လူသိနည်းတဲ့ ရှာရှာဖွေဖွေ ဗဟုသုတလေးများ

Posted on

 

လေယာဉ်မပေါ်ခင် ကနေ လပေါ်ကို ခြေချနိုင်ဖို့အတွက် ၆၆နှစ်ပဲ ကြာမြင့်ခဲ့ပါတယ်။
၁၉၀၃ ခုနှစ်မှာ ရိုက်ညီနောင်ဟာ သူတို့ရဲ့လေယာဉ်နဲ့ ၅၉စက္ကန့်ပဲ ပျံနိုင်ခဲ့တယ်။
နောက် ၃၈နှစ်အကြာမှာတော့ ဂျပန်လေယာဉ်တွေ ပုလဲဆိပ်ကမ်းကို ဗုံးကြဲနိုင်ခဲ့တယ်။
နောက် ၂၈နှစ်အကြာမှာတော့ လူသားတွေဟာ လပေါ်ကို ခြေချနိုင်ခဲ့ကြတယ်။

အီဂျစ်ဘုရင်မ ကလီယိုပက်ထရာရှိခဲ့တဲ့အချိန်ဟာ ဟာ ပိရမစ်တွေ ဆောက်လုပ်ချိန်ထက် အိုင်ဖုန်းထွက်တဲ့အချိန်နဲ့ ပိုနီးပါသတဲ့။
ဘာလို့လဲ ဆိုတော့ ပိရမစ်တွေကို ဘီစီ ၂၇၀၀ မှာ ဆောက်တယ်။
ကလီယိုပက်ထရာကို ဘီစီ ၆၉ မှာ မွေးတယ်။
အိုင်ဖုန်းက အေဒီ ၂၀၀၇ မှာ ထွက်တယ်။
ဆိုတော့ ပိရမစ် နဲ့ ကလီယို ပက်ထရာက နှစ်ပေါင်း ၂၆၀၀ ကွာပြီး အိုင်ဖုန်းနဲ့ ဆိုရင်တော့ နှစ်ပေါင်း ၂၀၀၀ခန့်ပဲကွာပါတယ်။
ဒါကြောင့် ကလီယိုပက်ထရာဟာ အိုင်ဖုန်းနဲ့ပိုနီးတယ်လို့ ဆိုရခြင်းပါ။

 

အရွယ်ရောက်ပြီးသား လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲက ဘက်တီးရီးယားပိုးတွေရဲ့ အလေးချိန်ဟာ ၂ပေါင်ကနေ ၉ပေါင် အထိရှိနိုင်ပါသတဲ့

 

ဒါကတော့ ဝေလငါးပြာတွေရဲ့ နှလုံးဘယ်လောက်ကြီးတယ်ဆိုတာ ပြထားတာပါ။ အလေးချိန်အားဖြင့် ၆၀၀ ကီလိုဂရမ် ရှိပါသတဲ့။

 

ချာလီချက်ပလင် ဆိုရင် ကမ္ဘာ့နာမည်အကြီးဆုံး ဟာသ သရုပ်ဆောင်ဆိုတာသိပြီးဖြစ်မှာပါ။ သူနဲ့ ပတ်သတ်လို့ လူသိနည်းတဲ့ဖြစ်ရပ်လေး တစ်ခုပြောဦးမယ်ဗျ။ ချာလီချက်ပလင်နာမည်ကြီးလာတဲ့အချိန်မှာ သူနဲ့ ရုပ်အတူဆုံး ဟန်ပန်အတူဆုံးလူတွေကို ရွေးချယ်တဲ့ပြိုင်ပွဲ(Charlie Chaplin look-alikes) တွေလုပ်ခဲ့တယ်။ တစ်ရက် ချာလီချက်ပလင်ရုပ်တူပြိုင်ပွဲတစ်ခုမှာ
ချာလီချက်ပလင် အစစ်ကြီးကိုယ်တိုင် သွားပြိုင်ပါသတဲ့။

ထူးဆန်းတာကတော့ ချာပလီချက်ပလင် အစစ်ကြီးဟာ သူ့ရုပ်တူပြိုင်ပွဲမှာ တတိယဆု ပဲ ရပါသတဲ့။

 

