အာရွတုိက္ရဲ႕ အရွည္ဆုံးျမစ္ (သုိ႔) ယန္ဇီျမစ္ႀကီးအေၾကာင္း သိေကာင္းစရာ

Posted on

ယန္ဇီျမစ္ သည္ အာရွတိုက္တြင္ အရွည္လ်ားဆုံးႏွင့္ ကမၻာေပၚတြင္ တတိယေျမာက္ အရွည္လ်ားဆုံး ျမစ္တစ္စင္းျဖစ္သည္။ ယန္ဇီျမစ္ကို တ႐ုတ္အသိုင္းအဝိုင္းတြင္ ခ်န္က်န္း (ရွည္လ်ားေသာျမစ္) ဟု အဓိက ေခၚေဝၚသုံးစြဲေလ့ရွိသည္။ ၆၃၀၀ ကီလိုမီတာ (၃၉၁၅ မိုင္) ရွည္လ်ားသည့္ ျမစ္ႀကီးျဖစ္သည္။

ယန္ဇီျမစ္သည္ တ႐ုတ္ျပည္ အေနာက္ပိုင္းေဒသ တိဘက္ကုန္းျပင္ျမင့္ရွိ ေရခဲျမစ္မ်ားမွ ျမစ္ဖ်ားခံကာ အေရွ႕ဘက္သို႔ ဦးတည္၍ အေနာက္ေတာင္ပိုင္း၊ အလယ္ပိုင္းႏွင့္ အေရွ႕ပိုင္းေဒသမ်ားကို ျဖတ္သန္းၿပီး ရွန္ဟိုင္းၿမိဳ႕၌ အေရွ႕တ႐ုတ္ပင္လယ္အတြင္းသို႔ စီးဝင္သည္။ ျမစ္ဝါျမစ္နည္းတူ ယန္ဇီျမစ္သည္ တ႐ုတ္ႏိုင္ငံ လူ႔သမိုင္းႏွင့္ ယဥ္ေက်းမႈႏွင့္ စီးပြားေရးတြင္ အေရးပါသည့္ ျမစ္တစ္စင္းအျဖစ္ ႏွစ္ေပါင္း ၂၀၀၀ ေက်ာ္ ရပ္တည္ခဲ့ၿပီးျဖစ္သည္။

တိဗက္ျပည္ ကြန္လြန္ေတာင္တန္းတြင္ ျမစ္ဖ်ားခံၿပီးလၽွင္ ယူနန္၊ ဆီခၽြမ္၊ ဟူေပ၊ ဟူနန္၊ က်ိယန္ဆီ၊ အန္ဟြီျပည္နယ္မ်ားကို ျဖတ္သန္း၍ ပင္လယ္ဝါထဲသို႔ စီးဝင္ေလသည္။ ျမစ္ေအာက္ပိုင္းေလာက္ ၌သာ ယန္ဆီျမစ္ (ယန္ဆီက်န္)ဟု အမည္တြင္၍ က်န္အပိုင္း မ်ား၌ အမည္အမ်ိဳးမ်ိဳး ရွိေလသည္။

ယန္ဇီျမစ္ကုိ ေနရာေဒသအလုိက္ ‘Sichuan River’, ‘Jing Jiang’, ‘Wan Jiang’, ‘Yangzi Jiang’, ‘Jinsha River’, ‘Tongtian River’, ”Dangqu River’, ‘Blue River’ ဟူ၍ အမ်ဳိးမ်ဳိးေခၚေ၀ၚၾကသည္။ အေစာပုိင္း အဂၤလိပ္မွတ္တမ္းမ်ားတြင္ ယန္ဇီျမစ္အား Quian ျမစ္ဟုေခၚ၍ မာကုိပုိလုိက ေပးခဲ့ျခင္းျဖစ္သည္။

ယန္ဆီျမစ္သည္ တ႐ုတ္ ႏိုင္ငံ အလယ္ပိုင္းကို အေနာက္ဘက္မွ အေရွ႕ဘက္သို႔ ျဖတ္၍ စီးဆင္းသျဖင့္ လမ္းပန္းဆက္သြယ္ေရးႏွင့္ ကူးသန္းေရာင္းဝယ္ ေရးအတြက္ အလြန္အေရးပါ အရာေရာက္ေပသည္။ ယန္ဆီျမစ္ ႏွင့္တကြ ယင္း၏ ျမစ္လက္တက္မ်ားတို႔ ျဖတ္သန္းစီးဆင္း ေသာ ျမစ္ဝွမ္းေဒသမွာ စတုရန္းမိုင္ေပါင္း ၇ဝဝဝဝဝ နီးပါး မၽွ ရွိသည္။

