“ေသဆုုံးခ်ိန္မွာ ခႏၵာကုုိယ္ေပၚက ခံစားခ်က္မွန္သမ်ွကုုိ သိႏုုိင္သလား?”

Posted on

Via : Thet Thet Tun

၁၉၈၅မွာ ဦးဂုုိအင္ကာရဲ႕ တပည့္တေယာက္က ခုုလုုိ ေမးတယ္။
“ေသဆုုံးခ်ိန္မွာ ခႏၶာကုုိယ္ေပၚက ခံစားခ်က္မွန္သမ်ွကုုိ သိႏုုိင္သလား?”
ဦးဂုုိအင္ကာ က ၄င္း၏ မိခင္ ေသဆုုံးသြားပုုံကုုိ ဥပမာေပးျပီး ေအာက္ပါအတုုိင္း ျပန္ေျဖပါတယ္။
(ဒီအေႀကာင္းကုုိ ၁၉၉၂ ခုုႏွစ္ ဧၿပီလထုုတ္ ဝိပသနာ သတင္းစဥ္မွာ ထည့္သြင္း ေဖၚျပခဲ့တယ္)

“ကြ်န္ေတာ္ဟာ မိသားစုုထဲမွာ သား၆ေယာက္ ရွိတဲ့အနက္က သားတဦးျဖစ္ပါတယ္။ ကြ်န္ေတာ့္ ဦးေလးနဲ႕ အေဒၚတုုိ႕မွာ သမီးခ်ည္းပဲ ၆ေယာက္ထြန္းကားျပီး သားမထြန္းကားတဲ့အတြက္ ကြ်န္ေတာ္ ခပ္ငယ္ငယ္မွာ အျပီးအပုုိင္ ေခၚယူ ေမြးစားခဲ့တယ္။ ကြ်န္ေတာ့္ေမြးစားမိခင္ ဟာ ဆရာႀကီး ဦးဘခင္ရဲ႕ တပည့္ရင္း ျဖစ္ျပီး ဆရာႀကီးရဲ႕ လမ္းညႊန္မွဳနဲ႔ တရားထုုိင္ခဲ့တာ အေတာ္ ေပါက္ေျမာက္ခဲ့ပါတယ္။ ဆရာႀကီးရဲ႕ အထူး အေလးထားခ်စ္ခင္မွဳကုုိ ခံရျပီး မွတ္မိသေလာက္ဆုုိရင္ ဆရာႀကီးရဲ႕ ေရွ႕ေမွာက္မွာ ကြယ္လြန္အနိစၥေရာက္တဲ့ တဦးတည္းေသာ တပည့္လည္း ျဖစ္ပါတယ္။

၁၉၆၇ခုုႏွစ္ အေမ့ အသက္ ၇၀ အရြယ္ခန္႕မွာ အသည္းကင္ဆာျဖစ္ေနတာကုုိ သိရပါတယ္။ ေရာဂါက အေတာ္ ႀကြမ္းတဲ့ အဆင့္ ေရာက္ေနပါျပီ။ အေမ ဘယ္အခ်ိန္ကတည္းက ခုုလုုိ ေဝဒနာခံစားေနရတယ္ဆုုိတာကုုိ တစ္မိသားစုုလုုံး..မသိႀကပါဘူး။ ဘာေႀကာင့္လဲဆုုိေတာ့ တခါမွ ထုုတ္ျပီး မျငီးညူဘူးလုုိ႔ပါ။ မကြယ္လြန္မီ တပါတ္ေလာက္ အလုုိက်ေတာ့မွ အသဲရွိတဲ့ ေနရာကုုိ ေထာက္ျပီး နာတယ္လုိ႔ ခပ္တုုိတုုိပဲ ေျပာပါတယ္။ ကြ်န္ေတာ့္ မိန္းမ က.. ဘယ္လုုိ နာပုုံမ်ဴိးလဲလုုိ႕.. ေမးတဲ့အခါ ကေလးေမြးခါနီး နာသလုုိပဲ။ ဒါေပမဲ့ အခုုနာတာက မရပ္မနား အျမဲနာေနတာပါ လုုိ႕ ဆုုိတယ္။