စက္ကူ တစ်ရွက်ကို အခေါက် ၄၂ ခေါက် ခေါက်နိုင်ရင် အဲဒီစက္ကူခေါက်ရဲ့ အထူဟာ ကမ္ဘာနဲ့ လ အကွာအဝေးကိုကျော်သွားပါသတဲ့။
ဒါက ဒီလိုပါ။ ဘယ်လောက်ပါးတဲ့ စက္ကူဖြစ်ပါစေ။ တစ်ခေါက် ခေါက်ရင် ၂ဆ ထူမယ်။ နှစ်ခေါက်ခေါက်ရင် ၄ဆ ထူမယ်။ ၃ခေါက်ခေါက်ရင် ၈ဆ ထူမယ်။
အဲ ၄၂ခေါက် ခေါက်မယ်ဆိုရင်တော့ ၄၃၉၈၀၄၆၅၁၁၁၀၄ ဆ ထူသွားမှာဖြစ်ပါတယ်။

 

 

ပျမ်းမျှတွက်ချက်ထားတဲ့ စာရင်းအရ အခုအချိန်မှာ အသက်ရှင်နေတဲ့လူတွေထဲက လူပေါင်း ၅၅သန်းကျော်ဟာ ၁နှစ်အတွင်း သေဆုံးသွားမှာဖြစ်ပါတယ်။ ဒါဆို ဘာတွေက လူတွေက မနည်းပဲများလာသလဲ ဆိုတော့ ၁နှစ်အတွင်းမှာ ဒီိလောက်သေဆုံးသွားပေမယ့် ၁နှစ်အတွင်း မွေးဖွားတဲ့သူပေါင်းက သန်း၁၃၀ ရှိနေလို့ပါ။

ရက်နဲ့တွက်မယ်ဆိုရင်တော့ ၁ရက်မှာ ကမ္ဘာပေါ်မှာ လူပေါင်း ၁သိန်းခွဲသေဆုံးပြီး ၃သိန်း၆သောင်း မွေးဖွားနေပါတယ်။မိနစ်နဲ့ ဆိုရင်တော့ ၁မိနစ်တိုင်းမှာ လူပေါင်း ၁၀၅ယောက်သေဆုံးပြီး ၂၅၀ယောက် မွေးနေပါသတဲ့။

World Birth and Death Rates ကို ecology က မှတ်တမ်းကောက်ယူထားတဲ့ အချက်အလက်တွေဖြစ်ပါတယ်။

 

ပုံမှန်ခဲတံ တစ်ချောင်းကို မရပ်မနားပဲ မျဉ်းတစ်ကြောင်းဆွဲခဲ့မယ်ဆိုရင် ခဲတံကုန်သွားတဲ့အခါ အဲဒီမျဉ်းကြောင်းဟာ ၃၈မိုင် အရှည်ရှိပါသတဲ့။

ကမ္ဘာ့အကြီးဆုံးလေတပ်ဟာ အမေရိကန် လေတပ်ဖြစ်ပါတယ်။ အဲ ကမ္ဘာ့ ဒုတိယအကြီးဆုံးလေတပ်ကတော့ အမေရိကန် ရေတပ်ဖြစ်ပါသတဲ့။ အဲ တတိယအကြီးဆုံးလေတပ်ကလည်း အမေရိကန် ကြည်းတပ်ဖြစ်ပါသတဲ့။ ဒါကြောင့်လည်း Global Power 1 ဖြစ်နေတယ်ထင်ပါရဲ့..

 

စာအုပ်တွေအများစုမှာ ပြင်သစ်ဘုရင်စစ်ဘုရင် နပိုလီယန်ဟာ အရပ် ၅ပေ၀န်းကျင်ပဲ ရှိတဲ့ လူပုတစ်ယောက်အဖြစ်ဖော်ပြကြတယ်။ တကယ်တော့ နပိုလီယန်ရဲ့ အရပ်ဟာ ၅ပေ ၇လက်မ ရှိပါတယ်။ ဒီအရပ်ဟာ ပုတယ်လို့ပြောလို့ မရပါဘူး။ အဲဒီအချိန်က ပြင်သစ်လူမျိုးတွေရဲ့ ပျမ်းမျှအရပ်ဟာ ၅ပေ ၇ဖြစ်တဲ့အတွက် နပိုလီယန်ဟာ ပုံမှန်အရပ်ရှိသူလို့ ဆိုရမှာပါ။

လူတိုင်း ခြင်ကို သိကြပါတယ်။ လူတိုင်းမသိတဲ့အချက်ကတော့ ခြင်တွေမှာ သွား ၄၇ချောင်း ရှိတယ်ဆိုတာပါပဲ။

 

 

 

 

 

 

 

 

 

 

 

Leave a Reply