မင္းရဲ႕ အိပ္မက္ေတြကုိ ဆက္ထိန္းထားပါ

Posted on

ဘာသာျပန္ – မင္းအရိပ္(ေရာင္စုံအခန္းငယ္)

ကြ်န္ေတာ္႔မွာ မြန္တီေရာဘတ္ဆုိတဲ႔ မိတ္ေဆြတစ္ေယာက္ရွိတယ္။ သူဟာ ဆန္စီဒရုိမွာ ဟီးထေနတဲ႔ ျမင္းေမြးျမဴေရးျခံႀကီးကုိ ပုိင္ဆုိင္တဲ႔သူေပါ႔။ သူက သူ႔ရဲ႕အိမ္ကုိ ကေလးသူငယ္မ်ားအစီအစဥ္ေတြအတြက္ ရန္ပုံေငြရွာဖုိ႔ ကြ်န္ေတာ္႔ကုိ အသုံးျပဳခြင္႔ ေပးခဲ႔ပါတယ္။ ကြ်န္ေတာ္ ေနာက္ဆုံးအႀကိမ္ သူ႔အိမ္ႀကီးဆီမွာ ရွိေနတုန္း သူက ကြ်န္ေတာ္႔ကုိ စကားေတြအမ်ားႀကီး ေျပာခဲ႔တယ္။

” က်ဳပ္ ဘာလုိ႔ ဂ်က္ဆုိတဲ႔ ေကာင္ေလးကုိ က်ဳပ္ရဲ႕ ျမင္းကုိ စီးေစခဲ႔သလဲဆုိတာ က်ဴပ္ေျပာျပမယ္။ ဒါေတြအားလုံးဟာ ပုံျပင္တစ္ခုအေပၚမွာ အေျခခံခဲ႔ပါတယ္။ အဲဒီပုံျပင္ထဲမွာ ေျခသလုံးအိမ္တုိင္ျမင္းထိန္းသမားတစ္ေယာက္ရဲ႕ သားကေလးဟာ ျမင္းေဇာင္းတစ္ခုကေန ျမင္းေဇာင္းတစ္ခု၊ ျမင္းျပိဳင္ကြင္းတစ္ခုကေန ေနာက္တစ္ခု၊ လယ္ကြင္းတစ္ခုကေန ေနာက္တစ္ခု၊ ျမင္းျခံႀကီးတစ္ျခံကေန ေနာက္တစ္ျခံ ဟုိဒီေလွ်ာက္သြားျပီး ျမင္းေတြကုိ ထိန္းေက်ာင္းေနခဲ႔ရတယ္။ အဲဒီအရာေတြရဲ႕ အက်ိဳးရလာဒ္အျဖစ္ ေကာင္ေလးရဲ႕ ေက်ာင္းသင္ပညာေရးအေျခအေနဟာ ဆုိးရြားေနခဲ႔တာေပါ႔။ အဲဒီေကာင္ေလး စီနီယာေက်ာင္းသားျဖစ္လာတဲ႔အခါ ႀကီးျပင္းလာတဲ႔အခါ ဘာျဖစ္ခ်င္တယ္၊ ဘာေတြလုပ္ခ်င္တယ္ဆုိတာကုိ စာတမ္းတစ္ေစာင္ေရးဖုိ႔ အိမ္စာေပးျခင္းခံရတယ္။”

