုပါ။ လူလတ္ ၊ လူႀကီး ပိုင္း အေတာ္မ်ားမ်ား ၾကားဘူး သိဘူး သူမ်ားပါတယ္။ အခုလို အင္တာနက္ေခတ္ ၊ သတင္းေခတ္မွာ လူငယ္ေတြ ေဖ႔စ္ဘုတ္ေပၚမွာ ေျပာေနၾကတာေတြ ၊ သတင္း၀က္ဆိုဒ္ေတြရဲ႕ ကြန္းမန္႕ထဲမွာ ေျပာေနၾကတာေတြ ဟာ ေရွာင္ရမယ့္ စကား (၄)ခြန္းသာ အမ်ားဆံုး ျဖစ္ေနၿပီး ေဆာင္ရမယ့္ စကား (၂)ခြန္းကေတာ့ သိပ္ကို နည္းေနတာကို သတိျပဳမိလို႕ ဒီေဆာင္းပါးေလးကို ေရးမိလိုက္ပါတယ္။

ကိုယ့္ စကားတစ္ခြန္းရဲ႕ အတိုင္းအထြာ အက်ဳိးသက္ေရာက္မႈကို ခ်ိန္ဆၿပီးမွ ေရးသင့္ ေျပာသင့္ၾကပါတယ္။ အဓိက အခ်ဳပ္ေျပာရရင္ “ဟုတ္လည္း မဟုတ္ ၊ အက်ဳိးလည္း မရွိ” တဲ့ စကားကို မေျပာၾကဖို႕ တိုက္တြန္း ခ်င္ပါတယ္။

ဒါေပမယ့္ ျပႆနာတစ္ခုက တစ္ခ်ဳိ႕ လူငယ္ေတြမွာ အသက္ငယ္ေသးျခင္း ၊ ဘ၀အေတြ႕အႀကံဳ နည္းလြန္းျခင္း ၊ လူငယ္ပီပီ စိတ္ဆတ္ ေသြးဆူလြယ္ျခင္း တို႕ေၾကာင့္ “ဟုတ္ပင္ ဟုတ္ျငားေသာ္လည္း” အက်ဳိးသက္ေရာက္မႈ အတိုင္းအတာ ကို ခ်ိန္ဆႏို္င္ျခင္း မရွိတာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ ကိုယ္ၾကားသမွ် ျမင္သမွ်အေပၚ အက်ဳိးသက္ေရာက္ႏိုင္မႈကို မခ်ိန္ဆေတာ့ဘဲ စိတ္အားထက္သန္စြာ ေျပာဆိုေ၀ဖန္မႈ ၊ မိမိတို႕ ခံစားခ်က္မ်ားကို တစ္ဦး ႏွင့္ တစ္ဦး အလြယ္တကူ ျဖန္႕ေ၀မႈမ်ား ေၾကာင့္ တိုင္းျပည္တြင္းမွာ မျဖစ္သင့္တဲ့ ျပႆနာေတြ ျဖစ္ေနတာကို ေတြ႕ေနရေၾကာင္းပါခင္ဗ်ား။

ဒါေၾကာင့္ ဗုဒၶဘုရားရွင္ရဲ႕ “ၾသ၀ါဒ” ကို ကိုးကားထားတဲ့ ဒီေဆာင္းပါးေလးနဲ႕ လူငယ္မ်ား အသိဉာဏ္ျမင့္မားႏို္င္ၾကေစရန္ ၊ လူႀကီးမ်ားလည္း စိတ္ထား ျမင့္ျမတ္ႏိုင္ၾက ပါေစရန္ ေရးသားလိုက္ရျခင္း ျဖစ္ေၾကာင္းပါခင္ဗ်ား။

ျမန္မာႏိုင္ငံသူ ႏိုင္ငံသား အားလံုး ေကာင္းေသာစကား၊ အက်ဳိးရွိေသာ စကားကို ဆိုႏိုင္ၾကပါေစကုန္ေသာ္။

