ေန ဆုိေသာ ၾကယ္ႀကီးအေၾကာင္း သိေကာင္းစရာ

Posted on


ေန သည္ ကၽြႏ္ုပ္တို႔ေနထိုင္ရာ ေနအဖြဲ႕အစည္းအတြင္းတြင္ ရွိေသာ ၾကယ္ ျဖစ္သည္။ ေနအဖြဲ႕အစည္းအတြင္းရွိ ၿဂိဳဟ္မ်ားသည္ ေနကို ၿဂိဳဟ္ပတ္လမ္းေၾကာင္းမ်ားအတိုင္း လွည့္ပတ္၍ သြားေနၾကသည္။ ကၽြႏ္ုပ္တို႔၏ ေနကို ေန႔အခါတြင္ ေကာင္းကင္ယံတြင္ ျမင္ႏိုင္သည္။ ေနသည္ ႀကီးမားေသာ အဝါေရာင္ေဘာလုံးႀကီး တစ္ခုပမာပင္ျဖစ္သည္။

အမွန္စင္စစ္တြင္ ေနသည္ မရပ္မနား ေပါက္ကြဲေနေသာ ဧရာမေဘာလုံးႀကီး တစ္ခုသာလၽွင္ျဖစ္သည္။ ထိုေပါက္ကြဲမႈမ်ားမွ စြမ္းအင္အေျမာက္အမ်ားကို ထုတ္လႊတ္သည္။ ေနသည္ ကမၻာမွ အလြန္ပင္ကြာေဝးေသာ္လည္း လူသားတို႔အေနျဖင့္ ထိုစြမ္းအင္ကို ခံစားသိရွိႏိုင္သည္။ ေနသည္ အလြန္ေတာက္ပသျဖင့္ ၾကည့္႐ုံမၽွႏွင့္ပင္ မ်က္စိကို က်ိန္းစပ္နာက်င္ေစသည္။

ေန ကုိ ျမန္မာတို႔က “သူရိယ” ဟု ပါဋိစကားလံုးမွ ဆင္းသက္လာသည့္အတုိင္း ေခၚၾကသည္။ ေန၏အခ်င္းမွာ မိုင္ေပါင္း (၈၆၄၆၀၀) မိုင္ျဖစ္သည္။ ကမာၻအခ်င္းထက္ ၁၀၉ဆ ႀကီးသည္။ ကမာၻကုိေနထဲထည့္မည္ဆုိလွ်င္ အလုံးေပါင္း ၁သန္းေက်ာ္ ထည့္ႏုိင္သည္အထိ ေန၏အရြယ္အစားမွာ ႀကီးမားသည္။

ကမၻာႏွင့္ေန တို႔၏ အကြာအေ၀းသည္ မိုင္ေပါင္း (၉၃၀၀၀၀၀၀) ကိုးဆယ့္သံုးသန္းျဖစ္သည္။ ေနအား ကမာၻအပါအ၀င္ ျဂိဳလ္မ်ား၊ ျဂိဳလ္သိမ္မ်ား၊ ဥကၠာပ်ံမ်ား၊ ၾကယ္တံခြန္မ်ား ကလွည့္ပတ္ေနသည္။ ထို႔ေၾကာင့္ ေနသည္ ေနအဖြဲ႔အစည္း၏ တည္ေဆာက္ပံုအရလည္း ဗဟိုျဖစ္သည္။ ထို႔ျပင္ ေနသည္ ေနအဖြဲ႔အစည္း တစ္ခုလံုးေပါင္းသိပ္သည္းဆ ၏ ၉၉.၈ % မွ်ရွိသည္ဟု ဆိုပါသည္။