“အဲဒီညမွာ သူက စာမ်က္ႏွာခုနစ္မ်က္ႏွာရွိတဲ႔ စာတမ္းတစ္ေစာင္ေရးခဲ႔တယ္။ အဲဒီစာထဲမွာ တစ္ေန႔က်ရင္ ျမင္းျခံႀကီးတစ္ျခံကုိ ပုိင္ဆုိင္လုိတဲ႔ သူ႔ရဲ႕ ရည္မွန္းခ်က္ကုိ ထည္႔သြင္းေဖာ္ျပထားခဲ႔တာေပါ႔။ သူက ေသေသခ်ာခ်ာကုိ ေရးခဲ႔တာ။ အေသးစိတ္ကအစ ေရးခဲ႔တာ။ ဧက၂၀၀က်ယ္တဲ႔ ျမင္းေမြးျမဴေရးျခံႀကီး၊ ျမင္းျခံႀကီးထဲက ျမင္းေဇာင္းေတြ၊ အျခားအေဆာက္အအုံေတြ၊ ျမင္းျပိဳင္ကြင္း စသျဖင္႔ ေရးဆြဲထားတဲ႔ ပုံေတာင္ ပါေသးတယ္။ အဲဒီဧက၂၀၀က်ယ္တဲ႔ ျမင္းျခံႀကီးထဲက သူေနမယ္႔ စတုရန္းေပ၄၀၀၀ေက်ာ္ အိမ္ႀကီးကုိေတာင္ ဆြဲထည္႔ထားခဲ႔ေသးတာ။”

“ေကာင္ေလးက သူ႔ႏွလုံးသားနဲ႔ ထပ္တူျပဳျပီး ဒီပေရာဂ်က္ကုိ ေရးဆြဲခဲ႔ျပီးေနာက္ ေနာက္ေန႔မွာ သူ႔ဆရာလက္ထဲကုိ စာတမ္းအပ္ခဲ႔တယ္။ ႏွစ္ရက္အႀကာမွာ သူ႔စာတမ္းကုိ သူ ျပန္ရခဲ႔တယ္။ အဖြင္႔စာမ်က္ႏွာမွာ အနီေရာင္ F စာလုံးရဲရဲႀကီးနဲ႔အတူ ေအာက္မွာလဲ ေက်ာင္းဆင္းရင္ ငါ႔ကုိလာေတြ႔ပါဆုိတဲ႔ ဆရာ႔ရဲ႕ မွတ္ခ်က္ပါ ပါလာခဲ႔တယ္။”

“ေကာင္ေလးဟာ သူ႔ရဲ႕စိတ္ကူးအိပ္မက္ကုိ ရင္မွာပုိက္ျပီး အတန္းျဖဳတ္တဲ႔အခါ ဆရာ႕ကုိ သြားေတြ႔ျပီး ေမးျဖစ္တယ္။ ဘာလုိ႔ ကြ်န္ေတာ္အဆင္႔Fပဲ ရခဲ႔တာလဲ။”

“အဲဒီအခါ ဆရာက ေျပာတယ္။ မင္းလုိ ငယ္ရြယ္ေသးတဲ႔ ေကာင္ေလးအတြက္ တကယ္မျဖစ္ႏုိင္တဲ႔ စိတ္ကူးအိပ္မက္ျဖစ္ေနလုိ႔ေပါ႔ကြာ၊ မင္းမွာ ပုိက္ဆံရွိလုိ႔လား။ မင္းဟာ ေျခသလုံးအိမ္တုိင္မိသားစုက ေပါက္ဖြားလာခဲ႔တာ၊ မင္းမွာ ဘာအရင္းအႏွီးမွ မရွိဘူးေလ။ ျမင္းေမြးျမဴေရးျခံႀကီးတစ္ျခံပုိင္ဖုိ႔ဆုိတာ ပုိက္ဆံေတြ ပုိက္ဆံေတြ အမ်ားႀကီးလုိတယ္တပည္႔ရယ္၊ အရင္ဆုံး မင္း ေျမ၀ယ္ရမယ္၊ ျမင္းေစ်းကြက္ထဲ ၀င္ျပီး ျမင္းေတြ ရွာရမယ္၊ ျပီးရင္ အခြန္အခေတြလဲ အမ်ားႀကီးေပးရဦးမွာ၊ မင္း လုပ္ႏုိင္မွာ မဟုတ္ဘူးတပည္႔တဲ႔။ ျပီးေတာ႔ ဆရာက ထပ္ေျပာေသးတယ္။ ပုိျပီးျဖစ္ႏုိင္ေခ်ရွိတဲ႔ ဆီေလ်ာ္ညီညြတ္တဲ႔ စာတမ္းတစ္ေစာင္ထပ္ေရးခဲ႔ရင္ ငါ မင္းရဲ႕ အဆင္႔သတ္မွတ္ခ်က္ကုိ ျပန္စဥ္းစားေပးပါ႔မယ္တဲ႔။”