ေဒါက္တာတင္ဗိုလ္ဗိုလ္ (ကြန္ပ်ဴ-ေဗဒသုခုမ)


စကား (၆) ခွန်း လူ၌ထွန်း (unicode)

ရေးသားသူ – ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတော်တော်များများ ကြားဘူးကြလိမ့်မယ် ထင်ပါတယ်။ ဗုဒ္ဓရဲ့ စကားနဲ့ ပတ်သက်တဲ့ အဆုံးအမလေး တစ်ခုပါ။

“စကား (၆) ခွန်း ၊ လူ၌ထွန်း ၊ (၄) ခွန်းကိုရှောင် ၊ (၂) ခွန်းဆောင်” တဲ့။ တချို့ကလည်း (၄) ခွန်းကိုပယ် ၊ (၂) ခွန်းထယ်” တဲ့ ။ ကာရံ ညီအောင် ညှိကြတာပါဘဲ။ အဓိပ္ပါယ်ကတော့ စကား (၆) ခွန်းမှာ (၄) ခွန်းကို မပြောနဲ့၊ အကျိုးမရှိဘူး ၊ (၂) ခွန်းသာ ပြောကြလို့ ဗုဒ္ဓဘုရားရှင် ဆိုဆုံးမခဲ့တဲ့ စကားပါ။

ဘုရားရှင်ဟာ သူကိုယ်တိုင်လည်း ဘုရားအဖြစ်သို့ ရောက်တော် မူသည့် အချိန်ကနေ ပရိနိဗ္ဗာန် ပြုသည့်တိုင်အောင် စကား (၆) ခွန်းအနက် ပယ်ရမယ့် (၄)ခွန်းကို လုံးဝမပြောခဲ့ဘဲ ကျန်တဲ့ (၂)ခွန်းကိုသာ တစ်သက်တာပတ်လုံး “ဆောင်” သွားခဲ့သူဖြစ်ပါတယ်။

ဒီ စကားကြီး (၆) ခွန်းကတော့ –

(၁) ဟုတ်မှန်ခြင်း / မဟုတ်မှန်ခြင်း (၂) အကျိုးရှိခြင်း / အကျိုးမရှိခြင်း (၃) အပြောခံရသူ နှစ်သက်ခြင်း / မနှစ်သက်ခြင်း (၃)မျိုးအပေါ်မှာ အခြေခံပါတယ်။ တွဲစပ်လိုက်တော့ – စကားတစ်ခုဟာ