အသည္းကင္ဆာ ျဖစ္လာေတာ့ အေမ့ရဲ႕ တရားထုုိင္သက္တမ္းက ၇ႏွစ္ေလာက္ ျဖစ္ေနပါျပီ။ အေမဟာ ရိပ္သာ တစ္ခါသြားရင္ ၁၀ရက္၊ တလ၊ သုုိ႕မဟုုတ္ အခ်ိန္အတုုိင္းအတာ တခုုအထိ ႀကာပါတယ္။ သူ႕ရဲ႕ ခရီးေဆာင္အိတ္ဟာ အျမဲလုုိ အဆင္သင့္ ထုုတ္ပုုိးျပီးသား ျဖစ္ေနပါတယ္။ ရိပ္သာ မသြားျဖစ္လုုိ႕ အိမ္မွာဆုုိလည္း သူ႕ဘာသာ သူ တရားထုုိင္ပါတယ္။ အေမဟာ ဘာသာေရး အလြန္ကုုိင္းရွဳိင္းတဲ့ ဟိႏၵဴ အသုုိင္းအဝုုိင္းက လာေပမဲ့ ဟိႏၵဴဘာသာေရးအရ ရြတ္ဖတ္သရဇၨ်ယ္တာ၊ ဘုုရားရွိခုုိ္းတာမ်ူိးေတြ လုံးဝ မလုုပ္ေတာ့ဘဲ အားလုုံးကုုိ အတိတ္မွာ ခ်န္ထားခဲ့ပါတယ္။

ကင္ဆာ ျဖစ္တယ္လုုိ႕ သိတဲ့ေန႕က စျပီး ၇ ရက္အႀကာ ကြယ္လြန္ခ်ိန္ အထိ မည္သူ႕ကုုိမွ် သူ႕ေရာဂါအေႀကာင္း ေျပာခြင့္ မျပဳေတာ့ပါဘူး။ ဝိပသနာတရားထုုိင္မဲ့သူေတြကုုိသာ သူ႕အခန္းထဲကုုိ ဝင္ခြင့္ျပဳျပီး တိတ္ဆိတ္စြာ ျပန္လည္ ထြက္ခြါေစတယ္။ ဟိႏၵဴထုုံးတမ္းစဥ္လာမွာ ကြယ္လြန္ခါနီး လူကုုိ လာေရာက္ အရုုိအေသေပးႀကရပါတယ္။ အေမဟာ အလြန္ လူသိမ်ား ထင္ရွားသူလည္း ျဖစ္လုုိ႔ အခုုလုုိ ျဖစ္လာတဲ့အခ်ိန္မွာ ျမင္ခ်င္ေတြ႕ခ်င္သူေတြ မ်ားလွပါတယ္။

ေနာက္ဆုုံအေျခအေနကုုိ ေရာက္ေနတဲ့အခ်ိန္မွာ အေမက လူေတြကုုိ အိမ္လာလည္ဖို ့ ခြင့္ျပဳေပမဲ့ တရားထုုိင္မဲ့သူ မဟုုတ္ရင္ေတာ့ သူ႕အခန္းထဲကုုိ ေပးမဝင္ဘုုိ႕ တင္းႀကပ္စြာ တားျမစ္ထားတယ္။ အခန္းေပါက္ဝမွာ တိတ္ဆိတ္စြာ ထုုိင္ရပါတယ္။ အေမက ေဆးကုဖုိ႔ လုုံးဝ စိတ္မဝင္စားေပမဲ့ ကြ်န္ေတာ္ကေတာ့ သားတေယာက္ရဲ႕ ဝတၱရားနဲ႕ အညီ ေဆးကုုဘုုိ႔ စီစဥ္ရပါေတာ့တယ္။ မိသားစုု ဆရာဝန္နဲ႕ အထူးကုု တုုိ႕ ေန႕စဥ္ လာႀကည့္ေပးပါတယ္။ ဆရာဝန္ေတြက နာသလား လုုိ႕ ေမးတဲ့အခါ “အနာေတာ့ ရွိတာေပါ. နာတာ ဘာျဖစ္သလဲ” “အနိစၥ… အနိစၥ”လုုိ႕ ဗမာလုုိ ေရရြတ္ပါတယ္။ နာတာကုုိ အေရးႀကီးတယ္လုုိ႔ သေဘာမထားတာပါ။

တစ္မနက္.. အထူးကုု ေရာက္လာတဲ့အခါ.. ေဝဒနာေႀကာင့္ ေကာင္းေကာင္း အိပ္မေပ်ာ္မွာကုုိ ဆရာဝန္က အေတာ္ စုုိးရိမ္ပုုံေပၚတယ္။ ညက ေကာင္းေကာင္းအိပ္ေပ်ာ္ရဲ႕လား လုုိ႕ ေမးတဲ့အခါ အေမက “ဟင့္အင္း လုုံးဝ မအိပ္ဘုူး” လုုိ႕ ျပန္ေျဖတယ္။ ဒါနဲ႕ ဆရာဝန္က အိပ္ေဆးေသာက္ဘုုိ႕ ေပးထားခဲ့တယ္။ အေမကလဲ ေသာက္ပါတယ္။ ေနာက္တေန႕ ဆရာဝန္ ေရာက္လာျပီး ေမးတဲ့အခါ အေမကအိပ္မေပ်ာ္ဘူးလုုိ႕ပဲ ေျဖတယ္။ လူနာက နာတယ္လုုိ႕ မေျပာေပမဲ့ ဆရာဝန္ကေတာ့ အလြန္အမင္း နာက်င္ေနလုုိ႕သာ မအိပ္တာလုုိ႕ တြက္ပါတယ္။ ေဆးဝါးရွားပါးတဲ့အတြက္ ဘယ္ေဆး ဝယ္လုုိ႕ ရမယ္ဆုုိတာ မသိေတာ့ အိပ္ေဆးျပင္းျပင္း ၃မ်ဴိးကုုိ ေရးေပးပါတယ္။ ရရာ ဝယ္ဆုုိတဲ့ သေဘာမ်ဴိး။