“အဲဒီေနာက္ ေကာင္ေလးဟာ အိမ္ျပန္သြားတယ္။ ထပ္ခါတလဲလဲ ျပင္းျပင္းထန္ထန္ အခ်ိန္အမ်ားႀကီးေပးျပီး စဥ္းစားတယ္။ ေနာက္ဆုံး စဥ္းစားလုိ႔ မရတဲ႔အဆုံး သူ႔အေဖကုိ သား လုပ္သင္႔သလဲ၊ ဘာေရးသင္႔သလဲလုိ႔ ေမးလုိက္တယ္။ ဒီေတာ႔ အေဖျဖစ္သူက ေျပာတယ္။ ဒီမယ္ သားရဲ႕၊ ဒါဟာ သားရဲ႕ စိတ္ထဲမွာ တကယ္ရွိေနတဲ႔ အရာကုိပဲ ခ်ေရးရမွာ၊ ခ်ေရးလုိက္တဲ႔အရာဟာ ဘာပဲ ျဖစ္ေနျဖစ္ေန သားအတြက္ အရမ္းအေရးႀကီးတဲ႔ ဆုံးျဖတ္ခ်က္တစ္ရပ္ ျဖစ္လာလိမ္႔မယ္တဲ႔။ တစ္ပတ္ေလာက္အထိ ေကာင္ေလး ထပ္ျပန္တလဲလဲ စဥ္းစားေသးတယ္။ ဘာစိတ္ကူးအိပ္မက္မွ ထပ္ထြက္မလာခဲ႔ပါဘူး။ ေနာက္ဆုံးမွာ သူဟာ စာတမ္းအေဟာင္းကုိပဲ ဘာကုိမွ ျပင္မေရးခဲ႔ဘဲ ဒီတုိင္း ျပန္ယူသြားခဲ႔တယ္။”

“ျပီးေတာ႔ အဲဒီစာတမ္းကုိ ဆရာ႔ထံ ျပန္ေပးလုိက္တယ္။ ျပီးေတာ႔ ေကာင္ေလးက ေျပာလုိက္တယ္။ ဆရာ႔အေနနဲ႔ Fဆုိတဲ႔ အဆင္႔သတ္မွတ္ခ်က္ကုိပဲ ဆက္ေပးႏုိင္ပါတယ္။ ကြ်န္ေတာ္ကေတာ႔ ကြ်န္ေတာ္႔အိပ္မက္ကုိ ဆက္ထိန္းထားမယ္။”

စကားေျပာဆုိျပီးတဲ႔ေနာက္မွာ မြန္တီဟာ ေက်ာင္းသားေလးေတြ စုေ၀းတန္းစီေနတဲ႔နားကုိ ေလွ်ာက္သြားျပီး ကြ်န္ေတာ္႔ကုိ စကားအခ်ိဳ႕ လွမ္းေျပာလုိက္ျပန္တယ္။

“ကဲ အခုေတာ႔ ခင္ဗ်ားဟာ အဲဒီပုံျပင္ထဲမွာပါတဲ႔ ဧက၂၀၀၀က်ယ္ျမင္းေမြးျမဴေရးျခံႀကီးရဲ႕ အလယ္က စတုရန္းေပ၄၀၀၀က်ယ္ အိမ္ႀကီးထဲမွာ ထုိင္ေနျပီမဟုတ္လား။ က်ဳပ္ အခုထိ အဲဒီစာတမ္းကုိ သိမ္းထားေသးတယ္ဗ်။”
သူက ျပဳံးေနတဲ႔ မ်က္ႏွာနဲ႔ ကြ်န္ေတာ္႔ကုိ လည္ျပန္ႀကည္႔ျပီး ထပ္ေျပာျပန္တယ္။