(၁) ဟုတ်မှန်ခြင်းမရှိ ၊ အကျိုးလည်းမရှိ ၊ အပြောခံရသူလည်း မကြိုက်တာက တစ်ခု။

(၂) ဟုတ်မှန်ခြင်းမရှိ ၊ အကျိုးလည်းမရှိ ၊ အပြောခံသူကတော့ ကြိုက်တာက တစ်ခု။

(၃) ဟုတ်မှန်တယ် ၊ ဒါပေမယ့် အကျိုးမရှိ ၊ အပြောခံရသူလည်း မကြိုက်တာက တစ်ခု။

(၄) ဟုတ်မှန်တယ် ၊ ဒါပေမယ့် အကျိုးမရှိ ၊ အပြောခံရသူကတော့ ကြိုက်တယ်က တစ်ခု။

(၅) ဟုတ်မှန်တယ် ၊ အကျိုးလည်း ရှိတယ် ၊ အပြောခံရသူကလည်း ကြိုက်တယ်က တစ်ခု။

(၆) ဟုတ်မှန်တယ် ၊ အကျိုးလည်း ရှိတယ် ၊ အပြောခံရသူကတော့ မကြိုက်ပြန်ဘူး က တစ်ခု။

ဒီတော့ ဒီစကားလေးတွေကို ပြန်ချဲ့ကြည့်ရအောင် ။

နံပါတ် (၁)စကားက “မဟုတ်၊ အကျိုးမရှိ ၊ မကြိုက်” တဲ့ စကား။ ဘယ်လိုမျိုးလဲ ဆိုတော့ လူတစ်ယောက်(သို့) အဖွဲ့အစည်းတစ်ခုကို မဟုတ်မမှန် လုပ်ကြံအပုပ်ချတဲ့ စကား၊ ဆဲရေးတိုင်းထွာတဲ့ စကားမျိုးပေါ့။ ယနေ့ အင်တာနက် လူမှုရေးဝက်ဆိုဒ်တွေ ၊ သတင်းဆိုဒ်တွေရဲ့ ကွန်းမန့်တွေ မှာ အများဆုံးတွေ့နေရတဲ့ စကားပါ။ တကယ် တရားတော်နဲ့ ပြောရရင် အင်မတန် အပြစ်ကြီးတဲ့ စကားတွေပါ။ ဘုရား မကြိုက်ဆုံးစကား ၊ အပယ်ငရဲကို လားမယ့် စကားတွေပါ။ လုံး၀ရှောင်သင့်ပါတယ်။

နံပါတ် (၂) စကားက “မဟုတ်၊ အကျိုးမရှိ ၊ ကြိုက်” တဲ့ စကား။ မဟုတ်တာတွေ လုပ်နေတဲ့လူကို မဟုတ်တာလုပ်မှန်း သိပါရက်နဲ့ သူ့ဆီက အကျိုးရလိုမှုကြောင့် မြှောက်ပင့် ၊ ဖော်လံဖားပြီး ပြောတဲ့စကားမျိုးပါ။ ဘယ်လိုမှမကောင်းပါဘူး။ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို ကိုယ်ပြန်မလေးစားနိုင်တော့တဲ့ စကားပါ။ အွန်လိုင်းတွေ ပေါ်မှာ လူကြိုက်များစေမယ့် မုသာဝါဒ စကားလုံးတွေ ၊ လုပ်ကြံဖန်တီးထားတဲ့ ရုပ်ပုံတွေ ဖော်ပြပြီး ကိုယ့်နာမည် ကျော်ကြားမှု ကို လုပ်နေသူတွေလည်း ပါပါတယ်။ မကောင်းတဲ့ စကားပါနော်။

နံပါတ် (၃) စကားက “ဟုတ်တယ်၊ အကျိုးမရှိ ၊ မကြိုက်” တဲ့ စကား။ ဥပမာ – အရမ်းပိန်တဲ့သူတစ်ယောက် “သိပ် ပိန်တာဘဲနော်။ ကျန်းမာရေးမကောင်းဘူးလား” လို့ ပြောရင်အပြောခံရသူက မကြိုက်ပါဘူး။ ဒီအတိုင်း အရမ်း၀ တဲ့သူတစ်ယောက်ကိုလည်း “သိပ်ဝတာဘဲနော်” ပြောကြည့် ၊ မကြိုက်ပါ။ မမှန်ဘူးလားဆိုတော့ မှန်ပါတယ်။ ဒါပေမယ့် ကိုယ်ပြောလိုက်လို့ ချက်ခြင်း ပိန်ရာက ဝမလာသလို၊ ဝရာကလည်း ပိန်မသွားပါဘူး။ အကျိုးမရှိဘူးပေါ့။ ဒီစကားမျိုးကတော့ အလိုက်မသိတတ်သူ ၊ ပါးနပ်လိမ္မာမှု မရှိသူတွေ ပြောလေ့ရှိတတ်ကြပါတယ်။ အပြစ်တော့ သိပ်မကြီးပါဘူး။ ဒါပေမယ့် အကျိုးမရှိလို့ ဘုရားမကြိုက်ပါဘူး။