ေနမွ စြမ္းအင္မ်ားသည္ ေနေရာင္ျခည္အျဖစ္ ကမာၻေပၚသို႔က်ေရာက္လာျပီး သက္ရွိမ်ားအသက္ရွင္ရပ္တည္ေရးႏွင့္ ကမာၻ႔ရာသီဥတု အေျပာင္းအလဲမ်ားကို ဖန္တီးေပးသည္။ ေနႏွင့္ ကမာၻၾကား အကြာအေ၀းေၾကာင့္ ေနမွ အလင္းသည္ ကမာၻသို႔ေရာက္ရန္ ၈ မိနစ္မွ်ၾကာသည္။ ေန၏ မ်က္ႏွာျပင္ အပူခ်ိန္မွာ ၅၅၀၀ ဒီဂရီ ဆဲစီးယပ္စ္ျဖစ္ၿပီး ဗဟိုခ်က္မ အပူခ်ိန္မွာမူ သန္းေပါင္း ၁၅ ဒီဂရီ ဆဲလ္စီးယပ္ ရွိသည္။

ေန၏ မ်က္ႏွာျပင္ေပၚတြင္ ပါ၀င္သည့္အရာမ်ားမွာ ဓာတ္ေငြ႕မ်ားျဖစ္သည္။ အဓိကအားျဖင့္ ဟိုက္ဒရိုဂ်င္ဓာတ္ေငြ႕မွာ ၇၄% ခန္႔ရွိျပီး၊ ဟီလီယံဓာတ္ေငြ႕ ၂၄% ပါ၀င္ကာ က်န္ရာခိုင္ႏံႈးမ်ားတြင္ သံ၊ နီကယ္၊ ေအာက္စီဂ်င္၊ ဆီလီကြန္၊ ကန္႔၊ မဂၢနီစီယံ၊ ကာဗြန္၊ နီယြန္ ႏွင့္ ကယ္လ္စီယံ ဓာတ္ေငြ႕မ်ားေပါင္းစပ္ပါ၀င္ပါသည္။

ေနမွ အလင္းေရာင္၊ အပူဓာတ္ႏွင့္ ေနလႈိင္းမ်ား (solar wind) ကို ထုတ္လုပ္သည္။ ေနလႈိင္းမ်ားသည္ ေလထု၏ အျပင္ဖက္မွ ကမၻာကို လွည့္ပတ္သြားေနၾကသည္။ ေနလႈိင္းမ်ားကို ေနမွလြင့္ပ်ံ႕ထြက္လာေသာ ေသးငယ္ေသာ အမႈန္အမႊားကေလးမ်ားျဖင့္ ဖြဲ႕စည္းထားသည္။ ေနသည္ ကမၻာေပၚရွိ သက္ရွိမ်ားအတြက္ အဓိက စြမ္းအင္အရင္းအျမစ္ျဖစ္သည္။

ေနသည္ ကၽြႏ္ုပ္တို႔ေနထိုင္ရာ ေနအဖြဲ႕အစည္း၏ အလယ္တြင္ တည္ရွိသည္။ ၿဂိဳဟ္တို႔သည္ ေနကိုဗဟိုျပဳ၍ စက္ဝိုင္းပုံ လွည့္ပတ္ေနၾကသည္။ ၿဂိဳဟ္ပတ္လမ္းေၾကာင္းမ်ားသည္ ေနမွ အကြာအေဝးအမ်ိဳးမ်ိဳးရွိၾကသည္။ ၿဂိဳဟ္ပတ္လမ္းေၾကာင္းမ်ားမွာ လုံးဝဝိုင္းစက္ေသာ စက္ဝိုင္းပုံမဟုတ္ဘဲ ဘဲဥပုံျဖစ္သည္။ ေနႏွင့္နီးေသာ ၿဂိဳဟ္တို႔သည္ အပူကို ပိုမိုရရွိၿပီး ေဝးကြာေသာ ၿဂိဳဟ္တို႔တြင္ ပို၍ ေအးသည္။

ကမၻာေပၚရွိသက္ရွိအားလုံးတို႔တြင္ ေနမွလာေသာ အလင္းေရာင္ႏွင့္ စြမ္းအင္တို႔ကို လိုအပ္သည္။ ၿဂိဳဟ္တို႔သည္ ေန၏ေရာင္ျခည္ကို စြမ္းအင္အျဖစ္သုံး၍ ဖြံ႕ၿဖိဳးလာၾကသည္။ အပင္မ်ားႏွင့္ သစ္႐ြက္မ်ားတြင္ အစိမ္းေရာင္ရွိသည့္ ကလို႐ိုပလတ္စ္မ်ားျဖင့္ ေနေရာင္ျခည္ကို အသုံးခ်ကာ ဖိုတိုဆန္းသစ္စစ္ေခၚ နည္းလမ္းျဖင့္ အစာခ်က္လုပ္ၾကသည္။