“ပုံျပင္ရဲ႕ အေကာင္းဆုံးအပုိင္းက ျပီးခဲ႔တဲ႔ ႏွစ္ႏွစ္ေက်ာ္ ေႏြရာသီမွာ ျဖစ္ခဲ႔တာ။ က်ဳပ္ကုိ ဂရိတ္F ေပးခဲ႔တဲ႔ ဆရာပဲ ေက်ာင္းသား၃၀ေလာက္နဲ႔အတူ က်ဳပ္ျခံႀကီးထဲမွာ camp တစ္ခု စခန္းလာခ်ေလရဲ႕ဗ်ိဳ႕။ သူျပန္ခါနီးမွာ က်ဳပ္ကုိ စကားတစ္ခြန္းေျပာသြားေသးတယ္။ ဒီမယ္ မြန္တီရဲ႕တဲ႔။ ငါ မင္းကုိ အခု ေျပာႏုိင္ျပီ။ ငါဟာ မင္းရဲ႕ ဆရာျဖစ္ခဲ႔စဥ္တုန္းက ငါဟာ မင္းရဲ႕ အိပ္မက္ကုိ ခုိးယူဖုိ႔ ႀကိဳးစားခဲ႔သူလဲ ျဖစ္ခဲ႔တာပဲကြာတဲ႔။ ႏွစ္ေပါင္းမ်ားစြာတုိင္ေအာင္ ငါဟာ ကေလးမ်ားစြာရဲ႕ အိပ္မက္ေပါင္းမ်ားစြာကုိ ခုိးယူမိခဲ႔ေပတာပဲ။ ကံေကာင္းတာကေတာ႔ ကုိယ္႔ရဲ႕ စိတ္ကူးအိပ္မက္ကုိ လုံး၀လက္မလႊတ္တဲ႔ အရည္အခ်င္း မင္းမွာ ရွိေနခဲ႔တာပဲတဲ႔။”

မြန္တီရဲ႕ စကားဆုံးေတာ႔ ကြ်န္ေတာ္ ေခါင္းတဆတ္ဆတ္ ညိတ္မိတယ္။ ဘယ္သူ႔ကုိမွ ကြ်န္ေတာ္တုိ႔ရဲ႕ စိတ္ကူးအိပ္မက္ေတြ ခုိးယူခြင္႔မျပဳနဲ႔။ ဘာပဲ ျဖစ္ေနပါေစ၊ စိတ္ႏွလုံးရဲ႕ ခုိင္းေစမႈေနာက္ကုိ လုိက္ရမယ္။

ကြ်န္ေတာ္႔တုိ႔ရဲ႕ အိပ္မက္ေတြကို ဆက္ထိန္းထား။

အမည္မသိစာေရးဆရာ။

(မင္းအရိပ္မွ ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆုိပါသည္။)


မင်းရဲ့ အိပ်မက်တွေကို ဆက်ထိန်းထားပါ (unicode)

ဘာသာပြန် – မင်းအရိပ်(ရောင်စုံအခန်းငယ်)

ကျွန်တော့်မှာ မွန်တီရောဘတ်ဆိုတဲ့ မိတ်ဆွေတစ်ယောက်ရှိတယ်။ သူဟာ ဆန်စီဒရိုမှာ ဟီးထနေတဲ့ မြင်းမွေးမြူရေးခြံကြီးကို ပိုင်ဆိုင်တဲ့သူပေါ့။ သူက သူ့ရဲ့အိမ်ကို ကလေးသူငယ်များအစီအစဉ်တွေအတွက် ရန်ပုံငွေရှာဖို့ ကျွန်တော့်ကို အသုံးပြုခွင့် ပေးခဲ့ပါတယ်။ ကျွန်တော် နောက်ဆုံးအကြိမ် သူ့အိမ်ကြီးဆီမှာ ရှိနေတုန်း သူက ကျွန်တော့်ကို စကားတွေအများကြီး ပြောခဲ့တယ်။

