ကမာၻ႔အႀကီးဆုံး ပင္လယ္ကူး ဇိမ္ခံသေဘၤာႀကီးအေၾကာင္း

Posted on

ကမာၻ႔အႀကီးဆုံး ပင္လယ္ကူးခရီးသြား သေဘၤာကေတာ့ နာမည္ႀကီးသေဘာၤခရီးသြားကုမၸဏိျဖစ္တဲ့ Royal Caribbean ကတည္ေဆာက္ခဲ့တဲ့ Harmony of the Seas အမည္ရတဲ့ သေဘၤာႀကီးပဲ ျဖစ္ပါတယ္။ အရွည္ ၁၁၈၈ေပ ၊ အက်ယ္ ၂၁၅.၅ေပ ၊ အျမင့္ ၂၁၀ေပ ရွိၿပီး ၂၀၁၃ ခုႏွစ္တြင္ စိန္႔နာဇိုင္ရီၿမိဳ႕ရွိ ျပင္သစ္သေဘၤာက်င္း STX မွာ စတင္တည္ေဆာက္ခဲ့ပါတယ္။

Harmony သေဘၤာဟာ တိုက္တန္းနစ္သေဘၤာႀကီးထက္ ေပ ၃၃၀ နီးပါး ပိုမိုရွည္လ်ားေၾကာင္း သိရပါတယ္။ ဒီသေဘၤာႀကီးကုိ ၂၀၁၅ မွာေတာ့ ေအာင္ျမင္စြာတည္ေဆာက္ႏုိင္ခဲ့ၿပီး ကုန္က်စရိတ္အေမရိကန္ေဒၚလာ ၁.၃၅ဘီလ်ံ ကုန္က်ခဲ့ပါတယ္။ အေလးခ်ိန္အားျဖင့္ေတာ့ တန္ခ်ိန္ေပါင္း ၁၂၀၀၀၀ ရွိပါတယ္။ အျမန္ႏႈန္းကေတာ့ ၁နာရီကုိ ၂၉မုိင္ သြားႏုိင္ပါတယ္။

သေဘၤာႀကီးကို သေဘၤာက်င္းကေန ေရခ်ရာမွာ ဆြဲသေဘၤာေျခာက္စင္း၏ အကူအညီျဖင့္ခ်ခဲ့ရၿပီး ဒီေရခ်မႈကို လူေပါင္း ၇ေသာင္းေက်ာ္ လာေရာက္ၾကည့္ရႈ႕ခဲ့ပါတယ္။ ပထမဆုံး စမ္းသပ္ခရီးစဥ္အေနနဲ႔ အဂၤလန္ႏုိင္ငံ ေဆာက္သမ္တန္ၿမဳိ႕ကိုေျပးဆြဲခဲ့ၿပီး အဲဒီေနာက္ေတာ့ စပိန္ႏုိင္ငံ ဘာစီလုိနာဆိပ္ကမ္းမွာ ရပ္နားခဲ့ပါတယ္။ ဘာစီလုိနာၿပီးတဲ့အခါမွာေတာ့ ၇ညအိပ္ခရီးစဥ္ေတြျဖစ္တဲ့ အီတလီ နဲ႔ အေမရိကန္တုိ႔ကုိေျပးဆြဲခဲ့ၿပီး ျဖစ္ပါတယ္။

သေဘၤာႀကီးေပၚမွာ အပင္ငယ္ ၁၀၀၀၀ ေက်ာ္နဲ႔ အပင္ႀကီး ၅၇ ပင္ စုိက္ပ်ဳိးထားတဲ့ဥယ်ာဥ္ပါ၀င္ပါတယ္။ အထပ္ေပါင္း ၁၈ထပ္ ရွိၿပီး စားေသာက္ဆုိင္ ၁၆ ဆုိင္ ၊ ေကာ္ဖီဆုိင္နဲ႔ ေစ်း၀ယ္စင္တာမ်ား ၊ အားကစားခန္းမမ်ား ၊ ရုပ္ရွင္ရုံမ်ားလည္း ပါ၀င္ပါသတဲ့။ ဒါ့အျပင္ သေဘၤာႀကီးထဲမွာ လႈိင္းစီးႏိုင္ရန္ လႈိင္းအတုမ်ား ဖန္တီးေပးသည့္ ေနရာႏွစ္ခု၊ ေက်ာက္ေတာင္တက္ရန္ နံရံတစ္ခုႏွင့္ ေရခဲစကိတ္ကြင္း အစရွိသည္တို႔လည္းပါ၀င္ပါေသးတယ္။

ခရီးသည္ေပါင္း ၅၄၇၉ဦး နဲ႔ သေဘၤာ၀န္ထမ္း ၂၃၀၀ဦးလုိက္ပါ စီးနင္းႏုိင္ပါတယ္။ အတန္းအစားအမ်ဳိးမ်ဳိးရွိတဲ့ အခန္းေပါင္း ၂၇၄၇ခန္း ပါ၀င္ပါတယ္။ ကာစီႏုိရုံ ၊ အႏုပညာခန္းမ ၊ ေရသတၱ၀ါျပတုိက္ ၊ ဘတ္စကတ္ေဘာကြင္း ၊ ေဂါက္ကြင္းအေသးစားတစ္ခု စသည္ျဖင့္ စီးနင္းသူေတြအတြက္ အပန္းေျဖစရာေနရာမ်ားစြာလည္း တစ္ပါတည္းပါရွိပါတယ္။ ဒါ့အျပင္ ျမန္ႏႈန္းျမင့္အင္တာနက္ကိုလည္း သုံးႏုိင္ပါေသးတယ္။ ေစ်းႏႈန္းကေတာ့ ၇ ည အိပ္ခရီးစဥ္အတြက္ ေဒၚလာ ၁၀၀၀ ေက်ာ္က စလုိ႔ အဆင့္ဆင့္က်သင့္မွာျဖစ္ပါတယ္။