ေန၏ အလယ္ဗဟိုတြင္ရွိေသာ ဗဟိုထုတြင္ လြန္စြာျပင္းထန္ေသာ အပူခ်ိန္ႏွင့္ ဖိအားတို႔သည္ ဟိုက္ဒ႐ိုဂ်င္ဓာတ္ေငြ႕မ်ားကို ဟီလီယမ္ဓာတ္ေငြ႕အျဖစ္ ေျပာင္းလဲေပးၿပီး ေျမာက္မ်ားလွစြာေသာ စြမ္းအင္မ်ားကို ထုတ္လႊတ္သည္။ ထိုသို႔ျဖစ္ျခင္းကို atomic fusion ဟုေခၚသည္။

ေနတြင္ အမ်ားဆုံးပါဝင္သည့္ ျဒပ္ထုမွာ ဟိုက္ဒ႐ိုဂ်င္ျဖစ္ကာ က်န္သည္မွာ ဟီလီယမ္ျဖစ္သည္။ ေလးလံေသာျဒပ္မ်ားျဖစ္ၾကသည့္ ေအာက္ဆီဂ်င္ ကာဗြန္ နီယြန္ႏွင့္ အိုင္းယြန္းတို အနည္းငယ္ ပါဝင္သည္။ ေနသည္ ေနအဖြဲ႕အစည္း၏ ၉၉.၈၆ ရာခိုင္ႏႈန္းေသာ ထုထည္ရွိကာ ကမၻာထက္ အဆေပါင္း ၃၃၀၀၀၀ ခန္႔ ႀကီးမားသည္။

လူတို႔သည္ အႏၲရာယ္မျဖစ္ေစရန္ အထူးျပဳလုပ္ထားေသာ မ်က္မွန္ (lens) မ်ားကို သုံး၍ ေနကိုၾကည့္ႏိုင္သည္။ ထိုသို႔ၾကည့္ေသာအခါ တြင္ ေန၏မ်က္ႏွာျပင္ေပၚတြင္ မည္းနက္ေသာ အစက္အေပ်ာက္မ်ားကို တခါတရံတြင္ ျမင္ရတတ္သည္။ ထို အစက္အေပ်ာက္မ်ားကို ဆန္းစေပါ့ (sunspot) ဟုေခၚသည္။

ဆန္းစေပါ့ မ်ား၏အေရအတြက္သည္ တျဖည္းျဖည္းမ်ားလာၿပီးေနာက္ ၁၁ ႏွစ္တာကာလအတြင္း တျဖည္းျဖည္း ျပန္လည္၍နည္းသြားေလ့ရွိသည္။ ထိုအျဖစ္အပ်က္မွာ ၁၁ ႏွစ္လၽွင္တစ္ခါ ျဖစ္ပ်က္ေနၿပီး ကမၻာေပၚရွိ ရာသီဥတု ႏွင့္ အီလက္ထ႐ြန္းနစ္ပစၥည္းတို႔ကို အက်ိဳးသက္ေရာက္မႈမ်ား ျဖစ္ေစသည္။

အာကာသ႐ူပေဗဒပညာရွင္ ဟုေခၚေသာ သိပၸံပညာရွင္တို႔၏ အဆိုအရ ေနသည္ ၾကယ္ပုဝါ (yellow dwarf) အမ်ိဳးအစားဝင္ ၾကယ္ျဖစ္ၿပီး သက္တမ္း၏ တစ္ဝက္ခန္႔မၽွ(ႏွစ္ေပါင္း ၄.၆ဘီလ်ံ) ကုန္လြန္ခဲ့ၿပီျဖစ္သည္။ ေနာက္ႏွစ္ေပါင္း ၄ ဘီလီယံ သို႔ ၅ ဘီလီယံမၽွအၾကာတြင္ ေနသည္ တျဖည္းျဖည္းႀကီးမားသည္ထက္ႀကီးမားလာၿပီး ဧရာမ ၾကယ္နီ (red giant) အမ်ိဳးအစားၾကယ္အျဖစ္သို႔ ေျပာင္းလဲသြားမည္ျဖစ္သည္။