” ကျုပ် ဘာလို့ ဂျက်ဆိုတဲ့ ကောင်လေးကို ကျုပ်ရဲ့ မြင်းကို စီးစေခဲ့သလဲဆိုတာ ကျူပ်ပြောပြမယ်။ ဒါတွေအားလုံးဟာ ပုံပြင်တစ်ခုအပေါ်မှာ အခြေခံခဲ့ပါတယ်။ အဲဒီပုံပြင်ထဲမှာ ခြေသလုံးအိမ်တိုင်မြင်းထိန်းသမားတစ်ယောက်ရဲ့ သားကလေးဟာ မြင်းဇောင်းတစ်ခုကနေ မြင်းဇောင်းတစ်ခု၊ မြင်းပြိုင်ကွင်းတစ်ခုကနေ နောက်တစ်ခု၊ လယ်ကွင်းတစ်ခုကနေ နောက်တစ်ခု၊ မြင်းခြံကြီးတစ်ခြံကနေ နောက်တစ်ခြံ ဟိုဒီလျှောက်သွားပြီး မြင်းတွေကို ထိန်းကျောင်းနေခဲ့ရတယ်။ အဲဒီအရာတွေရဲ့ အကျိုးရလာဒ်အဖြစ် ကောင်လေးရဲ့ ကျောင်းသင်ပညာရေးအခြေအနေဟာ ဆိုးရွားနေခဲ့တာပေါ့။
အဲဒီကောင်လေး စီနီယာကျောင်းသားဖြစ်လာတဲ့အခါ ကြီးပြင်းလာတဲ့အခါ ဘာဖြစ်ချင်တယ်၊ ဘာတွေလုပ်ချင်တယ်ဆိုတာကို စာတမ်းတစ်စောင်ရေးဖို့ အိမ်စာပေးခြင်းခံရတယ်။”

“အဲဒီညမှာ သူက စာမျက်နှာခုနစ်မျက်နှာရှိတဲ့ စာတမ်းတစ်စောင်ရေးခဲ့တယ်။ အဲဒီစာထဲမှာ တစ်နေ့ကျရင် မြင်းခြံကြီးတစ်ခြံကို ပိုင်ဆိုင်လိုတဲ့ သူ့ရဲ့ ရည်မှန်းချက်ကို ထည့်သွင်းဖော်ပြထားခဲ့တာပေါ့။ သူက သေသေချာချာကို ရေးခဲ့တာ။ အသေးစိတ်ကအစ ရေးခဲ့တာ။ ဧက၂၀ဝကျယ်တဲ့ မြင်းမွေးမြူရေးခြံကြီး၊ မြင်းခြံကြီးထဲက မြင်းဇောင်းတွေ၊ အခြားအဆောက်အအုံတွေ၊ မြင်းပြိုင်ကွင်း စသဖြင့် ရေးဆွဲထားတဲ့ ပုံတောင် ပါသေးတယ်။ အဲဒီဧက၂၀ဝကျယ်တဲ့ မြင်းခြံကြီးထဲက သူနေမယ့် စတုရန်းပေ၄၀၀၀ကျော် အိမ်ကြီးကိုတောင် ဆွဲထည့်ထားခဲ့သေးတာ။”

“ကောင်လေးက သူ့နှလုံးသားနဲ့ ထပ်တူပြုပြီး ဒီပရောဂျက်ကို ရေးဆွဲခဲ့ပြီးနောက် နောက်နေ့မှာ သူ့ဆရာလက်ထဲကို စာတမ်းအပ်ခဲ့တယ်။ နှစ်ရက်အကြာမှာ သူ့စာတမ်းကို သူ ပြန်ရခဲ့တယ်။ အဖွင့်စာမျက်နှာမှာ အနီရောင် F စာလုံးရဲရဲကြီးနဲ့အတူ အောက်မှာလဲ ကျောင်းဆင်းရင် ငါ့ကိုလာတွေ့ပါဆိုတဲ့ ဆရာ့ရဲ့ မှတ်ချက်ပါ ပါလာခဲ့တယ်။”