ျဖစ္ခ်င္ေတာ့ ၃မ်ဴိး စလုုံး ဝယ္လုုိ႕ ရသြားျပီး ၃မ်ဴိးစလုုံး ေသာက္မိရက္သား ျဖစ္သြား တယ္။ ေနာက္ေန႕ မနက္မွာ ထုုံးစံအတုုိင္း ေျပာတာက မ်က္ခြံေတြသာ ေလးေနတာ. တညလုုံး အိပ္မေပ်ာ္ဘူး ဆုုိတာပဲ။ ဒီေနရာမွာ…ဆရာဝန္က သေဘာမေပါက္တာမ်ဴိး ကြ်န္ေတာ္လည္း ႀကဳံဘူးတယ္။ တရားထုုိင္တဲ့ လူတေယာက္အတြက္ အိပ္တဲ့ ကိစၥဟာ အေရး မႀကီးပါဘူး..အထူးသျဖင့္ ေသခါနီးဆဲဆဲ အခ်ိန္ေတြမွာေပါ့။

အိပ္ေပ်ာ္ေအာင္ အိပ္ေဆးေတြ ဘယ္လုုိပင္ ေပးေသာ္လည္း အေမ့ရဲ႕ ျမဲျမံတဲ့ သႏၷိ႒ာန္္ေႀကာင့္ ႏုုိးေနတာပါ။ အေမဟာ မရပ္မနား တရားမွတ္ေနခဲ့တယ္။ ဒါနဲ႕ အိပ္ေဆးေတြက အလုုပ္မျဖစ္တဲ့ အေႀကာင္း ဆရာဝန္ကုုိ ေျပာျပရတာေပါ့။ ဆရာဝန္က နားမလည္ႏုုိင္ဘူး။ ဒီေလာက္ျပင္းတဲ့ အိပ္ေဆးေတြ ေပးတာေတာင္ မအိပ္ႏုုိင္ဘူးဆုုိေတာ့ အေတာ္ နာေနလုုိ႕ ျဖစ္မယ္လုုိ႕ ဆရာဝန္က ေျပာတယ္။ နာလုုိ႕ မအိပ္တာ မဟုုတ္ပါဘူး။ ဝိပႆနာတရားမွတ္ေနတဲ့အတြက္ တစ္ကုုိယ္လုုံးက ခံစားခ်က္ကုုိ မွတ္ေနတာ ျဖစ္လုုိ႕ မအိပ္တာပါ လုုိ႕ ဆရာဝန္ကုုိ ေျပာရတယ္။

အေမ့အခန္းထဲကက ထြက္လာေတာ့ ဆရာဝန္က ဘာေျပာလဲဆုုိရင္ ဒီနားက သူ႕အရြယ္ အမ်ဴိးသမီးတေယာက္လည္း အသည္းကင္ဆာ ျဖစ္ေနတာပဲ။ နာလြန္းလုုိ႕ ေအာ္ဟစ္ငုုိယုုိေနရတယ္ လုုိ႕ ဆုုိတယ္။ ႀကားရတာ အေတာ္ စိတ္မေကာင္း ျဖစ္မိပါတယ္။ ဒါေပမဲ့ သူ႔အတြက္ေတာ့ ကုုိယ္ေတြလဲ ဘာမွ မတတ္ႏုုိင္ပါဘူး။ ဒီမွာေတာ့ ကြ်န္ေတာ္တုုိ႕ အေမက ျပဳံးလုုိ႕ေပါ့။