ေနသည္ ယခုလက္ရွိ ပမာဏထက္ ၂၅၀ ဆမၽွႀကီးမားလာမည္ျဖစ္ၿပီး ၁.၄ AU (အာကာသယူနစ္ ၁ ယူနစ္လၽွင္ ကီလိုမီတာေပါင္း သန္း ၁၅၀ ခန္႔ သို႔ မိုင္ေပါင္း ၉၃ သန္းခန္႔ရွိသည္။) အထိ ႀကီးထြားလာမည္ျဖစ္သျဖင့္ ယခုကမၻာပတ္ေၾကာင္းကို ေက်ာ္ျဖတ္သြားမည္ျဖစ္သည္။ ကမၻာ၏ ၾကမၼာမွာလည္း ေျဖရွင္းရခက္ေသာ ျပသနာပင္ျဖစ္သည္။

ယခင္တြက္ခ်က္မႈမ်ားအရ စတယ္လာလႈိင္း (stellar wind) မ်ားေၾကာင့္ ေန၏ ျဒပ္ထုကို ၃၀ ရာခိုင္ႏႈန္းမၽွ ေလ်ာ့က်သြားေစမည္ ျဖစ္ၿပီး ကမၻာသည္ ပိုမိုေဝးလံေသာ ပတ္လမ္းေၾကာင္းသို႔ လြတ္ေျမာက္သြားမည္ျဖစ္သည္ ဟုဆိုၾကသည္။

မည္သို႔ပင္ျဖစ္ေစ ေနသည္ ပင္မ အစီအစဥ္ အတြင္းရွိၾကယ္ ဟုေခၚသည့္ ၾကယ္အမ်ားစုတို႔ႏွင့္ တူညီေသာ ပုံသဏၭန္ အျဖစ္ ဆက္လက္ရွိေနေစကာမူ ကမၻာ၏ ေလထုႏွင့္ ေရထုတို႔သည္ ေပ်ာက္ပ်က္သြားလိမ့္မည္ျဖစ္သည္။ ေနာက္ဆုံးတြင္ေနသည္ ၾကယ္ျဖဴပု (white dwarf) အျဖစ္က်ဳံ႕ဝင္သြားမည္ျဖစ္ၿပီး ေနာက္ဆုံးတြင္ ၾကယ္ပုနက္ (black dwarf) အျဖစ္ ေမွးမွိန္သြားမည္ျဖစ္သည္။ ေနႏွင့္ အနီးဆုံးၾကယ္မွာ ပ႐ိုဆီမာ စင္ေတာရိျဖစ္သည္။


နေ ဆိုသော ကြယ်ကြီးအကြောင်း သိကောင်းစရာ (unicode)

နေ သည် ကျွန်ုပ်တို့နေထိုင်ရာ နေအဖွဲ့အစည်းအတွင်းတွင် ရှိသော ကြယ် ဖြစ်သည်။ နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်များသည် နေကို ဂြိုဟ်ပတ်လမ်းကြောင်းများအတိုင်း လှည့်ပတ်၍ သွားနေကြသည်။ ကျွန်ုပ်တို့၏ နေကို နေ့အခါတွင် ကောင်းကင်ယံတွင် မြင်နိုင်သည်။ နေသည် ကြီးမားသော အဝါရောင်ဘောလုံးကြီး တစ်ခုပမာပင်ဖြစ်သည်။