“ကောင်လေးဟာ သူ့ရဲ့စိတ်ကူးအိပ်မက်ကို ရင်မှာပိုက်ပြီး အတန်းဖြုတ်တဲ့အခါ ဆရာ့ကို သွားတွေ့ပြီး မေးဖြစ်တယ်။ ဘာလို့ ကျွန်တော်အဆင့်Fပဲ ရခဲ့တာလဲ။”

“အဲဒီအခါ ဆရာက ပြောတယ်။ မင်းလို ငယ်ရွယ်သေးတဲ့ ကောင်လေးအတွက် တကယ်မဖြစ်နိုင်တဲ့ စိတ်ကူးအိပ်မက်ဖြစ်နေလို့ပေါ့ကွာ၊ မင်းမှာ ပိုက်ဆံရှိလို့လား။ မင်းဟာ ခြေသလုံးအိမ်တိုင်မိသားစုက ပေါက်ဖွားလာခဲ့တာ၊ မင်းမှာ ဘာအရင်းအနှီးမှ မရှိဘူးလေ။ မြင်းမွေးမြူရေးခြံကြီးတစ်ခြံပိုင်ဖို့ဆိုတာ ပိုက်ဆံတွေ ပိုက်ဆံတွေ အများကြီးလိုတယ်တပည့်ရယ်၊ အရင်ဆုံး မင်း မြေဝယ်ရမယ်၊ မြင်းဈေးကွက်ထဲ ဝင်ပြီး မြင်းတွေ ရှာရမယ်၊ ပြီးရင် အခွန်အခတွေလဲ အများကြီးပေးရဦးမှာ၊ မင်း လုပ်နိုင်မှာ မဟုတ်ဘူးတပည့်တဲ့။ ပြီးတော့ ဆရာက ထပ်ပြောသေးတယ်။ ပိုပြီးဖြစ်နိုင်ချေရှိတဲ့ ဆီလျော်ညီညွတ်တဲ့ စာတမ်းတစ်စောင်ထပ်ရေးခဲ့ရင် ငါ မင်းရဲ့ အဆင့်သတ်မှတ်ချက်ကို ပြန်စဉ်းစားပေးပါ့မယ်တဲ့။”

“အဲဒီနောက် ကောင်လေးဟာ အိမ်ပြန်သွားတယ်။ ထပ်ခါတလဲလဲ ပြင်းပြင်းထန်ထန် အချိန်အများကြီးပေးပြီး စဉ်းစားတယ်။ နောက်ဆုံး စဉ်းစားလို့ မရတဲ့အဆုံး သူ့အဖေကို သား လုပ်သင့်သလဲ၊ ဘာရေးသင့်သလဲလို့ မေးလိုက်တယ်။ ဒီတော့ အဖေဖြစ်သူက ပြောတယ်။ ဒီမယ် သားရဲ့၊ ဒါဟာ သားရဲ့ စိတ်ထဲမှာ တကယ်ရှိနေတဲ့ အရာကိုပဲ ချရေးရမှာ၊ ချရေးလိုက်တဲ့အရာဟာ ဘာပဲ ဖြစ်နေဖြစ်နေ သားအတွက် အရမ်းအရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ရပ် ဖြစ်လာလိမ့်မယ်တဲ့။ တစ်ပတ်လောက်အထိ ကောင်လေး ထပ်ပြန်တလဲလဲ စဉ်းစားသေးတယ်။ ဘာစိတ်ကူးအိပ်မက်မှ ထပ်ထွက်မလာခဲ့ပါဘူး။ နောက်ဆုံးမှာ သူဟာ စာတမ်းအဟောင်းကိုပဲ ဘာကိုမှ ပြင်မရေးခဲ့ဘဲ ဒီတိုင်း ပြန်ယူသွားခဲ့တယ်။”

