ကမၻာ့ပထမဆံုး အမိ်ဳးသမီး အာကာသယာဥ္မွဴး 

Posted on

မူရင္းေရးသားသူ – Htet Wa Na

” ကြ်န္မငယ္ငယ္က ဝရံတာကေန ညဖက္မိုးေပၚကိုေမာ့ၾကည့္တိုင္း ေပ်ာ္ခဲ့ဖူးတယ္။ ဒါကကြ်န္မအိမ္မက္ ဆိုတာကိုအေဖ့ကို အၿမဲေျပာဖူးတယ္။ အေဖအၿမဲေျပာေလ့ရွိတဲ့စကားတခြန္း ရွိတယ္။ အိမ္မက္ဆိုတာမက္ရံုနဲ႔ ေပ်ာ္ျပီးေနရမယ့္အရာ မဟုတ္ဘူးတဲ့။ ဒါေၾကာင့္ ကြ်န္မအိမ္မက္ျဖစ္တဲ့ကမၻာ့ အျပင္ကိုသြားခ်င္တဲ့သူတစ္ေယာက္ျဖစ္ေအာင္ ဘယ္လိုႀကဳိးစားရမလည္း ဆိုတဲ့လမ္းစကိုသိရွိခဲ့တယ္ “

Valentina Tereshkova

သူမနာမည္ အျပည့္အစုံက Valentina Tereshkova ျဖစ္ပါတယ္။ Valentina ကို ၁၉၃၇ခုနွစ္ မတ္လ ၆ရက္ေန႔ ရွရွားနိုင္ငံ ယာေရာ့ဆလဗ္ မွာေမြးဖြားခဲ့ပါတယ္။ ဖခင္ျဖစ္သူကကုန္ကားေမာင္းသူ မိခင္ျဖစ္သူကအထည္ခ်ဳပ္က ခ်ည္ညွပ္သမားပါ။ ေသခ်ာတယ္ ဒီလိုမိဘေတြကေန အာကာသယာဥ္ မေျပာနဲ့ ေလယာဥ္ေတာင္တက္ေမာင္းဖို့ လူတသန္းမွာတေယာက္ မျဖစ္နိုင္ဘူး။ ဒါေပမယ့္ Valentina ကေတာ့ကမၻာေပၚကမိန္းမေတြထဲ ပထမဆံုး အာကာသယာဥ္ေပၚကိုတက္ ေမာင္းခဲ့တဲ့မိန္းမျဖစ္ခဲ့ပါတယ္။

အသက္ ၈ႏွစ္မွာ စာစသင္ခဲ့ရတယ္။ မိဘကေက်ာင္းမထားနိုင္လို႔ေပါ့။ ဒါေပမယ့္သူမေက်ာင္းတက္ခြင့္ရေတာ့ စာေတာ္သူ တစ္ေယာက္ျဖစ္ခဲ့တယ္။ ကံအေၾကာင္းကလည္း ဆိုးျပီးရင္းဆိုးပ။ဲ အလယ္တန္းမွာေက်ာင္းထြက္ခဲ့ရတယ္။ ဖခင္ျဖစ္သူကားေမွာက္လို့အိမ္မွာလူနာအေနနဲ့ပဲ ေနရေတာ့ခ်ိန္ မိခင္တေယာက္ထဲရဲ႕ဝင္ေငြနဲ့မိသားစုထမင္းမဝေတာ့ဘူး။ သူေက်ာင္း ထြက္ျပီးမိခင္နဲ့အတူအထည္ခ်ဳပ္မွာလုပ္တယ္။

ဒါေပမယ့္သူ့အိမ္မက္ကိုမေမ့ပစ္ခဲ့ပါဘူး။ စာအုပ္ေတြက သူ႔ဘဝရဲ့အိမ္မက္ေတြကို ရွင္သန္ေနဆဲပါ။ ဦးေလးျဖစ္သူကစစ္သား။ သူမကေလထီးခုန္တာ ဝါသနာအရမ္းပါတယ္။ ဒီေတာ့လူရွင္းခ်ိန္ဆို ဦးေလးျဖစ္သူကိုပူဆာျပီး သူမဟာAeroClub မွာေလထီးအျမဲခုန္ခဲ့တယ္။ သူမ အသက္၂၂ႏွစ္မွာ ပထမဆံုးေလထီးအစစ္နဲ့ ခုန္ခဲ့ရပါတယ္။ အထည္ခ်ဳပ္မွာအလုပ္ၾကမ္းလုပ္ရင္း တိုင္းျပည္အေနအေျခမေကာင္းေတာ့ ကြန္ျမဴနစ္ပါတီတခုထဲ သူမဝင္ျပီး နိုင္ငံေရးေတြစလုပ္ခဲ့တယ္။ ဒီအခ်ိန္မွာသူမကနိုင္ငံေရးတင္မကပဲ သူမေလ့ လာအားေျကာင့္အာကာသေလယာဥ္တစီးရဲ့ strucuture ပိုင္း ေတြကို အင္ဂ်င္နီယာတစ္ဦးနီးပါးသိေနျပီ။ ဒါေတာင္သူမတကၠသိုလ္မတက္ဖူးဘူး။