အမှန်စင်စစ်တွင် နေသည် မရပ်မနား ပေါက်ကွဲနေသော ဧရာမဘောလုံးကြီး တစ်ခုသာလျှင်ဖြစ်သည်။ ထိုပေါက်ကွဲမှုများမှ စွမ်းအင်အမြောက်အများကို ထုတ်လွှတ်သည်။ နေသည် ကမ္ဘာမှ အလွန်ပင်ကွာဝေးသော်လည်း လူသားတို့အနေဖြင့် ထိုစွမ်းအင်ကို ခံစားသိရှိနိုင်သည်။ နေသည် အလွန်တောက်ပသဖြင့် ကြည့်ရုံမျှနှင့်ပင် မျက်စိကို ကျိန်းစပ်နာကျင်စေသည်။

နေ ကို မြန်မာတို့က “သူရိယ” ဟု ပါဋိစကားလုံးမှ ဆင်းသက်လာသည့်အတိုင်း ခေါ်ကြသည်။ နေ၏အချင်းမှာ မိုင်ပေါင်း (၈၆၄၆၀၀) မိုင်ဖြစ်သည်။ ကမ္ဘာအချင်းထက် ၁၀၉ဆ ကြီးသည်။ ကမ္ဘာကိုနေထဲထည့်မည်ဆိုလျှင် အလုံးပေါင်း ၁သန်းကျော် ထည့်နိုင်သည်အထိ နေ၏အရွယ်အစားမှာ ကြီးမားသည်။ ကမ္ဘာနှင့်နေ တို့၏ အကွာအဝေးသည် မိုင်ပေါင်း (၉၃၀၀၀၀၀၀) ကိုးဆယ့်သုံးသန်းဖြစ်သည်။ နေအား ကမ္ဘာအပါအဝင် ဂြိုလ်များ၊ ဂြိုလ်သိမ်များ၊ ဥက္ကာပျံများ၊ ကြယ်တံခွန်များ ကလှည့်ပတ်နေသည်။ ထို့ကြောင့် နေသည် နေအဖွဲ့အစည်း၏ တည်ဆောက်ပုံအရလည်း ဗဟိုဖြစ်သည်။ ထို့ပြင် နေသည် နေအဖွဲ့အစည်း တစ်ခုလုံးပေါင်းသိပ်သည်းဆ ၏ ၉၉.၈ % မျှရှိသည်ဟု ဆိုပါသည်။

နေမှ စွမ်းအင်များသည် နေရောင်ခြည်အဖြစ် ကမ္ဘာပေါ်သို့ကျရောက်လာပြီး သက်ရှိများအသက်ရှင်ရပ်တည်ရေးနှင့် ကမ္ဘာ့ရာသီဥတု အပြောင်းအလဲများကို ဖန်တီးပေးသည်။ နေနှင့် ကမ္ဘာကြား အကွာအဝေးကြောင့် နေမှ အလင်းသည် ကမ္ဘာသို့ရောက်ရန် ၈ မိနစ်မျှကြာသည်။ နေ၏ မျက်နှာပြင် အပူချိန်မှာ ၅၅၀၀ ဒီဂရီ ဆဲစီးယပ်စ်ဖြစ်ပြီး ဗဟိုချက်မ အပူချိန်မှာမူ သန်းပေါင်း ၁၅ ဒီဂရီ ဆဲလ်စီးယပ် ရှိသည်။

နေ၏ မျက်နှာပြင်ပေါ်တွင် ပါဝင်သည့်အရာများမှာ ဓာတ်ငွေ့များဖြစ်သည်။ အဓိကအားဖြင့် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့မှာ ၇၄% ခန့်ရှိပြီး၊ ဟီလီယံဓာတ်ငွေ့ ၂၄% ပါဝင်ကာ ကျန်ရာခိုင်နှုံးများတွင် သံ၊ နီကယ်၊ အောက်စီဂျင်၊ ဆီလီကွန်၊ ကန့်၊ မဂ္ဂနီစီယံ၊ ကာဗွန်၊ နီယွန် နှင့် ကယ်လ်စီယံ ဓာတ်ငွေ့များပေါင်းစပ်ပါဝင်ပါသည်။