အေမကြယ္လြန္မဲ့ ညမွာ မိသားစုုလုုံး အေမနဲ႕ အတူ တရားထုုိင္ႀကပါတယ္။ ည ၁၁နာရိ ထုုိးတဲ့အခါ အေမက.. သိပ္္မုုိးခ်ဳပ္ေနျပီ. သြားအိပ္ႀကပါေတာ့ လုုိ႕ ေျပာတယ္။ သန္းေခါင္ယံေရာက္ေတာ့.. ညတာဝန္က်..သူနာျပဳဆရာမေလးက အအေမ့လက္မွာ ေသြးမေလ်ွာက္ေတာ့တာကုုိ သတိျပဳမိတယ္။ ေသဖို ့ အခ်ိန္ နီးကပ္လာျပီဆုုိျပီး သားသမီးေတြကုုိ ႏုုိးလုုိက္ရမလား လုုိ႕ ေမးေတာ့ အေမက “အခ်ိန္မက်ေသးပါဘူး။ အခ်ိန္က်ရင္ ေျပာမယ္” လုုိ႕ ေျဖပါတယ္။

မနက္ ၃နာရီထုုိးတဲ့အခ်ိန္မွာေတာ့ အခ်ိန္ေရာက္ျပီ။ တအိမ္လုုံးကုုိ ႏွဳိးပါ။ ငါ သြားရေတာ့မယ္လုုိ႕ ဆုုိပါသတဲ့။ ဒါနဲ႕ပဲ တအိမ္လုုံး ႏုုိးလာပါတယ္။ အဲဒီေတာ့မွ သိရတာက သူ႕တကုုိယ္လုုံး ေနရာေတာ္ေတာ္မ်ားမ်ားမွာ ေသြးလုုံးဝ မေလ်ွာက္ေတာ့တာပါပဲ၊ ဒါနဲ႕..ဆရာႀကီးဦးဘခင္နဲ႕ မိသားစုုဆရာဝန္ကုုိ ဖုုန္းဆက္လုုိက္ေတာ့ ၂ေယာက္စလုုံး အျမန္ေရာက္ခ်လာပါတယ္။ ဆရာဝန္က “အခ်ိန္ သိတ္မႀကာေတာ့ဘူး။ မိနစ္အနည္းငယ္ပဲ ေနရေတာ့မယ္” လုုိ႕ ေျပာပါတယ္။ ဆရာႀကီး ေရာက္တဲ့အခ်ိန္မွာ အေမက ပက္လက္လဲေလ်ာင္းေနပါတယ္။ လက္ေတြမွာ လုုံးဝ ေသြးမေလ်ွာက္ေတာ့ပါ။ ဒါေပမဲ့ ဆရာႀကီးကုုိ ျမင္တာနဲ႕ တျပဳိင္တည္း လက္ေတြကုုိ ေျမာွက္ျပီး လက္အုုပ္ခ်ီ အရုုိအေသျပဳပါတယ္။

မကြယ္လြန္မီ ၅မိနစ္ခန္႕အလုုိ အေမက ကြ်န္ေတာ့္ကုုိ စုုိက္ႀကည့္ျပီး “ထုုိင္ခ်င္တယ္” လုုိ႕ ေျပာပါတယ္။ ဆရာဝန္ကုုိ အႀကံေတာင္းတဲ့အေနနဲ႕ လွမ္းႀကည့္ေတာ့ ဆရာဝန္က “မိနစ္ပုုိင္းအတြင္းမွာ သူသြားရေတာ့မယ္။ ျငိမ္းျငိမ္းခ်မ္းခ်မ္း အသက္ထြက္ပါေစ။ သြားေရႊ႕လုုိက္ရင္ နာႀကင္ျပီး အသက္ထြက္ရမယ္။ အခုုေတာင္ ေတာ္ေတာ္ေဝဒနာခံစားေနရတာ. ဒီအတုုိင္းပဲ ထားလုုိက္ပါ ” လုုိ႕ ေျပာပါတယ္။ ဆရာဝန္ေျပာတာကုုိ အေမႀကားပါတယ္။ “ဟင့္အင္း၊ ငါ ထုုိင္ပါရေစ” လုုိ႕ အေမက ထပ္ေျပာတဲ့ အခါမွာေတာ့ “ဒါ သူ႕ရဲ႕ ေနာက္ဆုုံးဆႏၵပဲေလ. ဆရာဝန္ ေျပာတဲ့ နာက်င္တာေတြလဲ သူ ဂရုုမစုုိက္ေတာ့ပါဘူး။ ထုုိင္ႏုုိင္ေအာင္ ကူညီမွပဲ” စဥ္းစားမိပါတယ္။