ဒီအခ်ိန္မွာ Yuri Gagarin ဆီက အမိ်ဳးသမီးအာကာသေလယာဥ္မွဴးေခၚယူတဲ့စာဟာ ကမၻာအႏွံ႔ သတင္းႀကီးလာခဲ့တယ္။ Sergey ကလဲ ဒီအႀကံကိုမျဖစ္မေနအေကာင္အထည္ေဖာ္ဖို႔ ႀကဳိးစားေနခ်ိန္။ ေလ်ွာက္လႊာ ၅၀၀၀ေက်ာ္ထဲက ပထမဆံုး ၄၀၀ကိုေရြးတယ္။ ဒီ ၄၀၀ ထဲကိုလူေတြ႔ေမးျပီး ၅ေယာက္ထပ္ေရြးတယ္။ ေနာက္ဆံုးတစ္ေယာက္အျဖစ္ ေရြးခ်ယ္ခံခဲ့ရသူကေတာ့ ရြာသာသာေနရာကေန ဆင္းရဲသားမိဘေတြရဲ့သမီးပညာမသင္ခဲ့ရတဲ့ Valentina ပါပဲ။

ဒီအတြက္သူမျပန္လည္ေတာင္းဆိုခဲ့တာ တစ္ခုပဲရွိတယ္။ ဒါကေတာ့ ကုန္ကားေမာင္းရာကေန စစ္အတြင္းျပန္လည္ တာဝန္ထမ္းေဆာင္ခဲ့ရင္းက်ဆံုးသြားခဲ့တဲ့ သူမဖခင္ကို ရည္စူးျပီးဂုဏ္ျပဳေက်ာက္တိုင္တစ္ခုစိုက္ထူေပးဖို့ပါပဲ။ အဲဒီေနာက္ေတာ့ သူမအိမ္မက္ျဖစ္တဲ့ အာကာသေလယာဥ္မူးဘဝကို လက္ေတြ႔ သင္ၾကားခြင့္ရခဲ့ပါေတာ့တယ္။ ေလထီးခုန္မႈ ၊ေလယာဥ္ေမာင္းမႈ လက္ေတြ႕အာကာသေလယာဥ္ဆိုင္ရာ သင္ၾကားမူေတြကို သင္ခြင့္ရခဲ့ျပီး Vostok-6 အာကာသေလယာဥ္ကို သူမေမာင္းနွင္ဖို႔ျဖစ္ခဲ့ပါေတာ့တယ္။

၁၉၆၃ခုနွစ္ ေမလ ၂၁ရက္ေန့မွာ Vostok-6 ကို ကမၻာေျမကေနလႊတ္တင္ခဲ့ျပီး Valentina ဟာလည္းကမၻာ့ပထမဆံုးအမိ်ဳးသမီး အာကာသယာဥ္မွဴးအျဖစ ္သမိုင္းဝင္ခဲ့ပါေတာ့တယ္။ Valentinaဟာ သူမအသက္၄၀မွာမွ တကၠသိုလ္တက္ခြင့္ရခဲ့ေပမယ့္ Zhukovsky Air Force Academy က ေဒါက္တာဘြဲ႕ကို ရယူႏုိင္ခဲ့ပါတယ္။ Valentina ဟာအာကာသေလယာဥ္မွဴးဘဝမွ အနားယူခဲ့ျပီးတာေတာင္ ကမၻာ့အမိ်ဳးသမီးညီ လာခံမွာ ရုရွားကိုယ္စားလွယ္အျဖစ္လည္းလုပ္ေဆာင္ခဲ့ရသူပါ။

ဂုဏ္ထူးေဆာင္အမိ်ဳးသမီးဆု ၊ လီနင္ဆု ၊ ကမၻာ့ကုလသမဂၢျငိမ္းခ်မ္းေရးေရႊတံဆိပ္ဆု အျပင္ ကမာၻအႏွွံ႔က ဆုေပါင္း ၅၀ေက်ာ္ကို ရရွိခဲ့သူပါ။ နိုင္ငံေရးနယ္ပယ္မွာလဲ ႏုိင္ငံတကာမွ အလုပ္သမားသူရဲေကာင္း ၊ ျငိမ္းခ်မ္းေရးသူရဲေကာင္းဆုေတြကို ရရွိခဲ့သလို ၁၉၉၉ခုႏွစ္ သူမကြယ္လြန္သြားခဲ့တဲ့ အခ်ိန္အထိ Valentina ဟာကမၻာ့သမိုင္းမွာထင္က်န္ေစမယ့္အရာမ်ားစြာကို လုပ္ေဆာင္ခ်န္ထားရစ္ခဲ့သူပါ။