နေမှ အလင်းရောင်၊ အပူဓာတ်နှင့် နေလှိုင်းများ (solar wind) ကို ထုတ်လုပ်သည်။ နေလှိုင်းများသည် လေထု၏ အပြင်ဖက်မှ ကမ္ဘာကို လှည့်ပတ်သွားနေကြသည်။ နေလှိုင်းများကို နေမှလွင့်ပျံ့ထွက်လာသော သေးငယ်သော အမှုန်အမွှားကလေးများဖြင့် ဖွဲ့စည်းထားသည်။ နေသည် ကမ္ဘာပေါ်ရှိ သက်ရှိများအတွက် အဓိက စွမ်းအင်အရင်းအမြစ်ဖြစ်သည်။

နေသည် ကျွန်ုပ်တို့နေထိုင်ရာ နေအဖွဲ့အစည်း၏ အလယ်တွင် တည်ရှိသည်။ ဂြိုဟ်တို့သည် နေကိုဗဟိုပြု၍ စက်ဝိုင်းပုံ လှည့်ပတ်နေကြသည်။ ဂြိုဟ်ပတ်လမ်းကြောင်းများသည် နေမှ အကွာအဝေးအမျိုးမျိုးရှိကြသည်။ ဂြိုဟ်ပတ်လမ်းကြောင်းများမှာ လုံးဝဝိုင်းစက်သော စက်ဝိုင်းပုံမဟုတ်ဘဲ ဘဲဥပုံဖြစ်သည်။ နေနှင့်နီးသော ဂြိုဟ်တို့သည် အပူကို ပိုမိုရရှိပြီး ဝေးကွာသော ဂြိုဟ်တို့တွင် ပို၍ အေးသည်။

ကမ္ဘာပေါ်ရှိသက်ရှိအားလုံးတို့တွင် နေမှလာသော အလင်းရောင်နှင့် စွမ်းအင်တို့ကို လိုအပ်သည်။ ဂြိုဟ်တို့သည် နေ၏ရောင်ခြည်ကို စွမ်းအင်အဖြစ်သုံး၍ ဖွံ့ဖြိုးလာကြသည်။ အပင်များနှင့် သစ်ရွက်များတွင် အစိမ်းရောင်ရှိသည့် ကလိုရိုပလတ်စ်များဖြင့် နေရောင်ခြည်ကို အသုံးချကာ ဖိုတိုဆန်းသစ်စစ်ခေါ် နည်းလမ်းဖြင့် အစာချက်လုပ်ကြသည်။

နေ၏ အလယ်ဗဟိုတွင်ရှိသော ဗဟိုထုတွင် လွန်စွာပြင်းထန်သော အပူချိန်နှင့် ဖိအားတို့သည် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့များကို ဟီလီယမ်ဓာတ်ငွေ့အဖြစ် ပြောင်းလဲပေးပြီး မြောက်များလှစွာသော စွမ်းအင်များကို ထုတ်လွှတ်သည်။ ထိုသို့ဖြစ်ခြင်းကို atomic fusion ဟုခေါ်သည်။ နေတွင် အများဆုံးပါဝင်သည့် ဒြပ်ထုမှာ ဟိုက်ဒရိုဂျင်ဖြစ်ကာ ကျန်သည်မှာ ဟီလီယမ်ဖြစ်သည်။ လေးလံသောဒြပ်များဖြစ်ကြသည့် အောက်ဆီဂျင် ကာဗွန် နီယွန်နှင့် အိုင်းယွန်းတို အနည်းငယ် ပါဝင်သည်။ နေသည် နေအဖွဲ့အစည်း၏ ၉၉.၈၆ ရာခိုင်နှုန်းသော ထုထည်ရှိကာ ကမ္ဘာထက် အဆပေါင်း ၃၃၀၀၀၀ ခန့် ကြီးမားသည်။