ဒါနဲ႕ ေနာက္ဖက္မွာ ေခါင္းအုုံးေတြ ခုုေပးုျပီး မီွထုုိင္ခုုိင္းပါတယ္။ တရားထုုိင္သလုုိ တင္ပလင္ေခြထုုိင္ျပီး ကြ်န္ေတာ္တုုိ႕ အားလုုံးကုုိ တည့္တည့္ ႀကည့္ပါတယ္။ “ကုုိယ္ခႏၵာက ခံစားခ်က္ေတြကုုိ ရသလား။ မျမဲတဲ့ အနိစၥကုုိ ခံစားရသလား” လုုိ႕ ေမးတဲ့အခါ အေမက လက္ကုုိ ေျမွာက္ ေခါင္းကုုိ ထိျပီး “အနိစၥ အနိစၥ” လုုိ႕ ေျပာပါတယ္။ အေမ က ျပဳံးေနပါတယ္။ မိနစ္ဝက္ခန္႕ အႀကာ မွာ အေမ အသက္ထြက္သြားပါတယ္။ အသက္ရွင္စဥ္ ကာလမွာ အေမ့မ်က္ႏွာဟာ ဝင္းပေနတယ္။ ကြယ္လြန္ျပီးေနာက္မွာလည္း အေမ့မ်က္ႏွာက ဝင္းပလုုိ႕ ေနပါတယ္။

S. N Goenka

မိခင္ ေသဆုုံးျပီးေနာက္ ဦးဂုုိအင္ကာ သည္ ဗုုဒၶဖြားျမင္ရာ အိႏိၵယသုုိ႕ တဖန္ျပန္၍ ဗုုဒၶ၏ လမ္းညႊန္ခ်က္မ်ားကုုိ သင္ႀကားရန္ ျမန္မာျပည္ကုုိ စြန္႕ခြာသြားခဲ့ေ​လသည္​


“သေဆုံးချိန်မှာ ခန္ဒာကိုယ်ပေါ်က ခံစားချက်မှန်သမျှကို သိနိုင်သလား?” (unicode)

Via : Thet Thet Tun

၁၉၈၅မှာ ဦးဂိုအင်ကာရဲ့ တပည့်တယောက်က ခုလို မေးတယ်။
“သေဆုံးချိန်မှာ ခန္ဓာကိုယ်ပေါ်က ခံစားချက်မှန်သမျှကို သိနိုင်သလား?”
ဦးဂိုအင်ကာ က ၎င်း၏ မိခင် သေဆုံးသွားပုံကို ဥပမာပေးပြီး အောက်ပါအတိုင်း ပြန်ဖြေပါတယ်။
(ဒီအကြောင်းကို ၁၉၉၂ ခုနှစ် ဧပြီလထုတ် ဝိပသနာ သတင်းစဉ်မှာ ထည့်သွင်း ဖေါ်ပြခဲ့တယ်)

“ကျွန်တော်ဟာ မိသားစုထဲမှာ သား၆ယောက် ရှိတဲ့အနက်က သားတဦးဖြစ်ပါတယ်။ ကျွန်တော့် ဦးလေးနဲ့ အဒေါ်တို့မှာ သမီးချည်းပဲ ၆ယောက်ထွန်းကားပြီး သားမထွန်းကားတဲ့အတွက် ကျွန်တော် ခပ်ငယ်ငယ်မှာ အပြီးအပိုင် ခေါ်ယူ မွေးစားခဲ့တယ်။ ကျွန်တော့်မွေးစားမိခင် ဟာ ဆရာကြီး ဦးဘခင်ရဲ့ တပည့်ရင်း ဖြစ်ပြီး ဆရာကြီးရဲ့ လမ်းညွှန်မှုနဲ့ တရားထိုင်ခဲ့တာ အတော် ပေါက်မြောက်ခဲ့ပါတယ်။ ဆရာကြီးရဲ့ အထူး အလေးထားချစ်ခင်မှုကို ခံရပြီး မှတ်မိသလောက်ဆိုရင် ဆရာကြီးရဲ့ ရှေ့မှောက်မှာ ကွယ်လွန်အနိစ္စရောက်တဲ့ တဦးတည်းသော တပည့်လည်း ဖြစ်ပါတယ်။

၁၉၆၇ခုနှစ် အမေ့ အသက် ၇၀ အရွယ်ခန့်မှာ အသည်းကင်ဆာဖြစ်နေတာကို သိရပါတယ်။ ရောဂါက အတော် ကြွမ်းတဲ့ အဆင့် ရောက်နေပါပြီ။ အမေ ဘယ်အချိန်ကတည်းက ခုလို ဝေဒနာခံစားနေရတယ်ဆိုတာကို တစ်မိသားစုလုံး..မသိကြပါဘူး။ ဘာကြောင့်လဲဆိုတော့ တခါမှ ထုတ်ပြီး မငြီးညူဘူးလို့ပါ။ မကွယ်လွန်မီ တပါတ်လောက် အလိုကျတော့မှ အသဲရှိတဲ့ နေရာကို ထောက်ပြီး နာတယ်လို့ ခပ်တိုတိုပဲ ပြောပါတယ်။ ကျွန်တော့် မိန်းမ က.. ဘယ်လို နာပုံမျိူးလဲလို့.. မေးတဲ့အခါ ကလေးမွေးခါနီး နာသလိုပဲ။ ဒါပေမဲ့ အခုနာတာက မရပ်မနား အမြဲနာနေတာပါ လို့ ဆိုတယ်။