ကမ္ဘာ့အကြီးဆုံး ပင်လယ်ကူး ဇိမ်ခံသင်္ဘောကြီးအကြောင်း (unicode)

ကမ္ဘာ့အကြီးဆုံး ပင်လယ်ကူးခရီးသွား သင်္ဘောကတော့ နာမည်ကြီးသဘောၤခရီးသွားကုမ္ပဏိဖြစ်တဲ့ Royal Caribbean ကတည်ဆောက်ခဲ့တဲ့ Harmony of the Seas အမည်ရတဲ့ သင်္ဘောကြီးပဲ ဖြစ်ပါတယ်။ အရှည် ၁၁၈၈ပေ ၊ အကျယ် ၂၁၅.၅ပေ ၊ အမြင့် ၂၁၀ပေ ရှိပြီး ၂၀၁၃ ခုနှစ်တွင် စိန့်နာဇိုင်ရီမြို့ရှိ ပြင်သစ်သင်္ဘောကျင်း STX မှာ စတင်တည်ဆောက်ခဲ့ပါတယ်။

Harmony သင်္ဘောဟာ တိုက်တန်းနစ်သင်္ဘောကြီးထက် ပေ ၃၃၀ နီးပါး ပိုမိုရှည်လျားကြောင်း သိရပါတယ်။ ဒီသင်္ဘောကြီးကို ၂၀၁၅ မှာတော့ အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပြီး ကုန်ကျစရိတ်အမေရိကန်ဒေါ်လာ ၁.၃၅ဘီလျံ ကုန်ကျခဲ့ပါတယ်။ အလေးချိန်အားဖြင့်တော့ တန်ချိန်ပေါင်း ၁၂၀၀၀၀ ရှိပါတယ်။ အမြန်နှုန်းကတော့ ၁နာရီကို ၂၉မိုင် သွားနိုင်ပါတယ်။

သင်္ဘောကြီးကို သင်္ဘောကျင်းကနေ ရေချရာမှာ ဆွဲသင်္ဘောခြောက်စင်း၏ အကူအညီဖြင့်ချခဲ့ရပြီး ဒီရေချမှုကို လူပေါင်း ၇သောင်းကျော် လာရောက်ကြည့်ရှု့ခဲ့ပါတယ်။ ပထမဆုံး စမ်းသပ်ခရီးစဉ်အနေနဲ့ အင်္ဂလန်နိုင်ငံ ဆောက်သမ်တန်မြို့ကိုပြေးဆွဲခဲ့ပြီး အဲဒီနောက်တော့ စပိန်နိုင်ငံ ဘာစီလိုနာဆိပ်ကမ်းမှာ ရပ်နားခဲ့ပါတယ်။ ဘာစီလိုနာပြီးတဲ့အခါမှာတော့ ၇ညအိပ်ခရီးစဉ်တွေဖြစ်တဲ့ အီတလီ နဲ့ အမေရိကန်တို့ကိုပြေးဆွဲခဲ့ပြီး ဖြစ်ပါတယ်။

သင်္ဘောကြီးပေါ်မှာ အပင်ငယ် ၁၀၀၀၀ ကျော်နဲ့ အပင်ကြီး ၅၇ ပင် စိုက်ပျိုးထားတဲ့ဥယျာဉ်ပါဝင်ပါတယ်။ အထပ်ပေါင်း ၁၈ထပ် ရှိပြီး စားသောက်ဆိုင် ၁၆ ဆိုင် ၊ ကော်ဖီဆိုင်နဲ့ ဈေးဝယ်စင်တာများ ၊ အားကစားခန်းမများ ၊ ရုပ်ရှင်ရုံများလည်း ပါဝင်ပါသတဲ့။ ဒါ့အပြင် သင်္ဘောကြီးထဲမှာ လှိုင်းစီးနိုင်ရန် လှိုင်းအတုများ ဖန်တီးပေးသည့် နေရာနှစ်ခု၊ ကျောက်တောင်တက်ရန် နံရံတစ်ခုနှင့် ရေခဲစကိတ်ကွင်း အစရှိသည်တို့လည်းပါဝင်ပါသေးတယ်။

ခရီးသည်ပေါင်း ၅၄၇၉ဦး နဲ့ သင်္ဘောဝန်ထမ်း ၂၃၀၀ဦးလိုက်ပါ စီးနင်းနိုင်ပါတယ်။ အတန်းအစားအမျိုးမျိုးရှိတဲ့ အခန်းပေါင်း ၂၇၄၇ခန်း ပါဝင်ပါတယ်။ ကာစီနိုရုံ ၊ အနုပညာခန်းမ ၊ ရေသတ္တဝါပြတိုက် ၊ ဘတ်စကတ်ဘောကွင်း ၊ ဂေါက်ကွင်းအသေးစားတစ်ခု စသည်ဖြင့် စီးနင်းသူတွေအတွက် အပန်းဖြေစရာနေရာများစွာလည်း တစ်ပါတည်းပါရှိပါတယ်။ ဒါ့အပြင် မြန်နှုန်းမြင့်အင်တာနက်ကိုလည်း သုံးနိုင်ပါသေးတယ်။ ဈေးနှုန်းကတော့ ၇ ည အိပ်ခရီးစဉ်အတွက် ဒေါ်လာ ၁၀၀၀ ကျော်က စလို့ အဆင့်ဆင့်ကျသင့်မှာဖြစ်ပါတယ်။

Leave a Reply