ယန္ဆီျမစ္သည္ မိုင္ ၃ဝ မွ မိုင္ ၄ဝ အထိ က်ယ္၏။ ပင္လယ္ကူးသေဘၤာမ်ားသည္ ျမစ္ဝအနီး၌ တည္ရွိေသာ ရွန္ဟိုင္းၿမိဳ႕မွ အထက္သို႔ မိုင္ ၆၂ဝ ခန္႔ ေဝးေသာ ဟန္ေကာင္ ၿမိဳ႕အထိ ဆန္တက္ႏိုင္သည္။တစ္ဖန္ ဟန္ေကာင္ၿမိဳ႕မွ ျမစ္တြင္း ခုတ္ေမာင္းေသာသေဘၤာျဖင့္ အထက္သို႔ မိုင္ ၅ဝဝ ခန္႔ သြား ေရာက္ႏိုင္ေသးသည္။ အီခ်န္ၿမိဳ႕ အထက္ပိုင္း၌မူကား ျမစ္ေၾကာင္းသည္ ေရစီးသန္၍ ေခ်ာက္ႀကီးမ်ား ရွိျခင္းေၾကာင့္ ေလွငယ္ တက္စင္းမ်ားျဖင့္သာ သြားလာႏိုင္ေလသည္။

ယန္ဆီျမစ္ဖ်ားခံရာ ေဒသသည္ ျမင့္မားေသာ ေတာင္ တန္းမ်ားျဖစ္ေသာေၾကာင့္ ေရစီးအလြန္သန္၍ ျမစ္ကမ္းပါးမ်ား သည္လည္း ျမင့္သည္။ ျမစ္ေအာက္ပိုင္းတြင္မူ ေရစီးေႏွး၍ ႏုံးထူသည္။ ျမစ္တစ္ေလၽွာက္၌ အိုင္မ်ားရွိရာ၊ ျမစ္ေရလၽွံေသာ အခ်ိန္ကာလတြင္ ဟြန္ဟိုျမစ္ေလာက္ လယ္ယာအိမ္ေျခ အပ်က္အစီးမမ်ားေခ်။

ျမစ္အတြင္း ေလွမ်ားေပၚ၌၎၊ ျမစ္ဝွမ္း တစ္ေလၽွာက္၌၎ တ႐ုတ္အမ်ိဳးသား ေျမာက္ျမားစြာ ေနထိုင္ၾက သည္။ ယန္ဆီျမစ္ဝွမ္းတြင္ ပိုးေမြးျမဴျခင္း၊ ဆန္စပါး၊ ဝါႏွင့္ လက္ဖက္ပင္စိုက္ပ်ိဳးျခင္းလုပ္ငန္းမ်ားကို အႀကီးအက်ယ္ လုပ္ ကိုင္ၾက၏။

ယန္ဇီျမစ္တြင္ ပထမဆုံးတည္ေဆာက္ခဲ့ေသာ ဆည္ႀကီးမွာ Gezhouba ဆည္ျဖစ္ၿပီး ၁၉၈၈ခုႏွစ္တြင္တည္ေဆာက္ခဲ့သည္။ ေရႀကီးမႈငယ္မ်ား မၾကာခဏျဖစ္ေလ့ရွိၿပီး အသက္အုိးအိမ္ေပါင္းမ်ာစြာကုိ ပ်က္စီးဆုံးရႈံးေစခဲ့ေသာ ေရႀကီးမႈႀကီးမ်ားမွာ ၁၉၃၁ခုႏွစ္ ၊ ၁၉၃၅ခုႏွစ္ ၊ ၁၉၅၄ခုႏွစ္ ႏွင့္ ၁၉၉၈ခုႏွစ္တြင္ ျဖစ္ပြားခဲ့သည္။