အသည်းကင်ဆာ ဖြစ်လာတော့ အမေ့ရဲ့ တရားထိုင်သက်တမ်းက ၇နှစ်လောက် ဖြစ်နေပါပြီ။ အမေဟာ ရိပ်သာ တစ်ခါသွားရင် ၁ဝရက်၊ တလ၊ သို့မဟုတ် အချိန်အတိုင်းအတာ တခုအထိ ကြာပါတယ်။ သူ့ရဲ့ ခရီးဆောင်အိတ်ဟာ အမြဲလို အဆင်သင့် ထုတ်ပိုးပြီးသား ဖြစ်နေပါတယ်။ ရိပ်သာ မသွားဖြစ်လို့ အိမ်မှာဆိုလည်း သူ့ဘာသာ သူ တရားထိုင်ပါတယ်။ အမေဟာ ဘာသာရေး အလွန်ကိုင်းရှိုင်းတဲ့ ဟိန္ဒူ အသိုင်းအဝိုင်းက လာပေမဲ့ ဟိန္ဒူဘာသာရေးအရ ရွတ်ဖတ်သရဇ္ဇျယ်တာ၊ ဘုရားရှိခ်ိုးတာမျိူးတွေ လုံးဝ မလုပ်တော့ဘဲ အားလုံးကို အတိတ်မှာ ချန်ထားခဲ့ပါတယ်။

ကင်ဆာ ဖြစ်တယ်လို့ သိတဲ့နေ့က စပြီး ၇ ရက်အကြာ ကွယ်လွန်ချိန် အထိ မည်သူ့ကိုမျှ သူ့ရောဂါအကြောင်း ပြောခွင့် မပြုတော့ပါဘူး။ ဝိပသနာတရားထိုင်မဲ့သူတွေကိုသာ သူ့အခန်းထဲကို ဝင်ခွင့်ပြုပြီး တိတ်ဆိတ်စွာ ပြန်လည် ထွက်ခွါစေတယ်။ ဟိန္ဒူထုံးတမ်းစဉ်လာမှာ ကွယ်လွန်ခါနီး လူကို လာရောက် အရိုအသေပေးကြရပါတယ်။ အမေဟာ အလွန် လူသိများ ထင်ရှားသူလည်း ဖြစ်လို့ အခုလို ဖြစ်လာတဲ့အချိန်မှာ မြင်ချင်တွေ့ချင်သူတွေ များလှပါတယ်။

နောက်ဆုံအခြေအနေကို ရောက်နေတဲ့အချိန်မှာ အမေက လူတွေကို အိမ်လာလည်ဖို့ ခွင့်ပြုပေမဲ့ တရားထိုင်မဲ့သူ မဟုတ်ရင်တော့ သူ့အခန်းထဲကို ပေးမဝင်ဘို့ တင်းကြပ်စွာ တားမြစ်ထားတယ်။ အခန်းပေါက်ဝမှာ တိတ်ဆိတ်စွာ ထိုင်ရပါတယ်။ အမေက ဆေးကုဖို့ လုံးဝ စိတ်မဝင်စားပေမဲ့ ကျွန်တော်ကတော့ သားတယောက်ရဲ့ ဝတ္တရားနဲ့ အညီ ဆေးကုဘို့ စီစဉ်ရပါတော့တယ်။ မိသားစု ဆရာဝန်နဲ့ အထူးကု တို့ နေ့စဉ် လာကြည့်ပေးပါတယ်။ ဆရာဝန်တွေက နာသလား လို့ မေးတဲ့အခါ “အနာတော့ ရှိတာပေါ. နာတာ ဘာဖြစ်သလဲ” “အနိစ္စ… အနိစ္စ”လို့ ဗမာလို ရေရွတ်ပါတယ်။ နာတာကို အရေးကြီးတယ်လို့ သဘောမထားတာပါ။