“ပြီးတော့ အဲဒီစာတမ်းကို ဆရာ့ထံ ပြန်ပေးလိုက်တယ်။ ပြီးတော့ ကောင်လေးက ပြောလိုက်တယ်။ ဆရာ့အနေနဲ့ Fဆိုတဲ့ အဆင့်သတ်မှတ်ချက်ကိုပဲ ဆက်ပေးနိုင်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်အိပ်မက်ကို ဆက်ထိန်းထားမယ်။”

စကားပြောဆိုပြီးတဲ့နောက်မှာ မွန်တီဟာ ကျောင်းသားလေးတွေ စုဝေးတန်းစီနေတဲ့နားကို လျှောက်သွားပြီး ကျွန်တော့်ကို စကားအချို့ လှမ်းပြောလိုက်ပြန်တယ်။

“ကဲ အခုတော့ ခင်ဗျားဟာ အဲဒီပုံပြင်ထဲမှာပါတဲ့ ဧက၂၀၀ဝကျယ်မြင်းမွေးမြူရေးခြံကြီးရဲ့ အလယ်က စတုရန်းပေ၄၀၀ဝကျယ် အိမ်ကြီးထဲမှာ ထိုင်နေပြီမဟုတ်လား။ ကျုပ် အခုထိ အဲဒီစာတမ်းကို သိမ်းထားသေးတယ်ဗျ။”
သူက ပြုံးနေတဲ့ မျက်နှာနဲ့ ကျွန်တော့်ကို လည်ပြန်ကြည့်ပြီး ထပ်ပြောပြန်တယ်။

“ပုံပြင်ရဲ့ အကောင်းဆုံးအပိုင်းက ပြီးခဲ့တဲ့ နှစ်နှစ်ကျော် နွေရာသီမှာ ဖြစ်ခဲ့တာ။ ကျုပ်ကို ဂရိတ်F ပေးခဲ့တဲ့ ဆရာပဲ ကျောင်းသား၃၀လောက်နဲ့အတူ ကျုပ်ခြံကြီးထဲမှာ camp တစ်ခု စခန်းလာချလေရဲ့ဗျို့။ သူပြန်ခါနီးမှာ ကျုပ်ကို စကားတစ်ခွန်းပြောသွားသေးတယ်။ ဒီမယ် မွန်တီရဲ့တဲ့။ ငါ မင်းကို အခု ပြောနိုင်ပြီ။ ငါဟာ မင်းရဲ့ ဆရာဖြစ်ခဲ့စဉ်တုန်းက ငါဟာ မင်းရဲ့ အိပ်မက်ကို ခိုးယူဖို့ ကြိုးစားခဲ့သူလဲ ဖြစ်ခဲ့တာပဲကွာတဲ့။ နှစ်ပေါင်းများစွာတိုင်အောင် ငါဟာ ကလေးများစွာရဲ့ အိပ်မက်ပေါင်းများစွာကို ခိုးယူမိခဲ့ပေတာပဲ။ ကံကောင်းတာကတော့ ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်ကို လုံးဝလက်မလွှတ်တဲ့ အရည်အချင်း မင်းမှာ ရှိနေခဲ့တာပဲတဲ့။”

မွန်တီရဲ့ စကားဆုံးတော့ ကျွန်တော် ခေါင်းတဆတ်ဆတ် ညိတ်မိတယ်။ ဘယ်သူ့ကိုမှ ကျွန်တော်တို့ရဲ့ စိတ်ကူးအိပ်မက်တွေ ခိုးယူခွင့်မပြုနဲ့။ ဘာပဲ ဖြစ်နေပါစေ၊ စိတ်နှလုံးရဲ့ ခိုင်းစေမှုနောက်ကို လိုက်ရမယ်။

ကျွန်တော့်တို့ရဲ့ အိပ်မက်တွေကို ဆက်ထိန်းထား။

အမည်မသိစာရေးဆရာ။

(မင်းအရိပ်မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)

Leave a Reply