 

Ref; Valentina Tereshkova Biography ; Inc


ကမ္ဘာ့ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှူး (unicode)

မူရင်းရေးသားသူ – Htet Wa Na

” ကျွန်မငယ်ငယ်က ဝရံတာကနေ ညဖက်မိုးပေါ်ကိုမော့ကြည့်တိုင်း ပျော်ခဲ့ဖူးတယ်။ ဒါကကျွန်မအိမ်မက် ဆိုတာကိုအဖေ့ကို အမြဲပြောဖူးတယ်။ အဖေအမြဲပြောလေ့ရှိတဲ့စကားတခွန်း ရှိတယ်။ အိမ်မက်ဆိုတာမက်ရုံနဲ့ ပျော်ပြီးနေရမယ့်အရာ မဟုတ်ဘူးတဲ့။ ဒါကြောင့် ကျွန်မအိမ်မက်ဖြစ်တဲ့ကမ္ဘာ့ အပြင်ကိုသွားချင်တဲ့သူတစ်ယောက်ဖြစ်အောင် ဘယ်လိုကြိုးစားရမလည်း ဆိုတဲ့လမ်းစကိုသိရှိခဲ့တယ် ”

သူမနာမည် အပြည့်အစုံက Valentina Tereshkova ဖြစ်ပါတယ်။ Valentina ကို ၁၉၃၇ခုနှစ် မတ်လ ၆ရက်နေ့ ရှရှားနိုင်ငံ ယာရော့ဆလဗ် မှာမွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူကကုန်ကားမောင်းသူ မိခင်ဖြစ်သူကအထည်ချုပ်က ချည်ညှပ်သမားပါ။ သေချာတယ် ဒီလိုမိဘတွေကနေ အာကာသယာဉ် မပြောနဲ့ လေယာဉ်တောင်တက်မောင်းဖို့ လူတသန်းမှာတယောက် မဖြစ်နိုင်ဘူး။ ဒါပေမယ့် Valentina ကတော့ကမ္ဘာပေါ်ကမိန်းမတွေထဲ ပထမဆုံး အာကာသယာဉ်ပေါ်ကိုတက် မောင်းခဲ့တဲ့မိန်းမဖြစ်ခဲ့ပါတယ်။

အသက် ၈နှစ်မှာ စာစသင်ခဲ့ရတယ်။ မိဘကကျောင်းမထားနိုင်လို့ပေါ့။ ဒါပေမယ့်သူမကျောင်းတက်ခွင့်ရတော့ စာတော်သူ တစ်ယောက်ဖြစ်ခဲ့တယ်။ ကံအကြောင်းကလည်း ဆိုးပြီးရင်းဆိုးပ။ဲ အလယ်တန်းမှာကျောင်းထွက်ခဲ့ရတယ်။ ဖခင်ဖြစ်သူကားမှောက်လို့အိမ်မှာလူနာအနေနဲ့ပဲ နေရတော့ချိန် မိခင်တယောက်ထဲရဲ့ဝင်ငွေနဲ့မိသားစုထမင်းမဝတော့ဘူး။ သူကျောင်း ထွက်ပြီးမိခင်နဲ့အတူအထည်ချုပ်မှာလုပ်တယ်။

ဒါပေမယ့်သူ့အိမ်မက်ကိုမမေ့ပစ်ခဲ့ပါဘူး။ စာအုပ်တွေက သူ့ဘဝရဲ့အိမ်မက်တွေကို ရှင်သန်နေဆဲပါ။ ဦးလေးဖြစ်သူကစစ်သား။ သူမကလေထီးခုန်တာ ဝါသနာအရမ်းပါတယ်။ ဒီတော့လူရှင်းချိန်ဆို ဦးလေးဖြစ်သူကိုပူဆာပြီး သူမဟာAeroClub မှာလေထီးအမြဲခုန်ခဲ့တယ်။ သူမ အသက်၂၂နှစ်မှာ ပထမဆုံးလေထီးအစစ်နဲ့ ခုန်ခဲ့ရပါတယ်။ အထည်ချုပ်မှာအလုပ်ကြမ်းလုပ်ရင်း တိုင်းပြည်အနေအခြေမကောင်းတော့ ကွန်မြူနစ်ပါတီတခုထဲ သူမဝင်ပြီး နိုင်ငံရေးတွေစလုပ်ခဲ့တယ်။ ဒီအချိန်မှာသူမကနိုင်ငံရေးတင်မကပဲ သူမလေ့ လာအားကြောင့်အာကာသလေယာဉ်တစီးရဲ့ strucuture ပိုင်း တွေကို အင်ဂျင်နီယာတစ်ဦးနီးပါးသိနေပြီ။ ဒါတောင်သူမတက္ကသိုလ်မတက်ဖူးဘူး။