ယန္ဇီျမစ္တစ္ေလၽွာက္ရွိ ထင္ရွားေသာၿမိဳ႕မ်ားမွ ရွန္ဟိုင္းၿမိဳ႕၊ နန္းကင္းၿမိဳ႕၊ က်ဴက်န္ၿမိဳ႕၊ အန္ကင္းၿမိဳ႕၊ ဟန္ေကာင္ၿမိဳ႕၊ ဝူခ်န္ၿမိဳ႕၊ အီခ်န္ၿမိဳ႕ႏွင့္ ခ်ဳန္ကင္းၿမိဳ႕မ်ား ျဖစ္ေလသည္။ စုိက္ပ်ဳိးေရးႏွင့္ စက္ရုံမ်ားေၾကာင့္ ယန္ဇီျမစ္၏ အခ်ဳိ႕အစိတ္အပုိင္းမ်ားတြင္ ေရထု ေလထု ညစ္ညမ္းမႈ ျပႆနာမ်ားကို ႀကဳံေတြ႔ေနရဆဲျဖစ္သည္။

South Street Small Town South Of Yangtze River


အာရှတိုက်ရဲ့ အရှည်ဆုံးမြစ် (သို့) ယန်ဇီမြစ်ကြီးအကြောင်း သိကောင်းစရာ (unicode)

ယန်ဇီမြစ် သည် အာရှတိုက်တွင် အရှည်လျားဆုံးနှင့် ကမ္ဘာပေါ်တွင် တတိယမြောက် အရှည်လျားဆုံး မြစ်တစ်စင်းဖြစ်သည်။ ယန်ဇီမြစ်ကို တရုတ်အသိုင်းအဝိုင်းတွင် ချန်ကျန်း (ရှည်လျားသောမြစ်) ဟု အဓိက ခေါ်ဝေါ်သုံးစွဲလေ့ရှိသည်။ ၆၃၀၀ ကီလိုမီတာ (၃၉၁၅ မိုင်) ရှည်လျားသည့် မြစ်ကြီးဖြစ်သည်။

ယန်ဇီမြစ်သည် တရုတ်ပြည် အနောက်ပိုင်းဒေသ တိဘက်ကုန်းပြင်မြင့်ရှိ ရေခဲမြစ်များမှ မြစ်ဖျားခံကာ အရှေ့ဘက်သို့ ဦးတည်၍ အနောက်တောင်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများကို ဖြတ်သန်းပြီး ရှန်ဟိုင်းမြို့၌ အရှေ့တရုတ်ပင်လယ်အတွင်းသို့ စီးဝင်သည်။ မြစ်ဝါမြစ်နည်းတူ ယန်ဇီမြစ်သည် တရုတ်နိုင်ငံ လူ့သမိုင်းနှင့် ယဉ်ကျေးမှုနှင့် စီးပွားရေးတွင် အရေးပါသည့် မြစ်တစ်စင်းအဖြစ် နှစ်ပေါင်း ၂၀၀၀ ကျော် ရပ်တည်ခဲ့ပြီးဖြစ်သည်။

တိဗက်ပြည် ကွန်လွန်တောင်တန်းတွင် မြစ်ဖျားခံပြီးလျှင် ယူနန်၊ ဆီချွမ်၊ ဟူပေ၊ ဟူနန်၊ ကျိယန်ဆီ၊ အန်ဟွီပြည်နယ်များကို ဖြတ်သန်း၍ ပင်လယ်ဝါထဲသို့ စီးဝင်လေသည်။ မြစ်အောက်ပိုင်းလောက် ၌သာ ယန်ဆီမြစ် (ယန်ဆီကျန်)ဟု အမည်တွင်၍ ကျန်အပိုင်း များ၌ အမည်အမျိုးမျိုး ရှိလေသည်။ ယန်ဇီမြစ်ကို နေရာဒေသအလိုက် ‘Sichuan River’, ‘Jing Jiang’, ‘Wan Jiang’, ‘Yangzi Jiang’, ‘Jinsha River’, ‘Tongtian River’, ”Dangqu River’, ‘Blue River’ ဟူ၍ အမျိုးမျိုးခေါ်ဝေါ်ကြသည်။ အစောပိုင်း အင်္ဂလိပ်မှတ်တမ်းများတွင် ယန်ဇီမြစ်အား Quian မြစ်ဟုခေါ်၍ မာကိုပိုလိုက ပေးခဲ့ခြင်းဖြစ်သည်။