တစ်မနက်.. အထူးကု ရောက်လာတဲ့အခါ.. ဝေဒနာကြောင့် ကောင်းကောင်း အိပ်မပျော်မှာကို ဆရာဝန်က အတော် စိုးရိမ်ပုံပေါ်တယ်။ ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား လို့ မေးတဲ့အခါ အမေက “ဟင့်အင်း လုံးဝ မအိပ်ဘူး” လို့ ပြန်ဖြေတယ်။ ဒါနဲ့ ဆရာဝန်က အိပ်ဆေးသောက်ဘို့ ပေးထားခဲ့တယ်။ အမေကလဲ သောက်ပါတယ်။ နောက်တနေ့ ဆရာဝန် ရောက်လာပြီး မေးတဲ့အခါ အမေကအိပ်မပျော်ဘူးလို့ပဲ ဖြေတယ်။ လူနာက နာတယ်လို့ မပြောပေမဲ့ ဆရာဝန်ကတော့ အလွန်အမင်း နာကျင်နေလို့သာ မအိပ်တာလို့ တွက်ပါတယ်။ ဆေးဝါးရှားပါးတဲ့အတွက် ဘယ်ဆေး ဝယ်လို့ ရမယ်ဆိုတာ မသိတော့ အိပ်ဆေးပြင်းပြင်း ၃မျိူးကို ရေးပေးပါတယ်။ ရရာ ဝယ်ဆိုတဲ့ သဘောမျိူး။

ဖြစ်ချင်တော့ ၃မျိူး စလုံး ဝယ်လို့ ရသွားပြီး ၃မျိူးစလုံး သောက်မိရက်သား ဖြစ်သွား တယ်။ နောက်နေ့ မနက်မှာ ထုံးစံအတိုင်း ပြောတာက မျက်ခွံတွေသာ လေးနေတာ. တညလုံး အိပ်မပျော်ဘူး ဆိုတာပဲ။ ဒီနေရာမှာ…ဆရာဝန်က သဘောမပေါက်တာမျိူး ကျွန်တော်လည်း ကြုံဘူးတယ်။ တရားထိုင်တဲ့ လူတယောက်အတွက် အိပ်တဲ့ ကိစ္စဟာ အရေး မကြီးပါဘူး..အထူးသဖြင့် သေခါနီးဆဲဆဲ အချိန်တွေမှာပေါ့။

အိပ်ပျော်အောင် အိပ်ဆေးတွေ ဘယ်လိုပင် ပေးသော်လည်း အမေ့ရဲ့ မြဲမြံတဲ့ သန္နိဋ္ဌာန်ကြောင့် နိုးနေတာပါ။ အမေဟာ မရပ်မနား တရားမှတ်နေခဲ့တယ်။ ဒါနဲ့ အိပ်ဆေးတွေက အလုပ်မဖြစ်တဲ့ အကြောင်း ဆရာဝန်ကို ပြောပြရတာပေါ့။ ဆရာဝန်က နားမလည်နိုင်ဘူး။ ဒီလောက်ပြင်းတဲ့ အိပ်ဆေးတွေ ပေးတာတောင် မအိပ်နိုင်ဘူးဆိုတော့ အတော် နာနေလို့ ဖြစ်မယ်လို့ ဆရာဝန်က ပြောတယ်။ နာလို့ မအိပ်တာ မဟုတ်ပါဘူး။ ဝိပဿနာတရားမှတ်နေတဲ့အတွက် တစ်ကိုယ်လုံးက ခံစားချက်ကို မှတ်နေတာ ဖြစ်လို့ မအိပ်တာပါ လို့ ဆရာဝန်ကို ပြောရတယ်။

အမေ့အခန်းထဲကက ထွက်လာတော့ ဆရာဝန်က ဘာပြောလဲဆိုရင် ဒီနားက သူ့အရွယ် အမျိူးသမီးတယောက်လည်း အသည်းကင်ဆာ ဖြစ်နေတာပဲ။ နာလွန်းလို့ အော်ဟစ်ငိုယိုနေရတယ် လို့ ဆိုတယ်။ ကြားရတာ အတော် စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါပေမဲ့ သူ့အတွက်တော့ ကိုယ်တွေလဲ ဘာမှ မတတ်နိုင်ပါဘူး။ ဒီမှာတော့ ကျွန်တော်တို့ အမေက ပြုံးလို့ပေါ့။

အမေကွယ်လွန်မဲ့ ညမှာ မိသားစုလုံး အမေနဲ့ အတူ တရားထိုင်ကြပါတယ်။ ည ၁၁နာရိ ထိုးတဲ့အခါ အမေက.. သိပ်မိုးချုပ်နေပြီ. သွားအိပ်ကြပါတော့ လို့ ပြောတယ်။ သန်းခေါင်ယံရောက်တော့.. ညတာဝန်ကျ..သူနာပြုဆရာမလေးက အအမေ့လက်မှာ သွေးမလျှောက်တော့တာကို သတိပြုမိတယ်။ သေဖို့ အချိန် နီးကပ်လာပြီဆိုပြီး သားသမီးတွေကို နိုးလိုက်ရမလား လို့ မေးတော့ အမေက “အချိန်မကျသေးပါဘူး။ အချိန်ကျရင် ပြောမယ်” လို့ ဖြေပါတယ်။