ဒီအချိန်မှာ Yuri Gagarin ဆီက အမျိုးသမီးအာကာသလေယာဉ်မှူးခေါ်ယူတဲ့စာဟာ ကမ္ဘာအနှံ့ သတင်းကြီးလာခဲ့တယ်။ Sergey ကလဲ ဒီအကြံကိုမဖြစ်မနေအကောင်အထည်ဖော်ဖို့ ကြိုးစားနေချိန်။ လျှောက်လွှာ ၅၀၀၀ကျော်ထဲက ပထမဆုံး ၄၀ဝကိုရွေးတယ်။ ဒီ ၄၀၀ ထဲကိုလူတွေ့မေးပြီး ၅ယောက်ထပ်ရွေးတယ်။ နောက်ဆုံးတစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရသူကတော့ ရွာသာသာနေရာကနေ ဆင်းရဲသားမိဘတွေရဲ့သမီးပညာမသင်ခဲ့ရတဲ့ Valentina ပါပဲ။

ဒီအတွက်သူမပြန်လည်တောင်းဆိုခဲ့တာ တစ်ခုပဲရှိတယ်။ ဒါကတော့ ကုန်ကားမောင်းရာကနေ စစ်အတွင်းပြန်လည် တာဝန်ထမ်းဆောင်ခဲ့ရင်းကျဆုံးသွားခဲ့တဲ့ သူမဖခင်ကို ရည်စူးပြီးဂုဏ်ပြုကျောက်တိုင်တစ်ခုစိုက်ထူပေးဖို့ပါပဲ။ အဲဒီနောက်တော့ သူမအိမ်မက်ဖြစ်တဲ့ အာကာသလေယာဉ်မူးဘဝကို လက်တွေ့ သင်ကြားခွင့်ရခဲ့ပါတော့တယ်။ လေထီးခုန်မှု ၊လေယာဉ်မောင်းမှု လက်တွေ့အာကာသလေယာဉ်ဆိုင်ရာ သင်ကြားမူတွေကို သင်ခွင့်ရခဲ့ပြီး Vostok-6 အာကာသလေယာဉ်ကို သူမမောင်းနှင်ဖို့ဖြစ်ခဲ့ပါတော့တယ်။

၁၉၆၃ခုနှစ် မေလ ၂၁ရက်နေ့မှာ Vostok-6 ကို ကမ္ဘာမြေကနေလွှတ်တင်ခဲ့ပြီး Valentina ဟာလည်းကမ္ဘာ့ပထမဆုံးအမျိုးသမီး အာကာသယာဉ်မှူးအဖြစ ္သမိုင်းဝင်ခဲ့ပါတော့တယ်။ Valentinaဟာ သူမအသက်၄ဝမှာမှ တက္ကသိုလ်တက်ခွင့်ရခဲ့ပေမယ့် Zhukovsky Air Force Academy က ဒေါက်တာဘွဲ့ကို ရယူနိုင်ခဲ့ပါတယ်။ Valentina ဟာအာကာသလေယာဉ်မှူးဘဝမှ အနားယူခဲ့ပြီးတာတောင် ကမ္ဘာ့အမျိုးသမီးညီ လာခံမှာ ရုရှားကိုယ်စားလှယ်အဖြစ်လည်းလုပ်ဆောင်ခဲ့ရသူပါ။

ဂုဏ်ထူးဆောင်အမျိုးသမီးဆု ၊ လီနင်ဆု ၊ ကမ္ဘာ့ကုလသမဂ္ဂငြိမ်းချမ်းရေးရွှေတံဆိပ်ဆု အပြင် ကမ္ဘာအနှံ့က ဆုပေါင်း ၅၀ကျော်ကို ရရှိခဲ့သူပါ။ နိုင်ငံရေးနယ်ပယ်မှာလဲ နိုင်ငံတကာမှ အလုပ်သမားသူရဲကောင်း ၊ ငြိမ်းချမ်းရေးသူရဲကောင်းဆုတွေကို ရရှိခဲ့သလို ၁၉၉၉ခုနှစ် သူမကွယ်လွန်သွားခဲ့တဲ့ အချိန်အထိ Valentina ဟာကမ္ဘာ့သမိုင်းမှာထင်ကျန်စေမယ့်အရာများစွာကို လုပ်ဆောင်ချန်ထားရစ်ခဲ့သူပါ။

Ref; Valentina Tereshkova Biography ; Inc

Leave a Reply