ယန်ဆီမြစ်သည် တရုတ် နိုင်ငံ အလယ်ပိုင်းကို အနောက်ဘက်မှ အရှေ့ဘက်သို့ ဖြတ်၍ စီးဆင်းသဖြင့် လမ်းပန်းဆက်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ် ရေးအတွက် အလွန်အရေးပါ အရာရောက်ပေသည်။ ယန်ဆီမြစ် နှင့်တကွ ယင်း၏ မြစ်လက်တက်များတို့ ဖြတ်သန်းစီးဆင်း သော မြစ်ဝှမ်းဒေသမှာ စတုရန်းမိုင်ပေါင်း ၇ဝဝဝဝဝ နီးပါး မျှ ရှိသည်။

ယန်ဆီမြစ်သည် မိုင် ၃ဝ မှ မိုင် ၄ဝ အထိ ကျယ်၏။ ပင်လယ်ကူးသင်္ဘောများသည် မြစ်ဝအနီး၌ တည်ရှိသော ရှန်ဟိုင်းမြို့မှ အထက်သို့ မိုင် ၆၂ဝ ခန့် ဝေးသော ဟန်ကောင် မြို့အထိ ဆန်တက်နိုင်သည်။တစ်ဖန် ဟန်ကောင်မြို့မှ မြစ်တွင်း ခုတ်မောင်းသောသင်္ဘောဖြင့် အထက်သို့ မိုင် ၅ဝဝ ခန့် သွား ရောက်နိုင်သေးသည်။ အီချန်မြို့ အထက်ပိုင်း၌မူကား မြစ်ကြောင်းသည် ရေစီးသန်၍ ချောက်ကြီးများ ရှိခြင်းကြောင့် လှေငယ် တက်စင်းများဖြင့်သာ သွားလာနိုင်လေသည်။

ယန်ဆီမြစ်ဖျားခံရာ ဒေသသည် မြင့်မားသော တောင် တန်းများဖြစ်သောကြောင့် ရေစီးအလွန်သန်၍ မြစ်ကမ်းပါးများ သည်လည်း မြင့်သည်။ မြစ်အောက်ပိုင်းတွင်မူ ရေစီးနှေး၍ နုံးထူသည်။ မြစ်တစ်လျှောက်၌ အိုင်များရှိရာ၊ မြစ်ရေလျှံသော အချိန်ကာလတွင် ဟွန်ဟိုမြစ်လောက် လယ်ယာအိမ်ခြေ အပျက်အစီးမများချေ။

မြစ်အတွင်း လှေများပေါ်၌၎င်း၊ မြစ်ဝှမ်း တစ်လျှောက်၌၎င်း တရုတ်အမျိုးသား မြောက်မြားစွာ နေထိုင်ကြ သည်။ ယန်ဆီမြစ်ဝှမ်းတွင် ပိုးမွေးမြူခြင်း၊ ဆန်စပါး၊ ဝါနှင့် လက်ဖက်ပင်စိုက်ပျိုးခြင်းလုပ်ငန်းများကို အကြီးအကျယ် လုပ် ကိုင်ကြ၏။

ယန်ဇီမြစ်တွင် ပထမဆုံးတည်ဆောက်ခဲ့သော ဆည်ကြီးမှာ Gezhouba ဆည်ဖြစ်ပြီး ၁၉၈၈ခုနှစ်တွင်တည်ဆောက်ခဲ့သည်။ ရေကြီးမှုငယ်များ မကြာခဏဖြစ်လေ့ရှိပြီး အသက်အိုးအိမ်ပေါင်းမျာစွာကို ပျက်စီးဆုံးရှုံးစေခဲ့သော ရေကြီးမှုကြီးများမှာ ၁၉၃၁ခုနှစ် ၊ ၁၉၃၅ခုနှစ် ၊ ၁၉၅၄ခုနှစ် နှင့် ၁၉၉၈ခုနှစ်တွင် ဖြစ်ပွားခဲ့သည်။

ယန်ဆီမြစ်တစ်လျှောက်ရှိ ထင်ရှားသောမြို့များမှ ရှန်ဟိုင်းမြို့၊ နန်းကင်းမြို့၊ ကျူကျန်မြို့၊ အန်ကင်းမြို့၊ ဟန်ကောင်မြို့၊ ဝူချန်မြို့၊ အီချန်မြို့နှင့် ချုန်ကင်းမြို့များ ဖြစ်လေသည်။ စိုက်ပျိုးရေးနှင့် စက်ရုံများကြောင့် ယန်ဇီမြစ်၏ အချို့အစိတ်အပိုင်းများတွင် ရေထု လေထု ညစ်ညမ်းမှု ပြဿနာများကို ကြုံတွေ့နေရဆဲဖြစ်သည်။

Leave a Reply