မနက် ၃နာရီထိုးတဲ့အချိန်မှာတော့ အချိန်ရောက်ပြီ။ တအိမ်လုံးကို နှိုးပါ။ ငါ သွားရတော့မယ်လို့ ဆိုပါသတဲ့။ ဒါနဲ့ပဲ တအိမ်လုံး နိုးလာပါတယ်။ အဲဒီတော့မှ သိရတာက သူ့တကိုယ်လုံး နေရာတော်တော်များများမှာ သွေးလုံးဝ မလျှောက်တော့တာပါပဲ၊ ဒါနဲ့..ဆရာကြီးဦးဘခင်နဲ့ မိသားစုဆရာဝန်ကို ဖုန်းဆက်လိုက်တော့ ၂ယောက်စလုံး အမြန်ရောက်ချလာပါတယ်။ ဆရာဝန်က “အချိန် သိတ်မကြာတော့ဘူး။ မိနစ်အနည်းငယ်ပဲ နေရတော့မယ်” လို့ ပြောပါတယ်။ ဆရာကြီး ရောက်တဲ့အချိန်မှာ အမေက ပက်လက်လဲလျောင်းနေပါတယ်။ လက်တွေမှာ လုံးဝ သွေးမလျှောက်တော့ပါ။ ဒါပေမဲ့ ဆရာကြီးကို မြင်တာနဲ့ တပြိုင်တည်း လက်တွေကို မြောွက်ပြီး လက်အုပ်ချီ အရိုအသေပြုပါတယ်။

မကွယ်လွန်မီ ၅မိနစ်ခန့်အလို အမေက ကျွန်တော့်ကို စိုက်ကြည့်ပြီး “ထိုင်ချင်တယ်” လို့ ပြောပါတယ်။ ဆရာဝန်ကို အကြံတောင်းတဲ့အနေနဲ့ လှမ်းကြည့်တော့ ဆရာဝန်က “မိနစ်ပိုင်းအတွင်းမှာ သူသွားရတော့မယ်။ ငြိမ်းငြိမ်းချမ်းချမ်း အသက်ထွက်ပါစေ။ သွားရွှေ့လိုက်ရင် နာကြင်ပြီး အသက်ထွက်ရမယ်။ အခုတောင် တော်တော်ဝေဒနာခံစားနေရတာ. ဒီအတိုင်းပဲ ထားလိုက်ပါ ” လို့ ပြောပါတယ်။ ဆရာဝန်ပြောတာကို အမေကြားပါတယ်။ “ဟင့်အင်း၊ ငါ ထိုင်ပါရစေ” လို့ အမေက ထပ်ပြောတဲ့ အခါမှာတော့ “ဒါ သူ့ရဲ့ နောက်ဆုံးဆန္ဒပဲလေ. ဆရာဝန် ပြောတဲ့ နာကျင်တာတွေလဲ သူ ဂရုမစိုက်တော့ပါဘူး။ ထိုင်နိုင်အောင် ကူညီမှပဲ” စဉ်းစားမိပါတယ်။

ဒါနဲ့ နောက်ဖက်မှာ ခေါင်းအုံးတွေ ခုပေးုပြီး မှီထိုင်ခိုင်းပါတယ်။ တရားထိုင်သလို တင်ပလင်ခွေထိုင်ပြီး ကျွန်တော်တို့ အားလုံးကို တည့်တည့် ကြည့်ပါတယ်။ “ကိုယ်ခန္ဒာက ခံစားချက်တွေကို ရသလား။ မမြဲတဲ့ အနိစ္စကို ခံစားရသလား” လို့ မေးတဲ့အခါ အမေက လက်ကို မြှောက် ခေါင်းကို ထိပြီး “အနိစ္စ အနိစ္စ” လို့ ပြောပါတယ်။ အမေ က ပြုံးနေပါတယ်။ မိနစ်ဝက်ခန့် အကြာ မှာ အမေ အသက်ထွက်သွားပါတယ်။ အသက်ရှင်စဉ် ကာလမှာ အမေ့မျက်နှာဟာ ဝင်းပနေတယ်။ ကွယ်လွန်ပြီးနောက်မှာလည်း အမေ့မျက်နှာက ဝင်းပလို့ နေပါတယ်။

S. N Goenka

မိခင် သေဆုံးပြီးနောက် ဦးဂိုအင်ကာ သည် ဗုဒ္ဓဖွားမြင်ရာ အိန္ဒိယသို့ တဖန်ပြန်၍ ဗုဒ္ဓ၏ လမ်းညွှန်ချက်များကို သင်ကြားရန် မြန်မာပြည်ကို စွန့်ခွာသွားခဲ့ေ​လသည်​

Leave a Reply