နံပါတ် (၄) စကားက – “ဟုတ်တယ်၊ အကျိုးမရှိ ၊ ကြိုက်တယ်” ဆိုတဲ့ စကား။ ဒီစကားက နည်းနည်း ရှင်းပြဖို့ ခက်ပါတယ်။ လူ့လောကထဲက ချီးမွမ်းစကားတွေပါဘဲ။ အမြှောက်အပင့်တွေလည်း ပါနိုင်ပါတယ်။ လှပ ချောမောတဲ့ မိန်းကလေးတစ်ယောက်ကို သိပ်ချောတာဘဲ လို့ ပြောရင် ကြိုက်ပါတယ်။ မှန်နေတာကိုး။ ဒါပေမယ့် ဒီစကားကြောင့် အလှမာန ပိုတက်လာနိုင်ပြီး “အိုခြင်း ၊ နာခြင်း ၊ သေခြင်း” ဆိုတဲ့ အမှန်တရားတွေနဲ့ အလှမ်းကွာသွားနိုင်လို့ ဘုရား၊ ရဟန္တာတို့က မကြိုက်ပါဘူး။ လူ့လောကထဲမှာ အပြစ်သိပ် မရှိပေမယ့် နိဗ္ဗာန်နဲ့ အလှမ်းဝေးတဲ့ စကားတွေဖြစ်လို့ ဘုရား ၊ ရဟန္တာတွေ ပယ်တာ ဖြစ်ပါတယ်။

နံပါတ် (၅) စကားက – “ဟုတ်တယ် ၊ အကျိုးရှိတယ် ၊ ကြိုက်တယ်” ဆိုတဲ့ စကား။ ဒါကတော့ အကောင်းတကာ့ အကောင်း ဆုံး စကားမို့ ရှင်းပြဖို့ လိုမယ် မထင်ပါဘူး။ လောကီရော ၊ လောကုတ္တရာမှာပါ အကျိုးများတဲ့ စကားမျိုးပါ။ ဗုဒ္ဓဟာ သူ ပွင့်တော်မူစဉ် ကာလတစ်လျှောက်လုံး အများဆုံးပြောသွားတဲ့ စကားပါ။ ဗုဒ္ဓရဲ့ တရားတော်တွေ မှန်သမျှ ဒီစကားတွေပါဘဲ။ ဒီလို စကားမျိုးကိုသာ ပြောကြမယ်ဆိုရင် ကမ္ဘာလောကကြီးတစ်ခုလုံး အေးချမ်းသာယာနေ ပါလိမ့်မယ်။

နံပါတ် (၆) စကားက – “ဟုတ်တယ် ၊ အကျိုးရှိတယ် ၊ မကြိုက်” ဆိုတဲ့ စကား။ ဒါကတော့ ဥပမာ ပေးရလွယ်ပါတယ်။ မိဘ ဆရာသမားတွေက သားသမီးတွေ ၊ တပည့်တွေကို မကောင်းတာ မလုပ်ကြဖို့ တားမြစ်တဲ့ စကားမျိုး။ လူငယ်တွေရဲ့ လွတ်လပ်ချင်တဲ့ သဘာ၀ကြောင့် မကြိုက်ဘူး။ ဒါပေမယ့်အကျိုးရှိတဲ့ စကားတွေဖြစ်တယ်။ ဒီလို စကားမျိုးကတော့ ကိုယ့်ကို မုန်းမယ်ဆိုလည်း ပြောရမှာဘဲ။ ဗုဒ္ဓကိုယ်တော်တိုင် ဆိုဆုံးမလို့ မလွယ်တဲ့ ရဟန်းတစ်ချို့ကို ဒီလို စကားမျိုးနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချ ပြောတာတွေ ရှိပါတယ်။ သူတို့ အကျွတ်တရားရစေချင်တဲ့ စေတနာနဲ့ပါ။