လူတို့သည် အန္တရာယ်မဖြစ်စေရန် အထူးပြုလုပ်ထားသော မျက်မှန် (lens) များကို သုံး၍ နေကိုကြည့်နိုင်သည်။ ထိုသို့ကြည့်သောအခါ တွင် နေ၏မျက်နှာပြင်ပေါ်တွင် မည်းနက်သော အစက်အပျောက်များကို တခါတရံတွင် မြင်ရတတ်သည်။ ထို အစက်အပျောက်များကို ဆန်းစပေါ့ (sunspot) ဟုခေါ်သည်။ ဆန်းစပေါ့ များ၏အရေအတွက်သည် တဖြည်းဖြည်းများလာပြီးနောက် ၁၁ နှစ်တာကာလအတွင်း တဖြည်းဖြည်း ပြန်လည်၍နည်းသွားလေ့ရှိသည်။ ထိုအဖြစ်အပျက်မှာ ၁၁ နှစ်လျှင်တစ်ခါ ဖြစ်ပျက်နေပြီး ကမ္ဘာပေါ်ရှိ ရာသီဥတု နှင့် အီလက်ထရွန်းနစ်ပစ္စည်းတို့ကို အကျိုးသက်ရောက်မှုများ ဖြစ်စေသည်။

အာကာသရူပဗေဒပညာရှင် ဟုခေါ်သော သိပ္ပံပညာရှင်တို့၏ အဆိုအရ နေသည် ကြယ်ပုဝါ (yellow dwarf) အမျိုးအစားဝင် ကြယ်ဖြစ်ပြီး သက်တမ်း၏ တစ်ဝက်ခန့်မျှ(နှစ်ပေါင်း ၄.၆ဘီလျံ) ကုန်လွန်ခဲ့ပြီဖြစ်သည်။ နောက်နှစ်ပေါင်း ၄ ဘီလီယံ သို့ ၅ ဘီလီယံမျှအကြာတွင် နေသည် တဖြည်းဖြည်းကြီးမားသည်ထက်ကြီးမားလာပြီး ဧရာမ ကြယ်နီ (red giant) အမျိုးအစားကြယ်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ နေသည် ယခုလက်ရှိ ပမာဏထက် ၂၅၀ ဆမျှကြီးမားလာမည်ဖြစ်ပြီး ၁.၄ AU (အာကာသယူနစ် ၁ ယူနစ်လျှင် ကီလိုမီတာပေါင်း သန်း ၁၅၀ ခန့် သို့ မိုင်ပေါင်း ၉၃ သန်းခန့်ရှိသည်။) အထိ ကြီးထွားလာမည်ဖြစ်သဖြင့် ယခုကမ္ဘာပတ်ကြောင်းကို ကျော်ဖြတ်သွားမည်ဖြစ်သည်။ ကမ္ဘာ၏ ကြမ္မာမှာလည်း ဖြေရှင်းရခက်သော ပြသနာပင်ဖြစ်သည်။ ယခင်တွက်ချက်မှုများအရ စတယ်လာလှိုင်း (stellar wind) များကြောင့် နေ၏ ဒြပ်ထုကို ၃၀ ရာခိုင်နှုန်းမျှ လျော့ကျသွားစေမည် ဖြစ်ပြီး ကမ္ဘာသည် ပိုမိုဝေးလံသော ပတ်လမ်းကြောင်းသို့ လွတ်မြောက်သွားမည်ဖြစ်သည် ဟုဆိုကြသည်။

မည်သို့ပင်ဖြစ်စေ နေသည် ပင်မ အစီအစဉ် အတွင်းရှိကြယ် ဟုခေါ်သည့် ကြယ်အများစုတို့နှင့် တူညီသော ပုံသဏ္ဌန် အဖြစ် ဆက်လက်ရှိနေစေကာမူ ကမ္ဘာ၏ လေထုနှင့် ရေထုတို့သည် ပျောက်ပျက်သွားလိမ့်မည်ဖြစ်သည်။ နောက်ဆုံးတွင်နေသည် ကြယ်ဖြူပု (white dwarf) အဖြစ်ကျုံ့ဝင်သွားမည်ဖြစ်ပြီး နောက်ဆုံးတွင် ကြယ်ပုနက် (black dwarf) အဖြစ် မှေးမှိန်သွားမည်ဖြစ်သည်။ နေနှင့် အနီးဆုံးကြယ်မှာ ပရိုဆီမာ စင်တောရိဖြစ်သည်။

Leave a Reply