(ယခု ကျွန်တော် ရေးလိုက်တဲ့ ဆောင်းပါးကလည်း နံပါတ် (၆)ထဲမှာ ပါပါတယ်။ တချို့လူတွေကတော့ လုံး၀ ကြိုက်ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အကျိုးရှိတဲ့ စကားမို့ ပြောရမှာဘဲ)

ဒါကတော့ ဒီခေတ်မှာ စာဖတ်နည်းသွားတဲ့ လူငယ်တွေ အတွက် ဗဟုသုတလေး တစ်ခုပါ။ လူလတ် ၊ လူကြီး ပိုင်း အတော်များများ ကြားဘူး သိဘူး သူများပါတယ်။ အခုလို အင်တာနက်ခေတ် ၊ သတင်းခေတ်မှာ လူငယ်တွေ ဖေ့စ်ဘုတ်ပေါ်မှာ ပြောနေကြတာတွေ ၊ သတင်းဝက်ဆိုဒ်တွေရဲ့ ကွန်းမန့်ထဲမှာ ပြောနေကြတာတွေ ဟာ ရှောင်ရမယ့် စကား (၄)ခွန်းသာ အများဆုံး ဖြစ်နေပြီး ဆောင်ရမယ့် စကား (၂)ခွန်းကတော့ သိပ်ကို နည်းနေတာကို သတိပြုမိလို့ ဒီဆောင်းပါးလေးကို ရေးမိလိုက်ပါတယ်။

ကိုယ့် စကားတစ်ခွန်းရဲ့ အတိုင်းအထွာ အကျိုးသက်ရောက်မှုကို ချိန်ဆပြီးမှ ရေးသင့် ပြောသင့်ကြပါတယ်။ အဓိက အချုပ်ပြောရရင် “ဟုတ်လည်း မဟုတ် ၊ အကျိုးလည်း မရှိ” တဲ့ စကားကို မပြောကြဖို့ တိုက်တွန်း ချင်ပါတယ်။

ဒါပေမယ့် ပြဿနာတစ်ခုက တစ်ချို့ လူငယ်တွေမှာ အသက်ငယ်သေးခြင်း ၊ ဘဝအတွေ့အကြုံ နည်းလွန်းခြင်း ၊ လူငယ်ပီပီ စိတ်ဆတ် သွေးဆူလွယ်ခြင်း တို့ကြောင့် “ဟုတ်ပင် ဟုတ်ငြားသော်လည်း” အကျိုးသက်ရောက်မှု အတိုင်းအတာ ကို ချိန်ဆန်ိုင်ခြင်း မရှိတာကို တွေ့ရပါတယ်။ ဒါကြောင့် ကိုယ်ကြားသမျှ မြင်သမျှအပေါ် အကျိုးသက်ရောက်နိုင်မှုကို မချိန်ဆတော့ဘဲ စိတ်အားထက်သန်စွာ ပြောဆိုဝေဖန်မှု ၊ မိမိတို့ ခံစားချက်များကို တစ်ဦး နှင့် တစ်ဦး အလွယ်တကူ ဖြန့်ဝေမှုများ ကြောင့် တိုင်းပြည်တွင်းမှာ မဖြစ်သင့်တဲ့ ပြဿနာတွေ ဖြစ်နေတာကို တွေ့နေရကြောင်းပါခင်ဗျား။

ဒါကြောင့် ဗုဒ္ဓဘုရားရှင်ရဲ့ “ဩဝါဒ” ကို ကိုးကားထားတဲ့ ဒီဆောင်းပါးလေးနဲ့ လူငယ်များ အသိဉာဏ်မြင့်မားန်ိုင်ကြစေရန် ၊ လူကြီးများလည်း စိတ်ထား မြင့်မြတ်နိုင်ကြ ပါစေရန် ရေးသားလိုက်ရခြင်း ဖြစ်ကြောင်းပါခင်ဗျား။

မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး ကောင်းသောစကား၊ အကျိုးရှိသော စကားကို ဆိုနိုင်ကြပါစေကုန်သော်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

Leave a Reply